1 00:00:00,328 --> 00:00:03,277 စာရေးဆရာမ George Eliot ကျွန်တော်တို့ကို သတိပေးခဲ့ဖူးပါတယ် 2 00:00:03,277 --> 00:00:05,344 အမှားတကာ့ အမှားတွေထဲမှာ 3 00:00:05,344 --> 00:00:07,707 ဟောကိန်းထုတ်ခြင်းဟာ အကြောင်းမဲ့ဆုံးဖြစ်ပါတယ်တဲ့ 4 00:00:07,707 --> 00:00:09,555 သူ့လိုပဲ ၂၀ ရာစု လက်သစ်ဆရာလို့ ကျွန်တော်တို့ အားလုံးလက်ခံထားတဲ့ 5 00:00:09,555 --> 00:00:13,857 ယောဂီ ဘယ်ရာ က ဒီအဆိုကို သဘောတူခဲ့ပါတယ် 6 00:00:13,857 --> 00:00:15,722 သူဆိုခဲ့တာကတော့ ဟောကိန်းထုတ်တယ် ဆိုတာ မလွယ်တဲ့အလုပ်ပါ 7 00:00:15,722 --> 00:00:18,458 အထူးသဖြင့် အနာဂတ်နဲ့ ပတ်သက်ရင်ပေါ့ 8 00:00:18,458 --> 00:00:20,269 ကျွန်တော်ကတော့ သူတို့ရဲ့ သတိပေးချက်တွေကို လျစ်လျှူရှုပြီး 9 00:00:20,269 --> 00:00:22,242 အထူး ခန့်မှန်းချက်တစ်ခု လုပ်ချင်ပါတယ် 10 00:00:22,242 --> 00:00:24,882 ကျွန်တော်တို့က အလွန် လျင်မြန် ဖန်တီးဖော်ဆောင်နေကြတဲ့ ကမ္ဘာကြီးမှာ 11 00:00:24,882 --> 00:00:26,595 ကျွန်တော်တို့ တွေ့ရမှာကတော့ 12 00:00:26,595 --> 00:00:28,320 သိပ္ပံ ဆန်းကြယ် ဝတ္ထုနဲ့ တူတဲ့အရာတွေ များသထက်များလာပြီး 13 00:00:28,320 --> 00:00:31,436 အလုပ်အကိုင်နဲ့ တူတဲ့အရာတွေကတော့ နည်းသထက်နည်းသွားမှာကိုပါပဲ 14 00:00:31,436 --> 00:00:34,188 မကြာခင်မှာပဲ ကားတွေက ကိုယ်ဘာသာကိုယ် မောင်းလာကြမှာမို့ 15 00:00:34,188 --> 00:00:36,884 ထရပ်ကားမောင်းသူတွေ လျော့ပြီး လိုအပ်လာမယ် 16 00:00:36,884 --> 00:00:39,005 ကျွန်တော်တို့ဟာ Siri ကို Watson နဲ့ ချိတ်ဆက်လိုက်ခြင်းဖြင့် 17 00:00:39,005 --> 00:00:41,602 လုပ်ငန်းတွေကို အလိုအလျောက် ထိန်းချုပ် လုပ်ကိုင်လာစေကြမယ် 18 00:00:41,602 --> 00:00:43,828 ဒီအလုပ်တွေဟာ လက်ရှိမှာ ဝန်ဆောင်မှု ကိုယ်စားလှယ်တွေ 19 00:00:43,828 --> 00:00:46,732 ပြဿနာရှာဖွေရေးသမား၊ နည်းစနစ် စိစစ်ရေးသမားတွေ လုပ်ကိုင်နေတာပါ 20 00:00:46,732 --> 00:00:48,988 အခုကတည်းက R2D2 စက်ရုပ်တွေ ကို 21 00:00:48,988 --> 00:00:52,228 လိမ္မော်ရောင် ဆေးသုတ်ပြီး 22 00:00:52,228 --> 00:00:54,777 ဂိုထောင်ထဲက စင်တွေကို ရွှေ့ခိုင်းနေပြီဖြစ်လို့ 23 00:00:54,777 --> 00:00:56,852 ဒီမင်းလမ်းတွေ ထဲမှာ တက်ဆင်း လုပကိုင်နေကြမယ့် 24 00:00:56,852 --> 00:00:58,818 လူတွေ ပိုနည်းပြီး လိုလာပါမယ် 25 00:00:58,818 --> 00:01:02,620 ကျွန်တော် အခုပြောနေတဲ့ အကြောင်းအရာကိုပဲ 26 00:01:02,620 --> 00:01:04,803 လူတွေ ပြောနေကြတာ နှစ်ပေါင်း ၂၀၀ လောက်ရှိနေပါပြီ 27 00:01:04,803 --> 00:01:07,620 နည်းပညာကြောင့် အလုပ်လက်မဲ့ဖြစ်မှု အနားကို ကျွန်တော်တို့ ရောက်နေပြီလို့ ပြောလာခဲ့ကြတာ 28 00:01:07,620 --> 00:01:10,035 လွန်ခဲ့တဲ့ ရာစုနှစ်ခုလောက်က ဗြိတိန်နိုင်ငံမှာ Luddites (စက်မှုတော်လှန်ရေးကို ဆန့်ကျင်သော လက်မှုပညာရှင်များ ) က 29 00:01:10,035 --> 00:01:11,931 စက်ရက်ကန်းတွေကို ဖျက်ဆီးကြကတည်းက စတင်ခဲ့တာပါ 30 00:01:11,931 --> 00:01:13,963 ဒါပေမဲ့ သူတို့ရဲ့ ယူဆချက်ဟာ မှားနေပါတယ် 31 00:01:13,963 --> 00:01:16,780 တကယ်တော့ ဖွံ့ဖြိုးပြီးကမ္ဘာထဲမှာ ကျွန်တော်တို့ စီးပွားရေးစနစ်ကြီးဟာ 32 00:01:16,780 --> 00:01:18,714 လူတိုင်းအလုပ်ကိုယ်စီ ရှိမယ့် အခြေအနေနီးနီးကို ရောက်ရှိလာခြင်းပဲဖြစ်ပါတယ် 33 00:01:18,714 --> 00:01:20,813 ဒီနေရာမှာ အရေးကြီးတဲ့ မေးခွန်းတစ်ခု မေးလာကြပါတယ် 34 00:01:20,813 --> 00:01:23,739 အဲဒါ မှန်တယ်ဆိုရင် ဒီတခါမှာ အခြေအနေဟာ ဘာကြောင့်မတူရတာလဲ။ 35 00:01:23,739 --> 00:01:26,735 မတူရတဲ့အကြောင်းရင်းကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ 36 00:01:26,735 --> 00:01:28,630 ကျွန်တော်တို့ရဲ့ စက်ကိရိယာတွေဟာ တစ်ခါမှမကြုံဖူးတဲ့ 37 00:01:28,630 --> 00:01:31,255 အရည်အသွေးတွေကို ပြသနိုင်လာပါပြီ 38 00:01:31,255 --> 00:01:34,515 နားလည်နိုင်လာတယ် စကားပြောနိုင်လာတယ် ကြားနိုင်လာတယ် မြင်နိုင်လာတယ် 39 00:01:34,515 --> 00:01:38,728 မေးခွန်းတွေကို ဖြေကြားနိုင်လာတယ်၊ နောက်ထပ်လည်း အရည်အသွေးအသစ်တွေကို ရယူကြလာတော့မှာပါ 40 00:01:38,728 --> 00:01:41,298 ဥပမာပြောရရင် ရွေ့လျားနိုင်ကြတဲ့ လူသားစက်ရုပ်တွေဟာ 41 00:01:41,298 --> 00:01:43,245 တကယ်ကို အခြေခံအကျဆုံး အဆင့်မှာပဲ ရှိပါသေးတယ် 42 00:01:43,245 --> 