ဒီနေ့ ကျွန်တော် ပြောပြချင်တာက
စိတ်ကူးနှစ်ခု အကြောင်းပါ၊
Khan Academy မှာ ကျွန်တော့ လေ့လာချက်တွေကို
အခြေခံပြီး ပြောရရင် သင်ယူရေးအတွက် သော့ချက်
အကျဆုံး အချက်တွေပါပဲ။
ကျွမ်းကျင်ဖို့ သင်ယူရေး နှင့်
တွေးခေါ်မှု အလေ့အထပါ။။
အစောပိုင်းမှာ ကျွန်တော့ ဝမ်းကွဲတွေကို
သင်ပေးစဉ် သတိထားမိတယ်။
တော်တော်များများက အစပိုင်းတွင်
သင်္ချာထဲ မလွယ်ခဲ့ဘူး။
သူတို့ရဲ့ သင်ကြားမှုထဲ ဟာကွက်တွေ
ရှိနေခဲ့လို့ပါ။
အဲဒါကြောင့် တစ်ချိန်မှာ သူတို့
အက္ခရာသင်္ချာ သင်တန်း တက်တော့
ရှေ့ပိုင်းအက္ခရာ သင်ယူစရာအချို့ကို
နည်းနည်လေး မနိုင်မနင်းဖြစ်ခဲ့လို့
ငါတော့ သင်္ချာတော်မယ့်သူ မဟုတ်ဘူး
ဆိုပြီး ထင်မှတ်နိုင်ခဲ့ကြပါတယ်။
ဒါမှမဟုတ် ကဲကုလသင်္ချာ အတန်းကို
တက်လာသူဟာ အက္ခရာသင်္ချာကို
သိပ်မကျွမ်းသလို ခံစားရတယ်။
အစောပိုင်း နေ့များတုန်းက
အဲဒီလို ဗီဒီယိုတွေကို YouTube သို့
တင်ပေးခဲ့စဉ် အဲဒီလို မြင်ခဲ့တယ်၊
ဝမ်းကွဲမဟုတ်တဲ့ သူတွေလည်း
အဲဒါတွေကို ကြည့်နေကြတာကို နားလည်မိတယ်။
(ရယ်မောသံများ)
အစပိုင်းမယ် ထင်မြင်ချက်တွေက သာမန်
ကျေးဇူးတင်တာတွေပါ။
တော်တော့်ကို ကောင်းတဲ့ အရာပဲလို့
ထင်ခဲ့တာ။
ခင်ဗျားတို့ YouTube မှာ
ဘယ်လောက် အချိန်ဖြုန်းလဲမသိ။
ထင်မြင်ချက်အများစုက “ကျေးဇူးပါ”
မဟုတ်ဘူး။
(ရယ်မောသံများ)
ဒေါထွက်တဲ့ အသံလည်း နည်းနည်းပါတယ်။
အဲဒီနောက် ထင်မြင်ချက်ပေးတာတွေ မသိမသာ
ပိုများလာတယ်၊
ကျောင်းသား တစ်ယောက်ပြီး တစ်ယောက်က
သင်္ချာကို ငယ်စဉ်က မကြိုက်ခဲ့တာ ပြောလာတယ်။
သူတို့ဟာ အဆင့်မြင့် သင်္ချာကို သင်ရတော့
အခက်ကြုံလာခဲ့ကြရတယ်။
သူတို့ အက္ခရာ သင်ဖို့ အချိန်မှာ
သူတို့ အသိပညာထဲမှာ ဟာကွက်တွေ
များလွန်းလို့ သူတို့ လိုက်မရခဲ့ပါ။
သူတို့ဆီမှာ သင်္ချာဗီဇမရှိဘူးလို့
ထင်ခဲ့တယ်။
ဒါနဲ့ နည်းနည်း အသက်ကြီးလာတော့၊
သူတို့ဟာ အချိန်ယူလျက် ထပ်လေ့လာခဲ့ကြတယ်။
Khan Academy လို အရင်းအမြစ်ကို ရှာလျက်
သူတို့ရဲ့ ဟာကွက်တွေကို ဖြည့်ပေးကာ
အဲဒီအချက်တွကို ကျွမ်းလာကြတယ်။
အဲဒီကျမှ လက်တွေ့တွင် သူတို့
သင်္ချာကို သင်ယူနိုင်စွမ်း
ရှိပါကလား ဆိုတဲ့ အတွေးကို
သဘောပေါက်လာကြတယ်။
ဘဝထဲမှာ ကျွန်တော်တို့ အဲဒီလို
ကျွမ်းကျင်အောင် လုပ်ရတာ မကြာခဏပါပဲ။
ကိုယ်ခံပညာဆိုရင် အဲဒီလိုမှ
လေ့ကျင့် သင်ယူကြရတာပါ။
ကိုယ်ခံပညာထဲတွင်၊ လိုအပ်သလောက်
ခါးပတ်အဖြူ အဆင့်မှာ
လေ့ကျင့်ရန် လိုပါတယ်၊
အဲဒါကို ကျွမ်းလာမှသာ ရှေ့ဆက်ပြီး
ခါးပတ်အဝါဆီ တက်လှမ်းနိုင်တယ်။
ဂီတတူရီယာကို သင်ယူမှုဟာလည်း
အလားတူပါပဲ-
သင်ဟာ အခြေခံ အချက်တွေကို
ထပ်တလဲလဲ သင်ယူရတယ်၊
အဲဒါကို နိုင်နင်းကျွမ်းလာမှသာ၊
ပိုမြင့်တဲ့ အဆင့်ကို တက်နိုင်ပါတယ်။
ကျွန်တော်တို့ ထောက်ပြချင်တာက
သမရိုးကျ ပညာရေး ပုံစံကို
အဲဒီလို နည်းဖြင့် တည်ဆောက်ထားတာ မဟုတ်ပါ၊
ကျွန်တော်တို့ ကြီးပြင်းလာခဲ့ကြရတဲ့
ပညာရေး ပုံစံ အဲဒီလို မဟုတ်ပါ။
သမရိုးကျ ပညာရေး ပုံစံထဲတွင်၊
ကျောင်သားတွေကို အများအားဖြင့်
အသက်အလိုက် စုကြတယ်၊
အလယ်တန်းမှာ အသက် နဲ့
သင်ယူနိုင်စွမ်းကို လိုက်ပြီး စုကြကာ
အားလုံးကို တူညီတဲ့ အရှိန်ဖြင့်
သင်ကြားပို့ချကြတယ်။
ပုံမှန်အားဖြင့် ဖြစ်လာပုံက၊
အလယ်တန်းက အက္ခရာ မစရသေးတဲ့
အတန်းထဲမှာ ဆိုပါစို့၊
ထပ်ညွှန်းတွေ အကြောင်းကို
သင်နေကြတယ်၊
ဆရာကနေပြီး ထပ်ညွှန်းတွေ အကြောင်း
ပြောပြပါမယ်၊
အိမ်ကို ပြန်သွားတဲ့အခါ အိမ်စာ တချို့
လုပ်ကြမယ်။
နောက်တနေ့ မနက်မှာ အိမ်စာကို
ပြန် ဆန်းစစ်မယ်၊
နောက် ပို့ချာချက်၊ အိမ်စာ၊
ပို့ချချက်၊ အိမ်စာ။
အဲဒီလို နှစ်ပတ် သုံးပတ် ဆက်
လုပ်နေကြရမှာပါ၊
