လူတွေဟာ ဂရုမစိုက်ကြပါဘူးဗျာလို့
ကျွန်တော်တို့ ဘယ်နှစ်ခါကြားမိလဲ။
သူတို့ဝန်းကျင်မှာ ပြောင်းလဲမှု
လုပ်ဖို့ကြိုးစားရာမှာ
လူတွေဟာ အတ္တကြီးလွန်းလို့
ဒုံးဝေးလွန်းလို့၊
ပျင်းလွန်းလို့ တကယ့်မည်မည်ရရ
အပြောင်းအလဲဆိုတာ မဖြစ်နိင်ဘူးလို့
ဘယ်နှစ်ကြိမ် အပြောခံရဖူးလဲ။
ဒီနေ့ အဆိုပြုချင်တာက ဥပက္ခာပြုခြင်းဆိုတာက
ကျွန်တော်တို့ သိတယ်လို့ ထင်ထားတာမျိုး
မရှိတာကိုပါပဲ။
လက်တွေ့မှာက လူတွေ သတထားမိကြသလို
ကျွန်တော်တို့ နေထိုင်နေတာက လမ်းမှာ
အတားအဆီးတွေကို အဆက်မပြတ်ချထားရင်း
ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေကို
တက်တက်ကြွကြွ ဟန့်တား ခံနေရတဲ့ ကမ္ဘာပါ။
ကျွန်တော် ဆိုလိုတာရဲ့ နမူနာတစ်ချို
ပေးပါ့မယ်။
မြို့တော်ခန်းမကနေ စကြရအောင်။
အရင်က ဒါမျိုးတစ်ခုကိုမြင်ဖူးလား။
ဒါက သတင်းစာကြော်ငြာ တစ်ခုပါ။
ရုံးသစ်တစ်ခုအတွက် ဇုန်အသုံးချမှု
အပြောင်းအလဲ နှိုးဆော်စာဆိုတော့
ဘာဖြစ်နေတယ်ဆိုတာ အနီးအပါးကလူတွေ သိရတာပေါ့။
မြင်တဲ့အတိုင်းပဲ ဖတ်လို့ မဖြစ်နိူင်ဘူးလေ။
သူတို့ပြောတဲ့ လိပ်စာရှာတွေ့တယ် ဆိုတာတောင်
အလယ်ထိ လောက်ရောက်ဖို့ လိုတယ်
နောက်ပြီး တကယ်ဘယ်လို
ပါဝင်ဖို့ ဆိုတာသိဖို့ကျတော့
စာလုံး သေးသေးလေးတွေနဲ့ အောက်ဖက်
ခပ်ကျကျမှာပါ
ပုဂ္ဂလိကကဏ္ဍမှာ ဒီနည်းနဲ့ကြော်ငြာတယ်
ဆိုရင်တော့ဗျာ
အကယ်၍ Nike က သူ့ဖိနပ်တစ်ရံ ရောင်းချင်လို့
ဒီလိုစာရွက်မှာကြော်ငြာတစ်ခု
ထည့်လိုက်ရင်ဗျာ။
(လက်ခုပ်သံများ)
ကဲဒါက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။
ဒီလိုကြော်ငြာမျိုး ဘယ်တော့မှ
တွေ့မှာမဟုတ်ဘူး၊
အကြောင်းက Nike ကသူ့ဖိနပ်ကို
တကယ် ဝယ်စေချင်တာကိုးဗျ။
Toronto မြို့တော်မှာ လုပ်ငန်းစဉ်နဲ့
ပတ်သက်လို့ သင့်ကို
မပါစေလိုတာ ရှင်းနေပေမယ့်
သူတို့ကြော်ငြာတွေ ကတော့
တစ်နည်းနည်းနဲ့ ဒီလိုမျိုးဖြစ်နေမှာပါ
အဓိကက အချက်အလက်တွေ
ရှင်းရှင်း တင်ပြတာမျိုးပေါ့
မြို့တော်က ထုတ်ပြန်တဲ့
နှိုးဆော်စာတွေဟာ ဒီနည်းနဲ့
လူတွေပါလာဖို့ကြိုးစား နေသရွေ့တော့
လူတွေပါဝင်လာမှာ မဟုတ်ဘူး
ဆိုတာ ကျိန်းသေပဲဗျာ။
ဒါပေမဲ့ ဒါဟာဥပက္ခာ ပြုတာမဟုတ်ဘူးဗျ။
ဒါက တမင်တကာ ပယ်ထုတ်ထားတာဗျ။
အများနှင့်ဆိုင်တဲ့နေရာကို။
(လက်ခုပ်သံများ)
အများနှင့်ဆိုင်တဲ့နေရာတွေ
တလွဲသုံးတဲ့ အကျင့်ကတော့
တိုးထက်တဲ့ ဘယ်နိုင်ငံရေး
အပြောင်းအလဲ အတွက်မဆို
ကြီးမားတဲ့အတားအဆီးတစ်ခုပါ။
ကျွန်တော်တို့တွေရဲ့ လွတ်လပ်စွာဖော်
ထုတ်ခွင့်မှာ မုချတန်ဖိုး သတ်မှတ်ထားလို့ပါ
ပိုက်ဆံ အမျာဆုံးရှိတဲ့ ဘယ်သူမဆို
အကျယ်ဆုံးအော်လို့ရပြီး
အမြင်ပိုင်း၊ စိတ်ပိုင်း ဝန်းကျင်ကို
ကြီးစိုးနေပါတယ်
ဒီပုံစံနဲ့ပတ်သက်တဲ့ ပြဿနာကတော့
အကျိုးအမြတ်မရှိတဲ့ အံဩစရာ
သတင်းအချက်အလက်တွေကို
ပြောဖို့ လိုတယ်ဆိုတာပါ။
ဒီတော့ ခင်ဗျား ဒါတွေကို ဆိုင်ဘုတ်ကြီးမှာ
သွားကြည့်တော့မှာ မဟုတ်ပါဘူး။
မီဒီယာကတော့ နိင်ငံရေး အပြောင်းအလဲမှာ
ဆက်ဆံရေး ဖွံဖြိုးဖို့အတွက်
အရေးပါတဲ့ ကဏ္ဍအနေနဲ့ ပါဝင်တယ်
အဓိကအားဖြင့် နိုင်ငံရေးကို
လျစ်လျူရှုပြီး၊ အကျော်အမော်တွေနဲ့
မကောင်းသတင်းတွေကို အာရုံစိုက်နေခြင်းပါ။
အရေးကြီးတဲ့ နိုင်ငံရေး ကိစ္စတွေကို
ပြောနေပေမယ့် သူတို့လုပ်နေတာက
စီစဉ်ဆောင်ရွက်မှုမှာ ကျွန်တော့ကို
စိတ်ပျက်စေတဲ့ပုံမျိုးနဲ့ပါ
ကျွန်တော် ဥပမာက
ပြီးခဲ့တဲ့အပတ် Now မဂ္ဂဇင်းမှာပါ၊
Toronto က တိုးတက်တဲ့ မြို့လယ်
အပတ်စဉ်ပါ
ဒါကတော့ မျက်နှာဖုံး သတင်းဆောင်းပါးပါ။
ကဇာတ်ရုံဖျော်ဖြေပွဲအကြောင်း
ဆောင်းပါးတစ်ပုဒ်ပါ၊
ကျင်းပမယ့်နေရာနဲ့ ပတ်သက်တဲ့
သာမန် သတင်းအချက်အလက်နဲ့ စတယ်
အကယ်၍ ဒီဆောင်းပါးဖတ်ပြီးသွား
ကြည့်ချင်ကြည့်မယ်ဆိုရင်ပေါ့
နေရာ၊ အချိန်၊ ဝက်ဆိုဒ် စတာတွေပေါ့။
ဒီအတိုင်းပဲ ရုပ်ရှင်ဝေဖန်ရေး တစ်ပုဒ်၊
အနုပညာဝေဖန်ရေး တစ်ပုဒ်၊
စာအုပ်ဝေဖန်ရေး တစ်ပုဒ်
ဖတ်ပြီး သွားချင်ရင် သွားလို့ရအောင်ပေါ့။
စားသောက်ဆိုင် တစ်ခု ဒီအကြောင်းကို
ခင်ဗျားဖတ်ချင်မှ ဖတ်မှာပါ၊
ဒီစားသောက်ဆိုင်ကိုတော့
