၁၉၇၆ နွေရာသီမှာ၊
အာဖရိက အလယ်ပိုင်းက မြို့နှစ်မြို့မှာ နားလည်မရတဲ့
ကပ်ရောဂါ ရုတ်တရက် ကျလာခဲ့တယ်၊
ဓားစာခံ အများစု သေခဲ့ကြရပါတယ်။
ကျန်းမာရေး သုတေသီတို့က
ကြောက်မက်စရာ Marburg ဗိုင်းရပ်ရဲ့
လက်ချက်ပဲလို့ ထင်မှတ်ခဲ့ကြပါတယ်။
ဒါပေမဲ့ မိုက်ခရိုစကုပ်ထဲမှာ မြင်လိုက်ရတာက
လုံးဝကို မတူတဲ့ ရောဂါပိုး ဖြစ်နေခဲ့ပါတယ်၊
နောက်ပိုင်းမှာ ၎င်းကို အနီးရှိ
အီဘိုလာမြစ်ရဲ့ အမည်ကို ပေးခဲ့ကြပါတယ်။
ငန်းဝါ အဖျားရောဂါ
သို့မဟုတ် သွေးလွန်တုတ်ကွေးလိုပဲ
အီဘိုလာ ဗိုင်းရပ် ရောဂါဟာလည်း
သွေးလွန်စေတဲ့ ပြင်းထန်တဲ့ အဖျားရောဂါပ။
၎င်းဟာ ကိုယ်ခံ စနစ်ရဲ့ ဆဲလ်တွေကို
တိုက်ခိုက်မှုဖြင့် စတင်ကာ
၎င်းတို့ရဲ့ တုံ့ပြန်နိုင်စွမ်းကို
ချေဖျက်ပစ်ခြင်းဖြင့်၊
ဗိုင်းရပ်စ်တွေ တိုးပွားလာစေပါတယ်။
အဲဒီလို တိုက်ခိုက်ခံရမှုရဲ့ နောက်ပိုင်း
နှစ်ရက်မှ ရက်နှစ်ဆယ် ကာလမှာ စတင်ကာ
မြင့်မားတဲ့ အဖျား၊ ကိုက်ခဲမှု နှင့်
လည်ချောင်း နာကျင်မှုတို့လို
ကနဦး ရောဂါလက္ခဏာတွေ ပေါ်လာကြလို့
ပုံမှန် တုတ်ကွေးလားလို့ ထင်ရပေမဲ့၊
လျင်မြန်စွာပဲ အော့အန်ခြင်း၊
အဖုအပိမ့်များ ထလာခြင်း၊၊
နှင့် ဝမ်းသွားခြင်းတို့ ဖြစ်လာပါတယ်။
ဗိုင်းရပ်ပိုးတွေ ပျံ့နှံ့လာတာနဲ့
သွေးဖြူအဆစ်များ နှင့် အရေးကြီးတဲ့
ခန္ဓာကိုယ် အပိုင်းများကို ထိပါးလာပါတယ်၊
ကျောက်ကပ် နှင့် အသည်းများရဲ့
လုပ်ကိုင်နိုင်စွမ်းကို ချေဖျက်ပစ်လာပါတယ်။
အီဘိုလာ ကြောင့် သေဆုံးရသူတွေကို
ဗိုင်းရပ်ပိုးက သတ်ပစ်တာ မဟုတ်ပါ။
အဲဒီလို မဟုတ်ဘဲ၊ သေကြေကြတဲ့ ဆဲလ်တွေ
တိုးပွားလာခြင်းက ကိုယ်ခံစနစ်ကို ဖိစီးတယ်၊၊
အဲဒါကို cytokine မုန်းတိုင်လို့ ခေါ်ပါတယ်၊
ကိုယ်ခံ တုံ့ပြန်မှုတွေ ပေါက်ထွက်လာကာ
သွေးဆဲလ်တွေကို ထိခိုက်စေပါတယ်၊
အတွင်းမှာရော အပြင်မှာပါ သွေးထွက်မှုကို
ဖြစ်စေပါတယ်။
အဲဒီလို အလွန်အကျွံ အရည်တွေဆုံးရှုံးမှုနှင့်
ဖြစ်ပေါ်လာကြတဲ့ ပြဿနာများကြောင့်
ပထမဦးဆုံး လက္ခဏာတွေ ပေါ်လာတဲ့ နောက်ပိုင်း
(၆ရက်မှ (၁၆)ရက် အတွင်း သေနိုင်ပါတယ်၊
သို့သော် စနစ်တကျ စောင့်ရှောက်ပြီး
အရည်ဖြည့်ကုစားပေးမယ်ဆိုရင်
လူနာတွေအကြား သေပျောက်မှု
နှုန်းထားကို သိသိသာသာ ကျဆင်းလာစေနိုင်ပါတယ်။
ကံကောင်းချင်တော့၊
အီဘိုလာဟာ သိပ်ကို ပြင်းထန်လှပေမဲ့၊
၎င်းရဲ့ ကူးစက်တတ်မှုကို ဟန့်တားကြတဲ့
အချက်တွေ အများကြီးရှိပါတယ်။
သေးနုပ်လှတဲ့ လေမှုန်များဖြင့်
တိုးပွားတတ်တဲ့ ဗိုင်းရပ်တွေနဲ့ မတူဘဲ၊
အီဘိုလာဟာ ခန္ဓာကိုယ်ထဲက အရည်များထဲမှာသာ
တံထွေး၊ သွေး၊
ချွဲသလိပ်၊
အန်ဖတ်၊
မစင်တို့ထဲမှာသာ
ရှင်သန်နိုင်ပါတယ်။
