0:00:02.000,0:00:04.000 ဒီအပေါ်မှာ ဒီစာကြောင်းလေးဟာ ထင်ရှားတဲ့ ဖော်ပြချက် တစ်ခုပါပဲ 0:00:04.000,0:00:07.000 ကျွန်တော် လွန်ခဲ့တဲ့ ၁၂-နှစ်လောက်က ဒီ စာကြောင်းလေးနဲ့ စတင်ခဲ့ပါတယ် 0:00:07.000,0:00:10.000 စတင်ခဲ့တဲ့ ၀န်းကျင် အခြေအနေတွေကတော့ 0:00:10.000,0:00:12.000 ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ 0:00:12.000,0:00:15.000 ဒါပေမယ့် ခင်ဗျားတို့ကတော့ ကမ္ဘာ့အနှံ့အပြားကနေ ဒီမှာလာပြီး ထိုင်နေကြတာ 0:00:15.000,0:00:18.000 အဲဒီတော့ ကိုယ့်နိုင်ငံရဲ့ မြေပုံလေးကို မြင်ယောင်ကြည့်ရင် 0:00:18.000,0:00:20.000 ခင်ဗျားတို့ နားလည်လာလိမ့်မယ်လို့ ကျွန်တော်ထင်တယ် 0:00:20.000,0:00:22.000 ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းအတွက် 0:00:22.000,0:00:24.000 စက်ဝိုင်းလေးတွေဆွဲကြည့်ပြီး ပြောနိုင်တယ် 0:00:24.000,0:00:27.000 "ဒီနေရာတွေကတော့ ဆရာကောင်းတွေ သွားမယ့်နေရာ မဟုတ်ဘူး" ပေါ့ 0:00:28.000,0:00:30.000 ဒါ့အပြင် 0:00:30.000,0:00:33.000 အဲဒီနေရာတွေဟာ ပြဿနာတွေ လာတဲ့ နေရာတွေ ဖြစ်နေပြန်တယ် 0:00:33.000,0:00:35.000 ဒီတော့ ကျွန်တော်တို့မှာ အထင်နဲ့အမြင် တခြားစီဖြစ်နေတဲ့ ပြဿနာ တစ်ခု ရှိလာတယ် 0:00:35.000,0:00:37.000 ဆရာကောင်းတွေက 0:00:37.000,0:00:40.000 သူတို့ကို အလိုအပ်ဆုံးဆိုတဲ့ နေရာတွေကို မသွားချင်ကြဘူးတဲ့ဗျာ 0:00:40.000,0:00:43.000 ကျွန်တော် ၁၉၉၉-ခုနှစ် မှာ 0:00:43.000,0:00:46.000 လက်တွေ့စမ်းသပ်ချက်တစ်ခုနဲ့ ဒီပြဿနာကို အာရုံစိုက်ဖို့ စတင်ခဲ့တယ် 0:00:46.000,0:00:49.000 အဲဒါက နယူးဒေလီမှာ လုပ်တဲ့ အရမ်းကို ရိုးရှင်းတဲ့ စမ်းသပ်မှုလေးတစ်ခုပါ 0:00:51.000,0:00:54.000 ကျွန်တော် အခြေခံအကျဆုံးအနေနဲ့ ကျွန်ပျူတာ တစ်လုံးကို 0:00:54.000,0:00:57.000 နယူးဒေလီ က ဆင်းရဲသားရပ်ကွက် ရဲ့ နံရံတစ်ခုမှာ မြှုပ်ပြီးတပ်ထားပေးလိုက်တယ် 0:00:58.000,0:01:01.000 ကလေးတွေက ကျောင်းမသွားကြသလောက်ပါပဲ၊ သူတို့ အင်္ဂလိပ်စာ တစ်လုံးမှ မတတ်ပါဘူး 0:01:01.000,0:01:03.000 သူတို့ အရင်ကလည်း ကွန်ပျူတာကို လုံးဝ မမြင်ဖူးဘူး 0:01:03.000,0:01:06.000 သူတို့ အင်တာနက်ဟာ ဘာဆိုတာလည်း