ပြီးရင် စစ်ဆေးခံရမယ်။
စစ်ဆေးမှုထဲတွင် ကျွန်တော်ဟာ
၇၅ ရာခိုင်နှုန်း ရနိုင်တယ်၊
၉၀ ရာခိုင်နှုန်း ရနိုင်တယ်၊
၉၅ ရာခိုင်နှုန်းတောင် ရနိုင်တယ်။
အဲဒီလို စစ်ဆေးမှုက ကျွန်တော်တို့ရဲ့
ဟာကွက်ကို ထောက်ပြတယ်၊
သိရမယ့် ၂၅ ရာခိုင်နှုန်း ကျွန်တော် မသိပါ။
အေ အဆင့် ကျောင်းသားတောင်မှ
မသိတာ ငါးရာခိုင်နှုန်း ရှိနေတယ်။
ဟာကွက်တွေ ရှိနေမှန်း
တွေ့ထားပါလျက်နဲ့၊
တစိတန်းလုံး အဲဒီနောက်မှာ
နောက်အကြောင်းအရာကို သင်ကြမယ်၊
ဒီတော့ အဲဒီဟာကွက်တွေ ပေါ်မှာ
အဆင့်မြင့် အကြောင်းကို တည်ဆောက်မှုပါပဲ။
အဲဒါ လော်ဂရစ်သမ် သို့မဟုတ်
ထပ်ညွှန်းတွေ ဖြစ်နိုင်ပါတယ်။
အဲဒီလို လုပ်ရိုးလုပ်စဉ်ကို ဆက်ပြီးရင်
ဆက် လုပ်တော့ အဲဒါထူးဆန်းတာ
စဉ်းစား နားလည်မိကြတယ်။
အခြေခံကျတဲ့ အရာထဲက ၂၅ ရာခိုင်နှုန်း
ကျွန်တော် မသိခဲ့ဘဲနဲ့
ပိုအဆင့်မြင့်တာကို
ဆောက်ဖို့ တွန်းပို့ခံနေရတယ်။
ဒီလိုပုံစံဖြင့် လချီ၊ နှစ်တွေချီ
ဆက်တိုက် ပို့ချသွားမှာပါ၊
အက္ခရာ ဒါမှမဟုတ် ထရိဂိုနိုမေထရီ
အတန်းထဲ ကျွန်တော်ဟာ
နံရံကြီးနဲ့ ဝင်တိုက်မိတယ်။
အက္ခရာဟာ သိပ်ကို ခဲယဉ်းခဲ့လို့
မဟုတ်ခဲ့ပါ
ကျောင်းသား ညံ့လို့ မဟုတ်ခဲ့ပါ။
ကျွန်တော်ဟာ ညီမျှခြင်း တစ်ခုကို မြင်နေတယ်
ထပ်ညွှန်းတွေ ရှိနေကြတော့
ကိုယ်မသိတဲ့ ၃၀ ရာခိုင်နှုန်းက
ကိုယ့်ကို ဒုက္ခပေးနေလို့ပါ။
အဲဒါနဲ့ ကျွန်တော် စိတ်မပါ ဖြစ်လာတယ်။
ကျွန်တော်တို့ ဘဝထဲမှာ အခြားအရာတွေကို
အဲဒီလို လုပ်ကိုင်ကြမှာကို
စိတ်ကူးကြည့်ရင် အဲဒါ
အဓိပ္ပါယ်မဲ့နေတာ ရှင်းလာမယ်။
ဥပမာ၊ အိမ်ဆောက်မှု ဆိုပါစို့။
(ရယ်မောသံများ)
ကန်ထရိုက်သမားကို ခေါ်လာပြီး၊
“အုတ်မြစ် ဆောက်ဖို့ အချိန်
နှစ်ပတ်ရှိတယ်လို့ ဆိုတယ်။
ကြည့်လုပ်ကြပါ” ပြောသလိုပါပဲ။
(ရယ်မောသံများ)
