1 00:00:00,834 --> 00:00:04,043 ကျွန်တော်ဟာ ဒီညအတွက် ဘလော့ဂ်ကို ရေးဖို့ ကြိုးစားနေတယ်၊ 2 00:00:04,054 --> 00:00:07,469 တကယ့်ကိုပဲ ကျွန်တော်ဟာ အကျဉ်းထောင်ထဲကို သွားခဲ့ပြီး ချစ်စရာကောင်းတဲ့ 3 00:00:07,470 --> 00:00:13,144 အကျဉ်းသား တသီကြီးကို ပွေ့ဖက်လိုက်ရတယ်၊ အဲဒီအချိန်မှာပဲ အလုပ်များနေတဲ့ 4 00:00:13,145 --> 00:00:17,550 DJ တယောက်က ဓာတ်ပြားတချို့ကို လှည့်ကစားနေစဉ်၊ Richard Branson ကျတော့ 5 00:00:17,551 --> 00:00:21,713 ဘိန်းဖြူကို ဘယ်မှာ ရနိုင်ကြောင်းကို ပြောပြခဲ့တာ တကယ်လို့ ထင်စရာရှိပါတယ်။ 6 00:00:21,714 --> 00:00:23,499 (ရယ်မောသံများ) 7 00:00:23,500 --> 00:00:25,066 (လက်ခုပ်တီးသံများ) 8 00:00:33,736 --> 00:00:35,742 တကယ့်အဖြစ်နော်! 9 00:00:35,743 --> 00:00:36,872 (ရယ်မောသံများ) 10 00:00:43,472 --> 00:00:44,970 သင်ခန်းစာ နံပါတ် တစ်- 11 00:00:46,810 --> 00:00:52,558 ခင်ဗျားတို့ကို လုပ်ပိုင်ခွင့်အာဏာ မပေးတဲ့ ဟောကိန်းကို ဘယ်တော့မှ မယုံကြည်ပါနဲ့။ 12 00:00:54,218 --> 00:00:57,236 ကျွန်တော် မွေးတုန်းက ဆရာဝန်တွေက ကျွန်တော့ အသက် ၂၄ နာရီမပြည့်မီမှာကို 13 00:00:57,237 --> 00:01:01,530 သေသွားလိမ့်မယ်လို့ ကျွန်တော့မိဘတွေကို ပြောခဲ့ကြပါတယ်။ 14 00:01:04,080 --> 00:01:09,767 ၃၅ နှစ်ကြာလာလို့ ဒီနေ့တွင် အဲဒီဆရာဝန်တွေ အားလုံး သေသွားကြပြီ၊ 15 00:01:09,768 --> 00:01:11,177 (ရယ်မောသံများ) 16 00:01:17,747 --> 00:01:22,276 ကျန်ရစ်ခဲ့တဲ့ ဆရာဝန်ဆိုလို့ ကျွန်တော် တယောက်တည်းပါပဲ။ 17 00:01:22,277 --> 00:01:23,408 (ရယ်မောသံများ) 18 00:01:23,409 --> 00:01:24,601 (လက်ခုပ်တီးသံများ) 19 00:01:28,501 --> 00:01:32,333 ခင်ဗျားတို့ကို လုပ်ပိုင်ခွင့်အာဏာ မပေးတဲ့ ဟောကိန်းကို ဘယ်တော့မှ မယုံကြည်ပါနဲ့။ 20 00:01:32,334 --> 00:01:37,881 ခင်ဗျားတို့ရဲ့ ဘဝတခုလုံးမှာ အပြောခံခဲ့ရတဲ့ ဟောကိန်းတွေ ဘယ်လောက်များခဲ့လဲ? 