WEBVTT 00:00:00.000 --> 00:00:05.000 "သင့်ကလေးတွေကို လုပ်ခွင့်ပေးသင့်တဲ့ အန္တရာယ်ရှိတဲ့ အရာ ၅-ခု" အကြောင်း ဟောပြောပွဲမှ ကြိုဆိုပါတယ် 00:00:05.000 --> 00:00:07.000 ကျွန်တော့်မှာ ကလေးမရှိပါဘူး 00:00:07.000 --> 00:00:09.000 ဒါကြောင့် သူငယ်ချင်းတွေရဲ့ ကလေးတွေကို ကျွန်တော် ငှားရတယ် 00:00:09.000 --> 00:00:12.000 (ရယ်မောသံများ) 00:00:13.000 --> 00:00:15.000 အခုပြောမယ့် အကြံဉာဏ်တွေကို စဉ်းစားချင့်ချိန်ပြီး လက်ခံကြပါ 00:00:15.000 --> 00:00:18.000 ကျွန်တော်က ဂီဗာ တာလီပါ 00:00:18.000 --> 00:00:22.000 ကျွန်တော့် အသက်မွေးဝမ်းကျောင်းကတော့ ကွန်ပျူတာ ပညာရှင်ပါ 00:00:22.000 --> 00:00:27.000 ဒါပေမယ့် ကျွန်တော်က လက်တွေ့သင်တန်းကျောင်းလို့ ခေါ်တဲ့ဟာကို တည်ထောင်ခဲ့သူပါ 00:00:27.000 --> 00:00:30.000 အဲဒါက နွေရာသီမှာလုပ်တဲ့ အစီအစဉ် တစ်ခုပါ၊ ရည်ရွယ်တာကတော့ ကလေးတွေကို 00:00:30.000 --> 00:00:33.000 သူတို့စဉ်းစားမိတဲ့ဟာတွေကို ဘယ်လိုတည်ဆောက်ရတယ်ဆိုတာ လေ့လာနိုင်အောင် အထောက်အကူပေးဖို့ပါ 00:00:33.000 --> 00:00:35.000 ဒါကြောင့် ကျွန်တော်တို့ အများကြီး တည်ဆောက်ဖြစ်ပါတယ် 00:00:35.000 --> 00:00:38.000 ၂-တန်းကျောင်းသားလေးတွေ လက်ထဲကို ကျွန်တော်က ဆောက်လုပ်ရေး ကိရိယာတွေ ထည့်ပေးလိုက်တာ 00:00:38.000 --> 00:00:42.000 ဒါကြောင့် ခင်ဗျားတို့က ကိုယ့်ကလေးကို လက်တွေ့သင်တန်းကျောင်းကို ပို့ဖို့ စဉ်းစားနေတယ်ဆိုရင် 00:00:42.000 --> 00:00:45.000 သူတို့တွေ အဖုအပိန့်တွေ၊ ခြစ်ရာတွေ၊ သွေးသံတွေနဲ့ ပြန်လာမှာနော် 00:00:47.000 --> 00:00:49.000 သိကြတဲ့အတိုင်းပဲ ကျွန်တော်တို့နေတဲ့ ကမ္ဘာကြီးက 00:00:49.000 --> 00:00:53.000 ပိုမိုတင်းကြပ်လာတဲ့ ကလေးသူငယ် ဆိုင်ရာ လုံခြုံရေး စည်းကမ်းတွေရှိနေတယ် 00:00:53.000 --> 00:00:59.000 ဒါနဲ့ပတ်သက်လို့ အကန့်အသတ်ရှိမယ့်ပုံမပေါ်ပါဘူး 00:00:59.000 --> 00:01:01.000 ကလေးသူငယ် ဆိုင်ရာ လုံခြံုရေး စည်းကမ်းတွေကို ဘယ်လောက်ထိ ရူးရူးသွပ်သွပ်ထားကြမယ်ဆိုတာကိုပေါ့ 00:01:01.000 --> 00:01:06.000 ကျွန်တော်တို့ ပလတ်စတစ် ဖလင်အပိုင်းအစတိုင်းမှာ အသက်ရှူလမ်းကြောင်းပိတ်ဆို့နိုင်တယ်ဆိုတဲ့ သတိပေးချက်ကို ရေးထားကြတယ် 00:01:06.000 --> 00:01:08.000 အမေရိကန်ကထုတ်တဲ့ဖလင်ပဲဖြစ်ဖြစ် ရောင်းတဲ့ဖလင်ပဲဖြစ်ဖြစ် 00:01:08.000 --> 00:01:10.000 အမေရိကန်မှာ တခြားဟာတခုနဲ့ တွဲရောင်းတဲ့ဖလင်ပဲဖြစ်ဖြစ်ပေါ့ 00:01:10.000 --> 00:01:13.000 ကျွန်တော်တို့ ကော်ဖီခွက်တွေမှာ ကျွန်တော်တို့ကို သတိပေးနိုင်အောင် 00:01:13.000 --> 00:01:16.000 "အထဲမှာရှိသောအရာသည် အပူလောင်နိုင်သည်" လို့ ရေးထားတတ်ကြတယ် 00:01:16.000 --> 00:01:20.000 ပြီးတော့ ကျွန်တော်တို့ ဒီလိုလဲ တွေးချင်တွေးနေကြဦးမှာ 00:01:20.000 --> 00:01:22.000 ဂေါက်ရိုက်ဘောလုံးထက် ပို၍ချွန်ထက်သောအရာသည် 00:01:22.000 --> 00:01:24.000 ၁၀-နှစ်အောက် ကလေးများအတွက် အလွန် ချွန်ထက်သည်ပေါ့ 00:01:24.000 --> 00:01:28.000 အဲဒီတော့ ဒီလမ်းကြောင်း ဘယ်မှာ ရပ်သွားသလဲ? 00:01:28.000 --> 00:01:33.000 ကျွန်တော်တို့ ထောင့်တိုင်းကို ၀ိုင်းပစ်မယ်၊ ချွန်ထက်တဲ့အရာမှန်သမျှ ဖယ်ရှားပစ်မယ် 00:01:33.000 --> 00:01:35.000 လောကမှာ ရှိသမျှ ချောင်ကြိုချောင်ကြားကဟာမကျန် ဖယ်ရှားပစ်မယ်ဆိုရင် 00:01:36.000 --> 00:01:40.000 ကလေးတွေ ပထမဆုံးအကြိမ် ချွန်ထက်တဲ့အရာတွေနဲ့ 00:01:40.000 --> 00:01:43.000 ဒါမှမဟုတ် အနားဝိုင်းပလတ်စတစ်နဲ့ လုပ်ထားတာမဟုတ်တဲ့ အရာတွေနဲ့ ထိမယ်ကိုင်မယ်ဆိုရင် 00:01:43.000 --> 00:01:45.000 သူတို့တွေ အဲဒီပစ္စည်းတွေကြောင့် ထိခိုက်နာကြင်ကုန်တော့မှာပေါ့ 00:01:46.000 --> 00:01:52.000 ဒါကြောင့် ကျွန်တော်တို့ ဆုံးဖြတ်ထားတဲ့ ကန့်သတ်ဘောင်ဖြစ်တဲ့ လုံခြံုစိတ်ချရတယ်ဆိုတဲ့ဇုံဟာ 00:01:52.000 --> 00:01:58.000 တဖြည်းဖြည်းသေးလာလေ၊ ကျွန်တော်တို့ ကလေးတွေအတွက် အဖိုးတန် အခွင့်အရေးတွေဖြစ်တဲ့ 00:01:58.000 --> 00:02:00.000 သူတို့ ၀န်းကျင်ကမ္ဘာနဲ့ ဘယ်လို တုံ့ပြန်ပြုမူမယ်ဆိုတဲ့ လေ့လာသင်ယူခွင့်ကို ဖြတ်တောက်ပစ်နေတာပဲပေါ့ 00:02:01.000 --> 00:02:05.000 ကျွန်တော်တို့ ဘယ်လောက်ပဲ အစွမ်းကုန် အင်အားစိုက်စိုက်၊ ဘယ်လောက်ပဲ ရည်ရွယ်ချက်ကောင်းတွေရှိရှိ 00:02:05.000 --> 00:02:06.000 ကလေးတွေက လျှောက်လက်တည့်စမ်းကြမှာပါပဲ 00:02:06.000 --> 00:02:09.000 အန္တရာယ်အရှိဆုံးအရာကို သူတို့စွမ်းသလောက် ဘယ်လိုလုပ်မလဲပေါ့ 00:02:09.000 --> 00:02:11.000 