ကမ္ဘာကြီးကိုပြောင်းလဲရေးကို စိတ်ကူးတစ်ခုကနေ စတင်ပါတယ်။ TEDx ဆိုတာ ကြီးမြတ်တဲ့စိတ်ကူးတွေကို ဖြန့်ဝေဖို့အတွက် လူတွေကို စုဝေးလိုက်ခြင်းပါ။ ခင်ဗျားဟာ ဒီနေ့ ဟောပြောချက် တစ်ခုခုကို အားကျမိတယ်ဆိုရင် အဲဒီစိတ်ကူးတွေကို ဖြန့်ဝေပေးရေးဟာ ရိုးရိုးရှင်းရှင်းလေးပါ။း။ ပြောစကားတွေကို အက္ခရာများဖြင့် ချရေးလိုက်ပါ။ ဟောပြောချက်တစ်ခုရဲ့ ရေးသားချက်မှတ်တမ်းကို ထုတ်လုပ်ခြင်းနဲ့ ဒါကို အမျိုးမျိုးသော ဘာသာစကားသို့ ဘာသာပြန်ဆိုဖို့ ဖြစ်သွားစေတယ်လေ။ ဒါကိုအွန်လိုင်းပေါ်မှာ အလွယ်တကူနဲ့ ဆွဲယူလို့ရစေတယ်လေ။ ပြီးတော့ နားမကြားသူ၊ နားထိုင်းသူတွေ အတွက်လည်း အသုံးဝင်သွားစေတယ်လေ။ ဒါက အဲဒီလိုကိုလွယ်တာပါ။ အခြားဘာသာ စကားတစ်ခုကို ခင်ဗျားပြောဖို့မလိုပါဘူး၊ ခင်ဗျားရှိနေတဲ့ ဘယ်နေရာမှမဆို လုပ်လို့ရပါတယ်။ စိတ်ကူးတစ်ခုကို သဘောကျနေလားဗျာ၊။ စကားလုံးတွေကို အက္ခရာဖလှယ်သူတွေ၊ ဘာသာပြန်သူတွေရဲ့ တစ်ကမ္ဘာလုံးက အသိုင်းအဝိုင်းနဲ့ ဆက်သွယ်လိုက်ပြီး ဒါကို ကမ္ဘာကြီးနဲ့မျှဝေလိုက်ပေါ့ဗျာ။ ပိုပြီးလေ့လာချင်ရင်တော့ www.TED.com/transcribe ကို သွားကြည့်လိုက်ပေတော့ဗျာ။