သူတို့ဟာ သူတို့ တတ်နိုင်သမျှ လုပ်တယ်။
မိုးရွားနေနိုင်တယ်။
တချို့ပစ္စည်း မပေးသွင်းခဲ့တာဖြစ်နိုင်တယ်။
နှစ်ပတ်အကြာမှာ စစ်ဆေးသူက လာပြီး
လှည့်ကြည့်လျက်၊
“ဟိုမှာ ကွန်ကရိက စိုနေတုန်းပဲ၊
ဟိုအပိုင်းက သတ်မှတ်ချက်နဲ့
မကိုက်ဘူး၊ ကျွန်တော် ၈၀ ရာခိုင်နှုန်း
ပေးနိုင်တယ်။”လို့ ဆိုတယ်။
(ရယ်မောသံများ)
“သိပ်ကောင်း၊ စီ အမှတ်ပဲ။
ပထမ အထပ်ကို ဆောက်ကြပါစို့”
(ရယ်မောသံများ)
အလားတူပါပဲ။
အချိန်နှစ်ပတ်ရှိတယ်၊ လုပ်နိုင်တာ လုပ်တယ်၊
လာစစ်သူက အမှတ် ၇၅ ရာခိုင်နှုန်းပေးတယ်။
ကောင်းပြီ၊ အဲဒါ ဒီ ပဲ။
ဒုတိယ အထပ်၊ တတိယ အထပ်၊
တတိယ အထပ်ကို ဆောက်နေတုန်း
ရုတ်တရက်ကြီး
အဆောက်အဦကြီး ပြိုလဲသွားပါရော။
ဒီတော့ ပညာရေးထဲမှာလို ဒါမှမဟုတ်
လူတွေ ပြောနေကျလို
တုံ့ပြန်ကြမယ်ဆိုရင်၊
ငှါးခဲ့ကြတဲ့ ကန်ထရိုက်သမား ညံ့ခဲ့တာ၊
ပိုတော်တဲ့ စစ်ဆေးသူကို ရှာခဲ့ရမှာ
ခဏခဏ စစ်ဆေးရမှာ ဆိုနိုင်တယ်။
ဒါပေမဲ့ တကယ်တမ်းတွင်
လုပ်ငန်းစဉ် မှားနေခဲ့တာ။
တစ်ခုခုလုပ်ရမယ့် အချိန်ကို ကျွန်တော်တို့
ကန့်သတ်ခဲ့ကြတယ်၊
ထွက်လာမယ့် ရလဒ်ကို သေချာအောင်
အာမခံပေးလိုက်ကြတယ်၊
ဒါတောင် စစ်ဆေးသူကို ခေါ်စစ်ခိုင်း
ဟာကွက်တွေကို ဖေါ်ထုတ်ခိုင်းခဲ့တယ်၊
ဒါတောင် အဲဒီအပေါ်မှာ ဆက်ဆောက်လုပ်ခဲ့တယ်။
ဒီတော့ ကျွမ်းကျင်စွာ သင်ယူချင်ရင်
ပြောင်းပြန်ကို လုပ်ကြရပါမယ်။
တစ်ခုခုကို ဘယ်လောက် ဘယ်လို
လုပ်ရမယ် ကန့်သတ်မှုတွေ၊
ချုပ်ချယ်မှုတွေကို ချမှတ်မယ့် အစား၊
ရလဒ်အရှင်ကို ဆိုးဝါးစေဖို့
အာမခံပေးမယ့်အစား
A, B, C, D, F အဆင့်တွေ မပေးဘဲ
အခြားတစ်မျိုး ပြုလုပ်ရပါမယ်။
ကိန်းရှင်က ကျောင်းသားဟာ တစ်ခုခုကို
ဘယ်တော့၊ ဘယ်လောက်ကြာ လုပ်ရမယ်
ဆိုတာပါ။
သတ်မှတ်ချက်က သူတို့ဟာ အကြောင်းရာကို
တကယ့်ကို ကျွမ်းကျင်ရန်ပါပဲ။
ဒီနေရာ နားလည်ရန် အရေးကြီးသေးတာက
အဲဒါက ကျောင်းသားအား
ညွှန်ကိန်းတွေကို ပိုကောင်းစွာ သင်ရေးအပြင်
တွေးခေါ်ရေး ကြွက်သားတွေကိုပါ
မှန်ကန်စွာ လေ့ကျင့်ပေးမှာပါ။
သူတို့ဆီမှာ တစ်ခုခုထဲ အမှား
၂၀ ရာခိုင်နှုန်း ရှိခြင်းက၊
သူတို့ရဲ့ DNA ထဲမှာကို C အမှတ်ကို
ပေးထားတာ မဟုတ်ဘူးကို နားလည်စေမယ်။
ကိုယ် ဆက်ပြီး လေ့ကျင့်လုပ်ကိုင်ရန်
လိုနေတာ သက်သက်ပါ။
ကိုယ်က ဇွဲရှိရမယ်၊ လုံ့လပိုစိုက်ရမယ်၊
ကိုယ်ရဲ့ သင်ယူမှုကို ကိုယ်က
ဂရုတစိုက်လုပ်ရမယ်။
ဒါကို ဝေဖန်လိုကြသူ တော်တော်များများက
ဒါတွေ သိပ်ကောင်းပါတယ်၊
ကျွမ်းကျင်မှုကို အခြေခံလျက်သင်ယူရန်
လိုတာ၊ အဲဒါက
တွေးခေါ်မှုနဲ့ ဆက်စပ်နေတာ၊
ကျောင်းသားက ပညာရေးကို
ဂရုစိုက်ရမှာ မှန်တယ်။
အဲဒါ မှန်ကန်တယ်လို့ ထင်ရပေမဲ့
လက်တွေ့လုပ်ဖို့ မလွယ်ပါ။
အဲဒီလို လုပ်နိုင်ဖို့အတွက် ကျောင်းသားက
သူ့နည်းသူဟန်နဲ့ သင်ရမယ်
လူတိုင်း ကိုယ်ပိုင် အစီအစဉ်ရှိရမယ်
လူတိုင်းမှာ ကျူရှင်ဆရာ ရှိလျက်
အိမ်စာ သီးခြားစီ ရှိရမယ်။
ဒါတွေက စိတ်ကူး အသစ်တွေ မဟုတ်ပါ၊
Winnetka၊ Illinois မှာ လွန်ခဲ့တဲ့
နှစ် ၁၀၀ တုန်းက စမ်းခဲ့ရာ
ကျွမ်းကျင်မှုကို အခြေခံတဲ့ ပညာရေးဟာ
ရလဒ်ကြီးတွေ ရခဲ့တယ်။
ဒါပေမဲ့၊ ဆက်သွယ် လုပ်ကိုင်ရန်
ခဲယဉ်းလို့ စကေးချဲ့ မရနိုင်ခဲ့ပါ။
ဆရာဟာ ကျောင်းသား တစ်ဦးချင်းအား
သူတို့ရဲ့ စွမ်းဆောင်မှုအလိုက်
အိမ်စာ အမျိုးမျိုး ပေးရတယ်။
ဒါပေမဲ့၊ ဒီနေ့တွင် အဲဒါကို
လက်တွေ့လုပ်နိုင်ပြီ။
လုပ်ဖို့ ကိရိယာတွေ ရှိနေပြီ။
ကျောင်းသားဟာ ရှင်းပြချက်ကို
စိတ်ကြိုက် ကြည့်နိုင်ပြီ။
လိုတာ ယူကြည့်နိုင်တဲ့ ဗီဒီယိုလေ။
လေ့ကျင့်ရမယ်၊ ပြောပေးမယ့် သူရှိရမယ်။
ကျောင်းသားတွေအတွက် လိုသလို
ညှိရနိုင်တဲ့ သင်ခန်းစာတွေ ရှိနေပါပြီ။
အဲဒီလို ရှိလာရင်၊ ကောင်းမွန်တဲ့
