ပန်းပုဆရာ တစ်ဦး ပန်းပု ထုလိုတာကို
စိတ်ကူးကြည့်ကြပါ၊
သူ့ဆောက်ကလေးနဲ့ မလိုတာကို
ထုခွါပစ်နေတယ်။
Michelangelo ဟာ ပန်းပုဆရာအလုပ်ကို
ဖေါ်ပြပေးခဲ့တာ ရိုးရိုးလေးပါ၊
“ကျောက်တုံးတိုင်းရဲ့ အထဲမှာ
ပန်းပုရုပ် ပါရှိပါတယ်၊
အဲဒါကို ဖေါ်ထုတ်ပေးရေးဟာ
ပန်းပုဆရာရဲ့ အလုပ်ပဲ။”
ဒါပေမဲ့ သူဟာ ပြောင်းပြန်
လုပ်ကိုင်ခဲ့မယ် ဆိုရင်ကော။
ကျောက်တုံးကြီးမှ စတင်ခြင်း မဟုတ်ဘဲ၊
ဖုန်မှုန့်တွေရဲ့ အပုံမှ စတင်ခဲ့ကာ
သန်းနဲ့ချီ အမှုန်လေးတွေကို တနည်းနည်းနဲ့
ကော်နဲ့ကပ်ပေးရင်း ရုပ်ထုကို လုပ်ယူမယ်။
ဒီလို ပြောဆိုခြင်းဟာ အဓိပ္ပါယ်
မရှိတာ၊ မဖြစ်နိုင်တာ ကျွန်တော်နားလည်ပါတယ်။
အမှုန်ကလေးတွေရဲ့ အပုံမှနေပြီး
ရုပ်ထုကို ပြုလုပ်ရန် တစ်ခုတည်း
ဖြစ်နိုင်တဲ့ နည်းက ရုပ်ထုကိုယ်၌
ဆောက်လုပ်ယူရန်ပါပဲ၊
အဲဒီ သန်းချီ အမှုန်လေးတွေကို
ရုပ်ထု ဖြစ်လာအောင် တနည်းနည်းနဲ့
စုစည်းပေးနိုင်ရင် ပေါ့လေ။
အဲဒါဟာ မဖြစ်နိုင်ဘူးလို့ ထင်ရပေမဲ့၊
ကျွန်တော် ဓာတ်ခွဲခန်းထဲ အခုလုပ်နေတာ
အဲဒီလို အတိအကျပါပဲ။
ကျွန်တော် ဆောက်နေတာ
ကျောက်တုံးတွေနဲ့ မဟုတ်ဘဲ
နာနိုပစ္စည်းတွေနဲ့ပါ။
စိတ်ကူးရန် မလွယ်အောင်ကို သေးနုပ်တဲ့
အံ့ဖွယ် အမှုန်တွေပါ။
၎င်းတို့ဟာ ဘယ်လောက် သေးနုပ်လဲ ဆိုတော့
ဒီထိန်းချုပ်စက်က နာနိုအမှုန်
ဖြစ်ခဲ့ရင်၊ လူ့ဆံပင်ဟာ
ဒီခန်းမကြီးလောက်ကို ကြီးမှာပါ။
အဲဒီလို အရာတွေကမှ နာနိုနည်းပညာရဲ့
အချက်အချာ ပစ္စည်းပါ၊
အဲဒီအကြောင်းကို ခင်ဗျားတို့ အားလုံး
ကြားခဲ့ကြကာ အရာတိုင်းကို ၎င်းတို့
ပြောင်းလဲပစ်ကြမှာ သိကြမှာပါ။
ကျွန်တော် ဘွဲ့ယူကျောင်းသားတုန်းက
နာနိုနည်းပညာထဲ လုပ်ကိုင်ရမှာကို
သိပ်ကို စိတ်ဝင်စားနေခဲ့ကြတယ်။
အဲဒီနယ်ပယ်ထဲမှာ နေ့စဉ်လိုလို
အံ့ဖွယ် သိပ္ပံအောင်မြင်မှု ရှိခဲ့တယ်။
ကွန်ဖရင့်တွေ ကျင်းပနေခဲ့တယ်၊
ရန်ပုံငွေ အေဂျင်စီများမှနေပြီး
ထောက်ပံ့ကြတာ အများကြီးပဲ။
အကြောင်းရင်းက လေ့လာတဲ့
အရာတွေ တကယ့်ကို သေးနုပ်လာရင်၊
၎င်းတို့ကို ထိန်းချုပ်ကြတဲ့ ရူပဗေဒ နိယာမ
တွေဟာ ကျွန်ုပ်တို့ ထိတွေ့ကြရတဲ့
သာမန်အရာတွေထက် ကွဲပြားလို့ပါ။
အဲဒီရူပဗေဒကို
ကွမ်တမ် စက်မှုပညာလို့ ခေါ်တယ်။
အဲဒီထဲတွင် မသိမသာ အပြောင်းအလဲတွေကို၊
ဥပမာ၊ အနုမြူ တသီကြီးကို
ထည့်ပေးခြင်း ဒါမှမဟုတ် နှုတ်ယူခြင်းဖြင့်
ဒါမှမဟုတ် ပစ္စည်းကို
လိမ်ယူခြင်းဖြင့် ၎င်းတို့ရဲ့
ပြုမူပုံ တိကျစွာ ပြောင်းနိုင်တယ်။
သိပ်ကို အဆင်ပြေတဲ့ ကိရိယာနဲ့ တူတယ်။
တကယ့်ကို အားအင် ပြည့်လာသလို၊
ဘာမဆို လုပ်နိုင်သလို ခံစားရတယ်။
ကျွန်ုပ်တို့ အဲဒါ ကြိုးစားနေတယ်၊
ကျွန်ုပ်တို့ဆိုတာက ဘွဲ့ရကျောင်းသား
မျိုးဆက် တစ်ရပ်လုံးပါတယ်။
ကျွန်ုပ်တို့ဟာ နာနိုပစ္စည်းဖြင့်
သိပ်မြန်မယ့် ကွန်ပျူတာ လုပ်လိုခဲ့တယ်။
တစ်နေ့တွင် ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်ထဲ
သွားပြီး ရောဂါကို ရှာဖွေ တိုက်ဖျက်ပေးမယ့်
quantum dot တွေ ဆောက်နေခဲ့တယ်။
ကာဗွန် နာနိုပြွန်တွေ သုံးပြီး အာကာသ
လှေခါးကိုတောင်
ကြိုးစားတဲ့ အုပ်စု ရှိခဲ့တယ်။
ခင်ဗျားတို့ အဲဒါတွေကို
ကြည့်နိုင်ကြတယ်၊ အမှန်ပါ။
အဲဒါဟာ ကွန်ပျူတာမှအစ ကျန်းမာရေးအဆုံး
သိပ္ပံနဲ့ နည်းပညာ မျက်နှာစာ အားလုံးကို
သက်ရောက်မယ် ထင်ခဲ့ကြတယ်။
ကျွန်တော် ဝန်ခံစရာ ရှိတယ်၊
ကျွန်တော် တလျှောက်လုံး
Kool-Aid ကို သောက်နေခဲ့တယ်။
တစ်စက်မကျန် သောက်ခဲ့တာ။
ဒါပေမဲ့ အဲဒါက လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းကပါ၊
အဲဒါနဲ့
အံ့ဖွယ် သိပ္ပံကို လုပ်နိုင်ခဲ့တယ်၊
တကယ့်ကို အရေးကြီးတဲ့ အလုပ်ပါ။
ကျွန်တော်တို့ အတော်ကလေး သင်နိုင်ခဲ့တယ်။
ကျွန်ုပ်တို့ဟာ ဘယ်တော့မှ အဲဒီသိပ္ပံပညာကို
နည်းပညာသစ်သို့ မပြောင်းလဲနိုင်ခဲ့ကြပါ၊
လူသားကို တကယ့်ကို အကျိုးပြုမယ့်
နည်းပညာများကို ဆိုလိုတာပါ။
အကြောင်းရင်းက ဒီနာနိုပစ္စည်းတွေဟာ
