1 00:00:00,996 --> 00:00:02,807 ၁၉၉၈ ခု ဇွန်လမှာ 2 00:00:02,807 --> 00:00:08,147 Tori Murden McClure ဟာ North Carolina က Nags Head ကနေ France ကိုထွက်ခဲ့တယ်။ 3 00:00:08,147 --> 00:00:10,469 ဒါက သူမရဲ့လှေ American Pearl ပါ။ 4 00:00:10,469 --> 00:00:12,913 ၂၃ ပေရှည်ပြီး ၎င်းရဲ့ အကျယ်ဆုံးနေရာမှာ 5 00:00:12,913 --> 00:00:14,881 ခြောက်ပေပဲ ရှိတာပါ။ 6 00:00:14,881 --> 00:00:19,873 ကုန်းပတ်က Ford F -150 ကုန်ကားရဲ့ ကြမ်းခင်း အရွယ်ပါ။ 7 00:00:19,873 --> 00:00:22,357 Tori နဲ့ သူမရဲ့ သူငယ်ချင်းတွေ လက်နဲ့ တည်ဆောက်ခဲ့ပြီး 8 00:00:22,357 --> 00:00:25,051 ပေါင် ၁၈၀၀ လောက် အလေးချိန်ရှိပါတယ်။ 9 00:00:25,051 --> 00:00:27,414 သူမရဲ့ အစီအစဉ်က အတ္တလန်တိတ် သမုဒ္ဒရာကို 10 00:00:27,414 --> 00:00:29,364 သူမတစ်ဦးတည်း လှော်ပြီး ဖြတ်သွားဖို့ပါ။ 11 00:00:29,364 --> 00:00:31,500 စက်မပါ၊ ရွက်မပါနဲ့ပေါ့။ 12 00:00:31,500 --> 00:00:35,262 ဘယ်မိန်းမသား၊ ဘယ် အမေရိကန်မှ အရင်က မလုပ်ခဲ့ဖူးတာပေါ့။ 13 00:00:35,262 --> 00:00:36,841 ဒါ သူမရဲ့ လမ်းကြောင်းဖြစ်မယ်။ 14 00:00:36,841 --> 00:00:41,068 မြောက်အတ္တလန်တိတ် သမုဒ္ဒရာအဝကို ဖြတ်တဲ့ မိုင် ၃၆၀၀ ကျော်ပါ။ 15 00:00:41,068 --> 00:00:43,683 လုပ်ငန်းအားဖြင့် Tori ဟာ Kentucky က သူမရဲ့ ဇာတိမြို့ 16 00:00:43,683 --> 00:00:45,478 Louisville မှာ ပရောဂျက် 17 00:00:45,478 --> 00:00:47,289 အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်ပါတယ်။ 18 00:00:47,289 --> 00:00:49,704 ဒါပေမဲ့ သူမရဲ့ ဝါသနာက စူးစမ်းရှာဖွေခြင်းပါ။ 19 00:00:49,704 --> 00:00:52,188 ဒါ သူမရဲ့ ပတမဆုံး စူးစမ်းလေ့လာရေး ခရီးတော့ မဟုတ်ဘူး 20 00:00:52,188 --> 00:00:56,554 လွန်ခဲ့တဲ့နှစ်များစွာက တောင်ဝင်ရိုးစွန်း ကို ဦးဆုံး နှင်းလျှောစီးသူ ဖြစ်ခဲ့တယ်။ 21 00:00:56,554 --> 00:00:58,783 ကောလိပ်မှာ ပြောင်မြောက်တဲ့ လှေလှော်သမားဖြစ် 22 00:00:58,783 --> 00:01:02,265 ပြီး ၁၉၉၂ US အိုအံပစ်အသင်းမှာတောင် တစ်နေရာ ဝင်ပြိုင်ခဲ့တယ်။ 23 00:01:02,265 --> 00:01:06,189 ဒါပေမဲ့ ဒါကတော့ မတူပါဘူး။ 24 00:01:06,189 --> 00:01:12,830 (ဗီဒီယို) (ဂီတ) Murden McClure: ဟိုင်း၊ ဇူလိုင် ၅ ရက် တနင်္ဂနွေပါ။ 25 00:01:12,830 --> 00:01:14,711 ဒေသစံတော်ချိန် နံနက် ၉ နာရီ၊ 26 00:01:14,711 --> 00:01:17,892 ဒီတော့ Kentucky အချိန်ပါ။ 27 00:01:17,892 --> 