0:00:00.834,0:00:04.043 ကျွန်တော်ဟာ ဒီညအတွက် ဘလော့ဂ်ကို[br]ရေးဖို့ ကြိုးစားနေတယ်၊ 0:00:04.054,0:00:07.469 တကယ့်ကိုပဲ ကျွန်တော်ဟာ အကျဉ်းထောင်ထဲကို[br]သွားခဲ့ပြီး ချစ်စရာကောင်းတဲ့ 0:00:07.470,0:00:13.144 အကျဉ်းသား တသီကြီးကို ပွေ့ဖက်လိုက်ရတယ်၊[br]အဲဒီအချိန်မှာပဲ အလုပ်များနေတဲ့ 0:00:13.145,0:00:17.550 DJ တယောက်က ဓာတ်ပြားတချို့ကို[br]လှည့်ကစားနေစဉ်၊ Richard Branson ကျတော့ 0:00:17.551,0:00:21.713 ဘိန်းဖြူကို ဘယ်မှာ ရနိုင်ကြောင်းကို[br]ပြောပြခဲ့တာ တကယ်လို့ ထင်စရာရှိပါတယ်။ 0:00:21.714,0:00:23.499 (ရယ်မောသံများ) 0:00:23.500,0:00:25.066 (လက်ခုပ်တီးသံများ) 0:00:33.736,0:00:35.742 တကယ့်အဖြစ်နော်! 0:00:35.743,0:00:36.872 (ရယ်မောသံများ) 0:00:43.472,0:00:44.970 သင်ခန်းစာ နံပါတ် တစ်- 0:00:46.810,0:00:52.558 ခင်ဗျားတို့ကို လုပ်ပိုင်ခွင့်အာဏာ မပေးတဲ့[br]ဟောကိန်းကို ဘယ်တော့မှ မယုံကြည်ပါနဲ့။ 0:00:54.218,0:00:57.236 ကျွန်တော် မွေးတုန်းက ဆရာဝန်တွေက[br]ကျွန်တော့ အသက် ၂၄ နာရီမပြည့်မီမှာကို 0:00:57.237,0:01:01.530 သေသွားလိမ့်မယ်လို့ ကျွန်တော့မိဘတွေကို[br]ပြောခဲ့ကြပါတယ်။ 0:01:04.080,0:01:09.767 ၃၅ နှစ်ကြာလာလို့ ဒီနေ့တွင် အဲဒီဆရာဝန်တွေ[br]အားလုံး သေသွားကြပြီ၊ 0:01:09.768,0:01:11.177 (ရယ်မောသံများ) 0:01:17.747,0:01:22.276 ကျန်ရစ်ခဲ့တဲ့ ဆရာဝန်ဆိုလို့ ကျွန်တော်[br]တယောက်တည်းပါပဲ။ 0:01:22.277,0:01:23.408 (ရယ်မောသံများ) 0:01:23.409,0:01:24.601 (လက်ခုပ်တီးသံများ) 0:01:28.501,0:01:32.333 ခင်ဗျားတို့ကို လုပ်ပိုင်ခွင့်အာဏာ မပေးတဲ့[br]ဟောကိန်းကို ဘယ်တော့မှ မယုံကြည်ပါနဲ့။ 0:01:32.334,0:01:37.881 ခင်ဗျားတို့ရဲ့ ဘဝတခုလုံးမှာ အပြောခံခဲ့ရတဲ့[br]ဟောကိန်းတွေ ဘယ်လောက်များခဲ့လဲ? 