21 00:01:37,882 --> 00:01:41,993 ခင်ဗျားတို့ကို လုပ်ပိုင်ခွင့် အာဏာဘယ်လိုမှ မပေးတဲ့ ဟောကိန်းတွေကို ယုံကြည်ရင်၊ 22 00:01:41,994 --> 00:01:45,635 ခင်ဗျားတို့ဟာ ညှိုးနွမ်းလာကာ သေသွားမှာပါ၊ 23 00:01:45,636 --> 00:01:49,469 ရုပ်ပိုင်းအရ ဖြစ်စေ၊ စိတ်ပိုင်းအရ ဖြစ်စေ သေသွားမှာဖြစ်ပြီး 24 00:01:49,470 --> 00:01:53,603 ခင်ဗျားဟာ ဘောင်တခုပေါ်မှာ တပ်ဆင်ပေးထားတဲ့ ထုထယ်ကြီးသဖွယ် 25 00:01:53,604 --> 00:01:56,939 အသက်ရှင် လမ်းလျှောက်နေသူ ဖြစ်လာမှာပါ။ 26 00:02:00,119 --> 00:02:03,758 ခင်ဗျားတို့ဟာ ခင်ဗျားတို့ရဲ့ ဘဝတလျှောက်မှာ နာမည်ဂုဏ်ထူးတွေ အမျိုးမျိုး ပေးခံရပါ့မယ်၊ 27 00:02:03,759 --> 00:02:07,163 ပြီးတော့ အမျိုးမျိုးသော အရာတွေကို ခင်ဗျားကို ပြောပြကြပါလိမ့်မယ်။ 28 00:02:07,164 --> 00:02:11,149 ဒါပေမဲ့ ခင်ဗျားတို့ဟာ လုပ်ပိုင်ခွင့် အာဏာကို ပေးမယ့်ဟာကိုသာ ယုံကြည်ရပါမယ်။ 29 00:02:12,209 --> 00:02:15,234 ကျွန်တော့ တသက်လုံးမှာ ကျွန်တော့ကို လုပ်ကျွေးလာခဲ့ကာ၊ 30 00:02:15,235 --> 00:02:19,511 ကျွန်တော့ထံမှနေပြီး ရယူကြမယ့်သူတွေ အားလုံးတို့ကပါ၊ အဲဒါကို မသိတောင် 31 00:02:19,512 --> 00:02:22,009 အကျိုးစီးပွားတွေကို ခံစားနိုင်ကြမှာပါ။ 32 00:02:22,419 --> 00:02:26,367 ပြီးတော့ ကျွန်တော် ဒီနေ့ဒီမှာ ရှိနေတာက ဘဝထဲက အခက်အခဲတွေ အကြောင်းကို 33 00:02:26,367 --> 00:02:29,965 ပြောပြဖို့ မဟုတ်သလို၊ ခင်ဗျားတို့ရဲ့ အခက်အခဲတွေကို သိပါတယ်လို့ မပြောချင်ပါ။ 34 00:02:29,965 --> 00:02:35,375 ခင်ဗျားတို့ရဲ့ ဘဝထဲ ဘယ်လို အခက်အခဲတွေကို ဖြတ်ကျော်နေရကြောင်း ကျွန်တော် လုံးဝ မသိရပါ။ 35 00:02:35,375 --> 00:02:39,776 အဲဒီထက်ပိုလို့၊ ခင်ဗျားတို့ရဲ့ အနီးအနားမှာ ကျွန်တော် ကြီးပြင်းလာခဲ့တာလည်း မဟုတ်ပါ။ 36 00:02:39,777 --> 00:02:44,457 ကျွန်တော့ဆီမှာ ခင်ဗျားတို့လို မိဘတွေမရှိ၊ ခင်ဗျားတို့ခန္ဓာကိုယ်ထဲမှာ နေနေတာ မဟုတ်ပါ။ 37 00:02:44,458 --> 00:02:48,942 ခင်ဗျားတို့ ဘဝထဲမှာ ဖြစ်ပျက်ခဲ့တာ ကျွန်တော့ဆီမှာ မဖြစ်ပျက်ခဲ့ကြပါ။ 38 00:02:48,943 --> 00:02:53,015 ကျွန်တော်ဟာ ပါရဂူပါလို့ ကိုယ့်ကိုကိုယ် ပြောနိုင်တာ တခုတည်းကတော့ 39 00:02:53,016 --> 00:02:57,017 ကျွန်တော်ရဲ့ ဘဝပါ၊ ကျွန်တော် အဲဒါကို တကယ့်ကောင်းကောင်းသိသူပါ။ 40 00:02:57,018 --> 00:02:58,507 (လက်ခုပ်တီးသံများ) 41 00:03:04,477 --> 00:03:07,727 ဒါပေမဲ့ အဲဒါကို ရယူခဲ့ရတာဟာ မလွယ်ကူခဲ့ပါ၊ 42 00:03:08,887 --> 00:03:14,195 ကျွန်တော် ဖြတ်သန်းခဲ့ရတာတွေကို