1 00:00:02,000 --> 00:00:04,000 ဒီအပေါ်မှာ ဒီစာကြောင်းလေးဟာ ထင်ရှားတဲ့ ဖော်ပြချက် တစ်ခုပါပဲ 2 00:00:04,000 --> 00:00:07,000 ကျွန်တော် လွန်ခဲ့တဲ့ ၁၂-နှစ်လောက်က ဒီ စာကြောင်းလေးနဲ့ စတင်ခဲ့ပါတယ် 3 00:00:07,000 --> 00:00:10,000 စတင်ခဲ့တဲ့ ၀န်းကျင် အခြေအနေတွေကတော့ 4 00:00:10,000 --> 00:00:12,000 ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ 5 00:00:12,000 --> 00:00:15,000 ဒါပေမယ့် ခင်ဗျားတို့ကတော့ ကမ္ဘာ့အနှံ့အပြားကနေ ဒီမှာလာပြီး ထိုင်နေကြတာ 6 00:00:15,000 --> 00:00:18,000 အဲဒီတော့ ကိုယ့်နိုင်ငံရဲ့ မြေပုံလေးကို မြင်ယောင်ကြည့်ရင် 7 00:00:18,000 --> 00:00:20,000 ခင်ဗျားတို့ နားလည်လာလိမ့်မယ်လို့ ကျွန်တော်ထင်တယ် 8 00:00:20,000 --> 00:00:22,000 ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းအတွက် 9 00:00:22,000 --> 00:00:24,000 စက်ဝိုင်းလေးတွေဆွဲကြည့်ပြီး ပြောနိုင်တယ် 10 00:00:24,000 --> 00:00:27,000 "ဒီနေရာတွေကတော့ ဆရာကောင်းတွေ သွားမယ့်နေရာ မဟုတ်ဘူး" ပေါ့ 11 00:00:28,000 --> 00:00:30,000 ဒါ့အပြင် 12 00:00:30,000 --> 00:00:33,000 အဲဒီနေရာတွေဟာ ပြဿနာတွေ လာတဲ့ နေရာတွေ ဖြစ်နေပြန်တယ် 13 00:00:33,000 --> 00:00:35,000 ဒီတော့ ကျွန်တော်တို့မှာ အထင်နဲ့အမြင် တခြားစီဖြစ်နေတဲ့ ပြဿနာ တစ်ခု ရှိလာတယ် 14 00:00:35,000 --> 00:00:37,000 ဆရာကောင်းတွေက 15 00:00:37,000 --> 00:00:40,000 သူတို့ကို အလိုအပ်ဆုံးဆိုတဲ့ နေရာတွေကို မသွားချင်ကြဘူးတဲ့ဗျာ 16 00:00:40,000 --> 00:00:43,000 ကျွန်တော် ၁၉၉၉-ခုနှစ် မှာ 17 00:00:43,000 --> 00:00:46,000 လက်တွေ့စမ်းသပ်ချက်တစ်ခုနဲ့ ဒီပြဿနာကို အာရုံစိုက်ဖို့ စတင်ခဲ့တယ် 18 00:00:46,000 --> 00:00:49,000 အဲဒါက နယူးဒေလီမှာ လုပ်တဲ့ အရမ်းကို ရိုးရှင်းတဲ့ စမ်းသပ်မှုလေးတစ်ခုပါ 19 00:00:51,000 --> 00:00:54,000 ကျွန်တော် အခြေခံအကျဆုံးအနေနဲ့ ကျွန်ပျူတာ တစ်လုံးကို 20 00:00:54,000 --> 00:00:57,000 နယူးဒေလီ က ဆင်းရဲသားရပ်ကွက် ရဲ့ နံရံတစ်ခုမှာ မြှုပ်ပြီးတပ်ထားပေးလိုက်တယ် 21 00:00:58,000 --> 00:01:01,000 ကလေးတွေက ကျောင်းမသွားကြသလောက်ပါပဲ၊ သူတို့ အင်္ဂလိပ်စာ တစ်လုံးမှ မတတ်ပါဘူး 22 00:01:01,000 --> 00:01:03,000 သူတို့ အရင်ကလည်း ကွန်ပျူတာကို လုံးဝ မမြင်ဖူးဘူး 23 00:01:03,000 --> 00:01:06,000 သူတို့ အင်တာနက်ဟာ ဘာဆိုတာလည်း မသိကြဘူး 24 00:01:06,000 --> 00:01:09,000 ကျွန်တော်က ကျွန်ပျူတာကို မြန်နှုန်းမြင့် အင်တာနက် ချိတ်ပေးထားတယ်၊ ကွန်ပျူတာက မြေကြီးကနေ ၃-ပေလောက်မြင့်တယ် 25 00:01:09,000 --> 00:01:11,000 အဲဒါကို ဖွင့်ပေးထားပြီး အဲဒီမှာ ထားခဲ့တယ် 26 00:01:11,000 --> 00:01:13,000 အဲဒီနောက်မှာ 27 00:01:13,000 --> 00:01:16,000 ကျွန်တော်တို့ စိတ်ဝင်စားစရာ ကိစ္စနှစ်ခု သတိထားမိလာတယ်၊ အဲဒါကို ခင်ဗျားတို့ တွေ့ပါလိမ့်မယ် 28 00:01:16,000 --> 00:01:19,000 ဒါပေမယ့် ဒီစမ်းသပ်မှုကို ကျွန်တော် အိန္ဒိယ တစ်ခွင်လုံးမှာ အကြိမ်ကြိမ် ထပ်လုပ်တယ် 29 00:01:19,000 --> 00:01:21,000 နောက်တော့ 30 00:01:21,000 --> 00:01:23,000 ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းအတော်များများမှာ ထပ်လုပ်ကြည့်ရင်းကနေ 31 00:01:23,000 --> 00:01:25,000 သတိထားမိလာတယ် 32 00:01:25,000 --> 00:01:27,000 ကလေးတွေဟာ 33 00:01:27,000 --> 00:01:30,000 သူတို့ သင်ယူချင်တာကို သင်ယူကြလိမ့်မယ် ဆိုတာပါပဲ 34 00:01:30,000 --> 00:01:32,000 ဒါကတော့ ကျွန်တော်တို့ လုပ်ခဲ့တဲ့ ပထမဆုံး စမ်းသပ်မှုပါ 35 00:01:32,000 --> 00:01:34,000 ညာဘက်က ၈-နှစ်သား ကောင်လေးက 36 00:01:34,000 --> 00:01:37,000 သူ့တပည့်ဖြစ်တဲ့ ၆-နှစ်သား ကလေးမလေးကို သင်ပေးနေတာ 37 00:01:37,000 --> 00:01:40,000 သူက ကလေးမလေးကို ဘယ်လို လျှောက်ကြည့်ရတယ်ဆိုတာ သင်ပေးနေတာ 38 00:01:41,000 --> 00:01:44,000 ဒီကောင်လေးက အိန္ဒိယအလယ်ပိုင်းက 39 00:01:45,000 --> 00:01:47,000 ဒါက ရာဂျက်စ်သန် ပြည်နယ်က ရွာကလေး တစ်ရွာမှာ 40 00:01:47,000 --> 00:01:50,000 ကလေးတွေက သူတို့ကိုယ်တိုင်ဆိုထားတဲ့ သီချင်းကို အသံသွင်းနေတာ 41 00:01:50,000 --> 00:01:53,000 ပြီးတော့ အချင်းချင်း ပြန်ဖွင့်ပြနေတာ 42 00:01:53,000 --> 00:01:55,000 ဒီဖြစ်စဉ်မှာ 43 00:01:55,000 --> 00:01:57,000 သူတို့တွေက သူတို့ဖာသာ လုံးလုံးလျားလျား ပျော်နေကြတာ 44 00:01:57,000 --> 00:01:59,000 သူတို့က ဒီသင်ယူမှုအားလုံးကို ၄-နာရီ ထဲနဲ့ လုပ်လိုက်တာ 45 00:01:59,000 --> 00:02:02,000 ကျွန်ပျူတာကို ပထမဆုံးအကြိမ် မြင်ပြီးတဲ့နောက်မှာပေါ့ 46 00:02:02,000 --> 00:02:05,000 