"သင့်ကလေးတွေကို လုပ်ခွင့်ပေးသင့်တဲ့ အန္တရာယ်ရှိတဲ့ အရာ ၅-ခု" အကြောင်း ဟောပြောပွဲမှ ကြိုဆိုပါတယ်
ကျွန်တော့်မှာ ကလေးမရှိပါဘူး
ဒါကြောင့် သူငယ်ချင်းတွေရဲ့ ကလေးတွေကို ကျွန်တော် ငှားရတယ်
(ရယ်မောသံများ)
အခုပြောမယ့် အကြံဉာဏ်တွေကို စဉ်းစားချင့်ချိန်ပြီး လက်ခံကြပါ
ကျွန်တော်က ဂီဗာ တာလီပါ
ကျွန်တော့် အသက်မွေးဝမ်းကျောင်းကတော့ ကွန်ပျူတာ ပညာရှင်ပါ
ဒါပေမယ့် ကျွန်တော်က လက်တွေ့သင်တန်းကျောင်းလို့ ခေါ်တဲ့ဟာကို တည်ထောင်ခဲ့သူပါ
အဲဒါက နွေရာသီမှာလုပ်တဲ့ အစီအစဉ် တစ်ခုပါ၊ ရည်ရွယ်တာကတော့ ကလေးတွေကို
သူတို့စဉ်းစားမိတဲ့ဟာတွေကို ဘယ်လိုတည်ဆောက်ရတယ်ဆိုတာ လေ့လာနိုင်အောင် အထောက်အကူပေးဖို့ပါ
ဒါကြောင့် ကျွန်တော်တို့ အများကြီး တည်ဆောက်ဖြစ်ပါတယ်
၂-တန်းကျောင်းသားလေးတွေ လက်ထဲကို ကျွန်တော်က ဆောက်လုပ်ရေး ကိရိယာတွေ ထည့်ပေးလိုက်တာ
ဒါကြောင့် ခင်ဗျားတို့က ကိုယ့်ကလေးကို လက်တွေ့သင်တန်းကျောင်းကို ပို့ဖို့ စဉ်းစားနေတယ်ဆိုရင်
သူတို့တွေ အဖုအပိန့်တွေ၊ ခြစ်ရာတွေ၊ သွေးသံတွေနဲ့ ပြန်လာမှာနော်
သိကြတဲ့အတိုင်းပဲ ကျွန်တော်တို့နေတဲ့ ကမ္ဘာကြီးက
ပိုမိုတင်းကြပ်လာတဲ့ ကလေးသူငယ် ဆိုင်ရာ လုံခြုံရေး စည်းကမ်းတွေရှိနေတယ်
ဒါနဲ့ပတ်သက်လို့ အကန့်အသတ်ရှိမယ့်ပုံမပေါ်ပါဘူး
ကလေးသူငယ် ဆိုင်ရာ လုံခြံုရေး စည်းကမ်းတွေကို ဘယ်လောက်ထိ ရူးရူးသွပ်သွပ်ထားကြမယ်ဆိုတာကိုပေါ့
ကျွန်တော်တို့ ပလတ်စတစ် ဖလင်အပိုင်းအစတိုင်းမှာ အသက်ရှူလမ်းကြောင်းပိတ်ဆို့နိုင်တယ်ဆိုတဲ့ သတိပေးချက်ကို ရေးထားကြတယ်
အမေရိကန်ကထုတ်တဲ့ဖလင်ပဲဖြစ်ဖြစ် ရောင်းတဲ့ဖလင်ပဲဖြစ်ဖြစ်
အမေရိကန်မှာ တခြားဟာတခုနဲ့ တွဲရောင်းတဲ့ဖလင်ပဲဖြစ်ဖြစ်ပေါ့
ကျွန်တော်တို့ ကော်ဖီခွက်တွေမှာ ကျွန်တော်တို့ကို သတိပေးနိုင်အောင်
"အထဲမှာရှိသောအရာသည် အပူလောင်နိုင်သည်" လို့ ရေးထားတတ်ကြတယ်
ပြီးတော့ ကျွန်တော်တို့ ဒီလိုလဲ တွေးချင်တွေးနေကြဦးမှာ
ဂေါက်ရိုက်ဘောလုံးထက် ပို၍ချွန်ထက်သောအရာသည်
၁၀-နှစ်အောက် ကလေးများအတွက် အလွန် ချွန်ထက်သည်ပေါ့
အဲဒီတော့ ဒီလမ်းကြောင်း ဘယ်မှာ ရပ်သွားသလဲ?