အသွားနှစ်ဘက်ပါတဲ့ ဒါးနဲ့တူလို့ပါ။
၎င်းတို့ကို စိတ်ဝင်စားစရာ ဖြစ်လာစေတဲ့
အရာကပဲ၊
၎င်းရဲ့ သေးငယ်တဲ့ အရွယ်အစားကပဲ
၎င်းတို့နှင့် အလုပ်လုပ်မရအောင်
လုပ်ပေးပါတယ်။
ဒါဟာ တကယ့်ကိုပဲ ဖုန်မှုန့်အစ်ပုံထဲကနေပြီး
ရုပ်တုကို ထုရသလိုပါပဲ။
၎င်းတို့နဲ့ လုပ်ကိုင်လို့ ရအောင်
သေးငယ်တဲ့ ကိရိယာတွေ မရှိသေးလို့ပါ။
ရှိခဲ့တောင် လက်တွေ့မှာ အရေးမကြီးပါဘူး၊
နည်းပညာ တစ်ခုကို ဖန်တီးရန် ကျွန်ုပ်တို့ဟာ
အမှုန်တွေကို သန်းချီ ကောက်ယူလျက်
စုစည်းမရနိုင်လို့ပါ။
အဲဒါကြောင့်မို့လို့၊
ကတိတွေ အားလုံးနဲ့ စိတ်လှုပ်ရှားမှုတွေ
အားလုံးတို့ဟာ
ကတိတွေနဲ့ စိတ်လှုပ်ရှားမှုတွေ အဖြစ်
ကျန်မြဲကျန်ရှိနေတုန်းပါပဲ။
ကျွန်ုပ်တို့မှာ ရောဂါ
တိုက်ဖျက်နိုင်တဲ့ nanobot တွေ
မရှိသေးပါ၊ အာကာသကို တက်နိုင်မဲ့ စက်လှေခါး၊
ကျွန်တော် စိတ်အဝင်စားဆုံး ပုံစံသစ်
ကွန်ပျူတာတွေ မရှိသေးပါ။
ခုနက ပြောခဲ့တဲ့ နောက်ဆုံးဟာ တကယ့်ကို
အရေးကြီးပါတယ်။
ကျွန်တော်တို့ တချိန်လုံး မျှော်လင့်နေကြတာက
ကွန်ပျူတာတွေရဲ့ တိုးတက်မှုဟာ အဆုံးမရှိ
ဆက်လက်ပြီး ရှိနေဦးမှာကိုပါ။
ကျွန်ုပ်တို့က အဲဒီစိတ်ကူးကို အခြေခံပြီး
စီးပွားရေးကို တည်ဆောက်တယ်။
ကွန်ပျူတာ ချီပ်ပေါ်ကို ကိရိယာတွေ
တိုးတိုး တပ်ဆင်နိုင်တဲ့ ကျွန်ုပ်တို့ရဲ့
လုပ်နိုင်စွမ်းကြောင့်
အဲဒီလို အရှိန်ကို ထိန်းထားနိုင်တာပါ။
အဲဒီကိရိယာတွေ သေးသေးလာကာ
ပိုပြီးမြန်ဆန်လာပြီး ပါဝါသုံးစွဲမှု
သက်သာလာလျက်
ဈေးလည်း သက်သာလာတယ်။
အဲဒီလို အချက်အလက်တွေ ဆုံစည်းလျက်
ဒီလိုအံ့ဖွယ် အရှိန်ကို ဖန်တီးပေးနိုင်တာပါ။
ဥပမာတစ်ခု အနေနဲ့၊
ထိုတုန်းက လူသုံးယောက်ကို လဆီပို့လွှတ်ခဲ့ကာ
ပြန်ခေါ်ယူခဲ့တဲ့ အခန်းအရွယ် ကွန်ပျူတာကို
တစ်နည်းနည်းနဲ့ ချုံ့ပစ်နိုင်တယ်ဆိုရင်၊
ထိုကာလတုန်းက ကမ္ဘာ့အကြီးဆုံး ကွန်ပျူတာကို
ချုံ့ပစ်ခဲ့ရင်၊
၎င်းရဲ့ အရွယ်အစားဟာ ခင်ဗျားတို့ရဲ့
