1 00:00:06,481 --> 00:00:11,020 သင့်ဝန်းကျင်မှာ သေးငယ်တဲ့ဘက်တီးရီးယား ပိုးမွှားလေးတွေ ကဋေချီရှိတယ်လို့ပြောဆိုရင် 2 00:00:11,044 --> 00:00:12,499 ဒါအမှန်တရားပါပဲ 3 00:00:12,523 --> 00:00:16,598 ဘက်တီးရီးယားလို့ခေါ်တဲ့ သေးငယ်တဲ့ အကောင်လေးတွေဟာ ကမ္ဘာပေါ်မှာ အဦးဆုံး 4 00:00:16,622 --> 00:00:17,764 ပေါ်ခဲ့တဲ့ သက်ရှိတွေပါ။ 5 00:00:18,526 --> 00:00:20,833 သူတို့မှာ ဆဲလ် တစ်လုံးတည်းပါဝင်ပေမဲ့ 6 00:00:20,857 --> 00:00:25,426 သူတို့ရဲ့စုစုပေါင်း ဇီဝထုထည်ဟာ အပင်နဲ့ သတ္တဝါတွေ ပေါင်းထားတာထက် ကြီးမားပါတယ် 7 00:00:26,668 --> 00:00:28,618 သူတို့ကနေရာတိုင်းနီးပါးရှင်သန်နေနိုင်တယ် 8 00:00:28,642 --> 00:00:30,995 မြေကြီးပေါ်မှာ ၊ ရေထဲမှာ 9 00:00:31,019 --> 00:00:33,531 မီးဖိုချောင်စားပွဲပေါ်မှာ သင့်ရဲ့ အရေပြားပေါ်မှာ. 10 00:00:33,555 --> 00:00:35,210 သင့် ခန္ဓာထဲမှာတောင်ရှိပါသေးတယ်။ 11 00:00:35,945 --> 00:00:38,252 သိပ်လည်း ကြောက်မသွားပါသေးနဲ့ဦး 12 00:00:38,276 --> 00:00:42,072 ဘက်တီးရီးယားဆဲလ်တွေက သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ 13 00:00:42,096 --> 00:00:43,993 လူသားဆဲလ်တွေထက် ဆယ်ဆလောက်ပိုများပေမယ့် 14 00:00:44,018 --> 00:00:48,081 ဒီဘက်တီးရီးယားတွေတော်တော်များများဟာ အန္တရာယ်မပေးတဲ့အပြင် အကျိုးဖြစ်ပြီး 15 00:00:48,106 --> 00:00:50,246 ကိုယ်ခံအားနဲ့ အစာချေဖျက်ရာမှာ ကူညီပါသေးတယ် 16 00:00:51,086 --> 00:00:54,871 ဒါပေမဲ့ အချို့သော ဆိုးတဲ့ပိုးမွှားတွေက အန္တရာယ်ရှိတဲ့ရောဂါတွေ အသေးစား 17 00:00:54,895 --> 00:00:57,942 မအီမသာဖြစ်မှုတွေနဲ့ သေစေနိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ပါသေးတယ်။ 18 00:00:58,717 --> 00:01:04,120 ကံကောင်းတာက ဒီပိုးမွှား ကူးစက်မှုတွေကို တိုက်ဖို့ထုတ်ထားတဲ့ အံ့ဖွယ်ဆေးတွေ ရှိတာပါ။ 19 00:01:04,144 --> 00:01:08,020 အဲဒီဆေးတွေက ဓာတုဗေဒပစ္စည်းတွေ၊ သဘာဝအတိုင်း ဖြစ်တဲ့ပစ္စည်းတွေက နေ ပြုလုပ်ထားပါတယ် 20 00:01:08,044 --> 00:01:11,091 အဲဒီဆေးတွေက ပိုးမွှားတွေကို သတ်ပစ်တာ၊ အန္တရာယ်မပြုအောင် လုပ်တာကို 21 00:01:11,115 --> 