0:00:00.872,0:00:02.416 ကျွန်တော် ပိုင်စ်လေး ခရုကောင်ရဲ့ ပုံပြင်ဖြင့် 0:00:02.416,0:00:05.140 ဒီဟောပြောချက်ကို စတင်ပါရစေ။ 0:00:05.140,0:00:08.355 ၁၉၂၈ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့ရဲ့ ညနေမှာ 0:00:08.355,0:00:10.729 မေ ဒွန်နိုဟူးဟာ ဂလါဇ်ဂိုးမြို့မှ နေပြီး 0:00:10.729,0:00:13.260 အဲဒီမြို့ အရှေ့ဖက်ရှိ ပိုင်စ်လေ မြို့ဆီကို ရထားစီး ထွက်လာခဲ့ရာ၊ 0:00:13.260,0:00:15.573 အဲဒီက ဝဲလ်မီးဒိုး ကဖေးဆိုင်မှာ၊ 0:00:15.573,0:00:18.699 သူမကို စကော့ ရေခဲမုန့်၊ 0:00:18.699,0:00:20.546 ရေခဲမုန့် နဲ့ ဂျင်ဂျားဘီယာ ရောထားတဲ့ သောက်စရာဖြင့် 0:00:20.546,0:00:22.501 သူ့မိတ်ဆွေ တယောက်က ဧည့်ခံပါတယ်။ 0:00:22.501,0:00:24.902 ဂျင်ဂျားဘီယာကို ထိုးဖောက် မြင်မရနိုင်တဲ့ အညိုရောင်ပုလင်းနဲ့ ချပေးထားရာ 0:00:24.902,0:00:28.765 "D. Stevenson, Glen Lane, Paisley." ဆိုပြီး တံဆိပ်တပ်ထားပါတယ်။ 0:00:28.765,0:00:30.841 သူမဟာ အရည်ထဲ ပျော်နေတဲ့ ရေခဲမုန့် အနည်းငယ်ကို သောက်လိုက်တယ်၊ 0:00:30.841,0:00:32.674 ။ါပေမယ့် ကျန်နေသေးတဲ့ ဂျင်ဂျားဘီယာကို 0:00:32.674,0:00:34.071 သူ့ဖန်ခွက်ထဲကို ထည့်ပေးလိုက်တဲ့ အခါမှာတော့ 0:00:34.071,0:00:36.524 သူ့ခွက်ထဲမှာ ပုပ်သိုးနေတဲ့ ခရုကောင် 0:00:36.524,0:00:39.106 ပေါလော ပေါ်လာပါတယ်။ 0:00:39.106,0:00:40.650 အဲဒီနောက် သုံးရက်အကြာမှာ သူမကို 0:00:40.650,0:00:42.156 ဂလာဇ်ဂိုး တော်ဝင် ဆေးရုံကို တင်လိုက်ရပါတယ်၊ 0:00:42.156,0:00:44.214 ပြင်းထန်လှတဲ့ အူရောင်ရမ်းနာ နဲ့ စိတ်ချောက်ချားမှု 0:00:44.214,0:00:46.167 ရောဂါဖြင့် တင်ခံလိုက်ရပါတယ်။ 0:00:46.167,0:00:49.435 အဲဒီနောက်မှာ မြင်ခဲ့ကြရတဲ့ ဒွန်နိုဟူး နဲ့ စတီဗင်ဆန်တို့ရဲ့ အမှုဟာ 0:00:49.435,0:00:52.080 ဥပဒေရေးရာဆိုင်ရာ အရေးကြီးတဲ့ အစဉ်အလာ တစ်ရပ်ကို ချမှတ်ပေးခဲ့တယ်။ 0:00:52.080,0:00:53.811 ဂျင်ဂျားဘီယာကို ထုတ်လုပ်ပေးခဲ့သူ၊ စတီဗင်ဆန်ဟာ၊ 0:00:53.811,0:00:56.588 မေ ဒွန်ဒွန်နိုဟူးကို စောင့်ရှောက်ပေးရန် 0:00:56.588,0:00:58.036 တာဝန်ရှိခဲ့ကြောင်း ချမှတ်ခဲ့ပါတယ်၊ 0:00:58.036,0:01:00.138 သူတို့နှစ်ဦး အကြားမှာ ဘယ်လို ကန်ထရိုက်စာချုပ် မရှိခဲ့တာတောင်၊ 0:01:00.138,0:01:02.955 သူမကိုယ်တိုင် အဲဒီ သောက်စရာကို မဝယ်ခဲ့သည့်တိုင်အောင် တာဝန်ရှိခဲ့ပါတယ်။ 0:01:02.955,0:01:05.974 အဲဒီတူန်းက တရားသူကြီးတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့၊ လော့ အာတ်ကင်က 0:01:05.974,0:01:08.884 အဲဒါနဲ့ ပတ်သက်ပြီး ထောက်ပြသွားပုံက 0:01:08.884,0:01:10.952 သင်တို့သည် သင့်တို့အိမ်နီးချင်း တစ်ဦးကို ထိခိုက်လာဖွယ်ရာ ရှိတဲ့ 0:01:10.952,0:01:14.180 လုပ်ရပ်များကို သို့မဟုတ် လစ်ဟင်းချက်များကို ရှောင်ရှားဖို့ လိုအပ်တယ်တဲ့။ 0:01:14.180,0:01:16.523 တကယ်ပါပဲ၊ စဉ်းစားကြည့်ကြမယ်ဆိုရင် 0:01:16.523,0:01:18.269 စတီဗင်ဆန်က သူ့လုပ်ငန်းကို မပိတ်ခဲ့ဘူးဆိုရင် 0:01:18.269,0:01:21.993 နောက်ထပ် ပြည်သူ ဘယ်လောက်အထိ အူရောင်ရမ်းနာ ရောဂါ ဖြစ်လာခဲ့ကြလိမ့်မလဲ။ 0:01:21.993,0:01:24.374 ဒီနေရာမှာ၊ အရေးကြီးတဲ့ အခြေံခံမူ တစ်ရပ်ဖြစ်တာမို့လို့၊ 0:01:24.374,0:01:27.607 အဲဒီ ပိုင်စ်လေး ခရုကောင် ဖြစ်ရပ်ကို ဆက်လေ့လာရန် လိုပါတယ်။ 0:01:27.607,0:01:30.101 မနှစ်တုံးက၊ ဟန်စားရ်ဒ် အဖွဲ့ဆိုတဲ့ 0:01:30.101,0:01:32.007 ပါလီမန် ဒီမိုကရေစီ ခိုင်ခန့်လာရေးကို၊ 0:01:32.007,0:01:35.244 ပြီးတော့ နိူင်ငံရေးထဲမှာ ပြည်သူတွေ တိုးပြီး ဝင်ပါလာရေးကို ဆောင်ရွက်နေတဲ့ ပါတီစုံ ပရဟိတအဖွဲ့က 0:01:35.244,0:01:37.831 အဖွဲ့ရဲ့ နှစ်စဉ် အစီရင်ခံစာနဲ့အတူ 0:01:37.831,0:01:40.704 နိုင်ငံရေးထဲ ပါဝင်လှုပ်ရှားမှုဆိုင်ရာ စစ်တမ်းကို၊ 0:01:40.704,0:01:43.827 နိုင်ငံရေး နဲ့ မီဒီယာများကိုသာ ရည်စူးထားတဲ့ ဖြည့်စွက် အခန်းကို ထည့်သွင်းတင်ပြခဲ့တယ်။ 0:01:43.827,0:01:46.202 အဲဒီ စစ်တမ်းထဲက အတော့်ကို စိတ်ပျက်စရာကောင်းတဲ့ 0:01:46.202,0:01:48.210 လေ့လာတွေ့ရှိချက်တွေကို တင်ပြပါရစေ။ 0:01:48.210,0:01:50.375 လူပြိန်းကြိုက် သတင်းစာများဟာ 0:01:50.375,0:01:53.208 သူတို့ စာဖတ်ပရိသတ်ကြီးရဲ့ နိုင်ငံရေး အသိစိတ်ကို မြှင့်တင်နိုင်ခဲ့ခြင်း မရှိပါ၊ 0:01:53.208,0:01:54.781 ဘယ်သတင်းစာကိုမှ မဖတ်ကြတဲ့ သူတွေနဲ့တောင် 0:01:54.781,0:01:58.007 နှိုင်းယှဉ်ကြည့်ရင် အဲဒီလို တွေ့နိုင်တယ်။ 0:01:58.007,0:02:00.999 လူပြိန်းကြိုက် သတင်းစာများ ဖတ်ကြသူတို့ဟာ၊ 0:02:00.999,0:02:02.850 သတင်းစာကို မဖတ်ကြတဲ့ သူတွေနဲ့နှိုင်းစာကြည့်ပါက၊ 0:02:02.850,0:02:05.425 နိုင်ငံရေးဆိုင်ရာ အဆိုးမြင် ရှုဒေါင့်များကို နှစ်ဆထိတောင်ပိုပြီး သဘောတူနိုင်ပါတယ်။ 0:02:05.425,0:02:07.418 သူတို့ဟာ နိုင်ငံရေးကို စိတ်ဝင်စားမှု နည်းပါးကြရုံသာမက၊ 0:02:07.418,0:02:09.866 သူတို့ဟာ နိုင်ငံရေးဆိုင်ရာ သူတို့ရဲ့ အဆိုးမြင်မှုများကို 0:02:09.866,0:02:11.828 အားပေးနေကြတဲ့ မီဒီယာတွေကို သုံးစွဲနေခြင်းဖြင့် 0:02:11.828,0:02:14.931 ဒီမိုကရေစီဆိုင်ရာ ကံသာပဓာန စိတ်ကို၊ 0:02:14.931,0:02:18.266 ပြီးတော့ သံသယဝင်စိတ်တွေကို ဖြန့်ဖြူးသလို ဖြစ်နေပါတယ်။ 0:02:18.266,0:02:20.426 အဲဒီ အစီရင်ခံစာရဲ့ ကောက်နှုတ်ချက်ဟာ အံ့အားသင့်စရာပါပဲ။ 0:02:20.426,0:02:23.616 စာနယ်ဇင်းတွေ၊ အထူးသဖြင့် လူပြိန်းကြိုက် သတင်းစာတွေဟာ၊ 0:02:23.616,0:02:25.955 ဒီမိုကရေစီ အရေးတော်ပုံထဲက အရေးပါတဲ့ သူတို့ရဲ့ အခန်းကဏ္ဍကို 0:02:25.955,0:02:28.591 ဖြည့်ဆည်းပေးနိုင်ကြပုံ မရပါဘူး။ 0:02:28.591,0:02:30.650 ဒီခန်းမကြီးထဲက တယောက်ယောက်က 0:02:30.650,0:02:32.097 အဲဒီလို ရှုဒေါင့်ကို လေးလေးနက်နက် ချေပနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ 0:02:32.097,0:02:34.713 ဘယ်လိုပဲဖြစ်ဖြစ်၊ ဟန်စားရ်ဒ် အဖွဲ့ကသာ မှန်တယ်ဆိုရင်၊ အများအားဖြင့် သူတို့ မှန်တတ်ကြပါတယ်၊ 0:02:34.713,0:02:36.689 ကျွန်တော်တို့ဆီမှာ တကယ့်ကို ရင်လေးဖွယ်ရာ ပြဿနာကြီး ရှိနေပါပြီ၊ 0:02:36.689,0:02:39.324 အဲဒီအကြောင်းကိုမှ လာမယ့် ၁၀ မိနစ်အတွင်းမယ် 0:02:39.324,0:02:41.353 ကျွန်တော် အလေးထားပြီး