ဒီတော့ ဒီတည့်တည့်မှာ ကျွန်တော်တို့မှာ ၄နားရှိပါတယ် ဒါမှမဟုတ် အနားနှစ်နားတစ်ခုနဲ့တစ်ခု ပြိုင်နေတဲ့ စတုဂံပါ ဒီတော့ ဒါကိုထရာပီဇီယမ်လို့ခေါ်ပါတယ် ကျွန်တော်တို့လုပ်ချင်တာက သူတို့ပေးထားတဲ့အတိုင်းအတာနဲ့ ထရာပီဇီယမ် ဧရိယာဘယ်လောက်လဲရှာမယ် ဒီတော့ စဉ်းစားကြည့်ရအောင် ဒီတော့ ဘာရမလဲ အကယ်၍ ဒီအောက်ခြေအရှည်၆နဲ့ အမြင့်၃ကိုမြောက်ရင်ဘာရမလဲ? ၆နဲ့၃မြောက်ရင် ဘာရပါမလဲ? ကောင်းပါပြီ အနံ၆ယူနစ်နဲ့ အမြင့်၃ယူနစ် ထောင့်မှန်ဧရိယာကဘာဖြစ်မှာပါလဲ ဒီတော့ ဒါကဂဏန်းရဲ့ဧရိယာကိုပေးပါတယ် ပန်းရောင်နဲ့လုပ်ပါမယ် ဒါနဲ့တူတဲ့ဧရိယာကို ၆နဲ့၃မြောက်ရင်ရပါတယ် ဒီတော့ ဒီနားကဧရိယာတစ်ခုလုံးကိုပေးမှာပါ အခု ထရာပီဇီယမ်က အဲဒါထက်ပိုနည်းနေတာကို ရှင်းရှင်းလေးတွေ့မှာပါ ဒါပေမဲ့ ဒီထက်ပိုခက်တဲ့ လက်တွေ့စမ်းသပ်တာ လုပ်ရအောင် အခု ၂နဲ့၃မြောက်ရင် ဘာဖြစ်သွားမလဲ? ကောင်းပါပြီ အခု အနံ၂နဲ့အမြင့်၃ရှိတဲ့ စတုဂံကိုရှာနေတာပါ ဒီတော့ ဒီနားကစတုဂံဖြစ်မှာကို တွေးကြည့်လို့ရပါပြီ ဒီတော့ အဲဒါက ဒီနားကစတုဂံလေးပါ ဒီတော့ ဒါက ၂အမြောက်၃စတုဂံပါ အခု ဒါကထရာပီဇီယမ်ဧရိယာနဲ့တူပါတယ် ဒီနံပါတ်၂ခုကြားဖြစ်ရပါမယ် နှစ်ခုကြားအလယ်တည့်တည့်မှာ ရှိရပါမယ် ဘာလို့လဲဆို စတုဂံနှစ်ခုရဲ့ဧရိယာကိုကြည့်တဲ့အခါ ဒါကို အရောင်ထည့်မယ် ဒီတော့ ဒါကဘယ်ဖက်က ဧရိယာကွာခြားချက်ပါ ဒါကတော့ ညာဖက်က ဧရိယာကွာခြားချက်ပါ အကယ်၍ ထရာပီဇီယမ်ကို အာရုံစိုက်ရင် အကယ်၍ အဝါနဲ့စရင် ပိုပြီးသေးတဲ့စတုဂံက ဧရိယာတဝက်ကိုယူတယ် ဘယ်ဖက်မှာရှိတဲ့ စတုဂံကြီးနဲ့စတုဂံသေး ကွာခြားချက်ရဲ့တဝက်ကိုပါ ဘယ်ဖက်က တဝက်တိတိကိုရပါတယ် ညာဖက်က အသေးနဲ့အကြီးကွာခြားချက် တဝက်ကိုရတယ် ဒီတော့ ဒါကလုံးဝအဓိပ္ပါယ်ရှိပါတယ် ဒီနားက ဧရိယာတစ်ခုလုံးဖြစ်တဲ့ ထရာပီဇီယမ်ဧရိယာက ပျမ်းမျှဖြစ်ရပါမယ် စတုဂံအသေးနဲ့စတုဂံအကြီးကြား တဝက်ကိုဖြစ်ရပါမယ် ဒီတော့ ဒီဂဏန်းနှစ်ခုကိုပျမ်းမျှယူရအောင် ၆အမြောက်၃ အပေါင်း ၂အမြောက်၃ဖြစ်မှာပါ အဲဒါအားလုံးကို၂နဲ့စားပါ ဒီတော့ ဘယ်တော့ ထရာပီဇမ်ဧရိယာကို စဉ်းစားမှာလဲ အောက်ခြေနှစ်ခုဖြစ်တဲ့ အောက်ခြေအရှည်နဲ့အတိုကိုကြည့်ပါ တစ်ခုချင်းစီကို အမြင့်နဲ့မြောက်ပါ ပြီးတော့ အဲဒါတွေရဲ့ ပျမ်းမျှကိုယူလို့ရပါပြီ ဒါမှမဟုတ် ဒီလိုစဉ်းစားလို့လဲရပါတယ် ၆အပေါင်း၂နဲ့လဲတူပါတယ် ပြီးတော့ ဒီမှာ၃ကိုဆခွဲကိန်း ခွဲပါမယ် ၆အပေါင်း၂အမြောက်၃ ပြီးတော့ အားလုံးကို၂နဲ့စားပါ အဲဒါက တူပါတယ်--ပြီးတော့ ကျွန်တော် တခြားတနည်းနဲ့ရေးနေတာပါ ဒါကို အမျိုးမျိုးစဉ်းစားလို့ရပါတယ်-- ၆အပေါင်း၂အစား၂ ပြီးတော့ အမြောက်၃ ဒီတော့ ဒါကိုပျမ်းမျှအနေနဲ့တွေ့မှာပါ စတုဂံအသေးနဲ့အကြီးရဲ့ ဒီတော့ အောက်ခြေတိုင်းကို အမြင့်နဲ့မြောက်ပါ ပြီးတော့ ပျမ်းမျှယူပါ ဒါကိုဒီလိုမြင်လို့ရပါတယ်--ကောင်းပါပြီ အောက်ခြေနှစ်ခုကို ပေါင်းလိုက်ကြရအောင် အမြင့်နဲ့မြောက်ပါ ပြီးတော့၂နဲ့စားပါ ဒါမှမဟုတ် ဒီလိုပြောလဲရပါတယ် ဟေ့ အောက်ခြေအရှည်ပျမ်းမျှယူပြီး အဲဒါကို၃နဲ့မြောက်ရအောင် အဲဒါက စဉ်းစားဖို့ နောက်စိတ်ဝင်စားစရာနည်းတစ်ခုပေးပါတယ် အကယ်၍အလျားနှစ်ခုနဲ့ပျမ်းမျှယူရင် ၆အပေါင်း၂အစား၂က ၄ပါ ဒီတော့ ဒါကတခုခုနဲ့တူတဲ့ အနံ--ဒါကို လိမ္မော်နဲ့လုပ်မယ် ၄ရဲ့အနံက ဒါတခုခုနဲ့တူမှာပါ ၄ရဲ့အနံက ဒီတခုခုနဲ့တူမှာပါ အဲဒါကို အမြင့်နဲ့မြောက်မှာပါ ကောင်းပါပြီ အဲဒါကဒီလို စတုဂံနဲ့တူမှာပါ စတုဂံအသေးနဲ့အကြီးဧရိယာကြား တဝက်နဲ့ထပ်တူတူမှာပါ ဒါတွေအားလုံးက ညီမျှတဲ့ဖော်ပြချက်တွေဖြစ်မှာပါ အခု တကယ်တွက်ကြည့်ရအောင် ဒီတော့ ဒီထဲကဘာမဆိုကို လုပ်နိုင်ပါပြီ ၆အမြောက်၃က ၁၈ပါ ဒါက၁၈အပေါင်း၆ အစား၂ ၂၄/၂ ပါ ဒါမှမဟုတ် ၁၂ ဒီလိုလုပ်လဲရပါတယ် ၆အပေါင်း၂က၈ အဲဒါကို၃နဲ့စားရင် ၂၄ နောက်၂နဲ့ထပ်စားရင်၁၂ ၆အပေါင်း၂ကို၂နဲ့စားရင်၄ အဲဒါကို၃နဲ့မြောက်ေတော့၁၂ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ထရာပီဇီယမ်ဧရိယာက ၁၂ဧရိယာယူနစ်ပါ