နိုင်ငံရေးဆိုင်ရာ ဝရုန်းသုန်းကားအခြေအနေရဲ့
ဆယ်စုနှစ်တွေနောက် ၁၉၇၀ နှစ်လွန် အလယ်မှာ
ဂရိဟာ နောက်ဆုံ တည်ငြိမ်မှုဆီ
လမ်းကြောင်းပေါ်မှာ ရှိတယ်ထင်ခဲ့ရတယ်။
အခြေခံ ဥပေဒေသစ်တစ်ခုရဲ့ နိဒါန်းနဲ့
ဥရောပ အဖွဲ့အစည်းတွေကို
ဝင်ဖို့ လုပ်ဆောင်ဆဲ ညှိနှိုင်းမှုတွေနဲ့အတူ
ဂရိဟာ ပိုကြီးမားတဲ့ အနောက်တိုင်း ကမ္ဘာရဲ့
ပုံစံတွေနောက်ကို လိုက်ဖို့ များစွာသော
ဆန်းစစ်သူတွေက မျှော်လင့်ခဲ့တယ်။
ဒီနောက် ၁၉၈၁ မှာ PASOK ဆိုတဲ့
နိုင်ငံရေး ပါတီတစ်ခု အာဏာ ရလာခဲ့တယ်။
ပါတီရဲ့ ဩဇာရှိတဲ့ ခေါင်းဆောင် Papandreou
က အခြေခံ ဥပဒေသစ်ကို ကြိမ်းမောင်းပြီး
အာဏာရသူတွေကို 'အမျိုးသားရေး
သစ္စာဖောက်တွေ' လို့ စွပ်စွဲခဲ့တယ်။
ဂရိနဲ့ NATO နဲ့ ဥရောပ စီးပွားရေး အဖွဲ့
အဖွဲ့ဝင်ဖြစ်မှုကို ဆန့်ကျင်ရင်း
Papandreou က အခြားအားလုံးထက်
'အများ ပြည်သူ' တိုးတက်ကောင်းမွန်ရေးအတွက်
အုပ်ချုပ်ဖို့ ကတိပြုခဲ့တယ်။
သူ လူသိထင်ရှား ကြေညာခဲ့တာက
"အဖွဲ့အစည်းတွေ မရှိ၊ လူတွေသာ ရှိတယ်"ပါ။
Papandreou ရဲ့ အာဏာရလာမှုက
ထူးခြားတဲ့ ဖြစ်ရပ်တော့ မဟုတ်ဘူး။
ကမ္ဘာအနှံ့က ဒီမိုကရက်တစ် နိုင်ငံများစွာမှာ
ဩဇာရှိတဲ့ ခေါင်းဆောင်တွေဟာ
နိုင်ငံရေး ပြိုင်ဘက်တွေကို အမနာပပြောတယ်၊
အဖွဲ့အစည်းတွေကို ချိုးနှိမ်ပြောပြီး
ပြည်သူတွေရဲ့ ရာထူးလို့အခိုင်အမာဆိုတယ်။
ဝေဖန်သူတချို့က ဒီနည်းကို အာဏာရှင်ဆန်တဲ့
(သို့) ဖက်ဆစ်ဆန်တယ်လို့ တံဆိပ်ကပ်ကြပေမဲ့
များစွာက ဒီခေါင်းဆောင်တွေဟာ
မဲပေးသူတွေကို ကြိုးကိုင်၊ လှည့်ဖျားဖို့
စိတ်ခံစားမှုတွေကို အသုံးပြုတယ်လို့
စောဒကတက်ကြတယ်။
ဒါပေမဲ့ ဒီနိုင်ငံရေးဟန်က ကျင့်ဝတ်နဲ့ ညီညီ၊
မညီညီ၊ ကျိန်းသေဒီမိုကရက်ပါ။
ဒါက လူထုအကျိုးမျှော်ဝါဒ
ဆိုတဲ့အမည်နဲ့ သွားတယ်။
လူထုအကျိုးမျှော်ဝါဒ စကားရပ်ဟာ
ရှေးဟောင်း ရောမကတည်းက ရှိနေခဲ့တာပါ။
'populus' 'ပြည်သူ' လို့ အနက်ရတဲ့
လက်တင် စကားလုံးမှာ အရင်းခံတယ်။
