1 00:00:00,760 --> 00:00:03,735 ဘဝကို ဖြတ်သန်းနေရခိုက်မှာ ဘာကများ ကျွန်တော်တို့ကို 2 00:00:03,760 --> 00:00:05,320 ပျော်ရွင်၊ ကျန်းမာစေတာလဲ။ 3 00:00:06,520 --> 00:00:09,016 သင့်အနာဂတ် အကောင်းဆုံး အကျိုးအတွက် 4 00:00:09,040 --> 00:00:11,096 ရင်းနှီး မြှပ်နှံတော့မယ်ဆိုရင် 5 00:00:11,120 --> 00:00:14,080 သင့်အချိန်နဲ့ စွမ်းအင်ကို ဘယ်ထဲကို ထည့်လိမ့်မလဲ။ 6 00:00:15,120 --> 00:00:17,536 မကြာခင်က စစ်တမ်းတစ်ခုရဲ့ နှစ်ထောင်ပြည့် နှစ်များမှာ 7 00:00:17,560 --> 00:00:22,736 လူကြီးဖြစ်လာတဲ့ သူတို့ရဲ့ အရေးကြီးဆုံး ရည်မှန်းချက်တွေကို မေးမြန်းခဲ့ရာ 8 00:00:22,760 --> 00:00:24,776 ၈၀% ကျော်က ပြောပြကြတာက 9 00:00:24,800 --> 00:00:28,936 အဓိက ဘဝရည်မှန်းချက်က ချမ်းသာဖို့ပါ။ 10 00:00:28,960 --> 00:00:33,296 ကျန်တဲ့ ၅၀% ဖြစ်တဲ့ ဒီလူလတ်ပိုင်းကပဲ ပြောတာက 11 00:00:33,320 --> 00:00:35,856 နောက်ထပ် အဓိက ဘဝရည်မှန်းချက်က 12 00:00:35,880 --> 00:00:37,720 ကျော်ကြားဖို့ပါတဲ့။ 13 00:00:38,960 --> 00:00:40,176 (ရယ်သံများ) 14 00:00:40,200 --> 00:00:46,856 ကျွန်တော်တို့တွေဟာ အလုပ်မှာ စိတ်ညွှတ်ဖို့ ပိုကြိုးစားပြီး ပိုအောင်မြင်အောင် 15 00:00:46,880 --> 00:00:48,936 ကြိုးစားဖို့ အမြဲမပြတ် ပြောခံရတယ်။ 16 00:00:48,960 --> 00:00:52,616 ကောင်းမွန်တဲ့ ဘဝကိုရဖို့ ဒါတွေကို ကြိုးစားဖို့ လိုတယ်လို့ 17 00:00:52,640 --> 00:00:54,456 အထင်အမြင်မျိုးကို ပေးခံခဲ့ကြရတယ်။ 18 00:00:54,480 --> 00:00:56,696 အလုံးစုံသော ဘဝတွေရဲ့ ပုံရိပ်တွေဟာ 19 00:00:56,720 --> 00:01:01,936 လူတွေလုပ်ကြတဲ့ ရွေးချယ်မှုတွေနဲ့ ဒါတွေကို သူတို့အတွက် အလုပ်ဖြစ်အောင်လုပ်ပုံတွေပါ၊ 20 00:01:01,960 --> 00:01:04,840 ဒီပုံတွေဟာ ရရှိဖို့ မဖြစ်နိုင်သလောက်ပါ။ 21 00:01:06,080 --> 00:01:09,136 ကျွန်တော်တို့ သိရှိထားတဲ့ လူ့ဘဝအကြောင်း အများစုဟာ 22 00:01:09,160 --> 00:01:12,616 လူတွေကို အတိတ်အကြောင်း ပြန်သတိရတာကို မေးမြန်းမှုမှ ဖြစ်ပြီး 23 00:01:12,640 --> 00:01:17,416 ကျွန်တော်တို့ ပြန်ပြောင်းတွေးမိတာက ၂၀/၂၀ မျှပါပဲ။ 24 00:01:17,440 --> 00:01:21,136 ကျွန်တော်တို့ဘဝထဲက အင်မတန်များပြားတဲ့ ဖြစ်ရပ်တွေကို မေ့နေကြပြီး 25 00:01:21,160 --> 00:01:24,040 တစ်ခါတစ်လေမှာ သတိရတယ်ဆိုတာက စိတ်ကူးယဉ်မှု သက်သက်ပါပဲ။ 26 00:01:24,800 --> 00:01:29,176 အချိန်ကာလအလိုက် ဘဝတစ်ခုလုံးကို ဖြန့်ချလျက် 27 00:01:29,200 --> 00:01:32,056 အလုံးစုံကို ကျွန်ုပ်တို့ ကြည့်နိုင်မယ်ဆိုရင်ရော။ 28 00:01:32,080 --> 00:01:36,056 ဘာက သူတို့တွေကို ပျော်ရွှင်၊ ကျန်းမာစေတာကို သိဖို့ 29 00:01:36,080 --> 00:01:38,816 လူတွေကို သူတို့ ဆယ်ကျော်သက်တွေ ကာလကနေ အိုမင်းသွားတဲ့ကာလ 30 00:01:38,840 --> 00:01:42,200 တစ်လျှောက်လုံးထိ လေ့လာနိုင်ရင်ရော။ 31 00:01:43,560 --> 00:01:44,760 ဒါကို လုပ်ခဲ့ပါတယ်။ 32 00:01:45,640 --> 00:01:47,856 Harvard Study of Adult Devwlopment ဟာ 33 00:01:47,880 --> 00:01:52,640 ပြုလုပ်ခဲ့သမျှ လူကြီးဘဝလေ့လာမှုမှာ အရှည်ဆုံး ဖြစ်လောက်ပါတယ်။ 34 00:01:53,720 --> 00:01:59,840 ရ၅ နှစ်ကြာ အမျိုးသား ၇၂၄ ယောက်ကို ခြေရာခံပြီး 35 00:02:01,360 --> 00:02:05,856 တစ်နှစ်ပြီးတစ်နှစ် သူတို့ရဲ့အလုပ်၊ မိသားစု ဘဝနဲ့ ကျန်းမာရေးအကြောင်းကို မေးရင်း 36 00:02:05,880 --> 00:02:10,256 တကယ်ကတော့ သူတို့ရဲ့ ဘဝဇာတ်လမ်းတွေ ဘယ်လိုဖြစ်သွားမှာကို မသိပဲနဲ့ 37 00:02:10,280 --> 00:02:11,720 တောက်လျှောက် မေးနေခဲ့တာပါ။ 38 00:02:13,280 --> 00:02:16,896 ဒီလိုမျိုး လေ့လာမှုတွေဟာ အလွန့်အလွန် ရှားပါတယ်။ 39 00:02:16,920 --> 00:02:20,976 ဒီလိုမျိုး ပရောဂျက်အားလုံးနီးပါးဟာ ဆယ်စုနှစ်အတွင်းမှာကို ပြိုကွဲတတ်ပါတယ်၊ 40 00:02:21,000 --> 00:02:24,176 အကြောင်းက လူအများကြီး လေ့လာမှုကနေ နှုတ်ထွက်တာ ဒါမှမဟုတ် 41 00:02:24,200 --> 00:02:27,096 သုသေသနအတွက် ရံပုံငွေကုန်တာ မဟုတ်လည်း 42 00:02:27,120 --> 00:02:29,376 သုသေသီတွေ အာရုံပြောင်းတာ 43 00:02:29,400 --> 00:02:33,480 သို့မဟုတ် သေတာနဲ့ ဘယ်သူမှ ဒီနယ်ပယ်ကို ရှေ့မဆက်တော့တာ ကြောင့်ပါ။ 44 00:02:34,280 --> 00:02:36,536 ဒါပေမဲ့ ကံနဲ့ သုသေသီတွေရဲ့ များစွာသော 45 00:02:36,560 --> 00:02:40,256 မျိုးဆက်တွေရဲ့ ဇွဲနပဲ ပေါင်းစပ်မိနိုင်ခဲ့လို့ 46 00:02:40,280 --> 00:02:41,840 ဒီသုသေသနဟာ ရှင်သန်ကျန်နေခဲ့တယ်။ 47 00:02:42,520 --> 00:02:47,016 မူလ လူ ၇၂၄ ယောက်ထဲက ၆၀ လောက်ဟာ 48 00:02:47,040 --> 00:02:48,336 အသက်ရှင်နေတုန်း၊ 49 00:02:48,360 --> 00:02:50,536 သုသေသနမှာ ပါဝင်နေကြတုန်းပါ။ 50 00:02:50,560 --> 00:02:52,600 အများစုဟာ ၉၀ ကျော်တွေပါ။ 51 00:02:53,560 --> 00:02:55,456 အခုတော့ ဒီလူတွေရဲ့ ကလေး ၂၀၀၀ ကျော်ကို 52 00:02:55,480 --> 00:02:58,840 ကျွန်တော်တို့ စတင်လေ့လာနေပါတယ်။ 53 00:02:59,680 --> 00:03:02,000 ကျွန်တော်က လေ့လာမှုရဲ့ စတုတ္ထမြောက် 54 00:03:03,400 --> 00:03:08,136 ညွှန်ကြားရေးမှူးပါ၊ ၁၉၃၈ ကစပြီး လူအုပ်စု နှစ်စုရဲ့ ဘဝတွေကို ခြေရာခံပါတယ်။ 55 00:03:08,160 --> 00:03:10,296 လေ့လာမှုရဲ့ ပထမအစုကို သူတို့တွေ Harvard 56 00:03:10,320 --> 00:03:13,016 ကောလိပ်မှာ ဒုတိယနှစ်တက်တော့ စခဲ့တာပါ။ 57 00:03:13,040 --> 00:03:15,856 ဒုတိယကမ္ဘာစစ်အတွင်းမှာ သူတို့အားလုံး ကောလိပ်ပြီးခဲ့ပြီး 58 00:03:15,880 --> 00:03:18,320 အများစုဟာ စစ်ထဲမှာ စစ်မှုထမ်းပါတယ်။ 59 00:03:19,280 --> 00:03:21,416 နောက် ကျွန်တော်တိုလိုက်တဲ့ ဒုတိယအုပ်စုက 60 00:03:21,440 --> 00:03:25,616 Boston ရဲ့ အဆင်းရဲဆုံးပတ်ဝန်းကျင်က ကောင်လေးတွေ တစ်စုပါ။ 61 00:03:25,640 --> 00:03:27,656 လေ့လာမှုအတွက် ကောင်လေးတွေကို 62 00:03:27,680 --> 00:03:31,016 ရွေးချယ်ခဲ့တာကတော့ အထူးသဖြင့် သူတို့တွေဟာ ၁၉၃၀ နှစ်လွန်တွေက 63 00:03:31,040 --> 00:03:32,896 Boston မှာ ဒုက္ခအများဆုံးနဲ့ 64 00:03:32,920 --> 00:03:35,656 အချို့ငဲ့ဆုံး မိသားစု တစ်ချို့ကဖြစ်လို့ပါ။ 65 00:03:35,680 --> 00:03:40,280 အများစုက အိမ်ငှားနေကြပြီး အများအပြားဟာ ရေပူ၊ ရေအေးမပါပါဘူး။ 66 00:03:42,520 --> 00:03:44,416 သူတို့လေ့လာမှုထဲ ဝင်လာတော့ 67 00:03:44,440 --> 00:03:47,376 ဒီဆယ်ကျော်သက်တွေ အားလုံးကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ 68 00:03:47,400 --> 00:03:49,616 ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတွေ လုပ်ခဲ့တယ်။ 69 00:03:49,640 --> 00:03:53,176 သူတို့အိမ်တွေကိုသွားပြီး မိဘတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ 70 00:03:53,200 --> 00:03:55,576 နောက်ပြီး ဒီဆယ်ကျော်သက်တွေဟာ ဘဝမျိုးစုံမှာ 71 00:03:55,600 --> 00:03:58,016 ကျင်လည်တဲ့ လူကြီးတွေဖြစ်လာတယ်။ 72 00:03:58,040 --> 00:04:04,136 သူတို့တွေဟာ စက်ရုံလုပ်သားတွေ၊ ရှေ့နေတွေ၊ ပန်းရံသမားတွေနဲ့ 73 00:04:04,160 --> 00:04:06,520 တစ်ယောက်က အမေရိကန် သမ္မတ ဖြစ်လာခဲ့တယ်။ 74 00:04:08,160 --> 00:04:12,400 တစ်ချို့က အရက်စွဲကြပြီး အနည်းငယ်ကတော့ စိတ်ကစဉ့်ကလျာ ရောဂါရတယ်။ 75 00:04:13,320 --> 00:04:15,616 တစ်ချို့က အောက်ခြေကနေ ထိပ်ပိုင်းထိ 76 00:04:15,640 --> 00:04:18,856 တောက်လျှောက် လူမှုရေး လှေကားတက်သွားကြပြီး 77 00:04:18,880 --> 00:04:22,160 တစ်ချို့ကတော့ ဆန့်ကျင်ဘက် ခရီးကို နှင်ကြတာပေါ့။ 78 00:04:23,520 --> 00:04:26,456 ဒီလေ့လာမှုကို စတင်ခဲ့ကြသူတို့ဟာ သူတို့ရဲ့ အိပ်မက်တွေထဲမှာတောင် 79 00:04:26,480 --> 00:04:28,496 ရ၅ နှစ် ကြာသွားတဲ့နောက်မှာ 80 00:04:28,520 --> 00:04:33,056 ကျွန်တော် ဟာ ဒီမှာ ရပ်နေကာ လေ့လာမှုကို ဆက်လက် လုပ်ကိုင်နေတာကို 81 00:04:33,080 --> 00:04:36,160 ခင်ဗျားတို့အား ပြောပြမှာကို စိတ်ကူးရဲခဲ့ကြမှာ မဟုတ်လို့ပါ။ 82 00:04:37,280 --> 00:04:40,896 နှစ်နှစ်စီတိုင်းမှာ ကျွန်တော်တို့ရဲ့ စိတ်ရှည်ပြီး ဇွဲရှိကြတဲ့ ဝန်ထမ်းတွေက 83 00:04:40,920 --> 00:04:43,976 အမျိုးသားတွေကို ဖုန်းခေါ်ပြီး နောက်ထပ်မေးခွန်းတစ်စုံ 84 00:04:44,000 --> 00:04:47,120 သူတို့ကို ပို့ပေးလို့ရ မလားလို့ မေးမြန်းကြပါတယ်။ 85 00:04:48,040 --> 00:04:51,616 Boston မြို့တွင်းပိုင်းက အမျိုးသားတွေက ကျွန်တော်တို့ကို မေးတာက 86 00:04:51,640 --> 00:04:55,520 "ဘာလို့ ကျုပ်ကို ဆက်လေ့လာချင် ရတာလဲ၊ ကျုပ်ဘဝက အဲလောက် စိတ်ဝင်စားစရာမှ မရှိတာ။" 87 00:04:56,600 --> 00:04:58,976 Harvard သားတွေကတော့ ဒီမေးခွန်း ဘယ်တော့မှ မမေးဘူး။ 88 00:04:59,000 --> 00:05:04,200 (ရယ်သံများ) 89 00:05:08,920 --> 00:05:11,776 သူတို့ဘဝတွေရဲ့ အရှင်းလင်းဆုံး ပုံရိပ်တွေရဖို့ 90 00:05:11,800 --> 00:05:14,736 ကျွန်တော့တို့ဟာ စစ်တမ်းမေးခွန်းလွှာတွေကို ပို့ရုံသာမကဘဲ 91 00:05:14,760 --> 00:05:17,216 သူတို့ရဲ့ ဧည့်ခန်းတွေမှာလည်း တွေ့ဆုံမေးမြန်းပါတယ်။ 92 00:05:17,240 --> 00:05:20,176 သူတို့ရဲ့ ဆရာဝန်တွေဆီက ဆေးမှတ်တမ်းတွေ ယူပါတယ်။ 93 00:05:20,200 --> 00:05:22,696 သူတို့ရဲ့ သွေးကိုယူပြီး ဦးနှောက်တွေကို စကင်ဖတ်တယ်၊ 94 00:05:22,720 --> 00:05:24,416 သူတို့ကလေးတွေနဲ့ စကားပြောတယ်။ 95 00:05:24,440 --> 00:05:29,696 နက်ရှိုင်းတဲ့ ပူပန်မှုတွေအကြောင်း သူတို့ ဇနီးတွေနဲ့ ပြောဆိုတာကို ဗီဒီယိုရိုက်ပါတယ်။ 96 00:05:29,720 --> 00:05:33,256 ပြီးတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်က သူတို့ ဇနီးတွေကို နောက်ဆုံးတော့ လေ့လာမှုမှာ 97 00:05:33,280 --> 00:05:35,656 အဖွဲ့ဝင်တွေအဖြစ် ပါချင်လားလို့ မေးခဲ့တယ်။ 98 00:05:35,680 --> 00:05:38,376 မိန်းမ အများစုက ပြောတာက "သိတယ်မို့လား၊ အချိန်ကိစ္စပဲ"တဲ့ 99 00:05:38,400 --> 00:05:39,456 (ရယ်သံများ) 100 00:05:39,480 --> 00:05:41,176 ဒီတော့ ကျွန်တော်တို့ ဘာသိလိုက်လဲ။ 101 00:05:41,200 --> 00:05:46,416 ဒီဘဝတွေအကြောင်း ကျွန်တော်တို့ ထုတ်လုပ်လိုက်တဲ့ သောင်းချီတဲ့ 102 00:05:46,440 --> 00:05:49,496 သတင်းအချက်အလက် စာမျက်နှာတွေမှ သင်ခန်းစာတွေက 103 00:05:49,520 --> 00:05:50,720 ဘာတွေများလဲ။ 104 00:05:51,720 --> 00:05:57,320 သင်ခန်းစာတွေက ချမ်းသာမှု၊ ကျော်ကြားမှု၊ အလုပ်ကို ပိုပို ကြိုးစားတာတွေ မဟုတ်ဘူး။ 105 00:05:58,520 --> 00:06:04,816 ဒီ ၇၅နှစ်ကြာ လေ့လာမှုကကနေ ကျွန်တော်တို့ရတဲ့ အရှင်းဆုံး အချက်က 106 00:06:04,840 --> 00:06:10,040 ကောင်းမွန်တဲ့ ဆက်ဆံရေးဟာ ကျွန်တော်တို့ ကို ပိုပျော် ပိုကျန်းမာစေတယ်တဲ့။ ရပြီပေါ့။ 107 00:06:11,000 --> 00:06:14,816 ဆက်ဆံရေးနဲ့ပတ်သက်တဲ့ ဒီ သင်ခန်းစာကြီး သုံးရပ်ကို လေ့လာသင်ယူမိပါတယ်။ 108 00:06:14,840 --> 00:06:18,936 ပထမဆုံးက လူမှုရေး ဆက်သွယ်မှုတွေဟာ ကျွန်တော်တို့အတွက် ကောင်းပါတယ်၊ 109 00:06:18,960 --> 00:06:21,456 