1 00:00:01,928 --> 00:00:03,500 Mark Miskin- ဒါက rotifer ပါ။ 2 00:00:03,524 --> 00:00:06,698 ဆံပင်လောက် ဗျစ်ရှိတဲ့ မိုက်ခရိုအကောင်ပါ။ 3 00:00:06,722 --> 00:00:10,408 သူတို့ဟာ ကမ္ဘာပေါ် နေရာတိုင်းမှာ၊ ရေငံ၊ ရေချိုနေရာတိုင်းမှာ နေနိုင်ကြပြီး 4 00:00:10,432 --> 00:00:12,483 ဒီအကောင်လေးဟာ စားစရာကို ရှာဖွေနေတယ်။ 5 00:00:12,483 --> 00:00:15,405 ကျွန်တော် အဲဒါကို ပထမဆုံးအကြိမ် မြင်ခဲ့တာကို မှတ်မိနေသေးတယ်၊ 6 00:00:15,405 --> 00:00:18,773 ကျွန်တော် ရှစ်နှစ်လောက်ရှိခဲ့ပြီး ကျွန် တော့် အရမ်း အံ့အားသင့်သွားတယ်။ 7 00:00:18,773 --> 00:00:20,676 လုံးဝကို မယုံနိုင်အောင် သေးတဲ့ အကောင်ပါ၊ 8 00:00:20,700 --> 00:00:22,324 လိုရင် အမဲလိုက်တယ်၊ ရေကူးနိုင်တယ်၊ 9 00:00:22,324 --> 00:00:23,589 သူ့ဘဝနဲ့ သူနေထိုင်နေတယ်၊ 10 00:00:23,613 --> 00:00:27,063 ဒါပေမဲ့ သူ့လောကကြီး တစ်ခုလုံးဟာ ရေကန်ထဲက ရေတစ်စက်မျှပါ။ 11 00:00:27,861 --> 00:00:31,653 Paul McEuen- ဒီ rotifer လေးဟာ ကျုပ်တို့ကို တကယ့်ကို အံ့အားသင့်စရာကို ပြသနေတယ်။ 12 00:00:31,677 --> 00:00:33,725 သူက ပြောပြနေတာက ကျုပ်တို့ဟာ စက်တစ်ခုကို 13 00:00:33,749 --> 00:00:37,134 မျိုးစုံလုပ်ကိုင်နိုင်ပြီး ရှုပ်ထွေးကာ စမတ်ကျတဲ့အပြင် 14 00:00:37,158 --> 00:00:39,676 သေးငယ်အောင် ထုပ်ပိုးထားလို့ 15 00:00:39,700 --> 00:00:42,785 မြင်ဖို့တောင် မလွယ်တဲ့ စက်ကလေးပါ။ 16 00:00:44,134 --> 00:00:47,479 ကျွန်တော်လို အင်ဂျင်နီယာဟာ ဒီအကောင်ကြောင့် ဘာပြောရမှန်း မသိဘူး။ 17 00:00:47,503 --> 00:00:49,640 ဒါမျိုးကို တစ်ယောက်ယောက် ဖန်တီးပေးနိုင်မလား။ 18 00:00:50,309 --> 00:00:54,248 အံ့အားသင့်မှုရဲ့ နောက်ကွယ်မှာ မနာလိုစိတ်လိုဟာမျိုး ခံစားမိပါတယ်။ 19 00:00:54,278 --> 00:00:57,862 သဘာဝမိခင်ဟာ ဒါမျိုးကို လုပ်နိုင်တယ်၊ ကျုပ်တို့က ဘာဖြစ်လို့ မလုပ်နိုင်ကြတာလဲ။ 20 00:00:57,862 --> 00:01:01,188 ကျုပ်တို့ဟာ သေးနုပ်တဲ့ စက်ရုပ်တွေကို ဘာဖြစ်လို့ မတည်ဆောက်နိုင်ကြတာလဲ။ 21 00:01:01,205 --> 00:01:03,901 ဒီလို စတ်ကူး ပေါ်လာတာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ 22 00:01:03,901 --> 00:01:06,270 တကယ်တော့၊ ကမ္ဘာ့တဝမ်းမှ သုတေသီတို့က 23 00:01:06,294 --> 00:01:09,247 သေးလွန်းလို့ မြင်ဖို့တောင် မလွယ်အောင်ကို သေးနုပ်တဲ့ 24 00:01:09,271 --> 00:01:11,346 စက်ရုပ်တွေကို ကြိုးပမ်းနေကြတာ 25 00:01:11,370 --> 00:01:14,200 နှစ်အနည်းငယ်လောက် ရှိပါပြီ။ 26 00:01:14,790 --> 00:01:16,878 ဒီနေ့ ကျုပ်တို့ ခင်ဗျားတို့ကို ပြောပြချင်တာက 27 00:01:16,902 --> 00:01:18,750 Cornell University မှာ 28 00:01:18,750 --> 00:01:21,082 ပြီးတော့ အခုဆိုရင် University of Pennsylvania မှာ 29 00:01:21,106 --> 00:01:23,771 သေးနုပ်တဲ့ စက်ရုပ်တွေကို တည်ဆောက်ဖို့ အားထုတ်နေကြပါတယ်။ 30 00:01:24,064 --> 00:01:26,296 ဒီတော့ ကျုပ်တို့ရဲ့ ပန်းတိုင်က အဲဒီလိုပါ။ 31 00:01:26,303 --> 00:01:28,415 အဲဒါကို ကျုပ်တို့ ဘယ်လို လုပ်ကိုင်နေကြလဲ။ 32 00:01:28,415 --> 00:01:31,259 ကျုပ်တို့ဟာ သေးနုပ်တဲ့ စက်ရုပ်တွေကို ဘယ်လိုများ ဖန်တီးကြမလဲ။ 33 00:01:31,259 --> 00:01:34,075 ဒီနေရာမှာPablo Picasso က ပထမဦးဆုံး သဲလွန်စာကို ပေးထားပါတယ်။ 34 00:01:34,075 --> 00:01:35,434 Picasso မိန့်ကြားခဲ့ဘူးတာက - 35 00:01:35,434 --> 00:01:39,192 ["ကောင်းတဲ့ အနုပညာရှင်တွေဟာ ပုံတူကူးကြတယ်၊ မဟာအနုပညာရှင်တွေကျတော့ ခိုးယူကြတယ်။"] 36 00:01:39,192 --> 00:01:39,965 (ရယ်မောသံများ) 37 00:01:39,965 --> 00:01:43,696 "ကောင်းတဲ့ အနုပညာရှင်တွေဟာ ပုံတူကူးကြတယ်၊ မဟာအနုပညာရှင်တွေကျတော့ ခိုးယူကြတယ်။" 38 