အဲဒီကတည်းက နိုင်ငံရေးလှုပ်ရှားမှု ဒါဇင်ချီ
ကို လူထု အကျိုးမျှော်ဝါဒ ခေါ်ခဲ့ကြတယ်။
မကြာခဏ အဖွဲအစည်းကို တန်ပြန်တာ
တစ်ခါတစ်လေဆန့်ကျင်တဲ့ရည်မှန်းချက်တွေနဲ့ပါ။
လူထုအကျိုးမျှော် လှုပ်ရှားမှုတွေက
ဘုရင်စနစ်တွေ၊တစ်ဦးတည်း ချုပ်ကိုင်မှုတွေနဲ့
ကျယ်ပြန့်တဲ့ အာဏာရှိ
အဖွဲ့အစည်း အစုံကို ပုန်ကန်ခဲ့တယ်။
ဒီမှာတော့ ဒီစကားရပ်ရဲ့ ဇာတ်လမ်း
အပြည့်အစုံကို ဖော်ပြဖို့ မဖြစ်နိုင်ပါဘူး။
ဒါအစား လူထုအကျိုးမျှော်ဝါဒရဲ့ သီးခြား
ပုံစံတစ်ခုကို အလေးထားတင်ပြမှာပါ။
Papandreou ရဲ့အုပ်ချုပ်ရေးနဲ့
လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်က
အခြားများစွာသော အစိုးရတွေကို သရုပ်ဖော်တဲ့
အမျိုးအစား၊ ခေတ်သစ် လူထုအကျိုးမျှော်ဝါဒပါ။
ဒါပေမဲ့ နိုင်ငံရေး သဘောတရား ပညာရှင်တွေက
ဒီဖြစ်စဉ်ကို အနက်ဖွင့်ပုံကို နားလည်ဖို့
ဒါက ဘာကို တုံ့ပြန်နေတာကို
ပထမဆုံး စူးစမ်းဖို့ လိုအပ်တယ်။
ဒုတိယ ကမ္ဘာစစ်ရဲ့ နောက်ဆွယ်မှာ
နိုင်ငံများစွာဟာ အကြွှင်းမဲ့ အာဏာရှင်စနစ်
အယူအဆတွေကနေ ရှောင်ခွာချင်ခဲ့ကြတယ်။
၎င်းတို့ဟာ တစ်ဦးချင်းနဲ့ လူမှုရေး
ရပိုင်ခွင့်တွေကို ဦးစားပေးပြီး
နိုင်ငံရေးဆိုင်ရာ အများဆန္ဒကို
ရည်ရွယ်တဲ့ ဥပဒေစည်းမျဉ်းကို လေးစားတဲ့
နိုင်ငံရေး စနစ်သစ်တစ်ခုကို ရှာဖွေခဲ့တယ်။
အကျိုးဆက်အနေနဲ့ အနောက်နိုင်ငံအများစုဟာ
လွတ်လပ်တဲ့ ဒီမိုကရေစီခေါ်တဲ့ ရေရှည်တည်တဲ့
အစိုးရ ပုံစံတစ်ခုကို ကျင့်သုံးခဲ့တယ်။
ဒီစကားစပ်မှာ "liberal" ဆိုတာက
နိုင်ငံရေး ပါတီတစ်ခုခုကို မရည်ညွှန်းပေမဲ့
အဓိက အစိတ်အပိုင်း သုံးခုရှိတဲ့
ဒီမိုကရေစီ အမျိုးအစားတစ်ခုပါ။
ပထမ လွတ်လပ်တဲ့ ဒီမိုကရေစီတွေက
လူအဖွဲ့အစည်းဟာ မကြာခဏတော့
ဝိရောဓိကို ထုတ်ပေးတဲ့ ထောင့်ဖြတ်
အပိုင်းများစွာ ပြည့်နေတယ် ဆိုတာ.လက်ခံတယ်။
ဒုတိယ လိုအပ်တာက လူ့အဖွဲ့အစည်းရဲ့
အုပ်စုများစွာဟာ
ဒီအပိုင်းအခြားတွေကိုဖြတ်ကာ