00:01:45,083 ဒါပေမဲ့ ကာကွယ်ရေးဌာနရဲ့ သုတေသနအဖွဲ့က 43 00:01:45,083 --> 00:01:46,598 ပြိုင်ပွဲတစ်ခု စီစဉ်လိုက်ပြီး 44 00:01:46,598 --> 00:01:48,912 စက်ရုပ်တွေကို ဒီလိုအရာမျိုးတွေ လုပ်ခိုင်းပါတယ် 45 00:01:48,912 --> 00:01:50,645 လမ်းကြောင်း မှတ်တမ်းတွေက အလုပ်ဖြစ်မယ်ဆိုရင် 46 00:01:50,645 --> 00:01:53,044 ဒီပြိုင်ပွဲလုပ်ရတာ အောင်မြင်တယ်ပေါ့ 47 00:01:53,044 --> 00:01:56,680 ဒီတော့ ကျွန်တော် လေ့လာကြည့်ရသလောက် 48 00:01:56,680 --> 00:01:58,856 ကျွန်တော်တို့ လူသားတွေ ဒီနေ့လုပ်နေတဲ့ အလုပ်တွေကို အန်းဒွိုက် (Andriod) တွေကို လုပ်ခိုင်းလို့ရမယ့် နေ့ဟာ 49 00:01:58,856 --> 00:02:01,737 တကယ့်ကို မဝေးတော့ဘူးလို့ ထင်ပါတယ် 50 00:02:01,737 --> 00:02:05,495 ဒါ့အပြင် ကျွန်တော်တို့ ဖန်တီးတည်ဆောက်နေတဲ့ ကမ္ဘာမှာ 51 00:02:05,495 --> 00:02:09,180 နည်းပညာတွေ များသထက်များလာပြီး အလုပ်အကိုင်ဆိုတဲ့ အရာတွေ နည်းသထက် နည်းလာပါလိမ့်မယ် 52 00:02:09,180 --> 00:02:11,429 အဲရစ် ဘရိုင်ယော့ဆန် နဲ့ ကျွန်တော်ကတော့ 53 00:02:11,429 --> 00:02:12,920 "စက်မှုခေတ်သစ်" လို့ အမည်ပေးထားတဲ့ ခေတ်ပါပဲ 54 00:02:12,920 --> 00:02:15,053 မှတ်သားစရာ တစ်ချက်ကတော့ 55 00:02:15,053 --> 00:02:17,602 ဒါဟာ ပကတိ သတင်းကောင်းကြီးပါပဲ 56 00:02:17,602 --> 00:02:20,919 ဒီသတင်းဟာ ဒီနေ့ကမ္ဘာကြီးအတွက် အကောင်းဆုံးသော စီးပွားရေးသတင်းပါပဲ 57 00:02:20,919 --> 00:02:24,448 ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာလိမ့်မယ်ဆိုတဲ့ သတင်းမျိုးမှ မဟုတ်ဘဲကိုး ခင်ဗျ 58 00:02:24,448 --> 00:02:26,347 ဒီနေ့ခေတ်ကမ္ဘာရဲ့ အကောင်းဆုံးသော စီးပွားရေးသတင်း ဖြစ်ရတဲ့ 59 00:02:26,347 --> 00:02:27,963 အဓိက အကြောင်းရင်း နှစ်ချက်ရှိပါတယ် 60 00:02:27,963 --> 00:02:30,948 ပထမအချက်ကတော့ နည်းပညာ ဖွံ့ဖြိုးမှုဆိုတာ ကျွန်တော်တို့ လက်ရှိလည်ပတ်နေတဲ့ 61 00:02:30,948 --> 00:02:34,685 စနစ်ကောင်းကြီးကို ဆက်လက်လည်ပတ်စေတဲ့ အရာပဲ ဖြစ်ပါတယ် 62 00:02:34,685 --> 00:02:37,206 ဒီစနစ်မှာ ထုတ်လုပ်မှုက အချိန်နဲ့ အမျှ တိုးတက်နေပြီး 63 00:02:37,206 --> 00:02:40,532 တစ်ချိန်တည်းမှာပဲ ဈေးနှုန်းကျဆင်းလာနေကာ 64 00:02:40,532 --> 00:02:44,736 ထုတ်လုပ်မှုပမာဏနဲ့ အရည်အသွေး တို့ကတော့ အရှိန်အဟုန်နဲ့ ဆက်လက် တိုးတက်သွားမှာ ဖြစ်ပါတယ် 65 00:02:44,736 --> 00:02:46,737 လက်ရှိမှာ တချို့သော လူတွေက ဒီဖြစ်စဉ်ကို ကြည့်ပြီး 66 00:02:46,737 --> 00:02:48,143 အနိမ့်စား ရုပ်ဝါဒီ လို့ပြောကြပါတယ် 67 00:02:48,143 --> 00:02:50,561 ဒါဟာ လုံးဝမှားယွင်းတဲ့ ရှုထောင့် အမြင်ပါ 68 00:02:50,561 --> 00:02:53,056 အမှန်တော့ ဒီဖြစ်စဉ်ဟာ ပေါကြွယ်မှုဖြစ်စဉ်ပါ 69 00:02:53,056 --> 00:02:56,478 ကျွန်တော်တို့ရဲ့ စီးပွားရေးစနစ်ဆီကနေပြီး ကျွန်တော်တို့ လိုချင်တဲ့ အရာပါ 70 00:02:56,478 --> 00:02:59,694 ဒီစက်မှု ခေတ်သစ်က မဟာသတင်းကောင်းဖြစ်ရတဲ့ ဒုတိယအကြောင်းရင် ကတော့ 71 00:02:59,694 --> 00:03:02,000 Andriod တွေက လူတွေလို အလုပ်လုပ်တတ်လာရင် 72 00:03:02,000 --> 00:03:05,252 ကျွန်တော်တို့ လုပ်စရာမလိုတော့ပါဘူး 73 00:03:05,252 --> 00:03:09,008 ငြီးငွေ့ဖွယ် အလုပ်တွေ ပင်ပင်ပန်းပန်းအလုပ်တွေ ကနေ လွတ်မြောက်သွားပါလိမ့်မယ် 74 00:03:09,008 --> 00:03:11,032 ဒီအကြောင်းကို ကိန်းဘရစ်ချ နဲ့ ဆီလီကွန် တောင်ကြားက 75 00:03:11,032 --> 00:03:13,584 ကျွန်တော့် သူငယ်ချင်းတွေနဲ့ ဒီအကြောင်း ပြောဖြစ်တော့ 76 00:03:13,584 --> 00:03:15,857 "ကောင်းလိုက်တာကွာ ငြီးငွေ့စရာ လည်းမလိုတော့ဘူး ပင်ပင်ပန်းပန်း လုပ်စရာလည်း မလိုတော့ဘူး 77 00:03:15,857 --> 00:03:17,908 ဒါဟာ လုံးဝကွဲပြားခြားနားတဲ့ လူ့ အဖွဲ့အစည်းတစ်ခုကို 78 00:03:17,908 --> 00:03:20,201 စိတ်ကူး ပုံဖော်ဖို့ အခွင့်အရေး ပေးလိုက်တာပဲ" တဲ့ 79 00:03:20,201 --> 00:03:23,113 ဘယ်လို အဖွဲ့အစည်းမျိုးလည်းဆိုတော့ ဖန်တီးသူတွေ လေ့လာရှာဖွေသူတွေ 80 00:03:23,113 --> 00:03:24,942 တင်ဆက်သူတွေ စိတ်ကူးကြံဆသူတွေက 81 00:03:24,942 --> 00:03:28,451 သူတို့ကို အထောက်အပံ့ ပေးသူတွေ ဘဏ္ဍာရေး စီမံခန့်ခွဲသူတွေနဲ့ ပူးပေါင်းပြီး 82 00:03:28,451 --> 00:03:31,130 ကိစ္စရပ်တွေ အပြန်အလှန်ဆွေးနွေးမယ် ဖျော်ဖြေမယ် ဉာဏ်အမြင်ဖွင့်ပေးမယ် 83 