1 00:00:00,000 --> 00:00:02,000 ကျွန်တော့် အသက် ၄ နှစ်ပဲရှိသေးတယ် 2 00:00:02,000 --> 00:00:03,000 အမေ တစ်သက်မှာ ပထမဆုံး 3 00:00:03,000 --> 00:00:05,000 အဝတ်လျှော်စက်ထဲ 4 00:00:05,000 --> 00:00:08,000 လျှော်မယ့်အဝတ်တွေထည့်တာ စမြင်ဖူးတာ 5 00:00:08,000 --> 00:00:10,000 ကျွန်တော့်အမေအဖို့ နေ့ထူးနေ့မြတ်ကြီးပါပဲ 6 00:00:10,000 --> 00:00:13,000 ဒီစက်ကို ဝယ်နိုင်ဖို့ အဖေနဲ့အမေ 7 00:00:13,000 --> 00:00:15,000 နှစ်ပေါင်းများစွာ ပိုက်ဆံစုခဲ့ရတာကိုး 8 00:00:15,000 --> 00:00:17,000 ပထမဆုံးအကြိမ်စလျော်မယ့်နေ့လေ 9 00:00:17,000 --> 00:00:19,000 အဖွားကိုတောင် အိမ်ကိုဖိတ်ထားသေးတယ် 10 00:00:19,000 --> 00:00:21,000 ဒီစက်ကို မြင်ဖူးအောင်လို့ 11 00:00:21,000 --> 00:00:24,000 အဖွားတို့တုန်းက သူ့တစ်သက်လုံး 12 00:00:24,000 --> 00:00:26,000 ထင်းမီးနဲ့ ရေနွေးရအောင်လုပ် 13 00:00:26,000 --> 00:00:28,000 ကလေး ၇ ယောက်စာအဝတ်တွေကို 14 00:00:28,000 --> 00:00:30,000 လက်နဲ့လျှော်ခဲ့ရတာလေ 15 00:00:30,000 --> 00:00:32,000 အခု လျှပ်စစ်သုံးပြီးအဝတ်လျှော်မှာကို 16 00:00:32,000 --> 00:00:35,000 သူမြင်ရတော့မှာလေ 17 00:00:38,000 --> 00:00:42,000 ကျွန်တော့်အမေက စက်အဖုံးကို ဂရုတစိုက်ဖွင့် 18 00:00:42,000 --> 00:00:44,000 အဝတ်လျော်စက်ထဲ 19 00:00:44,000 --> 00:00:46,000 အဝတ်တွေကို ထည့်လိုက်တယ် 20 00:00:46,000 --> 00:00:48,000 ဒီလိုမျိုး 21 00:00:48,000 --> 00:00:50,000 ပြီးတော့ စက်အဖုံးကိုပိတ်တော့ 22 00:00:50,000 --> 00:00:52,000 အဖွားက "နေဦး နေဦး နေဦး 23 00:00:52,000 --> 00:00:55,000 ခလုတ်ငါ့ကို ပေးနှိပ်" 24 00:00:56,000 --> 00:00:58,000 အဖွားကိုယ်တိုင် ခလုတ်နှိပ်တယ် 25 00:00:58,000 --> 00:01:01,000 ပြီးတော့ပြောသေးတယ် "အို...တကယ်ကောင်းတဲ့စက် 26 00:01:01,000 --> 00:01:03,000 ငါထိုင်ကြည့်ချင်သေးတယ် ထိုင်ခုံပေးစမ်းပါဦး 27 00:01:03,000 --> 00:01:05,000 ထိုင်ခုံပေးဦး ကြည့်ချင်သေးတယ်" 28 00:01:05,000 --> 00:01:08,000 စက်ရှေ့မှာ ထိုင်လိုက်တယ် 29 00:01:08,000 --> 00:01:12,000 စက်ကလျှော်တာကို အစအဆုံးထိုင်ကြည့်တယ် 30 00:01:12,000 --> 00:01:14,000 အဖွားအတော့်ကို သဘောကျသွားတယ် 31 00:01:14,000 --> 00:01:17,000 ကျွန်တော့် အဖွားအတွက်ကတော့ 32 00:01:17,000 --> 00:01:20,000 အဝတ်လျှော်တဲ့စက်က ထူးဆန်းအံ့သြစရာပါပဲ 33 00:01:20,000 --> 00:01:23,000 ခုခေတ် ဆွီဒင်နဲ့ ချမ်းသာတဲ့နိုင်ငံတွေမှာ 34 00:01:23,000 --> 00:01:25,000 လူတွေက စက်အမျိုးအစားပေါင်းမျာစွားကို 35 00:01:25,000 --> 00:01:27,000 အသုံးပြုနေကြပါတယ် 36 00:01:27,000 --> 00:01:29,000 အိမ်တွေမှာ စက်မျိုးစုံနဲ့ပြည့်လို့ 37 00:01:29,000 --> 00:01:31,000 ကျွန်တော်တောင် စက်နာမည်အားလုံးခေါ်တတ်ဘူး 38 00:01:31,000 --> 00:01:34,000 သူတို့ခရီးသွားကြတဲ့အခါ 39 00:01:34,000 --> 00:01:37,000 အလွန်ဝေးတဲ့နေရာဒေသတွေကို သွားဖို့ 40 00:01:37,000 --> 00:01:39,000 ပျံနိုင်တဲ့ စက်တွေကို အသုံးပြုကြတယ် 41 00:01:39,000 --> 00:01:41,000 ဒါပေမဲ့ ကမ္ဘာမှာ ထင်းမီးနဲ့ ရေနွေးတည်နေဆဲ 42 00:01:41,000 --> 00:01:44,000 လူတွေလည်း အများကြီးရှိသေးတယ် 43 00:01:44,000 --> 00:01:47,000 ထင်းမီးနဲ့ ထမင်း၊ ဟင်းချက်ကြတယ် 44 00:01:47,000 --> 00:01:49,000 တစ်ခါတစ်လေ စားစရာတောင် မလုံလောက်ဘူး 45 00:01:49,000 --> 00:01:52,000 ဝင်ငွေနည်းနည်းလေးနဲ့ ဆင်းရဲစွာနေကြတယ် 46 00:01:52,000 --> 00:01:55,000 စုစုပေါင်း လူဦးရေ ၂ ဘီလီယံရှိတယ် 47 00:01:55,000 --> 00:01:57,000 ဒီဘက်မှာကြည့်လိုက်ရင် အချမ်းသာဆုံးလူတွေ 48 00:01:57,000 --> 00:01:59,000 စုစုပေါင်း ၁ ဘီလီယံရှိတယ် 49 00:01:59,000 --> 00:02:01,000 ကျွန်တော်ပြောသလို လေယာဉ်ပျံစီးတဲ့လူတွေပေါ့ 50 00:02:01,000 --> 00:02:05,000 သူတို့တွေက တစ်နေ့ ဒေါ်လာ ၈၀ ထက်ပိုသုံးတယ် 51 00:02:05,000 --> 00:02:08,000 သူတို့ ဝယ်ယူစားသုံးတာတွေအတွက် 52 00:02:08,000 --> 00:02:10,000 ဒါပေမဲ့ ဒါက ၁၊ ၂၊ ၃ ဘီလီယံပဲရှိသေးတယ် 53 00:02:10,000 --> 00:02:13,000 ကမ္ဘာပေါ်မှာက လူဦးရေ ၇ ဘီလီယံရှိတယ် 54 00:02:13,000 --> 00:02:16,000 ဒါဆို ၁၊၂၊၃၊၄ ဘီလီယံ ထပ်ရှိရဦးမယ် သူတို့က 55 00:02:16,000 --> 00:02:19,000 ဆင်းရဲသူနဲ့လေယာဉ်စီးတဲ့သူကြားမှာနေတဲ့သူတွေ 56 00:02:19,000 --> 00:02:22,000 သူတို့က လျှပ်စစ်မီးရှိ ဒါပေမဲ့ မေးခွန်းက 