1 00:00:01,730 --> 00:00:08,607 (ဂီတသံ) 2 00:08:13,321 --> 00:08:14,662 ( ဂီတသံ အဆုံးသတ်သည်။) 3 00:08:14,686 --> 00:08:21,675 (လက်ခုပ်သံများ) 4 00:08:32,463 --> 00:08:33,464 (လက်ခုပ်သံ ဆုံးသည်။) 5 00:08:33,488 --> 00:08:35,548 အားလုံး မင်္ဂလာပါ။ ကျွန်မက Sirena ပါ။ 6 00:08:35,572 --> 00:08:37,731 ကျွန်မက ၁၁ နှစ်၊ Connecticut က ပါ။ 7 00:08:37,755 --> 00:08:41,332 (ပရိသတ် အားပေးသံများ) 8 00:08:41,356 --> 00:08:45,482 (လက်ခုပ်သံများ) 9 00:08:45,506 --> 00:08:50,076 ဘာကြောင့် ကျွန်မ ဒီမှာရှိနေတာကို တကယ်ကို ကျွန်မ မသေချာဘူး။ 10 00:08:50,100 --> 00:08:52,284 (ရယ်သံများ) 11 00:08:52,308 --> 00:08:57,610 ဆိုလိုတာက ဒါက နည်းပညာ၊ ဖျော်ဖြေရေးနဲ့ ဒီဇိုင်းနဲ့ ပတ်သက်ဖို့လိုတယ်မို့လား။ 12 00:08:58,784 --> 00:09:03,135 ကောင်းပါပြီ၊ ကျွန်မက iPod၊ ဆဲလ်ဖုန်းနဲ့ ကွန်ပြူတာကို နည်းပညာအဖြစ် မှတ်ယူပေမဲ့ 13 00:09:03,159 --> 00:09:06,088 ဒါက ဒါနဲ့ မပတ်သက်ပါဘူး။ 14 00:09:06,683 --> 00:09:09,008 ဒါကြောင့် ဒီအကြောင်း သုတေသနလေးတစ်ခု လုပ်ခဲ့တယ်။ 15 00:09:09,659 --> 00:09:11,318 ကဲ ဒါကတော့ ကျွန်မ တွေ့ရှိခဲ့တာပါ။ 16 00:09:11,342 --> 00:09:13,377 ဒါကို ကျွန်မ အာဂုံဆောင်နိုင်တယ် ထင်တာပဲ။ 17 00:09:13,401 --> 00:09:14,405 (လည်ချောင်းရှင်းသည်။) 18 00:09:15,229 --> 00:09:17,892 ဒီတယောက သစ်သားပုံးတစ်ပုံး သတ္တုကြိုး လေးချောင်းနဲ့လုပ်တာ။ 19 00:09:17,916 --> 00:09:20,751 ကြိုးတစ်ချောင်းကို ဆွဲတာက တုန်ခါပြီး အသံလှိုင်းတစ်ခု ထုတ်တယ် 20 00:09:20,775 --> 00:09:23,323 ဒါက မြင်းမိုရ်လို့ခေါ်တဲ့ သစ်သားစကိုဖြတ်ကာ 21 00:09:23,347 --> 00:09:26,838 သစ်သားပုံးဆီ ရောက်သွားပြီး အသံကို ချဲ့ပေးလိုက်တယ်၊ ဒါပေမဲ့ စဉ်းစားပါရစေ။ 22 00:09:26,862 --> 00:09:30,172 (ရယ်သံများ) 23 00:09:30,586 --> 00:09:33,475 လက်ကွက်ပြားပေါ်က နေရာအမျိုးမျိုးမှာ လက်ချောင်းကို နေရာချတာက 24 00:09:33,499 --> 00:09:37,088 ကြိုးအလျားကို ပြောင်းတယ်၊ ဒီပြောင်းလဲမှု တွေက အသံလှိုင်း ကြိမ်နှုန်းတွေပါ။ 25 00:09:37,112 --> 00:09:38,487 (သက်ပြင်းချ) အိုး အမလေး။ 26 00:09:38,511 --> 00:09:40,866 (ရယ်သံများ) 27 00:09:40,890 --> 00:09:44,497 အိုကေ ဒါက နည်းပညာလိုလိုပဲ၊ 28 00:09:44,521 --> 00:09:48,016 ဒါပေမဲ့ ဒါက ၁၆ ရာစု နည်းပညာလို့ ခေါ်နိုင်ပါတယ်။ 29 00:09:49,302 --> 00:09:52,413 ဒါပေမဲ့ တကယ်ကျွန်မ တွေ့ရှိခဲ့တဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး အရာက 30 00:09:52,437 --> 00:09:56,672 အခုခေတ် အသံစနစ် (သို့) လှိုင်း ထုတ်လွှင့်မှုက အသံကို ထုတ်လွှင့်ခြင်းနဲ့ 31 00:09:56,696 --> 00:10:01,976 ထုတ်လွှင့်ခြင်းရဲ့ တူညီတဲ့ အခြေခံသဘောတရားကို အခြေခံနေဆဲပါ။ 32 00:10:02,000 --> 00:10:03,161 ဒါက မမိုက်ဘူးလား။ 33 00:10:03,185 --> 00:10:06,976 (ရယ်သံများ) 34 00:10:07,000 --> 00:10:12,327 (လက်ခုပ်သံများ) 35 00:10:13,883 --> 00:10:16,834 ဒီဇိုင်း၊ ဒါရဲ့ ဒီဇိုင်းကို ကျွန်မ နှစ်သက်တယ်။ 36 00:10:16,858 --> 00:10:19,650 ကျွန်မ ကလေးဘဝတုန်းက အမေ ကျွန်မကို မေးခဲ့တာ မှတ်မိတယ်။ 37 00:10:19,674 --> 00:10:21,976 " သမီးက တယောထိုးချင်တာလား၊ စန္ဒရားတီးချင်တာလား" 38 00:10:22,000 --> 00:10:26,232 ဒီသတ္တဝါကြီးကို ကြည့်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တာက 39 00:10:26,256 --> 00:10:31,409 "ကျွန်မက တစ်နေ့လုံး ခုံတန်းပေါ်မှာ ကိုယ့်ကိုယ်ကိုယ် သော့ခတ်ထားမှာမဟုတ်ဘူး။" 40 00:10:31,433 --> 00:10:32,543 (ရယ်သံများ) 41 00:10:32,567 --> 00:10:34,373 ဒါက သေးငယ်ပြီး ပေါ့ပါးတယ်။ 42 00:10:34,397 --> 00:10:36,856 ရပ်ရင်း၊ ထိုင်ရင်း လမ်းလျှောက်ရင်း တီးလို့ရတယ်လေ။ 43 00:10:36,880 --> 00:10:38,292 ဘာလဲဆိုတာ သိကြလား။ 44 00:10:38,316 --> 00:10:42,976 အားလုံးထက် အကောင်းဆုံးက ကျွန်မ မလေ့ကျင့်ချင်ဘူးဆိုရင် 45 00:10:43,000 --> 00:10:44,816 (လေသံဖြင့်) ဝှက်ထားလို့ရတယ်လေ။ 46 00:10:44,840 --> 00:10:49,165 (ရယ်သံများ) 47 00:10:49,189 --> 00:10:50,817 ဒီတယောက အင်မတန် လှပါတယ်။ 48 00:10:50,841 --> 00:10:53,530 လူတချို့က အမျိုးသမီးတစ်ယောက်ရဲ့ သဏ္ဌာန်နဲ့ ဆက်စပ်ကြတယ်။ 49 00:10:54,094 --> 00:10:58,820 ဒါပေမဲ့ သင် ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ဒါက နှစ်ပေါင်း ၄၀၀ ကျော်ခဲ့ပါပြီ။ 50 00:10:58,844 --> 00:11:02,573 အလွယ်တကူ ခေတ်အောက်တတ်ရတဲ့ ခေတ်ပေါ်ပစ္စည်းနဲ့မတူပါဘူး။ 