00:03:31,130 --> 00:03:33,208 အတွေးအမြင်တွေ လှုံ့ဆော်ပေးမယ် 84 00:03:33,208 --> 00:03:37,783 TED ဆွေးနွေးပွဲတွေနဲ့ အတော်တူတဲ့ လူအဖွဲ့အစည်းမျိုးပေါ့ 85 00:03:37,783 --> 00:03:40,266 ကျွန်တော်တို့ဟာ အံ့မခန်း တိုးတက်ပေါ်ထွန်းမှုကို ကြုံတွေ့နေရတယ်ဆိုတဲ့ အချက်ဟာ 86 00:03:40,266 --> 00:03:43,289 ဒီလိုနေရာမျိုးမှာ တော်တော်ကို မှန်ကန်ပါတယ် 87 00:03:43,289 --> 00:03:45,291 အရာဝတ္ထုတစ်ခု ကို ထုတ်လုပ်ရတာဟာ 88 00:03:45,291 --> 00:03:48,698 စာရွက် တစ်ရွက် ပုံနှိပ်ရသလောက် လွယ်တဲ့ ခေတ်ကြီးမှာ 89 00:03:48,698 --> 00:03:50,787 အံ့ဩလောက်စရာတွေ အများကြီး ဖြစ်နိုင်ခြေရှိပါတယ် 90 00:03:50,787 --> 00:03:54,464 လက်မှုပညာရှင်တွေ ဝါသနာတစ်ခုမှာ စိတ်အား ထက်သန်သူတွေဟာ 91 00:03:54,464 --> 00:03:56,331 အခုတော့ တီထွင်ဖန်တီးသူတွေ ဖြစ်လာကြပါပြီ 92 00:03:56,331 --> 00:03:58,721 အလုံးအရင်းနဲ့ စိတ်ကူးကြံဆဖန်တီးဖို့ တာဝန်ရှိလာပါတယ် 93 00:03:58,721 --> 00:04:01,003 အနုပညာရှင်တွေဟာ အတိတ်ကာလတုန်းက ရှိခဲ့တဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားပြီး 94 00:04:01,003 --> 00:04:04,171 ဘယ်တုန်းကမှ မဖြစ်နိုင်ခဲ့တဲ့ အရာတွေကို 95 00:04:04,171 --> 00:04:06,067 ဖန်တီးနိုင်လို့ ရလာပါပြီ 96 00:04:06,067 --> 00:04:08,184 ဒီလို မဟာစည်ပင် ထွန်းကားမှုခေတ်ထဲမှာ 97 00:04:08,184 --> 00:04:11,116 ပတ်ဝန်းကျင်ကို လိုက်ကြည့်လေလေ ရူပဗေဒပညာရှင် Freeman Dyson ရဲ့ စကားက 98 00:04:11,116 --> 00:04:14,190 ပုံချဲ့ပြီးပြောတာ မဟုတ်ဘူးဆိုတာ 99 00:04:14,190 --> 00:04:16,223 ယုံကြည်လာလေလေပါပဲ 100 00:04:16,223 --> 00:04:19,012 တကယ့်ကို အရှိကိုအရှိအတိုင်း ပြောထားတာပါ 101 00:04:19,012 --> 00:04:20,858 ကျွန်တော်တို့ဟာ အံ့မခန်းကာလတစ်ခုရဲ့ အလယ်ကို ရောက်ရှိနေတာပါ 102 00:04:20,858 --> 00:04:21,742 ("နည်းပညာဆိုသည်မှာ ဘုရားသခင်ထံမှ လက်ဆောင်ပင်ဖြစ်၏။ ၎င်းသည် ဘုရားသခင်ထံမှ လက်ဆောင်များအနက် အသက်ပြီးလျှင် အကြီးမြတ်ဆုံးသော လက်ဆောင်ဖြစ်သည်။ ၎င်းသည် လူ့ယဉ်ကျေးမှု အနုပညာနှင့် သိပ္ပံပညာတို့ အားလုံး၏ မိခင်ဖြစ်ပေသည်"။) - ဖရီးမန်း ဒိုင်ဆန် 103 00:04:21,742 --> 00:04:24,533 အဲဒါက နောက်ထပ် အရေးကြီးတဲ့ မေးခွန်းတစ်ခု ထုတ်မေးစရာ ဖြစ်လာတယ် 104 00:04:24,533 --> 00:04:27,509 ဒီစက်မှုခေတ်သစ် မှာ လွဲချော်သွားနိုင်တာမျိုးက ဘာလဲ ဆိုတာပါပဲ 105 00:04:27,509 --> 00:04:30,871 မှန်တယ် မဟုတ်လား။ အဆုံးသတ်လိုက်တော့ အားလုံး တိုးတက်ပြည့်စုံနေတော့၊ အိမ်ပြန်ကြရုံပဲ ရှိတော့တယ် 106 00:04:30,871 --> 00:04:33,537 တကယ်တမ်း ကျွန်တော်တို့ ဖန်တီးနေတဲ့ အနာဂတ်အကြောင်း လေးလေးနက်နက် တွေးကြည့်ရင် 107 00:04:33,537 --> 00:04:36,330 ရှေ့မှာ စောင့်ကြိုနေတဲ့ တကယ့်ကို ကြောက်မက်ဖွယ် စိန်ခေါ်မှု နှစ်မျိုးနှစ်စားကို တွေ့ရပါလိမ့်မယ် 108 00:04:36,330 --> 00:04:39,580 ပထမ တစ်မျိုးကတော့ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုပဲ ဖြစ်ပါတယ် 109 00:04:39,580 --> 00:04:42,670 ဒီအချက်ကို အတိုချုံးပြီး ထိထိမိမိ ထင်ဟပ်ပေးထားတာ ကတော့ စိတ်ကူးနဲ့ ရေးထားတဲ့ 110 00:04:42,670 --> 00:04:45,712 ဟင်နရီဖို့ ဒုတိယ နဲ့ မော်တော်ကား အလုပ်သမဂ္ဂဥက္ကဋ္ဌ Walter Reuther တို့ 111 00:04:45,712 --> 00:04:48,457 နှစ်ဦးသား အပြန်အလှန် ပြောဆိုကြပုံလေးပါ 112 00:04:48,457 --> 00:04:50,640 သူတို့နှစ်ဦးဟာ ခေတ်အမီဆုံး စက်ရုံတစ်ခုကို လှည့်လည်ကြည့်နေတုန်း 113 00:04:50,640 --> 00:04:53,390 ဖို့က ပါးစပ်ဆော့ပြီး 114 00:04:53,390 --> 00:04:55,552 "ဟေ့ ဝေါတာ၊ မင်းတော့ ဒီစက်ရုပ်တွေကို 115 00:04:55,552 --> 00:04:57,366 သမဂ္ဂအဖွဲ့ဝင်ကြေး ဘယ်လို ကောက်ခံမလဲကွ" လို့ မေးလိုက်ပါတယ် 116 00:04:57,366 --> 00:04:59,311 ရုသာကလည်း ပြန်ပက်လိုက်ပုံက 117 00:04:59,311 --> 00:05:03,853 " ဟေ့ ဟင်နရီ မင်းကော သူတို့တွေကို ကားဝယ်လာအောင် ဘယ်လိုလုပ်မလဲ" တဲ့ 118 00:05:03,853 --> 00:05:06,864 ဒီဖြစ်ရပ်မှာ Reuther ရဲ့ ပြဿနာက 119 00:05:06,864 --> 00:05:10,973 စက်တွေပဲ သုံးလာတဲ့ စီးပွားရေး စနစ်မှာ အလုပ်လုပ်ရဖို့ 120 00:05:10,973 --> 00:05:12,608 ခက်တယ် ဆိုတာပါပဲ 121 00:05:12,608 --> 00:05:14,832 ကိန်းဂဏန်းတွေထဲမှာ အဲဒါကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ် 122 00:05:14,832 --> 00:05:17,224 လွန်ခဲ့တဲ့ ဆယ်စုနှစ် နစ်စုကို ယူကြည့်ရင် 123 00:05:17,224 --> 00:05:20,888 ရင်းနှီးငွေပေါ် ပြန်ရငွေ၊ တစ်နည်း ကော်ပိုရိတ် အမြတ်ငွေဟာ 124 00:05:20,888 --> 00:05:22,572 တက်တက်လာနေတာ 125 00:05:22,572 --> 00:05:24,659 အခုဆို အမြင့်ဆုံး အဆင့်မှာပဲရှိနေသေးတုန်းပါ 126 00:05:24,659 --> 00:05:27,360 လုပ်အား အပေါ် ပြန်ရငွေကို၊ 127 00:05:27,360 --> 00:05:29,244 တစ်နည်း စီးပွားရေးစနစ်ထဲက ပေးခဲ့တဲ့ လုပ်အားခ စုစုပေါင်းကို ကြည့်ရင်တော့ 128 00:05:29,244 --> 00:05:31,791 သမိုင်းဝင် အနိမ့်ဆုံး အဆင့်မှာပဲ ရှိနေပြီး 129 00:05:31,791 --> 00:05:34,856 ဆန့်ကျင်ဘက်ကို လျင်မြန်စွာ ဦးတည်နေပါတယ် 130 00:05:34,856 --> 00:05:36,626 ဒါဟာ ရုသာအတွက်တော့ သတင်းဆိုးပါပဲ 131 00:05:36,626 --> 00:05:40,024 ဖို့အတွက်တော့ သတင်းကောင်းဖြစ်ပုံရပေမဲ့ 132 00:05:40,024 --> 00:05:42,328 တကယ်တော့ အဲလိုမဟုတ်သေးပါဘူး 133 00:05:42,328 --> 00:05:45,672 တန်ဖိုးမြင့်ပစ္စည်းတွေကို အရေအတွက် များများ ရောင်းချင်တယ်ဆိုရင် 134 00:05:45,672 --> 00:05:49,460 ဝင်ငွေတည်ငြိမ်ပြီး ကြွယ်ဝတဲ့ လူလတ်တန်းစား တော်တော်များများ ရှိဖို့ လိုအပ်ပါတယ် 135 00:05:49,460 --> 00:05:51,684 စစ်ပြီးကာလ တစ်လျှောက်လုံးမှာ 136 00:05:51,684 --> 00:05:54,317 အမေရိကမှာ ဒီလိုလူတန်းစားမျိုး ရှိခဲ့ပါတယ် 137 00:05:54,317 --> 00:05:58,669 ဒါပေမဲ့ လူလတ်တန်းစားတွေဟာ ဒီနေ့တွင် ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ် 138 00:05:58,669 --> 00:06:00,080 သိပြီးသား ကိန်းဂဏန်းတွေ ဆိုပေမယ့် 139 00:06:00,080 --> 00:06:02,439 တစ်ခုလောက်ပဲ ထပ်ပြောပါရစေ 140 00:06:02,439 --> 00:06:05,206 အမေရိကရဲ့ လူတစ်ဦး ပျမ်းမျှဝင်ငွေဟာ 141 00:06:05,206 --> 00:06:06,897 ဆယ့်ငါးနှစ်အတွင်းမှာ လက်တွေ့မှာ လျော့ကျလာပါတယ် 142 00:06:06,897 --> 00:06:08,612 မညီမျှမှု ဘက်မညီမှု တွေ အချိန်နဲ့အမျှ တိုးပွားလာပြီး 143 00:06:08,612 --> 00:06:12,537 အဆိုးဆီကိုပဲ ဦးတည်နေတဲ့ အခြေအနေမျိုးထဲမှာ 144 00:06:12,537 --> 00:06:15,717 ချောင်ပိတ်မိမယ့် ကိန်းဆိုက်လာနိုင်ပါတယ် 145 00:06:15,717 --> 00:06:18,116 ဒီမညီမျှမှုနဲ့ အတူပါလာမယ့် 146 00:06:18,116 --> 00:06:20,692 လူ့အဖွဲ့အစည်း ဆိုင်ရာ စိန်ခေါ်မှု တွေကို သတိပြုရန် လိုလာပါတယ် 147 00:06:20,692 --> 00:06:22,360 ကျွန်တော် သိပ်စိတ်မပူမိတဲ့ 148 00:06:22,360 --> 00:06:24,304 စိန်ခေါ်မှုမျိုးလည်း ရှိပါတယ် 149 00:06:24,304 --> 00:06:26,655 ဒီလိုပုံမျိုးတွေက အဲဒါကို ပြသကြပါတယ် 150 00:06:26,655 --> 00:06:28,477 ဒါဟာ ကျွန်တော် စိုးရိမ်တဲ့ 151 00:06:28,477 --> 00:06:30,941 လူမှုရေး ပြဿနာမျိုး မဟုတ်ပါဘူး 152 00:06:30,941 --> 00:06:33,084 ကျွန်တော်တို့ စက်ယန္တရားတွေ အသိစိတ်ဝင်လာပြီး 153 00:06:33,084 --> 00:06:36,567 လူတွေကို ပုန်ကန်ရင် ဘာဖြစ်လာမလဲဆိုတဲ့ 154 00:06:36,567 --> 00:06:39,743 အဆိုးဘက်ကို ကြိုတွေးတာတွေ အမြဲတမ်းရှိလာခဲ့ပါတယ် 155 00:06:39,743 --> 00:06:41,490 ကျွန်တော်ကတော့ ကျွန်တော်ကွန်ပျူတာက ပရင်တာကို သိရှိလာတဲ့ နေ့ကစပြီး 156 00:06:41,490 --> 00:06:44,719 ဒီအကြောင်းကို စိတ်ပူတော့ မယ်ခင်ဗျာ 157 00:06:44,719 --> 00:06:48,348 (ရယ်သံများ) (လက်ခုပ်သံများ) 158 00:06:48,348 --> 00:06:51,320 ဆိုတော့ ဒါမျိုးဟာ ကျွန်တော်တို့ စိုးရိမ်ရမယ့် စိန်ခေါ်မှုမျိုး မဟုတ်ပါဘူး 159 00:06:51,320 --> 00:06:54,108 တကယ့် စက်မှုခေတ်သစ်မှာ ကြုံလာကြရမယ့် 160 00:06:54,108 --> 00:06:56,320 လူမှုရေးရာ စိန်ခေါ်မှုအကြောင်း ပြောရရင် 161 00:06:56,320 --> 00:07:00,031 အမေရိကန်အလုပ်သမား နှစ်ဦးရဲ့ ပုံပြင်လေးကို စံနမူနာ တင်ပြီး ပြောပြချင်ပါတယ် 162 00:07:00,031 --> 00:07:01,799 ရာနှုန်းပြည့် အမေရိကန် စံနမူနာဖြစ်သွားအောင် 163 00:07:01,799 --> 00:07:03,946 နှစ်ယောက်လုံးကို လူဖြူတွေလို့ သဘောထားလိုက်ပါမယ် 164 00:07:03,946 --> 00:07:07,708 ပမထ တစ်ဦးက ကောလိပ်ပညာတတ် 165 00:07:07,708 --> 00:07:10,854 ကျွမ်းကျင် ပညာရှင်၊ တီထွင်ရှင်၊ မန်နေဂျာ 166 00:07:10,854 --> 00:07:13,605 အင်ဂျင်နီယာ၊ ဆရာဝန်၊ ရှေ့နေ လို