WEBVTT 00:00:00.760 --> 00:00:03.735 ဘဝကို ဖြတ်သန်းနေရခိုက်မှာ ဘာကများ ကျွန်တော်တို့ကို 00:00:03.760 --> 00:00:05.320 ပျော်ရွင်၊ ကျန်းမာစေတာလဲ။ 00:00:06.520 --> 00:00:09.016 သင့်အနာဂတ် အကောင်းဆုံး အကျိုးအတွက် 00:00:09.040 --> 00:00:11.096 ရင်းနှီး မြှပ်နှံတော့မယ်ဆိုရင် 00:00:11.120 --> 00:00:14.080 သင့်အချိန်နဲ့ စွမ်းအင်ကို ဘယ်ထဲကို ထည့်လိမ့်မလဲ။ NOTE Paragraph 00:00:15.120 --> 00:00:17.536 မကြာခင်က စစ်တမ်းတစ်ခုရဲ့ နှစ်ထောင်ပြည့် နှစ်များမှာ 00:00:17.560 --> 00:00:22.736 လူကြီးဖြစ်လာတဲ့ သူတို့ရဲ့ အရေးကြီးဆုံး ရည်မှန်းချက်တွေကို မေးမြန်းခဲ့ရာ 00:00:22.760 --> 00:00:24.776 ၈၀% ကျော်က ပြောပြကြတာက 00:00:24.800 --> 00:00:28.936 အဓိက ဘဝရည်မှန်းချက်က ချမ်းသာဖို့ပါ။ 00:00:28.960 --> 00:00:33.296 ကျန်တဲ့ ၅၀% ဖြစ်တဲ့ ဒီလူလတ်ပိုင်းကပဲ ပြောတာက 00:00:33.320 --> 00:00:35.856 နောက်ထပ် အဓိက ဘဝရည်မှန်းချက်က 00:00:35.880 --> 00:00:37.720 ကျော်ကြားဖို့ပါတဲ့။ NOTE Paragraph 00:00:38.960 --> 00:00:40.176 (ရယ်သံများ) NOTE Paragraph 00:00:40.200 --> 00:00:46.856 ကျွန်တော်တို့တွေဟာ အလုပ်မှာ စိတ်ညွှတ်ဖို့ ပိုကြိုးစားပြီး ပိုအောင်မြင်အောင် 00:00:46.880 --> 00:00:48.936 ကြိုးစားဖို့ အမြဲမပြတ် ပြောခံရတယ်။ 00:00:48.960 --> 00:00:52.616 ကောင်းမွန်တဲ့ ဘဝကိုရဖို့ ဒါတွေကို ကြိုးစားဖို့ လိုတယ်လို့ 00:00:52.640 --> 00:00:54.456 အထင်အမြင်မျိုးကို ပေးခံခဲ့ကြရတယ်။ 00:00:54.480 --> 00:00:56.696 အလုံးစုံသော ဘဝတွေရဲ့ ပုံရိပ်တွေဟာ 00:00:56.720 --> 00:01:01.936 လူတွေလုပ်ကြတဲ့ ရွေးချယ်မှုတွေနဲ့ ဒါတွေကို သူတို့အတွက် အလုပ်ဖြစ်အောင်လုပ်ပုံတွေပါ၊ 00:01:01.960 --> 00:01:04.840 ဒီပုံတွေဟာ ရရှိဖို့ မဖြစ်နိုင်သလောက်ပါ။ 00:01:06.080 --> 00:01:09.136 ကျွန်တော်တို့ သိရှိထားတဲ့ လူ့ဘဝအကြောင်း အများစုဟာ 00:01:09.160 --> 00:01:12.616 လူတွေကို အတိတ်အကြောင်း ပြန်သတိရတာကို မေးမြန်းမှုမှ ဖြစ်ပြီး 00:01:12.640 --> 00:01:17.416 ကျွန်တော်တို့ ပြန်ပြောင်းတွေးမိတာက ၂၀/၂၀ မျှပါပဲ။ 00:01:17.440 --> 00:01:21.136 ကျွန်တော်တို့ဘဝထဲက အင်မတန်များပြားတဲ့ ဖြစ်ရပ်တွေကို မေ့နေကြပြီး 00:01:21.160 --> 00:01:24.040 တစ်ခါတစ်လေမှာ သတိရတယ်ဆိုတာက စိတ်ကူးယဉ်မှု သက်သက်ပါပဲ။ NOTE Paragraph 00:01:24.800 --> 00:01:29.176 အချိန်ကာလအလိုက် ဘဝတစ်ခုလုံးကို ဖြန့်ချလျက် 00:01:29.200 --> 00:01:32.056 အလုံးစုံကို ကျွန်ုပ်တို့ ကြည့်နိုင်မယ်ဆိုရင်ရော။ 00:01:32.080 --> 00:01:36.056 ဘာက သူတို့တွေကို ပျော်ရွှင်၊ ကျန်းမာစေတာကို