မသိကြဘူး 0:01:06.000,0:01:09.000 ကျွန်တော်က ကျွန်ပျူတာကို မြန်နှုန်းမြင့် အင်တာနက် ချိတ်ပေးထားတယ်၊ ကွန်ပျူတာက မြေကြီးကနေ ၃-ပေလောက်မြင့်တယ် 0:01:09.000,0:01:11.000 အဲဒါကို ဖွင့်ပေးထားပြီး အဲဒီမှာ ထားခဲ့တယ် 0:01:11.000,0:01:13.000 အဲဒီနောက်မှာ 0:01:13.000,0:01:16.000 ကျွန်တော်တို့ စိတ်ဝင်စားစရာ ကိစ္စနှစ်ခု သတိထားမိလာတယ်၊ အဲဒါကို ခင်ဗျားတို့ တွေ့ပါလိမ့်မယ် 0:01:16.000,0:01:19.000 ဒါပေမယ့် ဒီစမ်းသပ်မှုကို ကျွန်တော် အိန္ဒိယ တစ်ခွင်လုံးမှာ အကြိမ်ကြိမ် ထပ်လုပ်တယ် 0:01:19.000,0:01:21.000 နောက်တော့ 0:01:21.000,0:01:23.000 ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းအတော်များများမှာ ထပ်လုပ်ကြည့်ရင်းကနေ 0:01:23.000,0:01:25.000 သတိထားမိလာတယ် 0:01:25.000,0:01:27.000 ကလေးတွေဟာ 0:01:27.000,0:01:30.000 သူတို့ သင်ယူချင်တာကို သင်ယူကြလိမ့်မယ် ဆိုတာပါပဲ 0:01:30.000,0:01:32.000 ဒါကတော့ ကျွန်တော်တို့ လုပ်ခဲ့တဲ့ ပထမဆုံး စမ်းသပ်မှုပါ 0:01:32.000,0:01:34.000 ညာဘက်က ၈-နှစ်သား ကောင်လေးက 0:01:34.000,0:01:37.000 သူ့တပည့်ဖြစ်တဲ့ ၆-နှစ်သား ကလေးမလေးကို သင်ပေးနေတာ 0:01:37.000,0:01:40.000 သူက ကလေးမလေးကို ဘယ်လို လျှောက်ကြည့်ရတယ်ဆိုတာ သင်ပေးနေတာ 0:01:41.000,0:01:44.000 ဒီကောင်လေးက အိန္ဒိယအလယ်ပိုင်းက 0:01:45.000,0:01:47.000 ဒါက ရာဂျက်စ်သန် ပြည်နယ်က ရွာကလေး တစ်ရွာမှာ 0:01:47.000,0:01:50.000 ကလေးတွေက သူတို့ကိုယ်တိုင်ဆိုထားတဲ့ သီချင်းကို အသံသွင်းနေတာ 0:01:50.000,0:01:53.000 ပြီးတော့ အချင်းချင်း ပြန်ဖွင့်ပြနေတာ 0:01:53.000,0:01:55.000 ဒီဖြစ်စဉ်မှာ 0:01:55.000,0:01:57.000 သူတို့တွေက သူတို့ဖာသာ လုံးလုံးလျားလျား ပျော်နေကြတာ 0:01:57.000,0:01:59.000 သူတို့က ဒီသင်ယူမှုအားလုံးကို ၄-နာရီ ထဲနဲ့ လုပ်လိုက်တာ 0:01:59.000,0:02:02.000 ကျွန်ပျူတာကို ပထမဆုံးအကြိမ် မြင်ပြီးတဲ့နောက်မှာပေါ့ 0:02:02.000,0:02:05.000 နောက်ထပ် အိန္ဒိယတောင်ဘက်က ရွာလေးမှာ 0:02:05.000,0:02:07.000 ဒီကောင်လေးတွေ 0:02:07.000,0:02:09.000 ဆော့ဖ်ဝဲထဲမှာ ဗီဒီယို ကင်မရာ တစ်လုံးကို ဆင်နေတာ 0:02:09.000,0:02:11.000 