0:01:37.882,0:01:41.993 ခင်ဗျားတို့ကို လုပ်ပိုင်ခွင့် အာဏာဘယ်လိုမှ [br]မပေးတဲ့ ဟောကိန်းတွေကို ယုံကြည်ရင်၊ 0:01:41.994,0:01:45.635 ခင်ဗျားတို့ဟာ ညှိုးနွမ်းလာကာ သေသွားမှာပါ၊ 0:01:45.636,0:01:49.469 ရုပ်ပိုင်းအရ ဖြစ်စေ၊ စိတ်ပိုင်းအရ ဖြစ်စေ[br]သေသွားမှာဖြစ်ပြီး 0:01:49.470,0:01:53.603 ခင်ဗျားဟာ ဘောင်တခုပေါ်မှာ တပ်ဆင်ပေးထားတဲ့[br]ထုထယ်ကြီးသဖွယ် 0:01:53.604,0:01:56.939 အသက်ရှင် လမ်းလျှောက်နေသူ ဖြစ်လာမှာပါ။ 0:02:00.119,0:02:03.758 ခင်ဗျားတို့ဟာ ခင်ဗျားတို့ရဲ့ ဘဝတလျှောက်မှာ[br]နာမည်ဂုဏ်ထူးတွေ အမျိုးမျိုး ပေးခံရပါ့မယ်၊ 0:02:03.759,0:02:07.163 ပြီးတော့ အမျိုးမျိုးသော အရာတွေကို ခင်ဗျားကို[br]ပြောပြကြပါလိမ့်မယ်။ 0:02:07.164,0:02:11.149 ဒါပေမဲ့ ခင်ဗျားတို့ဟာ လုပ်ပိုင်ခွင့် အာဏာကို[br]ပေးမယ့်ဟာကိုသာ ယုံကြည်ရပါမယ်။ 0:02:12.209,0:02:15.234 ကျွန်တော့ တသက်လုံးမှာ ကျွန်တော့ကို[br]လုပ်ကျွေးလာခဲ့ကာ၊ 0:02:15.235,0:02:19.511 ကျွန်တော့ထံမှနေပြီး ရယူကြမယ့်သူတွေ[br]အားလုံးတို့ကပါ၊ အဲဒါကို မသိတောင် 0:02:19.512,0:02:22.009 အကျိုးစီးပွားတွေကို ခံစားနိုင်ကြမှာပါ။ 0:02:22.419,0:02:26.367 ပြီးတော့ ကျွန်တော် ဒီနေ့ဒီမှာ ရှိနေတာက[br]ဘဝထဲက အခက်အခဲတွေ အကြောင်းကို 0:02:26.367,0:02:29.965 ပြောပြဖို့ မဟုတ်သလို၊ ခင်ဗျားတို့ရဲ့[br]အခက်အခဲတွေကို သိပါတယ်လို့ မပြောချင်ပါ။ 0:02:29.965,0:02:35.375 ခင်ဗျားတို့ရဲ့ ဘဝထဲ ဘယ်လို အခက်အခဲတွေကို[br]ဖြတ်ကျော်နေရကြောင်း ကျွန်တော် လုံးဝ မသိရပါ။ 0:02:35.375,0:02:39.776 အဲဒီထက်ပိုလို့၊ ခင်ဗျားတို့ရဲ့ အနီးအနားမှာ[br]ကျွန်တော် ကြီးပြင်းလာခဲ့တာလည်း မဟုတ်ပါ။ 0:02:39.777,0:02:44.457 ကျွန်တော့ဆီမှာ ခင်ဗျားတို့လို မိဘတွေမရှိ၊[br]ခင်ဗျားတို့ခန္ဓာကိုယ်ထဲမှာ နေနေတာ မဟုတ်ပါ။ 0:02:44.458,0:02:48.942 ခင်ဗျားတို့ ဘဝထဲမှာ ဖြစ်ပျက်ခဲ့တာ[br]ကျွန်တော့ဆီမှာ မဖြစ်ပျက်ခဲ့ကြပါ။ 0:02:48.943,0:02:53.015 ကျွန်တော်ဟာ ပါရဂူပါလို့ ကိုယ့်ကိုကိုယ်[br]ပြောနိုင်တာ တခုတည်းကတော့ 0:02:53.016,0:02:57.017 ကျွန်တော်ရဲ့ ဘဝပါ၊ ကျွန်တော် အဲဒါကို[br]တကယ့်ကောင်းကောင်းသိသူပါ။ 0:02:57.018,0:02:58.507 (လက်ခုပ်တီးသံများ) 0:03:04.477,0:03:07.727 ဒါပေမဲ့ အဲဒါကို ရယူခဲ့ရတာဟာ[br]မလွယ်ကူခဲ့ပါ၊ 0:03:08.887,0:03:14.195 ကျွန်တော် ဖြတ်သန်းခဲ့ရတာတွေကို [br]ခင်ဗျားတို့ကိုပါမဖြတ်သန်းစေလိုပါဘူး။ 0:03:14.196,0:03:18.619 ကျွန်တော်ဟာ သတိရနေစဉ် အရိုးခြင်ဆီများထဲက[br]သတ္ထုအတန်းတွေ ထုတ်ခံခဲ့ရတယ်၊ 0:03:18.620,0:03:21.964 မေးရိုးထဲ ကူးစက်ရောဂါ ဖြစ်ခဲ့လို့[br]သွားတွေကို နှုတ်ယူခဲ့ရတယ်၊ 0:03:21.965,0:03:24.951 ကျွန်တော်ဟာ ကျွန်တော့ အစားအစာတွေကို[br]ဝါးမျိုးမရတော့ပါဘူး။ 0:03:24.952,0:03:27.574 ပြီးတော့ ကျွန်တော့ကို မနက်တိုင်းမှာ [br]နှိုးပေးတာကအစ 0:03:27.575,0:03:31.686 ရေချိုးခြင်းနဲ့ ပြုစုစောင့်ရှောက်မှုကို[br]အခြားသူ တယောက်က လုပ်ပေးရပါတယ်၊ 0:03:31.686,0:03:35.406 ကျွန်တော် လပ်ထပ်ထားတဲ့ ကျွန်တော့ဇနီးချောက[br]အဲဒါတွေ လုပ်ပေးနိုင်တယ် ကံကောင်းတာပေါ့။ 0:03:35.406,0:03:37.359 (လက်ခုပ်တီးသံများ) 0:03:41.049,0:03:43.761 စစချင်းမှာ ကျွန်တော် [br]သွားလေရာ နေရာတိုင်းမှာ၊ 0:03:43.762,0:03:45.875 လူတွေနဲ့ စပြီးတွေ့တွေ့ချင်းမှာ၊ 0:03:45.876,0:03:48.210 သူတို့က ကျွန်တော့ ဘဝအထ္ထုပတ္တိကို [br]မသိကြဘူးဆိုရင်၊ 0:03:48.220,0:03:53.480 လူသားတို့ရဲ့ သဘာဝအရ သူတို့ဘာသာသူတို့[br]အလိုအလျောက်၊ 0:03:53.481,0:03:58.452 "အို၊ ဒီလိုလူဖြစ်ရတာ သိပ်ကို ခက်ခဲမှာပဲ!"[br]လို့ ထင်မိတတ်ကြပါတယ်။ 0:03:59.692,0:04:03.698 လူတယောက်ဟာ ကျွန်တော့ကို သနားနေရင်[br]ထိုသူဟာ အချိန်ကို အလကားဖြုန်းနေခြင်းပါပဲ၊ 0:04:03.699,0:04:07.210 ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်[br]အားကောင်းတဲ့ ဘဝကို ရွေးချယ်ထားသူမို့လို့ပါ၊ 0:04:07.211,0:04:10.952 ခင်ဗျားတို့ကိပါ အားကောင်းတဲ့ ဘဝကို[br]ရွေးနိုင်အောင် ကူပေးဖို့ လာခဲ့တာပါ၊ 0:04:10.953,0:04:14.397 ဒီမှာ ကျွန်တော်တို့ဟာ ဒီနေ့ ဆေးတွေ[br]အကြောင်းကို ပြောဆိုခဲ့ကြပါသေးတယ်။ 0:04:14.398,0:04:19.571 လူသားတွေကို တကယ်နှိပ်စက်နေတဲ့[br]အဆိုးဝါးဆုံး ဆေးက ဘာလဲ ခင်ဗျားတို့သိလား။ 0:04:19.572,0:04:21.315 သနားမှုပါ။ 0:04:21.315,0:04:24.060 ခင်ဗျားတို့က အခြားလူတယောက်ကို[br]သနားမိတာနဲ့၊ 0:04:24.061,0:04:27.513 ဒါမှမဟုတ် ခင်ဗျားတို့ဟာ ကိုယ့်ကိုကိုယ်[br]သနားမိတာနဲ့ ခင်ဗျားတို့ ကိစ္စတုံးသွားပါပြီ။ 0:04:27.514,0:04:31.881 ခင်ဗျားတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေဟာ[br]လုံးဝ အပြည့်အဝ ပျက်သုဉ်းသွားပါပြီ။ 0:04:32.901,0:04:37.865 ကျွန်တော်တို့ဟာ ကိုယ့်ကို သနားလို့မရဘူး၊[br]ကျွန်တော်တို့ဟာ ခင်ဗျားကို သနားလို့ မရဘူး။ 0:04:37.866,0:04:45.006 ကျွန်တော်ဟာ ဒီနေ့ အိမ်ကို ပြန်ဖို့လိုတယ်၊[br]လွတ်လပ်မှုကို ခံစားနိုင်တာ မှန်ပေမဲ့၊ 0:04:45.007,0:04:48.144 ကျွန်တော် ဒီနေ့ ခင်ဗျားတို့ကို ပြောပြလိုတဲ့[br]လွတ်လပ်မှုကျတော့၊ 0:04:48.145,0:04:51.879 ကျွန်တော်က လွတ်လပ်မှုအဖြစ် လက်ခံရန်[br]ရွေးခဲ့တဲ့ လွတ်လပ်မှုဆိုတာက၊ 0:04:51.880,0:04:53.193 ကျွန်တော် ပြောခဲ့သလို၊ 0:04:53.194,0:04:56.623 ကျွန်တော်တို့ကို လုပ်ပိုင်ခွင့်အာဏာ မပေးတဲ့[br]ဟောကိန်းကို ဘယ်တော့မှ ယုံကြည် မရပါဘူး! 0:04:56.624,0:05:01.351 ဒီနေ့ မှတ်ယူရမယ့် ဒုတိယအချက်က ခင်ဗျားရဲ့ [br]အခြေအနေဟာ ခင်ဗျားရဲ့ ဘဝ မဟုတ်စေရပါ။ 0:05:01.352,0:05:02.489 အဲဒီလို လုံးဝ မဟုတ်စေရပါ။ 0:05:02.490,0:05:04.797 ကျွန်တော်ဟာ မသန်စွမ်းသူ မဟုတ်ပါ! 0:05:04.798,0:05:08.745 ဒါပေမဲ့ ကျွန်တော်ဟာ မသန်စွမ်းသူတို့အတွက်[br]ကားထားရုံဆိုင်ရာ အခွင့်ထူးကိုတော့ ယူမှာပေါ့ 0:05:08.746,0:05:10.134 (ရယ်မောသံများ) 0:05:11.504,0:05:15.188 ဒါပေမဲ့ အဲဒီအချက်က ကျွန်တော့ကို[br]လူသားအနေနဲ့ ဆုံးဖြတ်တာ မဟုတ်ပါ။ 0:05:15.189,0:05:16.517 မသန်စွမ်းသူတဲ့လား။ 0:05:16.518,0:05:21.216 ကျွန်တော့ကို တသက်လုံး မသန်စွမ်းသူအဖြစ်[br]သုံးသပ် ဆက်ဆံခံခဲ့ရပါတယ်။ 0:05:21.217,0:05:23.787 အဲဒါနဲ့ ကျွန်တော်ဟာ တခုတည်းသော[br]မသန်စွမ်းမှုမှာ 0:05:23.788,0:05:28.949 လိုက်ဖက်အောင် မနေထိုင်တတ်မှုသာ[br]ဖြစ်တာကို သူတို့ကို ရှင်းပြလာရပါတယ်။ 0:05:28.950,0:05:32.063 ခင်ဗျားတို့ရဲ့ ဘယ်ဝန်းကျင်မှာမဆို[br]လိုက်ဖက်အောင် ပြုလုပ်နိုင်ရပါမယ်။ 0:05:32.064,0:05:34.307 ထောင်ထဲမှာတောင် လုပ်လို့ ရနိုင်တယ်။ 0:05:34.308,0:05:38.403 