1 00:00:00,000 --> 00:00:03,000 အတော့်ကို ရိုးရှင်းပါတယ်၊ စည်းမျည်းစည်းကမ်းလို့ ပြောရမယ့် အချက် ၉-ချက်ရှိပါတယ် 2 00:00:03,000 --> 00:00:07,000 ကျွန်တော် ၃၅-နှစ်ကြာ ကျောက်တောင်တွေတက်ပြီး တွေ့ရှိလာတာတွေပါ 3 00:00:07,000 --> 00:00:11,000 အချက်အားလုံးကတော့ တော်တော်လေး အခြေခံကျပါတယ် 4 00:00:11,000 --> 00:00:14,000 နံပါတ်-၁ ကတော့ လက်လုံးဝ မလွှတ်ဖို့ပါ 5 00:00:14,000 --> 00:00:16,000 ဒါဟာအောင်မြင်ဖို့ သိပ်သေချာတဲ့ နည်းလမ်းပါ 6 00:00:16,000 --> 00:00:19,000 ဒါပေမယ့် တကယ် စစ်စစ်မှန်မှန်ပြောရရင် 7 00:00:19,000 --> 00:00:21,000 ခင်ဗျားတို့ ခန္ဓာကိုယ်က တကယ်မလုပ်သေးခင်မှာ ခင်ဗျားတို့ လွှတ်ချလိုက်ဖို့ ခဏခဏတွေးတတ်ပါတယ် 8 00:00:21,000 --> 00:00:23,000 ဒါကြောင့် အဲဒီနေရာလေးမှာပဲ တွယ်ထားပါ 9 00:00:23,000 --> 00:00:27,000 အဲဒီအခါ ခင်ဗျားတို့ တကယ့်ကို ထူးခြားတဲ့ အဖြေတွေ ပေါ်လာပါလိမ့်မယ် 10 00:00:27,000 --> 00:00:29,000 နံပါတ်-၂ ကတော့ တုံ့နှေး တုံ့နှေးလုပ်ခြင်းဟာ ဆိုးပါတယ် 11 00:00:29,000 --> 00:00:32,000 ဒါက ကျောက်တောင်စောင်းမှာ ဖိနပ်အားနဲ့တက်နေတာ၊ ထွော်လမ်န်မြစ် မြက်ခင်းပြင်အထက်မှာပါ 12 00:00:32,000 --> 00:00:34,000 ယော်ဆမ်းမတီ ကုန်းမြင့်ဒေသ မှာပါ 13 00:00:34,000 --> 00:00:38,000 ဖိနပ်အားပြုပြီး ကျောက်တောင်စောင်းမှာတက်ရင် မာကျောတဲ့ ကိုင်စရာအစွန်းတွေ ရှိမနေပါဘူး 14 00:00:38,000 --> 00:00:42,000 ကျောက်သားက ချိုင့်ခွက်လေးတွေကို အားပြုပြီး တက်ရတာပါ 15 00:00:42,000 --> 00:00:46,000 အကောင်းဆုံးတွန်းအားကို ကျောက်သားထဲ ပထမဆုံး လက်နှိုက်လိုက်တဲ့ အချိန်နဲ့ 16 00:00:46,000 --> 00:00:49,000 ခြေထောက်ကို ကျောက်သားပေါ်ပထမဆုံး ချလိုက်တဲ့ အချိန်တွွေမှာပဲ ရပါတယ် 17 00:00:49,000 --> 00:00:53,000 အဲဒီနေရာကစပြီး ခင်ဗျားတို့ လျောကျတော့တာပဲ 18 00:00:53,000 --> 00:00:56,000 အရှိန်အဟုန်နဲ့တက်ရင် ကောင်းပါတယ်၊ မရပ်လိုက်ဖို့ပါပဲ 19 00:00:56,000 --> 00:00:58,000 စည်းမျဉ်းနံပါတ်-၃ ကတော့ ကြိုတင်ကြံဆချက် ရှိဖို့ပါ 20 00:00:58,000 --> 00:01:00,000 