အထီးကျန်မှုက ကျွန်တော်တို့ကို သတ်ပစ်ပါတယ်။ 110 00:06:21,480 --> 00:06:25,136 ဖြစ်သွားတာက မိသားစု၊ မိတ်ဆွေတွေ၊ လူစုတွေနဲ့ လူမှုရေးဆက်သွယ်မှု 111 00:06:25,160 --> 00:06:28,256 ပိုရှိတဲ့သူတွေဟာ ဆက်သွယ်မှုကောင်းတွေ 112 00:06:28,280 --> 00:06:32,976 ပိုနည်းသူတွေထက် ပိုပြီးပျော်ကြပြီး ရုပ်ပိုင်းအရ ပိုကျန်းမာကာ 113 00:06:33,000 --> 00:06:36,376 အသက်လည်း ပိုရှည်ကြပါတယ်။ 114 00:06:36,400 --> 00:06:39,816 ပြီးတော့ အထီးကျန်မှုရဲ့ အတွေ့အကြုံ ဟာ အဆိပ်ဖြစ်သွားတတ်ပါတယ်။ 115 00:06:39,840 --> 00:06:44,976 အခြားသူတွေကနေ ပိုပြီး သီးသန့်နေချင်တဲ့သူတွေဟာ 116 00:06:45,000 --> 00:06:48,216 ပျော်ရွှင်မှုပိုနည်းတာကို တွေ့ရတယ်။ 117 00:06:48,240 --> 00:06:51,176 သူတို့ရဲ့ ကျန်းမာရေးဟာ ဘဝအလယ်ပိုင်းမှာ စောပြီး ပိုကျဆင်းလာကာ 118 00:06:51,200 --> 00:06:53,416 သူတို့ရဲ့ ဦးနှောက်စွမ်းဆောင်ချက်တွေ ဟာ စောစောပဲ 119 00:06:53,440 --> 00:06:57,000 ကျဆင်းပြီး သူတို့ဟာ အထီးကျန် မဖြစ်သူတွေထက် အသက်ပိုတိုပါတယ်။ 120 00:06:58,040 --> 00:07:01,256 ဝမ်းနည်းစရာက ဘယ်အချိန်ကိုပဲ ယူကြည့်ကြည့် 121 00:07:01,280 --> 00:07:05,880 အမေရိကန် ငါးယောက်မှာ တစ်ယောက်မကက အထီးကျန်နေရခြင်းပါပဲ။ 122 00:07:07,040 --> 00:07:09,696 ပြီးတော့ သင်ဟာ လူအုပ်ထဲမှာတောင် အထီးကျန်နိူင်တာ၊ 123 00:07:09,720 --> 00:07:12,376 အိမ်ထောင်ကျပြီး အထီးကျန်နိူင်တာ ကျွန်တော်တို့ သိရပါတယ်။ 124 00:07:12,400 --> 00:07:14,536 ဒီတော့ ကျွန်တော်တို့ သင်ယူလိုက်တဲ့ ဒုတိယ 125 00:07:14,560 --> 00:07:17,656 သင်ခန်းစာက သင့်မှာရှိတဲ့ မိတ်ဆွေ အရေအတွက်တင်မဟုတ်ဘဲ 126 00:07:17,680 --> 00:07:21,176 ကိုယ့်ဆီမှာ ရည်စူးထားတဲ့ ဆက်ဆံမှုတွေ ရှိတာ၊မရှိတာ မဟုတ်ပဲ 127 00:07:21,200 --> 00:07:25,840 သင့်ဆက်ဆံမှုများရဲ့ ရင်းနှီးမှုကသာ အရေးပါတာပါ။ 128 00:07:26,560 --> 00:07:31,336 ဝိရောဓိတွေကြားမှာ နေထိုင်ခြင်းက ကျန်းမာ ရေးကို တကယ့်ကို ဆိုးသွားစေနိုင်ပါတယ်။ 129 00:07:31,360 --> 00:07:35,336 ဥပမာ၊ ချစ်ခင်မှု သိပ်မရှိဘဲ ပဍိပက္ခ ပြင်းထန်တဲ့ အိမ်ထောင်တွေဟာ 130 00:07:35,360 --> 00:07:41,136 ကွာရှင်းလိုက်တာထက် တောင်မှ ကျန်းမာရေးအတွက် အရမ်းဆိုးနိုင်ပါတယ်။ 131 00:07:41,160 --> 00:07:45,936 ကောင်းမွန်၊ နွေးထွေးတဲ့ ဆက်နွယ်မှုအကြား မှာ နေထိုင်ခြင်းက အကာအကွယ်ပေးပါတယ်။ 132 00:07:45,960 --> 00:07:49,056 ကျွန်တော်တို့လူတွေရဲ့ ၈၀ လွန်နှစ်တွေ တစ်လျှောက် လိုက်ကြည့်ခဲ့ရာ 133 00:07:49,080 --> 00:07:52,096 သူတို့ရဲ့ အသက်တစ်ဝက်ကျိုးချိန်ကို ပြန်ကြည့်ပြီး ဘယ်သူတွေဟာ 134 00:07:52,120 --> 00:07:53,696 