ပြောချင်ပါတယ်။ 0:02:41.353,0:02:43.036 အထက်ပါ ပိုက်စလေး ခရုကောင်ရဲ့ နောက်မှာ 0:02:43.036,0:02:45.500 အထူးသဖြင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ 0:02:45.500,0:02:47.419 စဉ်းစား တွေးခေါ်ပုံဟာ အတော့်ကို တိုးတက်ပြောင်းလဲလာခဲ့ပါတယ် 0:02:47.419,0:02:49.278 စောင့်ရှောက်မှု တာဝန်နဲ့ပတ်သက်တာကို ဆိုလိုပါတာယ် 0:02:49.278,0:02:51.817 အဲဒါဟာ အရပ်ဖက်လူ့အဖွဲ့အစည်းရဲ့ မျက်နှာစာ တသီကြီးနဲ့ သက်ဆိုင်နေလို့ပါ။ 0:02:51.817,0:02:54.561 ယေဘူယျအားဖြင့်၊ လူပုဂ္ဂိုလ် တစ်ယောက် သို့မဟုတ် လူတစ်စုက 0:02:54.561,0:02:57.295 လုပ်ကိုင်နေတဲ့ လုပ်ငန်းဆောင်တာဟာ အခြားသူတို့အား ထိခိုက်နစ်နာစေနိုင်တဲ့ 0:02:57.295,0:02:59.825 အလားအလာ၊ ရုပ်ပိုင်းအရ၊ စိတ်ပိုင်းအရ သို့မဟုတ် စီးပွားရေးအရ ရှိနေပါက၊ 0:02:59.825,0:03:02.539 စောင့်ရှောက်ပေးမှုဆိုင်ရာ တာဝန်ဆိုတာ ပေါ်ပေါက်လာတတ်ပါတယ်။ 0:03:02.539,0:03:05.010 အဲဒါကို ကျွန်တော်တို့ဟာ အခြေခံသဘောအရကိုက 0:03:05.010,0:03:08.052 ကလေးငယ်များ နဲ့ လူငယ်များအားဆိုင်ရာ၊ ဝန်ဆောင်ပေးကြတဲ့ ဝန်ထမ်းများဆိုင်ရာ။ 0:03:08.052,0:03:10.778 အသက်ကြီးရင့်ကြသူများ နဲ့ ချိနဲ့ကြသူများဆိုင်ရာ မျက်နှာစာများ ဖြစ်ကြတာ ထင်ရှားပါတယ်။ 0:03:10.778,0:03:14.971 ဒါတွေကို ကျွန်တော်တို့ဟာ တိုးချဲ့ကျင့်သုံးပြီး 0:03:14.971,0:03:19.221 ကျွန်တော်တို့ရဲ့ အစိုးရစနစ်ရဲ့ အားနည်းချက်တွေကို၎င်း၊ 0:03:19.221,0:03:22.730 ဒီမိုကရေစီ အရေးတော်ထဲမှာ သိရှိနားလည် ယုံကြည်စိတ်ဖြင့် 0:03:22.730,0:03:24.874 ပြည်သူတို့ ပါဝင်လာရေးကို ထူထောင် တည်ဆောက်ရာမှာ 0:03:24.874,0:03:26.603 ရိုးသားမှု၊ တိကျမှု နှင့် ဘက်မလိုက်မှုတို့ကို ရည်စူးလျက်၎င်း၊ 0:03:26.603,0:03:29.360 လုပ်ဆောင်ရန် တန်းတူ အရေးကြီးလှပါတယ်။ 0:03:29.360,0:03:30.781 ပြီးတော့ ဒီအကြောင်းကို ပိုပိုစဉ်းစားလေလေ၊ 0:03:30.781,0:03:32.612 ပိုပိုပြီး နားလည်မရ ဖြစ်လာလေလေ ပါပဲ။ 0:03:32.612,0:03:34.074 လွန်ခဲ့တဲ့ နှစ်နှစ်တုံးက ကျွန်တော်ဟာ 0:03:34.074,0:03:35.828 အင်္ဂလန် အနောက်မြောက်ပိုင်းမှာ အသစ်စက်စက် ကျောင်းတစ်ကျောင်း 0:03:35.828,0:03:37.399 ဖွင့်ပွဲထဲမှာ ဝမ်းသာစွာ ပါဝင်ခွင့် ရရှိခဲ့ပါတယ်။ 0:03:37.399,0:03:40.938 ကျောင်းသားတွေဟာ အဲဒီကျောင်းကို အကယ်ဒမီ ၃၆၀ ဆိုပြီး နာမည်ပြောင်းပြီး ပေးခဲ့ကြပါတယ်။ 0:03:40.938,0:03:42.790 တကယ့်ကို အားရစရာ ကောင်းတဲ့ 0:03:42.790,0:03:44.165 မှန်တွေနဲ့ ဝိုင်းအုပ်ထားတဲ့ ခန်းမကြီးက ကျွန်တော်ရဲ့ ရှေ့မှာ 0:03:44.165,0:03:45.983 နံရံပေါ်မှာကျတော့ 0:03:45.983,0:03:47.531 မီးတောက်နေတဲ့ စာလုံးတွေနဲ့ပေါ့။ 0:03:47.531,0:03:50.632 မားကာစ် ဩရေးလီအူစ်ရဲ့ နာမည်ကြီး စာတမ်းကို ကမ္မည်းထိုးပါတယ်၊ 0:03:50.632,0:03:53.487 "မဟုတ်တာကို မပြောနဲ့၊" 0:03:53.487,0:03:56.570 "မမှန်တာကို မပြောနဲ့။" 0:03:56.570,0:03:58.558 ကျောင်းအုပ်ကြီးက ကျွန်တော် အဲဒီလို ငေးကြည့်နေတာကို 0:03:58.558,0:04:01.350 သတိထားမိလို့၊ "အို အဲဒါ ကျွန်တော်တို့ ကျောင်းရဲ့ ဆောင်ပုဒ်ပဲ။" 0:04:01.350,0:04:03.077 လန်ဒန်ကို အပြန် မီးရထားပေါ်မှာ 0:04:03.077,0:04:04.931 ကျွန်တော့် ဦးနှောက်ထဲမှာ အဲဒါကို မေ့မရနိုင်ခဲ့ပါ။ 0:04:04.931,0:04:07.490 နှစ်ပေါင်း ၂၀၀၀ ကျော်လွန်လာခဲ့တဲ့ နောက်မှာတောင် 0:04:07.490,0:04:09.701 ကျွန်တော်တို့ဟာ ကျွန်တော်တို့အားလုံး 0:04:09.701,0:04:11.566 တစ်ယောက်က တစ်ယောက်ဆီက နေပြီး မျှော်လင့်နိုင်တာ အတွက် 0:04:11.566,0:04:14.518 မှတ်ယူရမယ့် အချက်ဟာ အဲဒီလောက်ကို နည်းလှပါကလား။ 0:04:14.518,0:04:17.125 ဒီတော့ စောင့်ရှောက်မှု တာဝန်ဆိုင်ရာ အဲဒီလို ယူဆချက်ကို 0:04:17.125,0:04:18.795 တိုးတက်ပြုစုပေးပြီး ကျွန်တော်တို့ အားလုံး မျှဝေ သုံးနေကြရကာ 0:04:18.795,0:04:21.221 တချိန်တည်းမှာ ပိုပို အန္တရာယ်များ ရင်ဆိုင်လာနေရတဲ့ 0:04:21.221,0:04:24.485 ဒီမိုကရေစီ အနှစ်သာရများဆီကိုပါ တိုးချဲ့စောင့်ရှောက်ပေးရမယ့် အချိန် ကျွန်တော်တို့ ရောက်လာကြပါပြီ။ 0:04:24.485,0:04:26.342 တကယ်တော့၊ အသက်မွေးမှု လုပ်ငန်းအမျိုးမျိုးထဲမှာ 0:04:26.342,0:04:27.932 စောင့်ရှောက်မှုဆိုင်ရာ တာဝန်ကို နားမလည်ကြခြင်းဟာ 0:04:27.932,0:04:30.435 ဖြစ်ကတတ်ဆန်း လုပ်နေကြတယ်ဆိုပြီး အလွယ်တကူ စွပ်စွဲစရာ ဖြစ်လာန်ုိင်ပြီး 0:04:30.435,0:04:33.542 ကျွန်တော်တို့ မြင်ခဲ့ကြရတဲ့ အမှုမှာလိုပဲ 0:04:33.542,0:04:35.843 ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် အရေးကြီး လိုအပ်လှကြတဲ့ 0:04:35.843,0:04:38.634 အနှစ်သာရတွေကိုတောင်မှ ကျွန်တော်တို့ဟာ 0:04:38.634,0:04:41.369 ဂရုမစိုက်ကြသလို ဖြစ်နေပါတယ်။ 0:04:41.369,0:04:44.364 တစ်ယောက်ယောက်က၊ အထောက်အထားတွေနဲ့အတူ၊ 0:04:44.364,0:04:47.620 ဟန်စားရ်ဒ် အဖွဲ့က ရစရာမရှိအောင် ရှုတ်ချထားတဲ့ မီဒီယာတွေဟာ 0:04:47.620,0:04:50.907 ကျွန်တော်တို့ရဲ့ အမွေရ ခံစားနေကြရတဲ့ ထိခိုက်ပျက်စီးလွယ်တဲ့ 0:04:50.907,0:04:54.349 ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်တွေကို ထိုးနှက်နိုင်တဲ့ 0:04:54.349,0:04:56.450 သို့မဟုတ် ပျက်ပြားထိပါးနိုင်စေတဲ့ အရာများကို ရှောင်ရှားဖို့အတွက် 0:04:56.450,0:04:59.284 အရေးယူ လုပ်ဆောင်ခဲ့ကြတာကို ထောက်ပြနိုင်ပါသလား။ 0:04:59.284,0:05:01.305 ဒီလိုပြောလိုက်လို့ ဒီလို ပြောဆိုမှုတွေဟာ 0:05:01.305,0:05:03.078 လွယ်လွယ်နဲ့ ဆင်ဆာလုပ်ရေးဆီကို၊ 0:05:03.078,0:05:05.085 တနည်း မိမိကိုမိမိ ဆင်ဆာလုပ်ရေးဆီကို ဆိုက်ရောက်လာမယ်လို့ ဆင်ခြေပေးနိုင်ကြပါတယ်၊ 0:05:05.085,0:05:07.041 ကျွန်တော်ကတော့ အဲဒါမျိုးကို လက်မခံပါ။ 0:05:07.041,0:05:09.100 တကယ်တော့ လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့်ကို 0:05:09.100,0:05:11.200 ပိုပြီးကျယ်ပြန့်တဲ့ စိတ်ဓါတ်ရေး နဲ့ လူမှုရေး တာဝန်တွေနဲ့ 0:05:11.200,0:05:14.407 ချိန်ခွင်လျှာ မျှတအောင် လုပ်နိုင်ကြရပါမယ်။ 0:05:14.407,0:05:16.258 ဘာကြောင့်လဲ ဆိုတာကို ကျွန်တော်ဟာ 0:05:16.258,0:05:19.161 ရုပ်ရှင်ထုတ်လုပ်ရေး ကျွန်တော့်ကိုယ်တိုင်ရဲ့ သာဓကဖြင့် ရှင်းပြပါရစေ။ 0:05:19.161,0:05:20.968 ကျွန်တော်ဟာ အဲဒီလို အသက်မွေး လုပ်ကိုင်ရာမှာ 0:05:20.968,0:05:22.595 ရုပ်ရှင်ထုတ်လုပ်လိုသူဟာ သူရဲ့ အလုပ်ကို၊ 0:05:22.595,0:05:25.645 သူကိုယ်တိုင်ရဲ့ ဘဝအတွက်၊ သူ့မိသားစုအတွက်၊ 0:05:25.645,0:05:27.595 ပြီးတော့ ကျွန်တော်တို့ အားလုံး နေထိုင်နေကြရတဲ့ လူ့အဖွဲ့အစည်းကြီးရဲ့ အနာဂါတ်အတွက်၊ 0:05:27.595,0:05:30.944 သင့်တင့်တယ်လို့ ခံယူထားကြတဲ့ တန်ဖိုးများရဲ့ ဘောင်အပြင်မှာ၊ 0:05:30.944,0:05:34.535 ဒါမှမဟုတ် အထက်မှာ ထားရှိရမယ်ဆိုတာကို ကျွန်တော် လက်မခံခဲ့ပါ။ 0:05:34.535,0:05:35.859 ကျွန်တော်ဟာ အဲဒါထက်ကိုတောင် ရှေ့ကို သွားလိုက်တယ်။ 0:05:35.859,0:05:39.153 တာဝန်သိတတ်တဲ့ ရုပ်ရှင် ထုတ်လုပ်သူ တစ်ဦးဟာ သူရဲ့ အလုပ်ကို 0:05:39.153,0:05:41.197 သူကိုယ်တိုင် နေထိုင်ချင်တဲ့ ကမ္ဘာကြီးအတွက် ဟုတ်မှန်တယ်လို့ ပြောမရနိုင်တော့တဲ့ 0:05:41.197,0:05:44.637 အဆင့်မျိုးဆီကို တန်ဖိုးလျှောကျသွားတာမျိုးကို ဘယ်တော့မှ ခွင့်မပြုသင့်ပါဘူး။ 0:05:44.637,0:05:48.023 ဒီတော့ ကျွန်တော့် အမြင်ကို ပြောရရင်၊ရုပ်ရှင် ထုတ်လုပ်သူတွေ၊ သတင်းစာဆရာတွေ၊ 0:05:48.023,0:05:50.547 ဘလော့ရေးကြသူတွေတောင်၊ အားလုံးတို့ဟာ သူတို့ မီဒီယာတွေရဲ့ ပင်ကိုယ် စွမ်းပကားတွေကို 0:05:50.547,0:05:54.302 သူတို့ရဲ့ ထက်မြက်တဲ့ ကျွမ်းကျင်မှုများနဲ့ပေါင်းစပ် လုပ်ကိုင်ပေးကြမယ် ဆိုတဲ့ 0:05:54.302,0:05:57.676 လူမှုရေး မျှော်လင့်ချက်များကို ရင်ဆိုင်တုံ့ပြန်ပေးရန် လိုအပ်ပါတယ်။ 0:05:57.676,0:06:00.563 ဒါဟာ မလုပ်မနေရ တာဝန်ပါလို့ ပြောမရတာ မှန်ပေမဲ့၊ 0:06:00.563,0:06:03.045 ပါရမီရှိကြတဲ့ ရုပ်ရှင်ထုတ်လုပ်သူ၊ တာဝန်သိတတ်တဲ့ သတင်းစာဆရာ 0:06:03.045,0:06:06.854 ဒါမှမဟုတ် ဘလော့ဂါး တယောက်တောင်၊ လုံးဝကို ရှောင်ပြေးလို့ မရနိုင်တာ ရှင်းနေပါတယ်။ 0:06:06.865,0:06:09.464 ကျွန်တော်တို့ အမြဲတမ်း သတိရနေကြရန် လိုတာက၊ 0:06:09.464,0:06:12.355 ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် နဲ့ အဲဒါရဲ့ မိတ်ဖက်ဖြစ်တဲ့ ဖန်တီးရေး လွတ်လပ်ခွင့် ဆိုတာတွေဟာ 0:06:12.355,0:06:14.150 အနောက်တိုင်း အယူအဆတွေထဲမှာ ပေါ်ပေါက်လာခဲ့ကြတာ 0:06:14.150,0:06:16.412 သိပ်မကြာလှသေးပါဘူး၊ 0:06:16.412,0:06:18.330 အဲဒါကြောင့်မို့လို့ မကြာခဏဆိုသလို အဲဒါကို သိပ်အရေး မထားကြပါဘူး၊ 0:06:18.330,0:06:20.693 အဲဒါကြောင့်ပဲ လျင်မြန်စွာ တန်ဖိုးကျဆင်းသွားနိုင်ပါတယ်။ 0:06:20.693,0:06:22.920 အဲဒါဟာ လွယ်လွယ်နဲ့ ပျောက်ဆုံးသွားနိုင်တဲ့ ဆုလာဘ်ပါ၊ 0:06:22.920,0:06:24.683 ပျောက်သွားပြီဆိုရင်တော့၊ 0:06:24.683,0:06:28.000 ပြန်ပြီး ရယူရေးဟာ သိပ်သိပ်ကို ခဲယဉ်းမှာ သေချာပါတယ်။ 0:06:28.000,0:06:29.525 ဒီတော့ အဲဒါကို ခုခံကာကွယ်ဖို့အတွက် ပထမဦးဆုံး အချက်က 0:06:29.525,0:06:31.876 ကျွန်တော်တို့ ကိုယ်တိုင်ရဲ့ စံနှုန်းတွေပဲ ဖြစ်ရပါမယ်၊ 0:06:31.876,0:06:35.615 ဆင်ဆာအဖွဲ့ ဒါမှမဟုတ် ဥပဒေပြုလွှတ်တော်မှ ပြဌာန်းထားတာ မဟုတ်ဘဲ 0:06:35.615,0:06:37.438 ကျွန်တော်တို့ ကိုယ်တိုင်ရဲ့စံနှုန်းများ နှင့် ကျွန်တော်တို့ ကိုယ်တိုင်ရဲ့ ဂုဏ်သိက္ခာ ဖြစ်ရပါမယ်။ 0:06:37.438,0:06:39.432 အတူတူ အလုပ်လုပ်ကြရသူတို့နဲ့ ဆက်ဆံနေစဉ်မှာ၊ 0:06:39.432,0:06:40.980 ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာ 0:06:40.980,0:06:44.605 လူ့အဖွဲ့အစည်းထဲမှာ လုပ်ကိုင်ကြရာမှာ လိုက်နာကြတဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် စံနှုန်းတွေပါပဲ။ 0:06:44.605,0:06:46.075 ပြီးတော့ ကျွန်တော်တို့ရဲ့ အဲဒီလို စံနှုန်းများဟာ 0:06:46.075,0:06:49.340 ရေရှည် လူမှုရေး ရည်မှန်းချက်များနဲ့ ဆက်စပ်ဖို့ လိုအပ်ပါတယ်။ 0:06:49.340,0:06:51.453 အဲဒါတွေဟာ စုပေါင်း တာဝန်ယူကြရမှုရဲ့ အပိုင်းတစ်ပိုင်းပါ။၊ 0:06:51.453,0:06:53.583 အနုပညာရှင် ဒါမှမဟုတ် သတင်းစာဆရာက 0:06:53.583,0:06:55.957 ကမ္ဘာကြီးကို အရှိကိုအရှိအတိုင်း ဆက်ဆံရန် တာဝန်ရှိပါတယ်၊ 0:06:55.957,0:06:58.406 ပြီးတော့ အဲဒါကျပြန်တော့၊ 0:06:58.406,0:07:00.824 လူ့အဖွဲ့အစည်းကို စီမံအုပ်ချုပ်နေကြသူတို့ရဲ့တာဝန်များနဲ့ 0:07:00.824,0:07:02.901 အချိတ်အဆက် ကိုက်ညီမှသာ၊ အဲဒီလို ကမ္ဘာကြီးကို ရင်ဆိုင်နိုင်မှာဖြစ်ပြီး 0:07:02.901,0:07:05.261 ကမ္ဘာကြီးရဲ့ ပြဿာနတွေကို လွဲမှားစွာ စီရင်ဆုံးဖြတ်ပေးတာမျိုး 0:07:05.276,0:07:07.853 လုံး၀ မဖြစ်သင့်ပါဘူး။ 0:07:07.853,0:07:10.499 ဒါပေမဲ့၊ နောက်ဆုံး နှစ်နှစ်လောက် အတွင်းမှာ ကွက်ကွက်ကွင်းကွင်း 0:07:10.499,0:07:12.567 မြင်လာကြရသလို၊ 0:07:12.567,0:07:14.601 အဲဒီလို တာဝန်သိစိတ် တော်တော်များဟာ မီဒီယာ တော်တော်များတို့ရဲ့ 0:07:14.601,0:07:17.644 လက်ချက်ကြောင့် လျော့ရဲကျဆင်း သွားခဲ့ပါတယ်။ 0:07:17.644,0:07:19.584 အဲဒါ ရဲ့ အကျိုးဆက်တစ်ခုအဖြစ် အနောက်နိုင်ငံများမှာ၊ 0:07:19.584,0:07:22.883 အတိုက်အခံတို့က သိပ်ကို အလွယ်မြင်လိုတဲ့ မူဝါဒများကို ကျင့်သုံးနေကြကာ 0:07:22.883,0:07:25.268 အတော်ကလေးကို စိတ်ပျက်နေကြတဲ့ 0:07:25.268,0:07:26.657 သက်ကြီး မျိုးဆက်များအား သူတို့ရဲ့ တင်ပြချက်တွေဟာ 0:07:26.657,0:07:28.865 အနည်းဆုံးအားဖြင့် ဒီနေ့လူငယ် တချို့တို့ရဲ့အကြားမှာ တွေ့မြင်ရတတ်တဲ့ 0:07:28.865,0:07:30.763 ဘာကိုမှ စိတ်မဝင်စားမှု နှင့် သမရိုးကျ စွဲလမ်းမှုများနဲ့အတူ 0:07:30.763,0:07:32.821 အလားတူ နဲ့ အခြားသော မျက်မှောက်ခေတ် ဖောက်ပြန်မှုတွေ 0:07:32.821,0:07:34.902 ပူးပေါင်းမိကြတဲ့ အခါမှာ၊ 0:07:34.902,0:07:36.949 ကျွန်တော်တို့ရဲ့ ဘဝကို တက်ကြွစွာ၊ သိရှိနားလည်လျက် 0:07:36.949,0:07:40.523 လက်တွဲပါ၀ကြမယ့် အစား အပြင်ကို တွန်းထုတ်ပစ်နေပါတယ်၊ 0:07:40.523,0:07:43.050 ကျွန်တော်ဟာ အဲဒါကို အလေးပေး ထောက်ပြလိုပါတယ်။ 0:07:43.050,0:07:45.327 လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြတဲ့ အတက်ကြွဆုံး သူတို့က 0:07:45.327,0:07:48.321 ဒွန်နိုဟူး နဲ့ စတီဗင်ဆန်တို့ရဲ့ အမှုကို တရားရုံးထဲမှာ ထည့်စဉ်းစားဖို့တောင် မလိုဘူး 0:07:48.321,0:07:50.439 သူဟာ ဂျင်ဂျားဘီယာကို ဆက်ပြီး ရောင်းနေခဲ့မယ်ဆိုရင် 