စမတ်ဖုန်းနဲ့ တူညီပါလိမ့်မည်၊
ခင်ဗျားတို့ လက်ထဲက စမတ်ဖုန်ပါ၊
ဒေါ်လာ ၃၀၀ လောက်ပေးရပြီး ခင်ဗျားတို့
နှစ်နှစ် တစ်ခါလောက် လဲကြတဲ့ဟာလေ၊
တကယ့်ကို အဲဒီလို လုပ်နိုင်ခဲ့မှာပါ။
ခင်ဗျားတို့ အားရမှာ မဟုတ်ပါ။
အဲဒီစက်ဟာ စမတ်ဖုန်း
လုပ်နိုင်တာ တစ်ခုကိုမှ မလုပ်နိုင်ပါ။
၎င်းဟာ သိပ်နှေးပါလိမ်မည်၊
ခင်ဗျားတို့ သုံးနေကျ အရာတွေ တစ်ခုကိုမှ
တပ်ဆင်မရနိုင်ပါ။
ကံကောင်းခဲ့ရင် ခင်ဗျားတို့ဟာ
"Walking Dead" ဇာတ်လမ်း
နှစ်မိခန့် ကြည့်လို့ ရချင်ရမှာပါ၊
(ရယ်သံများ)
ဆိုချင်တာက တိုးတက်မှုဆိုတာ
တဖြည်းဖြည်းချင်း မဟုတ်ခဲ့ပါ။
တိုးတက်မှုဆိုတာ ရပ်နားမှု မရှိပါ။
၎င်းဟာ အဆမတန် မြန်လှပါတယ်။
၎င်းဟာ နှစ်တိုင်း မိမိကိုမိမိ
ထပ်ထပ် မြှင့်တင်သွားတယ်၊
မျိုးဆက် တစ်ခုနဲ့ တစ်ခုထဲရှိ
နည်းပညာ တစ်ခုကို
နှိုင်းယှဉ်ကြည့်ပါက၊
လုံးဝနီးနီး သိရှိရဖို့တောင်
လွယ်မှာ မဟုတ်ပါ။
ဒီလို ဆက်တိုက် တိုးတက်မှု ရှိနေခြင်းဟာ
ကျွန်ုပ်တို့ ကြိုးပမ်းမှုကျေးဇူးပါ။
ဒီနေ့မှနေပြီး နောင် နှစ်ပေါင်း ၁၀၊ ၂၀၊ ၃၀
အကြာမှာ အရာတစ်ခုခုကို စဉ်းစားချင်ရင်၊
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း
လုပ်နိုင်ခဲ့တာကို ကြည့်ပါ။
ဒီလို တိုးတက်မှု ထာဝရ ရှိချင်မှရှိမှာပါ။
တကယ်တော့ အရှိန်ဟာ ကျဆင်းလာနေတယ်။
သောက်လိုသူရဲ့ "အရက်အတွက်
နောက်ဆုံး ခေါ်သံ"နဲ့ တူပါတယ်။
လေးလေးနက်နက် ဆန်းစစ်ကြည့်ရင်၊
အမြန်နှုန်းနဲ့ လုပ်နိုင်စွမ်းလို
အချက်တွေ ထည့်တွက်ကြည့်ရင်၊
တိုးတက်မှုဟာ ရပ်တန့်သွားသလိုကို
နှေးလာခဲ့ပါပြီ။
ဒီတော့ ဒါတွေ ဆက်ပြီး သွားစေချုင်ရင်၊
ကျွန်ုပ်တို့ အမြဲတမ်း လုပ်ခဲ့သလို
ဆက်လုပ်ကြရပါမယ်။
တီထွင်ဆန်းသစ်ရန် လိုတယ်။
ကျွန်ုပ်တို့ အုပ်စုရဲ့ အခန်းကဏ္ဍနဲ့ တာဝန်က
ကာဗွန်နာနိုပြွန်တွေကို အသုံးပြုလျက်
ဆန်းသစ်တီထွင်ရန်ပါပဲ၊
အဲဒါ အရှိန်ကို ဆက်ထိန်းပေးမယ့်