လုပ်သားမျိုး 167 00:07:13,605 --> 00:07:16,024 သူ့ကို ကျွန်တော်တို့က တက်ဒ်လို့ ခေါ်မယ် 168 00:07:16,024 --> 00:07:18,297 သူက အမေရိကန် လူလတ်တန်းစားရဲ့ ထိပ်ဆုံးမှာပေါ့ 169 00:07:18,297 --> 00:07:21,179 သူနဲ့ ယှဉ်လျက် နောက် လုပ်သားကတော့ ကောလိပ် ပညာတတ် မဟုတ်ဘူး 170 00:07:21,179 --> 00:07:24,243 ကာယအလုပ်သမားလို၊ စာရေးလိုမျိုး၊ 171 00:07:24,243 --> 00:07:27,555 အဆင့်မမြင့်တဲ့ ကော်လံဖြူ သို့မဟုတ် ကော်လံပြာ အလုပ်သမား 172 00:07:27,555 --> 00:07:29,960 သူ့ကိုတော့ ဘီလ်လို့ ခေါ်မယ် 173 00:07:29,960 --> 00:07:32,039 လွန်ခဲ့တဲ့ နှစ် ၅၀ လောက်ကို ပြန်သွားကြည့်ရင် 174 00:07:32,039 --> 00:07:35,856 ဘီလ် နဲ့ တက်ဒ် တို့ဟာ အလွန်နီ်းစပ်တဲ့ ဘဝအနေအထားကို ပိုင်ဆိုင်ခဲ့ပါတယ် 175 00:07:35,856 --> 00:07:38,359 ဥပမာပြောရရင် ၁၉၆၀ မှာ သူတို့နှစ်ဦးလုံးဟာ အချိန်ပြည့် အလုပ်အကိုင် ရရှိနိုင်တဲ့ အလားအလာမျိုးပါ 176 00:07:38,359 --> 00:07:41,729 တစ်ပတ်ကို အနည်းဆုံး နာရီ ၄၀ အလုပ်ရှိတယ် 177 00:07:41,729 --> 00:07:45,025 သို့သော် လူမှုရေး သုတေသနပညာရှင် Charles Murray မှတ်တမ်းတင်ခဲ့သလိုပဲ 178 00:07:45,025 --> 00:07:47,993 ကျွန်တော်တို့ဟာ စီးပွားရေးကို အလိုလိုလည်ပတ်စေရန် လုပ်ကိုင်လာတဲ့ အချိန်မှာ 179 00:07:47,993 --> 00:07:52,140 ၁၉၆၀ ဆိုတာ စီးပွားရေး လုပ်ငန်းတွေမှာ ကွန်ပျူတာကို စသုံးခါစ အချိန်ပါ 180 00:07:52,140 --> 00:07:55,011 အဲဒီလို ကျွန်တော်တို့ဟာ နည်းပညာ၊ အော်တိုထိန်းချုပ်မှု၊ ဒီဂျစ်တယ်ပစ္စည်းတွေကို 181 00:07:55,011 --> 00:07:57,747 အရှိန်အဟုန်နဲ့ စီးပွားရေးစနစ်ထဲကို သွတ်သွင်းလာကြချိန်မှာတော့ 182 00:07:57,747 --> 00:08:00,772 ဘီလ်နဲ့ တက်ဒ်တို့ ရဲ့ ကံကြမ္မာဟာ လုံးဝတစ်ခြားစီ ဖြစ်သွားပါတယ် 183 00:08:00,772 --> 00:08:02,891 ဒီအချိန်ကာလ အတွင်းမှာ တက်ဒ်က ဆက်လက်ပြီး အချိန်ပြည့် အလုပ်အကိုင် ရှိနေပါတယ် 184 00:08:02,891 --> 00:08:05,643 Bill ကတော့ ဒီလိုမဟုတ်တော့ပါဘူး 185 00:08:05,643 --> 00:08:09,914 ကိစ္စတော်တော်များများမှာ Bill ဟာ စီးပွားရေးစနစ်ကနေ လုံးဝကင်းကွာသွားပြီး 186 00:08:09,914 --> 00:08:12,178 တက်ဒ်ကတော့ မကင်းကွာသလောက်ပါပဲ 187 00:08:12,178 --> 00:08:15,443 ဒီအချိန်အတွင်း တက်ဒ်ရဲ့ အိမ်ထောင်ရေးက ပျော်ပျော်ရွှင်ရွှင် ရှိခဲ့ပြီး 188 00:08:15,443 --> 00:08:17,084 ဘီလ်ကတော့ ဒီလို မဟုတ်ရှာပါဘူး 189 00:08:17,084 --> 00:08:20,406 တက်ဒ်ရဲ့ကလေးတွေကတော့ မိစုံဖစုံ နဲ့ ကြီးပြင်းလာရပြီး 190 00:08:20,406 --> 00:08:23,626 ဘီလ်ကလေးတွေရဲ့ အခြေအနေနဲ့တော့ ကွာခြားပါတယ် 191 00:08:23,626 --> 00:08:26,030 ဘီလ်ဟာ လူ့အသိုင်းအဝိုင်းထဲနေ ဖယ်ခွာလာနေဆိုတဲ့ အခြားထောက်ပြစရာတွေရော ရှိသေးလားဆိုတော့ 192 00:08:26,030 --> 00:08:29,719 သူဟာ သမ္မတရွေးကောက်ပွဲတွေမှာ ဝင်မဲပေးတာ လျော့နည်းလာပါတယ် 193 00:08:29,719 --> 00:08:33,712 ထောင်ဒဏ် ကျမှုလည်း ပိုများများလာပါတယ် 194 00:08:33,712 --> 00:08:37,696 ဒီလိုလူမှုရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ပျော်ရွှင်စရာ ပုံပြင်ကိုတော့ ကျွန်တော်မပြောနိုင်ပါဘူး 195 00:08:37,696 --> 00:08:40,443 ဒီဖြစ်စဉ်တွေက ပြန်ပြောင်းလာမယ့် အရိပ်အယောင်ကိုလည်း လုံးဝမတွေ့ရပါဘူး 196 00:08:40,443 --> 00:08:43,416 ဒီအချက်ဟာ ဘယ်တိုင်းရင်းသား လူမျိုးစု 197 00:08:43,416 --> 00:08:45,137 နေရပ်ဒေသအလိုက် ကိန်းဂဏန်းတွေကိုပဲ ကြည့်ကြည့် မှန်နေပါတယ် 198 00:08:45,137 --> 00:08:47,213 ပြီးတော့ အဲဒါတွေဟာ ပိုလို့ကိုပြင်းထန်လာနေကြလို့ 199 00:08:47,213 --> 00:08:48,984 ကျွန်တော်တို့ရဲ့ အခုလက်ရှိအံ့ဖွယ် တိုးတက်နေတဲ့ လူမှုအခွင့်အရေးလှုပ်ရှားမှုတွေကို တောင် 200 00:08:48,984 --> 00:08:52,632 လွှမ်းခြုံသွားနိုင်မယ့် အန္တရာယ်တောင် ရှိနေပါတယ် 201 00:08:52,632 --> 00:08:55,144 ဆီလီကွန်နဲ့ ကိန်းဘရစ်ချက ကျွန်တော့်ရဲ့ ရောင်းရင်းတွေကတော့ 202 00:08:55,144 --> 00:09:00,395 သူတို့ကိုသူတို့ Ted လို့ အပေါ်ယံလေး မြင်နေကြပါတယ် 203 00:09:00,395 --> 00:09:03,832 သူတို့တွေက အလုပ်တွေများနေလျက် ရလဒ်တွေ ဖြစ်ထွန်း အောင်မြင်နေတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ထားတယ် 204 00:09:03,832 --> 00:09:06,222 သူတို့ဆီမှာ ဒါတွေထဲက ရနေတဲ့ အကျိုးအမြတ်တွေကို ပြစရာ ရှိတယ် 205 00:09:06,222 --> 00:09:08,657 ဘီလ်ရဲ့ ဘဝကတော့ သူတို့နဲ့ လုံးဝကို ကွာခြားလှပါတယ် 206 00:09:08,657 --> 00:09:10,797 သူတို့တွေဟာ ဗော်တိုင်းယားရဲ့ အလုပ်နဲ့ပတ်သက်ပြီး ပြောကြားချက် 207 00:09:10,797 --> 00:09:13,049 ဘယ်လောက်ထိ မှန်ကန်ကြောင်း သက်သေပါပဲ 208 00:09:13,049 --> 00:09:16,630 အလုပ်ဟာ ကျွန်တော်တို့ကို မိစ္ဆာတရား သုံးပါးကနေ ကယ်တင်ပေးတယ် ဆိုတဲ့ အချက်ပါပဲ 209 00:09:16,630 --> 00:09:17,627 [အလုပ်သည် လူကို ပျင်းရိခြင်း၊ ဒုစရိုက် နဲ့ ဆင်းရဲနွမ်းပါးမှု တည်းဟူသော မိစ္ဆာတရားသုံးပါး မှ ကယ်တင်ပေး၏ Voltaire] 210 00:09:17,627 --> 00:09:20,963 ဒီတော့ စိန်ခေါ်မှုတွေ ဒီလိုရှိနေတာကို ဘယ်လိုရင်ဆိုင်ကြမလဲ 211 00:09:20,963 --> 00:09:23,546 ဘောဂဗေဒဆိုင်ရာ ဗျူဟာကတော့ အင်မတန်မှ ရိုးရှင်းပါတယ် 212 00:09:23,546 --> 00:09:26,686 အင်မတန်မှ ထင်သာမြင်သာရှိပါတယ် အထူးသဖြင့် ရေတိုမှာပေါ့ 213 00:09:26,686 --> 00:09:29,578 စက်ရုပ်တွေက လာမယ့်တစ်နှစ် နှစ်နှစ်အတွင်း ကျွန်တော်တို့ရဲ့ အလုပ်တွေအားလုံးကို သိမ်းကျုံးယူသွားမှာ မဟုတ်သေးပါဘူး 214 00:09:29,578 --> 00:09:34,046 ဒီတော့ အစဉ်အလာ ဘောဂ ၁၀၁ ဗျူဟာက ဆက်ပြီး အဆင်ပြေမယ်ပေါ့ 215 00:09:34,046 --> 00:09:36,198 စွန့်ဦးတီထွင်မှုကို အားပေးမယ် 216 00:09:36,198 --> 00:09:38,394 အခြေခံအဆောက်အအုံကို ထက်ဝက်လျှော့ချမယ် 217 00:09:38,394 --> 00:09:40,093 ကျွန်တော်တို့ရဲ့ ပညာရေးစနစ်က သင့်တော်တဲ့ အရည်အချင်းတွေရှိတဲ့ လူတွေကို 218 00:09:40,093 --> 00:09:43,690 မွေးထုတ်ပေးနိုင်တယ် ဆိုတာ သေချာအောင်လုပ်ရမယ် 219 00:09:43,690 --> 00:09:46,967 သို့သော် ရေရှည်မှာတော့ ကျွန်တော်တို့ဟာ နည်းပညာအပေါ်မှာ များစွာမှီခိုပြီး 220 00:09:46,967 --> 00:09:49,619 လုပ်အားပေါ် မှီခိုမှုနည်းတဲ့ စီးပွားရေးစနစ်ဆီကို ဦးတည်နေမယ်ဆိုရင် 221 00:09:49,619 --> 00:09:52,047 ပိုပြီး အရင်းအမြစ်ကျတဲ့ ပြောင်းလဲမှုတွေကို 222 00:09:52,047 --> 00:09:53,831 စဉ်းစားရတော့ပါမယ် 223 00:09:53,831 --> 00:09:57,030 ဥပမာပြောရရင် အနိမ့်ဆုံးဝင်ငွေ အာမခံချက်လိုမျိုးပေါ့ 224 00:09:57,030 --> 00:10:00,742 ဒီလိုပြောလိုက်လို့ သဘောမတွေ့သူ တစ်ဦးတစ်လေ ဒီအခန်းထဲရှိနိုင်ပါတယ် 225 00:10:00,742 --> 00:10:04,599 ဘာကြောင့်လဲဆိုတော့ အယူအဆက လက်ဝဲအစွန်းရောက်သလိုမျိုး 226 00:10:04,599 --> 00:10:07,818 ဓနဥစ္စာ ပြန်လည်ခွဲဝေရေးနဲ့ ပတ်သက်ပြီး အမြစ်လှန် ပြောင်းလဲရေးမျိုး ဆိုတာတွေနဲ့ ဆက်စပ်နေလို့ပါ 227 00:10:07,818 --> 00:10:09,771 ဒီအယူအဆနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် သုတေသနနည်းနည်း လုပ်လာခဲ့ပါတယ် 228 00:10:09,771 --> 00:10:12,226 ခုနက သဘောမတွေ့တဲ့ ပုဂ္ဂိုလ်ကို ကျေနပ်စေကောင်း ကျေနပ်စေနိုင်ပါမယ် 229 00:10:12,226 --> 00:10:14,858 အသားတင် အနိမ့်ဆုံးဝင်ငွေ အာမခံချက် ဆိုတာကို 230 00:10:14,858 --> 00:10:18,020 ဆိုရှယ်လစ်စနစ်ကို ပါးစပ်ကအမြုပ်ထအောင် ဟောပြောခဲ့ကြတဲ့ 231 00:10:18,035 --> 00:10:23,508 Friedrich Hayek၊ Richard Nixon နဲ့ Milton Friedman တို့က ထောက်ခံခဲ့တာဆိုတာပါပဲ 232 00:10:23,508 --> 00:10:25,387 တကယ်လို့များ လူကြီးမင်းတို့က ဒီ အာမခံ ဝင်ငွေ ဆိုတာမျိုးဟာ 233 00:10:25,387 --> 00:10:28,696 အောင်မြင်မှုဆီ မောင်းနှင်ရာမှာ အဟန့်အတားဖြစ်စေပြီး 234 00:10:28,696 --> 00:10:30,971 မိမိကိုယ်ကို ကျေနပ်မှုကို လျော့ကျစေနိုင်တယ်လို့ 235 00:10:30,971 --> 00:10:32,735 စိုးများ စိုးရိမ်မိရင် 236 00:10:32,735 --> 00:10:35,525 လူတွေရဲ့ လှုပ်ရှားပြောင်းရွှေ့နိုင်စွမ်း ဆိုတဲ့ 237 00:10:35,525 --> 00:10:38,200 ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုမှာ သိပ်ကို ဂုဏ်ယူခဲ့ရတဲ့ အရာဟာ 238 00:10:38,200 --> 00:10:41,540 အခုဆိုရင် တကယ်ကို လူမှုရေး အထောက်အပံ့တွေ ရက်ရက်ရောရောပေးတဲ့ 239 00:10:41,540 --> 00:10:44,739 မြောက်ဥရောပနိုင်ငံတွေနဲ့ ယှဉ်ရင် နိမ့်ကျလာနေပါပြီ 240 00:10:44,739 --> 00:10:47,531 ဒါကြောင့် ဘောဂဗေဒဆိုင်ရာ ဗျူဟာကတော့ အမှန်တကယ်ကို ရိုးရှင်းပါတယ် 241 00:10:47,531 --> 00:10:50,587 လူမှုရေးရာ ဗျူဟာကတော့ ပိုပြီး စိန်ခေါ်ချက်တွေရှိပါတယ် 242 00:10:50,587 --> 