1 00:00:06,757 --> 00:00:11,499 အသက် ၃၆နှစ် ရှိပြီဖြစ်တဲ့ Yana Savchck ဟာ ရုရှား ဆံသ ဆရာမဖြစ်ပြီး 2 00:00:11,499 --> 00:00:16,889 မော်စကိုမြို့ နဲ့ ကီလိုမီတာ ၄၀၀ ဝေးတဲ့ Oryol ဆိုတဲ့ မြို့လေးမှာ နေပါတယ်။ 3 00:00:16,889 --> 00:00:19,039 သူ့ကို တကယ်မချစ်တဲ့ လူတစ်ယောက်နဲ့ တွဲခဲ့ပြီး 4 00:00:19,039 --> 00:00:21,769 အဲ့လူက သူ့ကို ရိုက်နှက်ရုံမက သတ်ပစ်ဖို့အထိ လုပ်ခဲ့ပါတယ်။ 5 00:00:21,769 --> 00:00:24,126 ဒါပေမဲ့ Yana တစ်ယောက် အသက် မသေခဲ့ပါဘူး။ 6 00:00:24,126 --> 00:00:26,032 နိုဝင်ဘာလလောက်မှာ ရဲတွေဆီ ဖုန်းခေါ်ပြီး 7 00:00:26,032 --> 00:00:28,659 ယောင်္ကျားဖြစ်သူက သူ့ကို သတ်ဖို့ လုပ်တာကို ပြောပြတဲ့အခါ 8 00:00:28,659 --> 00:00:32,744 မျက်ရည်စက်လက်နဲ့ အကူအညီတောင်းတဲ့ သူ့ကို ရဲတွေက အရေးတယူ မလုပ်ခဲ့ပါဘူး။ 9 00:00:32,744 --> 00:00:37,864 ရဲက"မပူပါနဲ့၊နင် အသတ်ခံရရင် ငါတို့လာပြီး နင့်အလောင်းကို လာစစ်မှာပါ"လို့ပြောခဲ့တာကို 10 00:00:37,869 --> 00:00:40,463 Yana က ဖုန်းထဲမှာ အသံဖမ်းထားခဲ့ပါတယ်။ 11 00:00:40,463 --> 00:00:43,582 နောက်မိနစ် ၄၀ အကြာမှာတော့ Yana တကယ် သေဆုံးသွားပါတယ် 12 00:00:43,582 --> 00:00:47,842 ရဲတွေ မဖမ်းပေးခဲ့တဲ့ သူ့ယောင်္ကျား ရိုက်တဲ့ ဒဏ်ရာတွေကြောင့်ပါ။ 13 00:00:47,842 --> 00:00:50,746 ကျွန်မဟာ ဒီလို အိမ်တွင်းအကြမ်းဖက်မှုတွေ၊ အမျိုးသမီးတွေ 14 00:00:50,746 --> 00:00:53,999 အနိုင်ကျင့်သတ်ဖြတ်ခံရတာတွေကို ကြားတိုင်း တုန်လှုပ်ခြောက်ခြားမိပါတယ်။ 15 00:00:53,999 --> 00:00:57,572 မူလတန်းနောက်ဆုံးနှစ်တုန်းက အဖြစ်အပျက်ကို မှတ်မိသေးတယ်၊ 16 00:00:57,572 --> 00:00:59,412 ကျွန်မနေက မြို့ခပ်ကြီးကြီးမှာနေတော့ 17 00:00:59,412 --> 00:01:02,483 သူငယ်ချင်းတချို့က သူတို့အိမ်ကို အဖော်မပါဘဲ တစ်ယောက်တည်းပြန်ကြတယ်။ 18 00:01:02,483 --> 00:01:04,158 အဲ့သူငယ်ချင်းထဲက တယောက်ကိုတော့ 19 00:01:04,158 --> 00:01:08,908 သူ့အမေက ပေးမပြန်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့ထက် ၂နှစ်ပဲကြီးတဲ့ ကောင်မလေးဟာ 20 00:01:08,908 --> 00:01:11,330 အားကစားရုံကနေ အိမ်ပြန်လမ်းမှာ အသတ်ခံရတဲ့အကြောင်းကို 21 00:01:11,330 --> 00:01:15,091 သူ့အမေ ကြားဖူးလို့ပဲ။ 22 00:01:15,091 --> 00:01:18,765 အီတလီတောင်ပိုင်းက ရွာငယ်လေးမှာ နေတဲ့ အသက် ၉၀ အရွယ် 23 00:01:18,765 --> 00:01:21,310 Fortunata အကြောင်းလည်းမှတ်မိသေးတယ်။ 24 00:01:21,310 --> 00:01:24,771 အမြဲရိုက်နှက်တတ်တဲ့ သူ့ယောင်္ကျားကို အပြစ် တစ်စုံတစ်ရာ မယူဘဲ 25 00:01:24,771 --> 00:01:27,687 သူ့သားသမီးတွေက လမ်းခွဲဖို့ ပြောနေတဲ့ကြားထဲက 26 00:01:27,687 --> 00:01:31,055 သူကတော့ လက်ထပ်ပြီး နှစ်၇၀ကြာတဲ့အထိ သည်းခံပြီး နေခဲ့ပါတယ်။ 27 00:01:31,055 --> 00:01:33,199 ဒီလိုအဖြစ်တွေကို ကျွန်မကြားရတဲ့အခါ 28 00:01:33,199 --> 00:01:38,586 ပထမဆုံး နားလည်လိုက်တာက အမှန်တရား ဆိုတာ ကျွန်မ မျှော်လင့်ထားသလို မဟုတ်ဘူးဆိုတာနဲ့ 29 00:01:38,586 --> 00:01:41,991 မိဘ၊ ဆရာသမားတွေ ယုံကြည်ထားတဲ့ ကျား၊မ တန်းတူညီမျှမှုဟာ 30 00:01:41,991 --> 00:01:44,692 လက်တွေ့မှာ အမှန်တကယ် မရှိဘူး ဆိုတာပါပဲ။ 31 00:01:44,692 --> 00:01:49,892 နောက်ပြီး အနှိပ်စက်ခံရတဲ့သူဟာ အကူအညီရော ကာကွယ်မှုပါ အမြဲလိုလို ရလေ့မရှိပါဘူး။ 32 00:01:49,892 --> 00:01:51,221 လွန်ခဲ့တဲ့ နှစ်အနည်းငယ်က 33 00:01:51,221 --> 00:01:54,623 သတင်းစာရဲ့ ခေါင်းကြီးပိုင်းတွေ ဖတ်ရင်းကနေ 34 00:01:54,623 --> 00:01:59,403 ကမ္ဘာပေါ်က နိုင်ငံတိုင်း ကြုံတွေ့နေရတဲ့ ဒီ ပြဿနာကို ဖတ်မိလိုက်ပါတယ်။ 35 00:01:59,403 --> 00:02:04,855 အကြမ်းဖက်မှုဆိုင်ရာ မူဝါဒလေ့လာရေးစင်တာက သတင်းအရ USAမှာ တစ်ရက်ကို အမျိုးသမီး ၃ဦးဟာ 36 00:02:04,855 --> 00:02:07,189 ရင်းနှီးသူတွေရဲ့သတ်ဖြတ်ခြင်းကို ခံနေရပါတယ် 37 00:02:07,189 --> 00:02:11,529 ပါကစ္စတန်လိုနေရာမျိုးမှာတော့ ဒီကိစ္စတွေဟာ ရိုးတောင် ရိုးနေပါပြီ။ 38 00:02:11,529 --> 00:02:15,556 ဒီဆောင်းပါးတွေကတဆင့် ဥပဒေတောင်မှ ဒီလို ထိတ်လန့်စရာ အခြေအနေတွေမှာ 39 00:02:15,556 --> 00:02:18,765 တရားမျှတမှုရအောင် မလုပ်နိုင်ဘူးဆိုတာ ကျွန်မ နားလည်သဘောပေါက်လာပါတယ်။ 40 00:02:18,765 --> 00:02:22,670 Duma လူမှုကာကွယ်ရေးကော်မတီရဲ့ သတင်းအရ ရုရှားမှာ ၂၀၀၉ ခုနှစ်အတွင်း 41 00:02:22,670 --> 00:02:27,310 အနည်းဆုံး အမျိုးသမီး ၁၄၀၀၀ လောက်ဟာ အိမ်တွင်းအကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံး 42 00:02:27,316 --> 00:02:30,567 နေရတာကို သိလိုက်ရတော့ ကျွန်မ ထိတ်လန့် တုန်လှုပ်မိပါတယ်။ 43 00:02:30,567 --> 00:02:33,823 ရုရှားနိုင်ငံဝန်ကြီးဌာနရဲ့ တရားဝင် သတင်း ထုတ်ပြန်ချက်အရ ၂၀၁၅ခုနှစ်မှာ 44 00:02:33,823 --> 00:02:38,303 လူ ၄ သန်းလောက်ဟာ အနိုင်ကျင့် ညှင်းပန်းနှိပ်စက်ခံနေရပါတယ်။ 45 00:02:38,303 --> 00:02:43,638 ဒီစာရင်းအချက်အလက်တွေဟာ တိုင်ကြားသလောက်သာ ရထားတာမို့ အကုန်မဟုတ်သေးပါဘူး၊ 46 00:02:43,638 --> 00:02:46,829 ဘာလို့လဲဆိုတော့ ဒီလိုအကြမ်းဖက်ခံရမှုတွေက လွတ်မြောက်သူ ၉၀%လောက်ဟာ 47 00:02:46,829 --> 00:02:49,527 ရဲတွေဆီ တိုင်ကြားတာမျိုး မလုပ်ကြပါဘူး။ 48 00:02:49,527 --> 00:02:51,876 ဒီလိုမြင့်တက်လာတဲ့ အကြမ်းဖက် အနိုင်ကျင့်မှုတွေကို 49 00:02:51,876 --> 00:02:56,106 ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်တဲ့ဥပဒေတွေ ရှိလာပြီလို့ ထင်နေကြတယ်မလား 50 00:02:56,106 --> 00:02:58,741 တကယ့်လက်တွေ့မှာတော့ အဲ့လို မဟုတ်ပါဘူး 51 00:02:58,741 --> 00:03:04,511 ၂၀၁၆မှာ ဒီလိုအနိုင်ကျင့်နှိပ်စက်မှုတွေကို ထောင်ဒဏ် ၂ နှစ်ထိ ချမှတ်ခဲ့ပါတယ်။ 52 00:03:04,511 --> 00:03:08,796 ၂၀၁၇မှာတော့ လွှတ်တော်ရဲ့ အများစု သဘောတူညီချက်အရ 53 00:03:08,796 --> 00:03:11,628 ဥပဒေ အသစ် တစ်ခု ပြဌာန်းခဲ့ပါတယ်။ 54 00:03:11,628 --> 00:03:15,016 ဥပဒေအသစ်အရ ပြစ်မှုကျူးလွန်သူကို ပထမအကြိမ်ဆိုရင် ဒဏ်ငွေချပါတယ်၊ 55 00:03:15,016 --> 00:03:18,336 ဒုတိယအကြိမ်ဆိုရင်တော့ ရာဇဝတ်မှုလို့ သတ်မှတ်ပြီး ပြစ်ဒဏ်ပေးပါတယ်၊ 56 00:03:18,336 --> 00:03:21,336 ဒါပေမဲ့ အလွန်ဆုံး ထောင်ဒဏ် ၁ နှစ်ပါပဲ။ 57 00:03:21,336 --> 00:03:22,659 ဆိုလိုတာကတော့ 58 00:03:22,659 --> 00:03:25,710 ယနေ့ ရုရှားအမျိုးသားတွေဟာ သူတို့ဇနီးတွေကို ရာဇဝတ်မှု မမြောက်ဘဲ 59 00:03:25,710 --> 00:03:28,110 တစ်နှစ်တစ်ခါ ရိုက်ခွင့်ရှိနေသလိုပါပဲ။ 60 00:03:28,110 --> 00:03:30,297 ပိုဆိုးတာကတော့ 61 00:03:30,297 --> 00:03:35,227 Orthodox Churchကျောင်းနဲ့ကွန်ဆာဗေးတစ်တွေက ဒီဥပဒေဟာ ထုံးတမ်းစဥ်လာအရ ရှိနေတဲ့ 62 00:03:35,227 --> 00:03:39,761 