ကျွန်တော်တို့ ထောင့်တိုင်းကို ၀ိုင်းပစ်မယ်၊ ချွန်ထက်တဲ့အရာမှန်သမျှ ဖယ်ရှားပစ်မယ်
လောကမှာ ရှိသမျှ ချောင်ကြိုချောင်ကြားကဟာမကျန် ဖယ်ရှားပစ်မယ်ဆိုရင်
ကလေးတွေ ပထမဆုံးအကြိမ် ချွန်ထက်တဲ့အရာတွေနဲ့
ဒါမှမဟုတ် အနားဝိုင်းပလတ်စတစ်နဲ့ လုပ်ထားတာမဟုတ်တဲ့ အရာတွေနဲ့ ထိမယ်ကိုင်မယ်ဆိုရင်
သူတို့တွေ အဲဒီပစ္စည်းတွေကြောင့် ထိခိုက်နာကြင်ကုန်တော့မှာပေါ့
ဒါကြောင့် ကျွန်တော်တို့ ဆုံးဖြတ်ထားတဲ့ ကန့်သတ်ဘောင်ဖြစ်တဲ့ လုံခြံုစိတ်ချရတယ်ဆိုတဲ့ဇုံဟာ
တဖြည်းဖြည်းသေးလာလေ၊ ကျွန်တော်တို့ ကလေးတွေအတွက် အဖိုးတန် အခွင့်အရေးတွေဖြစ်တဲ့
သူတို့ ၀န်းကျင်ကမ္ဘာနဲ့ ဘယ်လို တုံ့ပြန်ပြုမူမယ်ဆိုတဲ့ လေ့လာသင်ယူခွင့်ကို ဖြတ်တောက်ပစ်နေတာပဲပေါ့
ကျွန်တော်တို့ ဘယ်လောက်ပဲ အစွမ်းကုန် အင်အားစိုက်စိုက်၊ ဘယ်လောက်ပဲ ရည်ရွယ်ချက်ကောင်းတွေရှိရှိ
ကလေးတွေက လျှောက်လက်တည့်စမ်းကြမှာပါပဲ
အန္တရာယ်အရှိဆုံးအရာကို သူတို့စွမ်းသလောက် ဘယ်လိုလုပ်မလဲပေါ့
သူတို့ဖာသာ ဘယ် ပတ်ဝန်းကျင်မှာပဲ ရှိနေနေပေါ့
ခေါင်းစဉ်က ဆွပေးသလိုဖြစ်နေပေမယ့် ဒီ ဆွေးနွေးတင်ပြမှုက တကယ့်တော့ လုံခြံုရေးအကြောင်းနဲ့
တစ်ချို့ ရိုးရှင်းတဲ့ ကျွန်တော်တို့လည်းလုပ်ပေးနိုင်တဲ့
ကျွန်တော်တို့ကလေးတွေ ဆန်းသစ်တီထွင်တတ်အောင် ယုံကြည်စိတ်ရှိအောင်
သူတို့အနီးအနားက ပတ်ဝန်းကျင်ကို ထိန်းချုပ်တတ်အောင် မြေတောင်မြှောက်ပေးဖို့အကြောင်းတွေပါ
အခုကျွန်တော် ခင်ဗျားတို့ကို တင်ပြနေတာက ရေးနေဆဲဖြစ်တဲ့ စာအုပ်တစ်အုပ်ထဲက ကောက်နှုတ်ထားတာပါ
စာအုပ်ကိုတော့ ''အန္တရာယ်ရှိတဲ့ အရာ ၅၀" လို့ခေါ်ပါတယ်
ဒါက အန္တရာယ်ရှိတဲ့ အရာ ၅-ခုပါ
နံပါတ်တစ် အရာကတော့ -- မီးနဲ့ကစားပါတဲ့