နောက်ထပ် အိန္ဒိယတောင်ဘက်က ရွာလေးမှာ 47 00:02:05,000 --> 00:02:07,000 ဒီကောင်လေးတွေ 48 00:02:07,000 --> 00:02:09,000 ဆော့ဖ်ဝဲထဲမှာ ဗီဒီယို ကင်မရာ တစ်လုံးကို ဆင်နေတာ 49 00:02:09,000 --> 00:02:11,000 ပြီးတော့ ပိတုန်းတစ်ကောင်ကို ဓါတ်ပုံရိုက်ဖို့ ကြိုးစားနေကြတာ 50 00:02:11,000 --> 00:02:13,000 သူတို့က အဲဒါကို ဒစ်စနေ ဒေါ့ ကွန်းမ် ၀က်ဘ်ဆိုက်ဒ် ကနေ 51 00:02:13,000 --> 00:02:15,000 ဒါမှမဟုတ် အဲဒီလိုမျိုး ၀က်ဘ်ဆိုက်ဒ် တစ်ခုခုကနေ ဆွဲချပြီးကူးထားတာ 52 00:02:15,000 --> 00:02:18,000 သူတို့ရွာမှာ ကွန်ပျူတာ ထားပြီးလို့ ၁၄-ရက် အကြာမှာနော် 53 00:02:21,000 --> 00:02:23,000 ဒီတော့ ဒီစမ်းသပ်မှုရဲ့ အဆုံးမှာ 54 00:02:23,000 --> 00:02:25,000 ကျွန်တော်တို့ ကောက်ချက်ချလိုက်တယ်၊ ကလေးအုပ်စုလိုက်တွေဟာ 55 00:02:25,000 --> 00:02:28,000 ကျွန်ပျူတာနဲ့ အင်တာနက်ကို သူတို့ဖာသာ သုံးတတ်အောင် သင်ယူလေ့လာနိုင်တယ် 56 00:02:28,000 --> 00:02:30,000 သူတို့ဖာသာ ဘယ်သူတွေပဲ ဖြစ်ဖြစ် 57 00:02:30,000 --> 00:02:33,000 သူတို့ဖာသာ ဘယ်နေရာမှာပဲ ရှိရှိ ပါ 58 00:02:33,000 --> 00:02:36,000 အဲဒီနေရာမှာ ကျွန်တော် နည်းနည်း ပိုပြီး ရည်ရွယ်ချက်ကြီးလာတယ် 59 00:02:36,000 --> 00:02:39,000 အဲဒီတော့ ဆုံးဖြတ်လိုက်တယ် 60 00:02:39,000 --> 00:02:42,000 ကလေးတွေ ကွန်ပျူတာသုံးပြီး ဘာတွေများ လုပ်နိုင်ကြမလဲဆိုတာ ကြည့်မယ်ပေါ့ 61 00:02:42,000 --> 00:02:45,000 ကျွန်တော်တို့ အိန္ဒိယက ဟိုက်ဒရာဘဒ်မြို့မှာ စမ်းသပ်မှုတစ်ခုနဲ့ စတယ် 62 00:02:45,000 --> 00:02:48,000 အဲဒီမှာ ကလေးတစ်အုပ်ရှိတယ် 63 00:02:48,000 --> 00:02:51,000 သူတို့က အင်္ဂလိပ်စကားကို တယ်လူဂူသံ အရမ်းဝဲဝဲနဲ့ ပြောကြတာ 64 00:02:51,000 --> 00:02:53,000 ကျွန်တော် သူတို့ကို ကျွန်ပျူတာ တစ်လုံးပေးလိုက်တယ် 65 00:02:53,000 --> 00:02:55,000 စကားပြောတာကို စာပြန်ရိုက်ပေးတဲ့ ကြားခံစနစ် တစ်ခုပါတယ် 66 00:02:55,000 --> 00:02:58,000 ခင်ဗျားတို့ အဲဒါကို အခု ၀င်းဒိုးစ်မှာ အလကားရနေပြီ 67 00:02:58,000 --> 00:03:00,000 သူတို့ကို အဲဒီစနစ်ထဲကို စကားပြောခိုင်းတယ် 68 00:03:00,000 --> 00:03:02,000 အဲဒီတော့ သူတို့ အဲဒီထဲကို စကားပြောလိုက်ရင် 69 00:03:02,000 --> 00:03:04,000 ကျွန်ပျူတာက အဓိပ္ပါယ်မရှိတာတွေ ရိုက်ထုတ်ပေးရော 70 00:03:04,000 --> 00:03:06,000 အဲဒီတော့ သူတို့ကပြောတယ် "ကျွန်ပျူတာက ကျွန်တော်တို့ ပြောနေတာ တစ်လုံးမှ နားမလည်ဘူး" တဲ့ 71 00:03:06,000 --> 00:03:08,000 ဒီတော့ ကျွန်တော်က ပြောတယ် "ဟုတ်တယ်၊ အဲဒါကို ဒီမှာ ၂-လ ထားခဲ့မယ်" 72 00:03:08,000 --> 00:03:10,000 "မင်းတို့ဖာသာ 73 00:03:10,000 --> 00:03:12,000 ကျွန်ပျူတာကို နားလည်အောင် လုပ်ကြ" လို့ 74 00:03:12,000 --> 00:03:14,000 ဒီတော့ ကလေးတွေက မေးတယ် "အဲဒါကို ကျွန်တော်တို့ ဘယ်လို လုပ်ရမလဲ" တဲ့ 75 00:03:14,000 --> 00:03:16,000 ကျွန်တော်က ပြောလိုက်တယ် 76 00:03:16,000 --> 00:03:18,000 "တကယ်တော့ ငါလည်း မသိဘူး" လို့ 77 00:03:18,000 --> 00:03:20,000 (ရယ်မောသံများ) 78 00:03:20,000 --> 00:03:22,000 ပြီးတော့ ကျွန်တော် ထွက်လာခဲ့လိုက်တယ် 79 00:03:22,000 --> 00:03:24,000 (ရယ်မောသံများ) 80 00:03:25,000 --> 00:03:27,000 နောက် ၂-လ ကြာတော့ 81 00:03:27,000 --> 00:03:29,000 အခု အဲဒီစမ်းသပ်မှုကို 82 00:03:29,000 --> 00:03:31,000 သတင်းအချက်အလက်နည်းပညာ အနေနဲ့ မှတ်တမ်းတင်လိုက်ပါပြီ 83 00:03:31,000 --> 00:03:33,000 အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဂျာနယ် အတွက်ပါ 84 00:03:33,000 --> 00:03:35,000 သူတို့ရဲ့ ဘာသာစကားလေသံက ပြောင်းသွားတယ် 85 00:03:35,000 --> 00:03:38,000 မှတ်သားလောက်အောင်ပဲ မူရင်း ဘရစ်တစ်ရှ် လေသံအတိုင်း နီးစပ်လာတယ် 86 00:03:38,000 --> 00:03:41,000 စကားပြောတာကို စာပြန်ရိုက်ပေးတဲ့ အသံစနစ် ကို ကျွန်တော်က အဲဒီ မူရင်း လေသံနဲ့ လေ့ကျင့်ပေးထားတာ 87 00:03:41,000 --> 00:03:44,000 တနည်းပြောရရင် သူတို့အားလုံးက ပညာရေး ပါရဂူ ဂျိမ်းစ် တူလီ လိုပဲ စကားပြောနေကြတာ 88 00:03:44,000 --> 00:03:46,000 (ရယ်မောသံများ) 89 00:03:46,000 --> 00:03:48,000 သူတို့ အဲဒါကို သူတို့ဖာသာ လုပ်နိုင်ကြတယ် 90 00:03:48,000 --> 00:03:50,000 အဲဒါပြီးတော့ ကျွန်တော် 91 00:03:50,000 --> 00:03:52,000 တခြားဟာတွေ အများကြီးကို စပြီး စမ်းသပ်တယ် 92 00:03:52,000 --> 00:03:54,000 သူတို့ဖာသာ တတ်အောင် သင်ယူချင် သင်ယူကြမယ့် ဟာတွေပေါ့ 93 00:03:54,000 --> 00:03:57,000 ကျွန်တော် တစ်ခါတုန်းက ကိုလံဘိုကနေ စိတ်ဝင်စားစရာ ဖုန်းခေါ်တာကို