ငါတို့ဟာကမ္ဘာဦးအစကိုရောက်နေတယ်လို့စိတ်ကူးကြည့်လိုက်ပါ အခု အောက်ပါ အချက်တွေကို စဉ်းစားကြည့်ရအောင် နာရီမပါဘဲနဲ့ အချိန်တွေကို ဘယ်လို မှတ်သားခဲ့ကြသလဲ နာရီတွေအားလုံးဟာ အချို့သော ထပ်တလဲလဲဖြစ်စဉ်တွေကို အခြေခံပါတယ် အဲဒီဖြစ်စဉ်တွေဟာ အချိန်စီးဆင်းမှုတွေကို တူညီတဲ့ အပိုင်းအခြားတွေအဖြစ် စိတ်ဖြာစေပါတယ် အဲဒီ ထပ်တလဲလဲဖြစ်စဉ်တွေကို ရှာဖွေဖို့အတွက် ကာင်းကင်ဘုံနဲ့ ရင်ဆိုင်ရပါမယ် နေဟာ တစ်နေ့တစ်ခါ ထွက်ပြီး ပြန်ဝင်တယ် ဆိုတဲ့အဖြစ်ဟာ ထင်ရှားပါတယ် (ဖြစ်စဉ်) ဒါပေမယ့် ရှည်ကြာတဲ့ အချိန်တွေကို စောင့်ကြည့်သိရှိဖို့ဟာ ငါတို့ဟာ ပိုရှည်တဲ့ ပုံမှန်ဖြစ်ပျက်မှု အစီအစဉ်တွေကို ကြည့်ရပါတယ် အဲဒီအတွက် ငါတို့ လ ကို ကြည့်ခဲ့ကြတယ် လဟာ တဖြည်းဖြည်းကြီးလာတယ်လို့ ထင်ရတယ် ပြီးတော့ ရက်တွေကြာလာတာနဲ့ အမျှ ပြန်သေးသွားတယ်လို့ထင်ရတယ် လပြည့်နေ့ တစ်ခုနဲ့ တစ်ခုကြားက ရက်တွေကို ရေတွက်ကြည့်လိုက်တဲ့အခါ နံပါတ် ၂၉ ကို ရောက်တာပေါ့ အဲဒါဟာ လတစ်လရဲ့ မူလအစပဲ ဒါပေမယ့် ၂၉ကို တူညီတဲ့ အပိုင်း၂ ပိုင်းခွဲဖို့ ကြိုးစားမယ်ဆိုရင် ဒုက္ခများသွားမှာပေါ့။ အဲဒါ မဖြစ်နိုင်ပါဘူး။ ၂၉ ကို တူညီတဲ့ အပိုင်း ၂ပိုင်းခွဲဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ သူ့ကို ၂၉ ခုဖြစ်အောင် ခွဲလိုက်ဖို့ပဲ ၂၉ ဟာ သုဒ္ဓကိန်းဖြစ်တယ် သူ့ကို ခွဲလို့ မရဘူးလို့ စဉ်းစားလိုက်ပါ တကယ်လို့ နံပါတ်တစ်ခုကို ၁ ထက်ကြီးတဲ့ တူညီတဲ့ အပိုင်းလေးတွေ အဖြစ် ခွဲလို့ရမယ်ဆိုရင် အဲဒါကို composite number လို့ခေါ်တယ်