သိဖို့ 00:01:36.080 --> 00:01:38.816 လူတွေကို သူတို့ ဆယ်ကျော်သက်တွေ ကာလကနေ အိုမင်းသွားတဲ့ကာလ 00:01:38.840 --> 00:01:42.200 တစ်လျှောက်လုံးထိ လေ့လာနိုင်ရင်ရော။ NOTE Paragraph 00:01:43.560 --> 00:01:44.760 ဒါကို လုပ်ခဲ့ပါတယ်။ 00:01:45.640 --> 00:01:47.856 Harvard Study of Adult Devwlopment ဟာ 00:01:47.880 --> 00:01:52.640 ပြုလုပ်ခဲ့သမျှ လူကြီးဘဝလေ့လာမှုမှာ အရှည်ဆုံး ဖြစ်လောက်ပါတယ်။ 00:01:53.720 --> 00:01:59.840 ရ၅ နှစ်ကြာ အမျိုးသား ၇၂၄ ယောက်ကို ခြေရာခံပြီး NOTE Paragraph 00:02:01.360 --> 00:02:05.856 တစ်နှစ်ပြီးတစ်နှစ် သူတို့ရဲ့အလုပ်၊ မိသားစု ဘဝနဲ့ ကျန်းမာရေးအကြောင်းကို မေးရင်း 00:02:05.880 --> 00:02:10.256 တကယ်ကတော့ သူတို့ရဲ့ ဘဝဇာတ်လမ်းတွေ ဘယ်လိုဖြစ်သွားမှာကို မသိပဲနဲ့ 00:02:10.280 --> 00:02:11.720 တောက်လျှောက် မေးနေခဲ့တာပါ။ NOTE Paragraph 00:02:13.280 --> 00:02:16.896 ဒီလိုမျိုး လေ့လာမှုတွေဟာ အလွန့်အလွန် ရှားပါတယ်။ 00:02:16.920 --> 00:02:20.976 ဒီလိုမျိုး ပရောဂျက်အားလုံးနီးပါးဟာ ဆယ်စုနှစ်အတွင်းမှာကို ပြိုကွဲတတ်ပါတယ်၊ 00:02:21.000 --> 00:02:24.176 အကြောင်းက လူအများကြီး လေ့လာမှုကနေ နှုတ်ထွက်တာ ဒါမှမဟုတ် 00:02:24.200 --> 00:02:27.096 သုသေသနအတွက် ရံပုံငွေကုန်တာ မဟုတ်လည်း 00:02:27.120 --> 00:02:29.376 သုသေသီတွေ အာရုံပြောင်းတာ 00:02:29.400 --> 00:02:33.480 သို့မဟုတ် သေတာနဲ့ ဘယ်သူမှ ဒီနယ်ပယ်ကို ရှေ့မဆက်တော့တာ ကြောင့်ပါ။ 00:02:34.280 --> 00:02:36.536 ဒါပေမဲ့ ကံနဲ့ သုသေသီတွေရဲ့ များစွာသော 00:02:36.560 --> 00:02:40.256 မျိုးဆက်တွေရဲ့ ဇွဲနပဲ ပေါင်းစပ်မိနိုင်ခဲ့လို့ 00:02:40.280 --> 00:02:41.840 ဒီသုသေသနဟာ ရှင်သန်ကျန်နေခဲ့တယ်။ 00:02:42.520 --> 00:02:47.016 မူလ လူ ၇၂၄ ယောက်ထဲက ၆၀ လောက်ဟာ 00:02:47.040 --> 00:02:48.336 အသက်ရှင်နေတုန်း၊ 00:02:48.360 --> 00:02:50.536 သုသေသနမှာ ပါဝင်နေကြတုန်းပါ။ NOTE Paragraph 00:02:50.560 --> 00:02:52.600 အများစုဟာ ၉၀ ကျော်တွေပါ။ 00:02:53.560 --> 00:02:55.456 အခုတော့ ဒီလူတွေရဲ့ ကလေး ၂၀၀၀ ကျော်ကို 00:02:55.480 --> 00:02:58.840 ကျွန်တော်တို့ စတင်လေ့လာနေပါတယ်။ 00:02:59.680 --> 00:03:02.000 ကျွန်တော်က လေ့လာမှုရဲ့ စတုတ္ထမြောက် NOTE Paragraph 00:03:03.400 --> 00:03:08.136 ညွှန်ကြားရေးမှူးပါ၊ ၁၉၃၈ ကစပြီး လူအုပ်စု နှစ်စုရဲ့ ဘဝတွေကို ခြေရာခံပါတယ်။ 00:03:08.160 --> 00:03:10.296 လေ့လာမှုရဲ့ ပထမအစုကို သူတို့တွေ Harvard 00:03:10.320 --> 00:03:13.016 ကောလိပ်မှာ ဒုတိယနှစ်တက်တော့ စခဲ့တာပါ။ 00:03:13.040 --> 00:03:15.856 