00:01:13,951 ဆဲလ်နံရံဖန်တီးမှုကို ဟန့်တား ပြီ:တော့ လုပ်ဆောင်ပါတယ်။ 22 00:01:13,975 --> 00:01:18,031 ဒါမှဟုတ် အဓိကကျတဲ့ အဆင့်ဖြစ်တဲ့ ပရိုတင်း ဖန်တီးမှုကို နှောင့်ယှက်တာမျိုး လုပ်ပါတယ်။ 23 00:01:18,055 --> 00:01:20,369 လူသားဆဲလ်တွေကိုတော့ အန္တရာယ်မပေးပဲချန်ထားခဲ့တယ်။ 24 00:01:21,131 --> 00:01:24,430 ၂၀ရာစုအတွင်းမှာ ပဋိဇီဝဆေးတွေအသုံးချခြင်းဟာ 25 00:01:24,454 --> 00:01:27,950 ယခင်က ရှိခဲ့တဲ့ အန္တရာယ်ကြီးမားတဲ့ ရောဂါတွေကို အလွယ်တကူကုသနိုင်စေခဲ့ပါတယ် 26 00:01:27,974 --> 00:01:30,847 ဒါပေမယ့် .. ယနေ့မှာတော့ ကျွန်ုပ်တို့်ရဲ့ ပဋိဇီဝဆေးတွေဟာ 27 00:01:30,871 --> 00:01:32,963 ထိရောက်မှု လျော့နည်းလာနေပါတယ်. 28 00:01:32,987 --> 00:01:35,564 သူတို့ အလုပ်လုပ်တာ ရပ်အောင် တစ်ခုခုမှား လုပ်မိသလား။ 29 00:01:35,588 --> 00:01:40,423 ဒီပြဿနာက ဆေးနဲ့မဆိုင်ပဲ သူတို့ တိုက်ဖို့ လုပ်ထားတဲ့ ဘက်တီးရီးယားတွေမှာဖြစ်တာပါ။ 30 00:01:40,447 --> 00:01:43,797 အကြောင်းအရင်းက ဒါဝင်ရဲ့ သဘာဝ ရဲ့ ရွေးချယ် မှုသီအိုရီမှာ ရှိနေပါတယ်။ 31 00:01:44,587 --> 00:01:46,238 အခြားသော သက်ရှိတွေလိုပဲ 32 00:01:46,262 --> 00:01:49,596 ဘက်တီးရီးယားတစ်ကောင်ခြင်းဟာ ဗီဇပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ် 33 00:01:49,937 --> 00:01:53,211 ဒီဗီဇပြောင်းလဲမှုတော်တော်များများဟာ အန္တရာယ်ရှိပြီး အသုံးမကျတတ်ပါဘူး 34 00:01:53,235 --> 00:01:56,584 အခုအချိန်မှာ ဗီဇပြောင်းလဲမှုတွေဖြစ်လာတာက 35 00:01:56,608 --> 00:01:58,211 ရှင်သန်မှုမှာအစွန်းတစ်ခုဖြစ်နေပြီ 36 00:01:58,488 --> 00:01:59,870 ဘက်တီးရီးယားတစ်ကောင်အတွက်တော့ 37 00:01:59,895 --> 00:02:02,911 ဗီဇပြောင်းလဲခြင်းက ဆေးတစ်မျိုးကို ခံနိုင်ရည်ရှိအောင်လုပ်ပေးတာက 38 00:02:02,936 --> 00:02:04,364 တစ်ပန်းသာအောင်လုပ်ပေးပါတယ်။ 39 00:02:05,208 --> 00:02:07,976 ခံနိုင်ရည်မရှိတဲ့ဘက်တီးရီးယားတွေကို 40 00:02:08,000 --> 00:02:11,350 ပဋိဇီဝဆေးပေါများတဲ့ပတ်ဝန်းကျင်တွေမှာ အလွယ်တကူ သတ်ပစ်လိုက်နိုင်တယ်၊ 41 00:02:11,374 --> 00:02:12,474 ဥပမာ ဆေးရုံတွေပေါ့။ 42 00:02:12,520 --> 