ရဖူးတယ် 94 00:03:57,000 --> 00:03:59,000 ကွယ်လွန်သွားပြီဖြစ်တဲ့ သိပ္ပံဝတ္ထုရေးဆရာ အာသာ စီ ကလာ့ခ် ဆီကနေပါ 95 00:03:59,000 --> 00:04:01,000 သူကပြောတယ် "ဘာတွေဖြစ်ကုန်လဲဆိုတာ ငါမြင်ချင်တယ်ကွာ" တဲ့ 96 00:04:01,000 --> 00:04:04,000 သူက ခရီးမသွားနိုင်ဘူး၊ အဲဒီတော့ ကျွန်တော်က သူ့ဆီ သွားလိုက်တယ် 97 00:04:04,000 --> 00:04:06,000 သူက စိတ်ဝင်စားစရာ ကိစ္စ ၂-ခု ကိုပြောပြတယ် 98 00:04:06,000 --> 00:04:11,000 "စက်ပစ္စည်းလို့ပြောရမယ့်ဟာတစ်ခုနဲ့ အစားထိုးလို့ရတဲ့ ဆရာတစ်ယောက်" အကြောင်းရယ် 99 00:04:11,000 --> 00:04:13,000 (ရယ်မောသံများ) 100 00:04:13,000 --> 00:04:15,000 သူပြောခဲဲ့တဲ့ ဒုတိယ ကိစ္စက 101 00:04:15,000 --> 00:04:17,000 "ကလေးတွေသာ စိတ်ဝင်စားမှု ရှိရင် 102 00:04:17,000 --> 00:04:20,000 ပညာရေးဆိုတာ ဖြစ်လာမယ်" တဲ့ 103 00:04:20,000 --> 00:04:22,000 ကျွန်တော်က ဒီနယ်ပယ်ထဲမှာ လုပ်နေတာဆိုတော့ 104 00:04:22,000 --> 00:04:24,000 အမြဲတမ်းပဲ ကျွန်တော် ဒါလေးကို ကြည့်ပြီး သူ့အကြောင်းစဉ်းစားတယ် 105 00:04:24,000 --> 00:04:27,000 အာသာ စီ ကလာ့ခ် း သူတို့တွေ သေချာပေါက်ပဲ 106 00:04:27,000 --> 00:04:29,000 လူတွေကို ကူညီနိုင်မှာ 107 00:04:29,000 --> 00:04:31,000 ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေက လမ်းညွှန််အတိုင်း သွားတတ်အောင် မြန်မြန်ဆန်ဆန် သင်ယူပြီး 108 00:04:31,000 --> 00:04:34,000 သူတို့ကို စိတ်ဝင်စားစေတဲ့ အရာတွေကို ၀င်ပြီးရှာကြမှာ 109 00:04:34,000 --> 00:04:37,000 စိတ်ဝင်စားမှုတွေ ရလာပြီဆိုရင် ပညာရေးဆိုတာ ရှိလာမယ် 110 00:04:37,000 --> 00:04:40,000 စူဂါးတ မစ်ထရာ း ကျွန်တော် ဒီစမ်းသပ်ချက်ကို တောင်အာဖရိက ကို ယူသွားတယ် 111 00:04:40,000 --> 00:04:42,000 ဒါက ၁၅-နှစ်သား ကောင်လေး 112 00:04:42,000 --> 00:04:45,000 ကောင်လေး း ... ပြောပြတာပါ၊ ကျွန်တော်က 113 00:04:45,000 --> 00:04:48,000 တရိစ္ဆာန်တွေ ပါတဲ့ ဂိမ်းတွေ ကစားတယ် 114 00:04:48,000 --> 00:04:51,000 ကျွန်တော် သီချင်း နားထောင်တယ် 115 00:04:51,000 --> 00:04:53,000 စူဂါးတ မစ်ထရာ း ကျွန်တော် က သူ့ကိုမေးတယ် "မင်း အီးမေးလ်တွေ ပို့သလား" ဆိုတော့ 116 00:04:53,000 --> 00:04:56,000 သူက ပြောတယ် "ပို့ပါတယ်၊ အီးမေးလ်တွေက သမုဒ္ဒရာကို ခုန်ပျံကျော်လွွှား သွားကြတယ်လေ" 117 00:04:57,000 --> 00:04:59,000 ဒါကတော့ ကမ်ဘောဒီးယား မှာ 118 00:04:59,000 --> 00:05:02,000 ကမ်ဘောဒီးယား ကျေးလက်ပိုင်း ပေါ့ 119 00:05:02,000 --> 00:05:05,000 တော်တော်လေး ကြောင်တဲ့ သချင်္ာ ကစားနည်းလေးပါ 120 00:05:05,000 --> 00:05:07,000 အဲဒါကို ဘယ်ကလေးမှ အတန်းထဲမှာ ဒါမှမဟုတ် အိမ်မှာ ကစားမှာ မဟုတ်ဘူး 121 00:05:07,000 --> 00:05:09,000 သိတယ်မှတ်လား၊ သူတို့က ခင်ဗျားကိုတောင် ပြန်ပစ်ပေါက်လိုက်ဦးမယ် 122 00:05:09,000 --> 00:05:11,000 သူတို့ကပြောတယ် "'ဒါကြီးက အရမ်းပျင်းစရာကောင်းတယ်" တဲ့ 123 00:05:11,000 --> 00:05:13,000 လူသွားလမ်းပေါ်မှာ အဲဒါကို ထားလိုက်မယ် 124 00:05:13,000 --> 00:05:15,000 ပြီးတော့ လူကြီးတွေအားလုံး မရှိကြတော့ဘူးဆိုရင် 125 00:05:15,000 --> 00:05:17,000 သူတို့တွေက အချင်းချင်း ကြွားကြပါလိမ့်မယ် 126 00:05:17,000 --> 00:05:19,000 သူတို့ ဘာလုပ်နိုုင်တယ်ပေါ့ 127 00:05:19,000 --> 00:05:21,000 ဒါက အဲဒီကလေးတွေ လုပ်နေတဲ့ဟာပါ 128 00:05:21,000 --> 00:05:24,000 သူတို့ မြှောက်ဖို့ ကြိုးစားနေတာ ထင်တယ် 129 00:05:24,000 --> 00:05:26,000 အိန္ဒိယ တစ်ခွင်လုံးမှာ 130 00:05:26,000 --> 00:05:28,000 ၂-နှစ်လောက် အကုန်မှာ 131 00:05:28,000 --> 00:05:31,000 ကလေးတွေက သူတို့ အိမ်စာတွေအတွက် ဂူဂဲလ် မှာ စပြီး ရှာကြတယ် 132 00:05:31,000 --> 00:05:33,000 ရလဒ်အနေနဲ့ကတော့၊ ဆရာတွေက အစီရင်ခံတယ် 133 00:05:33,000 --> 00:05:35,000 ကလေးတွေရဲ့ အင်္ဂလိပ်စာမှာ ဧရာမ တိုးတက်မှုတွေ ရှိလာတယ်ပေါ့ 134 00:05:35,000 --> 00:05:39,000 (ရယ်မောသံများ) 135 00:05:39,000 --> 00:05:41,000 လျင်မြန်တဲ့ တိုးတက်မှုတဲ့၊ ပြီးတော့ အကြောင်းအရာမျိုးစုံပဲတဲ့ 136 00:05:41,000 --> 00:05:44,000 ဆရာတွေကပြောတယ် " ကလေးတွေက တကယ့်ကို နက်နက်နဲနဲ စဉ်းစားတွေးခေါ်သူတွေ ဖြစ်လာကြတယ်၊ ပြီးတော့ အများကြီးပါပဲ" 137 00:05:44,000 --> 00:05:47,000 (ရယ်မောသံများ) 138 00:05:47,000 --> 00:05:49,000 တကယ်ကိုပဲ သူတို့ တိုးတက်လာကြတယ် 139 00:05:49,000 --> 00:05:51,000 ဆိုလိုတာက ဂူဂဲလ်ထဲမှာ အကြောင်းအရာစုံ ရှိနေမှတော့ 140 00:05:51,000 --> 00:05:54,000 ဘာဖြစ်လို့ အကြောင်းအရာတွေကို ခေါင်းထဲထည့်ဖို့ လိုတော့မှာလဲ 141 00:05:55,000 --> 00:05:57,000 ဒီလိုနဲ့ နောက် ၄-နှစ် အကုန်မှာ 142 00:05:57,000 --> 00:06:00,000 ကျွန်တော် ဆုံးဖြတ်ခဲ့တယ်၊ ကလေးတွေအုပ်စုလိုက်ဟာ အင်တာနက်မှာ လမ်းညွှန်အတိုင်း သွားလာတတ်တယ် 143 00:06:00,000 --> 00:06:03,000 ပညာရေး ရည်ရွယ်ချက်တွေကို သူတို့ဖာသာ အောင်အောင်မြင်မြင် ယူတတ်တယ် 144 00:06:03,000 --> 00:06:05,000 အဲဒီအချိန်မှာ ငွေ ပမာဏ အမြောက်အများ 145 00:06:05,000 --> 00:06:07,000 နယူးကက်စတယ်လ် တက္ကသိုလ်ကို ရောက်လာတယ် 146 00:06:07,000 --> 00:06:10,000 အိန္ဒိယမှာ ကျောင်းပညာ တိုးတက်ဖို့အတွက်ပါ 147 00:06:10,000 --> 00:06:13,000 အဲဒါနဲ့ နယူးကက်စ်တယ်လ် ကနေ ကျွန်တော့်ကို ဖုန်းဆက်တယ်၊ ကျွန်တော်က ပြောလိုက်တယ် "ငါ အဲဒါကို ဒေလီကနေ လုပ်မယ်" လို့ 148 00:06:13,000 --> 00:06:15,000 သူတို့ကပြောတယ် 149 00:06:15,000 --> 00:06:18,000 "တက္ကသိုလ်က ပိုက်ဆံ ပေါင် ၁-သန်းလောက်ကို 150 00:06:18,000 --> 00:06:20,000 အိန္ဒိယမှာ ထိုင်ပြီး ကိုင်တွယ်ဖို့ မဖြစ်နိုင်ဘူး"ပေါ့ 151 00:06:20,000 --> 00:06:22,000 အဲဒါနဲ့ ၂၀၀၆-ခုနှစ်မှာ 152 00:06:22,000 --> 00:06:24,000 ကျွန်တော် အပေါ်ရုံ ကုတ်အင်္ကျိအလေးကြီးဝယ်ပြီး 153 00:06:24,000 --> 00:06:26,000 နယူးကက်စ်တယ်လ် ကို ပြောင်းသွားခဲ့တယ် 154 00:06:27,000 --> 00:06:29,000 ကျွန်တော်က ဒီစနစ်ရဲ့ 155 00:06:29,000 --> 00:06:31,000 အကန့်အသတ်တွေကို စမ်းသပ်စစ်ဆေးချင်တယ် 156 00:06:31,000 --> 00:06:33,000 နယူးကက်စ်တယ်လ် မှာ ကျွန်တော်ထွင်ခဲ့တဲ့ ပထမဆုံး စမ်းသပ်မှုကို 157 00:06:33,000 --> 00:06:35,000 တကယ်တော့ အိန္ဒိယမှာ လုပ်ဖြစ်တာပါ 158 00:06:35,000 --> 00:06:38,000 ကျွန်တော့်ဖာသာ မဖြစ်နိုင်တဲ့ ရည်မှန်းချက် ချတယ် 159 00:06:38,000 --> 00:06:41,000 တမီလ် စကားပြောတဲ့ 160 00:06:41,000 --> 00:06:43,000 ၁၂-နှစ် ကလေးတွေ 161 00:06:43,000 --> 00:06:46,000 အိန္ဒိယတောင်ပိုင်း ရွာကလေးကနော် 162 00:06:46,000 --> 00:06:48,000 သူတို့ကိုယ်ကို ဇီဝနည်းပညာ ဘာသာရပ်ကို 163 00:06:48,000 --> 00:06:50,000 သူတို့ဖာသာ အင်္ဂလိပ်လို သင်နိုင်သလား ဆိုတာ 164 00:06:50,000 --> 00:06:53,000 ကျွန်တော် တွေးကြည့်တယ်၊ သူတို့ကို စာစစ်မယ်၊ သူတို့ သုည ရမယ် 165 00:06:53,000 --> 00:06:55,000 ကျွန်တော် သူတို့ကို ပစ္စည်းတွေပေးမယ်၊ ပြန်လာပြီး သူတို့ကို စာထပ်စစ်မယ် 166 00:06:55,000 --> 00:06:57,000 သူတို့ နောက် သုည ထပ်ရမယ် 167 00:06:57,000 --> 00:07:01,000 ကျွန်တော်ပြန်လာမယ်၊ ပြီးရင် ပြောမယ် "ဟုတ်ပါတယ်၊ တစ်ချို့အရာတွေအတွက်တော့ ကျွန်တော်တို့ ဆရာတွေ လိိုတယ်" ပေါ့ 168 00:07:01,000 --> 00:07:03,000 ဒီလိုနဲ့ ကလေး ၂၆-ယောက် ကိုခေါ်လိုက်တယ် 169 00:07:03,000 --> 00:07:05,000 သူတို့အားလုံး အဲဒီထဲကိုဝင်လာတော့ ကျွန်တော်သူတို့ကိုပြောတယ် 170 00:07:05,000 --> 00:07:07,000 ဒီကွန်ပျူတာမှာ တကယ့်ကို ခက်ခဲတဲ့ စာတွေရှိနေတယ် 171 00:07:07,000 --> 00:07:10,000 မင်းတို့ ဘာမှ နားမလည်ခဲ့ရင်လည်း ငါကတော့ အံ့သြမှာ မဟုတ်ပါဘူး 172 00:07:10,000 --> 00:07:13,000 အဲဒါက အားလုံး အင်္ဂလိ်ပ်လို ရေးထားတာ၊ ကဲ ငါတော့သွားပြီ လို့ 173 00:07:13,000 --> 00:07:15,000 (ရယ်မောသံများ) 174 00:07:15,000 --> 00:07:17,000 အဲဒါနဲ့ ကျွန်တော် သူတို့ကို ကျွန်ပျူတာနဲ့ ထားခဲ့တယ် 175 00:07:17,000 --> 00:07:19,000 ကျွန်တော် ၂-လ အကြာမှာ ပြန်လာတယ် 176 00:07:19,000 --> 00:07:21,000 ကလေး ၂၆-ယောက် က အရမ်းကို ငြိမ်သက်နေကြတဲ့ပုံစံတွေနဲ့ ချီတက်ဝင်လာကြတယ် 177 00:07:21,000 --> 00:07:24,000 ကျွန်တော်က ပြောတယ် "မင်းတို့တွေ အထဲကဟာတွေကို ကြည့်ဖြစ်ကြလား" ဆိုတော့ 178 00:07:24,000 --> 00:07:26,000 သူတို့က ပြောတယ် "ဟုတ်ကဲ့၊ ကျွန်တော်တို့ ကြည့်ဖြစ်ပါတယ်" တဲ့ 179 00:07:26,000 --> 00:07:29,000 "မင်းတို့ တခုခုများ နားလည်ကြသလား" ဆိုတော့ "ဟင့်အင်း၊ နားမလည်ဘူး" တဲ့ 180 00:07:29,000 --> 00:07:31,000 အဲဒါနဲ့ ကျွန်တော်က ပြောတယ် 181 00:07:31,000 --> 00:07:33,000 "ဒါဆိုရင် မင်းတို့ အဲဒါကို ဘယ်လောက်ကြာကြာ လေ့ကျင့်ကြသတုံး 182 00:07:33,000 --> 00:07:35,000 မင်းတို့ ဘာမှနားမလည်ဘူးဆိုတာကို မဆုံးဖြတ်ခင်" ပေါ့ကွာ ဆိုတော့ 183 00:07:35,000 --> 00:07:38,000 သူတို့ကပြောတယ် "ကျွန်တော်တို့ အဲဒါကို နေ့တိုင်းကြည့်တယ်" တဲ့ 184 00:07:38,000 --> 00:07:40,000 အဲဒါနဲ့ ကျွန်တော်က ပြောတယ် "၂-လ လုံးလုံး၊ မင်းတို့နားမလည်တဲ့ ဟာတွေကို ကြည့်နေကြတယ်ပေါ့" ဆိုတော့ 185 00:07:40,000 --> 00:07:42,000 အဲဒီကျမှ ၁၂-နှစ် အရွယ် မိန်းကလေးတစ်ယောက် က