57 00:02:22,000 --> 00:02:25,000 သူတို့ထဲကဘယ်လောက်ကအဝတ်လျှော်စက်ရှိသလဲဆိုတာ 58 00:02:25,000 --> 00:02:28,000 စျေးကွက်က အချက်အလက်တွေရှာကြည့်တယ် 59 00:02:28,000 --> 00:02:31,000 ဘာတွေ့ခဲ့လဲဆိုတော့ ပြောရရင် အဝတ်လျှော်စက်က 60 00:02:31,000 --> 00:02:33,000 လေယာဉ်စီးတဲ့အလွှာအောက်အထိ ရောက်နေတာပါပဲ 61 00:02:33,000 --> 00:02:36,000 ဒီကနေ့မှာ ၁ ဘီလီယံထပ်တိုးလာတယ် 62 00:02:36,000 --> 00:02:39,000 အဝတ်လျှော်စက်ပိုင်တဲ့သူတွေ 63 00:02:39,000 --> 00:02:42,000 (ရယ်မောသံ) 64 00:02:42,000 --> 00:02:44,000 သူတို့က တစ်နေ့ဒေါ်လာ ၄၀ ဖိုးသုံးကြတယ် 65 00:02:44,000 --> 00:02:48,000 အဝတ်လျှော်စက်ဝယ်နိုင်တာ ၂ ဘီလီယံရှိသွားပြီ 66 00:02:48,000 --> 00:02:51,000 ကျန်တဲ့ ၅ ဘီလီယံကျတော့ရော 67 00:02:51,000 --> 00:02:53,000 သူတို့ဘယ်လိုအဝတ်လျှော်ကြလဲ 68 00:02:53,000 --> 00:02:55,000 ပိုပြီးတိတိကျကျပြောရရင် ကမ္ဘာပေါ်မှာ 69 00:02:55,000 --> 00:02:57,000 အမျိုးသမီးအများစုက အဝတ်ဘယ်လိုလျှော်ကြလဲ 70 00:02:57,000 --> 00:03:00,000 ဘာကြောင့်လဲဆိုတော့ အဝတ်လျှော်တာက အချိန်အများကြီးပေးရလို့ပဲ 71 00:03:00,000 --> 00:03:04,000 သူတို့လျှော်တာကဒီလိုမျိုး လက်နဲ့လေ 72 00:03:04,000 --> 00:03:07,000 ဒါကခက်ခဲတယ်၊ အချိန်လည်းကုန်တဲ့အလုပ် 73 00:03:07,000 --> 00:03:11,000 အပတ်တိုင်း နာရီပေါင်းများစွာလျှော်ဖွတ်ဖို့ 74 00:03:11,000 --> 00:03:14,000 တစ်ခါတစ်လေရေရဖို့အဝေးကြီးကနေသွားခပ်ရသေးတယ် 75 00:03:14,000 --> 00:03:17,000 အိမ်မှာအဝတ်လျှော်ဖို့လေ မဟုတ်ရင် 76 00:03:17,000 --> 00:03:19,000 ခပ်ဝေးဝေးက စမ်းချောင်းအထိ အဝတ်တွေသယ်ရမှာလေ 77 00:03:19,000 --> 00:03:23,000 ဆိုတော့ သူတို့အဝတ်လျှော်စက်လိုချင်ကြတယ် 78 00:03:23,000 --> 00:03:26,000 ဘဝရဲ့အချိန်အများကြီးကို ဒီလိုပင်ပန်းတဲ့ 79 00:03:26,000 --> 00:03:29,000 အဝတ်လျှော်တဲ့အလုပ်နဲ့တင် မကုန်ချင်ကြဘူး 80 00:03:29,000 --> 00:03:31,000 အချိန်ပေးရပြီး အလုပ်ကလည်းသိပ်မတွင်ဘူးကိုး 81 00:03:31,000 --> 00:03:33,000 ဒါကြောင့်ပဲ သူတို့ရဲ့ဆန္ဒတွေက 82 00:03:33,000 --> 00:03:35,000 ကျွန်တော်အဖွားနဲ့ ဘာမှမကွာဘူး 