WEBVTT 00:00:00.834 --> 00:00:04.043 ကျွန်တော်ဟာ ဒီညအတွက် ဘလော့ဂ်ကို ရေးဖို့ ကြိုးစားနေတယ်၊ 00:00:04.054 --> 00:00:07.469 တကယ့်ကိုပဲ ကျွန်တော်ဟာ အကျဉ်းထောင်ထဲကို သွားခဲ့ပြီး ချစ်စရာကောင်းတဲ့ 00:00:07.470 --> 00:00:13.144 အကျဉ်းသား တသီကြီးကို ပွေ့ဖက်လိုက်ရတယ်၊ အဲဒီအချိန်မှာပဲ အလုပ်များနေတဲ့ 00:00:13.145 --> 00:00:17.550 DJ တယောက်က ဓာတ်ပြားတချို့ကို လှည့်ကစားနေစဉ်၊ Richard Branson ကျတော့ 00:00:17.551 --> 00:00:21.713 ဘိန်းဖြူကို ဘယ်မှာ ရနိုင်ကြောင်းကို ပြောပြခဲ့တာ တကယ်လို့ ထင်စရာရှိပါတယ်။ 00:00:21.714 --> 00:00:23.499 (ရယ်မောသံများ) 00:00:23.500 --> 00:00:25.066 (လက်ခုပ်တီးသံများ) 00:00:33.736 --> 00:00:35.742 တကယ့်အဖြစ်နော်! 00:00:35.743 --> 00:00:36.872 (ရယ်မောသံများ) 00:00:43.472 --> 00:00:44.970 သင်ခန်းစာ နံပါတ် တစ်- 00:00:46.810 --> 00:00:52.558 ခင်ဗျားတို့ကို လုပ်ပိုင်ခွင့်အာဏာ မပေးတဲ့ ဟောကိန်းကို ဘယ်တော့မှ မယုံကြည်ပါနဲ့။ 00:00:54.218 --> 00:00:57.236 ကျွန်တော် မွေးတုန်းက ဆရာဝန်တွေက ကျွန်တော့ အသက် ၂၄ နာရီမပြည့်မီမှာကို 00:00:57.237 --> 00:01:01.530 သေသွားလိမ့်မယ်လို့ ကျွန်တော့မိဘတွေကို ပြောခဲ့ကြပါတယ်။ 00:01:04.080 --> 00:01:09.767 ၃၅ နှစ်ကြာလာလို့ ဒီနေ့တွင် အဲဒီဆရာဝန်တွေ အားလုံး သေသွားကြပြီ၊ 00:01:09.768 --> 00:01:11.177 (ရယ်မောသံများ) 00:01:17.747 --> 00:01:22.276 ကျန်ရစ်ခဲ့တဲ့ ဆရာဝန်ဆိုလို့ ကျွန်တော် တယောက်တည်းပါပဲ။ 00:01:22.277 --> 00:01:23.408 (ရယ်မောသံများ) 00:01:23.409 --> 00:01:24.601 (လက်ခုပ်တီးသံများ) 00:01:28.501 --> 00:01:32.333 ခင်ဗျားတို့ကို လုပ်ပိုင်ခွင့်အာဏာ မပေးတဲ့ ဟောကိန်းကို ဘယ်တော့မှ မယုံကြည်ပါနဲ့။ 00:01:32.334 --> 00:01:37.881 ခင်ဗျားတို့ရဲ့ ဘဝတခုလုံးမှာ အပြောခံခဲ့ရတဲ့ ဟောကိန်းတွေ ဘယ်လောက်များခဲ့လဲ? 