လမ်းကို ဖွင့်ပေးမယ် ကျနော်တို့ ယူဆလို့ပါ။
၎င်းတို့ဟာ အမည် အတိုင်းပါပဲ။
ကာဗွန်အဏုမြူဖြင့် လုပ်ထားတဲ့
သေးနုပ်တဲ့ ပြွန်တွေပါ၊
၎င်းတို့ရဲ့ နာနိုအရွယ်အစားက၊
သေးနုပ်လှမှုက၊
အားရစရာ ကောင်းတဲ့ အီလက်ထရောနစ် ဂုဏ်သတ္တိ
တွေကို ဖန်တီးပေးတယ်။
သိပ္ပံပညာက ကျွန်ုပ်တို့ဟာ ၎င်းတို့ကို
ကွန်ပျူတာထဲ သုံးနိုင်ကြပါက၊
လုပ်နိုင်စွမ်းတွေ ဆယ်ဆအထိ
တိုးတက်လာမှာ တွေ့နိုင်ကြမှာပါ။
အဲဒါဟာ တစ်ချက်တည်းနဲ့ နည်းပညာ မျိုးဆက်
တော်တော်များများကို ခုန်ကျော်နိုင်မှာပါ။
ကျွန်ုပ်တို့ အဲဒါ အားထုတ်နေတယ်။
ကျွန်ုပ်တို့မှာ တကယ့်အရေးကြီးတဲ့
ပြဿနာရှိနေတယ်။
အခြေခံအားဖြင့် စံပြအဖြေလည်း
ကျွန်ုပ်တို့မှာ ရှိနေပါတယ်။
သိပ္ပံပညာ ကိုယ်၌ကိုက၊
"ဒီ ပြဿနာ ဖြေရှင်းဖို့ လုပ်ရမှာက
ဒီလိုပါ"လို့ ဟစ်အော်နေတယ်။
ဒီလိုဆို၊ ကောင်းပြီ၊ စလုပ်ကိုင်ကြပါစို့၊
အဲဒါကို လုပ်ကိုင်ကြရအောင်။
ဒါပေမဲ့ ခုနက ဓားသွားရဲ့ ဘက်နှစ်ဘက်
ပြဿနာကို ရင်ဆိုင်ရမယ်။
အဲဒီ "စံပြအဖြေ"ထဲမှာ ရုပ်လုံးဖေါ် မရစေတဲ့
ပစ္စည်း ပါဝင်နေလို့ပါ။
၎င်းဟာ ကွန်ပျူတာ တစ်လုံးတည်းကို လုပ်ယူရန်
အဲဒါတွေကို ဘီလျံချီ တပ်ဆင်ရပါမယ်။
ဘယ်တော့မှ ဖြေရှင်း မရနိုင်တဲ့ ပဟေဠိနဲ့
တူနေပါတယ်။
ဒီနေရာမှာ ကျွန်ုပ်တို့က
“ရပ်လိုက်ကြစို့။”
သွးနေကျ လမ်းအတိုင်း
မသွားရန် ဆုံးဖြတ်တယ်။
လွတ်သွားတာ ဘာများလဲ စူးစမ်းကြပါစို့။
ကျွန်ုပ်တို့ မကိုင်တွယ်ခဲ့တာ ဘာလဲ။
လုပ်ရန်လိုပေမဲ့ မလုပ်မိတာက ဘာလဲ။”
အဲဒါဟာ "The Godfather" ထဲက လိုပဲ။
Fredo က သူ့ညီ Michael ကို
သစ္စာဖောက်ခဲ့စဉ်၊
ဘာလုပ်ရမှာ ကျွန်ုပ်တို့ သိခဲ့တယ်။
Fredo ကို ဖယ်ရှားပစ်ရမယ်။
(ရယ်သံများ)
ဒါပေမဲ့ Michael က ချန်ထားလိုက်တယ်။
အဲဒါ နားလည်လို့ ရပါတယ်။
သူတို့ မိခင် အသက်ရှင်နေတုန်း
ဆိုတော့ စိတ်ပျက်မှာပေါ့။
ကျွန်ုပ်တို့ကျတော့၊
"ကျွန်ုပ်တို့ ပြဿနာထဲမှာ ဘာက Fredo လဲ?"