83 00:03:35,000 --> 00:03:37,000 ဆွီဒင်က အရင်မျိုးဆက်နှစ်ခုကို ပြန်ကြည့်ရင် 84 00:03:37,000 --> 00:03:40,000 စမ်းချောင်းကနေ ရေခပ်ရတယ် 85 00:03:40,000 --> 00:03:42,000 ထင်းမီးနဲ့ရေကိုအပူပေးပြီးဒါမျိုးလျှော်ရတယ် 86 00:03:42,000 --> 00:03:45,000 သူတို့လည်း အဝတ်လျှော်စက်လိုချင်ခဲ့ကြတာပဲ 87 00:03:45,000 --> 00:03:48,000 ပတ်ဝန်းကျင်ထိခိုက်မှာ စိုးရိမ်တဲ့ ကျောင်းသားတွေကို စာသင်ရတော့ 88 00:03:48,000 --> 00:03:51,000 ပြောကြတာက ကမ္ဘာပေါ်က လူတိုင်း ကားနဲ့အဝတ်လျှော်စက်မရှိနိုင်ဘူး 89 00:03:51,000 --> 00:03:55,000 ဒီအမျိုးအမီးကိုကျွန်တော်တို့ဘယ်လိုပြောရမလဲ 90 00:03:56,000 --> 00:03:58,000 သူမ အဝတ်လျှော်စက်ဝယ်လို့မဖြစ်ပါဘူးဆိုပြီး 91 00:03:58,000 --> 00:04:00,000 ဒါနဲ့ ကျောင်းသားတွေကို ကျွန်တော်မေးတယ် 92 00:04:00,000 --> 00:04:02,000 လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက မေးခဲ့တာ 93 00:04:02,000 --> 00:04:04,000 မင်းတို့ထဲက ကားမစီးတဲ့လူဘယ်နှစ်ယောက်ရှိလဲ 94 00:04:04,000 --> 00:04:06,000 တစ်ချို့က ဂုဏ်ယူစွာနဲ့လက်ထောင်ကြတယ် 95 00:04:06,000 --> 00:04:08,000 ပြီးတော့ပြောတယ် ကျွန်တော်ကားမသုံးဘူး 96 00:04:08,000 --> 00:04:10,000 ဒါနဲ့ပိုခက်တဲ့မေးခွန်းကို မေးလိုက်တယ် 97 00:04:10,000 --> 00:04:12,000 မင်းတို့ထဲကဘယ်နှစ်ယောက်က ဂျင်းဘောင်းဘီနဲ့ 98 00:04:12,000 --> 00:04:14,000 အိပ်ယာခင်းတွေကို လက်နဲ့လျှော်လဲ 99 00:04:14,000 --> 00:04:16,000 တစ်ယောက်မှ လက်မထောင်တော့ဘူး 100 00:04:16,000 --> 00:04:19,000 အစိမ်းရောင်လှုပ်ရှားမှုလုပ်တဲ့ အမာခံလူတွေတောင် 101 00:04:19,000 --> 00:04:22,000 အဝတ်လျှော်စက်သုံးကြတယ် 102 00:04:22,000 --> 00:04:24,000 ရယ်သံများ 103 00:04:24,000 --> 00:04:28,000 လူတိုင်းက အဝတ်လျှော်စက်သုံးကြရင် ဘယ်လိုဖြစ်မလဲ 104 00:04:28,000 --> 00:04:30,000 ဒါကဘာထူးခြားတာရှိလို့လဲ 105 00:04:30,000 --> 00:04:33,000 ကမ္ဘာပေါ်က စွမ်းအင်သုံးစွဲမှုကို ခွဲခြမ်းစိပ်ဖြာသုံးသပ်ရတော့မယ် 106 00:04:33,000 --> 00:04:36,000 ဟောဒီမှာပါ 107 00:04:36,000 --> 00:04:38,000 ဒီမှာကြည့်လိုက်ရင် လူ ၇ ဘီလီယံကိုတွေ့ရမယ် 108 00:04:38,000 --> 00:04:40,000 လေယာဉ်ပျံစီးတဲ့လူ၊ အဝတ်လျှော်စက်သုံးတဲ့လူ 109 00:04:40,000 --> 00:04:42,000 လျှပ်စစ်မီးလုံးသုံးတဲ့လူ၊ ထင်းမီးသုံးတဲ့လူ 110 00:04:42,000 --> 00:04:45,000 ယူနစ်တစ်ခုစီက ဒီလိုပုံစံ 111 00:04:45,000 --> 00:04:47,000 ဇီဝရုပ်ကြွင်းလောင်စာကနေရတဲ့ စွမ်းအင် 112 00:04:47,000 --> 00:04:50,000 ရေနံ၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ 113 00:04:50,000 --> 00:04:52,000 ဒါက လျှပ်စစ်အများဆုံးသုံးတဲ့နေရာနဲ့ 114 00:04:52,000 --> 00:04:55,000 တစ်ကမ္ဘာလုံးမှာ ၁၂ ယူနစ်သုံးတယ် 115 00:04:56,000 --> 00:04:59,000 အချမ်းသာဆုံး ၁ ဘီလီယံက ၆ ယူနစ်သုံးတယ် 116 00:04:59,000 --> 00:05:02,000 စွမ်းအင် တစ်ဝက်ကို ကမ္ဘာ့ လူအားလုံးရဲ့ ၇ ပုံ ၁ပုံက သုံးလိုက်တယ် 117 00:05:02,000 --> 00:05:05,000 အဝတ်လျှော်စက်ရှိတဲ့သူတွေကြတော့ 118 00:05:05,000 --> 00:05:07,000 စက်ပစ္စည်း အစုံပြည့်နေတဲ့ အိမ်တော့ မဟုတ်ပါ 119 00:05:07,000 --> 00:05:09,000 သူတို့က ၂ ယူနစ်သုံးတယ် 120 00:05:09,000 --> 00:05:11,000 ဒီအုပ်စုက ၃ ယူနစ်သုံးတယ် တစ်အုပ်စု ၁ ယူနစ် 121 00:05:11,000 --> 00:05:13,000 သူတို့မှာလည်း လျှပ်စစ်မီးရှိတယ် 122 00:05:13,000 --> 00:05:15,000 ဒီဘက်မှာကြတော့ ၁ ယူနစ်တောင်မသုံးကြဘူး 123 00:05:15,000 --> 00:05:18,000 ပေါင်းလိုက်ရင် ၁၂ ယူနစ်ရပြီ 124 00:05:18,000 --> 00:05:20,000 ဒါပေမဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို 125 00:05:20,000 --> 00:05:22,000 စိတ်ဝင်စားတဲ့ကျောင်းသားတွေအတွက်ကတော့ 126 00:05:22,000 --> 00:05:25,000 အနာဂတ်အတွက် သူတို့ပြောတာလည်းမှန်တယ် 127 00:05:25,000 --> 00:05:27,000 လားရာတွေက ဘယ်လိုလဲ ဒီလားရာတွေကို ဆက်ဆွဲရင် 128 00:05:27,000 --> 00:05:30,000 ၂၀၅၀ ထိကို အရမ်းထူးကဲတဲ့ ခွဲခြမ်းစိမ်ဖြာတာမျိုးမဟုတ်ဘဲနဲ့ 129 00:05:30,000 --> 00:05:33,000 စွမ်းအင်ပိုသုံးစေမယ့် အကြောင်းရင်း၂ချက်ရှိတယ် 130 00:05:33,000 --> 00:05:36,000 ပထမတစ်ခုက လူဦးရေတိုးပွားလာတာ 131 00:05:36,000 --> 00:05:38,000 ဒုတိယတစ်ခုက စီးပွားရေးတိုးတက်လာတာ 132 00:05:38,000 --> 00:05:40,000 