ကျွန်တော့် အသက် ၄ နှစ်ပဲရှိသေးတယ်
အမေ တစ်သက်မှာ ပထမဆုံး
အဝတ်လျှော်စက်ထဲ
လျှော်မယ့်အဝတ်တွေထည့်တာ စမြင်ဖူးတာ
ကျွန်တော့်အမေအဖို့ နေ့ထူးနေ့မြတ်ကြီးပါပဲ
ဒီစက်ကို ဝယ်နိုင်ဖို့ အဖေနဲ့အမေ
နှစ်ပေါင်းများစွာ ပိုက်ဆံစုခဲ့ရတာကိုး
ပထမဆုံးအကြိမ်စလျော်မယ့်နေ့လေ
အဖွားကိုတောင် အိမ်ကိုဖိတ်ထားသေးတယ်
ဒီစက်ကို မြင်ဖူးအောင်လို့
အဖွားတို့တုန်းက သူ့တစ်သက်လုံး
ထင်းမီးနဲ့ ရေနွေးရအောင်လုပ်
ကလေး ၇ ယောက်စာအဝတ်တွေကို
လက်နဲ့လျှော်ခဲ့ရတာလေ
အခု လျှပ်စစ်သုံးပြီးအဝတ်လျှော်မှာကို
သူမြင်ရတော့မှာလေ
ကျွန်တော့်အမေက စက်အဖုံးကို ဂရုတစိုက်ဖွင့်
အဝတ်လျော်စက်ထဲ
အဝတ်တွေကို ထည့်လိုက်တယ်
ဒီလိုမျိုး
ပြီးတော့ စက်အဖုံးကိုပိတ်တော့
အဖွားက "နေဦး နေဦး နေဦး
ခလုတ်ငါ့ကို ပေးနှိပ်"
အဖွားကိုယ်တိုင် ခလုတ်နှိပ်တယ်
ပြီးတော့ပြောသေးတယ် "အို...တကယ်ကောင်းတဲ့စက်
ငါထိုင်ကြည့်ချင်သေးတယ် ထိုင်ခုံပေးစမ်းပါဦး
ထိုင်ခုံပေးဦး ကြည့်ချင်သေးတယ်"
စက်ရှေ့မှာ ထိုင်လိုက်တယ်
စက်ကလျှော်တာကို အစအဆုံးထိုင်ကြည့်တယ်
အဖွားအတော့်ကို သဘောကျသွားတယ်
ကျွန်တော့် အဖွားအတွက်ကတော့
အဝတ်လျှော်တဲ့စက်က ထူးဆန်းအံ့သြစရာပါပဲ
ခုခေတ် ဆွီဒင်နဲ့ ချမ်းသာတဲ့နိုင်ငံတွေမှာ
လူတွေက စက်အမျိုးအစားပေါင်းမျာစွားကို
အသုံးပြုနေကြပါတယ်
အိမ်တွေမှာ စက်မျိုးစုံနဲ့ပြည့်လို့
ကျွန်တော်တောင် စက်နာမည်အားလုံးခေါ်တတ်ဘူး
သူတို့ခရီးသွားကြတဲ့အခါ
အလွန်ဝေးတဲ့နေရာဒေသတွေကို သွားဖို့
ပျံနိုင်တဲ့ စက်တွေကို အသုံးပြုကြတယ်
ဒါပေမဲ့ ကမ္ဘာမှာ ထင်းမီးနဲ့ ရေနွေးတည်နေဆဲ
လူတွေလည်း အများကြီးရှိသေးတယ်
ထင်းမီးနဲ့ ထမင်း၊ ဟင်းချက်ကြတယ်
တစ်ခါတစ်လေ စားစရာတောင် မလုံလောက်ဘူး
ဝင်ငွေနည်းနည်းလေးနဲ့ ဆင်းရဲစွာနေကြတယ်
စုစုပေါင်း လူဦးရေ ၂ ဘီလီယံရှိတယ်
ဒီဘက်မှာကြည့်လိုက်ရင် အချမ်းသာဆုံးလူတွေ
စုစုပေါင်း ၁ ဘီလီယံရှိတယ်
ကျွန်တော်ပြောသလို လေယာဉ်ပျံစီးတဲ့လူတွေပေါ့
