အားလုံး မင်္ဂလာပါ။ ဒီတော့ ဒီမှာ ကျွန်တော်တို့ ၂ ဦးက ဖန်တီးခြင်းရဲ့ ဥပမာတစ်ခုကို ပေးဖို့ပါ။ ကျွန်တော်က Robert Lang ရဲ့ ပုံစံငယ် ၁ ခုကို ခေါက်ပြတော့မှာပါ။ ဒါက လုပ်ပြမယ့် စာရွက်ပိုင်းတစ်ခုဖြစ်ပြီး ဒါလုပ်ဖို့လိုအပ်တဲ့ ခေါက်ရာအားလုံးကို ခင်ဗျားတို့ တွေနိုင်ပါတယ်။ ပြီးတော့ Rufus ကနေပြီး သူရဲ့ တီးနေကျ ၅ကြိုးတပ် လျှပ်စစ်တယောကနေ လက်တန်း တီးပြနေမှာဖြစ်ပြီး သူ့ကိုနားဆင်ရတာ အရမ်းစိတ် လှုပ်ရှားစရာ ကောင်းပါတယ်။ အဆင်သင့် ဖြစ်ကြပြီလားဗျာ၊ ကောင်းပြီ။ နည်းနည်းလေးပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းဖို့ပေါ့ဗျာ။ ကောင်းပြီ၊ ဒါဆို စကြမယ် Rufus ရေ။ (ဂီတသံ) ကောင်းပြီ၊ ရပြီနော်။ (ရယ်သံများ) (လက်ခုပ်သံများ)