00:01:37.882 --> 00:01:41.993 ခင်ဗျားတို့ကို လုပ်ပိုင်ခွင့် အာဏာဘယ်လိုမှ မပေးတဲ့ ဟောကိန်းတွေကို ယုံကြည်ရင်၊ 00:01:41.994 --> 00:01:45.635 ခင်ဗျားတို့ဟာ ညှိုးနွမ်းလာကာ သေသွားမှာပါ၊ 00:01:45.636 --> 00:01:49.469 ရုပ်ပိုင်းအရ ဖြစ်စေ၊ စိတ်ပိုင်းအရ ဖြစ်စေ သေသွားမှာဖြစ်ပြီး 00:01:49.470 --> 00:01:53.603 ခင်ဗျားဟာ ဘောင်တခုပေါ်မှာ တပ်ဆင်ပေးထားတဲ့ ထုထယ်ကြီးသဖွယ် 00:01:53.604 --> 00:01:56.939 အသက်ရှင် လမ်းလျှောက်နေသူ ဖြစ်လာမှာပါ။ 00:02:00.119 --> 00:02:03.758 ခင်ဗျားတို့ဟာ ခင်ဗျားတို့ရဲ့ ဘဝတလျှောက်မှာ နာမည်ဂုဏ်ထူးတွေ အမျိုးမျိုး ပေးခံရပါ့မယ်၊ 00:02:03.759 --> 00:02:07.163 ပြီးတော့ အမျိုးမျိုးသော အရာတွေကို ခင်ဗျားကို ပြောပြကြပါလိမ့်မယ်။ 00:02:07.164 --> 00:02:11.149 ဒါပေမဲ့ ခင်ဗျားတို့ဟာ လုပ်ပိုင်ခွင့် အာဏာကို ပေးမယ့်ဟာကိုသာ ယုံကြည်ရပါမယ်။ 00:02:12.209 --> 00:02:15.234 ကျွန်တော့ တသက်လုံးမှာ ကျွန်တော့ကို လုပ်ကျွေးလာခဲ့ကာ၊ 00:02:15.235 --> 00:02:19.511 ကျွန်တော့ထံမှနေပြီး ရယူကြမယ့်သူတွေ အားလုံးတို့ကပါ၊ အဲဒါကို မသိတောင် 00:02:19.512 --> 00:02:22.009 အကျိုးစီးပွားတွေကို ခံစားနိုင်ကြမှာပါ။ 00:02:22.419 --> 00:02:26.367 ပြီးတော့ ကျွန်တော် ဒီနေ့ဒီမှာ ရှိနေတာက ဘဝထဲက အခက်အခဲတွေ အကြောင်းကို 00:02:26.367 --> 00:02:29.965 ပြောပြဖို့ မဟုတ်သလို၊ ခင်ဗျားတို့ရဲ့ အခက်အခဲတွေကို သိပါတယ်လို့ မပြောချင်ပါ။ 00:02:29.965 --> 00:02:35.375 ခင်ဗျားတို့ရဲ့ ဘဝထဲ ဘယ်လို အခက်အခဲတွေကို ဖြတ်ကျော်နေရကြောင်း ကျွန်တော် လုံးဝ မသိရပါ။ 00:02:35.375 --> 00:02:39.776 အဲဒီထက်ပိုလို့၊ ခင်ဗျားတို့ရဲ့ အနီးအနားမှာ ကျွန်တော် ကြီးပြင်းလာခဲ့တာလည်း မဟုတ်ပါ။ 00:02:39.777 --> 00:02:44.457 ကျွန်တော့ဆီမှာ ခင်ဗျားတို့လို မိဘတွေမရှိ၊ ခင်ဗျားတို့ခန္ဓာကိုယ်ထဲမှာ နေနေတာ မဟုတ်ပါ။ 00:02:44.458 --> 00:02:48.942 ခင်ဗျားတို့ ဘဝထဲမှာ ဖြစ်ပျက်ခဲ့တာ ကျွန်တော့ဆီမှာ မဖြစ်ပျက်ခဲ့ကြပါ။ 00:02:48.943 --> 00:02:53.015 ကျွန်တော်ဟာ ပါရဂူပါလို့ ကိုယ့်ကိုကိုယ် ပြောနိုင်တာ တခုတည်းကတော့ 00:02:53.016 --> 00:02:57.017 ကျွန်တော်ရဲ့ ဘဝပါ၊ ကျွန်တော် အဲဒါကို တကယ့်ကောင်းကောင်းသိသူပါ။ 00:02:57.018 --> 00:02:58.507 (လက်ခုပ်တီးသံများ) 00:03:04.477 --> 00:03:07.727 ဒါပေမဲ့ အဲဒါကို ရယူခဲ့ရတာဟာ မလွယ်ကူခဲ့ပါ၊ 00:03:08.887 --> 00:03:14.195 ကျွန်တော် ဖြတ်သန်းခဲ့ရတာတွေကို ခင်ဗျားတို့ကိုပါမဖြတ်သန်းစေလိုပါဘူး။ 00:03:14.196 --> 00:03:18.619 ကျွန်တော်ဟာ သတိရနေစဉ် အရိုးခြင်ဆီများထဲက သတ္ထုအတန်းတွေ ထုတ်ခံခဲ့ရတယ်၊ 00:03:18.620 --> 00:03:21.964 မေးရိုးထဲ ကူးစက်ရောဂါ ဖြစ်ခဲ့လို့ သွားတွေကို နှုတ်ယူခဲ့ရတယ်၊ 00:03:21.965 --> 00:03:24.951 ကျွန်တော်ဟာ ကျွန်တော့ အစားအစာတွေကို ဝါးမျိုးမရတော့ပါဘူး။ 00:03:24.952 --> 00:03:27.574 ပြီးတော့ ကျွန်တော့ကို မနက်တိုင်းမှာ နှိုးပေးတာကအစ 00:03:27.575 --> 00:03:31.686 ရေချိုးခြင်းနဲ့ ပြုစုစောင့်ရှောက်မှုကို အခြားသူ တယောက်က လုပ်ပေးရပါတယ်၊ 00:03:31.686 --> 00:03:35.406 ကျွန်တော် လပ်ထပ်ထားတဲ့ ကျွန်တော့ဇနီးချောက အဲဒါတွေ လုပ်ပေးနိုင်တယ် ကံကောင်းတာပေါ့။ 00:03:35.406 --> 00:03:37.359 (လက်ခုပ်တီးသံများ) 00:03:41.049 --> 00:03:43.761 စစချင်းမှာ ကျွန်တော် သွားလေရာ နေရာတိုင်းမှာ၊ 00:03:43.762 --> 00:03:45.875 လူတွေနဲ့ စပြီးတွေ့တွေ့ချင်းမှာ၊ 00:03:45.876 --> 00:03:48.210 သူတို့က ကျွန်တော့ ဘဝအထ္ထုပတ္တိကို မသိကြဘူးဆိုရင်၊ 00:03:48.220 --> 00:03:53.480 လူသားတို့ရဲ့ သဘာဝအရ သူတို့ဘာသာသူတို့ အလိုအလျောက်၊ 00:03:53.481 --> 00:03:58.452 "အို၊ ဒီလိုလူဖြစ်ရတာ သိပ်ကို ခက်ခဲမှာပဲ!" လို့ ထင်မိတတ်ကြပါတယ်။ 00:03:59.692 --> 00:04:03.698 လူတယောက်ဟာ ကျွန်တော့ကို သနားနေရင် ထိုသူဟာ အချိန်ကို အလကားဖြုန်းနေခြင်းပါပဲ၊ 00:04:03.699 --> 00:04:07.210 ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် အားကောင်းတဲ့ ဘဝကို ရွေးချယ်ထားသူမို့လို့ပါ၊ 00:04:07.211 --> 00:04:10.952 ခင်ဗျားတို့ကိပါ အားကောင်းတဲ့ ဘဝကို ရွေးနိုင်အောင် ကူပေးဖို့ လာခဲ့တာပါ၊ 00:04:10.953 --> 00:04:14.397 ဒီမှာ ကျွန်တော်တို့ဟာ ဒီနေ့ ဆေးတွေ အကြောင်းကို ပြောဆိုခဲ့ကြပါသေးတယ်။ 00:04:14.398 --> 00:04:19.571 လူသားတွေကို တကယ်နှိပ်စက်နေတဲ့ အဆိုးဝါးဆုံး ဆေးက ဘာလဲ ခင်ဗျားတို့သိလား။ 00:04:19.572 --> 00:04:21.315 သနားမှုပါ။ 00:04:21.315 --> 00:04:24.060 ခင်ဗျားတို့က အခြားလူတယောက်ကို သနားမိတာနဲ့၊ 00:04:24.061 --> 00:04:27.513 