ပျံ့နှံ့လာနိုင်ဖို့ အတွက်ငှာ
၎င်းတို့ကို ကူးစက်ထားသူ တစ်ဦးထံမှ
နောက် တစ်ဦးရဲ့ ခန္ဓာကိုယ်ထံသို့
မျက်စိ၊ ပါးစပ် သို့မဟုတ် နှာခေါင်းလို ဝင်ပေါက်များမှ
တစ်ဆင့် ပို့ဆောင်ပေးရန် လိုပါတယ်။
အဲဒီရောဂါရဲ့ ပြင်းထန်မှုဟာ
ဗိုင်းရပ်တွေ ဖိစီးလာမှုနှင့်
တိုက်ရိုက် ဆက်စပ်နေတာမို့လို့၊
ရောဂါကူးစက်ထားသူ တစ်ဦးဆီမှာ
ရောဂါလက္ခဏာတွေ စပေါ်မလာမီအထိ
သူဟာ ရောဂါကို ကူးစက်မပေးနိုင်ပါ။
အီဘိုလာဟာ မျက်နှာပြင်တွေပေါ်မှာ
နာရီများစွာ ကြာအောင် အသက်ရှင်နိုင်တယ်ဆိုတော့၊
နှာချေမှု သို့မဟုတ် ချောင်းဆိုးမှုတို့ကြောင့်
ရောဂါ ကူးစက်နိုင်တယ်လို့ ယူဆရပေမဲ့၊
သိထားရတဲ့ ဖြစ်ရပ်တွေအရ
ကူးစက်မှုအားလုံးလိုလိုဟာ
အသည်းအသန် ရောဂါဖြစ်နေသူနှင့်
တိုက်ရိုက် ထိတွေ့မှတစ်ဆင့်သာ ဖြစ်ခဲ့လို့
ကျန်းမာရေး ဝန်ထမ်းများ နှင့် လူနာရဲ့
မိတ်ဆွေများ သို့မဟုတ် ဆွေမျိုးတို့အတွက်
အန္တရာယ် သိပ်ကို ကြီးမားလှပါတယ်။
အဲဒါကြောင့်မို့လို့၊ အဲဒီရောဂါရဲ့
ကြောက်မက်ဖွယ်ရာ အကျိုးဆက်များရှိနေပေမဲ့၊
အီဘိုလာဟာ ဝက်သက်၊ ငှက်ဖျား
ဒါမှမဟုတ် တုတ်ကွေးတို့လို၊
သာမန် ကူးစက်ရောဂါတွေနဲ့စာရင်
သေကြေလွင့်ပျောက်မှုတွေ
မများလှပါဘူး။
ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်လိုက်နိုင်ပြီဆိုရင်
ဗိုင်းရပ်တွေဟာ နောက်တစ်ခါ
ထပ်ဖြစ်လာမယ့် ကာလအထိမှာ
လူတွေအကြားမှာ မရှိတော့ပါဘူး၊
အဲဒီအချက်က ကောင်းမှန်း သေချာပေမဲ့၊
အဲဒီအချက်ကပဲ အီဘိုလာအား လေ့လာမှုကို
ခဲယဉ်းလာစေပါတယ်။
လင်းနို့တွေဟာ အဲဒီရောဂါကို သဘာဝအလျောက်
သယ်ပို့ပေးတယ်လို့ ပညာရှင်တွေ ယုံကြည်ပေမဲ့၊
လူသား အကြွင်းအကျန်ထဲကို အဲဒါကို
ဘယ်လို ကူးပြောင်းပေးကြောင်း မသိရသေးပါ။
ဒီထက်ပိုပြီး၊ အီဗိုလာရောဂါ ပြန့်ပွားခဲ့တဲ့
နိုင်ငံ တော်တော်များများမှာ
ပံ့ပိုးမှုအဆောက်အအုံများ နှင့် ရေဆိုးနှုတ်စနစ်များ
အားနည်းတာကို မြင်နိုင်ပါတယ်၊
အဲဒါကြောင့် ရောဂါဟာ ပြန့်ပွားလွယ်ပါတယ်။
အဲဒီလို ဒေသများ ဆင်းရဲလှကြကာ
သေကြေမှုတွေ အားလုံးဟာ သိပ်ပြီး
မများလှတာကို ထည့်တွက်လိုက်ရင်
ဆေးကုမ္ပဏီတွေဟာ အဲဒီရောဂါအား သုတေသနထဲကို
ငွေရင်းနှီးစရာ အကြောင်းတွေ သိပ်မရှိပါဘူး။
အချို့သော ကျန်းမာရေး စမ်းသပ်မှုတွေ
အားရစရာ ကောင်းခဲ့ကြကာ၊
အစိုးရတွေက ကာကွယ်ဆေး ထုတ်လုပ်ဖို့ကို
ငွေကြေးထောက်ပံ့နေကြပေမဲ့၊
၂၀၁၄ နှစ် အခြေအနေအရ၊
အီဘိုလာ ရောဂါ ပြန့်ပွားမှုအတွက်
အားလုံးသုံးနိုင်တဲ့ ထိရောက်တဲ့ အဖြေမှာ
ခွဲခြားထားရှိမှု၊
ရေဆိုးနှုတ်စနစ် ကျင့်သုံးမှု၊
နှင့် အချက်အလက်များ ဖြန့်ဝေပေးရန်ပါပဲ။