သူ့လက်ကို ထောင်ပြီး ပြောတယ် 186 00:07:42,000 --> 00:07:44,000 စာဆန်ဆန်နဲ့ 187 00:07:45,000 --> 00:07:48,000 "ဒီအင်န်အေ မော်လီကျူးတွေကို မမှန်မကန် ပွားယူမိရင် 188 00:07:48,000 --> 00:07:50,000 မျိုးရိုးဗီဇဆိုင်ရာ ရောဂါတွေကို ဖြစ်စေတတ်တယ် ဆိုတာကလွဲရင် 189 00:07:50,000 --> 00:07:52,000 ကျွန်မတို့ ဘာမှ နားမလည်ပါဘူး" တဲ့ 190 00:07:52,000 --> 00:07:54,000 (ရယ်မောသံများ) 191 00:07:54,000 --> 00:08:01,000 (လက်ခုပ်သံများ) 192 00:08:01,000 --> 00:08:04,000 (ရယ်မောသံများ) 193 00:08:04,000 --> 00:08:06,000 ဒီအကြောင်းကို ထုတ်ဝေဖို့ ကျွန်တော် ၃-နှစ်လောက်ကြာတယ် 194 00:08:06,000 --> 00:08:09,000 အဲဒါကို ဘရစ်တစ်ရှ် ပညာရေးနည်းပညာ ဂျာနယ်ထဲမှာလည်း မကြာခင်က ထည့်သွင်းထုတ်ဝေထားပါတယ် 195 00:08:09,000 --> 00:08:12,000 ဒီစာတမ်းကို အကဲဖြတ်ပေးတဲ့ အကဲဖြတ်တစ်ယောက်က 196 00:08:12,000 --> 00:08:15,000 "အဲဒါက အမှန်လို့ ပြောဖို့ ကောင်းလွန်းနေတယ်" တဲ့ 197 00:08:15,000 --> 00:08:17,000 ဒီလိုပြောသွားတာ တကယ်တော့ သိပ်မကောင်းပါဘူး 198 00:08:17,000 --> 00:08:19,000 မိန်းကလေးတွေထဲက တစ်ယောက်က 199 00:08:19,000 --> 00:08:21,000 ဆရာမ ဖြစ်လာအောင် သူ့ဖာသာ သင်ယူတယ် 200 00:08:21,000 --> 00:08:23,000 ဟိုနားက ဟာက သူပဲ 201 00:08:31,000 --> 00:08:33,000 သတိရနော်၊ သူတို့ အင်္ဂလိပ်စာ မတတ်ဘူး 202 00:08:46,000 --> 00:08:49,000 နောက်ဆုံးနားလေးမှာ ကျွန်တော် "နျူရွန် ဘယ်မှာလဲလို့" မေးထားတားလေးကို ဂျာနယ်ထဲမှာ တည်းဖြတ်ထည့်သွင်းထားပါတယ် 203 00:08:49,000 --> 00:08:51,000 သူက ပြောတယ် "နျူရွန်၊ နျူရွန်၊" 204 00:08:51,000 --> 00:08:54,000 သူ လျှောက်ကြည့်ပြီး ဒါမျိုး လုပ်လိုက်တယ် 205 00:08:54,000 --> 00:08:57,000 ဘယ်လိုအမူအရာပဲ ဖြစ်ဖြစ် သိပ်တော့ မကောင်းပါဘူး 206 00:08:57,000 --> 00:09:00,000 သူတို့ ရမှတ်တွေက သုည ကနေ ၃၀ ရာနှုန်း အထိ တက်သွားတယ် 207 00:09:00,000 --> 00:09:03,000 ဒါမျိုးဆိုတာ ဒီအနေအထားမှာ ပညာရေးအရ မဖြစ်နိုင်တဲ့ ကိစ္စရပ် တစ်ခုပါ 208 00:09:03,000 --> 00:09:06,000 ဒါပေမယ့် ၃၀ ရာနှုန်းဆိုတာ အောင်မှတ် မဟုတ်သေးပါဘူး 209 00:09:06,000 --> 00:09:08,000 အဲဒါနဲ့ သူတို့မှာ သူငယ်ချင်းတစ်ယောက် ကျွန်တော် တွေ့မိတယ် 210 00:09:08,000 --> 00:09:10,000 မိန်းကလေးတစ်ယောက်၊ သူက ဒေသခံ စာရင်းကိုင် 211 00:09:10,000 --> 00:09:12,000 သူတို့က ဒီမိန်းကလေးနဲ့ ဘောလုံးကန်ကြတာ 212 00:09:12,000 --> 00:09:14,000 ကျွန်တော်က အဲဒီ မိန်းကလေးကို မေးတယ် "မင်း သူတို့ကို 213 00:09:14,000 --> 00:09:16,000 ဇီဝနည်းပညာ ဘာသာရပ်ကို အောင်မှတ်ရအောင် သင်ပေးနိုင်မလား" ဆိုတော့ 214 00:09:16,000 --> 00:09:18,000 သူက ပြောတယ် "ကျွန်မ ဘယ်လို သင်မတုန်း၊ ကျွန်မမှ ဒီဘာသာရပ်ကို မသိတာ" တဲ့ 215 00:09:18,000 --> 00:09:20,000 ကျွန်တော်က ပြောတယ် "ရတယ်၊ အဖွားရဲ့နည်းလမ်း ကိုသုံးပါ" ဆိုတော့ 216 00:09:20,000 --> 00:09:22,000 သူကမေးတယ် "အဲဒါက ဘာလဲ" တဲ့ 217 00:09:22,000 --> 00:09:24,000 ကျွန်တော်က ပြောတယ် "မင်းလုပ်ရမှာကတော့ 218 00:09:24,000 --> 00:09:26,000 သူတို့ အနောက်မှာ ရပ်ပြီး 219 00:09:26,000 --> 00:09:29,000 တစ်ချိန်လုံး သူတို့ကို ယုံကြည်ကိုးစားအောင် လုပ်ဖို့ပဲ 220 00:09:29,000 --> 00:09:31,000 သူတို့ကို ဒါလေးက ကောင်းတယ်နော်၊ ဒါလေးက စိတ်ဝင်စားစရာလေး 221 00:09:31,000 --> 00:09:34,000 အဲဒါက ဘာလဲ၊ ပြန်ထပ်လုပ်ပြလို့ ရမလား၊ ငါ့ကို နည်းနည်းလောက် ထပ်လုပ်ပြ နိုင်မလား ဆိုတာလေးတွေ ပြောပေးရုံပဲ" လို့ဆိုတော့မှ 222 00:09:34,000 --> 00:09:36,000 သူက အဲဒါကို ၂ လလောက် လုပ်ပေးတယ် 223 00:09:36,000 --> 00:09:38,000 ရမှတ်တွေက ၅၀ အထိ တက်သွားတယ် 224 00:09:38,000 --> 00:09:40,000 အဲဒီရမှတ်မျိုးက နယူးဒေလီ လူကုံထံ ကျောင်းတွေမှာ 225 00:09:40,000 --> 00:09:43,000 လေ့ကျင့်ထားတဲ့ ဇီဝနည်းပညာ ဆရာတွေသင်ပေးမှ ရတဲ့အမှတ်မျိုး 226 00:09:43,000 --> 00:09:45,000 အဲဒါနဲ့ ကျွန်တော် နယူးကက်စ်တယ်လ်ကို ပြန်လာတယ် 227 00:09:45,000 --> 00:09:47,000 ဒီ ရလဒ်တွေနဲ့ အတူပေါ့ 228 00:09:47,000 --> 00:09:49,000 ပြီးတော့ ဆုံးဖြတ်ခဲ့တယ် 229 00:09:49,000 --> 00:09:51,000 ဒီနေရာမှာ တစ်ခုခုတော့ ဖြစ်နေပြီပေါ့ 230 00:09:51,000 --> 00:09:54,000 အဲဒါက သေချာပေါက်ကို ကြီးကျယ် လာနေပြီ ပေါ့ 231 00:09:55,000 --> 00:09:58,000 ဒီလိုနဲ့ ဝေးလံတဲ့ နေရာမျိုးစုံမှာ လက်တွေ့ စမ်းသပ်မှုတွေလုပ်ပြီး 232 00:09:58,000 --> 00:10:01,000 အဝေးလံဆုံးလို့ ကျွန်တော်ထင်မိ်တဲ့ နေရာတစ်ခုကို လာတယ် 233 00:10:01,000 --> 00:10:03,000 (ရယ်သံများ) 234 00:10:04,000 --> 00:10:07,000 ဒေလီကနေ ခန့်မှန်းခြေ မိုင် ၅၀၀၀ လောက် ဝေးတဲ့ 235 00:10:07,000 --> 00:10:09,000 ဂိတ်စ်ဟဒ် မြို့ငယ်လေးပါ 236 00:10:09,000 --> 00:10:12,000 ဂိတ်စ်ဟဒ် မှာ ကျွန်တော် ကလေး ၃၂-ယောက် ခေါ်ပြီး 237 00:10:12,000 --> 00:10:15,000 ဒီနည်းလမ်းကို စပြီး အချောသတ်တယ် 238 00:10:15,000 --> 00:10:18,000 ကျွန်တော် သူတို့ကို ၄-ယောက် တစ်အုပ်စု ဖွဲ့လိုက်တယ် 239 00:10:18,000 --> 00:10:20,000 ကျွန်တော် ပြောတယ် "မင်းတို့ ၄-ယောက်ပါတဲ့ အဖွဲ့လေးတွေ ကိုယ်စီ ဖွဲ့ကြ 240 00:10:20,000 --> 00:10:23,000 အဲဒီ ၄-ယောက် တစ်အုပ်စုက ကွန်ပျူတာ တစ်လုံး သုံးလို့ရမယ်၊ ကွွန်ပျူတာ ၄-လုံး မဟုတ်ဘူးနော်" လို့ 241 00:10:23,000 --> 00:10:26,000 နံရံပေါ်မှအပေါက် ဆိုတဲ့ ကစားနည်းကို သတိရကြပါ 242 00:10:26,000 --> 00:10:28,000 "မင်းတို့ အဖွဲ့တွေ ပြောင်းချင်ရင် ပြောင်းလို့ရတယ် 243 00:10:28,000 --> 00:10:30,000 မင်းတို့ တခြား အုပ်စုတွေထဲကို သွားလို့လည်းရတယ် 244 00:10:30,000 --> 00:10:32,000 ကိုယ့် အုပ်စုကို မကြိုက်ဘူးဆိုရင်၊ စသဖြင့်ပေါ့ 245 00:10:32,000 --> 00:10:35,000 မင်းတို့ တခြား အုပ်စုတွေဆီသွားလို့ရတယ်၊ သူတို့ ပုခုံးပေါ်က ကျော်ပြီး သူတို့ ဘာလုပ်နေလဲဆိုတာ ကြည့်လို့ရတယ်၊ 246 00:10:35,000 --> 00:10:38,000 ပြီးရင် ကိုယ့်အုပ်စုဆီပြန်လာ၊ အဲဒါကို ကိုယ်လုပ်ထားတဲ့ဟာ ဆိုပြီး ပြောရင်လဲရတယ်" လို့ 247 00:10:38,000 --> 00:10:40,000 ကျွန်တော် သူတိို့ကို ရှင်းပြတယ် 248 00:10:40,000 --> 00:10:43,000 မင်းတို့ သိရဲ့လားပေါ့၊ သိပ္ပံသုတေသန တော်တော်များများက အဲဒီနည်းလမ်းကိုသုံးပြီး ရလာတာ လို့ 249 00:10:43,000 --> 00:10:45,000 (ရယ်မောသံများ) 250 00:10:45,000 --> 00:10:50,000 (လက်ခုပ်ဩဘာသံများ) 251 00:10:52,000 --> 00:10:54,000 ကလေးတွေက တက်တက်ကြွကြွနဲ့ ကျွန်တော့်ကိုဝိုင်းပြီး ပြောတယ် 252 00:10:54,000 --> 00:10:56,000 "အခု ကျွန်တော်တို့ကို ဘာလုပ်စေချင်တာလဲ" တဲ့ 253 00:10:56,000 --> 00:10:59,000 ကျွန်တော်က သူတို့ကို ဂျီစီအက်စ်အီး အထက်တန်းအဆင့်စာမေးပွဲ မေးခွန်း ၆-ခု ပေးလိုက်တယ် 254 00:10:59,000 --> 00:11:01,000 ပထမအုပ်စုက အတော်ဆုံး အုပ်စု 255 00:11:01,000 --> 00:11:03,000 မိနစ် ၂၀ ထဲနဲ့ အားလုံးကို ဖြေရှင်းနိုင်တယ် 256 00:11:03,000 --> 00:11:06,000 အညံ့ဆုံးအုပ်စုကတော့ ၄၅ မိနစ်ကြာတယ် 257 00:11:06,000 --> 00:11:08,000 သူတို့က သူတို့ သိသမျှဟာ အကုန်လုံးကို အသုံးချတယ် 258 00:11:08,000 --> 00:11:10,000 သတင်းအုပ်စုတွေ၊ ဂူဂဲလ်၊ ၀ီကီပီးဒီးယား 259 00:11:10,000 --> 00:11:12,000 အက်စ် ဂျိဗ်စ်၊ စသဖြင့်ပေါ့ 260 00:11:12,000 --> 00:11:15,000 ဆရာတွေက ပြောတယ် "ဒါ နက်နက်နဲနဲ လေ့လာတာမျိုးလား" တဲ့ 261 00:11:15,000 --> 00:11:17,000 ကျွန်တော်က ပြောတယ် "အင်း၊ စမ်းကြည့်တာပေါ့ဗျာ" လို့ 262 00:11:17,000 --> 00:11:19,000 ကျွန်တော် ၂-လ အကြာမှာ ပြန်လာမယ် 263 00:11:19,000 --> 00:11:21,000 သူတို့ကို ရေးဖြေ စာမေးပွဲ စစ်မယ် 264 00:11:21,000 --> 00:11:23,000 ကွန်ပျူတာ မသုံးရဘူး၊ အချင်းချင်း စကားမပြောရဘူး၊ စသဖြင့်" ပေါ့ 265 00:11:23,000 --> 00:11:25,000 ကွန်ပျူတာတွေ၊ အုပ်စုတွေနဲ့ ကျွန်တော်လုပ်ခိုင်းလို့ ရလာတဲ့ ပျမ်းမျှ ရမှတ်က 266 00:11:25,000 --> 00:11:27,000 ၇၆ ရာနှုန်းပါ 267 00:11:27,000 --> 00:11:29,000 ကျွန်တော် စမ်းသပ်မှုလုပ်တဲ့အချိန်၊ စာမေးပွဲ စစ်တဲ့အချိန်က 268 00:11:29,000 --> 00:11:32,000 ၂-လ အကြာမှ စစ်တာနော်၊ ရမှတ်က 269 00:11:32,000 --> 00:11:35,000 ၇၆ ရာနှုန်းပဲ 270 00:11:35,000 --> 00:11:37,000 ပုံရိပ်တွေကို ပြန်မှတ်မိ်တာမျိုးက 271 00:11:37,000 --> 00:11:39,000 ကလေးဆီတွေမှာ ရှိနေတယ် 272 00:11:39,000 --> 00:11:42,000 သူတို့က အချင်းချင်း ဆွေးနွေးကြတဲ့အတွက်ကြောင့်လို့ ကျွန်တော် သံသယဖြစ်မိတယ် 273 00:11:42,000 --> 00:11:44,000 ကလေးတစ်ဦးချင်းစီ ကွန်ပျူတာတစ်လုံး ရှေ့မှာ ဖြေရင် 274 00:11:44,000 --> 00:11:46,000 ဒါမျိုး လုပ်နိုင်မှာ မဟုတ်ဘူး 275 00:11:46,000 --> 00:11:48,000 ကျွန်တော့်မှာ တခြားရလဒ်တွေလည်း ရှိသေးတယ် 276 00:11:48,000 --> 00:11:50,000 အဲဒါတွေကတော့ လုံးလုံး မယုံနိုင်စရာပဲ 277 00:11:50,000 --> 00:11:52,000 ရမှတ်တွေက အချိန်နဲ့အမျှ တက်နေတာ 278 00:11:52,000 --> 00:11:54,000 သူတို့ ဆရာတွေက ပြောတယ် 279 00:11:54,000 --> 00:11:56,000 ဒီ စမ်းသပ်မှု ပြီးသွားတဲ့နောက်မှာ 280 00:11:56,000 --> 