00:01:43,696 --> 00:01:44,588 (ရယ်မောသံများ) 39 00:01:44,588 --> 00:01:46,255 အိုကေ။ ဘယ်သူ့ဆီက ခိုးယူရမှာလဲ။ 40 00:01:46,279 --> 00:01:48,421 ခင်ဗျားတို့ ယုံချင်ယုံ၊ မယုံချင် မယုံကြပါနဲ့၊ 41 00:01:48,421 --> 00:01:52,056 သေးနုပ်တဲ့ စက်ရုပ်ကို ဖန်တီးဖို့ လိုတဲ့ နည်းပညာ အားလုံး ဒီနေ့ ရှိနေကြပါပြီ။ 42 00:01:52,208 --> 00:01:55,121 ဆီမီးကွန်ဒတ်တာစက်မှုလုပ်ငန်းဟာ တိုးတိုး တိုးတက်လာနေပြီး 43 00:01:55,145 --> 00:01:57,275 ကိရိယာတွေကို ပိုပိုသေးအောင် လုပ်နိုင်ကြလို့ 44 00:01:57,299 --> 00:02:01,176 သူတို့ဟာ ထရန်စစ္စတာ တစ်သန်းလောက်ကို 45 00:02:01,200 --> 00:02:04,019 paramecium ဆဲလ်တစ်ခုတည်းလို အရွယ်အစားထဲမှာကို 46 00:02:04,043 --> 00:02:06,067 စုပေါင်း ထည့်ပေးနိုင်ကြပါပြီ။ 47 00:02:07,120 --> 00:02:09,260 အီလက်ထရွန်နစ်နဲ့ သာမကပါဘူး။ 48 00:02:09,284 --> 00:02:11,108 သူတို့ဟာ သေးနုပ်တဲ့ အာရုံခံကိရိယာတွေ၊ 49 00:02:11,132 --> 00:02:12,303 LED တွေ၊ 50 00:02:12,327 --> 00:02:16,058 မြင်မရအောင်ကို သေးနုပ်ကြတဲ့ ဆက်သွယ်ရေး အထုပ်လေးတွေကို ဖန်တီးနိုင်ကြတယ်။ 51 00:02:16,111 --> 00:02:18,391 ကျုပ်တို့ လုပ်ချင်တာက အဲဒါမျိုးပါ။ 52 00:02:18,391 --> 00:02:20,540 ကျုပ်တို့ဟာ အဲဒီနည်းပညာကို ခိုးယူလိုကြပါတယ်။ 53 00:02:20,552 --> 00:02:21,837 ဒီမှာ စက်ရုပ် တစ်ခုပါ။ 54 00:02:21,837 --> 00:02:23,193 (ရယ်မောသံများ) 55 00:02:23,193 --> 00:02:25,783 စက်ရုပ်ထဲမှာ အပိုင်း နှစ်ပိုင်းရှိတာ တွေ့နိုင်တယ်။ 56 00:02:25,807 --> 00:02:27,830 ၎င်းဆီမှာ ဦးခေါင်းနဲ့ ခြေထောက်တွေ ရှိပါတယ်။ 57 00:02:27,854 --> 00:02:29,390 [အဲဒါတွေကို ခိုးယူပါ- Brains] 58 00:02:29,390 --> 00:02:31,553 (ရယ်မောသံများ) 59 00:02:32,512 --> 00:02:35,389 ဒါကို ကျုပ်တို့က ခြေမဲ့ စက်ရုပ်လို့ ခေါ်ကြမယ်၊ 60 00:02:35,413 --> 00:02:37,045 ထူးဆန်းသလို ထင်စရာဖြစ်နိုင်တယ်၊ 61 00:02:37,069 --> 00:02:39,775 ဒါပေမဲ့ သူတို့ဟာ သိပ်ကို အားကျစရာတွေပါ။ 62 00:02:39,799 --> 00:02:43,264 တကယ်တော့၊ ခင်ဗျားတို့ အားလုံးလိုလိုဆီမှာ လည်း ခြေမဲ့ စက်ရုပ် ရှိပါတယ်။ 63 00:02:43,571 --> 00:02:47,533 ခင်ဗျားတို့ရဲ့ စမတ်ဖုန်းတွေဟာ ကမ္ဘာပေါ်က အအောင်မြင်ဆုံး ခြေမဲ့ စက်ရုပ်ပါပဲ။ 64 00:02:48,204 --> 00:02:51,599 ၁၅ နှစ်အတွင်းမှာကို ၎င်းဟာ တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်ခဲ့တယ်။ 65 00:02:51,599 --> 00:02:53,242 ဒီတော့ လုပ်မရနိုင်စရာ မရှိပါဘူး။ 66 00:02:53,266 --> 00:02:55,525 အဲဒါဟာ သေးငယ်လှပတဲ့ စက်ပါပဲ။ 67 00:02:55,549 --> 00:02:57,145 အဲဒါဟာ မယုံနိုင်အောင် ဉာဏ်ထက်တယ်၊ 68 00:02:57,169 --> 00:02:59,691 အဲဒီမှာ ဆက်သွယ်ရေး ကျွမ်းကျင်မှုတွေ များပြားလှပါတယ်၊ 69 00:02:59,691 --> 00:03:02,887 အားလုံးကို ထုပ်ပိုးထားပုံက ခင်ဗျားတို့ လက်ထဲမှာ ကိုင်ထားနိုင်ပါတယ်။ 70 00:03:02,887 --> 00:03:05,268 ကျုပ်တို့ကလည်း အဲဒါမျိုး တစ်ခုခု တည်ဆောက်ချင်ကြတယ်၊ 71 00:03:05,268 --> 00:03:07,351 ဆဲလ်ရဲ့ အရွယ်အစားလို သေးချင်ပါတယ်၊ 72 00:03:07,375 --> 00:03:09,093 ခုနက paramecium ဆဲလ် ဆိုက်မျိုးပါ။ 73 00:03:09,165 --> 00:03:10,587 ဒီမှာ ကြည့်ကြပါ။ 74 00:03:10,611 --> 00:03:13,240 ဒါဟာ ကျုပ်တို့ရဲ့ ဆဲလ်ဆိုက် စမတ်ဖုန်းပါ။ 75 00:03:13,264 --> 00:03:15,349 ပုံစံအရလည်း စမတ်ဖုန်းနဲ့ ဆင်ချင်ပါတယ်။ 76 00:03:15,373 --> 00:03:18,437 ဒါပေမဲ့ အဆ ၁၀၀၀၀ ပိုသေးတယ်။ 77 00:03:18,461 --> 00:03:20,350 ကျုပ်တို့က အဲဒါကို OWIC လို့ ခေါ်ကြတယ်။ 78 00:03:20,374 --> 00:03:23,283 [Optical Wireless Integrated Circuits] 79 00:03:23,307 --> 00:03:25,245 ဒါကို ကြော်ငြာနေတာလို့ မထင်ကြပါနဲ့ နော်။ 80 00:03:25,269 --> 00:03:27,681 (ရယ်မောသံများ) 81 00:03:27,860 --> 00:03:29,802 ဒါပေမဲ့ ဒါဟာ သိပ်ကို တော်တဲ့ အရာပါ။ 82 00:03:29,802 --> 00:03:32,472 တကယ်တော့ ဒီ OWIC ထဲမှာ အစိတ် အပိုင်းလေးတွေ ရှိကြပါတယ်။ 83 00:03:32,496 --> 00:03:34,009 ဒီ ထိပ်နားဆီမှာ 84 00:03:34,033 --> 00:03:37,478 ခင်ဗျားတို့ ဝင်းလက်လျက် မြင်နေရတာက ကိရိယာထဲက နေရောင်သုံး ဆဲလ်ပါ၊ 85 00:03:37,478 --> 00:03:40,290 ခလယ်မှာ ရှိတဲ့ သေးတဲ့ ပတ်လမ်းကြောင်းကို ၎င်းက နှိုးပေးတာပါ။ 86 00:03:40,290 --> 00:03:43,152 အဲဒီ ပတ်လမ်းကြောင်းက သေးနုပတဲ့ LED ကို မောင်းနှင်ပေးနိုင်လို့ 87 00:03:43,152 --> 00:03:46,038 လင်းလိုက်မှိတ်လိုက် OWIC ကို ခင်ဗျားတို့နဲ့ ဆက်သွယ်နိုင်မယ်။ 88 00:03:46,062 --> 00:03:47,608 ခင်ဗျားတို့ ဆဲလ်ဖုန်းနဲ့ မတူဘဲ 89 00:03:47,608 --> 00:03:49,370 OWIC ဟာ အလင်းကိုသုံးပြီး ဆက်သွယ်တယ်၊ 90 00:03:49,370 --> 00:03:51,775 သေးငယ်တဲ့ ပိုးစုန်းကြူးနဲ့ တူပါတယ်။ 91 00:03:51,902 --> 00:03:54,579 အခု ပြောပြနေတဲ့ ဒီ OWIC တွေရဲ့ သဘောကျစရာ အချက်က 92 00:03:54,579 --> 00:03:56,546 တစ်ချိန်မှာ တစ်ခုစီ လုပ်ပေးကြတာ မဟုတ်ဘဲ 93 00:03:56,570 --> 00:03:58,749 အပိုင်းအစအားလုံးကို အတူတူ ဂဟေဆော်လို့ ရပါတယ်။ 94 00:03:58,749 --> 00:04:01,040 အလုံးအရင်းနဲ့ တပြိုင်နက်တည်း ထုတ်လုပ်နိုင်ကြတယ်။ 95 00:04:01,040 --> 00:04:03,286 ဥပမာ၊ ဒီလို OWIC တစ်သန်းလောက်ကို 96 00:04:03,310 --> 00:04:05,716 လေးလက်မ ဝေဖာပေါ်တွင် တပ်ဆင်ပေးနိုင်ကြတယ်။ 97 00:04:05,716 --> 00:04:08,345 ခင်ဗျားတို့ရဲ့ ဖုန်းထဲမှာ အက်ပ် အမျိုးမျိုး ပါရှိသလိုပဲ၊ 98 00:04:08,345 --> 00:04:10,539 ကျုပ်တို့ဟာ OWIC အမျိုးမျိုးကို လုပ်နိုင်ကြတယ်။ 99 00:04:10,539 --> 00:04:12,394 တစ်ခုက ဗို့အား တိုင်းပေးမယ် ဆိုပါစို့၊ 100 00:04:12,418 --> 00:04:14,140 တချို့က အပူချိန်ကို တိုင်းပေးကြမယ်၊ 101 00:04:14,140 --> 00:04:17,935 ဒါမှမဟုတ် အလင်းရောင်ကို မှိတ်ပြလျက် ဒီမှာ ရှိနေတာ ခင်ဗျားကို အချက်ပေးနိုင်တယ်။ 102 00:04:17,935 --> 00:04:20,886 ဒီတော့ ဒီသေးနုပ်ကြတဲ့ ကိရိယာတွေ သိပ်ကို အသုံးဝင်ကြပါတယ်။ 103 00:04:21,095 --> 00:04:24,310 ခင်ဗျားတို့ကို သူတို့အကြောင်း နည်းနည်လေး အသေးစိတ် ပြောပြချင်တယ်။ 104 00:04:24,310 --> 00:04:27,310 ဒါပေမဲ့၊ အစပိုင်းတွင် ကျွန်တော် တစ်ခုခုကို ပြောဖို့ လိုသေးတယ်။ 105 00:04:27,334 --> 00:04:30,798 ခင်ဗျားတို့ သိချင်မှသိမယ့် ပဲနိကြေးပြား အကြောင်း နည်းနည်း ပြောပြပါ့မယ်။ 106 00:04:30,822 --> 00:04:32,789 ဒါဟာ နည်းနည်းလေး ပိုဟောင်းတဲ့ ပဲနိပါ။ 107 00:04:32,813 --> 00:04:35,413 ၎င်းရဲ့ ကျောဘက်မှာ Lincoln အထိမ်းအမှတ် ရဲ့ ပုံရှိပါတယ်။ 108 00:04:35,437 --> 00:04:37,310 ဒါပေမဲ့ ခင်ဗျားတို့ မသိနိုင်တဲ့ ပမထအရာက 109 00:04:37,334 --> 00:04:40,274 အဲဒါကို ချဲ့ကြည့်မယ်ဆိုရင်၊ အဲဒါရဲ့ အလယ်ဗဟိုမှာ တွေ့မြင်ရမှာက 110 00:04:40,298 --> 00:04:42,154 Abraham Lincoln ကိုယ်တိုင်ကိုပါ၊ 111 00:04:42,178 --> 00:04:45,050 Lincoln အထိမ်းအမှတ် ကိုယ်၌ထဲက အတိုင်းပါပဲ။ 112 00:04:45,074 --> 00:04:46,861 ခင်ဗျားတို့ သေချာပေါက် မသိကြတာက၊ 113 00:04:46,885 --> 00:04:49,111 ရှေ့ဆက်ပြီး ချဲ့ကြည့်ဦးမယ်ဆိုရင်-- 114 00:04:49,135 --> 00:04:50,579 (ရယ်မောသံများ) 115 00:04:50,603 --> 00:04:54,660 ခင်ဗျားတို့ဟာ Abe Lincoln ရဲ့ ရင်ဘတ်ပေါ်မှာ တကယ့် OWIC ကို မြင်ကြရမှာပါ။ 116 00:04:54,684 --> 00:04:57,258 (ရယ်မောသံများ) 117 00:04:57,282 --> 00:04:58,948 တကယ့်တကယ် အံ့အားသင့်စရာ အချက်က 118 00:04:58,972 --> 00:05:02,941 ခင်ဗျားတို့ ဘယ်လောက်ပဲ စူးစိုက်ကြည့်ကြည့် အဲဒါကို ဘယ်တော့မှ မြင်နိုင်မှာ မဟုတ်ပါဘူး။ 119 00:05:02,941 --> 00:05:04,998 ဗလာမျက်စိနဲ့ ဘယ်လိုမှ မြင်မရနိုင်ဘူး။ 120 00:05:04,998 --> 00:05:06,814 ဒီ OWIC တွေက သိပ်ကို သေးနုပ်ကြပြီး 121 00:05:06,838 --> 00:05:09,633 ကျုပ်တို့က တပြိုင်နက်တည်း များစွာကို ထုတ်လုပ်ပေးနိုင်လို့ 122 00:05:09,633 --> 00:05:13,069 အဲဒီ OWIC တစ်ခုစီရဲ့ တန်ဖိုးဟာ ပဲနိတောင် မရှိပါဘူး။ 123 00:05:13,260 --> 00:05:16,672 တကယ်တမ်းတွင် ဒီပြသမှုထဲက ဈေးအကြီးဆုံး အရာက "OWIC" လို့ 124 00:05:16,696 --> 00:05:18,013 ရေးမှတ်ထားတဲ့ စတီကာလေးပါ။ 125 00:05:18,037 --> 00:05:20,994 (ရယ်မောသံများ) 126 00:05:22,879 --> 00:05:24,932 အဲဒါက ရှစ်ဆင့်လောက် ကုန်ကျပါတယ်။ 127 00:05:24,956 --> 00:05:26,596 (ရယ်မောသံများ) 128 00:05:26,786 --> 00:05:30,725 အခုတော့ ကျုပ်တို့ဟာ အကြောင်းအမျိုးမျိုး ကြောင့် သိပ်ကို စိတ်လှုပ်ရှားနေကြပါတယ်။ 129 00:05:30,725 --> 00:05:34,106 ဥပမာ၊ ကျုပ်တို့ဟာ ၎င်းတို့ကို သေးနုပ်တဲ့ စမတ်တဲဂ်တွေလို သုံးနိုင်ကြတယ်၊ 130 00:05:34,106 --> 00:05:36,392 လက်ဗွေထက်တောင် ပိုပြီး ဖေါ်ထုတ်ပေးနိုင်တဲ့ အရာပါ။ 131 00:05:36,392 --> 00:05:39,338 လက်တွေ့တွင် ၎င်းတို့ကို အခြား ကုသရေးကိရိယာများထဲကို ထည့်ပေးလျက် 132 00:05:39,338 --> 00:05:41,132 တခြား အချက်အလက်တွေကို ပြပေးနိုင်တယ်၊ 133 00:05:41,132 --> 00:05:43,912 အဲဒါတွေကို ဦးနှောက်ထဲတောင် ထည့်ပေးပြီး နျူရွန်း တစ်ခုစီကို 134 00:05:43,912 --> 00:05:45,567 နားထောင်ကြည့်ဖို့ စဉ်းစားနေကြတယ်။ 135 00:05:45,591 --> 00:05:48,444 ဒီ OWIC တွေထဲမှာ လွဲမှားနေတာဆိုလို့ တစ်ခုပဲ ရှိပါတယ်၊ 136 00:05:49,054 --> 00:05:50,880 အဲဒါက စက်ရုပ် မဟုတ်ခြင်းပါပဲ။ 137 00:05:50,904 --> 00:05:52,240 အဲဒါဟာ ဦးခေါင်း သက်သက်ပါ။ 138 00:05:52,264 --> 00:05:53,383 (ရယ်မောသံများ) 139 00:05:53,407 --> 00:05:55,256 ဒီတော့ စက်ရုပ်ရဲ့ တစ်ဝက်ဟာ ဘယ်လိုမှ 140 00:05:55,280 --> 00:05:58,459 စက်ရုပ်မဖြစ်နိုင်တာကို ကျုပ်တို့ သဘောတူကြရမှားပါ။ 141 00:05:59,553 --> 00:06:02,314 ခြေထောက် မပါဘူးဆိုရင်၊ တကယ်တမ်းတွင် ဘာမှ မရှိတဲ့ သဘောပါပဲ။ 142 00:06:02,837 --> 00:06:06,136 MM: အိုကေ၊ စက်ရုပ်ကို တည်ဆောက်ချင်ရင် ခြေထောက်တွေလည်း လိုအပ်တယ်ပေါ့။ 143 00:06:06,160 --> 00:06:08,584 ဒီနေရာမှာ ရှိနှင့်ပြီးသား နည်းပညာတချို့ကို 144 00:06:08,608 --> 00:06:10,528 ခိုးယူဖို့ မဖြစ်နိုင်တာ ရှင်းလာတယ်။ 145 00:06:10,552 --> 00:06:14,220 စက်ရုပ် သေးသေးအတွက် ခြေထောက် တပ်ပေး ချင်ရင်၊ လှုပ်ပေးရမယ့် အပိုင်း လိုအပ်မယ်။ 146 00:06:14,220 --> 00:06:17,472 ပြီးတော့ တောင်းဆိုချက်တွေ အများကြီးကိုပါ ဖြည့်ဆည်းပေးဖို့ လိုအပ်မယ်။ 147 00:06:17,486 --> 00:06:19,062 သူတို့ဟာ ဗို့အားနည်းရပါမယ်။ 148 00:06:19,062 --> 00:06:21,189 ပြီးတော့ ပါဝါနည်းနည်း သုံးဖို့ လိုအပ်မယ်။ 149 00:06:21,189 --> 00:06:22,860 ဒါပေမဲ့ အရေးကြီးဆုံးက သေးနုပ်ရန်ပါ။ 150 00:06:22,860 --> 00:06:26,764 ကိုယ်က ဆဲလ်အရွယ် စက်ရုပ် တည်ဆောင်ချင်ရင် ဆဲလ်အရွယ် ခြေထောက်တွေလည်း လိုအပ်လိမ့်မည်။ 151 00:06:26,788 --> 00:06:29,362 ဒီနေ့တွင် အဲဒါ ဘယ်လို ဆောက်လုပ်ရမှန်း ဘယ်သူမှ မသိပါဘူး။ 152 00:06:29,362 --> 00:06:32,353 တောင်းဆိုချက် အားလုံးနဲ့ ကိုက်ညီမယ့် နည်းပညာမျိုး မရှိသေးပါဘူး။ 153 00:06:32,353 --> 00:06:34,405 ကျုပ်တို့ စက်ရုပ်အတွက် ခြေထောက် လုပ်ပေးရန် 154 00:06:34,405 --> 00:06:35,929 အသစ်အဆန်း တစ်ခုခု ပြုလုပ်ကြရမယ်။ 155 00:06:35,953 --> 00:06:38,099 ဒီတော့ ကျုပ်တို့ တည်ဆောက်ခဲ့ကြတာက ဒီလိုဟာပါ။ 156 00:06:38,099 --> 00:06:41,110 ဒါက လှုပ်ရှားစေမယ့် ကိရိယာပါ၊ အခု ကျွန်တော် ဗို့အား ပေးကြည့်မယ်။ 157 00:06:41,110 --> 00:06:43,820 ဗို့အားပေးရင် လှုပ်ရှားစက်က ကောက်ကွေးလျက် တုံ့ပြန်ပါတယ်။ 158 00:06:43,820 --> 00:06:45,305 ဒါ ကြည့်ရတာ သိပ်မထင်ရှားပေမဲ့၊ 159 00:06:45,329 --> 00:06:49,064 ကျုပ်တို့က စခရင်ပေါ်မှာ သွေးနီဆဲလ်ကို တင် ပေးလိုက်ရင် အဲဒါဟာ ဒီလောက် ကြီးမှာပါ၊ 160 00:06:49,064 --> 00:06:51,295 မယုံနိုင်လောက်အောင် သေးနုပ်တဲ့ ကွေးကောက်မှုပါ။ 161 00:06:51,295 --> 00:06:52,811 မယုံနိုင်အောင်ကို သေးကြပေမဲ့၊ 162 00:06:52,811 --> 00:06:56,249 ဒီကိရိယာဟာ ကောက်နိုင် ဖြောင့်နိုင်ပြီး ကျိုးမှာကို ဘာမှ မစိုးရိမ်ရပါဘူး။ 163 00:06:56,273 --> 00:06:58,070 ဒါကို ကျုပ်တို့ ဘယ်လို လုပ်နိုင်ကြလဲ။ 164 00:06:58,070 --> 00:06:59,847 လှုပ်ရှားစက် ပလက်တီနံနဲ့ လုပ်ထားပြီး 165 00:06:59,871 --> 00:07:01,362 အထူဟာ အက်တမ် အနည်းငယ်လေးတင်ပါ။ 166 00:07:01,386 --> 00:07:04,438 အဲဒီမှာ ဘာသွားတွေ့လဲ ဆိုတော့၊ ပလက်တီနံကို ယူပြီး ရေထဲနှစ်လိုက်ကာ 167 00:07:04,438 --> 00:07:05,711 ဗို့အားနဲ့ ဆက်ပေးလိုက်ပါက၊ 168 00:07:05,711 --> 00:07:07,862 ရေထဲက အက်တမ်တွေဟာ ပလက်တီနံရဲ့ မျက်နှာပြင်မှာ 169 00:07:07,862 --> 00:07:09,490 သုံးလိုက်တဲ့ ဗို့အားကို လိုက်ပြီး 170 00:07:09,490 --> 00:07:11,059 ကပ်လိုက် ခွာလိုက် လုပ်နေကြမှာပါ။ 171 00:07:11,059 --> 00:07:12,764 ဒါက စွမ်းအားကို ဖန်တီးပေးနိုင်လို့ 172 00:07:12,764 --> 00:07:15,932 ကျုပ်တို့ ဗို့အားနဲ့ ထိန်းချုပ်နိုင်မယ့် လှုပ်ရှားမှုကို ရနိုင်တယ်။ 173 00:07:15,932 --> 00:07:18,689 ဒီထဲမှာ အရေးကြီးဆုံးက အားလုံး လွန်စွာမှ ပါးလွှားဖို့ပါပဲ။ 174 00:07:18,689 --> 00:07:20,701 အဲဒီလိုဆိုရင် ကျုပ်တို့ရဲ့ လှုပ်ရှားစက်ဟာ 175 00:07:20,701 --> 00:07:23,047 သေးနုပ်တဲ့ အရာတွေကို ကွေးပေးပေမဲ့၊ မကျိုးပျက်စေဘဲ 176 00:07:23,047 --> 00:07:25,530 ပြောခဲ့သလို အက်တမ်ရဲ့ ကပ်မှု သို့မဟုတ် ခွာမှုမှ ရမယ့် 177 00:07:25,530 --> 00:07:27,038 စွမ်းအားကို အသုံးနိုင်မှာပါ။ 178 00:07:27,062 --> 00:07:29,699 ဒါကို ကျုပ်တို့ဟာ တစ်ခုချင်းစီ ပြုလုပ်ဖို့ မလိုအပ်ပါဘူး၊ 179 00:07:29,723 --> 00:07:31,120 အထက်က OWIC တွေလိုပဲ၊ 180 00:07:31,120 --> 00:07:33,854 ကျုပ်တို့ဟာ အလုံးအရင်းနဲ့ တပြိုင်နက်တည်း ထုတ်လုပ်နိုင်တယ်။ 181 00:07:33,854 --> 00:07:35,931 ဒီမှာ လှုပ်ရှားစက် နှစ်ထောင်လောက် ရှိပြီး 182 00:07:35,955 --> 00:07:38,198 ကျွန်တော်ဘက်မှ ဗို့အားကို ထည့်ပေးလိုက်တာနဲ့ 183 00:07:38,222 --> 00:07:39,862 ၎င်းတို့အားလုံးဟာ လှုပ်ယမ်းကြမယ်၊ 184 00:07:39,886 --> 00:07:43,443 အနာဂတ် စက်ရုပ်ရဲ့ ခြေထောက်နဲ့ သိပ်ကို တူတာ မြင်နိုင်ကြပါတယ်။ 185 00:07:43,467 --> 00:07:45,551 (ရယ်မောသံများ) 186 00:07:45,750 --> 00:07:48,913 ဒီတော့ ကျုပ်တို့ဆီမှာ အခုတော့ ဦးနှောက်ရော၊ ခွန်အားပါ ရှိလာပါပြီ။ 187 00:07:48,937 --> 00:07:51,376 ပြီးတော့ စမတ်တွေနဲ့ လှုပ်ရှား စက်တွေလည်း ရှိနေပါပြီ။ 188 00:07:51,400 --> 00:07:52,733 OWIC တွေဟာ ဦးနှောက်တွေပါ။ 189 00:07:52,737 --> 00:07:55,457 သူတို့ဟာ အာရုံခံကိရိယာတွေ၊ ပါဝါ ထုတ်လုပ် ပေးမယ့် စက်တွေ၊ 190 00:07:55,457 --> 00:07:58,596 အလင်းကို သုံးပြီး အသွားအပြန် ဆက်သွယ်ရေး စနစ်လည်း ဖြစ်နိုင်ကြပါတယ်။ 191 00:07:58,596 --> 00:08:00,112 ပလက်တီနံ အချပ်က ကြွက်သားတွေပါ။ 192 00:08:00,112 --> 00:08:01,975 စက်ရုပ်ကို လှုပ်ရှား လည်ပတ်စေမှာပါ။ 193 00:08:01,975 --> 00:08:04,315 