သူတို့တွေက တစ်နေ့ ဒေါ်လာ ၈၀ ထက်ပိုသုံးတယ်
သူတို့ ဝယ်ယူစားသုံးတာတွေအတွက်
ဒါပေမဲ့ ဒါက ၁၊ ၂၊ ၃ ဘီလီယံပဲရှိသေးတယ်
ကမ္ဘာပေါ်မှာက လူဦးရေ ၇ ဘီလီယံရှိတယ်
ဒါဆို ၁၊၂၊၃၊၄ ဘီလီယံ ထပ်ရှိရဦးမယ် သူတို့က
ဆင်းရဲသူနဲ့လေယာဉ်စီးတဲ့သူကြားမှာနေတဲ့သူတွေ
သူတို့က လျှပ်စစ်မီးရှိ ဒါပေမဲ့ မေးခွန်းက
သူတို့ထဲကဘယ်လောက်ကအဝတ်လျှော်စက်ရှိသလဲဆိုတာ
စျေးကွက်က အချက်အလက်တွေရှာကြည့်တယ်
ဘာတွေ့ခဲ့လဲဆိုတော့ ပြောရရင် အဝတ်လျှော်စက်က
လေယာဉ်စီးတဲ့အလွှာအောက်အထိ ရောက်နေတာပါပဲ
ဒီကနေ့မှာ ၁ ဘီလီယံထပ်တိုးလာတယ်
အဝတ်လျှော်စက်ပိုင်တဲ့သူတွေ
(ရယ်မောသံ)
သူတို့က တစ်နေ့ဒေါ်လာ ၄၀ ဖိုးသုံးကြတယ်
အဝတ်လျှော်စက်ဝယ်နိုင်တာ ၂ ဘီလီယံရှိသွားပြီ
ကျန်တဲ့ ၅ ဘီလီယံကျတော့ရော
သူတို့ဘယ်လိုအဝတ်လျှော်ကြလဲ
ပိုပြီးတိတိကျကျပြောရရင် ကမ္ဘာပေါ်မှာ
အမျိုးသမီးအများစုက အဝတ်ဘယ်လိုလျှော်ကြလဲ
ဘာကြောင့်လဲဆိုတော့ အဝတ်လျှော်တာက
အချိန်အများကြီးပေးရလို့ပဲ
သူတို့လျှော်တာကဒီလိုမျိုး လက်နဲ့လေ
ဒါကခက်ခဲတယ်၊ အချိန်လည်းကုန်တဲ့အလုပ်
အပတ်တိုင်း နာရီပေါင်းများစွာလျှော်ဖွတ်ဖို့
တစ်ခါတစ်လေရေရဖို့အဝေးကြီးကနေသွားခပ်ရသေးတယ်
အိမ်မှာအဝတ်လျှော်ဖို့လေ မဟုတ်ရင်
ခပ်ဝေးဝေးက စမ်းချောင်းအထိ အဝတ်တွေသယ်ရမှာလေ
ဆိုတော့ သူတို့အဝတ်လျှော်စက်လိုချင်ကြတယ်
ဘဝရဲ့အချိန်အများကြီးကို ဒီလိုပင်ပန်းတဲ့
အဝတ်လျှော်တဲ့အလုပ်နဲ့တင် မကုန်ချင်ကြဘူး
အချိန်ပေးရပြီး အလုပ်ကလည်းသိပ်မတွင်ဘူးကိုး
ဒါကြောင့်ပဲ သူတို့ရဲ့ဆန္ဒတွေက
ကျွန်တော်အဖွားနဲ့ ဘာမှမကွာဘူး
ဆွီဒင်က အရင်မျိုးဆက်နှစ်ခုကို
ပြန်ကြည့်ရင်
စမ်းချောင်းကနေ ရေခပ်ရတယ်
ထင်းမီးနဲ့ရေကိုအပူပေးပြီးဒါမျိုးလျှော်ရတယ်
သူတို့လည်း အဝတ်လျှော်စက်လိုချင်ခဲ့ကြတာပဲ
ပတ်ဝန်းကျင်ထိခိုက်မှာ စိုးရိမ်တဲ့
ကျောင်းသားတွေကို စာသင်ရတော့
ပြောကြတာက ကမ္ဘာပေါ်က
လူတိုင်း ကားနဲ့အဝတ်လျှော်စက်မရှိနိုင်ဘူး