သူတို့ဖာသာ ဘယ် ပတ်ဝန်းကျင်မှာပဲ ရှိနေနေပေါ့ 00:02:12.000 --> 00:02:18.000 ခေါင်းစဉ်က ဆွပေးသလိုဖြစ်နေပေမယ့် ဒီ ဆွေးနွေးတင်ပြမှုက တကယ့်တော့ လုံခြံုရေးအကြောင်းနဲ့ 00:02:19.000 --> 00:02:23.000 တစ်ချို့ ရိုးရှင်းတဲ့ ကျွန်တော်တို့လည်းလုပ်ပေးနိုင်တဲ့ 00:02:23.000 --> 00:02:29.000 ကျွန်တော်တို့ကလေးတွေ ဆန်းသစ်တီထွင်တတ်အောင် ယုံကြည်စိတ်ရှိအောင် 00:02:29.000 --> 00:02:31.000 သူတို့အနီးအနားက ပတ်ဝန်းကျင်ကို ထိန်းချုပ်တတ်အောင် မြေတောင်မြှောက်ပေးဖို့အကြောင်းတွေပါ 00:02:32.000 --> 00:02:37.000 အခုကျွန်တော် ခင်ဗျားတို့ကို တင်ပြနေတာက ရေးနေဆဲဖြစ်တဲ့ စာအုပ်တစ်အုပ်ထဲက ကောက်နှုတ်ထားတာပါ 00:02:38.000 --> 00:02:40.000 စာအုပ်ကိုတော့ ''အန္တရာယ်ရှိတဲ့ အရာ ၅၀" လို့ခေါ်ပါတယ် 00:02:40.000 --> 00:02:42.000 ဒါက အန္တရာယ်ရှိတဲ့ အရာ ၅-ခုပါ 00:02:42.000 --> 00:02:45.000 နံပါတ်တစ် အရာကတော့ -- မီးနဲ့ကစားပါတဲ့ 00:02:45.000 --> 00:02:50.000 သဘာဝရဲ့ အခြေခံအကျဆုံး အင်အားတွေထဲက တစ်ခုကို ထိန်းချုပ်ဖို့ လေ့လာခြင်းဟာ 00:02:50.000 --> 00:02:54.000 ကလေးတိုင်းရဲ့ တစ်ကိုယ်ရည် သမိုင်းမှာ အခရာကျတဲ့ အခါကာလပါပဲ 00:02:54.000 --> 00:02:56.000 ကျွန်တော်တို့ မှတ်မိသည်ဖြစ်စေ မမှတ်မိသည်ဖြစ်စေ 00:02:56.000 --> 00:02:59.000 ဒါဟာ ကျွန်တော်တို့ ပထမဆုံးအကြိမ်အနေနဲ့ 00:02:59.000 --> 00:03:02.000 ဒီဆန်းကြယ်တဲ့ အရာတွေထဲကတစ်ခုကို ထိန်းချုပ်နိုင်ခဲ့တယ် 00:03:02.000 --> 00:03:04.000 ဒီ ဆန်းကြယ်မှုတွေဟာ 00:03:04.000 --> 00:03:06.000 သူတို့နဲ့ ကစားဖို့ အခွင့်အလမ်းရတဲ့သူတွေအတွက်ပဲ အဖြေရှိတာပါ 00:03:06.000 --> 00:03:09.000 အဲဒါကြောင့် မီးနဲ့ကစားရခြင်းပါ 00:03:09.000 --> 00:03:15.000 ဒါက ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့တဲ့ ကြီးကျယ်တဲ့အရာတွေထဲက တစ်ခုဖြစ်တဲ့ မီးလိုပါပဲ 00:03:15.000 --> 00:03:18.000 မီးနဲ့ကစားခြင်းအားဖြင့် သူတို့တွေ မီးအကြောင်း အခြေခံ စည်းမျည်းတွေ၊ 00:03:18.000 --> 00:03:22.000 မီးသုံးတဲ့ပမာဏတွေ၊ ပေါက်ကွဲလောင်ကျွမ်းတာတွေ၊ မီးပြန်စွန့်ထုတ်တာတွေကို သိသွားမယ် 00:03:22.000 --> 00:03:24.000 ဒါတွေဟာ မီးရဲ့ ပတ်သက်နေတဲ့ အစိတ်အပိုင်း ၃-ခုပါပဲ 00:03:24.000 --> 00:03:27.000 ဒါတွေကို ခင်ဗျားတို့က ကောင်းကောင်း ထိန်းချုပ်တတ်ရမယ် 00:03:27.000 --> 00:03:32.000 ဖွင့်ထားတဲ့ မီးရှို့ဇကာထဲက မီးကို လက်တွေ့စမ်းသပ်ခန်းလို စဉ်းစားရင် 00:03:32.000 --> 00:03:34.000 အဲဒါနဲ့ ကစားလို့ ကလေးတွေ ဘာသိသွားမလဲဆိုတာ ခင်ဗျားတို့ မသိနိုင်ပါဘူး 00:03:34.000 --> 00:03:39.000 အဲဒါကို သူတို့ဖာသာ ကလိခွင့်ပေးလိုက်ပါ၊ ကျွန်တော်ပြောတာကိုယုံ 00:03:40.000 --> 00:03:42.000 သူတို့တွေ သိသွားလိမ့်မယ် 00:03:42.000 --> 00:03:47.000 စူးစမ်းရှာဖွေသူ ဒိုရာလို အရုပ်တွေနဲ့ ကစားလို့မရနိုင်တဲ့ အကျိုးတရားတွေပေါ့ 00:03:48.000 --> 00:03:51.000 နံပါတ် နှစ် ကတော့ အိတ်ဆောင်ဓါးတစ်ချောင်း ပိုင်ထားဖို့ပါ 00:03:51.000 --> 00:03:55.000 အိတ်ဆောင်ဓါးတွေဟာ ကျွန်တော်တို့ ယဉ်ကျေးမှုအသိကနေ တရွတ်ဆွဲ ထွက်ခွာနေကြပါပြီ 00:03:56.000 --> 00:03:58.000 ဒါကို ကျွန်တော်ကတော့ ဆိုးဝါးတဲ့ကိစ္စလို့ထင်မိတယ် 00:03:58.000 --> 00:04:01.000 (ရယ်မောသံများ) 00:04:02.000 --> 00:04:07.000 ခင်ဗျားရဲ့ အိတ်ဆောင်ဓါးဟာ ခင်ဗျားကို လက်ဆောင်ပေးလိုက်တဲ့ ပထမဆုံး စွယ်စုံသုံး ကိရိယာတစ်ခုပါ 00:04:07.000 --> 00:04:10.000 အဲဒါဟာ ယောက်မဆိုလည်းဟုတ်တယ်၊ ကလော်တဲ့တုတ်ဆိုလည်းဟုတ်တယ် 00:04:10.000 --> 00:04:13.000 အဲဒါဟာ ၀က်အူလှည့်ဖြစ်သလို၊ အဲဒါဟာ ဓါးမလည်းဖြစ်ပါတယ် 00:04:13.000 --> 00:04:18.000 အဲဒါဟာ အစွမ်းထက်တဲ့၊ အစွမ်းတွေကိုပေးတဲ့ ကိရိယာတစ်ခုပါပဲ 00:04:18.000 --> 00:04:21.000 ယဉ်ကျေးမှုတော်တော်များများမှာ သူတို့တွေက ဓါးကိုပေးကြတယ် 00:04:21.000 --> 00:04:23.000 သူတို့ လမ်းလျှောက်တတ်ကာစကလေးအရွယ်ရောက်တာနဲ့ သူတို့မှာ ဓါးတွေ ရှိနေပြီ 00:04:23.000 --> 00:04:27.000 ဒါတွေက အင်းနူဝစ် (အက်စကီးမိုးလူမျိုးနွယ်တစ်မျိူး) ကလေးလေးတွေ ဝေလငါးအဆီ လှီးနေကြတာပါ 00:04:27.000 --> 00:04:31.000 ဒါကို ကျွန်တော် ၁၀-နှစ်သားတုန်းက ကနေးဒီးယန်း ရုပ်ရှင်ပွဲတော်မှာ ပထမဆုံး ကြည့်ခဲ့ဖူးတာ 00:04:31.000 --> 00:04:35.000 ကလေးတွေ ဓါးတွေနဲ့ ကစားနေတာကို တွေ့ရတာ မပျောက်နိုင်အောင်ပဲ စိတ်ထဲစွဲထင်ကျန်နေတယ် 00:04:35.000 --> 00:04:39.000 