00:11:59,000 ကလေးတွေက ဂူဂဲလ်မှာ တခြားဟာတွေ ဆက်ပြီး ရှာကြတယ်တဲ့ 281 00:11:59,000 --> 00:12:01,000 ဒီ ဘရစ်တိန်မှာ ကျွန်တော် 282 00:12:01,000 --> 00:12:03,000 ဘရစ်တစ်ရှ် ဘွားဘွားတွေကို ဖိတ်ခေါ်မှုတစ်ခု ထုတ်လိုက်တယ် 283 00:12:03,000 --> 00:12:05,000 ကျွန်တော့်ရဲ့ ကပ်ပမ်မြို့က စမ်းသပ်မှု အပြီးမှာပါ 284 00:12:05,000 --> 00:12:07,000 သိကြတဲ့အတိုင်းပဲ 285 00:12:07,000 --> 00:12:09,000 ဘရစ်တစ်ရှ်က ဘွားဘွားတွေက တကယ့်ကို တက်ကြွတဲ့ သူတွေဗျာ 286 00:12:09,000 --> 00:12:11,000 အယောက် ၂၀၀ လောက် ချက်ချင်းပဲ လုပ်အားပေးတာ 287 00:12:11,000 --> 00:12:13,000 (ရယ်မောသံများ) 288 00:12:13,000 --> 00:12:16,000 အပေးအယူကတော့ သူတို့က ကျွန်တော့်ကို 289 00:12:16,000 --> 00:12:18,000 ဘရော့ဒ်ဘန်းဒ် အင်တာနက် ၁-နာရီ ပေးရမယ် 290 00:12:18,000 --> 00:12:20,000 သူတို့အိမ်မှာ ထိုင်ပြီးတော့ပေါ့ 291 00:12:20,000 --> 00:12:22,000 တစ်ပတ်မှာ တစ်ရက်ထဲ 292 00:12:22,000 --> 00:12:24,000 သူတို့က အဲဒါကို လုပ်ပေးကြတယ် 293 00:12:24,000 --> 00:12:26,000 ပြီးခဲ့တဲ့ ၂-နှစ်ကျော်ကျော် အတွင်းမှာ 294 00:12:26,000 --> 00:12:28,000 နာရီပေါင်း ၆၀၀-ကျော် စာသင်ကြားမှုကို 295 00:12:28,000 --> 00:12:30,000 Skype ကနေ လုပ်ဖြစ်ခဲ့ကြတယ် 296 00:12:30,000 --> 00:12:33,000 ကျွန်တော့် ကျောင်းသားတွေခေါ်နေကြတဲ့ ဘွားဘွားအစုအဝေး ကို အသုံးပြုပြီးတော့ပေါ့ဗျာ 297 00:12:33,000 --> 00:12:36,000 ဘွားဘွား အစုအဝေး က ဟိုမှာ ထိုင်နေတယ် 298 00:12:36,000 --> 00:12:39,000 သူတို့ကို ကျွန်တော် ပို့ချင်တဲ့ ကျောင်းကိုရောက် အောင် ထုတ်လွှင့်ပေးလို့ရတယ် 299 00:12:45,000 --> 00:12:47,000 ဆရာမ း မင်း ငါ့ကို ဖမ်းလို့ မမိဘူး 300 00:12:47,000 --> 00:12:50,000 ပြောကြည့်ပါ 301 00:12:50,000 --> 00:12:53,000 မင်းငါ့ကို ဖမ်းလို့မမိဘူး 302 00:12:53,000 --> 00:12:56,000 ကလေးများ း မင်းငါ့ကို ဖမ်းလို့ မမိဘူး 303 00:12:56,000 --> 00:12:59,000 ဆရာမ း ငါက ဂျင်းပေါင်မုန့်နဲ့ လုပ်ထားတဲ့ မုန့်လူသားကွ 304 00:12:59,000 --> 00:13:01,000 ကလေးများ း ငါက ဂျင်းပေါင်မုန့်နဲ့ လုပ်ထားတဲ့ မုန့်လူသားကွ 305 00:13:01,000 --> 00:13:03,000 ဆရာမ း ကောင်းတယ်၊ အရမ်းတော်တယ် 306 00:13:09,000 --> 00:13:11,000 ဂိတ်စ်ဟဒ် ကို ပြန်ရောက် သွားတာပါ 307 00:13:11,000 --> 00:13:13,000 ၁၀-နှစ် ကလေးမလေးက ဟိန္ဒူဘာသာရဲ့ အနှစ်သာရအကြောင်းတွေကို 308 00:13:13,000 --> 00:13:15,000 ၁၅ မိနစ်ထဲနဲ့ ရောက်သွားတယ် 309 00:13:15,000 --> 00:13:18,000 ကျွန်တော် တစ်လုံးမှ မသိတဲ့ အကြောင်းအရာတွေဗျာ 310 00:13:21,000 --> 00:13:23,000 ကလေး ၂-ယောက် TED ဟောပြောပွဲကို ကြည့်တယ် 311 00:13:23,000 --> 00:13:25,000 အရင်တုန်းက သူတို့က ဘောလုံးသမားတွေ ဖြစ်ချင်ခဲ့တာ 312 00:13:25,000 --> 00:13:27,000 TED ဟောပြောပွဲ ၈-ခု လည်း ကြည့်ပြီးရော 313 00:13:27,000 --> 00:13:30,000 သူက လီယိုနာဒို ဒါဗင်ချီ ဖြစ်ချင်လာတယ် 314 00:13:30,000 --> 00:13:33,000 (ရယ်မောသံများ) 315 00:13:33,000 --> 00:13:36,000 (လက်ခုပ်ဩဘာသံများ) 316 00:13:36,000 --> 00:13:38,000 ဒါ အတော့်ကို ရိုးရှင်းတဲ့ ကိစ္စပါ 317 00:13:38,000 --> 00:13:40,000 ဒါကတော့ အခု ကျွန်တော် ဆောက်နေတဲ့ဟာ 318 00:13:40,000 --> 00:13:43,000 ဒါတွေကို ဆိုးလ် (SOLE) လို့ခေါ်တယ်၊ မိမိဖာသာစုစည်းလေ့လာသင်ယူနိုင်သော ရပ်ဝန်းများ ပေါ့ 319 00:13:43,000 --> 00:13:45,000 ပရိဘောဂတွေကို ဒီဇိုင်း လုပ်ထားတဲ့ပုံက 320 00:13:45,000 --> 00:13:48,000 စွမ်းအားမြင့်ပြီး ကြီးမားတဲ့ ဖန်သားပြင်တွေနဲ့ရှေ့မှာ 321 00:13:48,000 --> 00:13:51,000 ကြီးမားတဲ့ ဘရော့ဒ်ဘန်း ဆက်သွယ်ရေးတွေနဲ့ ကလေးတွေ အုပ်စုလိုက် ထိုင်လို့ရအောင် လုပ်ပေးထားတာပါ 322 00:13:51,000 --> 00:13:54,000 သူတို့ အလိုရှိရင် ဘွားဘွားများ အစုအဝေး ကို သူတို့ လှမ်းခေါ်လို့ရတယ် 323 00:13:54,000 --> 00:13:56,000 ဒါက နယူးကက်စ်တယ်လ် က ဆိုးလ် (SOLE) ပါ 324 00:13:56,000 --> 00:13:58,000 ကြားခံပေးတဲ့သူက အိန္ဒိယ က 325 00:13:58,000 --> 00:14:01,000 အဲဒီတော့ ကျွန်တော်တို့ ဘယ်လောက် ဝေးဝေး သွားလို့ရမလဲ၊ ကျွန်တော် နောက်ဆုံးဟာလေးတစ်ခု နည်းနည်းလောက်ပြောပြီးရင်တော့ ရပ်ပါမယ် 326 00:14:01,000 --> 00:14:04,000 ကျွန်တော် မေလက အီတလီနိုင်ငံ ကျုးရင်န်မြို့ ကိုသွားတယ် 327 00:14:05,000 --> 00:14:08,000 ကျွန်တော့်ရဲ့ ၁၀-နှစ်သား ကျောင်းသားတွေ အုပ်စုမှာရှိနေတဲ့ ဆရာအားလုံးကို ကျွန်တော် အဝေးကိုပို့ထားလိုက်တယ် 328 00:14:09,000 --> 00:14:12,000 