ခင်ဗျား သွားကောင်း သွားလိမ့်မယ်။
ဒါကဘယ်မှာရှိတယ်၊ စျေးနှုန်းကဘယ်လောက်၊
လိပ်စာ၊ ဖုန်းနံပါတ် စတာတွေ ပါမယ်။
နောက်တော့ နိုင်ငံရေးဆောင်းပါးတွေဆီ
ရောက်လာတယ်။
အရေးပါတဲ့ရွေးကောက်ပွဲ အကြောင်း
ဆောင်းပါးကြီး။
ကိုယ်စားလှယ်လောင်းတွေအကြောင်း
ကောင်းကောင်းကြီးရေးထားပေမယ့်
သတင်းအချက်အလက်၊ နောက်ဆက်တွဲ၊
မဲဆွယ်ပွဲတွေ အတွက်ဝက်ဆိုက်
ဘာမှမပါဘူး ၊
စကားစစ်ထိုးပွဲအချိန်၊ မဲဆွယ်ရေးရုံးက
ဘယ်မှာ ဆိုတာတွေမပါဘူး
ဒီမှာ နောက်ထပ်ဆောင်းပါး ကောင်းတစ်ပုဒ်၊
ပုဂ္ဂလိက လက်သို့လွှဲပြောင်းရေးကို
ဆန့်ကျင် လှုံဆော်ပွဲသစ် အကြောင်း
လှုံ့ဆော်ပွဲအတွက် ဆက်သွယ်ဖို့
အချက်အလက် မပါပဲနဲ့ဗျာ။
ဒီအာဘော်က စာဖတ်သူတွေဟာ များသောအားဖြင့်
စားချင်သူ၊ စာအုပ်ဖတ်ချင်သူ
ရုပ်ရှင်ကြည့်ချင်သူ ဖြစ်နိုင်ပေမဲ့
သူတို့အသိုက်အဝန်းမှာတော့
မပတ်ချင်ကြဘူးလို့ ဆိုလိုပုံရတယ်။
ဒါဟာ ပါမွှားကိစ္စလေးလို့
ခင်ဗျားထင်မိလိမ့်မယ်
ဒါပေမဲ့ ဒါအရေးကြီးတယ်လို့
ထင်ရတာက နိုင်ငံရေးဆိုတာ
လူကြိုက်များတဲ့ အားကစားတစ်ခုဆိုတဲ့
ကြောက်စရာကောင်းတဲ့
သဘောထားမျိုးကို ထောက်ခံနေတာကြောင့်ပါ။
ဇာတ်လိုက်ကျော်များ။ ခေါင်းဆောင်မှုဆိုတာ
ဘယ်လိုရှုမြင်မလဲ။
ဒီရုပ်ရှင် ၁၀ ကားကိုကြည့်ကြည့်ပါ။
တူတဲ့အချက်က ဘာလဲ။
တစ်ယောက်မှ မရှိဘူးလား။
အားလုံးမှာ ရွေးချယ်ထားတဲ့
ဇာတ်လိုက်တွေပါတယ်။
တစ်ယောက်က သူတို့ဆီလာပြီး ပြောလိုက်တာက
"ခင်ဗျားဟာ အရွေးချယ်ခံရသူပါ
ခင်ဗျားက ကမ္ဘာကြီးကိုကယ်တင်မယ့်
ဟောကိန်းရှိတယ်။"
ဒီနောက် တစ်ယောက်ဟာ သူ့ကို ပြောလိုက်သလိုပဲ
ကမ္ဘာကြီးကို ကယ်တယ်ပေါ့၊
နောက်လိုက် နောက်ပါအနည်း အကျဉ်းပါတာပေါ့။
ဒါက ကျွန်တော့ကို နားလည်စေတာက
ဘာဖြစ်လို့ အတော်များများဟာ သူတို့ကိုယ်ကို
ခေါင်းဆောင်တွေ အဖြစ်မြင်ဖို့ ခဲယဉ်းနေတာလဲ
ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး
သတင်းမှားတွေကြောင့်ပဲပေါ့။
သူရဲကောင်း လုပ်ရပ်ဟာ
စုပေါင်းအားထုတ်မှုပါ၊
ဒါကနံပါတ်၁။