ကလေးတွေဟာ "မိမိ" ဆိုတဲ့ ဆင့်ပွားအသိကို မွေးမြူနိုင်တယ်ဆိုတာ ဒီဟာကနေ ပြောပြနေတယ် 00:04:39.000 --> 00:04:41.000 နုနယ်တဲ့အရွယ်မှာ ပစ္စည်းကိရိယာတစ်ခုကနေတဆင့်ပေါ့ 00:04:41.000 --> 00:04:43.000 ခင်ဗျားတို့သာ ရိုးရှင်းတဲ့ စည်းမျည်းလေး ၂-ခုလောက် ချထားလိုက် 00:04:44.000 --> 00:04:49.000 ခန္ဒာကိုယ်နဲ့ဝေးတဲ့နေရာကနေ လှီးဖြတ်ဖို့၊ အသွားကို မြိနေအောင်ထားဖို့၊ အားနဲ့မသုံးဖို့ 00:04:49.000 --> 00:04:52.000 ဒါတွေက ကလေးတွေ နားလည်နိုင်၊ လိုက်နာလေ့ကျင့်နိုင်တဲ့ ကိစ္စတွေပါ 00:04:52.000 --> 00:04:53.000 သူတို့ဖာသာ ရှမိတာမျိုးတွေလည်း ရှိမှာပါပဲ 00:04:53.000 --> 00:04:56.000 ကျွန်တော့်ခြေထောက်မှာ ဆိုးဝါးတဲ့ အမာရွတ်တွေရှိတယ်၊ ကျွန်တော့်ဖာသာ ထိုးမိတာ 00:04:57.000 --> 00:04:59.000 ဒါပေမယ့် ခင်ဗျားတို့သိတဲ့အတိုင်းပဲ ကလေးတွေက ငယ်တော့ ရှရင် ပျောက်တာမြန်တယ် 00:04:59.000 --> 00:05:03.000 (ရယ်မောသံများ) 00:05:03.000 --> 00:05:05.000 နံပါတ် သုံး -- ကတော့ လှံပစ်ခြင်းပါ 00:05:06.000 --> 00:05:10.000 ကျွန်တော်တို့ရဲ့ ဦးဏှောက်က တကယ်တော့ ပစ္စည်းပစ္စယတွေကို ပစ်ခတ်ဖို့ချိတ်သွယ်ထားသလိုဖြစ်နေတယ် 00:05:10.000 --> 00:05:15.000 ကြွက်သားတွေလိုပါပဲ၊ ဦးဏှောက်ရဲ့ အစိတ်အပိုင်းတွေကို အသုံးမပြုရင် 00:05:15.000 --> 00:05:17.000 အချိန်ကြာလာလေ ကြံု့လာပျက်ဆီးလာလေပဲ 00:05:18.000 --> 00:05:21.000 ဒါပေမယ့် အဲဒီကြွက်သားတွေကို လေ့ကျင့်ပေးမယ်ဆိုရင် 00:05:21.000 --> 00:05:23.000 ရှိသမျှကြွက်သားတွေက စနစ်တစ်ခုလုံးကို ကြံ့ခိုင်မှုပေးပါတယ် 00:05:23.000 --> 00:05:25.000 ခင်ဗျားတို့ရဲ့ဦးဏှောက်လည်း ဒီသဘောတရားအတိုင်းပါပဲ 00:05:26.000 --> 00:05:30.000 ဒါကြောင့် ပစ္စည်းတွေပစ်တာကို လေ့ကျင့်ပေးခြင်းအားဖြင့် 00:05:30.000 --> 00:05:33.000 ဦးဏှောက်ရဲ့ အရှေ့ခြမ်းနဲ့ ဦးဏှောက်လုံးခြမ်းတွေရဲ့ အလယ်ပိုင်းတွေကို လှုံ့ဆော်ပေးတယ်ဆိုတာ ပြထားတာတွေရှိပါတယ် 00:05:33.000 --> 00:05:38.000 ဦးဏှောက်ရဲ့ အဲဒီအပိုင်းတွေက မျက်စိအာရုံ နဲ့ သုံးဘက်မြင်သဘောကို နားလည်းခြင်း 00:05:38.000 --> 00:05:43.000 စနစ်တကျပုံဖော်ထားတဲ့ ပြဿနာဖြေရှင်းခြင်း တွေနဲ့ ပတ်သက်နေတယ်၊ ဒါကြောင့် ဖြစ်နိုင်ခြေတော့ ရှိပါတယ် 00:05:43.000 --> 00:05:47.000 ဒါဟာ သူတို့ကို အမြင်ဆိုင်ရာကျွမ်းကျင်မှုတွေနဲ့ သူတို့ရဲ့ ခန့်မှန်းတွက်ချက်နိုင်စွမ်းတွေ ဖွံ့ဖြိုးလာဖို့ အကူအညီပေးတယ် 00:05:48.000 --> 00:05:53.000 ပစ်တယ်ဆိုတာ ခွဲခြမ်းစိတ်ဖြာမှုနဲ့ ခန္ဓာကိုယ်ဆိုင်ရာ ကျွမ်းကျင်မှုတွေ ပေါင်းစပ်ထားတာပါ 00:05:53.000 --> 00:05:57.000 ဒါကြောင့် ဒီလို တစ်ကိုယ်လုံးသုံးရတဲ့ လေ့ကျင့်မှုဟာ အရမ်းကောင်းပါတယ် 00:05:57.000 --> 00:06:03.000 ဒီလို ပစ်မှတ်ကိုအခြေခံတဲ့ လေ့ကျင့်မှုတွေဟာ 00:06:03.000 --> 00:06:08.000 ကလေးတွေအတွက် အလေးပေးခြင်းနဲ့ အာရုံစူးစိုက် ကျွမ်းကျင်မှုတွေကို ဖွံ့ဖြိုးလာဖို့ အကူအညီပေးပါတယ် 00:06:08.000 --> 00:06:10.000 ဒါတွေဟာ ကောင်းပါတယ် 00:06:10.000 --> 00:06:14.000 နံပါတ် လေး -- ကတော့ အိမ်သုံးပစ္စည်းတွေကို ဖြုတ်ခြင်းပါ 00:06:14.000 --> 00:06:18.000 ခင်ဗျားတို့ရဲ့ ပန်းကန်ဆေးစက်ထဲမှာ စိတ်ဝင်စားစရာအရာတွေရဲ့ ကမ္ဘာတစ်ခု ရှိပါတယ် 00:06:18.000 --> 00:06:23.000 နောက်ခင်ဗျားတို့ အိမ်ကပစ္စည်းတစ်ခုခုကို လွှင့်ပစ်တော့မယ်ဆိုရင် အဲဒါကို မပစ်လိုက်ပါနဲ့ဦး 00:06:23.000 --> 00:06:26.000 ခင်ဗျားတို့ရဲ့ကလေးနဲ့ အဲဒါကို တစ်စချင်းဖြုတ်ပါ၊ ဒါမှမဟုတ် ကလေးကို ကျွန်တော့်ကျောင်းကို ပို့လိုက်ပါ 00:06:26.000 --> 00:06:28.000 ကျွန်တော်တို့က ကလေးတွေနဲ့အတူ အဲဒါကို တစ်စခြင်းဖြုတ်ပေးပါမယ် 00:06:28.000 --> 00:06:30.000 ဘယ်အစိတ်အပိုင်းက ဘာလဲဆိုတာ မသိခဲ့ရင်တောင် 00:06:30.000 --> 00:06:33.000 အဲဒါတွေက ဘာအတွက်များလဲလို့ ပဟေဠိအဖြေညှိနေတာဟာ 00:06:33.000 --> 00:06:36.000 ကလေးတွေအတွက် တကယ့်ကို အလေ့အထကောင်းတစ်ခုပါ 00:06:36.000 --> 00:06:42.000 သူတို့ ပစ္စည်းတွေကို ဖြုတ်တတ်တယ်ဆိုတဲ့ အသိတစ်မျိုး ရလာတယ် 00:06:42.000 --> 00:06:44.000 ပစ္စည်းတွေက ဘယ်လောက်ပဲ ရှုပ်ထွေးနေပါစေ 00:06:44.000 --> 00:06:48.000 အဲဒါတွေရဲ့ တစ်ချို့အစိတ်အပိုင်းတွေကိုတော့ သူတို့နားလည်းတယ်၊ ဒါက နောက်ဆုံးမှာ 00:06:48.000 --> 00:06:50.000 သူတို့ အားလုံးကို နားလည်လာနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ် ရောက်ပါတယ် 00:06:50.000 --> 