51 00:11:02,597 --> 00:11:05,097 ဒါပေမဲ့ သိပ် တစ်ကိုယ်ရေဆန်ပြီ။ ထူးခြားတယ်လို့ ထင်တယ်။ 52 00:11:05,121 --> 00:11:07,659 တယောတစ်လက်စီဟာ အတော် ဆင်ပုံရပေမဲ့ 53 00:11:07,683 --> 00:11:10,105 အသံထွက်တာတူတဲ့ တယော နှစ်လက်မရှိဘူး။ 54 00:11:10,129 --> 00:11:13,545 တူညီတဲ ပြုလုပ်သူဆီက (သို့) တူညီတဲ့ ပုံစံကို အခြေခံတာတောင်ပါ။ 55 00:11:14,418 --> 00:11:18,033 ဖျော်ဖြေရေး၊ ကျွန်မ ဖျော်ဖြေရေးကို ကြိက်တယ်၊ 56 00:11:18,057 --> 00:11:22,944 ဒါပေမဲ့ တကယ်ကတော့ ဒီတူရိယာ ကိုယ်၌က သိပ်ပျော်စရာမကောင်းဘူး 57 00:11:23,563 --> 00:11:27,312 ဆိုလိုတာက ကျွန်မရဲ ပထမဆုံး တယောကို ရပြီး လျှောက်တီးဖို့ ကြိုးစားတော့ 58 00:11:27,336 --> 00:11:30,664 တော်တော့ကို ဆိုးပါတယ်။ 59 00:11:30,688 --> 00:11:34,675 ဘာလို့ဆိုတော့ အခြားကလေးတွေဆီက ကျွန်မ ကြားခဲ့တာမျိုး အသံမထွက်ခဲ့ဘဲ 60 00:11:34,699 --> 00:11:37,165 အတော်ကို ဆိုးပြီး၊ တဂျစ်ဂျစ်ဖြစ်နေလို့ပါ။ 61 00:11:37,189 --> 00:11:39,538 ဒီတော့ လုံးဝကို ပျော်စရာမကောင်းခဲ့ဘူး။ 62 00:11:40,418 --> 00:11:46,239 ဒါပေမဲ့ ဒါ့အပြင် ကျွန်မရဲ့အကိုက ဒါ အတော် ရယ်စရာကောင်းတယ်လို့ထင်တယ်။ 63 00:11:46,263 --> 00:11:48,630 စိတ်ပျက်ဖို့ ကောင်းလိုက်တာ။ 64 00:11:48,654 --> 00:11:54,976 (ရယ်သံများ) 65 00:11:55,000 --> 00:11:56,794 နှစ်အနည်းငယ်အကြာမှာ အကြီးကျယ်ဆုံး 66 00:11:56,818 --> 00:11:59,143 တယောသမား Jascha Heifetz အကြောင်း ဟာသတစ်ခုကြားတယ် 67 00:11:59,167 --> 00:12:00,814 Mr. Heifetz ရဲ့ဖျော်ဖြေပွဲအပြီးမှာ 68 00:12:00,838 --> 00:12:02,847 အမျိုးသမီးတစ်ယောက်က သူ့ဆီလာကာ ချီးကျုးတယ် 69 00:12:02,871 --> 00:12:06,005 "အိုး၊ Mr. Heifetz ရယ်၊ ရှင့်တယောက အသံထွက် တော်တော် ကောင်းတာပဲ။" 70 00:12:06,577 --> 00:12:08,976 Mr. Heifetz ဟာ အလွန် တည်ငြိမ်သူဆိုတော့ 71 00:12:09,000 --> 00:12:10,869 သူ့တယောကို ကောက်ယူပြီး ပြောတာက 72 00:12:10,893 --> 00:12:12,588 "ရယ်စရာပဲ၊ ကျုပ် ဘာမှ မကြားရဘူးဗျ။" 73 00:12:12,612 --> 00:12:15,301 (ရယ်သံများ) 74 00:12:15,325 --> 00:12:18,292 အခု သဘောပေါက်သွားတာက ဂီတပညာရှင်အနေနဲ့ 75 00:12:18,316 --> 00:12:23,699 