လိုက်ဖက်အောင် နေမှုဟာ ဘာနဲ့ တူသလဲ။[br]အဲဒါဟာ အောင်ပွဲခံယူလိုက်သလိုပါပဲ။ 0:05:38.404,0:05:41.337 ကိုယ့်ဘဝကိုကိုယ် အောင်ပွဲခံယူနိုင်ကြတဲ့[br]လူတွေနဲ့ ကျွန်တော်တို့ တွေ့ကြရင်၊ 0:05:41.338,0:05:44.072 ကျွန်တော်တို့ဟာ သူတို့ကို ဝန်းရံတတ်ကြတယ်၊[br]သူတို့ဆီမှ သင်ယူလိုကြပါတယ်။ 0:05:46.862,0:05:50.076 ကြည့်ကြစမ်းပါ! ကျွန်တော်တို့ကို ထောင်ကျနေသူ၊[br]အပြစ်ကျူးလွန်သူလို မမြင်စေလိုရင် 0:05:50.077,0:05:53.590 ဒီထဲကနေပြီး ကိုယ်က ထွက်နိုင်ခဲ့တယ်၊[br]ဒါမှမဟုတ် အဲဒီထဲ ဆက်ပြီး ရှိနေသေးတောင်၊ 0:05:53.591,0:05:55.567 စိတ်ထဲမှာ ခံယူချက် တခုရှိတတ်တယ်၊ 0:05:55.568,0:05:59.181 ကျွန်တော်တို့ဟာ လူသားမျိုးနွယ် အတွက်၊[br]ကျွန်တော်တို့ အခြေအနေ၊ ဂုဏ်ထူး၊ ရပ်တည်မှု 0:05:59.182,0:06:03.994 ဘယ်လိုပဲရှိရှိ၊ တန်ဖိုးရှိတာကို[br]ယူဆောင်ပေးနေတယ်ဆိုတဲ့ ယုံကြည်ချက်ပါ။ 0:06:05.800,0:06:11.318 တကယ်လို့များ ကျွန်တော်ဟာ မသန်စွမ်းဘူးလို့[br]ယုံကြည်မိရင်၊ ကျွန်တော် ကိစ္စတုံးသွားပြီ၊ 0:06:11.319,0:06:16.356 ရှက်နေတော့မယ်၊ လုံခြုံမှာ မဟုတ်တော့ပါ၊[br]ကြောက်နေမယ်၊ အကူအညီကို ရှာလာမယ်။ 0:06:16.357,0:06:20.297 ကျန်တဲ့ လူသားအားလုံးတို့ဟာ[br]အဲဒါကို အိုကေ ဖြစ်နိုင်ကြပေမဲ့၊ 0:06:20.298,0:06:22.047 ကျွန်တော်ကတော့ နောက်တမျိုးကို ရွေးပါတယ်၊ 0:06:22.047,0:06:25.144 ကျွန်တော် အားကောင်းလို ဖြစ်ဖို့ကို၊[br]ခေါင်းဆောင် ဖြစ်ဖို့ကို ရွေးလိုက်တယ်၊ 0:06:25.145,0:06:28.672 ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ကြီးကို ရှေ့ကို [br]တွန်းပေးမယ့် စကားလုံးတွေကို ရွေးပါတယ်။ 0:06:28.673,0:06:31.560 ကျွန်တော် မွေးခဲ့တာ ဘာ့အတွက်လဲ [br]ပြောပြပါမယ်။ 0:06:31.561,0:06:35.273 အဲဒါက ခင်ဗျားတို့ ဘာ့အတွက် မွေးခဲ့တဲ့ဆိုတာ[br]ရှာကြံလာစေမယ်လို့ မျှော်လင့်ပါတယ်။ 0:06:35.274,0:06:39.260 ဒီကမ္ဘာကြီးကို မလုံမခြုံဖြစ်ရမှုမှ[br]ကယ်တင်ပေးဖို့ ကျွန်တော် မွေးခဲ့ရတာပါ။ 0:06:39.261,0:06:43.638 လူတယောက် မလုံခြုံဘူးဆိုရင်[br]မိုက်မဲတဲ့ အရာတွေကို လုပ်မိနိုင်တယ်။ 0:06:43.639,0:06:46.291 ကျွန်တော်တို့ဟာ မလုံမလဲခံစားရရင်၊ 0:06:46.292,0:06:50.232 အပြင်မှာ ရှိတဲ့ တန်ဖိုးတွေကို၊ ပြီးတော့[br]အပြင်မှာ ရှိနေတဲ့ အရာတွေကို ရယူဖို့ 0:06:50.232,0:06:53.414 ကြိုးစားရင် ကိုယ့်ကိုကိုယ် [br]အဟုတ်ကြီးဆိုပြီး ပြသလိုကြပါတယ်။ 0:06:53.416,0:06:54.818 (လက်ခုပ်တီးသံများ) 0:06:54.819,0:06:56.329 ကျေးဇူးတင်ပါတယ်။ 0:07:00.409,0:07:02.890 ခင်ဗျားတို့ဟာ ပြည့်စုံလုံလောက်ကြပါတယ်။ 0:07:02.891,0:07:05.010 ကျွန်တော်ဟာ အထူးကုဆရာ တဦးအဖြစ် 0:07:05.010,0:07:08.409 လူတွေအားလုံးကို၊ သူတို့ဘာပဲ လုပ်ခဲ့လုပ်ခဲ့၊[br]မေတ္တာထားရန် ကတိပေးခဲ့ပါတယ်။ 0:07:08.409,0:07:11.925 ဘာဖြစ်လို့လဲဆိုတော့၊ အတွင်းဖက်ကို[br]နက်ရှိုင်းစွာ ကြည့်လို့ တွေ့လိုက်တာက၊ 0:07:11.926,0:07:14.854 လူသားမှန်သမျှဟာ မေတ္တရားတရားကို[br]သိပ်လိုချင်တာကို၊ 0:07:14.854,0:07:17.491 သူတို့ဟာ ခက်ထန်သူပဲ ဖြစ်ဖြစ်၊[br]ကြောက်ရွံ့နေသူပဲ ဖြစ်ဖြစ်၊ 0:07:17.491,0:07:19.658 ဘယ်လိုမှ မလှုပ်ရှားချင်သူပဲ ဖြစ်ဖြစ် [br]လိုချင်တယ်။ 0:07:19.658,0:07:23.028 ကျွန်တော်တို့က သူတို့ကို မှန်တဲ့အခြေအနေမှာ၊[br]မှန်တဲ့ အချိန်မှာ၊ တွေ့နိုင်ရင်၊ 0:07:23.029,0:07:24.609 အမှန်တရားကို သူတို့ ပြောပြကြမှာပါ။ 0:07:24.610,0:07:26.190 သူတို့ဟာ မေတ္တာကို လိုအပ်နေကြလို့ပါ။ 0:07:26.191,0:07:28.532 သူတို့က မေတ္တာထားစေလိုတာက ဘသူ့ဆီကများလဲ[br]ခင်ဗျားတို့ သိလား။ 0:07:28.533,0:07:31.376 မိခင်များဆီက မဟုတ်၊ ဖခင်များဆီက မဟုတ်၊[br]စောင့်ရှောက်ပေးနေသူထံမှ မဟုတ်ပါ။ 0:07:31.377,0:07:32.580 အဲဒီလို သူတွေဆီကမှ မဟုတ်ပါ။ 0:07:32.581,0:07:35.714 သူတို့ဟာ ကြည့်မှန်ထဲကို ကြည့်နိုင်ပြီး[br]ကိုယ့်ကိုကိုယ် မေတ္တာထားလိုကြတာပါ။ 0:07:35.715,0:07:38.841 ခင်ဗျားတို့က အဲဒီအချက်ကို နားလည်ကြပြီဆိုရင်[br]တခုခု လုပ်လို့ ရမှာပါ။ 0:07:38.842,0:07:40.792 (လက်ခုပ်တီးသံများ) 0:07:46.202,0:07:49.279 ခင်ဗျားတို့ဟာ ကိုယ့်ကိုကိုယ် ဝမ်းနည်းမိသလို[br]ခံစားလို့ မရနိုင်ပါ။ 0:07:49.280,0:07:52.972 ခင်ဗျားတို့ဟာ ကိုယ့်ကို ဝမ်းနည်းသူဖြစ်ရင်[br]ခင်ဗျားရဲ့ ကိစ္စတွေ ပျက်သုဉ်းသွားတော့မှာပါ။ 0:07:52.973,0:07:57.925 သတိထားရမယ့် ကိုယ့်ကိုဝမ်းနည်းမှုရဲ့ [br]ဆန့်ကျင်ဘက် အချက်လည်း ရှိပါသေးတယ်၊ 0:07:57.926,0:08:02.950 အဲဒါက နောက်အစွန်တခုဖြစ်ပြီး ကျွန်တော်က [br]ကိုယ့်ကိုကိုယ် အနိုင်ကျင့်မှုလို့ ခေါ်တယ်၊ 0:08:02.951,0:08:07.347 ကိုယ့်ကို ရိုက်နှက်နေသူ၊ ကိုယ့်ရဲ့ ရန်သူ[br]ဖြစ်ကာ ကိုယ့်ကိုကိုယ် 0:08:07.347,0:08:10.111 အနှုတ်လက္ခဏာ ဟောကိန်းတွေ [br]အားလုံးဟာ မှန်တယ်၊ 0:08:10.111,0:08:13.710 အဲဒါတွေ ဖြစ်လာကြမယ်၊ မင်းတော့ ကိစ္စချောပြီ၊[br]ကျဆုံးမှာ သေချာတယ်လို့ ပြောဆိုမှုပါ။ 0:08:13.711,0:08:15.729 ဒီလိုသာဆိုရင် ခင်ဗျားဟာ [br]ဘာမှ လက်လှမ်းမှီမှာ မဟုတ်ပါ။ 0:08:15.730,0:08:19.812 ကိုယ့်ကို နှိပ်စက်မှုဟာ ကိုယ့်ကို[br]ပြုလုပ်နိုင်တဲ့ အကြီးဆုံး အန္တရာယ်ပါ။ 0:08:19.813,0:08:24.658 ခင်ဗျားတို့ဟာ ကိုယ့်ကို သနားခွင့် မရှိဘူး၊[br]ကိုယ့်ကိုကိုယ် နှိပ်စက်ခွင့် မရှိဘူး၊ 0:08:24.659,0:08:26.995 ခင်ဗျားတို့ဟာ ကိုယ့်ကိုကိုယ် [br]မေတ္တာထားဖို့လိုတယ်၊ 0:08:26.996,0:08:30.096 ဒါဟာ ကျွန်တော် ဒီနေ့ မျှဝေပေးမယ့်[br]နောက်ဆုံး အကြံပေးချက်နဲ့ဆိုင်တယ်၊ 0:08:32.775,0:08:36.214 တကယ့် အကျဉ်းထောင်ဆိုတာ တံတိုင်ကြီးတွေနဲ့ဟာ[br]မဟုတ်ဘူး၊ 0:08:37.183,0:08:41.576 လျှပ်စစ်သံဆူးကြိုးတွေနဲ့ [br]ကာထားတာမျိုး မဟုတ်ဘူး၊ 0:08:41.577,0:08:44.853 တကယ့် ထောင်ထဲမှာ အစောင့်တွေ မရှိကြဘူး၊ 0:08:46.223,0:08:48.804 အဲဒီ တကယ့်အကျဉ်းထောင်က ဟောဒီထဲမှာပါ။ 0:08:49.684,0:08:51.813 ကျွန်တော်တို့ အားလုံးဆီမှာ အဲဒါရှိပါတယ်၊ 0:08:53.083,0:08:59.848 ကျွန်တော်တို့ဆီမှာ ကျွန်တော်တို့နဲ့ [br]မရပ်မနား စကားပြောတဲ့ အသိစိတ် ရှိပါတယ်။ 0:09:01.478,0:09:07.255 ခင်ဗျားတို့ရဲ့ ကယ်တင်မှုက ဘယ်မှာလဲ သိကြလား။[br]ဒီနံရံတွေရဲ့ အပြင်မှာ မဟုတ်ဘူး။ 0:09:09.462,0:09:14.520 ကျွန်တော်ဟာ သိပ်ကို အောင်မြင်ကြကာ နာမည်ကြီး[br]ပုဂ္ဂိုလ်တွေ မနည်းကြီးကို တွေ့ခဲ့ဘူးတယ်၊ 0:09:14.521,0:09:17.455 သူတို့ဟာ အကျဉ်းထောင်ထဲမှာ ရှိနေကြတယ်၊ 0:09:17.456,0:09:21.285 သူတို့ဟာ သူတို့ရဲ့ အသိစိတ်ထဲမှာ [br]ဖမ်းမိနေကြတယ်၊ 0:09:21.286,0:09:25.316 ကိုယ့်ကိုကိုယ် နှိပ်စက်ရင်း၊ [br]ကိုယ့်ကိုကိုယ် သနားရင်းနဲ့ ပေါ့လေ။ 0:09:26.656,0:09:29.926 စစ်မှန်တဲ့ လွတ်လပ်မှုက အဲဒီအသိစိတ်ထဲမှ [br]ထွက်လာနိုင်မှ ရရှိနိုင်မှာပါ။ 0:09:29.927,0:09:35.576 ပြီးတော့ ကျွန်တော် ဇနီး သင်ပေးသလို အဲဒါဟာ [br]ခင်ဗျားတို့နှလုံးသားထဲ ရောက်ဖို့ လိုတယ်။ 0:09:37.094,0:09:39.356 နှလုံးရဲ့ စည်းချက်ကျကျ ခုန်မှုဟာ 0:09:39.357,0:09:42.659 သွေးတွေကို အစွန်အဖျား နေရာများဆီ [br]ရောက်အောင် တွန်းပို့နေရုံသာ မကပါ။ 0:09:42.660,0:09:44.233 နှလုံး ဘာတွေများ လုပ်နေသေးလဲ။ 0:09:44.234,0:09:48.939 ကျွန်တော်တို့ရဲ့ နှလုံးဟာ ကျွန်တော်တို့ရဲ့[br]ပြုမူမှုဆိုင်ရာ၊ ဘဝဆိုင်ရာ၊ 0:09:48.940,0:09:52.993 စိတ်နေသဘောထားဆိုင်ရာ ရွေးချယ်စရာ[br]စေ့ဆော်ချက်တွေကို စေလွှတ်ပေးနေတာပါ။ 0:09:54.693,0:09:57.056 ခင်ဗျားတို့က ကိုယ့်ကိုကိုယ် [br]မေတ္တာရှိကြမယ် ဆိုရင်၊ 0:09:57.057,0:10:02.590 ခင်ဗျားတို့ဟာ အိမ်မောကျနေလား၊ [br]ထောင်ထဲက ခုတင်ပေါ်မှာလား၊ 0:10:02.591,0:10:04.484 ခမ်းနားတဲ့ အိမ်ထဲမှာလား၊ ဗိုက်ဝနေတာလား၊ 0:10:04.485,0:10:07.087 နောက်တခါ ဘယ်တော့ စားနိုင်မလဲ [br]ဆိုတာကို မသိသူလား၊ 0:10:07.088,0:10:08.944 ကိုယ့်ကိုကိုယ် မေတ္တာရှိရိုးမှန်ရင်၊ 0:10:08.944,0:10:12.499 ကိုယ့်စိတ်ထဲက ခံစားချက်တွေကို ကျွမ်းကျင်စွာ[br]ကိုင်တွယ်နိုင်အောင် သင်ယူနိုင်မယ်ဆိုရင်၊ 0:10:12.499,0:10:15.925 ခင်ဗျားဟာ တကယ့်ကို လွတ်လပ်သူ ဖြစ်လာမှာပါ။ [br]ကျွန်တော် ခင်ဗျားတို့ကို ချစ်တယ်၊ 0:10:15.925,0:10:18.948 တယောက်ချင်းကို ချစ်တယ်၊ ဒီနံရံတွေထဲမှ [br]ခင်ဗျားတို့ လွတ်လပ်လာပါကြပါစေ။ 0:10:18.948,0:10:21.354 ဘုရားသခင်က ကောင်းချီးမင်္ဂလာ[br]ချီးမြှောက်တော်မူပါစေ။ 0:10:21.355,0:10:22.584 (လက်ခုပ်တီးသံများ)