00:01:20,237 DL: Tori ဟာ ဒီဗီဒီယိုတွေကို လှော်ရင်းက ရိုက်ခဲ့တာ 28 00:01:20,237 --> 00:01:22,536 ဒါက သူမရဲ့ ပင်လယ်မှာ ၂၁ မြောက်နေ့ပါ။ 29 00:01:22,536 --> 00:01:25,299 ဒီနေရာမှာ သူမဟာ မိုင် ၁၀၀၀ ကျော် ခရီးပေါက်ခဲ့ပြီး 30 00:01:25,299 --> 00:01:27,969 နှစ်ပတ်ကျော်အတွင်း ဘာရေဒီယို အဆက်အသွယ်မှ မရခဲ့ပါဘူး။ 31 00:01:27,969 --> 00:01:31,409 သူမရဲ့ အဝေးဆက်သွယ်မှု စနစ်အားလုံးကို ဖျက်ပစ်တဲ့ မုန်တိုင်းနောက်လိုက်ရင်း 32 00:01:31,409 --> 00:01:33,123 ရောက်တာ ငါးရက်ပဲရှိသေးတယ် 33 00:01:33,123 --> 00:01:35,144 နေ့အများစုဟာ ဒီလိုပါ၊ 34 00:01:35,144 --> 00:01:38,905 ဒီနေရာမှာ သူမလှော်ခတ်ချက် နှစ်သိန်းကျော် ရှိခဲ့ပါပြီ၊ 35 00:01:38,905 --> 00:01:41,227 လှိုင်းနဲ့ လေကို အံတုရင်းပေါ့။ 36 00:01:41,227 --> 00:01:44,710 တစ်ချို့နေ့တွေမှာ ၁၅ ပေလောက်ပဲ ခရီးတွင်တယ်။ 37 00:01:44,710 --> 00:01:46,219 ဟုတ်ပါတယ်။ 38 00:01:46,219 --> 00:01:48,866 စိတ်ပျက်စရာကောင်းလိုက်တဲ့ အဲဒီနေ့တွေလို 39 00:01:48,866 --> 00:01:51,908 အခြားနေ့တွေကျတော့ ဒီလိုလေ။ 40 00:01:51,908 --> 00:01:55,019 (ဗီဒီယို) TMM: ကျွန်မရဲ့ မိတ်ဆွေလေးတွေကို ပြချင်ပါတယ်။ 41 00:01:55,019 --> 00:01:59,930 DL: ငါးတွေ၊ လင်းပိုင်တွေ၊ ဝေလငါးတွေနဲ့ 42 00:01:59,930 --> 00:02:02,461 ငါးမန်းတွေ၊ ပင်လယ်လိပ်ကြီးတွေတောင် 43 00:02:02,461 --> 00:02:05,340 သူမတွေ့ခဲ့တယ်။ 44 00:02:05,340 --> 00:02:07,615 နှစ်ပတ်အပြီး ဘယ်လူသား အဆက်အသွယ်မှ မရှိခဲ့ဘူး။ 45 00:02:07,615 --> 00:02:09,937 Tori ဟာ VHF ရေဒီယိုက တဆင့် ဒေသတွင်း 46 00:02:09,937 --> 00:02:12,863 ကုန်သင်္ဘော တစ်စင်းနဲ့ အဆက်အသွယ်ရခဲ့တယ်။ 47 00:02:12,863 --> 00:02:16,648 (ဗီဒီယို) TMM: ရှင်တို့မှာ မိုးလေဝသ အစီရင်ခံစာရှိလား။ 48 00:02:16,648 --> 00:02:19,782 လူတစ်ဦး။ ခင်းဗျားရဲ့ ရှေ့မှာ 49 00:02:19,782 --> 00:02:22,267 အနိမ့်ဖက်ကို ရှေ့ရှုနေတယ်၊ 50 00:02:22,267 --> 00:02:24,147 ခင်ဗျား သွားနေတာက အရှေ့မြောက်ကို 51 00:02:24,147 --> 00:02:26,051 ကျုပ်တို့နောက်မှာတော့ အမြင့်ရှိတယ်။ 52 00:02:26,051 --> 00:02:27,909 ဒါကနေ အရှေ့၊ 53 00:02:27,909 --> 00:02:30,416 အရှေ့မြောက်ကိုလည်း လာနေတယ်။ 54 00:02:30,416 --> 00:02:32,019 TMM: ကောင်းတာပေါ့။ 55 00:02:32,019 --> 00:02:35,925 DL: ဒီနေရာမှာ သူမဟာ အခြားလူသားတစ်ဦးနဲ့ စကားပြောရတာ တော်တော်ပျော်နေတယ်။ 56 00:02:35,925 --> 00:02:38,367 (ဗီဒီယို) TMM: ဒီတော့ မိုးလေဝသ အစီရင်ခံစာက မကြာခင် 57 00:02:38,367 --> 00:02:40,980 ဘာထူးခြားခြားမှ ဖြစ်မှာ မဟုတ်ဘူးတဲ့။ 58 00:02:40,980 --> 00:02:42,991 DL: မိုးလေဝသ အစီရင်ခံစာက မပြောခဲ့တာက 59 00:02:42,991 --> 00:02:46,089 သူမဟာHurricane Danielle လမ်းကြောင်း တည့်တည့်ကို လှော်ခတ်နေတာပါ။ 60 00:02:46,089 --> 00:02:50,187 မြောက်အတ္တလန်တိတ် မှတ်တမ်းမှာ အဆိုးဝါးဆုံး ဟာရီကိန်း ရာသီပါ။ 61 00:02:52,138 --> 00:02:55,133 (ဗီဒီယို) TMM: ခြေကျင်းဝတ် လိမ်သွားတယ်။ 62 00:02:55,133 --> 00:02:58,848 အခုဆို အရှေ့ကနေ လေအရမ်း ထန်ပါတယ်။ 63 00:02:58,848 --> 00:03:01,286 လေကတိုက်နေတယ်။ 64 00:03:01,286 --> 00:03:04,165 အရမ်းတိုက်နေတာ။ 65 00:03:04,165 --> 00:03:06,859 ၁၂ ရက်ကြာ မုန်တိုင်းနောက်မှာ 66 00:03:06,859 --> 00:03:08,693 လေပြင်းပြင်း မတိုက်ပဲ 67 00:03:08,693 --> 00:03:10,837 လေးရက်ကြာ လှော်လို့ရတယ်။ 68 00:03:10,837 --> 00:03:12,527 အခုတော့ သိပ်မပျော်တော့ပါဘူး။ 69 00:03:12,527 --> 00:03:14,196 ဒီမနက်တုန်းက ပျော်ခဲ့သလောက် 70 00:03:14,196 --> 00:03:18,050 အခုတော့ မပျော်တော့ဘူး၊ ဒီတော့... 71 00:03:20,200 --> 00:03:22,195 DL: ပင်လယ်မှာ သုံးလနီးပါးကြာပြီးတော့ 72 00:03:22,195 --> 00:03:24,888 မိုင် ၃၀၀၀ ကျော် ခရီးပေါက်ခဲ့ပါတယ်။ 73 00:03:24,888 --> 00:03:26,908 ခရီးရဲ့ သုံးချိုး နှစ်ချိုး ရောက်ခဲ့တယ်၊ 74 00:03:26,908 --> 00:03:30,438 ဒါပေမဲ့ မုန်တိုင်းနဲ့ လှိုင်းတွေဟာ ခုနှစ်ထပ်တိုက်လောက်ကြီးပါတယ်။ 75 00:03:30,438 --> 00:03:32,614 သူမရဲ့ လှေဟာ ဆက် ဆက် မှောက်နေတာပေါ့။ 76 00:03:32,614 --> 00:03:35,818 တစ်ချို့တွေက ထောင်ပြီး ကျွမ်းထိုး မှောက်ခုံတွေဆိုတော့ 77 00:03:35,818 --> 00:03:38,303 လှော်ဖို့ဆိုတာက မဖြစ်နိုင်တော့ဘူးလေ။ 78 00:03:38,303 --> 00:03:40,536 (ဗီဒီယို) TMM: မနက် ၆ နာရီ ၃၀ ပါ။ 79 00:03:41,706 --> 00:03:45,060 ကျွန်မဟာ ပုံဆိုးပန်းဆိုး ကြီးဖြစ်နေတယ်။ 80 00:03:45,060 --> 00:03:47,660 လှေ နှစ်ခါမှောက်တယ်။ 81 00:03:47,660 --> 00:03:53,477 နောက်ဆုံးအခေါက်မှာ ကျောနဲ့ လှေထိပ်က အခြင်ကို ဖယ်လိုက်တယ်။ 82 00:03:56,356 --> 00:03:59,839 အခုဆို မှောက်တာ ခြောက်ခါရှိပါပြီ။ 83 00:03:59,839 --> 00:04:02,346 နောက်ဆုံးအခေါက်က ကန့်လန့်ကြီးပါ။ 84 00:04:02,346 --> 