ခင်ဗျားတို့ကိုပါမဖြတ်သန်းစေလိုပါဘူး။ 43 00:03:14,196 --> 00:03:18,619 ကျွန်တော်ဟာ သတိရနေစဉ် အရိုးခြင်ဆီများထဲက သတ္ထုအတန်းတွေ ထုတ်ခံခဲ့ရတယ်၊ 44 00:03:18,620 --> 00:03:21,964 မေးရိုးထဲ ကူးစက်ရောဂါ ဖြစ်ခဲ့လို့ သွားတွေကို နှုတ်ယူခဲ့ရတယ်၊ 45 00:03:21,965 --> 00:03:24,951 ကျွန်တော်ဟာ ကျွန်တော့ အစားအစာတွေကို ဝါးမျိုးမရတော့ပါဘူး။ 46 00:03:24,952 --> 00:03:27,574 ပြီးတော့ ကျွန်တော့ကို မနက်တိုင်းမှာ နှိုးပေးတာကအစ 47 00:03:27,575 --> 00:03:31,686 ရေချိုးခြင်းနဲ့ ပြုစုစောင့်ရှောက်မှုကို အခြားသူ တယောက်က လုပ်ပေးရပါတယ်၊ 48 00:03:31,686 --> 00:03:35,406 ကျွန်တော် လပ်ထပ်ထားတဲ့ ကျွန်တော့ဇနီးချောက အဲဒါတွေ လုပ်ပေးနိုင်တယ် ကံကောင်းတာပေါ့။ 49 00:03:35,406 --> 00:03:37,359 (လက်ခုပ်တီးသံများ) 50 00:03:41,049 --> 00:03:43,761 စစချင်းမှာ ကျွန်တော် သွားလေရာ နေရာတိုင်းမှာ၊ 51 00:03:43,762 --> 00:03:45,875 လူတွေနဲ့ စပြီးတွေ့တွေ့ချင်းမှာ၊ 52 00:03:45,876 --> 00:03:48,210 သူတို့က ကျွန်တော့ ဘဝအထ္ထုပတ္တိကို မသိကြဘူးဆိုရင်၊ 53 00:03:48,220 --> 00:03:53,480 လူသားတို့ရဲ့ သဘာဝအရ သူတို့ဘာသာသူတို့ အလိုအလျောက်၊ 54 00:03:53,481 --> 00:03:58,452 "အို၊ ဒီလိုလူဖြစ်ရတာ သိပ်ကို ခက်ခဲမှာပဲ!" လို့ ထင်မိတတ်ကြပါတယ်။ 55 00:03:59,692 --> 00:04:03,698 လူတယောက်ဟာ ကျွန်တော့ကို သနားနေရင် ထိုသူဟာ အချိန်ကို အလကားဖြုန်းနေခြင်းပါပဲ၊ 56 00:04:03,699 --> 00:04:07,210 ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် အားကောင်းတဲ့ ဘဝကို ရွေးချယ်ထားသူမို့လို့ပါ၊ 57 00:04:07,211 --> 00:04:10,952 ခင်ဗျားတို့ကိပါ အားကောင်းတဲ့ ဘဝကို ရွေးနိုင်အောင် ကူပေးဖို့ လာခဲ့တာပါ၊ 58 00:04:10,953 --> 00:04:14,397 ဒီမှာ ကျွန်တော်တို့ဟာ ဒီနေ့ ဆေးတွေ အကြောင်းကို ပြောဆိုခဲ့ကြပါသေးတယ်။ 59 00:04:14,398 --> 00:04:19,571 လူသားတွေကို တကယ်နှိပ်စက်နေတဲ့ အဆိုးဝါးဆုံး ဆေးက ဘာလဲ ခင်ဗျားတို့သိလား။ 60 00:04:19,572 --> 00:04:21,315 သနားမှုပါ။ 61 00:04:21,315 --> 00:04:24,060 ခင်ဗျားတို့က အခြားလူတယောက်ကို သနားမိတာနဲ့၊ 62 00:04:24,061 --> 00:04:27,513 ဒါမှမဟုတ် ခင်ဗျားတို့ဟာ ကိုယ့်ကိုကိုယ် သနားမိတာနဲ့ ခင်ဗျားတို့ ကိစ္စတုံးသွားပါပြီ။ 63 00:04:27,514 --> 00:04:31,881 ခင်ဗျားတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေဟာ လုံးဝ အပြည့်အဝ ပျက်သုဉ်းသွားပါပြီ။ 64 00:04:32,901 --> 00:04:37,865 ကျွန်တော်တို့ဟာ ကိုယ့်ကို သနားလို့မရဘူး၊ ကျွန်တော်တို့ဟာ ခင်ဗျားကို သနားလို့ မရဘူး။ 65 00:04:37,866 --> 00:04:45,006 ကျွန်တော်ဟာ ဒီနေ့ အိမ်ကို ပြန်ဖို့လိုတယ်၊ လွတ်လပ်မှုကို ခံစားနိုင်တာ မှန်ပေမဲ့၊ 66 00:04:45,007 --> 00:04:48,144 ကျွန်တော် ဒီနေ့ ခင်ဗျားတို့ကို ပြောပြလိုတဲ့ လွတ်လပ်မှုကျတော့၊ 67 00:04:48,145 --> 00:04:51,879 ကျွန်တော်က လွတ်လပ်မှုအဖြစ် လက်ခံရန် ရွေးခဲ့တဲ့ လွတ်လပ်မှုဆိုတာက၊ 68 00:04:51,880 --> 00:04:53,193 ကျွန်တော် ပြောခဲ့သလို၊ 69 00:04:53,194 --> 00:04:56,623 ကျွန်တော်တို့ကို လုပ်ပိုင်ခွင့်အာဏာ မပေးတဲ့ ဟောကိန်းကို ဘယ်တော့မှ ယုံကြည် မရပါဘူး! 70 00:04:56,624 --> 00:05:01,351 ဒီနေ့ မှတ်ယူရမယ့် ဒုတိယအချက်က ခင်ဗျားရဲ့ အခြေအနေဟာ ခင်ဗျားရဲ့ ဘဝ မဟုတ်စေရပါ။ 71 00:05:01,352 --> 00:05:02,489 အဲဒီလို လုံးဝ မဟုတ်စေရပါ။ 72 00:05:02,490 --> 00:05:04,797 ကျွန်တော်ဟာ မသန်စွမ်းသူ မဟုတ်ပါ! 73 00:05:04,798 --> 00:05:08,745 ဒါပေမဲ့ ကျွန်တော်ဟာ မသန်စွမ်းသူတို့အတွက် ကားထားရုံဆိုင်ရာ အခွင့်ထူးကိုတော့ ယူမှာပေါ့ 74 00:05:08,746 --> 00:05:10,134 (ရယ်မောသံများ) 75 00:05:11,504 --> 00:05:15,188 ဒါပေမဲ့ အဲဒီအချက်က ကျွန်တော့ကို လူသားအနေနဲ့ ဆုံးဖြတ်တာ မဟုတ်ပါ။ 76 00:05:15,189 --> 00:05:16,517 မသန်စွမ်းသူတဲ့လား။ 77 00:05:16,518 --> 00:05:21,216 ကျွန်တော့ကို တသက်လုံး မသန်စွမ်းသူအဖြစ် သုံးသပ် ဆက်ဆံခံခဲ့ရပါတယ်။ 78 00:05:21,217 --> 00:05:23,787 အဲဒါနဲ့ ကျွန်တော်ဟာ တခုတည်းသော မသန်စွမ်းမှုမှာ 79 00:05:23,788 --> 00:05:28,949 လိုက်ဖက်အောင် မနေထိုင်တတ်မှုသာ ဖြစ်တာကို သူတို့ကို ရှင်းပြလာရပါတယ်။ 80 00:05:28,950 --> 00:05:32,063 ခင်ဗျားတို့ရဲ့ ဘယ်ဝန်းကျင်မှာမဆို လိုက်ဖက်အောင် ပြုလုပ်နိုင်ရပါမယ်။ 81 00:05:32,064 --> 00:05:34,307 ထောင်ထဲမှာတောင် လုပ်လို့ ရနိုင်တယ်။ 82 00:05:34,308 --> 00:05:38,403 လိုက်ဖက်အောင် နေမှုဟာ ဘာနဲ့ တူသလဲ။ အဲဒါဟာ အောင်ပွဲခံယူလိုက်သလိုပါပဲ။ 83 00:05:38,404 --> 00:05:41,337 ကိုယ့်ဘဝကိုကိုယ် အောင်ပွဲခံယူနိုင်ကြတဲ့ လူတွေနဲ့ ကျွန်တော်တို့ တွေ့ကြရင်၊ 84 00:05:41,338 --> 00:05:44,072 ကျွန်တော်တို့ဟာ သူတို့ကို ဝန်းရံတတ်ကြတယ်၊ သူတို့ဆီမှ သင်ယူလိုကြပါတယ်။ 85 00:05:46,862 --> 00:05:50,076 ကြည့်ကြစမ်းပါ! ကျွန်တော်တို့ကို ထောင်ကျနေသူ၊ အပြစ်ကျူးလွန်သူလို မမြင်စေလိုရင် 86 00:05:50,077 --> 00:05:53,590 ဒီထဲကနေပြီး ကိုယ်က ထွက်နိုင်ခဲ့တယ်၊ ဒါမှမဟုတ် အဲဒီထဲ ဆက်ပြီး ရှိနေသေးတောင်၊ 87 00:05:53,591 --> 00:05:55,567 စိတ်ထဲမှာ ခံယူချက် တခုရှိတတ်တယ်၊ 88 00:05:55,568 --> 00:05:59,181 ကျွန်တော်တို့ဟာ လူသားမျိုးနွယ် အတွက်၊ ကျွန်တော်တို့ အခြေအနေ၊ ဂုဏ်ထူး၊ ရပ်တည်မှု 89 00:05:59,182 --> 00:06:03,994 ဘယ်လိုပဲရှိရှိ၊ တန်ဖိုးရှိတာကို ယူဆောင်ပေးနေတယ်ဆိုတဲ့ ယုံကြည်ချက်ပါ။ 90 00:06:05,800 --> 00:06:11,318 တကယ်လို့များ ကျွန်တော်ဟာ မသန်စွမ်းဘူးလို့ ယုံကြည်မိရင်၊ ကျွန်တော် ကိစ္စတုံးသွားပြီ၊ 91 00:06:11,319 --> 00:06:16,356 ရှက်နေတော့မယ်၊ လုံခြုံမှာ မဟုတ်တော့ပါ၊ ကြောက်နေမယ်၊ အကူအညီကို ရှာလာမယ်။ 92 00:06:16,357 --> 00:06:20,297 ကျန်တဲ့ လူသားအားလုံးတို့ဟာ အဲဒါကို အိုကေ ဖြစ်နိုင်ကြပေမဲ့၊ 93 00:06:20,298 --> 00:06:22,047 ကျွန်တော်ကတော့ နောက်တမျိုးကို ရွေးပါတယ်၊ 94 00:06:22,047 --> 00:06:25,144 ကျွန်တော် အားကောင်းလို ဖြစ်ဖို့ကို၊ ခေါင်းဆောင် ဖြစ်ဖို့ကို ရွေးလိုက်တယ်၊ 95 00:06:25,145 --> 00:06:28,672 ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ကြီးကို ရှေ့ကို တွန်းပေးမယ့် စကားလုံးတွေကို ရွေးပါတယ်။ 96 00:06:28,673 --> 00:06:31,560 ကျွန်တော် မွေးခဲ့တာ ဘာ့အတွက်လဲ ပြောပြပါမယ်။ 97 00:06:31,561 --> 00:06:35,273 အဲဒါက ခင်ဗျားတို့ ဘာ့အတွက် မွေးခဲ့တဲ့ဆိုတာ ရှာကြံလာစေမယ်လို့ မျှော်လင့်ပါတယ်။ 98 00:06:35,274 --> 00:06:39,260 ဒီကမ္ဘာကြီးကို မလုံမခြုံဖြစ်ရမှုမှ ကယ်တင်ပေးဖို့ ကျွန်တော် မွေးခဲ့ရတာပါ။ 99 00:06:39,261 --> 00:06:43,638 လူတယောက် မလုံခြုံဘူးဆိုရင် မိုက်မဲတဲ့ အရာတွေကို လုပ်မိနိုင်တယ်။ 100 00:06:43,639 --> 00:06:46,291 