အဲဒီအစိတ်အပိုင်း နှစ်ခုကို ယူပြီး ပေါင်းပေးလိုက်ကာ 194 00:08:04,315 --> 00:08:06,796 ကျုပ်တို့ရဲ့ သေးနုပ်တဲ့ စက်ရုပ်ကို တည်ဆောက်နိုင်ပြီ။ 195 00:08:06,796 --> 00:08:09,533 ဦးစွာ ကျုပ်တို့ တည်ဆောက်ချင်တာက ရိုးရှင်းမယ့် အရာတစ်ခုပါ။ 196 00:08:09,557 --> 00:08:12,564 ဒီစက်ရုပ်က သုံးစွဲသူရဲ့ ထိန်းချုပ်မှုဖြင့် လမ်းလျှောက်နိုင်တယ်။ 197 00:08:12,564 --> 00:08:15,030 ခလယ်မှာ နေရောင်ဆဲလ်တချို့နဲ့ ဝိုင်ယာတွေ တပ်ထားပါတယ်။ 198 00:08:15,030 --> 00:08:15,861 အဲဒါ OWIC ပါပဲ။ 199 00:08:15,885 --> 00:08:18,835 ၎င်းတို့ကို ပလက်တီနံ အလွှာပါတဲ့ ခြေထောက်နဲ့ ချိတ်ဆက်ပေးထားပြီး 200 00:08:18,835 --> 00:08:20,711 ဒီမှာ ထိပ်ပေါ် တင်ထားတဲ့ ချပ်ပြားတွေက 201 00:08:20,711 --> 00:08:23,832 ခြေထောက်တွေကို ဘယ်လို ကွေးရမယ်၊ ဘယ်လိုပုံစံ ဖြစ်ရမယ် ပြောပေးပါတယ်။ 202 00:08:23,832 --> 00:08:26,979 စိတ်ကူးက နေရောင်သုံး ဆဲလ်အမျိုးမျိုးကို လေဆာရောင်ချည်နဲ့ ပစ်ပေးရင်း 203 00:08:27,003 --> 00:08:29,362 ကိုယ် လှုပ်ရှားစေချင်တဲ့ ခြေထောက်ကို ရွေးနိုင်ပြီး 204 00:08:29,362 --> 00:08:30,842 စက်ရုပ်ကို လမ်းလျှောက်စေမှာပါ။ 205 00:08:30,842 --> 00:08:33,709 ဒါတွေကိုလည်း ကျုပ်တို့ဟာ တစ်ခုချင်းစီ ထုတ်လုပ်တာ မဟုတ်ပါဘူး။ 206 00:08:33,709 --> 00:08:35,839 တပြိုင်နက်တည်း အလုံးအရင်းနဲ့ ထုတ်လုပ်ကြတာပါ။ 207 00:08:35,839 --> 00:08:39,114 လေးလက်မဝေဖာပေါ်တွင် စက်ရုပ် တစ်သန်းလောက်ကို တည်ဆောက်နိုင်ကြတယ်။ 208 00:08:39,138 --> 00:08:41,352 ဥပမာအဖြစ်၊ ဘယ်ဘက် ပုံဟာ ချီပ် တစ်ခုပါ၊ 209 00:08:41,352 --> 00:08:43,845 ပြီးတော့ အဲဒီချီပ်ထဲတွင် စက်ရုပ် ၁၀၀၀၀ ခန့် ရှိပါတယ်။ 210 00:08:43,845 --> 00:08:46,120 အဲဒါဟာ ကျုပ်တို့ရဲ့ မာခရိုကမ္ဘာကြီးထဲမှာ ကျတော့၊ 211 00:08:46,144 --> 00:08:49,372 ဒါဟာ မိုက်ခရိုပရိုဆက်ဆာ ဒါမှမဟုတ် အဲဒါမျိုး တစ်ခုခုနဲ့ တူသလိုပါပဲ။ 212 00:08:49,396 --> 00:08:52,271 ဒါပေမဲ့ အဲဒီချီပ်ကို ယူပြီး အဏုကြည့် ကိရိယာနဲ့ ကြည့်ကြည့်ပါက၊ 213 00:08:52,295 --> 00:08:55,708 ကျုပ်တို့ဟာ ထောင်သောင်းချီ ရှိကြတဲ့ စက်ရုပ် အသေးလေးတွေကို မြင်ကြရမှာပါ။ 214 00:08:55,708 --> 00:08:57,981 လောလောဆယ်မှာ၊ အဲဒီ စက်ရုပ်တွေဟာ ပြားချပ်နေကြတယ်။ 215 00:08:57,981 --> 00:09:01,164 ကျုပ်တို့က ဆောက်လုပ်ပေးခဲ့တဲ့ မျက်နှာပြင် ပေါ်မှာ ကပ်နေကြတုန်းပါပဲ။ 216 00:09:01,188 --> 00:09:03,925 သူတို့ လမ်းလျှောက်နိုင်ဖို့အတွက် လွှတ်ပေးဖို့ လိုပါတယ်။ 217 00:09:03,949 --> 00:09:07,415 ကျုပ်တို့ ခင်ဗျားတို့ကို စက်ရုပ် စစ်တပ်ကို စေလွှတ်ပုံ ပြပေးချင်တာပါ၊ 218 00:09:07,415 --> 00:09:11,043 ဒါပေမဲ့ အဲဒီလုပ်ငန်းစဉ်ထဲမှာ သိပ်ကို အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေ ပါကြတယ်၊ 219 00:09:11,043 --> 00:09:12,550 တကယ့်ကို ကြောက်မက်စရာဟာတွေပါ၊ 220 00:09:12,550 --> 00:09:16,051 အဲတော့ ကျုပ်တို့ဟာ အိမ်ဖြူတော်မှ အနည်းဆုံး တစ်မိုင်လ​ောက် ဝေးဖို့ လိုတယ်။ 221 00:09:16,051 --> 00:09:18,413 အဟုတ်နော်။ သူတို့က ခုလေးတင် ခွင့်ပြုပေးလိုက်တယ်။ 222 00:09:18,413 --> 00:09:19,291 ဒီတော့- 223 00:09:19,315 --> 00:09:21,245 (ရယ်မောသံများ) 224 00:09:21,269 --> 00:09:24,464 ကျုပ်တို့ဟာ အဲဒီအစား ရုပ်ရှင်ကို ပြပေးမယ်။ (ရယ်မောသံများ) 225 00:09:24,464 --> 00:09:27,637 အခု မြင်ကြရမှာကို စက်ရုပ်တွေကို ဖြန့်ချပေးမယ့် နောက်ဆုံး အဆင့်ပါပဲ။ 226 00:09:27,637 --> 00:09:29,590 ကျုပ်တို့ စက်ရုပ်တွေရဲ့ အောက်မှာ ရှိနေတဲ့ 227 00:09:29,590 --> 00:09:32,084 အရာကို ဖယ်ရှားပစ်ဖို့ ဓာတု ပစ္စည်းတွေကို သုံးနေကြတယ်။ 228 00:09:32,084 --> 00:09:35,655 အဲဒါ အရည်ပျော်သွားတာနဲ့ စက်ရုပ်တွေဟာ နောက်ဆုံး ပုံသဏ္ဌာန်ကို ဆောင်လာကြမှာပါ။ 229 00:09:35,655 --> 00:09:38,052 အခု ခင်ဗျားတို့ မြင်နေရတာက ၉၀% လောက်ကို ရှိပါ့မယ်၊ 230 00:09:38,052 --> 00:09:41,143 ကျုပ်တို့ ဆောက်လုပ်ခဲ့ကြတဲ့ စက်ရုပ် ၁၀၀၀၀ ထဲက အားလုံးနီးပါးပါပဲ၊ 231 00:09:41,143 --> 00:09:43,681 လိုအပ်တဲ့ နေရာမှာ ချပေးလျက် ထိန်းချုပ်နိုင်ကြမှာပါ။ 232 00:09:43,705 --> 00:09:46,684 စက်ရုပ်တွေကို ကောက်ယူပြီး သူတို့အတွက် နေရာတွေ စီစဉ်ပေးနိုင်တယ်။ 233 00:09:46,684 --> 00:09:50,011 ဘယ်ဘက်က ရုပ်ရှင်ကို ကြည့်ရင် စက်ရုပ်တချို့ကို ရေထဲမှာ တွေ့မြင်နိုင်တယ်။ 234 00:09:50,035 --> 00:09:51,993 ကျွန်တော်ဟာ ပစ်ပက် တစ်ခု ယူလာပြီး 235 00:09:52,017 --> 00:09:53,979 ၎င်းတို့ အားလုံးကို စုပ်ယူနိုင်တယ်။ 236 00:09:54,101 --> 00:09:57,012 နောက်မှာ စက်ရုပ်တွေကို ပစ်ပက်ထဲမှနေပြီး ပြန်မှုတ်ထုတ်လိုက်ရင်၊ 237 00:09:57,012 --> 00:09:58,276 အနေတော်ပဲ။ 238 00:09:58,276 --> 00:10:00,138 တကယ်တော့၊ ဒီစက်ရုပ်တွေဟာ သေးလွန်းလို့ 239 00:10:00,162 --> 00:10:02,928 ခင်ဗျားတို့ ဝယ်နိုင်တဲ့ ဘယ်ဆေးထိုးအပ်ထဲကို မဆို 240 00:10:02,928 --> 00:10:04,520 ဖြတ်သွားနိုင်အောင် သေးကြတယ်။ 241 00:10:04,520 --> 00:10:06,244 ဟုတ်တယ်၊ ခင်ဗျားတို့က 242 00:10:06,268 --> 00:10:09,181 ကိုယ့်ကိုယ်ကို စက်ရုပ်တွေ အများကြီးကို ထိုးပေးလို့ ရနိုင်တယ်။ 243 00:10:09,181 --> 00:10:10,517 (ရယ်မောသံများ) 244 00:10:10,517 --> 00:10:12,388 သူတို့ဟာ အခုအထဲကို ရောက်နေကြပီ ထင်တယ်။ 245 00:10:12,412 --> 00:10:14,087 (ရယ်မောသံများ) 246 00:10:15,274 --> 00:10:17,980 ညာဘက်မှာက ရေကန်ငယ်ထဲက စက်ရုပ်ပါ။ 247 00:10:18,004 --> 00:10:20,285 ခင်ဗျားတို့ တစ်စက္ကန့်လောက် စောင့်ကြပါ။ 248 00:10:20,309 --> 00:10:22,133 အူးပ်! 249 00:10:22,157 --> 00:10:26,385 ခင်ဗျားတို့ မြင်လိုက်လား။ ငါးမန်းကောင် မဟုတ်ခဲ့ဘူး။ အဲဒါဟာ paramecium ပါ။ 250 00:10:26,409 --> 00:10:28,656 ဒီတော့ ဒီအရာတွေ နေထိုင်ရာ ကမ္ဘာက အဲဒါမျိုးပါ။ 251 00:10:28,656 --> 00:10:30,527 ကောင်းပြီ၊ ဒါတွေဟာ ကောင်းမွန်တဲ့ အရာပါ၊ 252 00:10:30,551 --> 00:10:32,784 ဒါပေမဲ့ ဒီနေရာမှာ ခင်ဗျားတို့ စဉ်းစားနိုင်ကြတာက 253 00:10:32,784 --> 00:10:34,634 "သူတို့ဟာ လမ်းကော လျှောက်နိုင်ကြမလား?" 254 00:10:34,634 --> 00:10:38,616 မသူတို့ အဲဒါကို လုပ်နိုင်စွမ်း ရှိကြရမယ်။ ပိုတောင် သာကြပါတယ်။ ကျွန်တော် ရှာကြည့်မယ်။ 255 00:10:38,616 --> 00:10:41,743 ဟောဒီမှာ စက်ရုပ်၊ ပြီးတော့ ဒီမှာက အလယ်မှာ ရှိတဲ့ နေရောင်စု ဆဲလ်ပါ။ 256 00:10:41,767 --> 00:10:43,491 ဟိုမှာ မြင်ကြရတဲ့ စတုဂံပုံလေးတွေပါ။ 257 00:10:43,491 --> 00:10:46,105 ဆလိုက်ရဲ့ ထိပ်နားကပ်နေတဲ့ နေရောင်စု ဆဲလ်ကို ကြည့်နေကြပါ။ 258 00:10:46,105 --> 00:10:48,703 ဟိုမှာမြင်ရတဲ့ အဖြူရောင် အစက်ကလေးလေ? အဲဒါက လေဆာ နေရာပါ။ 259 00:10:48,703 --> 00:10:51,956 အဲဒီ လေဆာကို ခလုတ်နှိပ်ပေးကြတာနဲ့ စက်ရုပ်တွေပေါ်က နေရောင်စု ဆဲလ်တွေ 260 00:10:51,956 --> 00:10:54,108 ဘယ်လို ဖြစ်လာကြမှာကို စောင့်ကြည့်နေကြပါ။ 261 00:10:57,567 --> 00:10:59,000 ကဲ၊ သူတို့ စပြီးသွားကြပြီ! 262 00:10:59,024 --> 00:11:01,497 (လက်ခုပ်သံများ) 263 00:11:01,521 --> 00:11:02,697 တွေ့ကြတယ် နော်! 