ဒီလို တောင်တက်တာမျိုးကို တောင်ဗလာစွန်းတက်တယ်လို့ခေါ်ပါတယ် 21 00:01:00,000 --> 00:01:02,000 ဘိုလ်ဒါမြို့ပြင်က အယ်လ်ဒိုရာဒိုချောက် မှာပါ 22 00:01:02,000 --> 00:01:05,000 တောင်တက်သမားက တောင်ရဲ့ နောက်ဆုံးအထွတ်မှာပါ 23 00:01:05,000 --> 00:01:07,000 သူက တကယ်တော့ ကျွန်တော် ပြုတ်ကျခဲ့တဲ့ နေရာနားလောက်မှာ 24 00:01:07,000 --> 00:01:10,000 သူ့အောက်မှာ ပေ ၁-ထောင်လောက်မြင့်တဲ့ လေထုကရှိနေတယ် 25 00:01:10,000 --> 00:01:13,000 ခက်ခဲပါတယ်ဆိုတဲ့ တောင်ဇောင်းတွေ အကုန်လုံးက သူ့အောက်မှာ 26 00:01:13,000 --> 00:01:15,000 ဒါပေမယ့် ဖြစ်လေ့ဖြစ်ထ ရှိတာက 27 00:01:15,000 --> 00:01:17,000 ခင်ဗျားတို့က ခက်ခက်ခဲခဲ တွေးတတ်ကြတယ်၊ ဘယ်လိုဟာမျိုးလဲဆိုရင် 28 00:01:17,000 --> 00:01:20,000 "ငါ အခက်ခဲဆုံးအပိုင်းကို ဘယ်လိုများ ကျော်ဖြတ်ရပါ့မလဲ" ပေါ့ 29 00:01:20,000 --> 00:01:22,000 အဲဒီတော့ ဘာဖြစ်လာသလဲ 30 00:01:22,000 --> 00:01:24,000 ခင်ဗျားတို့ နောက်ဆုံး တောင်ထွတ်ကိုတော့ ရောက်လာတယ်၊ ဒါက လွယ်တယ် 31 00:01:24,000 --> 00:01:27,000 အဲဒီမှာ ခင်ဗျား လုံးဝ အားကုန်သွားပြီ၊ အဲဒါမျိုး မလုပ်ပါနဲ့ 32 00:01:27,000 --> 00:01:30,000 ထိပ်ဆုံးကိုရောက်ဖို့ ကြိုတင်ပြီး အစီအစဉ်ချထားရမယ် 33 00:01:30,000 --> 00:01:33,000 ဒါပေမယ့် လှုပ်ရှားမှုတစ်ခုချင်းစီကို 34 00:01:33,000 --> 00:01:35,000 ပြီးဆုံးအောင် လုပ်နိုင်ရမယ် 35 00:01:35,000 --> 00:01:37,000 ဒါက "ဒိုက် လမ်းကြောင်း"လို့ခေါ်တဲ့ တောင်တက်လမ်းပါ 36 00:01:37,000 --> 00:01:41,000 ယော်ဆမ်းမတီ ကုန်းမြင့်ဒေသက ပီးရတ်တောင်ခုံးကြီးပေါ်မှာပါ 37 00:01:41,000 --> 00:01:44,000 ဒီတောင်တက်တဲ့ ဟာမျိုးအတွက် စိတ်ဝင်စားစရာကောင်းတာကတော့ တက်ရတာ မခက်ခဲတာပါ 38 00:01:44,000 --> 00:01:46,000 ဒါပေမယ့် ကိုယ်က ခေါင်းဆောင်ဆိုရင် 39 00:01:46,000 --> 00:01:50,000 အဆိုးဆုံး အခြေအနေကတော့ ပေ-၁၀၀ အမြင့် လောက်ကနေ 40 00:01:50,000 --> 00:01:52,000 အောက်မှာရှိတဲ့ သိပ်မစောင်းတဲ့ ကျောက်ပြားတွေပေါ်ကိုကျသွားမှာ 41 00:01:52,000 --> 00:01:54,000 