မိသားစုရဲ့တန်ဖိုးထားမှုတွေကို ထိန်းသိမ်း ပေးမဲ့ အရာဆိုပြီး ထောက်ခံကြတာပါပဲ။ 63 00:03:39,761 --> 00:03:43,674 ဒီဥပဒေအကြောင်း ပထမဆုံးကြားမိတဲ့အချိန်မှာ ကျွန်မမှာ ရွေးစရာ ၂ လမ်းရှိတယ်။ 64 00:03:43,674 --> 00:03:48,904 ၁။ဘာမှမဖြစ်သလိုသဘောထားပြီး လျစ်လျူရှူလိုက် ၂။အရေးတယူပြုပြီး သိအောင်လုပ်။ 65 00:03:48,904 --> 00:03:51,732 တခြားတိုင်းပြည်၊ တခြားပတ်ဝန်းကျင်မှာ ကျွန်မ နေ နေပေမဲ့ 66 00:03:51,732 --> 00:03:54,929 ဒီအမျိုးသမီးတွေနဲ့ တစ်ခါမှမတွေ့ဘူးပေမဲ့ သူတို့ရဲ့အကြောက်တရားတရားတွေ 67 00:03:54,929 --> 00:03:57,359 သူတို့ရဲ့ဇာတ်လမ်းတွေကို ကျွန်မ ပြန်ဝေမျှလေ့ရှိပါတယ်။ 68 00:03:57,359 --> 00:04:01,691 ဘာလို့လဲဆိုတော့ ကျွန်မကိုယ်တိုင် ဖြစ်သလို ခံစားမိလို့ပါပဲ။ 69 00:04:01,691 --> 00:04:05,411 ဒါ့ကြောင့် ဒီကိစ္စကို ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ 70 00:04:05,411 --> 00:04:08,201 ရုရှားမှာ ဖြစ်ပျက်နေတဲ့ ဒီအဖြစ်ဆိုးတွေရဲ့ အဓိကဇာတ်မြစ်ကဘာလဲ 71 00:04:08,201 --> 00:04:11,206 ကျွန်မ(သို့)ကျွန်မနိုင်ငံက ဘာကြောင့် ဒီကိစ္စတွေမှာပတ်သတ်နေရတာလဲ 72 00:04:11,206 --> 00:04:16,756 သမ္မတပူတင်ရဲ့ ၃ကြိမ်မြောက် သမ္မတသက်တမ်းမှာ ဒီအနိုင်ကျင့်နှိပ်စက်မှုတွေကို 73 00:04:16,756 --> 00:04:21,182 ဖြစ်ရိုးဖြစ်စဉ် ကိစ္စလို့ အာဏာပိုင်တွေက အမှန်တရားကို မျက်ကွယ်ပြုကြကြောင်း 74 00:04:21,182 --> 00:04:23,711 The Economist သတင်းစာက ၂၀၁၇မှာ ရေးသားဖော်ပြခဲ့ပါတယ်။ 75 00:04:23,711 --> 00:04:27,858 လူတစ်ယောက်စီရဲ့ ရပိုင်ခွင့်ကို အသိအမှတ်ပြု လက်ခံတဲ့ လစ်ဘရယ်အယူအဆအပေါ် ရုရှားအများစုက 76 00:04:27,858 --> 00:04:30,957 သဘောတူလက်ခံပေမဲ့ အချို့ကတော့ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ။ 77 00:04:30,957 --> 00:04:34,488 ဒီအဖြစ်အပျက်တွေဟာ ဒီမိုကရေစီစနစ် မခိုင်မာသေးတဲ့ နိုင်ငံတွေနဲ့ 78 00:04:34,488 --> 00:04:37,108 ဓလေ့ထုံးတမ်းတွေကို တန်ဖိုးထား ထိန်းသိမ်းကြောင်း 79 00:04:37,108 --> 00:04:40,867 အနောက်ဒီမိုကရေစီနိုင်ငံတွေကို မျက်နှာလုပ်ချင်တဲ့ အာဏာရှင် 80 00:04:40,867 --> 00:04:44,032 ခေါင်းဆောင်ရှိတဲ့ နိုင်ငံတွေမှာ ဖြစ်ပွားလာပြီး 81 00:04:44,032 --> 00:04:46,647 အခုဆို ရေစီးကြောင်းတစ်ခုလိုခေတ်စားနေပါပြီ။ 82 00:04:46,647 --> 00:04:48,379 ဥပဒေပြဌာန်းပြီးနောက်မှာတော့ 83 00:04:48,379 --> 00:04:51,950 အကြမ်းဖက်မှုပြဿနာတွေ သိသိသာသာ လျော့နည်းလာပါတယ်။ 84 00:04:51,950 --> 00:04:55,353 ကနေ့မှာတော့ ပိုပြီးခက်ခဲတာကတော့ အကြမ်းဖက်တဲ့ ယောင်္ကျားကို မိန်းမဖြစ်သူက 85 00:04:55,353 --> 00:04:57,098 ရဲတိုင်ရင် ရဲက ခံရတဲ့အမျိုးသမီးကို 86 00:04:57,098 --> 00:04:59,602 အပြစ်တင်ကြပြီး လျစ်လျူရှုတာမျိုး လုံးဝမကူညီတာမျိုးတွေ 87 00:04:59,602 --> 00:05:02,236 ရှိပါတယ်။ 88 00:05:02,236 --> 00:05:05,851 ကူညီမယ်ဆိုရင်တောင် ဥပဒေက ခက်ခဲအောင် ဟန့်တားထားတာမျိုး ရှိပါတယ်။ 89 00:05:05,851 --> 00:05:08,741 မိန်းမဖြစ်သူက အကြမ်းဖက်နှိပ်စက်မှု အကြောင်း ရဲကိုတိုင်ပြီးရင် 90 00:05:08,741 --> 00:05:13,159 ဒဏ်ငွေပိုက်ဆံကို မိန်းမကပေးဖို့ယောင်္ကျားက အကျပ်ကိုင်ကောင်း ကိုင်နိုင်ပါသေးတယ်။ 91 00:05:13,159 --> 00:05:17,353 Anna အကြမ်းဖက်မှုလေ့လာရေးစင်တာက အချက်အလက်တွေအရ 92 00:05:17,353 --> 00:05:20,626 တစ်ဖက်မှာတော့ တိုင်တန်းမှုတွေကျဆင်းနေပေမဲ့ အခြားတဖက်မှာတော့ 93 00:05:20,626 --> 00:05:24,292 အရေးပေါ်ဖုန်းခေါ်ဆိုမှုတွေဟာ ဆက်တိုက် မြင့်တက်လာပါတယ်။ 94 00:05:24,292 --> 00:05:28,774 ဒါ့ကြောင့် ဒီဥပဒေဟာ တကယ့်လက်တွေ့အခြေအနေကို ဖုံးဖိထားသလို ဖြစ်နေပါတယ်။ 95 00:05:28,774 --> 00:05:33,489 ဒါဆိုကျွန်မလို ရုရှားမိန်းကလေးတစ်ယောက် အိမ်တွင်းအကြမ်းဖက်မှု ခံစားနေရပြီဆိုရင် 96 00:05:33,489 --> 00:05:36,528 ကျွန်မ လုံခြုံအောင် ဘာလုပ်ရမလဲ။ 97 00:05:36,528 --> 00:05:39,948 ပထမဆုံး အနေနဲ့ ရဲစခန်းကို တစ်ခါမက ဖုန်းဆက်ပြီး ကျွန်မကို တန်းပြီး 98 00:05:39,948 --> 00:05:43,169 အပြစ်တင်တာမျိုးမလုပ်တဲ့ တစ်ယောက်ယောက်ကို အကြမ်းဖက်မှုအကြောင်း 99 00:05:43,169 --> 00:05:45,679 ပြောပြပြီး တိုင်တန်းမယ်။ 100 00:05:45,679 --> 00:05:50,739 အဲ့နောက် ကျွန်မယောင်္ကျားကကျွန်မပိုက်ဆံနဲ့ ဒဏ်ငွေဆောင်ဖို့ တွန်းအားပေးမယ်၊ 101 00:05:50,743 --> 00:05:54,101 အဲ့တော့ ကျွန်မကို အပြစ်တင်ပြောဆိုမဲ့သူနဲ့ မကြုံပါစေနဲ့လို့ဆုတောင်းပြီး 102 00:05:54,101 --> 00:05:57,746 ရဲစခန်းကို ဖုန်းထပ်ခေါ် ဒဏ်ငွေအကြောင်းရှင်းပြပေါ့။ 103 00:05:57,746 --> 00:06:01,054 ဒုတိယအကြိမ် အကြမ်းဖက်နှိပ်စက်ခံရပြီဆိုရင် ရဲကို ဖုန်းခေါ်ပြီး ထပ်တိုင် 104 00:06:01,054 --> 00:06:05,496 ကျွန်မယောင်္ကျား အဖမ်းခံရမယ်၊ နောက်တော့ ထောင်ထဲကနေ ကျွန်မဆီစာတွေပို့ပြီး 105 00:06:05,496 --> 00:06:09,360 သူ ထောင်က လွတ်လွတ်ချင်း ကျွန်မကို အသေသတ်ပစ်မယ်လို့ ခြိမ်းခြောက်မယ်။ 106 00:06:09,360 --> 00:06:14,330 ဒီအဆင့်တွေထဲက အနည်းဆုံးတစ်ဆင့်ကိုပြီးအောင် လုပ်ဖို့ ဘယ်လောက်ခက်မလဲ စဉ်းစားကြည့်။ 107 00:06:14,330 --> 00:06:20,228 အကယ်လို့ ကျွန်မသာ ဒါတွေကြုံမယ်ဆိုရင် ဒီလိုတွေ လုပ်မယ်လို့ထင်လား ကျွန်မတော့မထင်။ 108 00:06:20,228 --> 00:06:23,954 သူငယ်ချင်းတွေကကော အရင်ကကူညီခဲ့သလို ဒီကိစ္စကို ကူညီမယ်ထင်လား? 109 00:06:23,954 --> 00:06:27,365 ကျွန်မ မသိနိုင်ဘူး၊ဒါပေမဲ့ အဲ့လို မထင်ဘူး။ 110 00:06:27,365 --> 00:06:31,965 နောက်တစ်ခုက ဒီလိုဥပဒေမျိုးဟာ အခု၂၀၁၈အထိ ရှိနေတာကတော့ လူ့အသိုင်းအဝိုင်းရဲ့ 111 00:06:31,965 --> 00:06:36,230 ဖွံ့ဖြိုးတိုးတက်မှုဟာ စိတ်မကောင်းစွာနဲ့ပဲ သိပ္ပံပညာလို တဖြောင့်တည်း ဆင့်ကဲတိုးတက် 112 00:06:36,230 --> 00:06:38,139 ပြောင်းလဲသွားတာမျိုးမဟုတ်ပါဘူး။ 113 00:06:38,139 --> 00:06:42,280 လူတွေပြောတဲ့ " ဒါ ၂၀၁၈ ကွ ၂၀၁၈" ဆိုတာကို ကျွန်မ ခဏခဏ ကြားဖူးပါတယ်။ 114 00:06:42,280 --> 00:06:43,911 ဒါပေမဲ့ အဲ့သဘောက ဘာပါလဲ 115 00:06:43,911 --> 00:06:48,209 ၂၀၁၈ မှာ နေထိုင်နေကြတဲ့ လူတွေဟာ လူ့အခွင့်အရေးကို တန်ဖိုးထားရမယ်၊ 116 00:06:48,209 --> 00:06:51,301 ခွဲခြားဆက်ဆံမှု မလုပ်ဘဲ အပြန်အလှန် လေးစားကြပြီး ဆင့်ကဲတိုးတက်တဲ့ 117 00:06:51,301 --> 00:06:53,872 လူ့အသိုက်အဝန်းကို တည်ထောင်သင့်တယ်လို့ ထင်ကြလိမ့်မယ်။ 118 00:06:53,872 --> 00:06:56,712 အဲ့လိုဖြစ်ပါစေလို့လည်း ကျွန်မမျှော်လင့်တယ် 119 00:06:56,712 --> 00:06:59,271 သိပ္ပံပညာမှာတော့ အသစ်အဆန်းတစ်ခု တွေ့တာဟာ နောက်ထပ် 120 00:06:59,271 --> 00:07:01,944 ရှာဖွေမှု အသစ်တစ်ခုလုပ်ဖို့အတွက် အခြေခံပါပဲ။ 121 