သဘာဝရဲ့ အခြေခံအကျဆုံး အင်အားတွေထဲက တစ်ခုကို ထိန်းချုပ်ဖို့ လေ့လာခြင်းဟာ
ကလေးတိုင်းရဲ့ တစ်ကိုယ်ရည် သမိုင်းမှာ အခရာကျတဲ့ အခါကာလပါပဲ
ကျွန်တော်တို့ မှတ်မိသည်ဖြစ်စေ မမှတ်မိသည်ဖြစ်စေ
ဒါဟာ ကျွန်တော်တို့ ပထမဆုံးအကြိမ်အနေနဲ့
ဒီဆန်းကြယ်တဲ့ အရာတွေထဲကတစ်ခုကို ထိန်းချုပ်နိုင်ခဲ့တယ်
ဒီ ဆန်းကြယ်မှုတွေဟာ
သူတို့နဲ့ ကစားဖို့ အခွင့်အလမ်းရတဲ့သူတွေအတွက်ပဲ အဖြေရှိတာပါ
အဲဒါကြောင့် မီးနဲ့ကစားရခြင်းပါ
ဒါက ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့တဲ့ ကြီးကျယ်တဲ့အရာတွေထဲက တစ်ခုဖြစ်တဲ့ မီးလိုပါပဲ
မီးနဲ့ကစားခြင်းအားဖြင့် သူတို့တွေ မီးအကြောင်း အခြေခံ စည်းမျည်းတွေ၊
မီးသုံးတဲ့ပမာဏတွေ၊ ပေါက်ကွဲလောင်ကျွမ်းတာတွေ၊ မီးပြန်စွန့်ထုတ်တာတွေကို သိသွားမယ်
ဒါတွေဟာ မီးရဲ့ ပတ်သက်နေတဲ့ အစိတ်အပိုင်း ၃-ခုပါပဲ
ဒါတွေကို ခင်ဗျားတို့က ကောင်းကောင်း ထိန်းချုပ်တတ်ရမယ်
ဖွင့်ထားတဲ့ မီးရှို့ဇကာထဲက မီးကို လက်တွေ့စမ်းသပ်ခန်းလို စဉ်းစားရင်
အဲဒါနဲ့ ကစားလို့ ကလေးတွေ ဘာသိသွားမလဲဆိုတာ ခင်ဗျားတို့ မသိနိုင်ပါဘူး
အဲဒါကို သူတို့ဖာသာ ကလိခွင့်ပေးလိုက်ပါ၊ ကျွန်တော်ပြောတာကိုယုံ
သူတို့တွေ သိသွားလိမ့်မယ်
စူးစမ်းရှာဖွေသူ ဒိုရာလို အရုပ်တွေနဲ့ ကစားလို့မရနိုင်တဲ့ အကျိုးတရားတွေပေါ့
နံပါတ် နှစ် ကတော့ အိတ်ဆောင်ဓါးတစ်ချောင်း ပိုင်ထားဖို့ပါ
အိတ်ဆောင်ဓါးတွေဟာ ကျွန်တော်တို့ ယဉ်ကျေးမှုအသိကနေ တရွတ်ဆွဲ ထွက်ခွာနေကြပါပြီ
ဒါကို ကျွန်တော်ကတော့ ဆိုးဝါးတဲ့ကိစ္စလို့ထင်မိတယ်
(ရယ်မောသံများ)
ခင်ဗျားရဲ့ အိတ်ဆောင်ဓါးဟာ ခင်ဗျားကို လက်ဆောင်ပေးလိုက်တဲ့ ပထမဆုံး စွယ်စုံသုံး ကိရိယာတစ်ခုပါ