အရာတွေ ဖြစ်ထွန်းလာတယ်။
ပထမက ကျောင်းသားတွေဟာ သူတို့
သိလာရတာကို ကျွမ်းလာကြတယ်၊
သူတို့ဟာ သူတို့ရဲ့တွေးခေါ်မှုကို
မြှင့်တင်တယ်။
သူတို့ဟာ လုံ့လ၊ ဝိရိယကို
သင်ယူလျက်
သူတို့ရဲ့ သင်ယူမှုကို ဂရုစိုက်လာတယ်။
အဲဒါနဲ့ ကြည်နူးစရာ အရာတွေ
အတန်းထဲမှာ
စပြီး ဖြစ်ထွန်းလာကြတော့မှာပါ။
ကျောင်းသားတွေရဲ့ အာရုံက ပို့ချမှု အစား
အချင်းချင်း တုံ့ပြန်မှုကို အလေးပေးတယ်။
သူတို့ သင်ယူနေတာကို ပိုကျွမ်းလာနိုင်တယ်။
Socrates လို ဟန်လုပ်
ဆွေးနွေးပွဲ ပြုလုပ်ကြတယ်။
အခု ဆွေးနွေးနေတဲ့ အကြောင်းကို
နားလည်လာစေရန် နှင့်
ဒီမှာ ဆုံးရှုံးနေကြရတဲ့ အလားအာတွေ
အကြောင်းကို မြင်လာရန်
ကျွန်တော်ဟာ စိတ်ကူး စမ်းသပ်မှုလေးကို
တင်ပြချင်ပါတယ်။
ကျွန်ုပ်တို့ဟာ အနောက်ဥရောပ အတိတ်
သမိုင်းထဲ နှစ် ၄၀၀ ကို သွားကြမယ်ဆိုရင်၊
ကမ္ဘာကြီးပေါ်က စာတတ်သူ အများဆုံး
နေရာ တစ်ခုဖြစ်ခဲ့ရာ၊
ပြည်သူ ၁၅ ရာခိုင်နှုန်းခန့်ဟာ
စာဖတ်နိုင်ခဲ့ကြတာ တွေ့ရမယ်။
ကျွန်တော့အထင် စာမဖတ်တတ်သူ တစ်ဦးကို
ဥပမာ ခရစ်ယန်းဘာသာရေး
ဘုန်းတော်ကြီးအား
“ပြည်သူတွေ ရာခိုင်နှုန်း ဘယ်လောက်
စာဖတ်နိုင်စွမ်း ရှိသလဲ”လို့ မေးကြည့်ရင်၊
“ပညာရေးစနစ် ဒီလောက်ကြီး ကောင်းတယ်ဆိုတော့
၂၀ မှ ၃၀ ရာခိုင်နှုန်း ရှိမယ်”
ဖြေကြားခဲ့မှာပါ။
ဒါနဲ့ ဒီခေတ်ဆီကို ပြန်လာရင်၊
အဲဒီလို ခန့်မှန်းမှုဟာ အတော့ကို
စိတ်ပျက်စရာ ကောင်းမှာပါ၊
ပြည်သူ ၁၀၀ ရာခိုင်နှုန်းနီးပါးဟာ
ဖတ်နိုင်စွမ်း ရှိနေကြတယ်။
ဒါပေမဲ့ အလားတူ မေးခွန်းကိုပဲ၊
“ပြည်သူတွေ ရာခိုင်နှုန်း ဘယ်လောက်
တကယ့်ကို
ကဲကုလကို ကျွမ်းကျင်စွာ ပိုင်နိုင်ကြလဲ၊
ဇီဝဓာတုဗေဒကို နားလည်ကြလဲ၊
ကင်ဆာ သုတေသနကို လုပ်နိုင်စွမ်း
ရှိကြလဲ” မေးကြည့်ပါ။
တော်တော်များများက၊ “ဒီလောက် ကောင်းတဲ့