00:07:01,944 --> 00:07:04,890 ဒါပေမဲ့ လူ့အသိုင်းအဝိုင်းကတော့ နောက်ကြောင်းပြန်လှည့်တတ်ပါတယ်။ 122 00:07:04,890 --> 00:07:09,490 ၁၉ရာစုတုန်းက ပြင်သစ်နဲ့တခြားဥရောပနိုင်ငံ တွေမှာ ဖြစ်ခဲ့တာမျိုးရှိပါတယ်။ 123 00:07:09,490 --> 00:07:12,945 နပိုလီယန်ရဲ့ အာဏာ ဆိတ်သုဉ်းချိန်မှာတော့ များစွာသော အလုပ်ဖြစ်တဲ့ဥပဒေတွေဟာ 124 00:07:12,945 --> 00:07:15,345 မူလအနေအထားကို နောက်ကြောင်းလှည့် ပြန်ရောက်သွားပါတယ်။ 125 00:07:15,345 --> 00:07:21,505 အခု ရုရှားနဲ့ တခြားနေရာတွေမှာ ဒီအတိုင်း ဖြစ်နေတာပါ။ 126 00:07:21,505 --> 00:07:26,468 အကြမ်းဖက်ခံရတဲ့သူတွေဟာ ကိန်းဂဏန်းတွေနဲ့ပဲ ဖော်ပြခံနေရတာကို ကျွန်မ သည်းမခံနိုင်ပါဘူး။ 127 00:07:26,468 --> 00:07:28,638 ဘာလို့လဲဆိုတော့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ 128 00:07:28,638 --> 00:07:31,911 ကြုံတွေ့ခံစားရသူတွေအတွက်ရည်ရွယ်ပြီး အနုပညာ ပရောဂျက်တစ်ခုပြုလုပ်ခဲ့တဲ့ 129 00:07:31,911 --> 00:07:35,061 Anastasia Potemkinaလို အနုပညာရှင်က ပြောတာက 130 00:07:35,061 --> 00:07:38,894 "ကျွန်မ သူတို့အတွက်ဆိုပြီး ဒါတွေထုတ်ပြော နေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ 131 00:07:38,894 --> 00:07:42,310 သူတို့အတွက် ကိုယ်စားပြုပေးမဲ့သူ ပျောက်ဆုံး နေတာကတော့ စိုးရိမ်စရာပါပဲ" 132 00:07:42,310 --> 00:07:46,219 ဒီကနေ့ ဒီနေရာမှာ ကျွန်မ ရှိနေတာဟာ ကမ္ဘာကြီးဟာ ကျွန်မ ယုံကြည်သလိုမဟုတ်ဘူး 133 00:07:46,219 --> 00:07:49,553 ကျွန်မ မိဘတွေ ဆရာသမားတွေ သင်ကြားထားတဲ့ ကမ္ဘာကြီး မဟုတ်ဘူး 134 00:07:49,553 --> 00:07:51,346 YouTube ကလူတွေ ပြောပြလိုသလို မဟုတ်ဘူး 135 00:07:51,346 --> 00:07:55,567 ရုရှား အမျိုးသမီစင်တာ တည်ထောင်သူဖြစ်စေချင် သလိုမျိုး မဟုတ်လို့ပါပဲ။ 136 00:07:55,567 --> 00:08:00,127 ဒီကနေ့ ကျွန်မရဲ့ ဒီစကားတွေဟာ Yana အတွက်၊ Veronica အတွက်၊ Svetlana အတွက်၊ 137 00:08:00,127 --> 00:08:04,266 Irina အတွက်၊ နောက် Margaetia အတွက်နဲ့ ထုတ်ပြောခွင့်မရတဲ့ အခြားအခြားသော 138 00:08:04,266 --> 00:08:07,023 အမျိုးသမီးတွေအတွက်ပဲ ဖြစ်ပါတယ်။ 139 00:08:07,023 --> 00:08:08,243 ကျေးဇူးတင်ပါတယ်။