အဲဒါဟာ ယောက်မဆိုလည်းဟုတ်တယ်၊ ကလော်တဲ့တုတ်ဆိုလည်းဟုတ်တယ်
အဲဒါဟာ ၀က်အူလှည့်ဖြစ်သလို၊ အဲဒါဟာ ဓါးမလည်းဖြစ်ပါတယ်
အဲဒါဟာ အစွမ်းထက်တဲ့၊ အစွမ်းတွေကိုပေးတဲ့ ကိရိယာတစ်ခုပါပဲ
ယဉ်ကျေးမှုတော်တော်များများမှာ သူတို့တွေက ဓါးကိုပေးကြတယ်
သူတို့ လမ်းလျှောက်တတ်ကာစကလေးအရွယ်ရောက်တာနဲ့ သူတို့မှာ ဓါးတွေ ရှိနေပြီ
ဒါတွေက အင်းနူဝစ် (အက်စကီးမိုးလူမျိုးနွယ်တစ်မျိူး) ကလေးလေးတွေ ဝေလငါးအဆီ လှီးနေကြတာပါ
ဒါကို ကျွန်တော် ၁၀-နှစ်သားတုန်းက ကနေးဒီးယန်း ရုပ်ရှင်ပွဲတော်မှာ ပထမဆုံး ကြည့်ခဲ့ဖူးတာ
ကလေးတွေ ဓါးတွေနဲ့ ကစားနေတာကို တွေ့ရတာ မပျောက်နိုင်အောင်ပဲ စိတ်ထဲစွဲထင်ကျန်နေတယ်
ကလေးတွေဟာ "မိမိ" ဆိုတဲ့ ဆင့်ပွားအသိကို မွေးမြူနိုင်တယ်ဆိုတာ ဒီဟာကနေ ပြောပြနေတယ်
နုနယ်တဲ့အရွယ်မှာ ပစ္စည်းကိရိယာတစ်ခုကနေတဆင့်ပေါ့
ခင်ဗျားတို့သာ ရိုးရှင်းတဲ့ စည်းမျည်းလေး ၂-ခုလောက် ချထားလိုက်
ခန္ဒာကိုယ်နဲ့ဝေးတဲ့နေရာကနေ လှီးဖြတ်ဖို့၊ အသွားကို မြိနေအောင်ထားဖို့၊ အားနဲ့မသုံးဖို့
ဒါတွေက ကလေးတွေ နားလည်နိုင်၊ လိုက်နာလေ့ကျင့်နိုင်တဲ့ ကိစ္စတွေပါ
သူတို့ဖာသာ ရှမိတာမျိုးတွေလည်း ရှိမှာပါပဲ
ကျွန်တော့်ခြေထောက်မှာ ဆိုးဝါးတဲ့ အမာရွတ်တွေရှိတယ်၊ ကျွန်တော့်ဖာသာ ထိုးမိတာ
ဒါပေမယ့် ခင်ဗျားတို့သိတဲ့အတိုင်းပဲ ကလေးတွေက ငယ်တော့ ရှရင် ပျောက်တာမြန်တယ်
(ရယ်မောသံများ)
နံပါတ် သုံး -- ကတော့ လှံပစ်ခြင်းပါ
ကျွန်တော်တို့ရဲ့ ဦးဏှောက်က တကယ်တော့ ပစ္စည်းပစ္စယတွေကို ပစ်ခတ်ဖို့ချိတ်သွယ်ထားသလိုဖြစ်နေတယ်
ကြွက်သားတွေလိုပါပဲ၊ ဦးဏှောက်ရဲ့ အစိတ်အပိုင်းတွေကို အသုံးမပြုရင်
အချိန်ကြာလာလေ ကြံု့လာပျက်ဆီးလာလေပဲ
ဒါပေမယ့် အဲဒီကြွက်သားတွေကို လေ့ကျင့်ပေးမယ်ဆိုရင်