နံပါတ်၂က အဲဒါဟာ မပြည့်စုံသေးဘူး။
သိပ်ပြီး မက်လောက်စရာ မဟုတ်ဘူး၊
ချက်ချင်းစပြီး
ချက်ချင်းဆုံးတာလည်း မဟုတ်ဘူး။
ဒါကတစ်ဘဝလုံး ဆက်ဖြစ်နေတဲ့ဟာပါ။
ဒါပေမဲ့ အရေးကြီးဆုံးက
မိမိဆန္ဒအလျောက် ဖြစ်တာပါ။
မိမိဆန္ဒအရ လုပ်ရတာပါ။
ကလေးတွေကို သတ္တိဆိုတာ တစ်ယောက်ရဲ့
နဖူးပေါ်မှာရေးမှတ်လိုက်လို့
ဒါမှမဟုတ် ဟောကိန်းက ဆိုထားတာမို့လို့
ဆိုပြီး ကလေးတွေကို ရှင်းပြနေသရွေ့၊
ခေါင်းဆောင်မှု ဆိုတာရဲ့ အရေးကြီးဆုံး
ပင်ကိုယ်လက္ခဏာကို လွဲချော်နေဦးမှာပါ၊
အဲဒါဟာ သူတို့ရဲ့ အတွင်းပိုင်းထဲမှ လာရမှာပါ။
ဒါဟာ ကိုယ့်အိပ်မက်တွေ နောက်ကို လိုက်နေတာပါ
အပိုတွေ၊ အပိုတွေပါ
ပြီးတော့ ဒီအိပ်မက်တွေ တကယ်ဖြစ်လာဖို့
သူများတွေနဲ့ ပေါင်းလုပ်နေတာပါ။
နိုင်ငံရေးပါတီတွေ။ အလိုလေး
နိုင်ငံရေးပါတီတွေဟာ လူတွေနို်ငငံရေးမှာ
ပါဝင်ပတ်သက်လာဖို့
အခြေခံဝင်ရောက်ရာ
နေရာတစ်ခု ဖြစ်သင့်တာပါ။
ဝမ်းနည်းစရာကတော့ ဒီအစား သူတို့တွေဟာ
အကြံတုံး၊ ဉာဏ်တုံး အဖွဲအစည်းတွေဖြစ်လာပြီး
စျေးကွက် သုသေသနတွေနဲ့
ထင်မြင်ချက်ပေးတဲ့ အုပ်စုတွေ
အပေါ်မှာ အရမ်းကြီးကို မှီခိုလွန်းတော့
ဒါကိုပဲပြောနေတာနဲ့ အဆုံးသတ်သွားကြတယ်။
သတ္တိရှိပြီး၊ ဆန်းသစ်တဲ့
အတွေးအခေါ်တွေတင်ပြရင်း
ကျွန်တော်တို့ကို ပြန်အံထုတ်ပေးတာက
ကျွန်တော်တို့ ကြားချင်နေတာတွေပါ
ပြီးတော့ လူတွေကဒါကိုအနံ့ခံနိုင်တော့
အဆိုးမြင်ဝါဒ ဖြစ်နေတာကိုး။
(လက်ခုပ်သံများ)
ကုသိုလ်ဖြစ်လုပ်ငန်း သတ်မှတ်မှု၊
ကနေဒါက ကုသိုလ်ဖြစ်လုပ်ငန်းလို့
သတ်မှတ်ခံရသူတို့ဟာ
အကျိုးဆောင်ပေးလို့ အရပါဘူး။
ဒါဟာကြီးမားတဲ့ပြဿနာတစ်ခု၊
ပြောင်းလဲဖို့ အတားအဆီးကြီးပါ
အကြောင်းကတော့ ထက်သန်ပြီး အသိအမြင်များတဲ့
အသံတချို့ဟာ အထူးသဖြင့်
ရွေးကောက်ပွဲကာလမှာ၊ နှုတ်ပိတ်ခံနေရတာပါ။
ဒါဟာ ကျွန်တော်တို့ကို နောက်ဆုံးအဆင့်ဆီကို
ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲဆီကို
ခေါ်ဆောင်သွားပါတယ်။
ခင်ဗျားတို့သိကြသလို ကနေဒါရွေးကောက်ပွဲတွေဟာ
ပြက်လုံးသက်သက်ပါ။
မျှတမှုမရှိပဲ၊ ကျပန်းရလဒ်တွေ ထုတ်ပေးတဲ့
ခေတ်ကုန်နေတဲ့ စနစ်တွေကိုသုံးတယ်။
ကနေဒါကို လောလောဆယ်မှာ ကနေဒါလူမျိုးတွေက
တကယ်ကိုမှအလိုမရှိတဲ့
ပါတီတစ်ခုက ဦးဆောင်နေတာပါ။
မဲတွေ အရေးပါမှုမရှိရင်
ပိုပြီးမဲပေးအောင် ဘယ်လိုလုပ်ပြီး
ရိုးသားမှန်ကန်စွာ
ဘယ်လို တိုက်တွန်းနိုင်မှာလဲဗျာ။
ဒါတွေကို စုပေါင်းလိုက်တော့ လူတွေဟာတကယ်ကို
စိတ်မပါကြဘူးဆိုတဲ့ အဖြေကိုရတယ်။
အုတ်နံရံကိုဝင်ဆောင့်ဖို့
ကြိုးစားနေသလိုကြီးဗျာ။
ဒီအတားအဆီးတွေကို ထုတ်ပြောပြီး
လမ်းကြောင်းပေါ် ရှိတာတွေကို ရှင်းပြနေတာ
အပျက်သဘောမျိုးနဲ့ မဟုတ်ပါဘူး။
လုံးဝ ပြောင်းပြန်ပါ၊ လူတွေဟာ
အံ့ဩစရာကောင်းပြီး ထက်မြက်တယ်၊
ဂရုတစိုက်ရှိတယ်လို့ တကယ့်ကို ယုံကြည်ပါတယ်။
ဒါပေမဲ့ ပြောခဲ့သလိုပဲ
ကျွန်တော်တို့နေထိုင်နေတာက
အတားအဆီးတွေကို လမ်းကြောင်းထဲမှာ
ပစ်ထည့်ပေးနေတဲ့ ပတ်ဝန်းကျင်ပါ။
လူတွေ၊ ကျွန်တော်တို့ အိမ်နီးနားချင်းတွေကို
တစ်ကိုယ်ကောင်းဆန်တယ်၊ တုံးတယ်
ဒါမှမဟုတ် ပျင်းတယ်လို့ ယုံကြည်နေသရွေ့တော့
မျှော်လင့်ချက်မရှိနိုင်ပါဘူး။
ဒါပေမဲ့ အဲဒါတွေ အားလုံးကိုတော့
ပြောင်းလဲနိုင်ပါတယ်။
မြို့တော်ခန်းမကိုဖွင်နိုင်ပါတယ်။
ရွေးကောက်ပွဲစနစ်တွေကို
ပြောင်းလဲနိုင်ပါတယ်။
အများပြည်သူ သုံးတဲ့နေရာတွေကို
ဒီမိုကရေစီ ကျင့်သုံးနိုင်ပါတယ်
ကျွန်တော်အဓိကပြောချင်တာက
စိတ်မပါခြင်းကို ပြန်အဓိပ္ပါယ်ဖွင့်ဆိုနိုင်ရင်
စိတ်ထဲမှာမြုံထားတဲ့ ရောဂါစုအနေနဲ့မဟုတ်ပဲ၊
ဓမ္မဒိဌာန်ကျမှုကို ထောက်ခံတဲ့ယဉ်ကျေးမှု
အတားအဆီး ကွန်ယက်အစုအဝေး တစ်ခုအဖြစ်နဲ့ပေါ့။
နောက်ပြီး အဲဒီအတားအဆီးတွေကို
ရှင်းရှင်းလေး အနက်ဖွင့်ပြီး
ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်ရင်၊
နောက်ပြီး ဒီအတားအဆီးတွေကို
ဖြိုဖျက်ဖို့ စုစုစည်းစည်း
လုပ်ဆောင်နိုင်ရင်တော့
ဘာမဆိုဖြစ်နိုင်တာပေါ့ဗျာ။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)