ပြီးတော့ ပိတုန်းတစ်ကောင်ကို ဓါတ်ပုံရိုက်ဖို့ ကြိုးစားနေကြတာ 0:02:11.000,0:02:13.000 သူတို့က အဲဒါကို ဒစ်စနေ ဒေါ့ ကွန်းမ် ၀က်ဘ်ဆိုက်ဒ် ကနေ 0:02:13.000,0:02:15.000 ဒါမှမဟုတ် အဲဒီလိုမျိုး ၀က်ဘ်ဆိုက်ဒ် တစ်ခုခုကနေ ဆွဲချပြီးကူးထားတာ 0:02:15.000,0:02:18.000 သူတို့ရွာမှာ ကွန်ပျူတာ ထားပြီးလို့ ၁၄-ရက် အကြာမှာနော် 0:02:21.000,0:02:23.000 ဒီတော့ ဒီစမ်းသပ်မှုရဲ့ အဆုံးမှာ 0:02:23.000,0:02:25.000 ကျွန်တော်တို့ ကောက်ချက်ချလိုက်တယ်၊ ကလေးအုပ်စုလိုက်တွေဟာ 0:02:25.000,0:02:28.000 ကျွန်ပျူတာနဲ့ အင်တာနက်ကို သူတို့ဖာသာ သုံးတတ်အောင် သင်ယူလေ့လာနိုင်တယ် 0:02:28.000,0:02:30.000 သူတို့ဖာသာ ဘယ်သူတွေပဲ ဖြစ်ဖြစ် 0:02:30.000,0:02:33.000 သူတို့ဖာသာ ဘယ်နေရာမှာပဲ ရှိရှိ ပါ 0:02:33.000,0:02:36.000 အဲဒီနေရာမှာ ကျွန်တော် နည်းနည်း ပိုပြီး ရည်ရွယ်ချက်ကြီးလာတယ် 0:02:36.000,0:02:39.000 အဲဒီတော့ ဆုံးဖြတ်လိုက်တယ် 0:02:39.000,0:02:42.000 ကလေးတွေ ကွန်ပျူတာသုံးပြီး ဘာတွေများ လုပ်နိုင်ကြမလဲဆိုတာ ကြည့်မယ်ပေါ့ 0:02:42.000,0:02:45.000 ကျွန်တော်တို့ အိန္ဒိယက ဟိုက်ဒရာဘဒ်မြို့မှာ စမ်းသပ်မှုတစ်ခုနဲ့ စတယ် 0:02:45.000,0:02:48.000 အဲဒီမှာ ကလေးတစ်အုပ်ရှိတယ် 0:02:48.000,0:02:51.000 သူတို့က အင်္ဂလိပ်စကားကို တယ်လူဂူသံ အရမ်းဝဲဝဲနဲ့ ပြောကြတာ 0:02:51.000,0:02:53.000 ကျွန်တော် သူတို့ကို ကျွန်ပျူတာ တစ်လုံးပေးလိုက်တယ် 0:02:53.000,0:02:55.000 စကားပြောတာကို စာပြန်ရိုက်ပေးတဲ့ ကြားခံစနစ် တစ်ခုပါတယ် 0:02:55.000,0:02:58.000 ခင်ဗျားတို့ အဲဒါကို အခု ၀င်းဒိုးစ်မှာ အလကားရနေပြီ 0:02:58.000,0:03:00.000 သူတို့ကို အဲဒီစနစ်ထဲကို စကားပြောခိုင်းတယ် 0:03:00.000,0:03:02.000 အဲဒီတော့ သူတို့ အဲဒီထဲကို စကားပြောလိုက်ရင် 0:03:02.000,0:03:04.000 ကျွန်ပျူတာက အဓိပ္ပါယ်မရှိတာတွေ ရိုက်ထုတ်ပေးရော 0:03:04.000,0:03:06.000 အဲဒီတော့ သူတို့ကပြောတယ် "ကျွန်ပျူတာက ကျွန်တော်တို့ ပြောနေတာ တစ်လုံးမှ နားမလည်ဘူး" တဲ့ 0:03:06.000,0:03:08.000 ဒီတော့ ကျွန်တော်က ပြောတယ် "ဟုတ်တယ်၊ အဲဒါကို ဒီမှာ ၂-လ ထားခဲ့မယ်" 0:03:08.000,0:03:10.000 "မင်းတို့ဖာသာ 0:03:10.000,0:03:12.000 ကျွန်ပျူတာကို နားလည်အောင် လုပ်ကြ" လို့ 0:03:12.000,0:03:14.000 ဒီတော့ ကလေးတွေက မေးတယ် "အဲဒါကို ကျွန်တော်တို့ ဘယ်လို လုပ်ရမလဲ" တဲ့ 0:03:14.000,0:03:16.000 ကျွန်တော်က ပြောလိုက်တယ် 0:03:16.000,0:03:18.000 "တကယ်တော့ ငါလည်း မသိဘူး" လို့ 0:03:18.000,0:03:20.000 (ရယ်မောသံများ) 0:03:20.000,0:03:22.000 ပြီးတော့ ကျွန်တော် ထွက်လာခဲ့လိုက်တယ် 0:03:22.000,0:03:24.000 (ရယ်မောသံများ) 0:03:25.000,0:03:27.000 နောက် ၂-လ ကြာတော့ 0:03:27.000,0:03:29.000 အခု အဲဒီစမ်းသပ်မှုကို 0:03:29.000,0:03:31.000 သတင်းအချက်အလက်နည်းပညာ အနေနဲ့ မှတ်တမ်းတင်လိုက်ပါပြီ 0:03:31.000,0:03:33.000 အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဂျာနယ် အတွက်ပါ 0:03:33.000,0:03:35.000 သူတို့ရဲ့ ဘာသာစကားလေသံက ပြောင်းသွားတယ် 0:03:35.000,0:03:38.000 မှတ်သားလောက်အောင်ပဲ မူရင်း ဘရစ်တစ်ရှ် လေသံအတိုင်း နီးစပ်လာတယ် 0:03:38.000,0:03:41.000 စကားပြောတာကို စာပြန်ရိုက်ပေးတဲ့ အသံစနစ် ကို ကျွန်တော်က အဲဒီ မူရင်း လေသံနဲ့ လေ့ကျင့်ပေးထားတာ 0:03:41.000,0:03:44.000 တနည်းပြောရရင် သူတို့အားလုံးက ပညာရေး ပါရဂူ ဂျိမ်းစ် တူလီ လိုပဲ စကားပြောနေကြတာ 0:03:44.000,0:03:46.000 (ရယ်မောသံများ) 0:03:46.000,0:03:48.000 သူတို့ အဲဒါကို သူတို့ဖာသာ လုပ်နိုင်ကြတယ် 0:03:48.000,0:03:50.000 အဲဒါပြီးတော့ ကျွန်တော် 0:03:50.000,0:03:52.000 တခြားဟာတွေ အများကြီးကို စပြီး စမ်းသပ်တယ် 0:03:52.000,0:03:54.000 သူတို့ဖာသာ တတ်အောင် သင်ယူချင် သင်ယူကြမယ့် ဟာတွေပေါ့ 0:03:54.000,0:03:57.000 ကျွန်တော် တစ်ခါတုန်းက ကိုလံဘိုကနေ စိတ်ဝင်စားစရာ ဖုန်းခေါ်တာကို ရဖူးတယ် 0:03:57.000,0:03:59.000 ကွယ်လွန်သွားပြီဖြစ်တဲ့ သိပ္ပံဝတ္ထုရေးဆရာ အာသာ စီ ကလာ့ခ် ဆီကနေပါ 0:03:59.000,0:04:01.000 သူကပြောတယ် "ဘာတွေဖြစ်ကုန်လဲဆိုတာ ငါမြင်ချင်တယ်ကွာ" တဲ့ 0:04:01.000,0:04:04.000 သူက ခရီးမသွားနိုင်ဘူး၊ အဲဒီတော့ ကျွန်တော်က သူ့ဆီ သွားလိုက်တယ် 0:04:04.000,0:04:06.000 သူက စိတ်ဝင်စားစရာ ကိစ္စ ၂-ခု ကိုပြောပြတယ် 