00:10:52,735 ဘီလ်ကို အလုပ်အကိုင်ရှိပြီး တစ်သက်လုံးအလုပ်မြဲအောင် 243 00:10:52,735 --> 00:10:56,563 ဘယ်လိုဗျူဟာသုံးရမလဲ ကျွန်တော်တော့ မသိပါဘူး 244 00:10:56,563 --> 00:10:59,067 ပညာရေးက ကြီးမားတဲ့ အဲဒီထဲ အခန်းကဏ္ဍက ပါဝင်တာ ကျွန်တော်သိပါတယ် 245 00:10:59,067 --> 00:11:00,847 ဒီအချက်ကို ကျွန်တော် ကိုယ်တွေ့ ထောက်ခံပါတယ် 246 00:11:00,847 --> 00:11:04,603 ကျွန်တော့်ပညာရေးရဲ့ အစောပိုင်းနှစ်တွေမှာ Montessori မှာ တက်ခဲ့ပါတယ် 247 00:11:04,603 --> 00:11:06,132 အဲဒီ့ပညာရေးက ကျွန်တော့်ကို သင်ပေးလိုက်တာကတော့ 248 00:11:06,132 --> 00:11:08,223 ကမ္ဘာကြီးဟာ စိတ်ဝင်စားစရာကောင်းတဲ့ နေရာတစ်ခု ဖြစ်ပြီး 249 00:11:08,223 --> 00:11:10,864 ကျွန်တော့်အလုပ်ကတော့ အဲဒီ့ကမ္ဘာကြီး အကြောင်း စူးစမ်းလေ့လာဖို့ပါ 250 00:11:10,864 --> 00:11:12,565 သုံးတန်းလည်းရောက်ရော အဲ့ဒီကျောင်းပိတ်သွားရာ 251 00:11:12,565 --> 00:11:14,633 ကျွန်တော်ဟာ အစိုးရ ပညာရေး ကျောင်းကို တက်လာရပါတော့တယ် 252 00:11:14,633 --> 00:11:18,999 ကျွန်တော်ကို ကျွန်တော် Gulag ထောင်ဆီ အပို့ခံလိုက်ရသလို ခံစားရပါတယ် 253 00:11:18,999 --> 00:11:21,900 အခုပြန်စဉ်းစားကြည့်လိုက်တော့မှ အဲဒီအလုပ်က 254 00:11:21,900 --> 00:11:24,414 စာရေး ဒါမှမဟုတ် ကာယအလုပ်သမား ဖြစ်လာနိုင်အောင် ကိုယ့်ကိုယ်ကို ပြင်ဆင်ဖို့ ဖြစ်တာ သဘောပေါက်လာတယ် 255 00:11:24,414 --> 00:11:26,744 အဲ့ဒီ အချိန်တုန်းကတော့ အလုပ်ဆိုတာ 256 00:11:26,744 --> 00:11:30,568 ပျင်းရိဖွယ် ပတ်ဝန်းကျင် ထဲမှာ စိတ်ပျက်အရှုံးပေးရတာမျိုးပါ 257 00:11:30,568 --> 00:11:31,916 ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင် လုပ်ဖို့လိုပါတယ် 258 00:11:31,916 --> 00:11:35,592 ကျွန်တော်တို့ကို ကျွန်တော်တို့ ဘီလ် အဖြစ်မခံနိုင်ပါဘူး 259 00:11:35,592 --> 00:11:37,936 ဒီတော့ ကျွန်တော်တို့ဟာ ပိုကောင်းတဲ့အရာတွေ ကြုံရဖို့ လက္ခဏာသစ်တွေကို တွေ့နေရပါပြီ 260 00:11:37,936 --> 00:11:40,760 နည်းပညာဟာ ပညာရေးကို လေးနက်စွာ ဩဇာလွှမ်းမိုးလာနေကာ 261 00:11:40,760 --> 00:11:43,288 အသက်အငယ်ဆုံး သင်ယူသူကနေ အကြီးဆုံးအထိ လူသားတွေ အပေါ်မှာ 262 00:11:43,288 --> 00:11:45,052 နက်နက်နဲနဲ အကျိုးသက်ရောက်လာနေတာကို တွေ့မြင်နေရပြီဖြစ်ပါတယ် 263 00:11:45,052 --> 00:11:47,672 ထင်ရှားတဲ့ လုပ်ငန်းရှင်တွေ ပြောနေကြတာကလည်း 264 00:11:47,672 --> 00:11:50,888 ကျွန်တော်တို့ တချိန်တုန်းက အလေးပေးလာခဲ့ကြတဲ့ အရာတွေကို ပြန်လည်သုံးသပ်ဖို့ လိုနေပြီဆိုတာပါပဲ 265 00:11:50,888 --> 00:11:53,148 ပြီးတော့ အလွန်လေးနက် တာရှည်ပြီး အချက်အလက်တွေကို အခြေခံထားတဲ့ အားထုတ်မှုများဖြင့် 266 00:11:53,148 --> 00:11:55,952 ပြဿနာတွေကို ရင်ဆိုင်နေရဆုံး လူ့အဖွဲ့အစည်းအချို့အတွက် ဘယ်လို ဖြေရှင်းပေးရမယ် ဆိုတာကို 267 00:11:55,952 --> 00:11:59,495 နားလည်အောင် ကြိုးစားမှုတွေကိုလည်း တွေ့မြင်နေရပါပြီ 268 00:11:59,495 --> 00:12:01,704 ဒီအတွက်ကြောင့် လက္ခဏာကောင်းတွေကို တွေ့နေရပါပြီ 269 00:12:01,704 --> 00:12:03,138 သို့သော် လက်ရှိအခြေအနေနဲ့ လုံလောက်ပြီလို့ 270 00:12:03,138 --> 00:12:05,080 ကျွန်တော် တစ်မိနစ်တောင် မဟန်ဆောင်လိုပါဘူး 271 00:12:05,080 --> 00:12:07,222 ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ တကယ့်ကို ကြီးမားလှပါတယ် 272 00:12:07,222 --> 00:12:10,328 သာဓကတစ်ခုမျှကို ပြရရင် အနည်းဆုံး ခြောက်လ အလုပ်အကိုင်မဲ့နေတဲ့ 273 00:12:10,328 --> 00:12:13,142 အမေရိကန်နိုင်ငံသား ငါးသန်းလောက် ရှိပါတယ် 274 00:12:13,142 --> 00:12:14,484 သူတို့ အကုန်လုံးကို Montessori ကျောင်းကို ပြန်ပို့လိုက်ပြီး 275 00:12:14,484 --> 00:12:16,927 ဒီပြဿနာတွေကို ဖြေရှင်း မရနိုင်ပါ 276 00:12:16,927 --> 00:12:19,282 ကျွန်တော် စိတ်အပူဆုံးက ကျွန်တော်တို့ ဖန်တီးနေတဲ့ ကမ္ဘာမှာ 277 00:12:19,282 --> 00:12:21,831 အံ့မခန်း နည်းပညာတွေပြည့်နေမှာ ဟုတ်ပေမဲ့ 278 00:12:21,831 --> 00:12:24,136 လူ့အဖွဲ့အစည်းကတော့ စိတ်ပျက်စရာ ကောင်းကာ 279 00:12:24,136 --> 00:12:27,103 နောက်ခံ အဖြစ်တည်ရှိနေတဲ့ စီးပွားရေးစနစ်ကလည်း 280 00:12:27,103 --> 00:12:28,584 အခွင့်အလမ်းတွေအစား မညီမျှမှုတွေပဲ ဖန်တီးပေးမှာကိုပါပဲ 281 00:12:28,584 --> 00:12:31,336 ဒါပေမဲ့ ကျွန်တော်တို့ တတွေ ဘယ်လို လုပ်ကိုင်နိုင်ကြမယ် ဆိုတာကိုလည်း ကျွန်တော်မသိပါဘူး 282 00:12:31,336 --> 00:12:32,965 ကျွန်တော်တို့ ဒီထက်ပိုကောင်းတာကို ဖန်တီးနိုင်မယ်လို့ ယူဆရန်အတွက် 283 00:12:32,965 --> 00:12:35,075 အလွန်ရိုးရှင်းတဲ့ အကြောင်းရင်းတစ်ခု ရှိပါတယ် 284 00:12:35,075 --> 00:12:37,043 အချက်အလက်တွေ ထွက်လာနေကြပါတယ် 285 00:12:37,043 --> 00:12:39,085 ဒီစက်မှုခေတ်သစ်နဲ့ စီးပွားရေးအပြောင်းအလဲဆိုင်ရာ အမှန်တရားတွေဟာ 286 00:12:39,085 --> 00:12:42,400 တစ်နေ့တစ်ခြား လူသိများလာနေပါပြီ 287 00:12:42,400 --> 00:12:45,251 အဲဒီဖြစ်စဉ်ကို ပိုပြီးတော့ မြန်မြန်ဆန်ဆန် ဖြစ်လာစေချင်ရင်တော့ 288 00:12:45,251 --> 00:12:48,017 အတော်ဆုံး ဘောဂဗေဒပညာရှင်တွေ မူဝါဒချမှတ်သူတွေကို 289 00:12:48,017 --> 00:12:50,436 Watson နဲ့အပြိုင် Jeopardy ပဟေဠိပြိုင်ပွဲ ဝင်ခိုင်းလို့ရပါတယ် 290 00:12:50,436 --> 00:12:53,986 လွှတ်တော်အမတ်တွေကို မောင်းသူမဲ့ ကားခရီးစဉ်မှာ လိုက်ပါခိုင်းလို့ ရပါတယ် 291 00:12:53,986 --> 00:12:55,639 ဒီလိုမျိုးတွေ လုံလုံလောက်လောက် လုပ်နိုင်ရင်တော့ 292 00:12:55,639 --> 00:12:59,043 အခြေအနေတွေ ပြောင်းလဲသင့်တဲ့ အချက်တွေကို ပိုလို့ကို သတိမူမိလာနိုင်ပါတယ် 293 00:12:59,043 --> 00:13:00,814 အဲဒီလိုဆိုရင် ကျွန်တော်တို့ဟာ ပြိုင်ဆိုင်ရေးဆီကို ဦးတည်နေပါပြီ 294 00:13:00,814 --> 00:13:03,244 ကျွန်တော်တို့ဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနည်းတွေကို မေ့လျော့ကုန်ပြီ 295 00:13:03,244 --> 00:13:06,212 တစ်ချက်လေးတောင် မကြိုးစားချင်လောက်အောင် စိတ်အားထက်သန်မှု မရှိတော့ဘူး 296 00:13:06,212 --> 00:13:10,562 ဒါမှမဟုတ် အသည်းမာလာပြီလို့ တစ်စက္ကန့်လေးတောင်မှ မထင်မှတ် မယုံကြည်နိုင်ပါဘူး 297 00:13:10,562 --> 00:13:12,956 ကျွန်တော့် ဆွေးနွေးချက်ကို တစ်ဦးနဲ့တစ်ဦး 298 00:13:12,956 --> 00:13:15,772 သမုဒ္ဒရာတစ်စင်း ရာစုနှစ်တစ်ခု ခြားနေခဲ့ကြတဲ့ ဝေါဟာရတွေ နဲ့ မိန့်ကြားချက်တွေနဲ့ စတင်ခဲ့ပါတယ် 299 00:13:15,772 --> 00:13:17,924 အခု နိဂုံးချုပ်ရာမှာလည်း အလားတူ အလှမ်းဝေးနေကြတဲ့ 300 00:13:17,924 --> 00:13:19,655 နိုင်ငံရေးသမားနှစ်ဦးရဲ့ စကားလုံးနဲ့ အဆုံးသတ်ပါရစေ 301 00:13:19,655 --> 00:13:22,988 Winston Churchill ၁၉၁၄ မှာ ကျွန်တော့် အမိတက္ကသိုလ် MIT ကို လာတုန်းက 302 00:13:22,988 --> 00:13:25,136 "အကယ်၍ ကျွန်တော်တို့ဟာ ဒေသအသီးသီးက ပြည်သူလူထုတွေကို 303 00:13:25,136 --> 00:13:28,846 ပေါကြွယ်၀ခြင်းဆိုတဲ့ စားပွဲဆီကို ဖိတ်ခေါ်နိုင်တယ် ဆိုရင်တော့ 304 00:13:28,846 --> 00:13:31,876 ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှု နည်းပညာတွေကို မရပ်မနား စဉ်ဆက်မပြတ် 305 00:13:31,876 --> 00:13:34,849 တိုးတက်အောင်လုပ်နိုင်ခဲ့ဖို့ကလွဲပြီး အခြားနည်းလမ်းမရှိနိုင်ပါဘူး" လို့ မိန့်ကြားခဲ့ပါတယ် 306 00:13:34,849 --> 00:13:37,468 Abraham Lincoln ကတော့ အခြားလိုအပ်ချက်တစ်ခုကို သဘောပေါက်ခဲ့ပါတယ် 307 00:13:37,468 --> 00:13:40,366 သူပြောခဲ့တာက "ကျွန်တော်ဟာ ပြည်သူတွေ အပေါ်မှာ ခိုင်မြဲစွာ ယုံကြည်သူပါ။ 308 00:13:40,366 --> 00:13:42,699 အမှန်ကိုသာ သိထားရရင် ပြည်သူတို့ဟာ 309 00:13:42,699 --> 00:13:45,068 ဘယ်လို အမျိုးသားရေး အကျပ်အတည်းကိုမဆို ရင်ဆိုင်နိုင်ပါတယ် 310 00:13:45,068 --> 00:13:47,852 အဓိက အရေးကြီးဆုံးက အချက်အလက်တွေ ရှိတဲ့အတိုင်း သူတို့ကို ချပေးဖို့ပါပဲ" တဲ့ 311 00:13:47,852 --> 00:13:50,962 အကောင်းမြင်တဲ့ မှတ်ချက်အနေနဲ့ လူကြီးမင်းတို့အတွက် အဓိကချန်ထားခဲ့ချင်တာ ကတော့ 312 00:13:50,962 --> 00:13:54,107 စက်မှုခေတ်သစ်ဆိုင်ရာ လက်တွေ့ အရှိတရားတွေဟာ ထင်ရှားလာနေကြပါပြီ 313 00:13:54,107 --> 00:13:56,564 ကျွန်တော်တို့ ဖန်တီးလိုကြတဲ့ စိန်ခေါ်မှုပြည့်၀ပြီး ပေါကြွယ်ဝတဲ့ စီးပွားရေးစနစ်အတွက် 314 00:13:56,564 --> 00:13:59,479 အဲဒီလို အချက်အလက်တွေကို ကောင်းကောင်းအသုံးချနိုင်မယ်လို့ 315 00:13:59,479 --> 00:14:02,012 ကျွန်တော် ရာနှုန်းပြည့် ယုံကြည်ပါတယ်။ 316 00:14:02,012 --> 00:14:03,703 ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ 317 00:14:03,703 --> 00:14:08,085 (လက်ခုပ်သံများ)