00:06:53.000 ဒါဟာ တစ်ခုခုကို သိထားလို့ရတယ်ဆိုတဲ့ သိနိုင်စွမ်း အာရုံတစ်မျိုးပါ 00:06:54.000 --> 00:06:57.000 ကျွန်တော်တို့အိမ်မှာ ရှိနေတဲ့၊ စိတ်ချရပါတယ်လို့ ယူဆထားတဲ့ ဒီအမဲရောင်သေတ္တာတွေဟာ 00:06:57.000 --> 00:07:01.000 တကယ်တော့ တခြားလူတွေကလုပ်ထားတဲ့ ရှုပ်ထွေးတဲ့ ပစ္စည်းတွေပါ 00:07:01.000 --> 00:07:03.000 ဒါကို ခင်ဗျားတို့ နားလည်နိုင်နေတာပဲ 00:07:03.000 --> 00:07:07.000 နံပါတ် ငါး -- ကတော့ နှစ်ခုပွားဖို့ပါ 00:07:07.000 --> 00:07:09.000 သက္ကရာဇ် ၂၀၀၀ ဒီဂျစ်တယ် မူပိုင်ခွင့် ဥပဒေကို ချိုးဖောက်ပါတဲ့ 00:07:09.000 --> 00:07:12.000 (ရယ်မောသံများ) 00:07:12.000 --> 00:07:15.000 လုံခြံုရေးဆိုင်ရာ စည်းကမ်းတွေထက် 00:07:15.000 --> 00:07:18.000 ကျွန်တော်တို့ပိုင်တဲ့ ပစ္စည်းတွေကို ဘယ်လို တုံ့ပြန်ပြုမူခွင့်ပဲရှိရမယ်လို့ ကန့်သတ်ဖို့ကြိုးစားထားတဲ့ တခြားဥပဒေတွေ ရှိပါသေးတယ် 00:07:18.000 --> 00:07:20.000 ဒီကိစ္စမှာတော့ ဒီဂျစ်တယ် မီဒီယာ ပစ္စည်းတွေကို ပြောတာပါ 00:07:21.000 --> 00:07:28.000 ဒါကို လုပ်ပုံလုပ်နည်းက ရိုးရှင်းပါတယ်၊ iTunes ကနေ သီချင်းတစ်ပုဒ်ဝယ်ပြီး CD ထဲ ကူးလို်က် 00:07:28.000 --> 00:07:31.000 ပြီးရင် CD ကို MP3 သီချင်းအနေနဲ့ ထုတ်ယူလိုက်၊ ပြီးရင် ဒီကွန်ပျူတာမှာပဲ ပြန်ဖွင့်နားထောင် 00:07:31.000 --> 00:07:33.000 ဒါဆို ခင်ဗျားတို့ ဥပဒေတစ်ခုကို ချိုးဖောက်လိုက်တာပဲ 00:07:33.000 --> 00:07:37.000 နည်းပညာဆန်ဆန်ပြောရရင် အမေရိက အသံသွင်းလုပ်ငန်းအဖွဲ့က ခင်ဗျားကို လာပြီးဒုက္ခပေးလို့ရတယ် 00:07:37.000 --> 00:07:39.000 ဒါဟာ ကလေးတွေနားလည်ထားသင့်တဲ့ အရေးကြီး သင်ခန်းစာတစ်ခုပါ 00:07:39.000 --> 00:07:43.000 ဒီလို ဥပဒေတွေကို မတော်တဆ ချိုးဖောက်လိုက်မိနိုင်တယ်ဆိုတာ 00:07:43.000 --> 00:07:45.000 ဒါကြောင့် ဥပဒေတွေရဲ့ ဆိုလိုရင်းကို အဓိပ္ပာယ်ကောက်ရတယ်ဆိုတာတွေပေါ့ 00:07:45.000 --> 00:07:48.000 ဒါက ကျွန်တော်တို့ ကလေးတွေနဲ့ ပြောလေ့ရှိတဲ့ဟာပါ 00:07:48.000 --> 00:07:52.000 ကျွန်တော်တို့ ပစ္စည်းတွေကို ကလိပြီး ခွဲနေဖွင့်နေတဲ့အခါမျိုး 00:07:52.000 --> 00:07:55.000 တစ်စခြင်းဖြုတ်ပစ်ပြီး တခြားဟာတွေမှာ သုံးတဲ့အခါမျိုးနဲ့ 