ဒါကြောင့် အာရုံစူးစိုက် ရပါမယ် 42 00:01:54,000 --> 00:01:57,000 အလယ်ခေါင်ကြီးမှာတော့ မရပ်ချင်ဘူးမဟုတ်လား 43 00:01:57,000 --> 00:01:59,000 ကိုလာရစ်ဂျ်မြို့ရဲ့ ကူဗလာခါန်းတောင်လိုမျိုးလေ 44 00:01:59,000 --> 00:02:01,000 ဆက်သွားနေရမယ် 45 00:02:01,000 --> 00:02:03,000 စည်းမျဉ်းနံပါတ်-၅ ကတော့ ဘယ်လို နားရမယ်ဆိုတာ သိခြင်းပါ 46 00:02:03,000 --> 00:02:05,000 တကယ်အံ့သြစရာပါ၊ အတော်ဆုံး တောင်တက်သမားဆိုတာ 47 00:02:05,000 --> 00:02:08,000 အရေးအကြီးဆုံး အခြေအနေတွေမှာ 48 00:02:08,000 --> 00:02:10,000 ခန္ဓာကိုယ်ကို ပုံစံအနေအထားတစ်မျိုးရအောင် လုပ်နို်င်ကြတယ် 49 00:02:10,000 --> 00:02:12,000 သူတို့ နားတဲ့ နေရာအနေအထားအရ 50 00:02:12,000 --> 00:02:15,000 ပြန်စုစည်းတယ်၊ စိတ်အေးအေးထားတယ်၊ စူးစိုက်တယ် 51 00:02:15,000 --> 00:02:19,000 ပြီးတော့ ဆက်သွားတယ် 52 00:02:19,000 --> 00:02:21,000 ဒါက နီးဒယ်(စ) ကယ်လီဖိုးနီးယားမှာပါပဲ 53 00:02:21,000 --> 00:02:23,000 ကြောက်စိတ်က တကယ်ဒုက္ခပေးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ 54 00:02:23,000 --> 00:02:26,000 ကိုယ်လုပ်နေတာကို အာရုံမစိုက်ဘုူးလို့ အဓိပ္ပါယ် ရနေပါတယ် 55 00:02:26,000 --> 00:02:28,000 အကျိုးဆက်တွေကိုပဲ အာရုံသွားစိုက်နေတာ 56 00:02:28,000 --> 00:02:31,000 ကိုယ်လုပ်နေတာကနေ ပြုတ်ကျသွားရင် ဖြစ်လာမယ့်ဟာကိုပေါ့ 57 00:02:31,000 --> 00:02:33,000 ဘာဖြစ်လို့လဲဆိုတော့ လှုပ်ရှားမှုတိုင်းက 58 00:02:33,000 --> 00:02:38,000 ကို်ယ်ရဲ့ အလုံးစုံ အာရုံစူးစိုက်မှုနဲ့ 59 00:02:38,000 --> 00:02:40,000 အလုပ်ကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ အတွေးဖြစ်စဉ်တွေ လိုအပ်ပါတယ် 60 00:02:40,000 --> 00:02:43,000 တောင်တက်တာမှာ လူအများစု အများဆုံးလုပ်တာက 61 00:02:43,000 --> 00:02:47,000 သာမန်လိုပဲ သဘောထားကြပြီး အထင်ရှားဆုံးအဖြေနောက်ကိုပဲ လိုက်ကြတယ် 62 00:02:47,000 --> 00:02:50,000 ဒါက ၀ိုင်အိုမင်မြို့က မကောင်းဆိုးဝါး မျှော်စင်ပါ 63 00:02:50,000 --> 00:02:53,000 ဒေါင်လိုက်ပုံ ဗဆော့ကျောက်တောင်ကြီးပါ 64 00:02:53,000 --> 00:02:56,000 ခင်ဗျားတို့ အများစုကတော့ "နဖူးတွေ့ဒူးတွေ့ကြုံကြိုက်ခြင်း" ဆိုတဲ့ ရုပ်ရှင်ကနေ ဒီကောျက်တောင်ကြီးကိုသိတာ ဖြစ်ချင်ဖြစ်မယ် 65 00:02:56,000 --> 00:02:58,000 ဒီတောင်မှာ အများအားဖြင့် အက်ကြောင်းတွေသုံးပြီး တောင်တက်တဲ့သူတွေက 66 00:02:58,000 --> 00:03:00,000 သူတို့ လက်တွေ၊ ခြေချောင်းလေးတွေကို အက်ကွဲကြောင်းလေးတွေထဲတည့်ပြီး 67 00:03:00,000 --> 00:03:02,000 စတက်ကြရော 68 00:03:02,000 --> 00:03:05,000 အက်ကြောင်းတွေက ခြေချောင်းလေးတွေဝင်နိုင်ဖို့အတွက် သေးလွန်းပါတယ် 69 00:03:05,000 --> 00:03:08,000 ဒါကြောင့် တက်ဖို့ တစ်ခုတည်းသော နည်းကတော့ လက်ချောင်းထိပ်လေးတွေကို သုံးပြီး 70 00:03:08,000 --> 00:03:10,000 အက်ကြောင်းထဲနှို်က်ဖို့ပါ 71 00:03:10,000 --> 00:03:12,000 ပြီးတော့ ဆန့်ကျင်ဘက် ဖိအားကို သုံးပြီး 72 00:03:12,000 --> 00:03:15,000 ကိုယ်ကို အပေါ်ကို ဆွဲတွန်းရပါမယ် 73 00:03:15,000 --> 00:03:18,000 စည်းမျည်းနံပါတ်-၈ ကတော့ ခွန်အားရှိခြင်းနဲ့ အောင်မြင်မှုတို့ဟာ အမြဲ ညီမနေဘူးဆိုတာပါ 74 00:03:18,000 --> 00:03:20,000 ၃၅-နှစ်လုံး ကျွန်တော် တောင်တက် လမ်းညွန်လုပ်လာတယ် 75 00:03:20,000 --> 00:03:22,000 မိုးလုံလေလုံ နံရံတွေပေါ်မှာ သင်ပေးခဲ့တာ၊ ဒါမျိုးတွေပေါ့ 76 00:03:22,000 --> 00:03:24,000 ကျွန်တော်သိရှိလာတဲ့ အရေးအကြီးဆုံးအရာကတော့ 77 00:03:24,000 --> 00:03:27,000 ယောကျ်ားတွေဟာ လက်မောင်းအားနဲ့ဆွဲတင်တာမျိုးကို အမြဲတမ်း လုပ်ကြည့်တတ်ကြပါတယ် 78 00:03:27,000 --> 00:03:29,000 အခုမှ စလုပ်တဲ့ ယောက်ျားတွေဆို၊ သူတို့ ဆွဲတင်တယ်၊ ဆွဲတင်တယ် 79 00:03:29,000 --> 00:03:31,000 ၁၅-ပေအမြင့်လောက်တော့ သူတို့ရောက်သွားတယ် 80 00:03:31,000 --> 00:03:33,000 သူတို့တွေ ၁၅-ခါလောက်တော့ ဆွဲတင်နိုင်တယ်လေ၊ ဟုတ်တယ်မဟုတ်လား 81 00:03:33,000 --> 00:03:35,000 ပြီးတာနဲ့ သူတို့ အားကုန်သွားရော 82 00:03:35,000 --> 00:03:37,000 အမျိုးသမီးတွေက ဟန်ချက်ကို ပိုထိန်းတတ်ကြတယ် 83 00:03:37,000 --> 00:03:40,000 ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ အဲဒီလို လုပ်ဖို့အကြံ မရှိဘူး 84 00:03:40,000 --> 00:03:42,000 သူတို့ အခါ-၁၀၀ လောက်ဆွဲတင်နိုင်လိမ့်မယ်ဆိုတဲ့ အကြံပေါ့ 85 00:03:42,000 --> 00:03:45,000 သူတို့က ကိုယ်အလေးချိန်ကို ခြေထောက်ပေါ်မှာ ဘယ်လိိုထိန်းထားရမယ်ဆိုတာပဲ တွေးတယ် 86 00:03:45,000 --> 00:03:48,000 ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သဘာဝဆန်တယ်၊ ခြေထောက်တွေက ခင်ဗျားတို့ကို တစ်နေကုန် သယ်ပေးနေတာကိုး 87 00:03:48,000 --> 00:03:50,000 ဟန်ချက်ဟာ တကယ့်ကို အခရာကျပါတယ် 88 00:03:50,000 --> 00:03:52,000 ကိုယ်အလေးချိန်ကို ကိုယ့်ခြေထောက်ပေါ်မှာ ထိန်းထားနိုင်တာက 89 00:03:52,000 --> 00:03:54,000 ကိုယ့်ရဲ့ အသန်စွမ်းဆုံး ကြွက်သားတွေကြောင့်ပါ 90 00:03:54,000 --> 00:03:56,000 စည်းမျဉ်းနံပါတ်-၉ လည်း ရှိပါတယ် 91 00:03:56,000 --> 00:03:58,000 ကျွန်တော် စည်းမျဉ်းနံပါတ်-၉ ကို အကြံရခဲ့တာဟာ 92 00:03:58,000 --> 00:04:00,000 ဘယ်လို ပြုတ်ကျရမယ်ဆိုတာ မပြင်ဆင်ခဲ့မိလို့ 93 00:04:00,000 --> 00:04:03,000 ပေ-၄၀ လောက်အထိ ပြုတ်ကျသွားပြီး နံရိုးအက်သွားတဲ့ နောက်ပိုင်းမှာပါ 94 00:04:03,000 --> 00:04:06,000 ကျိန်းသေဖြစ်တော့မယ်ဆိုတာ ကိုယ့်ဖာသာသိလာတဲ့ အချိန်ရောက်ရင် 95 00:04:06,000 --> 00:04:09,000 ဘယ်လို လွှတ်ချလိုက်မယ် ဆိုတာကို စစဉ်းစားဖို့ လိုလာပြီ 96 00:04:09,000 --> 00:04:12,000 ဒါဟာ တကယ်အရေးပါတဲ့ အစိတ်အပိုင်းပါ 97 00:04:12,000 --> 00:04:14,000 ထိခိုက်ဒဏ်ရာ မရအောင်ပေါ့ 98 00:04:14,000 --> 00:04:18,000 ကြိုးတွဲလောင်းနဲ့ ဘယ်လိုပြုတ်ကျမလဲဆိုတာရယ် 99 00:04:18,000 --> 00:04:20,000 တကယ်လို့ ကိုယ်က ကြိုးမပါပဲ တက်နေတာဆိုရင် 100 00:04:20,000 --> 00:04:24,000 အကျကို ကိုယ်အမှန်တကယ် ထိန်းချုပ်နိုင်တဲ့ နေရာကို ပြုတ်ကျပါ 101 00:04:24,000 --> 00:04:27,000 နောက်ဆုံးခါးသီးတဲ့ ဇာတ်သိမ်းရောက်တဲ့ထိတော့ တွယ်မထားပါနဲ့ 102 00:04:27,000 --> 00:04:29,000 ကျေးဇူး အများကြီး တင်ပါတယ် 103 00:04:29,000 --> 00:04:31,000 (လက်ခုပ်ဩဘာသံများ)