(ဂီတသံ)
( ဂီတသံ အဆုံးသတ်သည်။)
(လက်ခုပ်သံများ)
(လက်ခုပ်သံ ဆုံးသည်။)
အားလုံး မင်္ဂလာပါ။ ကျွန်မက Sirena ပါ။
ကျွန်မက ၁၁ နှစ်၊ Connecticut က ပါ။
(ပရိသတ် အားပေးသံများ)
(လက်ခုပ်သံများ)
ဘာကြောင့် ကျွန်မ ဒီမှာရှိနေတာကို
တကယ်ကို ကျွန်မ မသေချာဘူး။
(ရယ်သံများ)
ဆိုလိုတာက ဒါက နည်းပညာ၊ ဖျော်ဖြေရေးနဲ့
ဒီဇိုင်းနဲ့ ပတ်သက်ဖို့လိုတယ်မို့လား။
ကောင်းပါပြီ၊ ကျွန်မက iPod၊ ဆဲလ်ဖုန်းနဲ့
ကွန်ပြူတာကို နည်းပညာအဖြစ် မှတ်ယူပေမဲ့
ဒါက ဒါနဲ့ မပတ်သက်ပါဘူး။
ဒါကြောင့် ဒီအကြောင်း
သုတေသနလေးတစ်ခု လုပ်ခဲ့တယ်။
ကဲ ဒါကတော့ ကျွန်မ တွေ့ရှိခဲ့တာပါ။
ဒါကို ကျွန်မ အာဂုံဆောင်နိုင်တယ် ထင်တာပဲ။
(လည်ချောင်းရှင်းသည်။)
ဒီတယောက သစ်သားပုံးတစ်ပုံး
သတ္တုကြိုး လေးချောင်းနဲ့လုပ်တာ။
ကြိုးတစ်ချောင်းကို ဆွဲတာက
တုန်ခါပြီး အသံလှိုင်းတစ်ခု ထုတ်တယ်
ဒါက မြင်းမိုရ်လို့ခေါ်တဲ့ သစ်သားစကိုဖြတ်ကာ
သစ်သားပုံးဆီ ရောက်သွားပြီး အသံကို
ချဲ့ပေးလိုက်တယ်၊ ဒါပေမဲ့ စဉ်းစားပါရစေ။
(ရယ်သံများ)
လက်ကွက်ပြားပေါ်က နေရာအမျိုးမျိုးမှာ
လက်ချောင်းကို နေရာချတာက
ကြိုးအလျားကို ပြောင်းတယ်၊ ဒီပြောင်းလဲမှု
တွေက အသံလှိုင်း ကြိမ်နှုန်းတွေပါ။
(သက်ပြင်းချ) အိုး အမလေး။
(ရယ်သံများ)
အိုကေ ဒါက နည်းပညာလိုလိုပဲ၊
ဒါပေမဲ့ ဒါက ၁၆ ရာစု နည်းပညာလို့
ခေါ်နိုင်ပါတယ်။
ဒါပေမဲ့ တကယ်ကျွန်မ တွေ့ရှိခဲ့တဲ့
စိတ်ဝင်စားစရာ အကောင်းဆုံး အရာက
အခုခေတ် အသံစနစ် (သို့) လှိုင်း
ထုတ်လွှင့်မှုက အသံကို ထုတ်လွှင့်ခြင်းနဲ့
ထုတ်လွှင့်ခြင်းရဲ့ တူညီတဲ့
အခြေခံသဘောတရားကို အခြေခံနေဆဲပါ။
ဒါက မမိုက်ဘူးလား။
(ရယ်သံများ)
(လက်ခုပ်သံများ)
ဒီဇိုင်း၊ ဒါရဲ့ ဒီဇိုင်းကို
ကျွန်မ နှစ်သက်တယ်။
ကျွန်မ ကလေးဘဝတုန်းက အမေ
ကျွန်မကို မေးခဲ့တာ မှတ်မိတယ်။
" သမီးက တယောထိုးချင်တာလား၊
စန္ဒရားတီးချင်တာလား"
ဒီသတ္တဝါကြီးကို ကြည့်လိုက်ပြီး
ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တာက
"ကျွန်မက တစ်နေ့လုံး ခုံတန်းပေါ်မှာ
ကိုယ့်ကိုယ်ကိုယ် သော့ခတ်ထားမှာမဟုတ်ဘူး။"
(ရယ်သံများ)
ဒါက သေးငယ်ပြီး ပေါ့ပါးတယ်။
ရပ်ရင်း၊ ထိုင်ရင်း
လမ်းလျှောက်ရင်း တီးလို့ရတယ်လေ။
ဘာလဲဆိုတာ သိကြလား။
အားလုံးထက် အကောင်းဆုံးက
ကျွန်မ မလေ့ကျင့်ချင်ဘူးဆိုရင်
(လေသံဖြင့်) ဝှက်ထားလို့ရတယ်လေ။
(ရယ်သံများ)
ဒီတယောက အင်မတန် လှပါတယ်။
လူတချို့က အမျိုးသမီးတစ်ယောက်ရဲ့
သဏ္ဌာန်နဲ့ ဆက်စပ်ကြတယ်။
ဒါပေမဲ့ သင် ကြိုက်ကြိုက်၊ မကြိုက်ကြိုက်
ဒါက နှစ်ပေါင်း ၄၀၀ ကျော်ခဲ့ပါပြီ။
အလွယ်တကူ ခေတ်အောက်တတ်ရတဲ့