ဒုတိယကမ္ဘာစစ်အတွင်းမှာ သူတို့အားလုံး ကောလိပ်ပြီးခဲ့ပြီး 00:03:15.880 --> 00:03:18.320 အများစုဟာ စစ်ထဲမှာ စစ်မှုထမ်းပါတယ်။ 00:03:19.280 --> 00:03:21.416 နောက် ကျွန်တော်တိုလိုက်တဲ့ ဒုတိယအုပ်စုက 00:03:21.440 --> 00:03:25.616 Boston ရဲ့ အဆင်းရဲဆုံးပတ်ဝန်းကျင်က ကောင်လေးတွေ တစ်စုပါ။ 00:03:25.640 --> 00:03:27.656 လေ့လာမှုအတွက် ကောင်လေးတွေကို 00:03:27.680 --> 00:03:31.016 ရွေးချယ်ခဲ့တာကတော့ အထူးသဖြင့် သူတို့တွေဟာ ၁၉၃၀ နှစ်လွန်တွေက NOTE Paragraph 00:03:31.040 --> 00:03:32.896 Boston မှာ ဒုက္ခအများဆုံးနဲ့ 00:03:32.920 --> 00:03:35.656 အချို့ငဲ့ဆုံး မိသားစု တစ်ချို့ကဖြစ်လို့ပါ။ NOTE Paragraph 00:03:35.680 --> 00:03:40.280 အများစုက အိမ်ငှားနေကြပြီး အများအပြားဟာ ရေပူ၊ ရေအေးမပါပါဘူး။ NOTE Paragraph 00:03:42.520 --> 00:03:44.416 သူတို့လေ့လာမှုထဲ ဝင်လာတော့ NOTE Paragraph 00:03:44.440 --> 00:03:47.376 ဒီဆယ်ကျော်သက်တွေ အားလုံးကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ 00:03:47.400 --> 00:03:49.616 ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတွေ လုပ်ခဲ့တယ်။ 00:03:49.640 --> 00:03:53.176 သူတို့အိမ်တွေကိုသွားပြီး မိဘတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ 00:03:53.200 --> 00:03:55.576 နောက်ပြီး ဒီဆယ်ကျော်သက်တွေဟာ ဘဝမျိုးစုံမှာ 00:03:55.600 --> 00:03:58.016 ကျင်လည်တဲ့ လူကြီးတွေဖြစ်လာတယ်။ 00:03:58.040 --> 00:04:04.136 သူတို့တွေဟာ စက်ရုံလုပ်သားတွေ၊ ရှေ့နေတွေ၊ ပန်းရံသမားတွေနဲ့ 00:04:04.160 --> 00:04:06.520 တစ်ယောက်က အမေရိကန် သမ္မတ ဖြစ်လာခဲ့တယ်။ 00:04:08.160 --> 00:04:12.400 တစ်ချို့က အရက်စွဲကြပြီး အနည်းငယ်ကတော့ စိတ်ကစဉ့်ကလျာ ရောဂါရတယ်။ 00:04:13.320 --> 00:04:15.616 တစ်ချို့က အောက်ခြေကနေ ထိပ်ပိုင်းထိ 00:04:15.640 --> 00:04:18.856 တောက်လျှောက် လူမှုရေး လှေကားတက်သွားကြပြီး 00:04:18.880 --> 00:04:22.160 တစ်ချို့ကတော့ ဆန့်ကျင်ဘက် ခရီးကို နှင်ကြတာပေါ့။ NOTE Paragraph 00:04:23.520 --> 00:04:26.456 ဒီလေ့လာမှုကို စတင်ခဲ့ကြသူတို့ဟာ သူတို့ရဲ့ အိပ်မက်တွေထဲမှာတောင် 00:04:26.480 --> 00:04:28.496 ရ၅ နှစ် ကြာသွားတဲ့နောက်မှာ 00:04:28.520 --> 00:04:33.056 ကျွန်တော် ဟာ ဒီမှာ ရပ်နေကာ လေ့လာမှုကို ဆက်လက် လုပ်ကိုင်နေတာကို NOTE Paragraph 00:04:33.080 --> 00:04:36.160 ခင်ဗျားတို့အား ပြောပြမှာကို စိတ်ကူးရဲခဲ့ကြမှာ မဟုတ်လို့ပါ။ 00:04:37.280 --> 00:04:40.896 နှစ်နှစ်စီတိုင်းမှာ ကျွန်တော်တို့ရဲ့ စိတ်ရှည်ပြီး ဇွဲရှိကြတဲ့ ဝန်ထမ်းတွေက 00:04:40.920 --> 