ရှိသမျှကြွက်သားတွေက စနစ်တစ်ခုလုံးကို ကြံ့ခိုင်မှုပေးပါတယ်
ခင်ဗျားတို့ရဲ့ဦးဏှောက်လည်း ဒီသဘောတရားအတိုင်းပါပဲ
ဒါကြောင့် ပစ္စည်းတွေပစ်တာကို လေ့ကျင့်ပေးခြင်းအားဖြင့်
ဦးဏှောက်ရဲ့ အရှေ့ခြမ်းနဲ့ ဦးဏှောက်လုံးခြမ်းတွေရဲ့ အလယ်ပိုင်းတွေကို လှုံ့ဆော်ပေးတယ်ဆိုတာ ပြထားတာတွေရှိပါတယ်
ဦးဏှောက်ရဲ့ အဲဒီအပိုင်းတွေက မျက်စိအာရုံ နဲ့ သုံးဘက်မြင်သဘောကို နားလည်းခြင်း
စနစ်တကျပုံဖော်ထားတဲ့ ပြဿနာဖြေရှင်းခြင်း တွေနဲ့ ပတ်သက်နေတယ်၊ ဒါကြောင့် ဖြစ်နိုင်ခြေတော့ ရှိပါတယ်
ဒါဟာ သူတို့ကို အမြင်ဆိုင်ရာကျွမ်းကျင်မှုတွေနဲ့ သူတို့ရဲ့ ခန့်မှန်းတွက်ချက်နိုင်စွမ်းတွေ ဖွံ့ဖြိုးလာဖို့ အကူအညီပေးတယ်
ပစ်တယ်ဆိုတာ ခွဲခြမ်းစိတ်ဖြာမှုနဲ့ ခန္ဓာကိုယ်ဆိုင်ရာ ကျွမ်းကျင်မှုတွေ ပေါင်းစပ်ထားတာပါ
ဒါကြောင့် ဒီလို တစ်ကိုယ်လုံးသုံးရတဲ့ လေ့ကျင့်မှုဟာ အရမ်းကောင်းပါတယ်
ဒီလို ပစ်မှတ်ကိုအခြေခံတဲ့ လေ့ကျင့်မှုတွေဟာ
ကလေးတွေအတွက် အလေးပေးခြင်းနဲ့ အာရုံစူးစိုက် ကျွမ်းကျင်မှုတွေကို ဖွံ့ဖြိုးလာဖို့ အကူအညီပေးပါတယ်
ဒါတွေဟာ ကောင်းပါတယ်
နံပါတ် လေး -- ကတော့ အိမ်သုံးပစ္စည်းတွေကို ဖြုတ်ခြင်းပါ
ခင်ဗျားတို့ရဲ့ ပန်းကန်ဆေးစက်ထဲမှာ စိတ်ဝင်စားစရာအရာတွေရဲ့ ကမ္ဘာတစ်ခု ရှိပါတယ်
နောက်ခင်ဗျားတို့ အိမ်ကပစ္စည်းတစ်ခုခုကို လွှင့်ပစ်တော့မယ်ဆိုရင် အဲဒါကို မပစ်လိုက်ပါနဲ့ဦး
ခင်ဗျားတို့ရဲ့ကလေးနဲ့ အဲဒါကို တစ်စချင်းဖြုတ်ပါ၊ ဒါမှမဟုတ် ကလေးကို ကျွန်တော့်ကျောင်းကို ပို့လိုက်ပါ
ကျွန်တော်တို့က ကလေးတွေနဲ့အတူ အဲဒါကို တစ်စခြင်းဖြုတ်ပေးပါမယ်
ဘယ်အစိတ်အပိုင်းက ဘာလဲဆိုတာ မသိခဲ့ရင်တောင်
အဲဒါတွေက ဘာအတွက်များလဲလို့ ပဟေဠိအဖြေညှိနေတာဟာ