ပျော်ရွှင်၊ ကျန်းမာတဲ့ ၈၀ ကျော် 135 00:07:53,720 --> 00:07:57,696 ဘဝထဲ ကြီးပြင်းမလဲ၊ ဘယ်သူတော့ ဖြစ်မလာဘူး ဆိုတာကို ဟောကိန်းထုတ်နိုင်မလားလို့ 136 00:07:57,720 --> 00:07:58,920 သိချင်ခဲ့တယ်။ 137 00:07:59,680 --> 00:08:03,896 ပြီးတော့ အသက် ၅၀ အရွယ် သူတို့ အကြောင်း ကျွန်တော်တို့ သိသမျှတွေကို 138 00:08:03,920 --> 00:08:05,280 စုပေါင်းလိုက်တော့ 139 00:08:06,080 --> 00:08:08,616 သူတို့တွေ ဘယ်လို အိုမင်းမယ်ဆိုတာကို ဟောနိုင်တာက 140 00:08:08,640 --> 00:08:11,536 သူတို့ရဲ့ သက်လတ်ပိုင်း ကိုလက်စထရော အဆင့်တွေ မဟုတ်ပဲ 141 00:08:11,560 --> 00:08:15,016 သူတို့ရဲ့ ဆက်ဆံရေးတွေနဲ့ ဘယ်လို စိတ်ကျေနပ်မှု ရှိခဲ့လဲဆိုတာပါ။ 142 00:08:15,040 --> 00:08:19,936 အသက် ၅၀ အရွယ် ဆက်ဆံရေးမှာ စိတ်ကျေနပ်မှု အများဆုံးရှိသူတွေဟာ 143 00:08:19,960 --> 00:08:22,360 အသက် ၈၀ မှာ အကျန်းမာဆုံးတွေ ဖြစ်ခဲ့တယ်။ 144 00:08:23,680 --> 00:08:26,856 ကောင်းမွန်၊ ရင်းနှီးတဲ့ ဆက်ဆံရေးဟာ အိုမင်းခြင်းရဲ့ တိုက်ခိုက်မှုမှ 145 00:08:26,880 --> 00:08:29,640 သက်သာအောင် ကြားခံပေးပုံရပါတယ်။ 146 00:08:30,480 --> 00:08:34,456 ကျွန်တော်တို့ရဲ့ အပျော်ရွှင်ဆုံး တွဲဖက် တွေဖြစ်တဲ့ အမျိုးသား အမျိုးသမီးတွေက 147 00:08:34,480 --> 00:08:36,535 သူတို့ရဲ့ ၈၀ ကျော်နှစ်တွေမှာ အစီရင်ခံတာက 148 00:08:36,559 --> 00:08:39,496 သူတို့တွေ ရုပ်ပိုင်းနာကျင်မှု ပိုခံစားရတဲ့ နေ့တွေမှာတောင် 149 00:08:39,520 --> 00:08:41,480 သူတို့ဟာ စိတ်ထဲ ပျော်ရွှင်နေတုန်းပါပဲတဲ့။ 150 00:08:42,400 --> 00:08:45,656 ဒါပေမဲ့ ဆက်ဆံရေး စိတ်ညစ်စရာ ဖြစ်ခဲ့သူတွေ 151 00:08:45,680 --> 00:08:48,616 အစီရင်ခံကြတာက ရုပ်ပိုင်းအရ ပိုနာကျင်ချိန်မှာ 152 00:08:48,640 --> 00:08:51,680 စိတ်ထဲတွင် နာကျင်မှုဒဏ်ကို အဆမတန် ခံစားရတယ်တဲ့။ 153 00:08:52,360 --> 00:08:56,736 ဆက်ဆံရေးနဲ့ ကျန်းမာရေးအကြောင်း သင်ယူလိုက်ရတဲ့ တတိယ သင်ခန်းစာက 154 00:08:56,760 --> 00:09:00,016 ကောင်းမွန်တဲ့ဆက်ဆံရေးဟာ ကိုယ်ခန္ဓာတွေ ကို ကာကွယ်ပေးရုံမက 155 00:09:00,040 --> 00:09:01,520 ဦးနှောက်ကိုပါ ကာကွယ်ပေးပါတယ်။ 156 00:09:02,440 --> 00:09:07,096 ၈၀ လွန်နှစ်တွေမှာ အခြားသူတစ်ယောက်နဲ့ ခိုင်မာတဲ့ သံယောဇဉ်ရှိနေခြင်းဟာ 157 00:09:07,120 --> 00:09:11,016 အကာအကွယ်ရှိမူဖြစ်စေပြီး 158 00:09:11,040 --> 00:09:13,016 သံယောဇဉ်ရှိကြတဲ့ လူတွေဟာ 159 00:09:13,040 --> 00:09:17,176 လိုအပ်လာရင် အခြားသူတစ်ယောက်ကို အားကိုးနိုင်တာကို တကယ်ခံစားရပါတယ်။ 160 00:09:17,200 --> 00:09:20,896 ဒီလူတွေရဲ့ မှတ်ဉာဏ်တွေဟာ ပိုထက်မြက်၊ ပိုကြာရှည်ပါတယ်။ 