0:04:06.000,0:04:11.000 "စက်ပစ္စည်းလို့ပြောရမယ့်ဟာတစ်ခုနဲ့ အစားထိုးလို့ရတဲ့ ဆရာတစ်ယောက်" အကြောင်းရယ် 0:04:11.000,0:04:13.000 (ရယ်မောသံများ) 0:04:13.000,0:04:15.000 သူပြောခဲဲ့တဲ့ ဒုတိယ ကိစ္စက 0:04:15.000,0:04:17.000 "ကလေးတွေသာ စိတ်ဝင်စားမှု ရှိရင် 0:04:17.000,0:04:20.000 ပညာရေးဆိုတာ ဖြစ်လာမယ်" တဲ့ 0:04:20.000,0:04:22.000 ကျွန်တော်က ဒီနယ်ပယ်ထဲမှာ လုပ်နေတာဆိုတော့ 0:04:22.000,0:04:24.000 အမြဲတမ်းပဲ ကျွန်တော် ဒါလေးကို ကြည့်ပြီး သူ့အကြောင်းစဉ်းစားတယ် 0:04:24.000,0:04:27.000 အာသာ စီ ကလာ့ခ် း သူတို့တွေ သေချာပေါက်ပဲ 0:04:27.000,0:04:29.000 လူတွေကို ကူညီနိုင်မှာ 0:04:29.000,0:04:31.000 ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေက လမ်းညွှန််အတိုင်း သွားတတ်အောင် မြန်မြန်ဆန်ဆန် သင်ယူပြီး 0:04:31.000,0:04:34.000 သူတို့ကို စိတ်ဝင်စားစေတဲ့ အရာတွေကို ၀င်ပြီးရှာကြမှာ 0:04:34.000,0:04:37.000 စိတ်ဝင်စားမှုတွေ ရလာပြီဆိုရင် ပညာရေးဆိုတာ ရှိလာမယ် 0:04:37.000,0:04:40.000 စူဂါးတ မစ်ထရာ း ကျွန်တော် ဒီစမ်းသပ်ချက်ကို တောင်အာဖရိက ကို ယူသွားတယ် 0:04:40.000,0:04:42.000 ဒါက ၁၅-နှစ်သား ကောင်လေး 0:04:42.000,0:04:45.000 ကောင်လေး း ... ပြောပြတာပါ၊ ကျွန်တော်က 0:04:45.000,0:04:48.000 တရိစ္ဆာန်တွေ ပါတဲ့ ဂိမ်းတွေ ကစားတယ် 0:04:48.000,0:04:51.000 ကျွန်တော် သီချင်း နားထောင်တယ် 0:04:51.000,0:04:53.000 စူဂါးတ မစ်ထရာ း ကျွန်တော် က သူ့ကိုမေးတယ် "မင်း အီးမေးလ်တွေ ပို့သလား" ဆိုတော့ 0:04:53.000,0:04:56.000 သူက ပြောတယ် "ပို့ပါတယ်၊ အီးမေးလ်တွေက သမုဒ္ဒရာကို ခုန်ပျံကျော်လွွှား သွားကြတယ်လေ" 0:04:57.000,0:04:59.000 ဒါကတော့ ကမ်ဘောဒီးယား မှာ 0:04:59.000,0:05:02.000 ကမ်ဘောဒီးယား ကျေးလက်ပိုင်း ပေါ့ 0:05:02.000,0:05:05.000 တော်တော်လေး ကြောင်တဲ့ သချင်္ာ ကစားနည်းလေးပါ 0:05:05.000,0:05:07.000 အဲဒါကို ဘယ်ကလေးမှ အတန်းထဲမှာ ဒါမှမဟုတ် အိမ်မှာ ကစားမှာ မဟုတ်ဘူး 0:05:07.000,0:05:09.000 သိတယ်မှတ်လား၊ သူတို့က ခင်ဗျားကိုတောင် ပြန်ပစ်ပေါက်လိုက်ဦးမယ် 0:05:09.000,0:05:11.000 သူတို့ကပြောတယ် "'ဒါကြီးက