William Shakespeare ရဲ့ "As You Like it" မှ "All the World's a Stage" ပါ။ တစ်လောကလုံးက ဇာတ်စင်တစ်ခုပါ၊ မိန်းမ၊ ယောက်ျားဟူသမျှဟာ ဇာတ်ဆောင်တွေချည်း သက်သက်ပါ၊ သူတို့မှာ စင်ပေါ်မှ ဆင်းပေးရတာ ရှိသလို တက်ရတာလည်းရှိတယ်။ လူတစ်ယောက်ဟာ သူ့အချိန်မှာ အပိုင်းများစွာကို ကပြဖျော်ဖြေတယ်၊ အရွယ်ခုနှစ်ပါးမှာ သရုပ်ဆောင်တယ်၊ ပထမ နို့စို့အရွယ်မှာ တအီအီငိုရင်၊ ကလေးထိန်းရဲ့ လက်မောင်းတွေကို ဆွဲရင်းပေါ့၊ ဒီနောက်တော့ တညည်းညည်းနဲ့ ကျောင်းသားလေး၊ လွယ်အိတ်လေးနဲ့ပေါ့၊ ဝင်းပနေတဲ့ မျက်နှာ ခရုလို တရွေ့ရွေ့လျှောက်ရင်း ကျောင်းသွားဖို့ စိတ်မပါဘူးလေ။ ဒီနောက်တော့ ချစ်သူ၊ မီးပြင်းဖိုလို တဟင်းဟင်း၊ ပူဆွေးတဲ့ အချစ်သီချင်းတစ်ပုဒ်နဲ့ သူ့သခင်မရဲ့ မျက်ခုံးဖြစ်တော့မယောင်ယောင်၊ ဒီနောက်တော့ စစ်သားတစ်ယောက် ထူးဆန်းတဲ့ ကျမ်းသစ္စာတွေ၊ . ကျားသစ်လို့ မုတ်ဆိတ်ထားတယ်၊ ဂုဏ်အရာမှာ ဝန်တို၊ ရန်ပဲွဆို ရုတ်ကနဲ၊ သွက်ကနဲ ပလုံစီတဲ့ ဂုဏ်သတင်းကို ဖွေရှာ အမြှောက် နှုတ်ခမ်းဝမှာတောင်ပါ။ ဒီနောက်တော့ တရားမျှတမှု၊ သင်းကြက်ဖ ကောင်းကောင်းနဲ့ ဝမ်းဗိုက်ဖောင်းဖောင်းထဲမှာ ရိုးစင်းတဲ့မျက်လုံးတွေ၊ မုတ်ဆိတ်ကို သမားရိုးကျတိ ချင့်ချိန်နိုင်တဲ့ ဆိုရိုးတွေ၊ ခေတ်မီ သာဓကတွေ အပြည့်နဲ့ပေါ့။ ဒီလိုနဲ့ သူ့ဘဝအပိုင်းကို ကပြဖျော်ဖြေတယ်။ ဆဌမ သက်တမ်းက ကျုံလှီပြီး ကွင်းထိုးဖိနပ် စီးထားတဲ့ ဘောင်းဘီထဲ ပြောင်းသွားတယ်၊ နှာခေါင်းမှာ မျက်မှန်၊ ဘေးဘက်မှာ မျက်ပျဉ်း သူ့ပျိုမြစ်တဲ့ ဘောင်းဘီရှည်၊ ကောင်းစွာ သိမ်းထား၊ ကျယ်လွန်းတဲ့လောကတစ်ခု သူ့အတွက်တော့ ကျုံ့၊ကျုံ့လာ၊ ယောက်ျားပီသတဲ့ သူ့အသံသြသြကြီး ကလေးဘဝ အသံဆီ တစ်ဖန် ပြန်ပြောင်းနေ အသံစူစူးလေးတွေ၊ သူ့အသံထဲမှာ လေချွန်၊ နောက်ဆုံး အခန်းမှာတော့ ဒါက ဒီဆန်းပြားတဲ့ ဖြစ်ရပ်အစုံနဲ့ သမိုင်းကို အဆုံးသတ်တာက သူငယ်ပြန်တာနဲ့ သတိလွတ်ခြင်းသက်သက်၊ သွားမရှိ၊ မျက်လုံးမရှိ၊ အရသာမရှိ ဘာမှမရှိတော့ပါကလား။