ပညာရေးစနစ်ကြီးနဲဆိုရင်၊
၂၀ မှ ၃၀ ရာခိုင်နှုန်း ရှိမယ်” ဖြေမှာပါ။
ဒါပေမဲ့ အဲဒီခန့်မှန်းမှုဟာ
ကိုယ်ကိုယ်တိုင်ရဲ့ ပိုင်နိုင်မှုမရှိတဲ့
အခြေခံကြောင့်၊
ကိုယ်တိုင်ရဲ့ အတွေ့အကြုံ ဒါမှမဟုတ်
ရွယ်တူတွေကို ကြည့်လျက်၊
သတ်မှတ်ချိန်မှာ အတန်းတွေ
တစ်ခုပြီးတစ်ခု တက်ခဲ့ကာ ဟာကွက်တွေ
စုစည်းလာခဲ့မှုကြောင့်လား။
ခင်ဗျား ၉၅ ရာခိုင်နှုန်း ရတောင်
လွတ်သွားတဲ့ ၅ ရာခိုင်နှုန်းက
ဘာများလဲ။
အတန်းကို တဆင့်ထပ်တက်လိုက်တော
အဲဒါတွေ စုစည်းလာတယ်၊
ရုတ်ခနဲ နံရံကြီးနဲ့ ကိုယ်ဝင်ဆောင့်မိရော
“ငါ ကင်ဆာ သုတေသီ ဘယ်ဖြစ်နိုင်မလဲ၊
ဆရာဝန် မဖြစ်နိုင်ဘူး၊ သင်္ချာဆရာ
မဖြစ်နိုင်ဘူး။“
လက်တွေ့မှာ အဲဒီလို ဖြစ်နေတယ်လို့ ထင်တယ်၊
ဒါပေမဲ့ ခင်ဗျားတို့ကို ကျွမ်းကျင်ဖို့
လုပ်ကိုင်ခွင့် ပေးခဲ့မယ်ဆိုရင်၊
ခင်ဗျားတို့ကို ခင်ဗျားတို့ရဲ့ ပညာရေးကို
စီမံဆုံးဖြတ်ခွင့် တကယ် ပေးခဲ့ရင်
ကိုယ် တစ်ခုခု မှားပြီး လုပ်မိရင်၊
အဲဒီလို မှားမှုကို အခွင့်ယူပြီး
သင်ယူဖို့ အသုံးနိုင်ခဲ့ရင်၊
ကဲကုလကို ကျွမ်းသူတွေ ဒါမှမဟုတ်
ဇီဝဓာတုဗေဒ
ကျွမ်းသူတွေရဲ့ ရာခိုင်နှုန်းဟာ၊
လက်တွေ့တွင် ၁၀၀ ရာခိုင်နှုန်းနား
ကပ်လာမှာပါ။
ပြီးတော့ ဒါက “အဲဒီလိုဖြစ်ခဲ့ရင်
ကောင်းသား” လို့ ပြောစရာသာမက၊
လူမှုရေး တောင်းဆိုချက်လို့
ကျွန်တော် ထင်တယ်။
ကျွန်တော်တို့ဟာ စက်မှုခေတ်ကြီးကို
စိတ်လှုပ်ရှားနေကြရတယ်၊
ကျွန်တော်တို့ဟာ အချက်အလက်များရဲ့
တော်လှန်ရေးကို ဆင်နွှဲဖို့ ရှိနေတယ်။
တကယ်လဲ အချို့အရာတွေ ဖြစ်ပျက်နေတာ
အမှန်ပါပဲ။
စက်မှုခေတ်ကြီးထဲ လူ့အဖွဲ့အစည်းက
ပိရမစ်ပုံပါ။
ပိရမစ်ရဲ့ အခြေခံတွင် လူသားရဲ့
လုပ်အား လိုအပ်ခဲ့ပါတယ်။
ပိရမစ် အလယ်မှာကျတော့
အချက်အလက်များကို စီမံလုပ်ကိုင်တဲ့
ဗြူရိုကရေစီ လူတန်းစား ရှိခဲ့တယ်၊