ကလေးတွေအတွက် တကယ့်ကို အလေ့အထကောင်းတစ်ခုပါ
သူတို့ ပစ္စည်းတွေကို ဖြုတ်တတ်တယ်ဆိုတဲ့ အသိတစ်မျိုး ရလာတယ်
ပစ္စည်းတွေက ဘယ်လောက်ပဲ ရှုပ်ထွေးနေပါစေ
အဲဒါတွေရဲ့ တစ်ချို့အစိတ်အပိုင်းတွေကိုတော့ သူတို့နားလည်းတယ်၊ ဒါက နောက်ဆုံးမှာ
သူတို့ အားလုံးကို နားလည်လာနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ် ရောက်ပါတယ်
ဒါဟာ တစ်ခုခုကို သိထားလို့ရတယ်ဆိုတဲ့ သိနိုင်စွမ်း အာရုံတစ်မျိုးပါ
ကျွန်တော်တို့အိမ်မှာ ရှိနေတဲ့၊ စိတ်ချရပါတယ်လို့ ယူဆထားတဲ့ ဒီအမဲရောင်သေတ္တာတွေဟာ
တကယ်တော့ တခြားလူတွေကလုပ်ထားတဲ့ ရှုပ်ထွေးတဲ့ ပစ္စည်းတွေပါ
ဒါကို ခင်ဗျားတို့ နားလည်နိုင်နေတာပဲ
နံပါတ် ငါး -- ကတော့ နှစ်ခုပွားဖို့ပါ
သက္ကရာဇ် ၂၀၀၀ ဒီဂျစ်တယ် မူပိုင်ခွင့် ဥပဒေကို ချိုးဖောက်ပါတဲ့
(ရယ်မောသံများ)
လုံခြံုရေးဆိုင်ရာ စည်းကမ်းတွေထက်
ကျွန်တော်တို့ပိုင်တဲ့ ပစ္စည်းတွေကို ဘယ်လို တုံ့ပြန်ပြုမူခွင့်ပဲရှိရမယ်လို့ ကန့်သတ်ဖို့ကြိုးစားထားတဲ့ တခြားဥပဒေတွေ ရှိပါသေးတယ်
ဒီကိစ္စမှာတော့ ဒီဂျစ်တယ် မီဒီယာ ပစ္စည်းတွေကို ပြောတာပါ
ဒါကို လုပ်ပုံလုပ်နည်းက ရိုးရှင်းပါတယ်၊ iTunes ကနေ သီချင်းတစ်ပုဒ်ဝယ်ပြီး CD ထဲ ကူးလို်က်
ပြီးရင် CD ကို MP3 သီချင်းအနေနဲ့ ထုတ်ယူလိုက်၊ ပြီးရင် ဒီကွန်ပျူတာမှာပဲ ပြန်ဖွင့်နားထောင်
ဒါဆို ခင်ဗျားတို့ ဥပဒေတစ်ခုကို ချိုးဖောက်လိုက်တာပဲ
နည်းပညာဆန်ဆန်ပြောရရင် အမေရိက အသံသွင်းလုပ်ငန်းအဖွဲ့က ခင်ဗျားကို လာပြီးဒုက္ခပေးလို့ရတယ်
ဒါဟာ ကလေးတွေနားလည်ထားသင့်တဲ့ အရေးကြီး သင်ခန်းစာတစ်ခုပါ
ဒီလို ဥပဒေတွေကို မတော်တဆ ချိုးဖောက်လိုက်မိနိုင်တယ်ဆိုတာ
ဒါကြောင့် ဥပဒေတွေရဲ့ ဆိုလိုရင်းကို အဓိပ္ပာယ်ကောက်ရတယ်ဆိုတာတွေပေါ့