အရမ်းပျင်းစရာကောင်းတယ်" တဲ့ 0:05:11.000,0:05:13.000 လူသွားလမ်းပေါ်မှာ အဲဒါကို ထားလိုက်မယ် 0:05:13.000,0:05:15.000 ပြီးတော့ လူကြီးတွေအားလုံး မရှိကြတော့ဘူးဆိုရင် 0:05:15.000,0:05:17.000 သူတို့တွေက အချင်းချင်း ကြွားကြပါလိမ့်မယ် 0:05:17.000,0:05:19.000 သူတို့ ဘာလုပ်နိုုင်တယ်ပေါ့ 0:05:19.000,0:05:21.000 ဒါက အဲဒီကလေးတွေ လုပ်နေတဲ့ဟာပါ 0:05:21.000,0:05:24.000 သူတို့ မြှောက်ဖို့ ကြိုးစားနေတာ ထင်တယ် 0:05:24.000,0:05:26.000 အိန္ဒိယ တစ်ခွင်လုံးမှာ 0:05:26.000,0:05:28.000 ၂-နှစ်လောက် အကုန်မှာ 0:05:28.000,0:05:31.000 ကလေးတွေက သူတို့ အိမ်စာတွေအတွက် ဂူဂဲလ် မှာ စပြီး ရှာကြတယ် 0:05:31.000,0:05:33.000 ရလဒ်အနေနဲ့ကတော့၊ ဆရာတွေက အစီရင်ခံတယ် 0:05:33.000,0:05:35.000 ကလေးတွေရဲ့ အင်္ဂလိပ်စာမှာ ဧရာမ တိုးတက်မှုတွေ ရှိလာတယ်ပေါ့ 0:05:35.000,0:05:39.000 (ရယ်မောသံများ) 0:05:39.000,0:05:41.000 လျင်မြန်တဲ့ တိုးတက်မှုတဲ့၊ ပြီးတော့ အကြောင်းအရာမျိုးစုံပဲတဲ့ 0:05:41.000,0:05:44.000 ဆရာတွေကပြောတယ် " ကလေးတွေက တကယ့်ကို နက်နက်နဲနဲ စဉ်းစားတွေးခေါ်သူတွေ ဖြစ်လာကြတယ်၊ ပြီးတော့ အများကြီးပါပဲ" 0:05:44.000,0:05:47.000 (ရယ်မောသံများ) 0:05:47.000,0:05:49.000 တကယ်ကိုပဲ သူတို့ တိုးတက်လာကြတယ် 0:05:49.000,0:05:51.000 ဆိုလိုတာက ဂူဂဲလ်ထဲမှာ အကြောင်းအရာစုံ ရှိနေမှတော့ 0:05:51.000,0:05:54.000 ဘာဖြစ်လို့ အကြောင်းအရာတွေကို ခေါင်းထဲထည့်ဖို့ လိုတော့မှာလဲ 0:05:55.000,0:05:57.000 ဒီလိုနဲ့ နောက် ၄-နှစ် အကုန်မှာ 0:05:57.000,0:06:00.000 ကျွန်တော် ဆုံးဖြတ်ခဲ့တယ်၊ ကလေးတွေအုပ်စုလိုက်ဟာ အင်တာနက်မှာ လမ်းညွှန်အတိုင်း သွားလာတတ်တယ် 0:06:00.000,0:06:03.000 ပညာရေး ရည်ရွယ်ချက်တွေကို သူတို့ဖာသာ အောင်အောင်မြင်မြင် ယူတတ်တယ် 0:06:03.000,0:06:05.000 အဲဒီအချိန်မှာ ငွေ ပမာဏ အမြောက်အများ 0:06:05.000,0:06:07.000 နယူးကက်စတယ်လ် တက္ကသိုလ်ကို ရောက်လာတယ် 0:06:07.000,0:06:10.000 အိန္ဒိယမှာ ကျောင်းပညာ တိုးတက်ဖို့အတွက်ပါ 0:06:10.000,0:06:13.000 အဲဒါနဲ့ နယူးကက်စ်တယ်လ် ကနေ ကျွန်တော့်ကို ဖုန်းဆက်တယ်၊ ကျွန်တော်က