ဒါမှမဟုတ် ခင်ဗျားတို့ဟာ ကိုယ့်ကိုကိုယ် သနားမိတာနဲ့ ခင်ဗျားတို့ ကိစ္စတုံးသွားပါပြီ။ 00:04:27.514 --> 00:04:31.881 ခင်ဗျားတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေဟာ လုံးဝ အပြည့်အဝ ပျက်သုဉ်းသွားပါပြီ။ 00:04:32.901 --> 00:04:37.865 ကျွန်တော်တို့ဟာ ကိုယ့်ကို သနားလို့မရဘူး၊ ကျွန်တော်တို့ဟာ ခင်ဗျားကို သနားလို့ မရဘူး။ 00:04:37.866 --> 00:04:45.006 ကျွန်တော်ဟာ ဒီနေ့ အိမ်ကို ပြန်ဖို့လိုတယ်၊ လွတ်လပ်မှုကို ခံစားနိုင်တာ မှန်ပေမဲ့၊ 00:04:45.007 --> 00:04:48.144 ကျွန်တော် ဒီနေ့ ခင်ဗျားတို့ကို ပြောပြလိုတဲ့ လွတ်လပ်မှုကျတော့၊ 00:04:48.145 --> 00:04:51.879 ကျွန်တော်က လွတ်လပ်မှုအဖြစ် လက်ခံရန် ရွေးခဲ့တဲ့ လွတ်လပ်မှုဆိုတာက၊ 00:04:51.880 --> 00:04:53.193 ကျွန်တော် ပြောခဲ့သလို၊ 00:04:53.194 --> 00:04:56.623 ကျွန်တော်တို့ကို လုပ်ပိုင်ခွင့်အာဏာ မပေးတဲ့ ဟောကိန်းကို ဘယ်တော့မှ ယုံကြည် မရပါဘူး! 00:04:56.624 --> 00:05:01.351 ဒီနေ့ မှတ်ယူရမယ့် ဒုတိယအချက်က ခင်ဗျားရဲ့ အခြေအနေဟာ ခင်ဗျားရဲ့ ဘဝ မဟုတ်စေရပါ။ 00:05:01.352 --> 00:05:02.489 အဲဒီလို လုံးဝ မဟုတ်စေရပါ။ 00:05:02.490 --> 00:05:04.797 ကျွန်တော်ဟာ မသန်စွမ်းသူ မဟုတ်ပါ! 00:05:04.798 --> 00:05:08.745 ဒါပေမဲ့ ကျွန်တော်ဟာ မသန်စွမ်းသူတို့အတွက် ကားထားရုံဆိုင်ရာ အခွင့်ထူးကိုတော့ ယူမှာပေါ့ 00:05:08.746 --> 00:05:10.134 (ရယ်မောသံများ) 00:05:11.504 --> 00:05:15.188 ဒါပေမဲ့ အဲဒီအချက်က ကျွန်တော့ကို လူသားအနေနဲ့ ဆုံးဖြတ်တာ မဟုတ်ပါ။ 00:05:15.189 --> 00:05:16.517 မသန်စွမ်းသူတဲ့လား။ 00:05:16.518 --> 00:05:21.216 ကျွန်တော့ကို တသက်လုံး မသန်စွမ်းသူအဖြစ် သုံးသပ် ဆက်ဆံခံခဲ့ရပါတယ်။ 00:05:21.217 --> 00:05:23.787 အဲဒါနဲ့ ကျွန်တော်ဟာ တခုတည်းသော မသန်စွမ်းမှုမှာ 00:05:23.788 --> 00:05:28.949 လိုက်ဖက်အောင် မနေထိုင်တတ်မှုသာ ဖြစ်တာကို သူတို့ကို ရှင်းပြလာရပါတယ်။ 00:05:28.950 --> 00:05:32.063 ခင်ဗျားတို့ရဲ့ ဘယ်ဝန်းကျင်မှာမဆို လိုက်ဖက်အောင် ပြုလုပ်နိုင်ရပါမယ်။ 00:05:32.064 --> 00:05:34.307 ထောင်ထဲမှာတောင် လုပ်လို့ ရနိုင်တယ်။ 00:05:34.308 --> 00:05:38.403 လိုက်ဖက်အောင် နေမှုဟာ ဘာနဲ့ တူသလဲ။ အဲဒါဟာ အောင်ပွဲခံယူလိုက်သလိုပါပဲ။ 00:05:38.404 --> 00:05:41.337 ကိုယ့်ဘဝကိုကိုယ် အောင်ပွဲခံယူနိုင်ကြတဲ့ လူတွေနဲ့ ကျွန်တော်တို့ တွေ့ကြရင်၊ 00:05:41.338 --> 00:05:44.072 ကျွန်တော်တို့ဟာ သူတို့ကို ဝန်းရံတတ်ကြတယ်၊ သူတို့ဆီမှ သင်ယူလိုကြပါတယ်။ 00:05:46.862 --> 00:05:50.076 ကြည့်ကြစမ်းပါ! ကျွန်တော်တို့ကို ထောင်ကျနေသူ၊ အပြစ်ကျူးလွန်သူလို မမြင်စေလိုရင် 00:05:50.077 --> 00:05:53.590 ဒီထဲကနေပြီး ကိုယ်က ထွက်နိုင်ခဲ့တယ်၊ ဒါမှမဟုတ် အဲဒီထဲ ဆက်ပြီး ရှိနေသေးတောင်၊ 00:05:53.591 --> 00:05:55.567 စိတ်ထဲမှာ ခံယူချက် တခုရှိတတ်တယ်၊ 00:05:55.568 --> 00:05:59.181 ကျွန်တော်တို့ဟာ လူသားမျိုးနွယ် အတွက်၊ ကျွန်တော်တို့ အခြေအနေ၊ ဂုဏ်ထူး၊ ရပ်တည်မှု 00:05:59.182 --> 00:06:03.994 ဘယ်လိုပဲရှိရှိ၊ တန်ဖိုးရှိတာကို ယူဆောင်ပေးနေတယ်ဆိုတဲ့ ယုံကြည်ချက်ပါ။ 00:06:05.800 --> 00:06:11.318 တကယ်လို့များ ကျွန်တော်ဟာ မသန်စွမ်းဘူးလို့ ယုံကြည်မိရင်၊ ကျွန်တော် ကိစ္စတုံးသွားပြီ၊ 00:06:11.319 --> 00:06:16.356 ရှက်နေတော့မယ်၊ လုံခြုံမှာ မဟုတ်တော့ပါ၊ ကြောက်နေမယ်၊ အကူအညီကို ရှာလာမယ်။ 00:06:16.357 --> 00:06:20.297 ကျန်တဲ့ လူသားအားလုံးတို့ဟာ အဲဒါကို အိုကေ ဖြစ်နိုင်ကြပေမဲ့၊ 00:06:20.298 --> 00:06:22.047 ကျွန်တော်ကတော့ နောက်တမျိုးကို ရွေးပါတယ်၊ 00:06:22.047 --> 00:06:25.144 ကျွန်တော် အားကောင်းလို ဖြစ်ဖို့ကို၊ ခေါင်းဆောင် ဖြစ်ဖို့ကို ရွေးလိုက်တယ်၊ 00:06:25.145 --> 00:06:28.672 ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ကြီးကို ရှေ့ကို တွန်းပေးမယ့် စကားလုံးတွေကို ရွေးပါတယ်။ 00:06:28.673 --> 00:06:31.560 ကျွန်တော် မွေးခဲ့တာ ဘာ့အတွက်လဲ ပြောပြပါမယ်။ 00:06:31.561 --> 00:06:35.273 အဲဒါက ခင်ဗျားတို့ ဘာ့အတွက် မွေးခဲ့တဲ့ဆိုတာ ရှာကြံလာစေမယ်လို့ မျှော်လင့်ပါတယ်။ 00:06:35.274 --> 00:06:39.260 ဒီကမ္ဘာကြီးကို မလုံမခြုံဖြစ်ရမှုမှ ကယ်တင်ပေးဖို့ ကျွန်တော် မွေးခဲ့ရတာပါ။ 00:06:39.261 --> 00:06:43.638 လူတယောက် မလုံခြုံဘူးဆိုရင် မိုက်မဲတဲ့ အရာတွေကို