00:02:15,715 ခံနိုင်ရည်ရှိတဲ့ အကောင်တွေဖို့တော့ ရှင်သန်ဖို့နေရာပိုရှိနေတယ် 43 00:02:15,740 --> 00:02:19,573 သူတို့က ပြောင်းလဲလာတဲ့ ဗီဇ တွေ လက်ဆင့်ကမ်းပေးပြီး ကူညီပေးပါတယ်။ 44 00:02:19,597 --> 00:02:21,905 ဒါကိုမျိုးပွားခြင်းနဲ့ပဲလုပ်တာမဟုတ်ပါဘူး 45 00:02:22,580 --> 00:02:26,572 အချို့က သေသွားတာနဲ့ သူတို့ DNA ကို အခြား ပိုးမွှားတွေ ကောက်ယူနိုင်အောင်ထုတ်ပေးတယ် 46 00:02:26,596 --> 00:02:29,158 အချို့တွေကတော့ conjugation လို့ခေါ်တဲ့နည်းကိုသုံးပြီး 47 00:02:29,182 --> 00:02:32,107 သူတို့ရဲ့ မျိုးရိုးဗီဇတွေကို အမျှင်လေးတွေကနေမျှဝေတယ်။ 48 00:02:32,131 --> 00:02:34,833 အချိန်ကြာလာတာနဲ့ ခံနိုင်ရည်ရှိတဲ့ ဗီဇတွေကတိုးပွားလာတယ်။ 49 00:02:34,857 --> 00:02:37,837 ပိုးမွှားမျိုးစိတ်တစ်ခုလုံး ခံနိုင်ရည်ရှိ လာအောင်ဖန်တီးပေးတယ် 50 00:02:39,127 --> 00:02:42,561 ဒါဆို ဒီ စူပါပိုးကောင်တွေက အနိုင်မရခင် အချိန် ဘယ်လောက်ရှိလဲ။ 51 00:02:43,466 --> 00:02:45,823 ကောင်းပြီ.. အချို့ပိုးတွေမှတော့ စတောင်ဖြစ်နေပြီ။ 52 00:02:46,989 --> 00:02:50,352 ဥပမာပြောရရင်.. Staphylococcu aureus ဆိုတဲ့ အကောင်မျိုးတွေပေါ့။ 53 00:02:50,376 --> 00:02:54,157 သူတို့က အရေပြား ပိုးဝင်ခြင်းကစလို့ နမိုးနီးယားနဲ့ သွေးဆိပ်တက်တွေအထိဖြစ်စေတယ် 54 00:02:54,181 --> 00:02:56,209 အခုတော့MRSA အဆင့်အထိ တိုးတက်နေပြီ 55 00:02:56,233 --> 00:02:59,100 beta-lactam အမျိုးအစားဆေးတွေကို ခံနိုင်ရည်ရှိလာပြီးတော့ပေါ့ 56 00:02:59,124 --> 00:03:01,581 ဥပမာ Penicillin,methicillin နဲ့ Oxacillinလိုဆေးတွေ 57 00:03:02,573 --> 00:03:07,377 beta-lactamsက ပုံမှန် ပစ်မှတ်ထားတဲ့ပရို တင်း အစားထိုးတဲ့ Gene ရဲ့ကျေးဇူးပါ။ 58 00:03:07,401 --> 00:03:10,836 MRSA(ဆေးမတိုးတဲ့ပိုး)ကသူ့ရဲ့ ဆဲလ်နံရံတွေ ကို မပိတ်ဆီးအောင်လုပ်ထားတယ်။ 59 00:03:10,860 --> 00:03:13,885 salmonealla လို့ခေါ်တဲ့အခြားသော စူပါ ဘက်တီးရီးယားကတော့ 60 00:03:13,909 --> 00:03:17,055 beta-lactams လို အင်ဇိုင်းကိုတောင် တစ်ခါတစ်ရံထုတ်ပေးတယ် 61 00:03:17,079 --> 00:03:20,678 လာတိုက်တဲ့ ပဋိဇီဝဆေးတွေကို ဘာမှ မလုပ်ရသေးခင် ဖျက်စီးပစ်တယ်လေ။ 62 00:03:20,702 --> 00:03:23,415 ပြီးတော့ အီးကိုလိုင် ခေါ်တဲ့ ဘက်တီးရီးယားတွေမှာ 63 00:03:23,439 --> 00:03:26,827 ကျောက်ကပ်ပျက်စီးခြင်းနဲ့ ဝမ်းလျှောခြင်း ဖြစ်စေတဲ့မျိုးစိတ်တွေပါတယ် 64 00:03:26,851 --> 00:03:28,963 ပဋိဇီဝဆေးတွေရဲ့လုပ်ဆောင်ချက်ကို တားနိုင်တယ်။ 65 00:03:28,987 --> 00:03:31,381 ကွီနိုလုံး (quinolones) လို ဆေးတွေမဝင်နိုင်အောင်.. 66 00:03:31,405 --> 00:03:33,214 ခုခံပြီးတော့ပေါ့ 67 00:03:34,566 --> 00:03:36,368 ဒါပေမယ့်သတင်းကောင်းလေးတွေ လဲရှိတယ် 68 00:03:36,392 --> 00:03:39,587 သိပ္ပံပညာရှင်တွေက ပိုးမွှားတွေထက် ခြေတစ်လှမ်းသာအောင် လုပ်နေကြတယ်၊ 69 00:03:39,611 --> 00:03:41,705 ပဋိဇီဝဆေးအသစ်တွေထုတ်လုပ်မှုက 70 00:03:41,729 --> 00:03:43,373 ဒီနှစ်ပိုင်းတွေထဲမှာနှေးလာပေမယ့် 71 00:03:43,397 --> 00:03:47,626 ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကတော့ ကုသနည်း အသစ်တွေကို ထုတ်လုပ်နိုင်ဖို့ ဦးစားပေးနေတယ် 72 00:03:48,487 --> 00:03:51,249 သိပ္ပံပညာရှင်တွေကလည်း အခြားဖြေရှင်း နည်းတွေ ကိုလေ့လာနေကြတယ် 73 00:03:51,273 --> 00:03:54,912 phage therapy (သို့) ကာကွယ်ဆေးတွေ ထိုးတာတွေနဲ့ ကူးစက်မှုတွေကိုကာကွယ်ဖို့ပေါ့ 74 00:03:55,784 --> 00:03:59,597 အရေးအကြီးဆုံးကတော့ .မလိုအပ်ဘဲနဲ့ အလွန် အကျွံ ပဋိဇီဝဆေးသုံးတာကို ကန့်သတ်ဖို့ပါ။ 75 00:03:59,621 --> 00:04:02,660 ဥပမာ သူ့ဘာသာပြန်ကောင်းနိုင်တဲ့ သာမာန်ပိုးဝင်တာမျိုးအတွက်ပေါ့ 76 00:04:02,684 --> 00:04:06,320 အလေ့အကျင့်တွေကိုပြောင်းလဲပြီး ဆေးရုံမှာ ကူးစက်တာတွေ ကာကွယ်တာကပါ 77 00:04:06,344 --> 00:04:07,717 အဓိကသက်ရောက်မှုရှိပါတယ် 78 00:04:07,741 --> 00:04:10,265 ခံနိုင်ရည်မရှိသေးတဲ့ပိုးမွှားတွေ ဆက်ရှိနေအောင် 79 00:04:10,289 --> 00:04:12,320 ခံနိုင်ရည်ရှိတာတွေရဲ့ ပြိုင်ဘက်အဖြစ်ပေါ့။ 80 00:04:13,082 --> 00:04:16,815 စူပါပိုးမွှားတွေနဲ့ရင်ဆိုင်ရတဲ့ စစ်ပွဲမှာ အင်အားလျှော့ လိုက်တာကတစ်ခါတစ်ရံ 81 00:04:16,839 --> 00:04:18,935 လက်နက် အပြိုင်မြှင့် တာထက် ပိုအလုပ်ဖြစ်တယ်..