0:07:50.439,0:07:53.856 စတီဗင်ဆန်ဟာ သူ့လုပ်ငန်းကို ပိတ်ပစ်ခဲ့ရမှာ ရှင်းနေတယ်လို့ ဆင်ခြေပေးနိုင်ပါတယ်။ 0:07:53.856,0:07:57.270 ဒါပေမဲ့ အစိုးရဟာ ကိစ္စမျိုးအတွက် စောင့်ရှောက်မှုဆိုင်ရာ တာဝန် ကို 0:07:57.270,0:08:00.348 ချမှတ်ပေးဖို့ တာဝန်လေး ရှိတယ်လို့ ကျွန်တော်တို့ အများစုက ထင်မြင်ကြပြီး 0:08:00.348,0:08:03.020 အဲဒါအတွက် သော့ချက်စကားလုံးက သင့်တော်မှုပဲ ဖြစ်ပါတယ်။ 0:08:03.020,0:08:06.600 ထိုသူတို့ဟာ တာဝန်ကို သင့်တင့်စွာ ယူခဲ့ကြသလား၊ 0:08:06.600,0:08:08.015 သူတို့ လုပ်ဆောင်ချက်တွေရဲ့ အကျိုးဆက်များကို 0:08:08.015,0:08:10.213 တင်ကြိုထည့်တွက်ခဲ့ကြသလား ဆိုတာကို တရားသူကြီးတို့က ဆန်းစစ်ကြရပါမယ်။ 0:08:10.213,0:08:13.195 အစိုးရက အားလုံးကို လွန်ကဲစွာ ချုပ်ကိုင်ထားတာကို လက်ညှိုးထိုးပြကြမယ့်အစား 0:08:13.195,0:08:16.720 ဒီနေ့တွင် ကျွန်တော်တို့ရဲ့ ဒီမိုကရေစီကို ခံယူချက်တွေရဲ့ 0:08:16.720,0:08:19.379 အနှစ်သာရများ နဲ့ လေသံကို ချမှတ်ပေးနေကြတဲ့ 0:08:19.379,0:08:21.650 မီဒီယာထဲက ပုဂ္ဂိုလ်တွေ အပေါ်မှာပါ ခုနက ကျွန်တော်တို့ ပြောခဲ့ကြတဲ့ 0:08:21.650,0:08:24.967 တာဝန်သိတတ်မှု သတ်မှတ်ချက်များကို ကျင့်သုံးကြရန် လိုပါတယ်။ 0:08:24.967,0:08:27.687 ဒီမိုကရေစီဆိုတာ လက်တွေ့ အလုပ်လုပ်နိုင်ဖို့အတွက် 0:08:27.687,0:08:30.635 တာဝန်သိ အမျိုးသားများ နဲ့ အမျိုးသမီးများက အချိန်ယူပြီး 0:08:30.635,0:08:32.967 ခက်ခဲ့တဲ့၊ ရံဖန်ရံခါမှာ ရှုပ်ထွေးတဲ့ ပြဿနာများကို သိနားလည်ဖို့ နဲ့ ငြင်းခုံဖို့လိုပါတယ်၊ 0:08:32.967,0:08:35.260 သူတို့ရဲ့ အဲဒီလို နားလည်မှုရရှိဖို့ ကြိုးပမ်းအားထုတ်ကြတဲ့ 0:08:35.260,0:08:37.659 ဝန်းကျင်အခြေအနေဟာ၊ 0:08:37.659,0:08:39.726 သဘောတူညီရေးဆီကို မဟုတ်တောင်၊ ယုတ်စွအားဖြင့် 0:08:39.726,0:08:42.092 အလုပ်ဖြစ်ထွန်းရေး နဲ့ အပေးယူပြုလုပ်ရေးဆီကို ရှေ့ရှုဖို့ လိုအပ်ပါတယ်။ 0:08:42.092,0:08:44.450 နိုင်ငံရေးဆိုတာ ရွေးချယ်မှုများပါပဲ၊ 0:08:44.450,0:08:48.441 တဖန် အဲဒီလို ရှိနေကြတဲ့ ရွေးချယ်မှုများ အတွင်းမှာကျတော့ နိုင်ငံရေးဟာ ဦးစားပေးမှုများ ဖြစ်ပါတယ်။ 0:08:48.441,0:08:50.979 အဲဒါဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်အချိန်မှာပဲဖြစ်ဖြစ် ပဍိပက္ခဖြစ်နေကြတဲ့ ဦးစားပေးမှုများကို 0:08:50.979,0:08:56.195 လက်တွေ့အချက်များကို အခြေခံလျက် စေ့စပ်ပေးမှု ဖြစ်ပါတယ် 0:08:56.195,0:08:58.666 ဒါပေမဲ့ အချက်အလက်တွေ ကိုယ်နှိုက်ကိုက လွဲမှားနေကြတယ်ဆိုရင်၊ 0:08:58.666,0:09:02.389 ချမှတ်ကြမယ့် ဆုံးဖြတ်ချက်တွေဟာဖြင့် ပြဿနာကို ပိုလို့ကို ရှုပ်ထွေးလာစေပါမယ်၊ 0:09:02.389,0:09:04.276 အဲဒီနောက်မှာ့ ဖိစီးမှုများနဲ့ တင်းမာမှုများဟာ 0:09:04.276,0:09:06.492 လူ့အဖွဲ့အစည်း အပေါ်ကို မလွှဲမရှောင် ကျရောက်လာမှာပါ။ 0:09:06.492,0:09:08.439 မီဒီယာများအနေနဲ့ ဆုံးဖြတ်ဖို့ လိုတာက၊ 0:09:08.439,0:09:11.613 သူတို့ရဲ့ အခန်းကဏ္ဍဟာ ဆွပေးရန်လား 0:09:11.613,0:09:13.943 ဒါမှမဟုတ် သတင်းတွေကို ဖေါ်ပြပေးဖို့လား