ကြီးမားတဲ့ စိတ်၊အနုပညာဆန်တဲ့ နှလုံးသားနဲ့ ကျွမ်းကျင်မှုရှိတဲ့ ကျွန်မတို့ လူသားတွေဟာ 76 00:12:23,723 --> 00:12:28,580 ၁၆ ရာစု နည်းပညာနဲ့ အထင်က ဒီဇိုင်းကို အံ့ဖွယ် ဖျော်ဖြေမှုတစ်ခုအဖြစ် 77 00:12:28,604 --> 00:12:30,516 ပြောင်းလဲနိုင်တာပါ။ 78 00:12:30,540 --> 00:12:32,605 အခုတော့ ကျွန်မ ဘာကြောင့် ဒီမှာရှိတာသိပါပြီ။ 79 00:12:33,445 --> 00:12:40,316 (ဂီတသံ) 80 00:16:06,946 --> 00:16:08,946 (ဂီတသံ ဆုံးသည်။) 81 00:16:10,926 --> 00:16:17,871 (လက်ခုပ်သံများ) 82 00:16:19,315 --> 00:16:22,420 ပထမတော့ ဖျော်ဖြေဖို့ ဒီမှာ ရှိနေရုံပဲ လို့ တွေးမိခဲ့ပေမဲ့ 83 00:16:22,444 --> 00:16:26,507 မျှော်လင့်မထားဘဲ အများကြီး ပိုပြီး သိရှိပြီး နှစ်သက်သွားခဲ့တယ်။ 84 00:16:28,090 --> 00:16:33,723 ဒါပေမဲ့ ဟောပြောချက်တချို့က ကျွန်မအတွက် အတော်လေး မြင့်နေပေမဲ့ပေါ့လေ။ 85 00:16:33,747 --> 00:16:36,983 (ရယ်သံများ) 86 00:16:37,007 --> 00:16:40,498 အတိုင်းအတာစုံပါတဲ့ အရာလို 87 00:16:41,322 --> 00:16:43,844 ဆိုလိုတာက ဝန်ခံရရင် ကျောင်းမှာ အတိုင်းအတာ နှစ်ခုကို 88 00:16:43,868 --> 00:16:46,976 မှန်နိုင်ခဲ့တယ်ဆိုရင် ပျော်လောက်မှာပါ။ 89 00:16:47,000 --> 00:16:49,092 (ရယ်သံများ) 90 00:16:50,306 --> 00:16:54,786 ဒါပေမဲ့ တကယ်တော့ ကျွန်မအတွက် အထင်ကြီးစရာ အဖြစ်ဆုံးက ဒါပါ။ 91 00:16:54,810 --> 00:16:58,586 တကယ်ပဲ ဒါကို ကလေးအားလုံးအတွက်ပါ ပြောချင်တာက ကျွန်မတို့ကို 92 00:16:58,610 --> 00:17:04,516 အများကြီး ဂရုစိုက်တာ၊ အများကြီး ပိုကောင်းမယ့် ကျွန်မတို့ရဲ အနာဂတ်ကမ္ဘာကို 93 00:17:04,540 --> 00:17:07,746 ဖန်တီးပေးတာအတွက် လူကြီးတွေကို ကျေးဇူးတင်စကား ဆိုချင်တာပါ။ 94 00:17:07,770 --> 00:17:08,921 ကျေးဇူးပါ။ 95 00:17:08,945 --> 00:17:15,866 (လက်ခုပ်သံများ) 96 00:17:18,041 --> 00:17:22,667 (ဂီတသံ) 97 00:22:05,376 --> 00:22:07,725 (ဂီတသံ ဆုံးသည်။) 98 00:22:08,370 --> 00:22:14,886 (လက်ခုပ်သံများ) 99 00:22:32,885 --> 00:22:34,885 (လက်ခုပ်သံ ဆုံးသည်။) 100 00:22:35,306 --> 00:22:39,888 (ဂီတသံ) 101 00:24:15,938 --> 00:24:17,938 (ဂီတသံ ဆုံးသည်။) 102 00:24:19,031 --> 00:24:24,000 (လက်ခုပ်သံများ)