ကျွန်ုပ်တို့ မကိုင်တွယ်ခဲ့တာက ဘာလဲ။
ကျွန်ုပ်တို့ မလုပ်မိခဲ့ပေမဲ့၊
ဒါအောင်မြင်ဖို့ လုပ်ရမှာက ဘာများလဲ။"
အဖြေက ရုပ်တုဟာ သူ့ဘာသာသူ
တည်ဆောက်ရမယ် ဆိုတာပါပဲ။
ကျွန်ုပ်တို့ အဲဒီအမှုန်တွေ ဘီလီယံချီကို
ဒီနည်းပညာထဲကို မိမိဘာသာမိမိ
ပါဝင်စုစည်းလာကြရန်
တစ်နည်းနည်းနဲ့ ၎င်းတို့ကို
စည်းရုံးနိုင်မယ့် နည်းကို ရှာရန်ပါ။
သူတို့ကိုယ်စား ကျွန်ုပ်တို့ မလုပ်နိုင်ပါ။
၎င်းတို့ ကိုယ်တိုင် အဲဒါ လုပ်ကြရမယ်။
အဲဒါဟာ ခဲယဉ်းတဲ့ နည်းလမ်းပါ၊
လုပ်နေကျ အလုပ်မျိုး မဟုတ်ပါ။
ဒါပေမဲ့၊ ဒီကိစ္စထဲမှာ ဖြစ်နိုင်တဲ့
တစ်ခုတည်းသော နည်းလမ်းပါ။
ပြီးတော့ အဲဒီပြဿနာအတွက် အဲဒီ
အဖြေဟာ မကြားစဖူးတဲ့ဟာကြီးပါ။
ကျွန်ုပ်တို့ ဒီလိုနည်းနဲ့
ဘာကိုမှ မဆောက်ကြပါ။
လူတွေဟာ အဲဒီလိုနည်းဖြင့် မဆောက်ကြပါ။
ဒါပေမဲ့၊ ပတ်ဝန်းကျင်ကို
လေ့လာကြည့်ရင် သာဓကတွေ အများကြီးပါ၊
သဘာဝမိခင်ကြီးဟာ အရာတိုင်းကို
အဲဒီလိုနည်းနဲ့ ဆောက်တာပါ။
အရာအားလုံးကို အောက်ခြေမှ မပေါ်ကို
ဆောက်ထားတာပါ။
ပင်လယ် ကမ်းခြေကိုသွားရင်၊
ပရိုတိန်းကို သုံးကြတဲ့ ဒီလို ရိုးရှင်းတဲ့
အကောင်တွေကို တွေ့ရမှာပါ၊
အခြေခံအားဖြင့် မောလီကျူးတွေပါ၊
လက်တွေ့မှာ သဲပွင့်တွေပါ၊
ပင်လယ်ထဲမှ စုပ်ယူရုံပါ၊
အံ့ဖွယ် နဲ့ မတူမျိုးစုံလှတဲ့ လက်ရာတွေကို
ဆောက်လုပ်ကြတယ်။
ပြီးတော့ သဘာဝဟာ ကျွန်ုပ်တို့လို
မရိုင်းပါ၊ ရသမျှ လုယူမသွားပါ။
သဘာဝဟာ ကျော့ရှင်းကာ စမတ်ကျပါတယ်၊
ရနိုင်သမျှနဲ့ မော်လီကျူး တစ်ခုပြီးတစခု
ဆောက်လုပ်သွားတာပါ၊
ကျွန်ုပ်တို့ ကပ်လို့တောင် မရနိုင်တဲ့
ရှုပ်ထွေးကာ မျိုးစုံကြတဲ့
အဆောက်အအုံများကို ဆောက်လုပ်ပါတယ်။
ပြီးတော့ ၎င်းဟာ nano မြောက်နေပါပြီ။
၎င်းဟာ အဲဒီလို လုပ်နေတာ
နှစ်ပေါင်း သန်းပေါင်း ရာချီ ကြာနေပါပြီ။
ကျွန်ုပ်တို့ ကျတော့ အခုကျမှ
ချဉ်းကပ်လာတာပါ။
ဒါကြောင့် ကျွန်ုပ်တို့ပါ သဘာဝက သုံးလာတဲ့
ကိရိယာကိုပဲ၊ အဲဒီ ဓာတုဗေဒနည်းကိုပဲ
သုံးရန် ဆုံးဖြတ်လိုက်တယ်။
လွတ်နေခဲ့တဲ့ ကိရိယက ဓာတုဗေဒပါ။
ဒီကိစ္စထဲ ဓာတုဗေဒဟာ အလုပ်ဖြစ်ပါတယ်၊
နာနိုစကေး အရာများဟာ
မော်လီကျူးနဲ့ အရွယ်အားဖြင့် တူကြလို့ပါ၊
ဒါကြောင့် ကျွန်ုပ်တို့ အဲဒီလို အရာတွေကို