00:04:43.976 အမျိုးသားတွေကို ဖုန်းခေါ်ပြီး နောက်ထပ်မေးခွန်းတစ်စုံ 00:04:44.000 --> 00:04:47.120 သူတို့ကို ပို့ပေးလို့ရ မလားလို့ မေးမြန်းကြပါတယ်။ NOTE Paragraph 00:04:48.040 --> 00:04:51.616 Boston မြို့တွင်းပိုင်းက အမျိုးသားတွေက ကျွန်တော်တို့ကို မေးတာက 00:04:51.640 --> 00:04:55.520 "ဘာလို့ ကျုပ်ကို ဆက်လေ့လာချင် ရတာလဲ၊ ကျုပ်ဘဝက အဲလောက် စိတ်ဝင်စားစရာမှ မရှိတာ။" 00:04:56.600 --> 00:04:58.976 Harvard သားတွေကတော့ ဒီမေးခွန်း ဘယ်တော့မှ မမေးဘူး။ NOTE Paragraph 00:04:59.000 --> 00:05:04.200 (ရယ်သံများ) NOTE Paragraph 00:05:08.920 --> 00:05:11.776 သူတို့ဘဝတွေရဲ့ အရှင်းလင်းဆုံး ပုံရိပ်တွေရဖို့ 00:05:11.800 --> 00:05:14.736 ကျွန်တော့တို့ဟာ စစ်တမ်းမေးခွန်းလွှာတွေကို ပို့ရုံသာမကဘဲ 00:05:14.760 --> 00:05:17.216 သူတို့ရဲ့ ဧည့်ခန်းတွေမှာလည်း တွေ့ဆုံမေးမြန်းပါတယ်။ 00:05:17.240 --> 00:05:20.176 သူတို့ရဲ့ ဆရာဝန်တွေဆီက ဆေးမှတ်တမ်းတွေ ယူပါတယ်။ 00:05:20.200 --> 00:05:22.696 သူတို့ရဲ့ သွေးကိုယူပြီး ဦးနှောက်တွေကို စကင်ဖတ်တယ်၊ 00:05:22.720 --> 00:05:24.416 သူတို့ကလေးတွေနဲ့ စကားပြောတယ်။ 00:05:24.440 --> 00:05:29.696 နက်ရှိုင်းတဲ့ ပူပန်မှုတွေအကြောင်း သူတို့ ဇနီးတွေနဲ့ ပြောဆိုတာကို ဗီဒီယိုရိုက်ပါတယ်။ 00:05:29.720 --> 00:05:33.256 ပြီးတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်က သူတို့ ဇနီးတွေကို နောက်ဆုံးတော့ လေ့လာမှုမှာ 00:05:33.280 --> 00:05:35.656 အဖွဲ့ဝင်တွေအဖြစ် ပါချင်လားလို့ မေးခဲ့တယ်။ 00:05:35.680 --> 00:05:38.376 မိန်းမ အများစုက ပြောတာက "သိတယ်မို့လား၊ အချိန်ကိစ္စပဲ"တဲ့ NOTE Paragraph 00:05:38.400 --> 00:05:39.456 (ရယ်သံများ) NOTE Paragraph 00:05:39.480 --> 00:05:41.176 ဒီတော့ ကျွန်တော်တို့ ဘာသိလိုက်လဲ။ 00:05:41.200 --> 00:05:46.416 ဒီဘဝတွေအကြောင်း ကျွန်တော်တို့ ထုတ်လုပ်လိုက်တဲ့ သောင်းချီတဲ့ 00:05:46.440 --> 00:05:49.496 သတင်းအချက်အလက် စာမျက်နှာတွေမှ သင်ခန်းစာတွေက 00:05:49.520 --> 00:05:50.720 ဘာတွေများလဲ။ 00:05:51.720 --> 00:05:57.320 သင်ခန်းစာတွေက ချမ်းသာမှု၊ ကျော်ကြားမှု၊ အလုပ်ကို ပိုပို ကြိုးစားတာတွေ မဟုတ်ဘူး။ 00:05:58.520 --> 00:06:04.816 ဒီ ၇၅နှစ်ကြာ လေ့လာမှုကကနေ ကျွန်တော်တို့ရတဲ့ အရှင်းဆုံး အချက်က 00:06:04.840 --> 00:06:10.040 ကောင်းမွန်တဲ့ ဆက်ဆံရေးဟာ ကျွန်တော်တို့ ကို ပိုပျော် ပိုကျန်းမာစေတယ်တဲ့။ ရပြီပေါ့။ NOTE Paragraph 00:06:11.000 --> 00:06:14.816 ဆက်ဆံရေးနဲ့ပတ်သက်တဲ့ ဒီ သင်ခန်းစာကြီး သုံးရပ်ကို လေ့လာသင်ယူမိပါတယ်။ 00:06:14.840 --> 