လုပ်မိနိုင်တယ်။ 00:06:43.639 --> 00:06:46.291 ကျွန်တော်တို့ဟာ မလုံမလဲခံစားရရင်၊ 00:06:46.292 --> 00:06:50.232 အပြင်မှာ ရှိတဲ့ တန်ဖိုးတွေကို၊ ပြီးတော့ အပြင်မှာ ရှိနေတဲ့ အရာတွေကို ရယူဖို့ 00:06:50.232 --> 00:06:53.414 ကြိုးစားရင် ကိုယ့်ကိုကိုယ် အဟုတ်ကြီးဆိုပြီး ပြသလိုကြပါတယ်။ 00:06:53.416 --> 00:06:54.818 (လက်ခုပ်တီးသံများ) 00:06:54.819 --> 00:06:56.329 ကျေးဇူးတင်ပါတယ်။ 00:07:00.409 --> 00:07:02.890 ခင်ဗျားတို့ဟာ ပြည့်စုံလုံလောက်ကြပါတယ်။ 00:07:02.891 --> 00:07:05.010 ကျွန်တော်ဟာ အထူးကုဆရာ တဦးအဖြစ် 00:07:05.010 --> 00:07:08.409 လူတွေအားလုံးကို၊ သူတို့ဘာပဲ လုပ်ခဲ့လုပ်ခဲ့၊ မေတ္တာထားရန် ကတိပေးခဲ့ပါတယ်။ 00:07:08.409 --> 00:07:11.925 ဘာဖြစ်လို့လဲဆိုတော့၊ အတွင်းဖက်ကို နက်ရှိုင်းစွာ ကြည့်လို့ တွေ့လိုက်တာက၊ 00:07:11.926 --> 00:07:14.854 လူသားမှန်သမျှဟာ မေတ္တရားတရားကို သိပ်လိုချင်တာကို၊ 00:07:14.854 --> 00:07:17.491 သူတို့ဟာ ခက်ထန်သူပဲ ဖြစ်ဖြစ်၊ ကြောက်ရွံ့နေသူပဲ ဖြစ်ဖြစ်၊ 00:07:17.491 --> 00:07:19.658 ဘယ်လိုမှ မလှုပ်ရှားချင်သူပဲ ဖြစ်ဖြစ် လိုချင်တယ်။ 00:07:19.658 --> 00:07:23.028 ကျွန်တော်တို့က သူတို့ကို မှန်တဲ့အခြေအနေမှာ၊ မှန်တဲ့ အချိန်မှာ၊ တွေ့နိုင်ရင်၊ 00:07:23.029 --> 00:07:24.609 အမှန်တရားကို သူတို့ ပြောပြကြမှာပါ။ 00:07:24.610 --> 00:07:26.190 သူတို့ဟာ မေတ္တာကို လိုအပ်နေကြလို့ပါ။ 00:07:26.191 --> 00:07:28.532 သူတို့က မေတ္တာထားစေလိုတာက ဘသူ့ဆီကများလဲ ခင်ဗျားတို့ သိလား။ 00:07:28.533 --> 00:07:31.376 မိခင်များဆီက မဟုတ်၊ ဖခင်များဆီက မဟုတ်၊ စောင့်ရှောက်ပေးနေသူထံမှ မဟုတ်ပါ။ 00:07:31.377 --> 00:07:32.580 အဲဒီလို သူတွေဆီကမှ မဟုတ်ပါ။ 00:07:32.581 --> 00:07:35.714 သူတို့ဟာ ကြည့်မှန်ထဲကို ကြည့်နိုင်ပြီး ကိုယ့်ကိုကိုယ် မေတ္တာထားလိုကြတာပါ။ 00:07:35.715 --> 00:07:38.841 ခင်ဗျားတို့က အဲဒီအချက်ကို နားလည်ကြပြီဆိုရင် တခုခု လုပ်လို့ ရမှာပါ။ 00:07:38.842 --> 00:07:40.792 (လက်ခုပ်တီးသံများ) 00:07:46.202 --> 00:07:49.279 ခင်ဗျားတို့ဟာ ကိုယ့်ကိုကိုယ် ဝမ်းနည်းမိသလို ခံစားလို့ မရနိုင်ပါ။ 00:07:49.280 --> 00:07:52.972 ခင်ဗျားတို့ဟာ ကိုယ့်ကို ဝမ်းနည်းသူဖြစ်ရင် ခင်ဗျားရဲ့ ကိစ္စတွေ ပျက်သုဉ်းသွားတော့မှာပါ။ 00:07:52.973 --> 00:07:57.925 သတိထားရမယ့် ကိုယ့်ကိုဝမ်းနည်းမှုရဲ့ ဆန့်ကျင်ဘက် အချက်လည်း ရှိပါသေးတယ်၊ 00:07:57.926 --> 00:08:02.950 အဲဒါက နောက်အစွန်တခုဖြစ်ပြီး ကျွန်တော်က ကိုယ့်ကိုကိုယ် အနိုင်ကျင့်မှုလို့ ခေါ်တယ်၊ 00:08:02.951 --> 00:08:07.347 ကိုယ့်ကို ရိုက်နှက်နေသူ၊ ကိုယ့်ရဲ့ ရန်သူ ဖြစ်ကာ ကိုယ့်ကိုကိုယ် 00:08:07.347 --> 00:08:10.111 အနှုတ်လက္ခဏာ ဟောကိန်းတွေ အားလုံးဟာ မှန်တယ်၊ 00:08:10.111 --> 00:08:13.710 အဲဒါတွေ ဖြစ်လာကြမယ်၊ မင်းတော့ ကိစ္စချောပြီ၊ ကျဆုံးမှာ သေချာတယ်လို့ ပြောဆိုမှုပါ။ 00:08:13.711 --> 00:08:15.729 ဒီလိုသာဆိုရင် ခင်ဗျားဟာ ဘာမှ လက်လှမ်းမှီမှာ မဟုတ်ပါ။ 00:08:15.730 --> 00:08:19.812 ကိုယ့်ကို နှိပ်စက်မှုဟာ ကိုယ့်ကို ပြုလုပ်နိုင်တဲ့ အကြီးဆုံး အန္တရာယ်ပါ။ 00:08:19.813 --> 00:08:24.658 ခင်ဗျားတို့ဟာ ကိုယ့်ကို သနားခွင့် မရှိဘူး၊ ကိုယ့်ကိုကိုယ် နှိပ်စက်ခွင့် မရှိဘူး၊ 00:08:24.659 --> 00:08:26.995 ခင်ဗျားတို့ဟာ ကိုယ့်ကိုကိုယ် မေတ္တာထားဖို့လိုတယ်၊ 00:08:26.996 --> 00:08:30.096 ဒါဟာ ကျွန်တော် ဒီနေ့ မျှဝေပေးမယ့် နောက်ဆုံး အကြံပေးချက်နဲ့ဆိုင်တယ်၊ 00:08:32.775 --> 00:08:36.214 တကယ့် အကျဉ်းထောင်ဆိုတာ တံတိုင်ကြီးတွေနဲ့ဟာ မဟုတ်ဘူး၊ 00:08:37.183 --> 00:08:41.576 လျှပ်စစ်သံဆူးကြိုးတွေနဲ့ ကာထားတာမျိုး မဟုတ်ဘူး၊ 00:08:41.577 --> 00:08:44.853 တကယ့် ထောင်ထဲမှာ အစောင့်တွေ မရှိကြဘူး၊ 00:08:46.223 --> 00:08:48.804 အဲဒီ တကယ့်အကျဉ်းထောင်က ဟောဒီထဲမှာပါ။ 00:08:49.684 --> 00:08:51.813 ကျွန်တော်တို့ အားလုံးဆီမှာ အဲဒါရှိပါတယ်၊ 00:08:53.083 --> 00:08:59.848 ကျွန်တော်တို့ဆီမှာ ကျွန်တော်တို့နဲ့ မရပ်မနား စကားပြောတဲ့ အသိစိတ် ရှိပါတယ်။ 00:09:01.478 --> 00:09:07.255 ခင်ဗျားတို့ရဲ့ ကယ်တင်မှုက ဘယ်မှာလဲ သိကြလား။ ဒီနံရံတွေရဲ့ အပြင်မှာ မဟုတ်ဘူး။ 00:09:09.462 --> 00:09:14.520 ကျွန်တော်ဟာ သိပ်ကို အောင်မြင်ကြကာ နာမည်ကြီး