ကျွန်တော်တို့ဟာ မလုံမလဲခံစားရရင်၊ 101 00:06:46,292 --> 00:06:50,232 အပြင်မှာ ရှိတဲ့ တန်ဖိုးတွေကို၊ ပြီးတော့ အပြင်မှာ ရှိနေတဲ့ အရာတွေကို ရယူဖို့ 102 00:06:50,232 --> 00:06:53,414 ကြိုးစားရင် ကိုယ့်ကိုကိုယ် အဟုတ်ကြီးဆိုပြီး ပြသလိုကြပါတယ်။ 103 00:06:53,416 --> 00:06:54,818 (လက်ခုပ်တီးသံများ) 104 00:06:54,819 --> 00:06:56,329 ကျေးဇူးတင်ပါတယ်။ 105 00:07:00,409 --> 00:07:02,890 ခင်ဗျားတို့ဟာ ပြည့်စုံလုံလောက်ကြပါတယ်။ 106 00:07:02,891 --> 00:07:05,010 ကျွန်တော်ဟာ အထူးကုဆရာ တဦးအဖြစ် 107 00:07:05,010 --> 00:07:08,409 လူတွေအားလုံးကို၊ သူတို့ဘာပဲ လုပ်ခဲ့လုပ်ခဲ့၊ မေတ္တာထားရန် ကတိပေးခဲ့ပါတယ်။ 108 00:07:08,409 --> 00:07:11,925 ဘာဖြစ်လို့လဲဆိုတော့၊ အတွင်းဖက်ကို နက်ရှိုင်းစွာ ကြည့်လို့ တွေ့လိုက်တာက၊ 109 00:07:11,926 --> 00:07:14,854 လူသားမှန်သမျှဟာ မေတ္တရားတရားကို သိပ်လိုချင်တာကို၊ 110 00:07:14,854 --> 00:07:17,491 သူတို့ဟာ ခက်ထန်သူပဲ ဖြစ်ဖြစ်၊ ကြောက်ရွံ့နေသူပဲ ဖြစ်ဖြစ်၊ 111 00:07:17,491 --> 00:07:19,658 ဘယ်လိုမှ မလှုပ်ရှားချင်သူပဲ ဖြစ်ဖြစ် လိုချင်တယ်။ 112 00:07:19,658 --> 00:07:23,028 ကျွန်တော်တို့က သူတို့ကို မှန်တဲ့အခြေအနေမှာ၊ မှန်တဲ့ အချိန်မှာ၊ တွေ့နိုင်ရင်၊ 113 00:07:23,029 --> 00:07:24,609 အမှန်တရားကို သူတို့ ပြောပြကြမှာပါ။ 114 00:07:24,610 --> 00:07:26,190 သူတို့ဟာ မေတ္တာကို လိုအပ်နေကြလို့ပါ။ 115 00:07:26,191 --> 00:07:28,532 သူတို့က မေတ္တာထားစေလိုတာက ဘသူ့ဆီကများလဲ ခင်ဗျားတို့ သိလား။ 116 00:07:28,533 --> 00:07:31,376 မိခင်များဆီက မဟုတ်၊ ဖခင်များဆီက မဟုတ်၊ စောင့်ရှောက်ပေးနေသူထံမှ မဟုတ်ပါ။ 117 00:07:31,377 --> 00:07:32,580 အဲဒီလို သူတွေဆီကမှ မဟုတ်ပါ။ 118 00:07:32,581 --> 00:07:35,714 သူတို့ဟာ ကြည့်မှန်ထဲကို ကြည့်နိုင်ပြီး ကိုယ့်ကိုကိုယ် မေတ္တာထားလိုကြတာပါ။ 119 00:07:35,715 --> 00:07:38,841 ခင်ဗျားတို့က အဲဒီအချက်ကို နားလည်ကြပြီဆိုရင် တခုခု လုပ်လို့ ရမှာပါ။ 120 00:07:38,842 --> 00:07:40,792 (လက်ခုပ်တီးသံများ) 121 00:07:46,202 --> 00:07:49,279 ခင်ဗျားတို့ဟာ ကိုယ့်ကိုကိုယ် ဝမ်းနည်းမိသလို ခံစားလို့ မရနိုင်ပါ။ 122 