လူဦးရေတိုးတာ ဒီနား အဆင်းရဲဆုံး လူတွေမှာ 133 00:05:40,000 --> 00:05:43,000 အဓိက တွေ့ရတဲ့အကြောင်းက သူတို့မှာ ကလေးသေနှုန်းမြင့်နေတယ် 134 00:05:43,000 --> 00:05:45,000 အမျိုးသမီးတစ်ဦးမှာ ကလေးအများကြီးရှိနေတယ် 135 00:05:45,000 --> 00:05:47,000 အပိုနှစ်ခု ထပ်ရမယ် ဒါပေမဲ့ 136 00:05:47,000 --> 00:05:49,000 စွမ်းအင်သုံးစွဲမှုတော့ သိပ်မပြောင်းလဲ စေဘူး 137 00:05:49,000 --> 00:05:51,000 စီးပွားရေးတိုးတက်လာရင် ဘာဆက်ဖြစ်မလဲ 138 00:05:51,000 --> 00:05:54,000 ဒီနားက စီးပွားရေးတိုးတက်လာနေတဲ့ နိုင်ငံတွေ 139 00:05:54,000 --> 00:05:56,000 အဲဒီနိုင်ငံတွေကို အရှေ့အသစ် လို့ခေါ်မယ် 140 00:05:56,000 --> 00:05:58,000 သူတို့က လေယာဉ်လမ်းကြောင်းပေါ် ခုန်တက်လာမယ် 141 00:05:58,000 --> 00:06:00,000 သူတို့က"ဝိုး"ဆိုပြီး ပါးစပ်ကပြောကြလိမ့်မယ် 142 00:06:00,000 --> 00:06:02,000 အနောက်နိုင်ငံတွေ လုပ်ပြီးသမျှ အကုန်လုပ်မယ် 143 00:06:02,000 --> 00:06:05,000 ဒီလူတွေ၊ သူတို့အဝတ်လျှော်စက်လိုချင်ကြတယ် 144 00:06:05,000 --> 00:06:08,000 ကျွန်တော်ပြောမယ် သူတို့ဒီနေရာကိုသွားကြမယ် 145 00:06:08,000 --> 00:06:10,000 စွမ်းအင်သုံးစွဲမှုကို ၂ ဆပိုသုံးကြလိမ့်မယ် 146 00:06:10,000 --> 00:06:12,000 ဆင်းရဲတဲ့သူတွေ မီးရဖို့ မျှော်လင့်တယ် 147 00:06:12,000 --> 00:06:15,000 လူဦးရေတိုးတာမရပ်ဘဲနဲ့ ကလေး ၂ ယောက်ပဲ ယူတဲ့ မိသားစုတွေဖြစ်လာမယ် 148 00:06:15,000 --> 00:06:17,000 ဒါပေမဲ့ စုစုပေါင်းစွမ်းအင်သုံးစွဲမှုကတော့ 149 00:06:17,000 --> 00:06:19,000 ၂၂ ယူနစ်အထိ တိုးလာလိမ့်မယ် 150 00:06:19,000 --> 00:06:21,000 ဒီ ၂၂ ယူနစ်မှာ 151 00:06:21,000 --> 00:06:24,000 အချမ်းသာဆုံးလူတွေကသာ အများစုကိုသုံးစွဲဦးမှာပါ 152 00:06:24,000 --> 00:06:27,000 ဆိုတော့ ဘာလုပ်ဖို့ရှိနေသေးလဲ 153 00:06:28,000 --> 00:06:30,000 ဘာကြောင့်လဲဆိုတော့ အန္တရာယ် 154 00:06:30,000 --> 00:06:32,000 ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုက တစ်ကယ်ဖြစ်နေတာ 155 00:06:32,000 --> 00:06:35,000 တကယ်ဖြစ်နေတာပါ 156 00:06:35,000 --> 00:06:37,000 ဟုတ်ပါတယ် စွမ်းအင်ကိုb ပိုမိုထိရောက်အောင်သုံးရပါမယ် 