Joseph Keller ဟာ Stanford ကျောင်းဝင်း တစ်ဝိုက်မှာ အပြေးလေ့ကျင့်ခဲ့ဖူးပြီး အဲဒီမှာအပြေးလေ့ကျင့်တဲ့ အမျိုးသမီးတွေ အားလုံးကို နားလည် မရခဲ့ပါ။ သူတို့ရဲ့ စုချည်ထားတဲ့ဆံပင်က ဘာလို့ ဒီလို ဘယ်ညာ လွှဲနေတာလဲ။ သင်္ချာပညာရှင်ဆိုတော့ ဘာကြောင့်ဆိုတာ နားလည်ဖို့ ရည်မှန်းချက်ချတယ်။ (ရယ်သံများ) ပါမောက္ခ Keller က အတော်များများကို သိလိုတယ်။ လက်ဖက်ရည်အိုးက ဘာလို့ စီးကျတာလဲ၊ တီကောင်တွေ ဘယ်လို တွန့်လိမ်သွားတာလဲ လွန်ခဲ့တဲ့ လအနည်းငယ်မတိုင်ခင်အထိ Joseph Keller ကို မကြားမိသေးဘူး။ သူ့အကြောင်းကို New York Times နာရေးသတင်းတွေမှာ ဖတ်လိုက်ရတာပါ။ The Times မှာ စာမျက်နှာဝက်ရှိတဲ့ သူ့ကိုရည်စူးတဲ့ အယ်ဒီတာအာဘော်ပါခဲ့တယ်။ သူတို့ရဲ့ ဂုဏ်ကြီးတဲ့ သတင်းစာအတွက် စျေးကြီးတဲ့ နေရာဆိုတာ တွေးကြည့်နိုင်တယ်။ ကျွန်တော်က နာရေးသတင်းတွေကို နေ့စဉ်နီးပါးဖတ်တယ်။ နေ့တာကို ကြက်ဥမွှေကြော်နဲ့ "ဒီနေ့ ဘယ်သူဆုံးတာကြည့်ကြစို့"လို့ အတော့ကို အနိဌာရုံကို စွဲလန်းနေတယ်ဆိုတာ ဇနီးက နားလည်မယ်ဆို နားလည်လောက်ပါတယ်။ (ရယ်သံများ) ဒါပေမဲ့ အဲဒီအကြောင်းတွေးရင် သတင်းစာရဲ့ ရှေ့ဆုံးစာမျက်နှာဟာ အမြဲ အမင်္ဂလာ သတင်းတွေဖြစ်ပြီး လူသားရဲ့ ကျဆုံးမှုတွေကို အရိပ်ပြတယ်။ အမင်္ဂလာသတင်းက အောင်မြင်မှုကို အရိပ်ပြတဲ့ အခိုက်က သတင်းစာရဲ့ အဆုံးက နာရေးသတင်းတွေမှာပါ။ ကျွန်တော့ နေ့အလုပ်မှာ စျေးကွက်ဖော်သူတွေ ယခင် ဒေတာတွေကို ရယူတဲ့ အနာဂတ် ထိုးထွင်းအမြင်တွေကို အာရုံစိုက်တဲ့ ကုမ္ပဏီလုပ်တယ်။ နောက်ကြည့်မှန် စိစစ်မှုမျိုးပေါ့။ ဒါနဲ့ စတွေးမိကြတာက New York Times က နာရေးသတင်းတွေဆီ နောက်ကြည့်မှန် ထိုးကြည့်ရင် ဘယ်လိုဖြစ်မလဲ။ သင့်နာရေးသတင်းကို ဘယ်လိုထည့်သွင်းခိုင်းမလဲ ဆိုတဲ့ သင်ခန်းစာတွေရှိလားပေါ့။ ဒါကို ခံစားဖို့ အနီးမှာ မရှိတာတောင်ပေါ့။ (ရယ်သံများ) ဒါက ကြက်ဥမွေကြော်နဲ့ ပိုလိုက်မလားပေါ့။ (ရယ်သံများ) ဒါနဲ့ ဒေတာတွေကို ကြည့်ကြတယ်။ အယ်ဒီတာအာဘော် ၂၀၀၀၊ ၂၀၁၅ နဲ့ ၂၀၁၆ ကြား လ ၂၀ ကျော်ကာလ က အခမပေးရတဲ့ နာရေးသတင်းတွေပါ။ ရှင်သန်နေတာတွေထက် ဒီသေဆုံးမှု ၂၀၀၀ က ဘာကို ကျွန်တော်တို့ကို သင်ပေးလဲ။ ကဲ၊ ပထမဆုံး စကားလုံးတွေကို ကြည့်ခဲ့တယ်။ ဟေဒီဟာက နာရေးသတင် ခေါင်းကြီးတစ်ခုပါ။ ဒါက အံ့သြဖွယ် Lee Kuan Yew ရဲ့ဟာပါ။ အစနဲ့ အဆုံးကို ဖယ်လိုက်ရင် စာလုံးအနည်းငယ်နဲ့ အောင်မြင်မှု (သို့) တစ်သက်တာကို ဖမ်းစားဖို့ ကြိုးစားတဲ့ လှလှပပ စာပန်းချီခြယ်ထားတာ ကျန်ခဲ့မယ်။ ကြည့်ရုံနဲ့ကို စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီမှာ နည်းနည်း ကျော်ကြားသူတွေ လွန်ခဲ့တဲ့ နှစ်နှစ်က ဆုံးသွာတဲ့ လူတွေပါ။ ဘယ်သူဆိုတာ မှန်းဆကြည့်ပါ။ သရုပ်ဖော်ကို အာခံသူပန်းချီဆရာ ဒါက Prince ပါ။ [လက်ဝှေ့နဲ့ ၂၀ ရာစုရဲ့ အထင်ကရ] အင်း၊ ဟုတ်တာပေါ့။ [မိုဟာမက် အလီ] တီထွင်ဆန်းသစ်သော ဗိသုကာပညာရှင်] Zaha Hadid ပါ။ ဒီတော့ ဒီစာပန်းချီတွေကို ယူပြီး သဘာဝ ဘာသာစကားဖြစ်စဉ်ဆိုတာ လုပ်ခဲ့တယ်။ ဒါတွေကို ပရိုဂရမ်တစ်ခုမှာ ထည့်၊ အပိုစကားလုံးတွေ ဖယ်လိုက်တော့ အမူအရာပြတွေထဲက လွယ်လွယ် ဟန်ဆောင်လို့ရတဲ့ စကားလုံးမျိုးတွေ၊ အရေးပါဆုံး စကားလုံးတွေပဲ ကျန်ခဲ့တယ်။ ကျွန်တော်တို့လုပ်တာ ဒီလေးခုပဲ မဟုတ်ဘူး စာပန်းချီ ၂၀၀၀ လုံးအတွက်ပါ။ ဒါက မြင်ရတဲ့ ပုံပါ။ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ အကနဲ့ တကယ်တော့ အနုပညာတို့ဟာ ကြီးမားပါတယ်။ ၄၀% ကျော်ပါ။ သင်တို့ တွေးမိဖို့လိုတာက များလှတဲ့ လူအဖွဲ့အစည်းတွေမှာ ဘာလို့ ကလေးတွေကို အောင်မြင်မှုတည်ဆောက်ဖို့ အင်ဂျင်နီယာ၊ ဆေး၊ စီးပွာရေး၊ ဥပဒေပညာတွေ လိုက်စားဖို့ အတင်းလုပ်ကြလဲလို့ပါ။ အသက်မွေးအလုပ်အကြောင်းပြောနေရင်း အသက်ကို ကြည့်ရအောင်၊ အရာဌာနတွေကို သူတို့အောင်မြင်တဲ့ ပျမ်းမျှအသက်ပါ။ ဒီဂဏန်းက ၃၇ ပါ။ ဆိုလိုတာက ကိုယ့်ကို အမှတ်ရစေတဲ့ ပထမဆုံးထူးခြားတဲ့ အောင်မြင်မှုမရခင် ၃၇ နှစ်စောင့်ဖို့လိုတာပါ။ ပျမ်းမျှအနေနဲ့ပါ၊ ၄၄ နှစ်နောက်ပိုင်း အသက် ၈၁ မှာ သေမယ့်အရွယ်... ပျမ်းမျှပါ။ (ရယ်သံများ) သည်းခံတတ်ဖို့လိုတဲ့အကြောင်း ပြောပါ။ (ရယ်သံများ) တကယ်က ဒါက အလုပ်အလိုက် ပြောင်းလဲပါတယ်။ နာမည်ကျော် အားကစားသမားဆို ၂၀ ကျော်တွင်းမှာ တိုးတက်မှု ရလောက်ပါလိမ့်မယ်။ ကျွန်တော့လို ၄၀ ကျော်တွင်းဆိုရင် နိုင်ငံရေးရဲ့ ပျော်စရာလောကမှာ ပါနိုင်တယ်။ (ရယ်သံများ) နိုင်ငံရေးသမားတွေက ပထမ၊ တခါတရံ ချီးကျုးရုံ လုပ်ဆောင်ချက်ကို ၄၀ လွန်မှာ လုပ်တယ်။ (ရယ်သံများ) "အြခားသူတွေ"က ဘာလဲလို့ တွေးနေတယ်ဆိုရင် ဒီမှာ နမူနာတစ်ချို့ပါ။ လူတွေလုပ်တာတွေနဲ့ သူတို့ကို အမှတ်ရစေတာတွေ စိတ်ဝင်စားစရာ မကောင်းဘူးလား။ (ရယ်သံများ) ကျွန်တော်တို့ရဲ့ သိလိုမှုက အရမ်းများကာ စာပန်းချီသက်သက်တစ်ခုထက်ပိုပြီး စိစစ်ဖို့ ဆန္ဒရှိခဲ့တယ်။ ဒါနဲ့ နာရေးသတင်း ၂၀၀၀ လုံးရဲ့ ပထမစာပိုဒ်တစ်ခုလုံးကို မှတ်သားခဲ့တယ်။ ဒါပေမဲ့ ဒါကို လူအုပ်စုနှစ်ခုအတွက် ခွဲလုပ်ခဲ့တာပါ။ ကျော်ကြားတဲ့ လူတွေနဲ့ မကျော်ကြားတဲ့ လူတွေပါ။ ကျော်ကြားတဲ့ သူတွေက Prince, Ali Zaha Hadid .. မကျော်ကြားတဲ့ လူတွေကတော့ Jocelyn Cooper Reverend Curry Lorna Kelly တို့လိုပါ။ သူတို့ရဲ့ အမည်တွေကို သင်တို့မကြားဖူးဘူး ဆိုတာ လောင်းချင်ပါတယ်။ အံ့သြစရာ လူတွေ၊ စိတ်ဝင်စားစရာ အောင်မြင်မှုတွေ၊ ဒါပေမဲ့ မကျော်ကြာကြဘူးလေ။ ဒီတော့ ဒီအုပ်စုနှစ်ခုကို သီးသန့် စိစစ်လိုက်ရင်ရော၊။ ကျော်ကြားသူနဲ့ မကျော်ကြားသူတွေ၊ ဒါက ဘာပြောလိမ့်မလဲ။ တစ်ချက်ကြည့်ပါ။ ကျွန်တော့ဆီ နှစ်ခု ခုန်လာတယ်။ ပထမက "John" ပါ။ (ရယ်သံများ) ဒီက John လို့ နာမည်မှည့်ထားသူတိုင်း မိဘတွေကို ကျေးဇူတင်သင့်ပြီး (ရယ်သံများ) ကိုယ်သေရင် ကလေးတွေကို နာရေး သတင်းဖြတ်ယူထားဖို့ သတိပေးသင့်တယ်။ ဒုတိယက "Help" ကောင်းမွန်စွာ ဦးဆောင် ရှင်သန်ခဲ့တဲ့ သူတို့ ဘဝတွေက သင်ခန်းစာ အများကြီးနဲ့ ရေးမှတ်ထားတဲ့ အစဉ်မမေ့အပ်တာတွေက သင်ပေးတာတွေ ဖော်ထုတ်ခဲ့တယ် လေ့ကျင့်ခန်းက ဘဝဆိုတဲ့ ရုပ်စုံမှန်ပြောင်း အတွက် စိတ်ဝင်စားစရာ သက်သေတစ်ခုပါ၊ ပိုတောင် စိတ်ဝင်စားစရာကောင်းတာက ထူးခြားပုံရတဲ့ အရာတွေကို လုပ်ခဲ့ကြသူတွေပါတဲ့ လွန်ကဲတဲ့ နာရေးသတင်းအများစု ဆိုတဲ့အချက်ပါ။ ဘဝရဲ့အစိတ်အပိုင်းမှာ အပြုသဘော ချိုင့်ရာတစ်ခုလုပ်ခဲ့တာပါ။ အကူအညီပေးခဲ့ကြတယ်။ ဒီတော့ နေ့စဉ်ဘဝကို ပြန်သွားတဲ့အခါ မိမိကိုယ်ကို မေးကြည့် ငါ့အစွမ်းတွေကို လူ့အဖွဲအစည်းကို ကူညီဖို့ ဘယ်လို သုံးနေလဲ အကြောင်းက ဒီက အစွမ်းထက်ဆုံး သင်ခန်းစာက ပိုများတဲ့ လူတွေဟာ သေချိန်မှာ ကျော်ကြားဖို့ ကြိုးစားရင်း နေထိုင်ကြရင် ကမ္ဘာဟာ အများကြီးပိုကောင်းမွန်တဲ့ နေရာ ဖြစ်ပါလိမ့်မယ်။ ကျေးဇူတင်ပါတယ်။ (လက်ခုပ်သံများ)