အတော့်ကို ရိုးရှင်းပါတယ်၊ စည်းမျည်းစည်းကမ်းလို့ ပြောရမယ့် အချက် ၉-ချက်ရှိပါတယ် ကျွန်တော် ၃၅-နှစ်ကြာ ကျောက်တောင်တွေတက်ပြီး တွေ့ရှိလာတာတွေပါ အချက်အားလုံးကတော့ တော်တော်လေး အခြေခံကျပါတယ် နံပါတ်-၁ ကတော့ လက်လုံးဝ မလွှတ်ဖို့ပါ ဒါဟာအောင်မြင်ဖို့ သိပ်သေချာတဲ့ နည်းလမ်းပါ ဒါပေမယ့် တကယ် စစ်စစ်မှန်မှန်ပြောရရင် ခင်ဗျားတို့ ခန္ဓာကိုယ်က တကယ်မလုပ်သေးခင်မှာ ခင်ဗျားတို့ လွှတ်ချလိုက်ဖို့ ခဏခဏတွေးတတ်ပါတယ် ဒါကြောင့် အဲဒီနေရာလေးမှာပဲ တွယ်ထားပါ အဲဒီအခါ ခင်ဗျားတို့ တကယ့်ကို ထူးခြားတဲ့ အဖြေတွေ ပေါ်လာပါလိမ့်မယ် နံပါတ်-၂ ကတော့ တုံ့နှေး တုံ့နှေးလုပ်ခြင်းဟာ ဆိုးပါတယ် ဒါက ကျောက်တောင်စောင်းမှာ ဖိနပ်အားနဲ့တက်နေတာ၊ ထွော်လမ်န်မြစ် မြက်ခင်းပြင်အထက်မှာပါ ယော်ဆမ်းမတီ ကုန်းမြင့်ဒေသ မှာပါ ဖိနပ်အားပြုပြီး ကျောက်တောင်စောင်းမှာတက်ရင် မာကျောတဲ့ ကိုင်စရာအစွန်းတွေ ရှိမနေပါဘူး ကျောက်သားက ချိုင့်ခွက်လေးတွေကို အားပြုပြီး တက်ရတာပါ အကောင်းဆုံးတွန်းအားကို ကျောက်သားထဲ ပထမဆုံး လက်နှိုက်လိုက်တဲ့ အချိန်နဲ့ ခြေထောက်ကို ကျောက်သားပေါ်ပထမဆုံး ချလိုက်တဲ့ အချိန်တွွေမှာပဲ ရပါတယ် အဲဒီနေရာကစပြီး ခင်ဗျားတို့ လျောကျတော့တာပဲ အရှိန်အဟုန်နဲ့တက်ရင် ကောင်းပါတယ်၊ မရပ်လိုက်ဖို့ပါပဲ စည်းမျဉ်းနံပါတ်-၃ ကတော့ ကြိုတင်ကြံဆချက် ရှိဖို့ပါ ဒီလို တောင်တက်တာမျိုးကို တောင်ဗလာစွန်းတက်တယ်လို့ခေါ်ပါတယ် ဘိုလ်ဒါမြို့ပြင်က အယ်လ်ဒိုရာဒိုချောက် မှာပါ တောင်တက်သမားက တောင်ရဲ့ နောက်ဆုံးအထွတ်မှာပါ သူက တကယ်တော့ ကျွန်တော် ပြုတ်ကျခဲ့တဲ့ နေရာနားလောက်မှာ သူ့အောက်မှာ ပေ ၁-ထောင်လောက်မြင့်တဲ့ လေထုကရှိနေတယ် ခက်ခဲပါတယ်ဆိုတဲ့ တောင်ဇောင်းတွေ အကုန်လုံးက သူ့အောက်မှာ ဒါပေမယ့် ဖြစ်လေ့ဖြစ်ထ ရှိတာက ခင်ဗျားတို့က ခက်ခက်ခဲခဲ တွေးတတ်ကြတယ်၊ ဘယ်လိုဟာမျိုးလဲဆိုရင် "ငါ အခက်ခဲဆုံးအပိုင်းကို ဘယ်လိုများ ကျော်ဖြတ်ရပါ့မလဲ" ပေါ့ အဲဒီတော့ ဘာဖြစ်လာသလဲ ခင်ဗျားတို့ နောက်ဆုံး တောင်ထွတ်ကိုတော့ ရောက်လာတယ်၊ ဒါက လွယ်တယ် အဲဒီမှာ ခင်ဗျား လုံးဝ အားကုန်သွားပြီ၊ အဲဒါမျိုး မလုပ်ပါနဲ့ ထိပ်ဆုံးကိုရောက်ဖို့ ကြိုတင်ပြီး အစီအစဉ်ချထားရမယ် ဒါပေမယ့် လှုပ်ရှားမှုတစ်ခုချင်းစီကို