157 00:06:37,000 --> 00:06:40,000 တစ်နည်းနည်းနဲ့ အရင်ကျင့်သုံးနေတဲ့ နည်းလမ်းတွေကို ပြောင်းလဲရပါမယ် 158 00:06:40,000 --> 00:06:42,000 ဝန်းကျင် စိမ်းလန်းရေး စွမ်းအင် စသုံးရမယ် 159 00:06:42,000 --> 00:06:44,000 ပတ်ဝန်းကျင်ကို စိမ်းလန်းတဲ့စွမ်းအင်ပါ 160 00:06:44,000 --> 00:06:46,000 ခုထိ တစ်ဦးချင်း စွမ်းအင်သုံးမှုက တူဆဲပါ။ 161 00:06:46,000 --> 00:06:49,000 အခြားသူတွေကို အကြံမပေးသင့်သေးဘူး 162 00:06:49,000 --> 00:06:51,000 ဘာကိုလုပ်ပြီး၊ ဘာကိုမလုပ်ရမှာလဲ 163 00:06:51,000 --> 00:06:53,000 လက်ခုပ်တီးသံများ 164 00:06:53,000 --> 00:06:55,000 ဒီမှာအစိမ်းရောင်စွမ်းအင်ကို သုံးနိုင်တယ် 165 00:06:55,000 --> 00:06:59,000 ဒါဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တဲ့အရာပဲ 166 00:06:59,000 --> 00:07:01,000 ဒါအနာဂတ်အတွက် တစ်ကယ့်စိန်ခေါ်မှုကြီးပါ 167 00:07:01,000 --> 00:07:04,000 ရီယိုမြို့မှာရှိတဲ့ ဖာဗီလာက အမျိုးသမီးက 168 00:07:04,000 --> 00:07:07,000 အဝတ်လျှော်စက်လိုချင်လာမယ်ဆိုတာ ကျွန်တော်အာမခံတယ် 169 00:07:07,000 --> 00:07:09,000 သူမရဲ့ စွမ်းအင်ဝန်ကြီးကြောင့် ပျော်နေမယ် 170 00:07:09,000 --> 00:07:12,000 လူတိုင်းကို လျှပ်စစ်မီးပေးမယ်ဆိုတော့ 171 00:07:12,000 --> 00:07:14,000 ပျော်လို့ ဝန်ကြီးအတွက်တောင်မဲပေးခဲ့တယ် 172 00:07:14,000 --> 00:07:17,000 သူမက Dilma Rousseff ဖြစ်လာခဲ့တယ် 173 00:07:17,000 --> 00:07:19,000 ရွေးကောက်ခံ သမ္မတ 174 00:07:19,000 --> 00:07:21,000 ကမ္ဘာ့လူဦးရေအများဆုံး ဒီမိုကရေစီတစ်နိုင်ငံက 175 00:07:21,000 --> 00:07:23,000 စွမ်းအင်ဝန်ကြီးကနေ သမ္မတ ဖြစ်သွားသူ 176 00:07:23,000 --> 00:07:26,000 ခင်ဗျားတို့ဆီမှာဒီမိုကရေစီစနစ်ကျင့်သုံးရင် 177 00:07:26,000 --> 00:07:28,000 လူတွေက အဝတ်လျှော်စက်အတွက်မဲပေးကြလိမ့်မယ် 178 00:07:28,000 --> 00:07:30,000 သူတို့က အဝတ်လျှော်စက်ကို ချစ်တာကိုး 179 00:07:30,000 --> 00:07:32,000 ဒါနဲ့ပတ်သတ်တဲ့ မျက်လှည့်က ဘာဖြစ်မလဲ 180 00:07:34,000 --> 00:07:36,000 ကျွန်တော့်အမေက ဒီစက်ပဲဆိုပြီးရှင်းပြခဲ့တယ် 181 00:07:36,000 --> 00:07:39,000 