264 00:11:02,721 --> 00:11:06,756 (လက်ခုပ်သံများ) 265 00:11:07,849 --> 00:11:11,137 စက်ရုပ်ဟာ စတင်ပြီး လမ်းလျှောက်ရင်း မိုက်ခရိုကမ္ဘာကို လည်ပတ်တော့မယ်။ 266 00:11:11,213 --> 00:11:13,512 ဒီရုပ်ရှင်ထဲမှာ သိပ်ကို မှတ်သားစရာ ကောင်းတာက- 267 00:11:13,512 --> 00:11:16,771 ဒီရုပ်ရှင်ထဲက စက်ရုပ်တွေကို ထိန်းချုပ်လှုပ်ရှားစေနေတာက ကျွန်တော်ပါပဲ။ 268 00:11:16,795 --> 00:11:21,999 တကယ်ပြောရရင်၊ လွန်ခဲ့တဲ့ ခြောက်လလုံး သေး နုပ်ကြတဲ့ စက်ရုပ်တွေ လေဆာနဲ့ ပစ်နေခဲ့တာပါ။ 269 00:11:22,023 --> 00:11:24,186 သူတို့ကို လှုပ်ရှားလည်ပတ်စေဖို့ အတွက်ပါ။ 270 00:11:24,210 --> 00:11:25,893 အဲဒါဟာ ကျွန်တော့ အလုပ်ဖြစ်ခဲ့တယ်။ 271 00:11:25,893 --> 00:11:28,769 အဲဒါဟာ ကမ္ဘာပေါ်က အနှစ်ခြိုက်ဆုံး အလုပ်ပါပဲ။ 272 00:11:28,793 --> 00:11:30,068 (ရယ်မောသံများ) 273 00:11:30,092 --> 00:11:32,409 ကျွန်တော်ဟာ အရမ်းကို စိတ်လှုပ်ရှားမိခဲ့တယ်။ 274 00:11:32,433 --> 00:11:34,764 ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာကို လုပ်နိုင်သလိုပါပဲ။ 275 00:11:34,764 --> 00:11:38,139 အဲဒီခံစားရမှုဟာ ကျွန်တော် ငယ်ငယ်တုန်းက rotifer ကို အဏုကြည့်စက်ထဲ 276 00:11:38,163 --> 00:11:40,368 မြင်ခဲ့ရတုန်းက ခံစားမှုအတိုင်းပါပဲ။ 277 00:11:40,392 --> 00:11:44,065 အခုတော့ ကျွန်တော်ဟာ ဖခင်တစ်ယောက်ပါ၊ သုံးနှစ်အရွယ် သားတစ်ယောက်ရှိပါတယ်။ 278 00:11:44,089 --> 00:11:47,486 တစ်နေ့ကျရင် သူဟာလည်း ကျွန်တော့လိုပဲ အဏုကြည့်စက်ထဲ ကြည့်နိုင်ပါမယ်။ 279 00:11:47,510 --> 00:11:48,913 ကျွန်တော် မကြာခဏ တွေးမိတာက- 280 00:11:49,715 --> 00:11:51,216 သူဟာ ဘာကိုများ မြင်ရမှာလဲ? 281 00:11:51,236 --> 00:11:53,401 မိုက်ခရိုကမ္ဘာကြီးကို စောင့်ကြည့်နေမယ့် အစား၊ 282 00:11:53,401 --> 00:11:56,991 ကျုပ်တို့ လူသားတွေဟာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်မယ့် နည်းပညာတွေ ရှိနေပါပြီ၊ 283 00:11:57,015 --> 00:11:59,659 လိုအပ်သလို တုံ့ပြန်နိုင်ကြပြီး ပြုပြင်စီမံနိုင်ကြပါတယ်။ 284 00:12:00,169 --> 00:12:04,231 နှစ် ၃၀ အတွင်းမှာ၊ ကျွန်တော့သား ကြီးလာရင် ကျုပ်တို့ ဘာတွေ ပြုလုပ်နိုင်ကြမလဲ။ 285 00:12:04,764 --> 00:12:08,590 မိုက်ခရိုစက်ရုပ်တွေဟာ ကျုပ်တို့ရဲ့ သွေးစီးကြောင်းထဲမှာ နေထိုင်နေကြမှာလား၊ 286 00:12:08,614 --> 00:12:10,196 သာမန် ဘက်တီးရီးယားတွေလိုလေ? 287 00:12:10,196 --> 00:12:13,878 သူတို့ဟာ ကျုပ်တို့ သီးနှံတွေပေါ် နေထိုင် ကြပြီး ဖျက်ကောင်တွေကို ပထုတ်ကြမှာလား? 288 00:12:13,878 --> 00:12:18,093 ကျွန်ုပ်တို့ ကူးစက်ရောဂါရှိလာရင် ပြပေးလျက် ကင်ဆာ ဆဲလ်တွေကို တစ်ခုစီ သတ်ပေးကြမှာလား? 289 00:12:19,952 --> 00:12:21,349 PM: နောက်တစ်ခု အားရစရာက၊ 290 00:12:21,373 --> 00:12:24,133 ခင်ဗျားတို့ဟာ အဲဒီ တော်လှန်ရေးထဲမှာ ပါဝင်နိုင်ကြမှာပါ။ 291 00:12:24,157 --> 00:12:25,780 နောက် ဆယ်နှစ်ခန့်လောက်မှာ၊ 292 00:12:25,780 --> 00:12:29,701 ခင်ဗျားတို့က iPhone 15x Moto ဒါမှမဟုတ် နောက်တစ်ခုခုကို ဝယ်ရင်၊ 293 00:12:29,725 --> 00:12:30,741 (ရယ်မောသံများ) 294 00:12:30,765 --> 00:12:34,131 အဲဒါနဲ့အတူ စက်ရုပ်တွေ ထောင်ချီပါမယ့် ဘူးလေးတစ်ဘူးလည်း ပါလာပြီး 295 00:12:34,155 --> 00:12:37,043 ဖုန်းထဲက အက်ပ်တစ်ခုနဲ့ ခင်ဗျားတို့ ထိန်းချုပ်ပေးနိုင်ကြမှာပါ။ 296 00:12:37,424 --> 00:12:40,620 ဒီတော့ ခင်ဗျားတို့ကိုယ်တိုင် paramecium ကို စီးချင်ရင် ရပါတယ်။ 297 00:12:41,200 --> 00:12:45,480 ခင်ဗျားတို့ ဆန္ဒရှိရင် စက်ရုပ်ကပွဲကိုတောင် စီစဉ်ဆင်နွှဲနိုင်မှာပါ၊ 298 00:12:45,504 --> 00:12:46,664 လုပ်ပေးနိုင်မှာပါ။ 299 00:12:46,688 --> 00:12:47,713 (ရယ်မောသံများ) 300 00:12:47,737 --> 00:12:51,591 ပြီးတော့ ကျွန်တော့အနေနဲ့ လာမယ့်အနာဂတ်နဲ့ ပတ်သက်ပြီး သိပ်ကို စိတ်လှုပ်ရှားမိတယ်။ 301 00:12:51,615 --> 00:12:52,852 MM: ကျေးဇူးတင်ပါတယ်။ 302 00:12:52,876 --> 00:12:57,064 (လက်ခုပ်သံများ)