ဆိုတာပါပဲ။ 0:09:13.943,0:09:16.805 ဘာဖြစ်လို့လဲဆိုတော့၊ နောက်ဆုံး ရရှိလာမှာက 0:09:16.805,0:09:19.296 ယုံကြည်အားကိုးမှု နဲ့ ရှေ့ဆောင်မှု ရလဒ်တပုံစံ ခုခုပါပဲ။ 0:09:19.296,0:09:21.873 လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်တုန်းက၊[br]သမ္မတ ဂျွန် အက်ဖ် ကနေဒီဟာ 0:09:21.873,0:09:23.479 သမိုင်းဝင် မိန့်ခွန်း နှစ်ရပ်ကို မြွက်ကြားခဲ့ပါတယ်၊ 0:09:23.479,0:09:26.976 ပထမတခုက လက်နက်ဖျက်သိမ်းရေး ဖြစ်ကာ[br]ဒုတိယက လူ့ရပိုင်ခွင့်များနဲ့ သက်ဆိုင်ခဲ့ပါတယ်။ 0:09:26.976,0:09:29.078 ပထမ မိန့်ခွန်းက ချက်ချင်းဆိုသလိုပဲ 0:09:29.078,0:09:30.659 ညူကလီယား လက်နက် စမ်းသပ်မှု ပိတ်ပင်ရေးကို ပြုလုပ်နိုင်ခဲ့တယ်။ 0:09:30.659,0:09:33.724 ဒုတိယတစ်ခုကျတော့ ၁၉၆၄ လူ့ရပိုင်ခွင့်များ ဥပဒေဆီ ဦးတည်ခဲ့ပါတယ် 0:09:33.724,0:09:37.310 နှစ်ခုစလုံးဟာ ရှေ့ကို တက်လှမ်းလိုက်တဲ့[br]ဧရာမ ခြေလှမ်းကြီးတွေပါပဲ။ 0:09:37.310,0:09:39.715 ဒီမိုကရေစီဟာ၊ ဦးဆောင်မှု ကောင်းမယ်[br]ပြီးတော့ ကောင်းမွန်စွာ အသိပေးရှင်းပြထားမယ်ဆိုရင်၊ 0:09:39.715,0:09:42.208 ဧရာမ အရာများကို တက်လှမ်းယူနိုင်ပါတယ်၊ 0:09:42.208,0:09:43.881 ဒါပေမဲ့ အဲဒါ့အတွက် လိုက်နာရမယ့် စည်းကမ်းချက် တစ်ရပ် ရှိပါတယ်။ 0:09:43.881,0:09:47.192 အဲဒီလို ဆုံးဖြတ်ချက် ချပေးကြသူတွေ အဲဒီလို လုပ်ကိုင်နေကြတာဟာ 0:09:47.192,0:09:49.659 သူတို့ ကိုယ်နှိုက်ရဲ့ အကျိုးစီးပွားများအတွက် မဟုတ်ဘဲ 0:09:49.659,0:09:51.423 ပြည်သူ တရပ်လုံး အတွက် ဖြစ်တယ်ဆိုတာကို ယုံကြည်မှု ရှိဖို့လိုပါတယ်။ 0:09:51.423,0:09:54.502 ကျွန်တော်တို့ဟာ လက်တွေ့အချက်များကို အခြေခံထားကြတဲ့ 0:09:54.502,0:09:55.741 ရှင်းလင်းပြတ်သားစွာ ချပြထားတဲ့ ရွေးစရာများ လိုအပ်ပါတယ်။ 0:09:55.741,0:09:57.139 လိုရင်လိုသလို ချယ်လှယ်နိုင်စွမ်း ရှိကြတဲ့ 0:09:57.139,0:09:59.236 ကော်ပိုးရေးရှင်းကြီးတွေက တွန်းအားပေးနေကြတဲ့ ကျဉ်းမြောင်းလှတဲ့ 0:09:59.236,0:10:01.603 အကျိုးစီးပွားများ မဟုတ်ဘဲ ကျွန်တော်တို့အနေနဲ့ 0:10:01.603,0:10:04.032 ကိုယ်ပိုင် ဆုံးဖြတ်ချက်များကို ချမှတ်ရမှာ အသုံးပြုနိုင်ကြမယ့် 0:10:04.032,0:10:06.408 တိကျပြတ်သားသော ဖက်လိုက်ခြင်း မရှိသော[br]အချက်အလက်များ ဖြစ်ဖို့ လိုပါတယ်။ 0:10:06.408,0:10:08.302 ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ကလေးများအတွက်[br]ပြီးတော့ ကလေးများရဲ့ ကလေးများအတွက် 0:10:08.302,0:10:10.613 သင့်တင့်ပြီး ကျေနပ်ဖွယ်ကောင်းတဲ့ ဘဝမျိုးကို စီမံပေးလိုကြပါက 0:10:10.613,0:10:13.730 တက်ကြွလှုပ်ရှားနေကာ၊ တာရှည်ကြာမယ်လို့[br]မျှော်လင့်ရမယ့် ဒီမိုကရေစီမျိုးကို 0:10:13.730,0:10:15.442 ကျွန်တော်တို့ ထူထောင်ပေးလိုကြပါက ကျွန်တော်တို့ဟာ 0:10:15.442,0:10:18.339 စောင့်ရှောက်မှု တာဝန်ကို အတတ်နိုင်ဆုံး အစွမ်းကုန် ကျင့်သုံးကြရန် လိုအပ်လှပါတယ်။ 0:10:18.339,0:10:20.422 အခုလို ကျွန်တော့်ကို နားဆင်အားပေးကြတာကို ကျေးဇူးတင်ပါတယ်။ 0:10:20.422,0:10:24.361 (လက်ခုပ်တီးသံများ)