161 00:09:20,920 --> 00:09:22,416 အားကိုးရမယ့်လူမျိုး မရှိဘူးလို့ 162 00:09:22,440 --> 00:09:25,576 ခံစားရတဲ့ ဆက်ဆံရေးမျိုး ရှိတဲ့သူတွေကျတော့ 163 00:09:25,600 --> 00:09:29,480 ပိုစောလျှင်စွာ မှတ်ဉာဏ် ကျဆင်းမှုကို ကြုံကြရတဲ့ သူတွေပါ။ 164 00:09:30,520 --> 00:09:33,976 ကောင်းမွန်တဲ့ ဆက်ဆံရေးတွေဟာ တစ်ချိန်လုံး ချောမွေ့စရာ မလိုပါဘူး။ 165 00:09:34,000 --> 00:09:37,576 ကျွန်တော်တို့ရဲ့ ဂ၀ ကျော် စုံတွဲတွေထဲက တစ်ချို့ ဟာ တစ်ဦးနဲ့တစ်ဦး 166 00:09:37,600 --> 00:09:39,336 နေ့တဓူဝ တကျက်ကျက် ဖြစ်နိုင်ပါတယ်။ 167 00:09:39,360 --> 00:09:42,536 ဒါပေမဲ့ တစ်ဦးကို တစ်ဦး တကယ့်ကို အားကိုးနိုင်တယ်လို့ ခံစားနေသရွေ့ 168 00:09:42,560 --> 00:09:44,376 အခက်အခဲကြုံတော့မယ့် အခါမှာတော့ 169 00:09:44,400 --> 00:09:48,000 ဒီ စကားများမှုတွေဟာ သူတို့ရဲ့ မှတ်ဉာဏ် မှာ ဗွေမယူတော့ပါဘူး။ 170 00:09:49,600 --> 00:09:52,336 ဒီတော့ အရေးကြီးတဲ့ အချက်က 171 00:09:52,360 --> 00:09:58,056 ကောင်းမွန်၊ ရင်းနှီးတဲ့ ဆက်ဆံရေးတွေဟာ ကျန်းမာ ချမ်းသာရေးအတွက် ကောင်းပါတယ်။ 172 00:09:58,080 --> 00:10:01,016 ဒါက ရှေးဟောင်း အတွေးအခေါ်လေးပါ။ 173 00:10:01,040 --> 00:10:04,880 ဘာဖြစ်လို့ ဒါက နားလည်ဖို့ သိပ်ခက်ပြီး လျစ်လျှူရှုဖို့ သိပ်လွယ်ရတာလဲ။ 174 00:10:05,560 --> 00:10:07,016 အင်း ကျွန်တော်တို့က လူသားတွေ၊ 175 00:10:07,040 --> 00:10:09,856 ကျွန်တော်တို့ တကယ် ကြိုက်တာက အလွယ်တကူ လုပ်နိုင်မယ့် 176 00:10:09,880 --> 00:10:11,576 ဘဝတွေကို ကောင်းမွန်စေပြီး 177 00:10:11,600 --> 00:10:14,360 အဲဒီအတိုင်း ထိန်းထားနိုင်မယ့် နည်းလမ်း တစ်ခုခုပါ။ 178 00:10:15,320 --> 00:10:18,656 ဆက်ဆံရေးဆိုတာဟာ ခက်ခဲ ရှုပ်ထွေးလှပြီး 179 00:10:18,680 --> 00:10:22,496 မိသားစုနဲ့ မိတ်ဆွေတွေကို စောင့်ရှောက် ရတာဟာ ပင်ပန်းတဲ့ အလုပ်ပါ၊ 180 00:10:22,520 --> 00:10:25,176 ဒါဟာ ဆွဲဆောင်မှု (သို့) မက်မောစရာ ကောင်းတဲ့ အရာမဟုတ်ပါ။ 181 00:10:25,200 --> 00:10:28,536 ဒါက ရာသက်ပန်လည်းဖြစ်တယ်၊ ဘယ်တော့မှ မဆုံးနိုင်ပါ။ 182 00:10:28,560 --> 00:10:33,616 ကျွန်တော်တို့ရဲ့ ၇၅ နှစ်တာ လေ့လာမှုအရ အနားယူချိန်မှာ အပျော်ဆုံး သူတွေဟာ 183 00:10:33,640 --> 00:10:39,456 သူတို့ရဲ့ လုပ်ဖော်တွေကို ကစားဖော်တွေနဲ့ အစားထိုးဖို့ ကြိုးစားခဲ့ကြတဲ့သူတွေပါ။ 184 00:10:39,480 --> 00:10:42,456 အဲဒီ မကြာသေးတဲ့ စစ်တမ်းထဲက နှစ်ထောင်ပြည့် နှစ်များကလူကြီးတွေလို 185 00:10:42,480 --> 00:10:46,096 လူလတ်ပိုင်းအဖြစ် စတင်လာနေတဲ့ ကျွန်တော်တို့လူတွေ တော်တော်များများဟာ 186 00:10:46,120 --> 00:10:50,136 ကျော်ကြားမှု၊ ချမ်းသာမှုနဲ့ မြင့်မားတဲ့ အောင်မြင်မှုကိုတွေဟာ ကောင်းမွန်တဲ့ 187 00:10:50,160 --> 00:10:54,096 ဘဝတစ်ခုရှိဖို့ ကြိုးစားရယူရမယ့် အချက်တွေလို့ တကယ် ယုံကြည်ခဲ့ပါတယ်။ 188 00:10:54,120 --> 00:10:58,296 ဒါပေမဲ့ ဒီ ၇၅ နှစ်တာ လေ့လာမှုမှာ အထပ်ထပ် ပြထားတာက 189 00:10:58,320 --> 00:11:03,976 အကောင်းဆုံးတွေကို တွေ့ကြုံရသူတွေဟာ မိသားစုနဲ့အတူ၊ မိတ်ဆွေတွေနဲ့အတူ၊ 190 00:11:04,000 --> 00:11:07,240 လူစုတွေနဲအတူ ဆက်ဆံရေးကို ကိုင်းညွှတ်ခဲ့သူတွေ ဆိုတာပါ။ 191 00:11:09,080 --> 00:11:11,056 ဒီတော့ ခင်ဗျားတို့ သဘောကရော။ 192 00:11:11,080 --> 00:11:14,840 ခင်ဗျားတို့ဟာ ၂၅ နှစ်၊ အသက် ၄၀၊ ၆၀ ဆိုပါတော့ဗျာ။ 193 00:11:15,800 --> 00:11:18,760 ဆက်ဆံရေးကို ကိုင်းညွှတ်တာဟာ ဘယ်လိုပုံ ဖြစ်လိမ့်မလဲ။ 194 00:11:19,760 --> 00:11:22,880 ကောင်းပြီ၊ ဖြစ်နိုင်ခြေတွေက အဆုံးမရှိ နီးနီးပါ။ 195 00:11:23,600 --> 00:11:29,696 တီဗီအချိန်ကို လူတွေတွေ့ချိန်နဲ့ အစားထိုး သလောက် ရိုးရှင်းနိုင်လောက်တယ်၊ 196 00:11:29,720 --> 00:11:34,176 ဒါမှမဟုတ် ရိုးအီနေတဲ့ ဆက်ဆံရေးကို အသစ် တစ်ခုခု အတူလုပ်ရင်းနဲ့ အသက်ဝင်တာတို့၊ 197 00:11:34,200 --> 00:11:36,400 လမ်းကြာကြာလျှောက်တာ၊ ညတွေမှာ တွေ့ဆုံတာတွေ၊ 198 00:11:37,360 --> 00:11:42,216 မဟုတ်လည်း စကားမပြောတာကြာပြီဖြစ်တဲ့ မိသားစုဝင်ဆီ သွားတာပေါ့။ 199 00:11:42,240 --> 00:11:45,736 အကြောင်းက ဒါတွေအားလုံးကလည်း အမျက်သိုထားတဲ့ လူတွေအပေါ်မှာ 200 00:11:45,760 --> 00:11:47,976 ဘုံမိသားစု ရန်စတွေကို 201 00:11:48,000 --> 00:11:50,080 ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်စေတယ်လေ။ 202 00:11:52,000 --> 00:11:55,920 Mark Twain ရဲ့ အဆိုလေးနဲ့ အဆုံးသတ်လိုက်ချင်ပါတယ်။ 203 00:11:57,280 --> 00:11:59,656 လွန်ခဲ့တဲ့ ရာစုကပါ၊ 204 00:11:59,680 --> 00:12:02,296 သူရဲ့ ဘဝကို လည်ပြန်ကြည့်လိုက်ရင်း 205 00:12:02,320 --> 00:12:03,600 ဒါကို သူရေးသားခဲ့တယ်။ 206 00:12:04,840 --> 00:12:08,536 "ဘဝဟာ သိပ်တိုတောင်းတော့ အချင်းများတာ၊ တောင်းပန်တာတွေ၊ 207 00:12:08,560 --> 00:12:13,720 ရင်ပူရင်ဆာတာတွေ၊ ရှင်းပြရတာတွေအတွက် အချိန်မရှိနိုင်ပါဘူး၊ 208 00:12:14,720 --> 00:12:17,536 ချစ်ခင်ဖို့အတွက်ပဲ အချိန်ဆိုတာ ရှိပါတယ်၊ 209 00:12:17,560 --> 00:12:21,280 ပြီးတော့ အဲဒီအချိန်က အခုကို လုပ်ရမယ့် အချိန်ပါပဲ။" 210 00:12:22,760 --> 00:12:27,136 ကောင်းမွန်တဲ့ ဘဝကို ကောင်းမွန်တဲ့ ဆက်ဆံရေးတွေနဲ့သာ တည်ဆောက်နိုင်ပါတယ်။ 211 00:12:27,160 --> 00:12:28,376 ကျေးဇူးတင်ပါတယ်။ 212 00:12:28,400 --> 00:12:33,840 (လက်ခုပ်သံများ)