ဒီအမျိုးအမီးကိုကျွန်တော်တို့ဘယ်လိုပြောရမလဲ
သူမ အဝတ်လျှော်စက်ဝယ်လို့မဖြစ်ပါဘူးဆိုပြီး
ဒါနဲ့ ကျောင်းသားတွေကို ကျွန်တော်မေးတယ်
လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက မေးခဲ့တာ
မင်းတို့ထဲက ကားမစီးတဲ့လူဘယ်နှစ်ယောက်ရှိလဲ
တစ်ချို့က ဂုဏ်ယူစွာနဲ့လက်ထောင်ကြတယ်
ပြီးတော့ပြောတယ် ကျွန်တော်ကားမသုံးဘူး
ဒါနဲ့ပိုခက်တဲ့မေးခွန်းကို မေးလိုက်တယ်
မင်းတို့ထဲကဘယ်နှစ်ယောက်က ဂျင်းဘောင်းဘီနဲ့
အိပ်ယာခင်းတွေကို လက်နဲ့လျှော်လဲ
တစ်ယောက်မှ လက်မထောင်တော့ဘူး
အစိမ်းရောင်လှုပ်ရှားမှုလုပ်တဲ့
အမာခံလူတွေတောင်
အဝတ်လျှော်စက်သုံးကြတယ်
ရယ်သံများ
လူတိုင်းက အဝတ်လျှော်စက်သုံးကြရင်
ဘယ်လိုဖြစ်မလဲ
ဒါကဘာထူးခြားတာရှိလို့လဲ
ကမ္ဘာပေါ်က စွမ်းအင်သုံးစွဲမှုကို
ခွဲခြမ်းစိပ်ဖြာသုံးသပ်ရတော့မယ်
ဟောဒီမှာပါ
ဒီမှာကြည့်လိုက်ရင် လူ ၇ ဘီလီယံကိုတွေ့ရမယ်
လေယာဉ်ပျံစီးတဲ့လူ၊ အဝတ်လျှော်စက်သုံးတဲ့လူ
လျှပ်စစ်မီးလုံးသုံးတဲ့လူ၊ ထင်းမီးသုံးတဲ့လူ
ယူနစ်တစ်ခုစီက ဒီလိုပုံစံ
ဇီဝရုပ်ကြွင်းလောင်စာကနေရတဲ့ စွမ်းအင်
ရေနံ၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့
ဒါက လျှပ်စစ်အများဆုံးသုံးတဲ့နေရာနဲ့
တစ်ကမ္ဘာလုံးမှာ ၁၂ ယူနစ်သုံးတယ်
အချမ်းသာဆုံး ၁ ဘီလီယံက ၆ ယူနစ်သုံးတယ်
စွမ်းအင် တစ်ဝက်ကို ကမ္ဘာ့
လူအားလုံးရဲ့ ၇ ပုံ ၁ပုံက သုံးလိုက်တယ်
အဝတ်လျှော်စက်ရှိတဲ့သူတွေကြတော့
စက်ပစ္စည်း အစုံပြည့်နေတဲ့
အိမ်တော့ မဟုတ်ပါ
သူတို့က ၂ ယူနစ်သုံးတယ်
ဒီအုပ်စုက ၃ ယူနစ်သုံးတယ် တစ်အုပ်စု ၁ ယူနစ်
သူတို့မှာလည်း လျှပ်စစ်မီးရှိတယ်
ဒီဘက်မှာကြတော့ ၁ ယူနစ်တောင်မသုံးကြဘူး
ပေါင်းလိုက်ရင် ၁၂ ယူနစ်ရပြီ
ဒါပေမဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို
စိတ်ဝင်စားတဲ့ကျောင်းသားတွေအတွက်ကတော့
အနာဂတ်အတွက် သူတို့ပြောတာလည်းမှန်တယ်
လားရာတွေက ဘယ်လိုလဲ
ဒီလားရာတွေကို ဆက်ဆွဲရင်