00:04:05,295 ကျွန်မမှာ Argus အချက်ပြမီးပါတယ်။ 85 00:04:05,295 --> 00:04:07,083 အန္တရာယ်ကျရောက်တဲ့ အချက်ပြလုပ်မလို့ပဲ 86 00:04:07,083 --> 00:04:11,309 ဒါပေမဲ့ ရှင်းရှင်းပြောရင် ဒီလှေလေးကို မြင်မယ်လို့တော့ မထင်ဘူးလေ။ 87 00:04:11,309 --> 00:04:13,120 အခုဆို ရေအောက် တော်တော်လေး နစ်နေပြီ၊ 88 00:04:13,120 --> 00:04:17,299 ဦးခန်းပိုင်းလေးပဲ ပေါ်နေတော့တာလေ။ 89 00:04:17,299 --> 00:04:20,434 မနက် ၁၀ နာရီလောက်ပါ။ 90 00:04:20,434 --> 00:04:23,127 မှောက်တဲ့ အကြိမ်တွေကို မသိတော့ဘူး။ 91 00:04:23,127 --> 00:04:26,169 ၁၅ မိနစ် တစ်ခါလောက်ကို မှောက်နေပုံရတယ်။ 92 00:04:26,169 --> 00:04:29,582 ဘယ်ဘက်လက်မောင်းတော့ ကျိုးလောက်ပြီ ထင်တယ်။ 93 00:04:33,204 --> 00:04:34,667 လှိုင်းတွေဟာ 94 00:04:34,667 --> 00:04:37,024 လှေကို အပိုင်းပိုင်း ဆွဲဖြဲနေတယ်။ 95 00:04:38,556 --> 00:04:40,042 ကျွန်မ ဆက်ဆုတောင်းနေတယ် 96 00:04:40,042 --> 00:04:42,550 အကြောင်းက ဒါကို ကျော်ဖို့ဆိုတာက မသေချာတော့ဘူးလေ။ 97 00:04:43,128 --> 00:04:45,447 DL: Tori သူမရဲ့ အန္တရာယ် အချက်ပြမီး ပြလိုက်တော့ 98 00:04:45,447 --> 00:04:48,341 ဖြတ်သွားတဲ့ ကုန်တင်သင်္ဘော တစ်စင်းက သူမကို ကယ်လိုက်ပါတယ်။ 99 00:04:48,341 --> 00:04:52,325 မျောနေတဲ့ သူမရဲ့ လှေကို နှစ်လအကြာမှာ France အနီးမှာ သွားတွေ့တယ်။ 100 00:04:52,325 --> 00:04:55,506 ဒါကို သတင်းစာမှာ ဖတ်ခဲ့ရတာပါ။ 101 00:04:55,506 --> 00:04:59,779 ၁၉၉၈ ခုမှာ ကျွန်မဟာ Kentucky က Louisville မှာနေနေတဲ့ အထက်တန်းကျောင်းသူပါ။ 102 00:04:59,779 --> 00:05:02,333 အခုတော့ New York မှာ နေပါတယ်။ သီချင်းရေးသူပေါ့။ 103 00:05:02,333 --> 00:05:05,630 သူမရဲ့ ဇာတ်လမ်းက ကျွန်မကို ညိသွားတော့ သူမရဲ့ ဇာတ်လမ်းကို 104 00:05:05,630 --> 00:05:09,252 "Row" လို့ခေါ်တဲ့ ဂီတဇာတ်လမ်းအဖြစ် ပြောင်းလိုက်တယ်။ 105 00:05:12,990 --> 00:05:14,639 Tori အိမ်ပြန်လာတော့ 106 00:05:14,639 --> 00:05:16,473 သူမဟာ စိတ်ပျက်အားငယ်နေတယ်။ 107 00:05:16,473 --> 00:05:17,667 ပိုက်ဆံကလည်းပြတ်ပေါ့။ 108 00:05:17,667 --> 00:05:19,956 လူ့အသိုင်းအဝိုင်းထဲ ပြန်ဝင်ဖို့ 109 00:05:19,956 --> 00:05:22,115 ခက်ခဲတဲ့ အချိန်ပေါ့။ 110 00:05:24,085 --> 00:05:26,718 ဒီမြင်ကွင်းမှာ သူမက အိမ်မှာ ထိုင်နေတယ်။ 111 00:05:26,718 --> 00:05:28,965 ဖုန်းလာနေတယ်။ သူ့မိတ်ဆွေတွေက ခေါ်နေတာပါ။ 