00:07:49,280 --> 00:07:52,972 ခင်ဗျားတို့ဟာ ကိုယ့်ကို ဝမ်းနည်းသူဖြစ်ရင် ခင်ဗျားရဲ့ ကိစ္စတွေ ပျက်သုဉ်းသွားတော့မှာပါ။ 123 00:07:52,973 --> 00:07:57,925 သတိထားရမယ့် ကိုယ့်ကိုဝမ်းနည်းမှုရဲ့ ဆန့်ကျင်ဘက် အချက်လည်း ရှိပါသေးတယ်၊ 124 00:07:57,926 --> 00:08:02,950 အဲဒါက နောက်အစွန်တခုဖြစ်ပြီး ကျွန်တော်က ကိုယ့်ကိုကိုယ် အနိုင်ကျင့်မှုလို့ ခေါ်တယ်၊ 125 00:08:02,951 --> 00:08:07,347 ကိုယ့်ကို ရိုက်နှက်နေသူ၊ ကိုယ့်ရဲ့ ရန်သူ ဖြစ်ကာ ကိုယ့်ကိုကိုယ် 126 00:08:07,347 --> 00:08:10,111 အနှုတ်လက္ခဏာ ဟောကိန်းတွေ အားလုံးဟာ မှန်တယ်၊ 127 00:08:10,111 --> 00:08:13,710 အဲဒါတွေ ဖြစ်လာကြမယ်၊ မင်းတော့ ကိစ္စချောပြီ၊ ကျဆုံးမှာ သေချာတယ်လို့ ပြောဆိုမှုပါ။ 128 00:08:13,711 --> 00:08:15,729 ဒီလိုသာဆိုရင် ခင်ဗျားဟာ ဘာမှ လက်လှမ်းမှီမှာ မဟုတ်ပါ။ 129 00:08:15,730 --> 00:08:19,812 ကိုယ့်ကို နှိပ်စက်မှုဟာ ကိုယ့်ကို ပြုလုပ်နိုင်တဲ့ အကြီးဆုံး အန္တရာယ်ပါ။ 130 00:08:19,813 --> 00:08:24,658 ခင်ဗျားတို့ဟာ ကိုယ့်ကို သနားခွင့် မရှိဘူး၊ ကိုယ့်ကိုကိုယ် နှိပ်စက်ခွင့် မရှိဘူး၊ 131 00:08:24,659 --> 00:08:26,995 ခင်ဗျားတို့ဟာ ကိုယ့်ကိုကိုယ် မေတ္တာထားဖို့လိုတယ်၊ 132 00:08:26,996 --> 00:08:30,096 ဒါဟာ ကျွန်တော် ဒီနေ့ မျှဝေပေးမယ့် နောက်ဆုံး အကြံပေးချက်နဲ့ဆိုင်တယ်၊ 133 00:08:32,775 --> 00:08:36,214 တကယ့် အကျဉ်းထောင်ဆိုတာ တံတိုင်ကြီးတွေနဲ့ဟာ မဟုတ်ဘူး၊ 134 00:08:37,183 --> 00:08:41,576 လျှပ်စစ်သံဆူးကြိုးတွေနဲ့ ကာထားတာမျိုး မဟုတ်ဘူး၊ 135 00:08:41,577 --> 00:08:44,853 တကယ့် ထောင်ထဲမှာ အစောင့်တွေ မရှိကြဘူး၊ 136 00:08:46,223 --> 00:08:48,804 အဲဒီ တကယ့်အကျဉ်းထောင်က ဟောဒီထဲမှာပါ။ 137 00:08:49,684 --> 00:08:51,813 ကျွန်တော်တို့ အားလုံးဆီမှာ အဲဒါရှိပါတယ်၊ 138 00:08:53,083 --> 00:08:59,848 ကျွန်တော်တို့ဆီမှာ ကျွန်တော်တို့နဲ့ မရပ်မနား စကားပြောတဲ့ အသိစိတ် ရှိပါတယ်။ 139 00:09:01,478 --> 00:09:07,255 ခင်ဗျားတို့ရဲ့ ကယ်တင်မှုက ဘယ်မှာလဲ သိကြလား။ ဒီနံရံတွေရဲ့ အပြင်မှာ မဟုတ်ဘူး။ 140 00:09:09,462 --> 00:09:14,520 ကျွန်တော်ဟာ သိပ်ကို အောင်မြင်ကြကာ နာမည်ကြီး ပုဂ္ဂိုလ်တွေ မနည်းကြီးကို