ခေတ်ပေါ်ပစ္စည်းနဲ့မတူပါဘူး။
ဒါပေမဲ့ သိပ် တစ်ကိုယ်ရေဆန်ပြီ။
ထူးခြားတယ်လို့ ထင်တယ်။
တယောတစ်လက်စီဟာ အတော် ဆင်ပုံရပေမဲ့
အသံထွက်တာတူတဲ့ တယော နှစ်လက်မရှိဘူး။
တူညီတဲ ပြုလုပ်သူဆီက (သို့) တူညီတဲ့
ပုံစံကို အခြေခံတာတောင်ပါ။
ဖျော်ဖြေရေး၊ ကျွန်မ
ဖျော်ဖြေရေးကို ကြိက်တယ်၊
ဒါပေမဲ့ တကယ်ကတော့ ဒီတူရိယာ
ကိုယ်၌က သိပ်ပျော်စရာမကောင်းဘူး
ဆိုလိုတာက ကျွန်မရဲ ပထမဆုံး တယောကို
ရပြီး လျှောက်တီးဖို့ ကြိုးစားတော့
တော်တော့ကို ဆိုးပါတယ်။
ဘာလို့ဆိုတော့ အခြားကလေးတွေဆီက
ကျွန်မ ကြားခဲ့တာမျိုး အသံမထွက်ခဲ့ဘဲ
အတော်ကို ဆိုးပြီး၊ တဂျစ်ဂျစ်ဖြစ်နေလို့ပါ။
ဒီတော့ လုံးဝကို ပျော်စရာမကောင်းခဲ့ဘူး။
ဒါပေမဲ့ ဒါ့အပြင် ကျွန်မရဲ့အကိုက
ဒါ အတော် ရယ်စရာကောင်းတယ်လို့ထင်တယ်။
စိတ်ပျက်ဖို့ ကောင်းလိုက်တာ။
(ရယ်သံများ)
နှစ်အနည်းငယ်အကြာမှာ အကြီးကျယ်ဆုံး
တယောသမား Jascha Heifetz
အကြောင်း ဟာသတစ်ခုကြားတယ်
Mr. Heifetz ရဲ့ဖျော်ဖြေပွဲအပြီးမှာ
အမျိုးသမီးတစ်ယောက်က
သူ့ဆီလာကာ ချီးကျုးတယ်
"အိုး၊ Mr. Heifetz ရယ်၊ ရှင့်တယောက
အသံထွက် တော်တော် ကောင်းတာပဲ။"
Mr. Heifetz ဟာ အလွန် တည်ငြိမ်သူဆိုတော့
သူ့တယောကို ကောက်ယူပြီး ပြောတာက
"ရယ်စရာပဲ၊ ကျုပ် ဘာမှ မကြားရဘူးဗျ။"
(ရယ်သံများ)
အခု သဘောပေါက်သွားတာက ဂီတပညာရှင်အနေနဲ့
ကြီးမားတဲ့ စိတ်၊အနုပညာဆန်တဲ့ နှလုံးသားနဲ့
ကျွမ်းကျင်မှုရှိတဲ့ ကျွန်မတို့ လူသားတွေဟာ
၁၆ ရာစု နည်းပညာနဲ့ အထင်က ဒီဇိုင်းကို
အံ့ဖွယ် ဖျော်ဖြေမှုတစ်ခုအဖြစ်
ပြောင်းလဲနိုင်တာပါ။
အခုတော့ ကျွန်မ ဘာကြောင့်
ဒီမှာရှိတာသိပါပြီ။
(ဂီတသံ)
(ဂီတသံ ဆုံးသည်။)
(လက်ခုပ်သံများ)
ပထမတော့ ဖျော်ဖြေဖို့ ဒီမှာ ရှိနေရုံပဲ
လို့ တွေးမိခဲ့ပေမဲ့
မျှော်လင့်မထားဘဲ အများကြီး
ပိုပြီး သိရှိပြီး နှစ်သက်သွားခဲ့တယ်။
ဒါပေမဲ့ ဟောပြောချက်တချို့က ကျွန်မအတွက်
အတော်လေး မြင့်နေပေမဲ့ပေါ့လေ။
(ရယ်သံများ)
အတိုင်းအတာစုံပါတဲ့ အရာလို
ဆိုလိုတာက ဝန်ခံရရင် ကျောင်းမှာ
အတိုင်းအတာ နှစ်ခုကို
မှန်နိုင်ခဲ့တယ်ဆိုရင်
ပျော်လောက်မှာပါ။
(ရယ်သံများ)
ဒါပေမဲ့ တကယ်တော့ ကျွန်မအတွက်
အထင်ကြီးစရာ အဖြစ်ဆုံးက ဒါပါ။
တကယ်ပဲ ဒါကို ကလေးအားလုံးအတွက်ပါ
ပြောချင်တာက ကျွန်မတို့ကို
အများကြီး ဂရုစိုက်တာ၊ အများကြီး
ပိုကောင်းမယ့် ကျွန်မတို့ရဲ အနာဂတ်ကမ္ဘာကို
ဖန်တီးပေးတာအတွက် လူကြီးတွေကို
ကျေးဇူးတင်စကား ဆိုချင်တာပါ။
ကျေးဇူးပါ။
(လက်ခုပ်သံများ)
(ဂီတသံ)
(ဂီတသံ ဆုံးသည်။)
(လက်ခုပ်သံများ)
(လက်ခုပ်သံ ဆုံးသည်။)
(ဂီတသံ)
(ဂီတသံ ဆုံးသည်။)
(လက်ခုပ်သံများ)