00:06:18.936 ပထမဆုံးက လူမှုရေး ဆက်သွယ်မှုတွေဟာ ကျွန်တော်တို့အတွက် ကောင်းပါတယ်၊ 00:06:18.960 --> 00:06:21.456 အထီးကျန်မှုက ကျွန်တော်တို့ကို သတ်ပစ်ပါတယ်။ 00:06:21.480 --> 00:06:25.136 ဖြစ်သွားတာက မိသားစု၊ မိတ်ဆွေတွေ၊ လူစုတွေနဲ့ လူမှုရေးဆက်သွယ်မှု 00:06:25.160 --> 00:06:28.256 ပိုရှိတဲ့သူတွေဟာ ဆက်သွယ်မှုကောင်းတွေ 00:06:28.280 --> 00:06:32.976 ပိုနည်းသူတွေထက် ပိုပြီးပျော်ကြပြီး ရုပ်ပိုင်းအရ ပိုကျန်းမာကာ 00:06:33.000 --> 00:06:36.376 အသက်လည်း ပိုရှည်ကြပါတယ်။ 00:06:36.400 --> 00:06:39.816 ပြီးတော့ အထီးကျန်မှုရဲ့ အတွေ့အကြုံ ဟာ အဆိပ်ဖြစ်သွားတတ်ပါတယ်။ 00:06:39.840 --> 00:06:44.976 အခြားသူတွေကနေ ပိုပြီး သီးသန့်နေချင်တဲ့သူတွေဟာ 00:06:45.000 --> 00:06:48.216 ပျော်ရွှင်မှုပိုနည်းတာကို တွေ့ရတယ်။ 00:06:48.240 --> 00:06:51.176 သူတို့ရဲ့ ကျန်းမာရေးဟာ ဘဝအလယ်ပိုင်းမှာ စောပြီး ပိုကျဆင်းလာကာ 00:06:51.200 --> 00:06:53.416 သူတို့ရဲ့ ဦးနှောက်စွမ်းဆောင်ချက်တွေ ဟာ စောစောပဲ 00:06:53.440 --> 00:06:57.000 ကျဆင်းပြီး သူတို့ဟာ အထီးကျန် မဖြစ်သူတွေထက် အသက်ပိုတိုပါတယ်။ 00:06:58.040 --> 00:07:01.256 ဝမ်းနည်းစရာက ဘယ်အချိန်ကိုပဲ ယူကြည့်ကြည့် 00:07:01.280 --> 00:07:05.880 အမေရိကန် ငါးယောက်မှာ တစ်ယောက်မကက အထီးကျန်နေရခြင်းပါပဲ။ NOTE Paragraph 00:07:07.040 --> 00:07:09.696 ပြီးတော့ သင်ဟာ လူအုပ်ထဲမှာတောင် အထီးကျန်နိူင်တာ၊ 00:07:09.720 --> 00:07:12.376 အိမ်ထောင်ကျပြီး အထီးကျန်နိူင်တာ ကျွန်တော်တို့ သိရပါတယ်။ 00:07:12.400 --> 00:07:14.536 ဒီတော့ ကျွန်တော်တို့ သင်ယူလိုက်တဲ့ ဒုတိယ 00:07:14.560 --> 00:07:17.656 သင်ခန်းစာက သင့်မှာရှိတဲ့ မိတ်ဆွေ အရေအတွက်တင်မဟုတ်ဘဲ 00:07:17.680 --> 00:07:21.176 ကိုယ့်ဆီမှာ ရည်စူးထားတဲ့ ဆက်ဆံမှုတွေ ရှိတာ၊မရှိတာ မဟုတ်ပဲ 00:07:21.200 --> 00:07:25.840 သင့်ဆက်ဆံမှုများရဲ့ ရင်းနှီးမှုကသာ အရေးပါတာပါ။ 00:07:26.560 --> 00:07:31.336 ဝိရောဓိတွေကြားမှာ နေထိုင်ခြင်းက ကျန်းမာ ရေးကို တကယ့်ကို ဆိုးသွားစေနိုင်ပါတယ်။ 00:07:31.360 --> 00:07:35.336 ဥပမာ၊ ချစ်ခင်မှု သိပ်မရှိဘဲ ပဍိပက္ခ ပြင်းထန်တဲ့ အိမ်ထောင်တွေဟာ 00:07:35.360 --> 00:07:41.136 ကွာရှင်းလိုက်တာထက် တောင်မှ ကျန်းမာရေးအတွက် အရမ်းဆိုးနိုင်ပါတယ်။ 00:07:41.160 --> 00:07:45.936 ကောင်းမွန်၊ နွေးထွေးတဲ့ ဆက်နွယ်မှုအကြား မှာ နေထိုင်ခြင်းက အကာအကွယ်ပေးပါတယ်။ NOTE Paragraph 00:07:45.960 --> 00:07:49.056 ကျွန်တော်တို့လူတွေရဲ့ ၈၀ လွန်နှစ်တွေ တစ်လျှောက် လိုက်ကြည့်ခဲ့ရာ 00:07:49.080 --> 00:07:52.096 သူတို့ရဲ့ အသက်တစ်ဝက်ကျိုးချိန်ကို ပြန်ကြည့်ပြီး ဘယ်သူတွေဟာ 00:07:52.120 --> 00:07:53.696 ပျော်ရွှင်၊ ကျန်းမာတဲ့ ၈၀ ကျော် NOTE Paragraph 00:07:53.720 --> 00:07:57.696 ဘဝထဲ ကြီးပြင်းမလဲ၊ ဘယ်သူတော့ ဖြစ်မလာဘူး ဆိုတာကို ဟောကိန်းထုတ်နိုင်မလားလို့ 00:07:57.720 --> 00:07:58.920 သိချင်ခဲ့တယ်။ 00:07:59.680 --> 00:08:03.896 ပြီးတော့ အသက် ၅၀ အရွယ် သူတို့ အကြောင်း ကျွန်တော်တို့ သိသမျှတွေကို 00:08:03.920 --> 00:08:05.280 စုပေါင်းလိုက်တော့ 00:08:06.080 --> 00:08:08.616 သူတို့တွေ ဘယ်လို အိုမင်းမယ်ဆိုတာကို ဟောနိုင်တာက 00:08:08.640 --> 00:08:11.536 သူတို့ရဲ့ သက်လတ်ပိုင်း ကိုလက်စထရော အဆင့်တွေ မဟုတ်ပဲ 00:08:11.560 --> 00:08:15.016 သူတို့ရဲ့ ဆက်ဆံရေးတွေနဲ့ ဘယ်လို စိတ်ကျေနပ်မှု ရှိခဲ့လဲဆိုတာပါ။ 00:08:15.040 --> 00:08:19.936 အသက် ၅၀ အရွယ် ဆက်ဆံရေးမှာ စိတ်ကျေနပ်မှု အများဆုံးရှိသူတွေဟာ NOTE Paragraph 00:08:19.960 --> 00:08:22.360 အသက် ၈၀ မှာ အကျန်းမာဆုံးတွေ ဖြစ်ခဲ့တယ်။ 00:08:23.680 --> 00:08:26.856 ကောင်းမွန်၊ ရင်းနှီးတဲ့ ဆက်ဆံရေးဟာ အိုမင်းခြင်းရဲ့ တိုက်ခိုက်မှုမှ 00:08:26.880 --> 00:08:29.640 သက်သာအောင် ကြားခံပေးပုံရပါတယ်။ 00:08:30.480 --> 00:08:34.456 ကျွန်တော်တို့ရဲ့ အပျော်ရွှင်ဆုံး တွဲဖက် တွေဖြစ်တဲ့ အမျိုးသား အမျိုးသမီးတွေက 00:08:34.480 --> 00:08:36.535 သူတို့ရဲ့ ၈၀ ကျော်နှစ်တွေမှာ အစီရင်ခံတာက 00:08:36.559 --> 00:08:39.496 သူတို့တွေ ရုပ်ပိုင်းနာကျင်မှု ပိုခံစားရတဲ့ နေ့တွေမှာတောင် 00:08:39.520 --> 00:08:41.480 သူတို့ဟာ စိတ်ထဲ ပျော်ရွှင်နေတုန်းပါပဲတဲ့။ 00:08:42.400 --> 00:08:45.656 ဒါပေမဲ့ ဆက်ဆံရေး စိတ်ညစ်စရာ ဖြစ်ခဲ့သူတွေ 00:08:45.680 --> 00:08:48.616 အစီရင်ခံကြတာက ရုပ်ပိုင်းအရ ပိုနာကျင်ချိန်မှာ 00:08:48.640 --> 00:08:51.680 စိတ်ထဲတွင် နာကျင်မှုဒဏ်ကို အဆမတန် ခံစားရတယ်တဲ့။ NOTE Paragraph 00:08:52.360 --> 00:08:56.736 ဆက်ဆံရေးနဲ့ ကျန်းမာရေးအကြောင်း သင်ယူလိုက်ရတဲ့ တတိယ သင်ခန်းစာက 00:08:56.760 --> 00:09:00.016 ကောင်းမွန်တဲ့ဆက်ဆံရေးဟာ ကိုယ်ခန္ဓာတွေ ကို ကာကွယ်ပေးရုံမက 00:09:00.040 --> 00:09:01.520 ဦးနှောက်ကိုပါ ကာကွယ်ပေးပါတယ်။ 00:09:02.440 --> 00:09:07.096 ၈၀ လွန်နှစ်တွေမှာ အခြားသူတစ်ယောက်နဲ့ ခိုင်မာတဲ့ သံယောဇဉ်ရှိနေခြင်းဟာ 00:09:07.120 --> 00:09:11.016 အကာအကွယ်ရှိမူဖြစ်စေပြီး 00:09:11.040 --> 00:09:13.016 သံယောဇဉ်ရှိကြတဲ့ လူတွေဟာ 00:09:13.040 --> 00:09:17.176 လိုအပ်လာရင် အခြားသူတစ်ယောက်ကို အားကိုးနိုင်တာကို တကယ်ခံစားရပါတယ်။ 00:09:17.200 --> 00:09:20.896 ဒီလူတွေရဲ့ မှတ်ဉာဏ်တွေဟာ ပိုထက်မြက်၊ ပိုကြာရှည်ပါတယ်။ 00:09:20.920 --> 00:09:22.416 အားကိုးရမယ့်လူမျိုး မရှိဘူးလို့ 00:09:22.440 --> 00:09:25.576 ခံစားရတဲ့ ဆက်ဆံရေးမျိုး ရှိတဲ့သူတွေကျတော့ 00:09:25.600 --> 00:09:29.480 ပိုစောလျှင်စွာ မှတ်ဉာဏ် ကျဆင်းမှုကို ကြုံကြရတဲ့ သူတွေပါ။ 00:09:30.520 --> 00:09:33.976 ကောင်းမွန်တဲ့ ဆက်ဆံရေးတွေဟာ တစ်ချိန်လုံး ချောမွေ့စရာ မလိုပါဘူး။ 00:09:34.000 --> 00:09:37.576 ကျွန်တော်တို့ရဲ့ ဂ၀ ကျော် စုံတွဲတွေထဲက တစ်ချို့ ဟာ တစ်ဦးနဲ့တစ်ဦး 00:09:37.600 --> 00:09:39.336 နေ့တဓူဝ တကျက်ကျက် ဖြစ်နိုင်ပါတယ်။ 00:09:39.360 --> 00:09:42.536 ဒါပေမဲ့ တစ်ဦးကို တစ်ဦး တကယ့်ကို အားကိုးနိုင်တယ်လို့ ခံစားနေသရွေ့ 00:09:42.560 --> 00:09:44.376 အခက်အခဲကြုံတော့မယ့် အခါမှာတော့ 00:09:44.400 --> 00:09:48.000 ဒီ စကားများမှုတွေဟာ သူတို့ရဲ့ မှတ်ဉာဏ် မှာ ဗွေမယူတော့ပါဘူး။ NOTE Paragraph 00:09:49.600 --> 00:09:52.336 ဒီတော့ အရေးကြီးတဲ့ အချက်က 00:09:52.360 --> 00:09:58.056 ကောင်းမွန်၊ ရင်းနှီးတဲ့ ဆက်ဆံရေးတွေဟာ ကျန်းမာ ချမ်းသာရေးအတွက် ကောင်းပါတယ်။ 00:09:58.080 --> 00:10:01.016 ဒါက ရှေးဟောင်း အတွေးအခေါ်လေးပါ။ 00:10:01.040 --> 00:10:04.880 ဘာဖြစ်လို့ ဒါက နားလည်ဖို့ သိပ်ခက်ပြီး လျစ်လျှူရှုဖို့ သိပ်လွယ်ရတာလဲ။ 00:10:05.560 --> 00:10:07.016 အင်း ကျွန်တော်တို့က လူသားတွေ၊ NOTE Paragraph 00:10:07.040 --> 00:10:09.856 ကျွန်တော်တို့ တကယ် ကြိုက်တာက အလွယ်တကူ လုပ်နိုင်မယ့် 00:10:09.880 --> 00:10:11.576 ဘဝတွေကို ကောင်းမွန်စေပြီး 00:10:11.600 --> 00:10:14.360 အဲဒီအတိုင်း ထိန်းထားနိုင်မယ့် နည်းလမ်း တစ်ခုခုပါ။ 00:10:15.320 --> 00:10:18.656 ဆက်ဆံရေးဆိုတာဟာ ခက်ခဲ ရှုပ်ထွေးလှပြီး 00:10:18.680 --> 00:10:22.496 မိသားစုနဲ့ မိတ်ဆွေတွေကို စောင့်ရှောက် ရတာဟာ ပင်ပန်းတဲ့ အလုပ်ပါ၊ 00:10:22.520 --> 00:10:25.176 ဒါဟာ ဆွဲဆောင်မှု (သို့) မက်မောစရာ ကောင်းတဲ့ အရာမဟုတ်ပါ။ 00:10:25.200 --> 00:10:28.536 ဒါက ရာသက်ပန်လည်းဖြစ်တယ်၊ ဘယ်တော့မှ မဆုံးနိုင်ပါ။ 00:10:28.560 --> 00:10:33.616 ကျွန်တော်တို့ရဲ့ ၇၅ နှစ်တာ လေ့လာမှုအရ အနားယူချိန်မှာ အပျော်ဆုံး သူတွေဟာ 00:10:33.640 --> 00:10:39.456 သူတို့ရဲ့ လုပ်ဖော်တွေကို ကစားဖော်တွေနဲ့ အစားထိုးဖို့ ကြိုးစားခဲ့ကြတဲ့သူတွေပါ။ 00:10:39.480 --> 00:10:42.456 အဲဒီ မကြာသေးတဲ့ စစ်တမ်းထဲက နှစ်ထောင်ပြည့် နှစ်များကလူကြီးတွေလို 00:10:42.480 --> 00:10:46.096 လူလတ်ပိုင်းအဖြစ် စတင်လာနေတဲ့ ကျွန်တော်တို့လူတွေ တော်တော်များများဟာ 00:10:46.120 --> 00:10:50.136 ကျော်ကြားမှု၊ ချမ်းသာမှုနဲ့ မြင့်မားတဲ့ အောင်မြင်မှုကိုတွေဟာ ကောင်းမွန်တဲ့ 00:10:50.160 --> 00:10:54.096 ဘဝတစ်ခုရှိဖို့ ကြိုးစားရယူရမယ့် အချက်တွေလို့ တကယ် ယုံကြည်ခဲ့ပါတယ်။ 00:10:54.120 --> 00:10:58.296 ဒါပေမဲ့ ဒီ ၇၅ နှစ်တာ လေ့လာမှုမှာ အထပ်ထပ် ပြထားတာက 00:10:58.320 --> 00:11:03.976 အကောင်းဆုံးတွေကို တွေ့ကြုံရသူတွေဟာ မိသားစုနဲ့အတူ၊ မိတ်ဆွေတွေနဲ့အတူ၊ 00:11:04.000 --> 00:11:07.240 လူစုတွေနဲအတူ ဆက်ဆံရေးကို ကိုင်းညွှတ်ခဲ့သူတွေ ဆိုတာပါ။ NOTE Paragraph 00:11:09.080 --> 00:11:11.056 ဒီတော့ ခင်ဗျားတို့ သဘောကရော။ 00:11:11.080 --> 00:11:14.840 ခင်ဗျားတို့ဟာ ၂၅ နှစ်၊ အသက် ၄၀၊ ၆၀ ဆိုပါတော့ဗျာ။ 00:11:15.800 --> 00:11:18.760 ဆက်ဆံရေးကို ကိုင်းညွှတ်တာဟာ ဘယ်လိုပုံ ဖြစ်လိမ့်မလဲ။ NOTE Paragraph 00:11:19.760 --> 00:11:22.880 ကောင်းပြီ၊ ဖြစ်နိုင်ခြေတွေက အဆုံးမရှိ နီးနီးပါ။ 00:11:23.600 --> 00:11:29.696 တီဗီအချိန်ကို လူတွေတွေ့ချိန်နဲ့ အစားထိုး သလောက် ရိုးရှင်းနိုင်လောက်တယ်၊ 00:11:29.720 --> 00:11:34.176 ဒါမှမဟုတ် ရိုးအီနေတဲ့ ဆက်ဆံရေးကို အသစ် တစ်ခုခု အတူလုပ်ရင်းနဲ့ အသက်ဝင်တာတို့၊ 00:11:34.200 --> 00:11:36.400 လမ်းကြာကြာလျှောက်တာ၊ ညတွေမှာ တွေ့ဆုံတာတွေ၊ 00:11:37.360 --> 00:11:42.216 မဟုတ်လည်း စကားမပြောတာကြာပြီဖြစ်တဲ့ မိသားစုဝင်ဆီ သွားတာပေါ့။ 00:11:42.240 --> 00:11:45.736 အကြောင်းက ဒါတွေအားလုံးကလည်း အမျက်သိုထားတဲ့ လူတွေအပေါ်မှာ 00:11:45.760 --> 00:11:47.976 ဘုံမိသားစု ရန်စတွေကို 00:11:48.000 --> 00:11:50.080 ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်စေတယ်လေ။ NOTE Paragraph 00:11:52.000 --> 00:11:55.920 Mark Twain ရဲ့ အဆိုလေးနဲ့ အဆုံးသတ်လိုက်ချင်ပါတယ်။ 00:11:57.280 --> 00:11:59.656 လွန်ခဲ့တဲ့ ရာစုကပါ၊ 00:11:59.680 --> 00:12:02.296 သူရဲ့ ဘဝကို လည်ပြန်ကြည့်လိုက်ရင်း 00:12:02.320 --> 00:12:03.600 ဒါကို သူရေးသားခဲ့တယ်။ 00:12:04.840 --> 00:12:08.536 "ဘဝဟာ သိပ်တိုတောင်းတော့ အချင်းများတာ၊ တောင်းပန်တာတွေ၊ 00:12:08.560 --> 00:12:13.720 ရင်ပူရင်ဆာတာတွေ၊ ရှင်းပြရတာတွေအတွက် အချိန်မရှိနိုင်ပါဘူး၊ 00:12:14.720 --> 00:12:17.536 ချစ်ခင်ဖို့အတွက်ပဲ အချိန်ဆိုတာ ရှိပါတယ်၊ 00:12:17.560 --> 00:12:21.280 ပြီးတော့ အဲဒီအချိန်က အခုကို လုပ်ရမယ့် အချိန်ပါပဲ။" NOTE Paragraph 00:12:22.760 --> 00:12:27.136 ကောင်းမွန်တဲ့ ဘဝကို ကောင်းမွန်တဲ့ ဆက်ဆံရေးတွေနဲ့သာ တည်ဆောက်နိုင်ပါတယ်။ NOTE Paragraph 00:12:27.160 --> 00:12:28.376 ကျေးဇူးတင်ပါတယ်။ NOTE Paragraph 00:12:28.400 --> 00:12:33.840 (လက်ခုပ်သံများ)