ထိန်းကျောင်းရန် ၎င်းတို့ကို သုံးနိုင်တယ်၊
ကိရိယာ တစ်ခု အတိုင်းပါပဲ။
ကျွန်ုပ်တို့ ဓာတ်ခွဲခန်းမှာ ကျွန်ုပ်တို့
လုပ်ခဲ့ကြတာ အဲဒီအတိုင်းပါပဲ။
ကျွန်ုပ်တို့ တီထွင်ခဲ့တဲ့ ဓာတုဗေဒနည်းဟာ
အမှုန်တွေရဲ့
nano အမှုန်များရဲ့ အပုံထဲ ဝင်လျက်၊
ကျွန်ုပ်တို့ လိုတာကိုမှ ဆွဲထုတ်ယူတယ်။
အဲဒီနောက်မှာ ဓာတုဗေဒကို သုံးလျက်
အဲဒီအမှုန်တွေ ဘီလီယံချီကို
လျှပ်စစ်ပတ်လမ်းတွေကို ဆောက်လုပ်မယ့်
ပုံစံများအဖြစ် စီစဉ်ပေးတယ်။
အဲဒီလို လုပ်နိုင်စွမ်း ရှိလာလို့
အရင်တုန်းက နာနိုပစ္စည်းတွေ သုံးပြီး
ဆောက်လုပ်ခဲ့ကြတဲ့ ပတ်လမ်းထက်ကို
များစွာမှ မြန်တဲ့ ပတ်လမ်းတွေကို
ဆောက်နိုင်ကြတယ်။
လိုအပ်နေခဲ့တဲ့ ကိရိယာက ဓာတုဗေဒပါပဲ၊
တစ်နေ့တစ်ခြား ကျွန်ုပ်တို့ကိရိယာဟာ
တိုးတိုးတိကျလာနေကာ ထက်မြက်လာနေတယ်။
နောက်ဆုံးမှာတော့၊
နှစ်အနည်းငယ်အတွင်း ဖြစ်လာမယ်
ကျွန်ုပ်တို့ မျှော်လင့်တယ်၊
ကျွန်ုပ်တို့ဟာ ပေးခဲ့တဲ့ ကတိတစ်ခုခုကို
ဖြည့်ဆည်းပေးနိုင်ပါမယ်။
ဒီကွန်ပျူတာကိစ္စဟာ ဥပမာ တစ်ခုမျှပါ။
အဲဒါဟာ ကျွန်တော် စိတ်ဝင်စားနေတာ၊
ကျွန်တော့အုပ်စု လက်တွေ့ လုပ်ကိုင်ပေမဲ့၊
ပြန်ပြန်သုံးနိုင်တဲ့ စွမ်းအင်၊ ဆေးပညာ၊
ဆောက်လုပ်ရေး ပစ္စည်းများ၊
စသဖြင့် နာနိုဆီကို ခြေလှမ်းရန်
လိုအပ်ကြောင် သိပ္ပံပညာက ညွှန်ပြနေတဲ့
မျက်နှာစာတွေ ရှိပါသေးတယ်။
အကြီးမားဆုံး အကျိုးစီးပွားတွေ ရှိလာမယ့်
မျက်နှာစာများပါ။
ကျွန်ုပ်တို့က အဲဒါတွေ လုပ်လိုကြရင်၊
ဒီနေ့နဲ့ အနာဂတ် သိပ္ပံပညာရှင်များဟာ
ကိရိယာ အသစ်တွေကို လိုအပ်မှာပါ၊
ကျွန်တော် ခုနက ပြောပြခဲ့တဲ့
ကိရိယာမျိုး လိုမယ်။
၎င်းတို့ ဓာတုဗေဒကို
သုံးရန် လိုမှာကို ဆိုချင်တာပါ။
သိပ္ပံပညာရဲ့ အလှတရားအရ၊ ကိုယ်က ဒီလို
ကိရိယာသစ်တွေကို ပြုစုထုတ်လိုက်တဲ့ နောက်မှာ
အားလုံး သုံးနိုင်တော့မှာပါ။
၎င်းတို့ဟာ ထာဝရ အဲဒီမှာ ရှိနေကြလျက်
ဘယ်သူမဆို ဘယ်နေရာမှာမဆို ကောက်ယူပြီး
သုံးနိုင်ခြင်းဖြင့်
နာနိုနည်းပညာက ကတိပြုထားတာတွေကို
စီမံထုတ်လုပ်နိုင်မှာပါ။
ခင်ဗျားတို့ အချိန်အတွက် ကျေးဇူးတင်ပါတယ်။
ကျွန်တော် အဲဒါကို တန်ဖိုးထားပါတယ်။
(လက်ခုပ်သံများ)