အခြေခံတူညီမှုကို ရှာတာပါ။
နောက်ဆုံးက လွတ်လပ်တဲ့ ဒီမိုကရေစီတွေဟာ
အခြေခံ ဥပဒေတွေမှာနဲ့ ဥပဒေရေးရာ
အခြေအနေတွေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း
ဥပဒေ စည်းမျဉ်းနဲ့ လူနည်းစု ရပိုင်ခွင့်တွေ
ကို ကာကွယ်မှုအပေါ် အမှီပြုတာပါ။
အတူတူ စုပေါင်းပြီး သဘောထားသေးသိမ်မှုကနေ
ကာကွယ်ပေးတဲ့ သဘောထားကြီးမှုနဲ့
အဖွဲ့အစည်းတွေကို အဆိုပြုပေးတဲ့ ဒီစံတွေဟာ
လက်တွေ့ကျပြီး ထွေးပြားတဲ့ ဒီမိုကရက်တစ်
လူ့အဖွဲ့အစည်းတစ်ခုရဲ့အခြေခံမူပါ။
လွတ်လပ်တဲ့ ဒီမိုကရေစီတွေက ကျင့်သုံးတဲ့
နိုင်ငံတွေမှာ တည်ငြိမ်မှု ရဖို့ ကူညီတယ်။
ဒါပေမဲ့ နိုင်ငံရေး စနစ်တိုင်းလိုပဲ
ဒါတွေက အရာတိုင်းကို ဖြေရှင်းမပေးခဲ့ဘူး။
အခြား ပြဿနာတွေအနက်
အမြဲ တိုးလာနေတဲ့ ချမ်းသာမှု ကွာဟချက်တစ်ခုက
ချမ်းသာတဲ့ အနီးအပါးတွေကိုရော၊ နိုင်ငံရေး
ခေါင်းဆောင်တွေကိုပါ မယုံကြည်တဲ့
နွမ်းပါးတဲ့ လူ့အဖွဲ့အစည်းတွေဖြစ်စေခဲ့တယ်။
တချို့ဖြစ်ရပ်တွမှာ နိုင်ငံရေး ခြစားမှုက
ပြည်သူ့ ယုံကြည်မှုကို ထပ်ကာ ဖျက်ဆီးတယ်။
ဒီနိုင်ငံရေးသမားတွေ ဝန်းကျင်မှာ
တိုးလာနေတဲ့ သံသယနဲ့ မကျေမချမ်းမှု
တည်ဆဲအခြေခံဥပေဒေတွေကို စိန်ခေါ်
လူထုလိုအပ်ချက်တွေကို ဦးစားပေးမယ့်
ခေါင်းဆောင်သစ်
တစ်ယောက်လိုမျိုးကို ရှာဖွေဖို့
နိုင်ငံသားတွေကို အသင့်ပြင်ပေးခဲ့တယ်။
နည်းလမ်းများစွာမှာ ဒီတုံ့ပြန်မှုက
ဒီမိုကရေစီ အသက်ဝင်မှုကို အသားပေးတယ်။
လူအများစုက သူတို့ရဲ့ စိတ်ဝင်စားမှုတွေဟာ
လုံလောက်တဲ့ ကိုယ်စားပြုမှုမခံရဘူး ထင်ရင်
တည်ဆဲ ဒီမိုကရေစီ စနစ်တွေကို အသုံးပြုကာ
ပြောင်းလဲဖို့ ခေါင်းဆောင်တွေရွေးနိုင်ပေမဲ့
ငါသိငါတတ် လူထုအကျိုးမျှော် ကိုယ်စားလှယ်
လောင်းတွေ ဒီမိုကရေစီကို ဝင်နှောက်နိုင်တယ်
ခေတ်သစ် လူထုအကျိုးမျှော်သမားတွေက မိမိကိုယ်
မိမိ "ပြည်သူ့ ဆန္ဒ"ကို သရုပ်ဖေါ်သူအဖြစ်
သဘောထားကာ တစ်ဦးချင်းနဲ့
ဒီအကျိုးစီးပွားတွေကို လူမှုရပိုင်ခွင့်တွေ