ပုဂ္ဂိုလ်တွေ မနည်းကြီးကို တွေ့ခဲ့ဘူးတယ်၊ 00:09:14.521 --> 00:09:17.455 သူတို့ဟာ အကျဉ်းထောင်ထဲမှာ ရှိနေကြတယ်၊ 00:09:17.456 --> 00:09:21.285 သူတို့ဟာ သူတို့ရဲ့ အသိစိတ်ထဲမှာ ဖမ်းမိနေကြတယ်၊ 00:09:21.286 --> 00:09:25.316 ကိုယ့်ကိုကိုယ် နှိပ်စက်ရင်း၊ ကိုယ့်ကိုကိုယ် သနားရင်းနဲ့ ပေါ့လေ။ 00:09:26.656 --> 00:09:29.926 စစ်မှန်တဲ့ လွတ်လပ်မှုက အဲဒီအသိစိတ်ထဲမှ ထွက်လာနိုင်မှ ရရှိနိုင်မှာပါ။ 00:09:29.927 --> 00:09:35.576 ပြီးတော့ ကျွန်တော် ဇနီး သင်ပေးသလို အဲဒါဟာ ခင်ဗျားတို့နှလုံးသားထဲ ရောက်ဖို့ လိုတယ်။ 00:09:37.094 --> 00:09:39.356 နှလုံးရဲ့ စည်းချက်ကျကျ ခုန်မှုဟာ 00:09:39.357 --> 00:09:42.659 သွေးတွေကို အစွန်အဖျား နေရာများဆီ ရောက်အောင် တွန်းပို့နေရုံသာ မကပါ။ 00:09:42.660 --> 00:09:44.233 နှလုံး ဘာတွေများ လုပ်နေသေးလဲ။ 00:09:44.234 --> 00:09:48.939 ကျွန်တော်တို့ရဲ့ နှလုံးဟာ ကျွန်တော်တို့ရဲ့ ပြုမူမှုဆိုင်ရာ၊ ဘဝဆိုင်ရာ၊ 00:09:48.940 --> 00:09:52.993 စိတ်နေသဘောထားဆိုင်ရာ ရွေးချယ်စရာ စေ့ဆော်ချက်တွေကို စေလွှတ်ပေးနေတာပါ။ 00:09:54.693 --> 00:09:57.056 ခင်ဗျားတို့က ကိုယ့်ကိုကိုယ် မေတ္တာရှိကြမယ် ဆိုရင်၊ 00:09:57.057 --> 00:10:02.590 ခင်ဗျားတို့ဟာ အိမ်မောကျနေလား၊ ထောင်ထဲက ခုတင်ပေါ်မှာလား၊ 00:10:02.591 --> 00:10:04.484 ခမ်းနားတဲ့ အိမ်ထဲမှာလား၊ ဗိုက်ဝနေတာလား၊ 00:10:04.485 --> 00:10:07.087 နောက်တခါ ဘယ်တော့ စားနိုင်မလဲ ဆိုတာကို မသိသူလား၊ 00:10:07.088 --> 00:10:08.944 ကိုယ့်ကိုကိုယ် မေတ္တာရှိရိုးမှန်ရင်၊ 00:10:08.944 --> 00:10:12.499 ကိုယ့်စိတ်ထဲက ခံစားချက်တွေကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်အောင် သင်ယူနိုင်မယ်ဆိုရင်၊ 00:10:12.499 --> 00:10:15.925 ခင်ဗျားဟာ တကယ့်ကို လွတ်လပ်သူ ဖြစ်လာမှာပါ။ ကျွန်တော် ခင်ဗျားတို့ကို ချစ်တယ်၊ 00:10:15.925 --> 00:10:18.948 တယောက်ချင်းကို ချစ်တယ်၊ ဒီနံရံတွေထဲမှ ခင်ဗျားတို့ လွတ်လပ်လာပါကြပါစေ။ 00:10:18.948 --> 00:10:21.354 ဘုရားသခင်က ကောင်းချီးမင်္ဂလာ ချီးမြှောက်တော်မူပါစေ။ 00:10:21.355 --> 00:10:22.584 (လက်ခုပ်တီးသံများ)