ဒါက ကျွန်တော်တို့ ကလေးတွေနဲ့ ပြောလေ့ရှိတဲ့ဟာပါ
ကျွန်တော်တို့ ပစ္စည်းတွေကို ကလိပြီး ခွဲနေဖွင့်နေတဲ့အခါမျိုး
တစ်စခြင်းဖြုတ်ပစ်ပြီး တခြားဟာတွေမှာ သုံးတဲ့အခါမျိုးနဲ့
အပြင်သွားဖို့ ကားမောင်းတဲ့အခါမျိုးတွေမှာပေါ့
ကားမောင်းတယ်ဆိုတာ တကယ်တော့ ကလေးငယ်တစ်ယောက်အတွက် လုပ်ပိုင်ခွင့်အာဏာပေးတဲ့ အပြုအမူပါပဲ
ဒါဟာ အကြီးမားဆုံးပါပဲ
(ရယ်မောသံများ)
ခင်ဗျားတို့က ဒါကို ဥပဒေကို ချိုးဖောက်နေတာပါပဲဆိုပြီး စိတ်မသက်မသာဖြစ်နေတယ်ဆိုရင်တော့
ခင်ဗျားတို့ ကိုယ့်ကလေးနဲ့ ကားမောင်းလို့ရပါတယ်
ဒါဟာ ကလေးတစ်ယောက်အတွက် ကြီးကြယ်တဲ့ အဆင့်တစ်ခုပါပဲ
ဒါမျိုးဟာ ဘယ်အချိန်မျိုးမှာ ဖြစ်တတ်သလဲဆိုတော့
သူတို့ ဒိုင်နိုဆောလို အကောင်မျိုးပေါ်ကို တွယ်ကပ်တက်တဲ့အခါမျိုးမှာပေါ့
အပြင်လောက က ဒီ အကောင်ကြီးတွေကို
သူတို့က မြဲမြဲမြံမြံ ဆုပ်ကိုင်ထားနိုင်အောင် ကြိုးစားကြတယ်
ကားဆိုတာလဲ အလားတူ ဟာမျိုးပါပဲ၊ သူတို့ ကားပေါ်တက်ပြီး မောင်းနိုင်တာပဲ
အဲဒါဟာ ဘာနဲ့တူလဲဆိုတော့... သူတို့ကို ကမ္ဘာတစ်ခုကို ကိုင်တွယ်ထိန်းချုပ်ခွင့်ပေးလိုက်သလိုပဲ
သူတို့ ထိန်းချုပ်မှာမဟုတ်တဲ့... သူတို့ ထိတွေ့အသုံးပြုခွင့်မရတဲ့ ကမ္ဘာတစ်ခုပေါ့
ဒါက တကယ်တော့ တရားဝင်ပါတယ်
နေရာအလွတ်ခပ်ကျယ်ကျယ်ကိုရှာ၊ အထဲမှာ ဘာမှမရှိဖို့တော့ သေချာအောင်လုပ်ပါ
ဒါက ကိုယ်ပိုင် အိမ်ဝင်းထဲမှာ၊ ခင်ဗျားကားကို သူတို့ကို မောင်းခွင့်ပေးလိုက်ပါ
တကယ်တော့ အန္တရာယ်ကင်းပါတယ်
ပြီးတော့ တမိသားစုလုံးအတွက်လဲ ပျော်စရာကြီးပါ
(ရယ်မောသံများ)
အဲဒီတော့၊ ကြည့်လိုက်ဦးမယ်
ဒီလောက်ပါပဲ၊ ဒါဆိုရင်တော့ နံပါတ်-၅ နဲ့ တစ်ဝက်ဖြစ်သွားပြီ၊ ရပါပြီ