00:07:55.000 --> 00:08:00.000 အပြင်သွားဖို့ ကားမောင်းတဲ့အခါမျိုးတွေမှာပေါ့ 00:08:01.000 --> 00:08:05.000 ကားမောင်းတယ်ဆိုတာ တကယ်တော့ ကလေးငယ်တစ်ယောက်အတွက် လုပ်ပိုင်ခွင့်အာဏာပေးတဲ့ အပြုအမူပါပဲ 00:08:05.000 --> 00:08:07.000 ဒါဟာ အကြီးမားဆုံးပါပဲ 00:08:07.000 --> 00:08:09.000 (ရယ်မောသံများ) 00:08:09.000 --> 00:08:13.000 ခင်ဗျားတို့က ဒါကို ဥပဒေကို ချိုးဖောက်နေတာပါပဲဆိုပြီး စိတ်မသက်မသာဖြစ်နေတယ်ဆိုရင်တော့ 00:08:13.000 --> 00:08:16.000 ခင်ဗျားတို့ ကိုယ့်ကလေးနဲ့ ကားမောင်းလို့ရပါတယ် 00:08:16.000 --> 00:08:19.000 ဒါဟာ ကလေးတစ်ယောက်အတွက် ကြီးကြယ်တဲ့ အဆင့်တစ်ခုပါပဲ 00:08:19.000 --> 00:08:21.000 ဒါမျိုးဟာ ဘယ်အချိန်မျိုးမှာ ဖြစ်တတ်သလဲဆိုတော့ 00:08:21.000 --> 00:08:24.000 သူတို့ ဒိုင်နိုဆောလို အကောင်မျိုးပေါ်ကို တွယ်ကပ်တက်တဲ့အခါမျိုးမှာပေါ့ 00:08:24.000 --> 00:08:26.000 အပြင်လောက က ဒီ အကောင်ကြီးတွေကို 00:08:26.000 --> 00:08:28.000 သူတို့က မြဲမြဲမြံမြံ ဆုပ်ကိုင်ထားနိုင်အောင် ကြိုးစားကြတယ် 00:08:28.000 --> 00:08:33.000 ကားဆိုတာလဲ အလားတူ ဟာမျိုးပါပဲ၊ သူတို့ ကားပေါ်တက်ပြီး မောင်းနိုင်တာပဲ 00:08:33.000 --> 00:08:37.000 အဲဒါဟာ ဘာနဲ့တူလဲဆိုတော့... သူတို့ကို ကမ္ဘာတစ်ခုကို ကိုင်တွယ်ထိန်းချုပ်ခွင့်ပေးလိုက်သလိုပဲ 00:08:37.000 --> 00:08:42.000 သူတို့ ထိန်းချုပ်မှာမဟုတ်တဲ့... သူတို့ ထိတွေ့အသုံးပြုခွင့်မရတဲ့ ကမ္ဘာတစ်ခုပေါ့ 00:08:42.000 --> 00:08:44.000 ဒါက တကယ်တော့ တရားဝင်ပါတယ် 00:08:44.000 --> 00:08:46.000 နေရာအလွတ်ခပ်ကျယ်ကျယ်ကိုရှာ၊ အထဲမှာ ဘာမှမရှိဖို့တော့ သေချာအောင်လုပ်ပါ 00:08:46.000 --> 00:08:50.000 ဒါက ကိုယ်ပိုင် အိမ်ဝင်းထဲမှာ၊ ခင်ဗျားကားကို သူတို့ကို မောင်းခွင့်ပေးလိုက်ပါ 00:08:50.000 --> 00:08:52.000 တကယ်တော့ အန္တရာယ်ကင်းပါတယ် 00:08:52.000 --> 00:08:54.000 ပြီးတော့ တမိသားစုလုံးအတွက်လဲ ပျော်စရာကြီးပါ 00:08:54.000 --> 00:08:56.000 (ရယ်မောသံများ) 00:08:56.000 --> 00:08:58.000 အဲဒီတော့၊ ကြည့်လိုက်ဦးမယ် 00:08:58.000 --> 00:09:01.000 ဒီလောက်ပါပဲ၊ ဒါဆိုရင်တော့ နံပါတ်-၅ နဲ့ တစ်ဝက်ဖြစ်သွားပြီ၊ ရပါပြီ