ပြီးဆုံးအောင် လုပ်နိုင်ရမယ် ဒါက "ဒိုက် လမ်းကြောင်း"လို့ခေါ်တဲ့ တောင်တက်လမ်းပါ ယော်ဆမ်းမတီ ကုန်းမြင့်ဒေသက ပီးရတ်တောင်ခုံးကြီးပေါ်မှာပါ ဒီတောင်တက်တဲ့ ဟာမျိုးအတွက် စိတ်ဝင်စားစရာကောင်းတာကတော့ တက်ရတာ မခက်ခဲတာပါ ဒါပေမယ့် ကိုယ်က ခေါင်းဆောင်ဆိုရင် အဆိုးဆုံး အခြေအနေကတော့ ပေ-၁၀၀ အမြင့် လောက်ကနေ အောက်မှာရှိတဲ့ သိပ်မစောင်းတဲ့ ကျောက်ပြားတွေပေါ်ကိုကျသွားမှာ ဒါကြောင့် အာရုံစူးစိုက် ရပါမယ် အလယ်ခေါင်ကြီးမှာတော့ မရပ်ချင်ဘူးမဟုတ်လား ကိုလာရစ်ဂျ်မြို့ရဲ့ ကူဗလာခါန်းတောင်လိုမျိုးလေ ဆက်သွားနေရမယ် စည်းမျဉ်းနံပါတ်-၅ ကတော့ ဘယ်လို နားရမယ်ဆိုတာ သိခြင်းပါ တကယ်အံ့သြစရာပါ၊ အတော်ဆုံး တောင်တက်သမားဆိုတာ အရေးအကြီးဆုံး အခြေအနေတွေမှာ ခန္ဓာကိုယ်ကို ပုံစံအနေအထားတစ်မျိုးရအောင် လုပ်နို်င်ကြတယ် သူတို့ နားတဲ့ နေရာအနေအထားအရ ပြန်စုစည်းတယ်၊ စိတ်အေးအေးထားတယ်၊ စူးစိုက်တယ် ပြီးတော့ ဆက်သွားတယ် ဒါက နီးဒယ်(စ) ကယ်လီဖိုးနီးယားမှာပါပဲ ကြောက်စိတ်က တကယ်ဒုက္ခပေးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လုပ်နေတာကို အာရုံမစိုက်ဘုူးလို့ အဓိပ္ပါယ် ရနေပါတယ် အကျိုးဆက်တွေကိုပဲ အာရုံသွားစိုက်နေတာ ကိုယ်လုပ်နေတာကနေ ပြုတ်ကျသွားရင် ဖြစ်လာမယ့်ဟာကိုပေါ့ ဘာဖြစ်လို့လဲဆိုတော့ လှုပ်ရှားမှုတိုင်းက ကို်ယ်ရဲ့ အလုံးစုံ အာရုံစူးစိုက်မှုနဲ့ အလုပ်ကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ အတွေးဖြစ်စဉ်တွေ လိုအပ်ပါတယ် တောင်တက်တာမှာ လူအများစု အများဆုံးလုပ်တာက သာမန်လိုပဲ သဘောထားကြပြီး အထင်ရှားဆုံးအဖြေနောက်ကိုပဲ လိုက်ကြတယ် ဒါက ၀ိုင်အိုမင်မြို့က မကောင်းဆိုးဝါး မျှော်စင်ပါ ဒေါင်လိုက်ပုံ ဗဆော့ကျောက်တောင်ကြီးပါ ခင်ဗျားတို့ အများစုကတော့ "နဖူးတွေ့ဒူးတွေ့ကြုံကြိုက်ခြင်း" ဆိုတဲ့ ရုပ်ရှင်ကနေ ဒီကောျက်တောင်ကြီးကိုသိတာ ဖြစ်ချင်ဖြစ်မယ် ဒီတောင်မှာ အများအားဖြင့် အက်ကြောင်းတွေသုံးပြီး တောင်တက်တဲ့သူတွေက သူတို့ လက်တွေ၊ ခြေချောင်းလေးတွေကို အက်ကွဲကြောင်းလေးတွေထဲတည့်ပြီး စတက်ကြရော အက်ကြောင်းတွေက ခြေချောင်းလေးတွေဝင်နိုင်ဖို့အတွက် သေးလွန်းပါတယ် ဒါကြောင့် တက်ဖို့ တစ်ခုတည်းသော နည်းကတော့ လက်ချောင်းထိပ်လေးတွေကို သုံးပြီး အက်ကြောင်းထဲနှို်က်ဖို့ပါ ပြီးတော့ ဆန့်ကျင်ဘက် ဖိအားကို သုံးပြီး ကိုယ်ကို အပေါ်ကို ဆွဲတွန်းရပါမယ် စည်းမျည်းနံပါတ်-၈ ကတော့ ခွန်အားရှိခြင်းနဲ့ အောင်မြင်မှုတို့ဟာ အမြဲ ညီမနေဘူးဆိုတာပါ ၃၅-နှစ်လုံး ကျွန်တော် တောင်တက် လမ်းညွန်လုပ်လာတယ် မိုးလုံလေလုံ နံရံတွေပေါ်မှာ သင်ပေးခဲ့တာ၊ ဒါမျိုးတွေပေါ့ ကျွန်တော်သိရှိလာတဲ့ အရေးအကြီးဆုံးအရာကတော့ ယောကျ်ားတွေဟာ လက်မောင်းအားနဲ့ဆွဲတင်တာမျိုးကို အမြဲတမ်း လုပ်ကြည့်တတ်ကြပါတယ် အခုမှ စလုပ်တဲ့ ယောက်ျားတွေဆို၊ သူတို့ ဆွဲတင်တယ်၊ ဆွဲတင်တယ် ၁၅-ပေအမြင့်လောက်တော့ သူတို့ရောက်သွားတယ် သူတို့တွေ ၁၅-ခါလောက်တော့ ဆွဲတင်နိုင်တယ်လေ၊ ဟုတ်တယ်မဟုတ်လား ပြီးတာနဲ့ သူတို့ အားကုန်သွားရော အမျိုးသမီးတွေက ဟန်ချက်ကို ပိုထိန်းတတ်ကြတယ် ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ အဲဒီလို လုပ်ဖို့အကြံ မရှိဘူး သူတို့ အခါ-၁၀၀ လောက်ဆွဲတင်နိုင်လိမ့်မယ်ဆိုတဲ့ အကြံပေါ့ သူတို့က ကိုယ်အလေးချိန်ကို ခြေထောက်ပေါ်မှာ ဘယ်လိိုထိန်းထားရမယ်ဆိုတာပဲ တွေးတယ် ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သဘာဝဆန်တယ်၊ ခြေထောက်တွေက ခင်ဗျားတို့ကို တစ်နေကုန် သယ်ပေးနေတာကိုး ဟန်ချက်ဟာ တကယ့်ကို အခရာကျပါတယ် ကိုယ်အလေးချိန်ကို ကိုယ့်ခြေထောက်ပေါ်မှာ ထိန်းထားနိုင်တာက ကိုယ့်ရဲ့ အသန်စွမ်းဆုံး ကြွက်သားတွေကြောင့်ပါ စည်းမျဉ်းနံပါတ်-၉ လည်း ရှိပါတယ် ကျွန်တော် စည်းမျဉ်းနံပါတ်-၉ ကို အကြံရခဲ့တာဟာ ဘယ်လို ပြုတ်ကျရမယ်ဆိုတာ မပြင်ဆင်ခဲ့မိလို့ ပေ-၄၀ လောက်အထိ ပြုတ်ကျသွားပြီး နံရိုးအက်သွားတဲ့ နောက်ပိုင်းမှာပါ ကျိန်းသေဖြစ်တော့မယ်ဆိုတာ ကိုယ့်ဖာသာသိလာတဲ့ အချိန်ရောက်ရင် ဘယ်လို လွှတ်ချလိုက်မယ် ဆိုတာကို စစဉ်းစားဖို့ လိုလာပြီ ဒါဟာ တကယ်အရေးပါတဲ့ အစိတ်အပိုင်းပါ ထိခိုက်ဒဏ်ရာ မရအောင်ပေါ့ ကြိုးတွဲလောင်းနဲ့ ဘယ်လိုပြုတ်ကျမလဲဆိုတာရယ် တကယ်လို့ ကိုယ်က ကြိုးမပါပဲ တက်နေတာဆိုရင် အကျကို ကိုယ်အမှန်တကယ် ထိန်းချုပ်နိုင်တဲ့ နေရာကို ပြုတ်ကျပါ နောက်ဆုံးခါးသီးတဲ့ ဇာတ်သိမ်းရောက်တဲ့ထိတော့ တွယ်မထားပါနဲ့ ကျေးဇူး အများကြီး တင်ပါတယ် (လက်ခုပ်ဩဘာသံများ)