တွေ့ခဲ့ဘူးတယ်၊ 141 00:09:14,521 --> 00:09:17,455 သူတို့ဟာ အကျဉ်းထောင်ထဲမှာ ရှိနေကြတယ်၊ 142 00:09:17,456 --> 00:09:21,285 သူတို့ဟာ သူတို့ရဲ့ အသိစိတ်ထဲမှာ ဖမ်းမိနေကြတယ်၊ 143 00:09:21,286 --> 00:09:25,316 ကိုယ့်ကိုကိုယ် နှိပ်စက်ရင်း၊ ကိုယ့်ကိုကိုယ် သနားရင်းနဲ့ ပေါ့လေ။ 144 00:09:26,656 --> 00:09:29,926 စစ်မှန်တဲ့ လွတ်လပ်မှုက အဲဒီအသိစိတ်ထဲမှ ထွက်လာနိုင်မှ ရရှိနိုင်မှာပါ။ 145 00:09:29,927 --> 00:09:35,576 ပြီးတော့ ကျွန်တော် ဇနီး သင်ပေးသလို အဲဒါဟာ ခင်ဗျားတို့နှလုံးသားထဲ ရောက်ဖို့ လိုတယ်။ 146 00:09:37,094 --> 00:09:39,356 နှလုံးရဲ့ စည်းချက်ကျကျ ခုန်မှုဟာ 147 00:09:39,357 --> 00:09:42,659 သွေးတွေကို အစွန်အဖျား နေရာများဆီ ရောက်အောင် တွန်းပို့နေရုံသာ မကပါ။ 148 00:09:42,660 --> 00:09:44,233 နှလုံး ဘာတွေများ လုပ်နေသေးလဲ။ 149 00:09:44,234 --> 00:09:48,939 ကျွန်တော်တို့ရဲ့ နှလုံးဟာ ကျွန်တော်တို့ရဲ့ ပြုမူမှုဆိုင်ရာ၊ ဘဝဆိုင်ရာ၊ 150 00:09:48,940 --> 00:09:52,993 စိတ်နေသဘောထားဆိုင်ရာ ရွေးချယ်စရာ စေ့ဆော်ချက်တွေကို စေလွှတ်ပေးနေတာပါ။ 151 00:09:54,693 --> 00:09:57,056 ခင်ဗျားတို့က ကိုယ့်ကိုကိုယ် မေတ္တာရှိကြမယ် ဆိုရင်၊ 152 00:09:57,057 --> 00:10:02,590 ခင်ဗျားတို့ဟာ အိမ်မောကျနေလား၊ ထောင်ထဲက ခုတင်ပေါ်မှာလား၊ 153 00:10:02,591 --> 00:10:04,484 ခမ်းနားတဲ့ အိမ်ထဲမှာလား၊ ဗိုက်ဝနေတာလား၊ 154 00:10:04,485 --> 00:10:07,087 နောက်တခါ ဘယ်တော့ စားနိုင်မလဲ ဆိုတာကို မသိသူလား၊ 155 00:10:07,088 --> 00:10:08,944 ကိုယ့်ကိုကိုယ် မေတ္တာရှိရိုးမှန်ရင်၊ 156 00:10:08,944 --> 00:10:12,499 ကိုယ့်စိတ်ထဲက ခံစားချက်တွေကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်အောင် သင်ယူနိုင်မယ်ဆိုရင်၊ 157 00:10:12,499 --> 00:10:15,925 ခင်ဗျားဟာ တကယ့်ကို လွတ်လပ်သူ ဖြစ်လာမှာပါ။ ကျွန်တော် ခင်ဗျားတို့ကို ချစ်တယ်၊ 158 00:10:15,925 --> 00:10:18,948 တယောက်ချင်းကို ချစ်တယ်၊ ဒီနံရံတွေထဲမှ ခင်ဗျားတို့ လွတ်လပ်လာပါကြပါစေ။ 159 00:10:18,948 --> 00:10:21,354 ဘုရားသခင်က ကောင်းချီးမင်္ဂလာ ချီးမြှောက်တော်မူပါစေ။ 160 00:10:21,355 --> 00:10:22,584 (လက်ခုပ်တီးသံများ)