ပထမဆုံးသောနေ့ 182 00:07:39,000 --> 00:07:41,000 အမေကပြောတယ် ဒီမယ် ဟန်းရေ 183 00:07:41,000 --> 00:07:43,000 လျှော်မယ့်အဝတ်တွေထည့်လိုက်ပြီ 184 00:07:43,000 --> 00:07:45,000 စက်က သူ့အလုပ်သူလုပ်လိမ့်မယ် 185 00:07:45,000 --> 00:07:47,000 လာ တို့သားအမိ စာကြည့်တိုက်သွားကြစို့ 186 00:07:47,000 --> 00:07:49,000 ဘာလို့လဲဆိုတော့ ဒါဟာမျက်လှည့်ပြလိုက်သလိုပဲလေ 187 00:07:49,000 --> 00:07:51,000 အဝတ်တွေထည့်လိုက်တယ် 188 00:07:51,000 --> 00:07:53,000 စက်ထဲက ဘာပြန်ထွက်လာလဲ 189 00:07:53,000 --> 00:07:55,000 စက်ထဲက စာအုပ်တွေပြန်ထွက်လာတယ် 190 00:07:55,000 --> 00:07:58,000 ကလေးစာပေတွေ 191 00:07:58,000 --> 00:08:00,000 အမေ ကျွန်တော့်ကိုဖတ်ပြဖို့အချိန်ရှိသွားပြီ 192 00:08:00,000 --> 00:08:02,000 ဒါကို အမေ မြတ်နိုးတယ် ကျွန်တော်က စာရတယ် 193 00:08:02,000 --> 00:08:04,000 ပါမောက္ခအဖြစ်အသက်မွေးဖို့ အခြေခံ ဒီမှာစတယ် 194 00:08:04,000 --> 00:08:07,000 အမေမှာ ကျွန်တော့်ကို စာဖတ်ပြဖို့အချိန်ရှိလာတဲ့အခါ 195 00:08:07,000 --> 00:08:09,000 အမေကြိုက်တဲ့စာအုပ်တွေလည်းဖတ်ဖို့ရှိလာတယ် 196 00:08:09,000 --> 00:08:11,000 အင်္ဂလိပ်စာလေ့လာနိုင်မယ် 197 00:08:11,000 --> 00:08:13,000 နိုင်ငံခြားဘာသာစကားတစ်ခုအနေနဲ့သင်မယ် 198 00:08:13,000 --> 00:08:15,000 ရသစာပေတွေဖတ်မယ် 199 00:08:15,000 --> 00:08:17,000 ဒီမှာ ရသစာပေတွေမျိုးစုံရှိတယ် 200 00:08:17,000 --> 00:08:20,000 ကျွန်တော့်တို့ ဒီစက်ကို တစ်ကယ့်ကိုချစ်တယ် 201 00:08:20,000 --> 00:08:23,000 ပြီးတော့ ကျွန်တော်နဲ့ အမေနှစ်ယောက်သား 202 00:08:24,000 --> 00:08:27,000 စက်မှုတော်လှန်ရေးကြီးကို ကျေးဇူးတင်ကြောင်းပြောကြတယ် 203 00:08:27,000 --> 00:08:30,000 သံမဏီစက်ရုံကြီး ကျေးဇူးတင်ပါတယ် 204 00:08:30,000 --> 00:08:32,000 ဓာတ်အားပေးစက်ရုံကြီး ကျေးဇူးတင်ပါတယ် 205 00:08:32,000 --> 00:08:34,000 ဓာတုစက်ရုံကြီး ကျေးဇူးတင်ပါတယ် 206 00:08:34,000 --> 00:08:37,000 ကျွန်တော်တို့ကိုစာဖတ်ချိန်တွေပေးလို့ 207 00:08:37,000 --> 00:08:39,000 ကျေးဇူးအများကြီးတင်ပါတယ် 208 00:08:39,000 --> 00:08:41,000 လက်ခုပ်တီးသံများ