၂၀၅၀ ထိကို အရမ်းထူးကဲတဲ့
ခွဲခြမ်းစိမ်ဖြာတာမျိုးမဟုတ်ဘဲနဲ့
စွမ်းအင်ပိုသုံးစေမယ့်
အကြောင်းရင်း၂ချက်ရှိတယ်
ပထမတစ်ခုက လူဦးရေတိုးပွားလာတာ
ဒုတိယတစ်ခုက စီးပွားရေးတိုးတက်လာတာ
လူဦးရေတိုးတာ ဒီနား အဆင်းရဲဆုံး
လူတွေမှာ
အဓိက တွေ့ရတဲ့အကြောင်းက သူတို့မှာ
ကလေးသေနှုန်းမြင့်နေတယ်
အမျိုးသမီးတစ်ဦးမှာ
ကလေးအများကြီးရှိနေတယ်
အပိုနှစ်ခု ထပ်ရမယ် ဒါပေမဲ့
စွမ်းအင်သုံးစွဲမှုတော့ သိပ်မပြောင်းလဲ
စေဘူး
စီးပွားရေးတိုးတက်လာရင် ဘာဆက်ဖြစ်မလဲ
ဒီနားက စီးပွားရေးတိုးတက်လာနေတဲ့ နိုင်ငံတွေ
အဲဒီနိုင်ငံတွေကို အရှေ့အသစ် လို့ခေါ်မယ်
သူတို့က လေယာဉ်လမ်းကြောင်းပေါ်
ခုန်တက်လာမယ်
သူတို့က"ဝိုး"ဆိုပြီး ပါးစပ်ကပြောကြလိမ့်မယ်
အနောက်နိုင်ငံတွေ လုပ်ပြီးသမျှ
အကုန်လုပ်မယ်
ဒီလူတွေ၊ သူတို့အဝတ်လျှော်စက်လိုချင်ကြတယ်
ကျွန်တော်ပြောမယ် သူတို့ဒီနေရာကိုသွားကြမယ်
စွမ်းအင်သုံးစွဲမှုကို ၂ ဆပိုသုံးကြလိမ့်မယ်
ဆင်းရဲတဲ့သူတွေ မီးရဖို့
မျှော်လင့်တယ်
လူဦးရေတိုးတာမရပ်ဘဲနဲ့ ကလေး ၂ ယောက်ပဲ
ယူတဲ့ မိသားစုတွေဖြစ်လာမယ်
ဒါပေမဲ့ စုစုပေါင်းစွမ်းအင်သုံးစွဲမှုကတော့
၂၂ ယူနစ်အထိ တိုးလာလိမ့်မယ်
ဒီ ၂၂ ယူနစ်မှာ
အချမ်းသာဆုံးလူတွေကသာ
အများစုကိုသုံးစွဲဦးမှာပါ
ဆိုတော့ ဘာလုပ်ဖို့ရှိနေသေးလဲ
ဘာကြောင့်လဲဆိုတော့ အန္တရာယ်
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုက တစ်ကယ်ဖြစ်နေတာ
တကယ်ဖြစ်နေတာပါ
ဟုတ်ပါတယ် စွမ်းအင်ကိုb
ပိုမိုထိရောက်အောင်သုံးရပါမယ်
တစ်နည်းနည်းနဲ့ အရင်ကျင့်သုံးနေတဲ့
နည်းလမ်းတွေကို ပြောင်းလဲရပါမယ်
ဝန်းကျင် စိမ်းလန်းရေး
စွမ်းအင် စသုံးရမယ်
ပတ်ဝန်းကျင်ကို စိမ်းလန်းတဲ့စွမ်းအင်ပါ
ခုထိ တစ်ဦးချင်း စွမ်းအင်သုံးမှုက တူဆဲပါ။
အခြားသူတွေကို အကြံမပေးသင့်သေးဘူး
ဘာကိုလုပ်ပြီး၊ ဘာကိုမလုပ်ရမှာလဲ
လက်ခုပ်တီးသံများ
ဒီမှာအစိမ်းရောင်စွမ်းအင်ကို သုံးနိုင်တယ်
ဒါဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့