ပိရမစ် ထိပ်မှာကျတော့၊
အရင်းအနှီး ပိုင်ဆိုင်သူတွ၊
စွန့်ဦးတီထွင်ပညာရှင်တွေ၊
ဖန်တီးရေး လူတန်းစား ရှိခဲ့တယ်။
ကျွန်တော်တို့ ဖြစ်ပျက်နေတာကို သိကြတယ်
အချက်အလက်များရဲ့ တော်လှန်ရေးထဲ
ဝင်နေကြတယ်။
ခုနက ပိရမစ်ရဲ့ အုတ်မြစ်ကို အလိုအလျောက်
စက်တွေ ဝင်နေရာယူကြမယ်။
အလယ်ပိုင်း၊ အချက်အလက်များ စီမံ
လုပ်ကိုင်ရေးကို
ကွန်ပျူတာတွေ တော်ကြတယ်။
ဒီတော့ လူ့အဖွဲ့အစည်းအနေနဲ့
မေးစရာက-
ဒီလို ဖြစ်ရပ်အသစ်တွေကို မြင်နေကြရတာက
နည်းပညာတွေကြောင့်ပါ၊
အဲဒီထဲ ပါဝင်ကြတာက ဘယ်သူလဲ။
အဲဒီသူတွေဟာ ပိရမစ်ရဲ့ ထိပ်ပိုင်း
ဖြစ်လာကြမယ်ဆိုတော့၊
ကျန်သူတွေက ဘာကိုလုပ်ကြမလဲ။
သူတို့ ဘယ်လို လုပ်ကြလဲ။
ကျွန်တော်တို့ဟာ ပိုပြီး အားကျစရာကို
လုပ်နေကြလား။
ကြီးမားတဲ့ တီထွင်ရေး လူတန်းစား ရှိမယ့်၊
လူတိုင်းလိုလို စွန့်ဦးလုပ်ငန်းရှင်တွေအဖြစ်
အနုပညာရှင်၊ သုတေသီအဖြစ်၊
ပါဝင်နိုင်ဖို့အတွက်
ပိရမစ်ကို လှန်ပစ်ရင် ကောင်းမလား။
ဘယ်လိုမှ မဖြစ်နိုင်တဲ့ စိတ်ကူးမဟုတ်ပါ။
ဒါအားလုံးဟာ ပြည်သူတွေကို
သူတို့ရဲ့ အစွမ်းအစတွေကို
ဖွင့်သုံးခွင့်ကို ဖန်တီးပေးလိုက်ကာ
အသိပညာတွေကို ကျွမ်းကျင်အောင်
လုပ်ပေးလျက်
ကိုယ့်ပညာရေးကို ကိုယ်တိုင် ဂရုစိုက်
လုပ်ပိုင်ခွင့်ကို ပေးလိုက်ရင်၊
သူတို့ အဲဒီကို ရောက်ကြမယ်။
အဲဒီနောက် သူတို့ဟာ ကမ္ဘာ့နိုင်ငံသား
တစ်ဦးဖြစ်လာမှာမို့
စိတ်လှုပ်ရှားစရာကြီးပါ။
ကျွန်တော်တို့ဆီမှာ ရှိလာနိုင်မယ့်
ကြွယ်ဝချမ်းသာမှုတွေ၊
လူ့ယဉ်ကျေးမှု တိုးတက်နိုင်မယ့်
နှုန်းကို စိတ်ကူးကြည့်ကြပါ။
ကျွန်တော်ကတော့ အဲဒါကို သိပ်ကို
အကောင်းမြင်တယ်။
အသက်ရှင်နေသေးလို့ အဲဒါကို မြင်ရရင်
သိပ်ကို စိတ်လှုပ်ရှားစရာ ဖြစ်မှာပါ။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)