ကျွန်တော်က အင်္ဂလိပ်စကားပဲပြောတယ်၊ သူတို့ကလည်း အီတလီစကားပဲ ပြောတယ် 329 00:14:12,000 --> 00:14:14,000 ဒီတော့ ကျွန်တော်တို့မှာ ဆက်သွယ်ဖို့ မဖြစ်နိုင်ဘူး 330 00:14:14,000 --> 00:14:17,000 ကျွန်တော်က သင်ပုန်းပေါ်မှာ အင်္ဂလိပ်လို မေးခွန်းတွေ စရေးတယ် 331 00:14:18,000 --> 00:14:20,000 ကလေးတွေက အဲဒါတွေကို ကြည့်ပြီး ပြောတယ် "ဘာတွေလဲ" ပေါ့ 332 00:14:20,000 --> 00:14:22,000 ကျွန်တော်က ပြောလိုက်တယ် "အင်း၊ လိုက်လုပ်ကြည့်" လို့ 333 00:14:22,000 --> 00:14:25,000 သူတို့က အဲဒါကို ဂူဂဲလ်ထဲ ရိုက်ထဲ့ပြီး အီတလီဘာသာကို ပြန်တယ် 334 00:14:25,000 --> 00:14:27,000 ပြီးရင် အီတလီဘာသာနဲ့ ဂူဂဲလ်ကို ပြန်သွားတယ် 335 00:14:27,000 --> 00:14:30,000 ၁၅-မိနစ် အကြာမှာ ရသွားတယ် 336 00:14:37,000 --> 00:14:40,000 နောက်မေးခွန်းတစ်ခု က "ကယ်လ်ကတ်တား ဘယ်မှာလဲ" ဆိုတဲ့ မေးခွန်း 337 00:14:42,000 --> 00:14:45,000 ဒီတစ်ခုကျတော့ သူတို့ ၁၀-မိနစ်ပဲ ကြာတယ် 338 00:14:49,000 --> 00:14:52,000 ကျွန်တော် တကယ်ခက်တဲ့ဟာတစ်ခု ထပ်ပေးလိုက်တယ် 339 00:14:52,000 --> 00:14:55,000 ပိုက်သာဂိုးရက်စ် ဆိုတာ ဘယ်သူလဲ၊ သူက ဘာလုပ်သလဲ ပေါ့ 340 00:14:57,000 --> 00:14:59,000 အဲဒီမှာ ခဏလောက် တိတ်ဆိတ်သွားတယ် 341 00:14:59,000 --> 00:15:01,000 ပြီးတော့မှ သူတို့က ပြောတယ် "စာလုံးပေါင်း မှားပေါင်းထားတယ် 342 00:15:01,000 --> 00:15:04,000 အဲဒါ ပီတာဂိုးရ" တဲ့ 343 00:15:08,000 --> 00:15:10,000 နောက်ထပ် 344 00:15:10,000 --> 00:15:12,000 မိနစ်-၂၀ အကြာမှာ 345 00:15:12,000 --> 00:15:14,000 ထောင့်မှန်တြိဂံတွေ ကွန်ပျူတာ ဖန်သားပြင်မှာ စပြီး ပေါ်လာကြတယ် 346 00:15:14,000 --> 00:15:17,000 အဲဒါက ကျွန်တော့် ကျောရိုးတစ်လျှောက်ကို တုန်တက်သွားစေတယ် 347 00:15:17,000 --> 00:15:19,000 ဒါ ၁၀-နှစ် ကလေးလေးတွေနော် 348 00:15:32,000 --> 00:15:35,000 စာသား း နောက် မိနစ်-၃၀ တွင် သူတို့ နှိုင်းရသီအိုရီ ကို ရောက်ချင်ရောက်သွားနိုင်သည်၊ ထို့နောက်..။ 349 00:15:35,000 --> 00:15:37,000 (ရယ်မောသံများ) 350 00:15:37,000 --> 00:15:46,000 (လက်ခုပ်ဩဘာသံများ) 351 00:15:46,000 --> 00:15:48,000 အဲဒီတော့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အားလုံး သိကြပါပြီ 352 00:15:48,000 --> 00:15:50,000 ကျွန်တော်ထင်တယ် ကျွန်တော်တို့ 353 00:15:50,000 --> 00:15:52,000 သူ့အလိုလိုစုစည်းတတ်တဲ့ စနစ်တစ်ခုကို အမှတ်မထင် တွေ့ရှိခဲ့ပါတယ် 354 00:15:52,000 --> 00:15:54,000 သူ့အလိုလိုစုစည်းတတ်တဲ့ စနစ်ဆိုတာ 355 00:15:54,000 --> 00:15:56,000 အဲဒီစနစ်မှာ ဖွဲ့စည်းပုံတစ်ခု ပေါ်ပေါက်လာမယ် 356 00:15:56,000 --> 00:15:59,000 အပြင်ကနေ တိကျပြတ်သားတဲ့ စွက်ဖက်မှု မရှိဘူး 357 00:15:59,000 --> 00:16:02,000 သူ့အလိုလိုစုစည်းတတ်တဲ့ စနစ်တွေဟာ အမြဲဆိုသလို ပေါ်ထွက်မှုအသစ်တွေ ပြနေမယ် 358 00:16:02,000 --> 00:16:04,000 ဘယ်လိုမျိုးလဲဆိုရင် ဒီစနစ်က ကိစ္စတွေကို သူ့ဖာသာစပြီးလုပ်မယ် 359 00:16:04,000 --> 00:16:06,000 စနစ်ကို အဲဒီလို ဒီဇိုင်းထုတ်ထားတာတော့မဟုတ်ဘူး 360 00:16:06,000 --> 00:16:08,000 ဒါကြောင့်လည်း ကိုယ်လုပ်နေကြအတိုင်း တုံ့ပြန်ကြတာ 361 00:16:08,000 --> 00:16:11,000 သူက မဖြစ်နိုင်တဲ့ပုံ ပေါ်နေတာကိုး 362 00:16:11,000 --> 00:16:14,000 အခုဆိုရင် ကျွန်တော် ခန့်မှန်းချက် တစ်ခု လုပ်လို့ရပြီလို့ထင်တယ် 363 00:16:14,000 --> 00:16:16,000 ပညာရေးဆိုတာ သူ့အလိုလိုစုစည်းစီစဉ်တတ်တဲ့ စနစ်တစ်ခုပါ 364 00:16:16,000 --> 00:16:18,000 အဲဒီမှာ သင်ယူလေ့လာခြင်းဆိုတာက ပေါ်ထွက်လာတဲ့ ဖြစ်ရပ် 365 00:16:18,000 --> 00:16:20,000 စမ်းသပ်မှုတွေအရဆိုရင်တော့ ဒါကို သက်သေပြဖို့ နှစ် နည်းနည်းကြာဦးမယ် 366 00:16:20,000 --> 00:16:22,000 ဒါပေမယ့် ကျွန်တော်ကတော့ ကြိုးစားကြည့်မှာ 367 00:16:22,000 --> 00:16:25,000 ဒါပေမယ့် လောလောဆယ်မှာ နည်းလမ်းတစ်ခုတော့ ရှိပါတယ် 368 00:16:25,000 --> 00:16:28,000 ကလေးပေါင်း သန်း ၁-ထောင်အတွက် ကြားခံကူညီပေးတဲ့သူ သန်း-၁၀၀ လောက် ကျွန်တော်တို့ လိုတယ် 369 00:16:28,000 --> 00:16:30,000 ကမ္ဘာမှာ အဲဒီထက်မက အများကြီးရှိတယ် 370 00:16:30,000 --> 00:16:32,000 ဆိုးလ် အရေအတွက် ၁၀-သန်း၊ 371 00:16:32,000 --> 00:16:35,000 ဒေါ်လာ သန်းထောင်ပေါင်း ၁၈၀ နဲ့ နှစ်ပေါင်း ၁၀-နှစ် ဆိုရင် 372 00:16:36,000 --> 00:16:38,000 ကျွန်တော်တို့ အရာအားလုံးကို ပြောင်းလဲပစ်လိုက် နိုင်ပါတယ် 373 00:16:38,000 --> 00:16:40,000 ကျေးဇူးတင်ပါတယ် 374 00:16:40,000 --> 00:16:51,000 (လက်ခုပ်ဩဘာသံများ)