မျှော်လင့်တဲ့အရာပဲ
ဒါအနာဂတ်အတွက် တစ်ကယ့်စိန်ခေါ်မှုကြီးပါ
ရီယိုမြို့မှာရှိတဲ့ ဖာဗီလာက အမျိုးသမီးက
အဝတ်လျှော်စက်လိုချင်လာမယ်ဆိုတာ
ကျွန်တော်အာမခံတယ်
သူမရဲ့ စွမ်းအင်ဝန်ကြီးကြောင့် ပျော်နေမယ်
လူတိုင်းကို လျှပ်စစ်မီးပေးမယ်ဆိုတော့
ပျော်လို့ ဝန်ကြီးအတွက်တောင်မဲပေးခဲ့တယ်
သူမက Dilma Rousseff ဖြစ်လာခဲ့တယ်
ရွေးကောက်ခံ သမ္မတ
ကမ္ဘာ့လူဦးရေအများဆုံး
ဒီမိုကရေစီတစ်နိုင်ငံက
စွမ်းအင်ဝန်ကြီးကနေ သမ္မတ ဖြစ်သွားသူ
ခင်ဗျားတို့ဆီမှာဒီမိုကရေစီစနစ်ကျင့်သုံးရင်
လူတွေက အဝတ်လျှော်စက်အတွက်မဲပေးကြလိမ့်မယ်
သူတို့က အဝတ်လျှော်စက်ကို ချစ်တာကိုး
ဒါနဲ့ပတ်သတ်တဲ့ မျက်လှည့်က ဘာဖြစ်မလဲ
ကျွန်တော့်အမေက ဒီစက်ပဲဆိုပြီးရှင်းပြခဲ့တယ်
ပထမဆုံးသောနေ့
အမေကပြောတယ် ဒီမယ် ဟန်းရေ
လျှော်မယ့်အဝတ်တွေထည့်လိုက်ပြီ
စက်က သူ့အလုပ်သူလုပ်လိမ့်မယ်
လာ တို့သားအမိ စာကြည့်တိုက်သွားကြစို့
ဘာလို့လဲဆိုတော့
ဒါဟာမျက်လှည့်ပြလိုက်သလိုပဲလေ
အဝတ်တွေထည့်လိုက်တယ်
စက်ထဲက ဘာပြန်ထွက်လာလဲ
စက်ထဲက စာအုပ်တွေပြန်ထွက်လာတယ်
ကလေးစာပေတွေ
အမေ ကျွန်တော့်ကိုဖတ်ပြဖို့အချိန်ရှိသွားပြီ
ဒါကို အမေ မြတ်နိုးတယ်
ကျွန်တော်က စာရတယ်
ပါမောက္ခအဖြစ်အသက်မွေးဖို့
အခြေခံ ဒီမှာစတယ်
အမေမှာ ကျွန်တော့်ကို
စာဖတ်ပြဖို့အချိန်ရှိလာတဲ့အခါ
အမေကြိုက်တဲ့စာအုပ်တွေလည်းဖတ်ဖို့ရှိလာတယ်
အင်္ဂလိပ်စာလေ့လာနိုင်မယ်
နိုင်ငံခြားဘာသာစကားတစ်ခုအနေနဲ့သင်မယ်
ရသစာပေတွေဖတ်မယ်
ဒီမှာ ရသစာပေတွေမျိုးစုံရှိတယ်
ကျွန်တော့်တို့ ဒီစက်ကို တစ်ကယ့်ကိုချစ်တယ်
ပြီးတော့ ကျွန်တော်နဲ့ အမေနှစ်ယောက်သား
စက်မှုတော်လှန်ရေးကြီးကို
ကျေးဇူးတင်ကြောင်းပြောကြတယ်
သံမဏီစက်ရုံကြီး ကျေးဇူးတင်ပါတယ်
ဓာတ်အားပေးစက်ရုံကြီး ကျေးဇူးတင်ပါတယ်
ဓာတုစက်ရုံကြီး ကျေးဇူးတင်ပါတယ်
ကျွန်တော်တို့ကိုစာဖတ်ချိန်တွေပေးလို့
ကျေးဇူးအများကြီးတင်ပါတယ်
လက်ခုပ်တီးသံများ