112 00:05:28,965 --> 00:05:31,171 ဒါပေမဲ့ သူတို့ကို ဘယ်လိုပြောရမယ် သူမမသိဘူး 113 00:05:31,171 --> 00:05:34,166 သူမ ဒီသီချင်းကို ဆိုတယ်။ "ချစ်ရတဲ့ နှလုံးသား" လို့ခေါ်ပါတယ်။ 114 00:05:34,166 --> 00:05:37,522 (ဂစ်တာသံ) 115 00:05:40,331 --> 00:05:44,046 ကိုယ်အိပ်မက်မက်စဉ်က 116 00:05:44,046 --> 00:05:47,297 ကိုယ့်ခန္ဓာကိုယ်ကို 117 00:05:47,297 --> 00:05:50,617 ကိုယ်မရောက်ဖူးသေးတဲ့ လှပတဲ့ 118 00:05:50,617 --> 00:05:53,937 နေရာတွေဆီ ယူဆောင်သွားခဲ့တယ်။ 119 00:05:53,937 --> 00:05:57,211 Gibraltar နဲ့ လရောင်ထဲမှာ 120 00:05:57,211 --> 00:06:00,601 လောင်ကျွမ်းနေတဲ့ Kentucky ရဲ့ 121 00:06:00,601 --> 00:06:03,875 ကြယ်ပွင့်တွေကို ကိုယ်တွေ့ခဲ့တယ်၊ 122 00:06:03,875 --> 00:06:07,451 ကိုယ့်ကို ပြုံးပြနေလို့ပေါ့။ 123 00:06:07,451 --> 00:06:10,714 ဒီမှာ ကိုယ်နိုးထတော့ 124 00:06:10,714 --> 00:06:14,161 ကောင်းကင်ဟာ သိပ်ကို အုံ့ဆိုင်းနေတယ်။ 125 00:06:14,161 --> 00:06:17,534 ကိုယ်သိတဲ့ လူတွေရှိတဲ့ ပွဲကို 126 00:06:17,534 --> 00:06:20,995 လမ်းလျှောက်သွားခဲ့တယ်၊ 127 00:06:20,995 --> 00:06:24,222 ကိုယ့်ကိုလည်း သိဖို့ကြိုးစားကြပြီး 128 00:06:24,222 --> 00:06:27,426 ကိုယ်ဘယ်ကလဲလို့ မေးကြတယ်။ 129 00:06:27,426 --> 00:06:30,514 ကိုယ်မြင်တာတွေကို 130 00:06:30,514 --> 00:06:34,369 သူတို့ကို ရှင်းမပြနိုင်ဘူး။ 131 00:06:34,369 --> 00:06:41,242 အား နားဆင်ပါ၊ ချစ်ရတဲ့ နှလုံးသားရေ 132 00:06:41,242 --> 00:06:44,359 အာရုံစိုက်ထားပါ၊ 133 00:06:44,359 --> 00:06:48,395 အစကနေ သွားလိုက်ပါ။ 134 00:06:48,395 --> 00:06:54,313 အား နားဆင်ပါ၊ ချစ်ရတဲ့ နှလုံးသားရေ 135 00:06:54,313 --> 00:06:57,052 မြေပုံကနေ မင်းပြုတ်ကျနိုင်တယ် 136 00:06:57,052 --> 00:07:01,532 ဒါပေမဲ့ ပြိုကွဲ မသွားဘူးလေ။ 137 00:07:01,532 --> 00:07:03,377 အိုး ဝိုး ဝိုး 138 00:07:03,377 --> 00:07:08,245 အား အား အား အား 139 00:07:08,245 --> 00:07:11,589 အား အာ 140 00:07:11,589 --> 00:07:14,421 အား အား အား 141 00:07:14,421 --> 00:07:17,630 ကိုယ် အဲဒီကိုရောက်တော့ 142 00:07:17,630 --> 00:07:21,020 သမုဒ္ဒရာက ကိုယ့်ကို ပွေ့ဖက်၊ 143 00:07:21,020 --> 00:07:24,364 လှုပ်ရမ်းပြီး ပစ်လွှတ်လိုက်လိမ့်မယ်၊ 144 00:07:24,364 --> 00:07:27,684 ကလေးတစ်ယောက်လို့ ပေါ့ပေါ့လေး 145 00:07:27,684 --> 00:07:31,121 ဒါပေမဲ့ အခုတော့ လေးလံနေတယ် 146 00:07:31,121 --> 00:07:34,325 ဘာကမှ ကိုယ့်ကို မနှစ်သိမ့်ဘူး။ 147 00:07:34,325 --> 00:07:37,761 ကိုယ့်စိတ်ဟာ ရေမျောသစ်စလို 148 00:07:37,761 --> 00:07:41,035 ထိန်းမရ၊ ရိုင်းစိုင်းကာ မျောပါနေတယ်။ 149 00:07:41,035 --> 00:07:47,582 အား နားဆင်ပါ၊ ချစ်ရတဲ့ နှလုံးသားရေ 150 00:07:47,582 --> 00:07:50,717 အာရုံစိုက်ထားပါ၊ 151 00:07:50,717 --> 00:07:54,456 အစကနေ သွားလိုက်ပါ။ 152 00:07:54,456 --> 00:08:00,748 အား နားဆင်ပါဦး၊ ချစ်ရတဲ့ နှလုံးသားရယ်၊ 153 00:08:00,748 --> 00:08:04,208 မြေပုံကနေ မင်းပြုတ်ကျနိုင်တယ် 154 00:08:04,208 --> 00:08:08,132 ဒါပေမဲ့ ပြိုကွဲ မသွားဘူးလေ။ 155 00:08:08,132 --> 00:08:12,334 အိုး 156 00:08:14,912 --> 00:08:18,139 နောက်ဆုံးမှာတော့ Tori ဟာ သူမဟာ ပုံမှန်ပြန်ဖြစ်လာပြီး 157 00:08:18,139 --> 00:08:20,600 သူမရဲ့ မိတ်ဆွေတွေနဲ့ ပြန် အချိန်ဖြုန်းပါတယ်။ 158 00:08:20,600 --> 00:08:24,478 လူတစ်ယောက်နဲ့ဆုံပြီး ပထမဆုံးချစ်မိခဲ့တယ်။ 159 00:08:24,478 --> 00:08:27,543 နောက်ထပ် Louisville နယ်သား Muhammad Ali ဆီမှာ 160 00:08:27,543 --> 00:08:29,818 အလုပ်သစ်တစ်ခု လုပ်ဖို့ ရပါတယ်။ 161 00:08:29,818 --> 00:08:32,558 တစ်နေ့ သူမရဲ့ အလုပ်ရှင်နဲ့ နေ့လည်စာမှာ 162 00:08:32,558 --> 00:08:34,926 Tori ဟာ အခြား အမျိုးသမီး နှစ်ဦးဟာ သူမ သေမလောက် 163 00:08:34,926 --> 00:08:37,689 ကြိုးစားလုပ်ခဲ့တာဖြစ်တဲ့ အတ္တလန်တိတ် အလယ်ကို 164 00:08:37,689 --> 00:08:41,381 လှေလှော်ဖြတ်ဖို့ ခရီးစထွက်တော့မယ်ဆိုတဲ့ သတင်းကို မျှဝေလိုက်တယ်။ 165 00:08:41,381 --> 00:08:44,502 သူ့ရဲ့ တုံ့ပြန်မှုက Ali ရဲ့ထုံးစံအတိုင်း၊ 166 00:08:44,502 --> 00:08:46,418 "သမုဒ္ဒရာကို ဖြတ်သန်းလုနီးပါး 167 00:08:46,418 --> 00:08:50,175 လှော်ခတ်ခဲ့တဲ့ မိန်းမတစ်ယောက်လို ဘဝမျိုးနဲ့ မင်း မဖြတ်သန်းချင်ဘူးပေါ့။" 168 00:08:50,175 --> 00:08:52,172 သူပြောတာမှန်တယ်။ 169 00:08:52,172 --> 00:08:53,890 Tori ဟာ American Pearl ကိုပြန်ဆောက် 170 00:08:53,890 --> 00:08:55,678 ပြီး ၁၉၉၉ ခု ဒီဇင်ဘာလမှာ 171 00:08:55,678 --> 00:08:57,954 သူမ ဖြတ်ခဲ့တယ်။ 172 00:08:57,954 --> 00:09:00,995 (လက်ခုပ်သံများ) (ဂစ်တာသံ) 173 00:09:04,873 --> 00:09:07,404 ကျေးဇူးတင်ပါတယ်။ 174 00:09:07,404 --> 00:09:10,305 (လက်ခုပ်သံများ)