ကာကွယ်တဲ့ အဖွဲ့စည်းတွေအထက်မှာ ထားတယ်။
ခေတ်သစ် လူထုအကျိုးမျှော်သမားတွေ
စောဒကတက်တာက ဒီအဖွဲ့အစည်းတွေကို
ကောင်းမြတ်တဲ့ သာမန် ပြည်သူ
အများစုကို ထိန်းချုပ်ဖို့
ကြိုးပမ်းကြတဲ့ ကိုယ်ကျိုးရှာ အုပ်ချပ်ရေး
လူနည်းစုတစ်ခုက ကွပ်ကဲတယ်ဆိုတာပါ။
အကျိုးဆက်က နိုင်ငံရေးဟာ သဘောထားကြီးတဲ့
ဒီမိုကရက်တစ် အဖွဲ့အစည်းတွေကနေ
သဘောတူညီမှုနဲ့ အများဆန္ဒကို ရှာဖွေတာ
မဟုတ်တော့ဘူး။
ဒါအစား ဒီခေါင်းဆောင်တွေက စနစ်ပျက်အဖြစ်
သူတို့မြင်တာကို ပယ်ဖျက်ဖို့ကြိုးပမ်းကြတယ်။
ဆိုလိုတာက လွတ်လပ်တဲ့ ဒီမိုကရေစီတစ်ခုရှိ
ရာမှာ တရားရုံးတွေ၊ လွတ်လပ်တဲ့ သတင်းစာနဲ့
အမျိုးသား အခြေခံဥပဒေတွေလို အဖွဲ့အစည်း
တွေကို အဆုံးစွန် လေးစားမှု ရှိတာပါ။
ခေတ်သစ် လူထုအကျိုးမျှော်သမားတွေက
"အများ ဆန္ဒ" လို့ ခေါ်တာနဲ့ သဘောမတူတဲ့
အဖွဲ့အစည်းတိုင်းကို မတရားချိုးနှိမ်တယ်။
ခေတ်သစ် လူထုအကျိုးမျှော် ပါတီတွေ
နေရာများစွာမှာ ပေါ်ပေါက်လာခဲ့ပေမဲ့
ဒီလှုပ်ရှားမှုတွေရဲ့ ခေါင်းဆောင်တွေဟာ
မှတ်သားလောက်အောင် ဆင်တူကြတယ်။
မကြာခဏ ‘‘ပြည်သူ့ ဆန္ဒ"ကို သရုပ်ထင်တာအဖြစ်
သူတို့ကိုယ်သူတို့ သဘောထားတဲ့
ဩဇာရှိတဲ့ တသီးပုဂ္ဂလတွေပါ။
သူတို့ကို ထောက်ခံသူတွေကို မတန်တဆ
ကတိကဝတ်တွေ ပေးရင်း
ပြိုင်ဘက်တွေကို နိုင်ငံကို တက်ကြွစွာ အား
နည်းစေတဲ့ သစ္စာဖောက်တွေအဖြစ် သဘောထားကြတယ်။
ဒါပေမဲ့ ဒီနိုင်ငံရေးသမားတွေဟာ ရိုးသားတဲ့
ယုံကြည်သူတွေ (သို့) ခြယ်လှယ်တဲ့ အခွင့်ရေး
သမားတွေဖြစ်စေ သူတို့ ထုတ်လွှတ်တဲ့
အင်အားက လွတ်လပ်တဲ့ ဒီမိုကရေစီအတွက်
အကြီးအကျယ် ယိမ်းယိုင်စေနိုင်တယ်။
ခေတ်သစ် လူထုအကျိုးမျှော်သမားတွေဟာ
သူတို့ရဲ့ အစွန်းအရောက်ဆုံး
ကတိတွေနဲ့ ဆုံးခန်းတိုင် မလုပ်တာတောင်
နိုင်ငံရေး ဟောပြောချက်၊ ဥပဒေ စည်းမျဉ်းနဲ့
လူထု ယုံကြည်မှုအပေါ် သူတို့ သက်ရောက်မှုက
သူတို့ အာဏာရချိန်ထက် တာရှည်
သက်ဆိုးရှည်နိုင်ပါတယ်။