ပြောလိုက်တယ် "ငါ အဲဒါကို ဒေလီကနေ လုပ်မယ်" လို့ 0:06:13.000,0:06:15.000 သူတို့ကပြောတယ် 0:06:15.000,0:06:18.000 "တက္ကသိုလ်က ပိုက်ဆံ ပေါင် ၁-သန်းလောက်ကို 0:06:18.000,0:06:20.000 အိန္ဒိယမှာ ထိုင်ပြီး ကိုင်တွယ်ဖို့ မဖြစ်နိုင်ဘူး"ပေါ့ 0:06:20.000,0:06:22.000 အဲဒါနဲ့ ၂၀၀၆-ခုနှစ်မှာ 0:06:22.000,0:06:24.000 ကျွန်တော် အပေါ်ရုံ ကုတ်အင်္ကျိအလေးကြီးဝယ်ပြီး 0:06:24.000,0:06:26.000 နယူးကက်စ်တယ်လ် ကို ပြောင်းသွားခဲ့တယ် 0:06:27.000,0:06:29.000 ကျွန်တော်က ဒီစနစ်ရဲ့ 0:06:29.000,0:06:31.000 အကန့်အသတ်တွေကို စမ်းသပ်စစ်ဆေးချင်တယ် 0:06:31.000,0:06:33.000 နယူးကက်စ်တယ်လ် မှာ ကျွန်တော်ထွင်ခဲ့တဲ့ ပထမဆုံး စမ်းသပ်မှုကို 0:06:33.000,0:06:35.000 တကယ်တော့ အိန္ဒိယမှာ လုပ်ဖြစ်တာပါ 0:06:35.000,0:06:38.000 ကျွန်တော့်ဖာသာ မဖြစ်နိုင်တဲ့ ရည်မှန်းချက် ချတယ် 0:06:38.000,0:06:41.000 တမီလ် စကားပြောတဲ့ 0:06:41.000,0:06:43.000 ၁၂-နှစ် ကလေးတွေ 0:06:43.000,0:06:46.000 အိန္ဒိယတောင်ပိုင်း ရွာကလေးကနော် 0:06:46.000,0:06:48.000 သူတို့ကိုယ်ကို ဇီဝနည်းပညာ ဘာသာရပ်ကို 0:06:48.000,0:06:50.000 သူတို့ဖာသာ အင်္ဂလိပ်လို သင်နိုင်သလား ဆိုတာ 0:06:50.000,0:06:53.000 ကျွန်တော် တွေးကြည့်တယ်၊ သူတို့ကို စာစစ်မယ်၊ သူတို့ သုည ရမယ် 0:06:53.000,0:06:55.000 ကျွန်တော် သူတို့ကို ပစ္စည်းတွေပေးမယ်၊ ပြန်လာပြီး သူတို့ကို စာထပ်စစ်မယ် 0:06:55.000,0:06:57.000 သူတို့ နောက် သုည ထပ်ရမယ် 0:06:57.000,0:07:01.000 ကျွန်တော်ပြန်လာမယ်၊ ပြီးရင် ပြောမယ် "ဟုတ်ပါတယ်၊ တစ်ချို့အရာတွေအတွက်တော့ ကျွန်တော်တို့ ဆရာတွေ လိိုတယ်" ပေါ့ 0:07:01.000,0:07:03.000 ဒီလိုနဲ့ ကလေး ၂၆-ယောက် ကိုခေါ်လိုက်တယ် 0:07:03.000,0:07:05.000 သူတို့အားလုံး အဲဒီထဲကိုဝင်လာတော့ ကျွန်တော်သူတို့ကိုပြောတယ် 0:07:05.000,0:07:07.000 ဒီကွန်ပျူတာမှာ တကယ့်ကို ခက်ခဲတဲ့ စာတွေရှိနေတယ် 0:07:07.000,0:07:10.000 မင်းတို့ ဘာမှ နားမလည်ခဲ့ရင်လည်း ငါကတော့ အံ့သြမှာ မဟုတ်ပါဘူး 0:07:10.000,0:07:13.000 အဲဒါက အားလုံး အင်္ဂလိ်ပ်လို ရေးထားတာ၊ ကဲ ငါတော့သွားပြီ လို့ 0:07:13.000,0:07:15.000 (ရယ်မောသံများ) 0:07:15.000,0:07:17.000 အဲဒါနဲ့ ကျွန်တော် သူတို့ကို ကျွန်ပျူတာနဲ့ ထားခဲ့တယ် 0:07:17.000,0:07:19.000 ကျွန်တော် ၂-လ အကြာမှာ ပြန်လာတယ် 0:07:19.000,0:07:21.000 ကလေး ၂၆-ယောက် က အရမ်းကို ငြိမ်သက်နေကြတဲ့ပုံစံတွေနဲ့ ချီတက်ဝင်လာကြတယ် 0:07:21.000,0:07:24.000 ကျွန်တော်က ပြောတယ် "မင်းတို့တွေ အထဲကဟာတွေကို ကြည့်ဖြစ်ကြလား" ဆိုတော့ 0:07:24.000,0:07:26.000 သူတို့က ပြောတယ် "ဟုတ်ကဲ့၊ ကျွန်တော်တို့ ကြည့်ဖြစ်ပါတယ်" တဲ့ 0:07:26.000,0:07:29.000 "မင်းတို့ တခုခုများ နားလည်ကြသလား" ဆိုတော့ "ဟင့်အင်း၊ နားမလည်ဘူး" တဲ့ 0:07:29.000,0:07:31.000 အဲဒါနဲ့ ကျွန်တော်က ပြောတယ် 0:07:31.000,0:07:33.000 "ဒါဆိုရင် မင်းတို့ အဲဒါကို ဘယ်လောက်ကြာကြာ လေ့ကျင့်ကြသတုံး 0:07:33.000,0:07:35.000 မင်းတို့ ဘာမှနားမလည်ဘူးဆိုတာကို မဆုံးဖြတ်ခင်" ပေါ့ကွာ ဆိုတော့ 0:07:35.000,0:07:38.000 သူတို့ကပြောတယ် "ကျွန်တော်တို့ အဲဒါကို နေ့တိုင်းကြည့်တယ်" တဲ့ 0:07:38.000,0:07:40.000 အဲဒါနဲ့ ကျွန်တော်က ပြောတယ် "၂-လ လုံးလုံး၊ မင်းတို့နားမလည်တဲ့ ဟာတွေကို ကြည့်နေကြတယ်ပေါ့" ဆိုတော့ 0:07:40.000,0:07:42.000 အဲဒီကျမှ ၁၂-နှစ် အရွယ် မိန်းကလေးတစ်ယောက် က သူ့လက်ကို ထောင်ပြီး ပြောတယ် 0:07:42.000,0:07:44.000 စာဆန်ဆန်နဲ့ 0:07:45.000,0:07:48.000 "ဒီအင်န်အေ မော်လီကျူးတွေကို မမှန်မကန် ပွားယူမိရင် 0:07:48.000,0:07:50.000 မျိုးရိုးဗီဇဆိုင်ရာ ရောဂါတွေကို ဖြစ်စေတတ်တယ် ဆိုတာကလွဲရင် 0:07:50.000,0:07:52.000 ကျွန်မတို့ ဘာမှ နားမလည်ပါဘူး" တဲ့ 0:07:52.000,0:07:54.000 (ရယ်မောသံများ) 0:07:54.000,0:08:01.000 (လက်ခုပ်သံများ) 0:08:01.000,0:08:04.000 (ရယ်မောသံများ) 0:08:04.000,0:08:06.000 ဒီအကြောင်းကို ထုတ်ဝေဖို့ ကျွန်တော် ၃-နှစ်လောက်ကြာတယ် 0:08:06.000,0:08:09.000 အဲဒါကို ဘရစ်တစ်ရှ် ပညာရေးနည်းပညာ ဂျာနယ်ထဲမှာလည်း မကြာခင်က ထည့်သွင်းထုတ်ဝေထားပါတယ် 0:08:09.000,0:08:12.000 ဒီစာတမ်းကို အကဲဖြတ်ပေးတဲ့ အကဲဖြတ်တစ်ယောက်က 0:08:12.000,0:08:15.000 "အဲဒါက အမှန်လို့ ပြောဖို့ ကောင်းလွန်းနေတယ်" တဲ့ 0:08:15.000,0:08:17.000 ဒီလိုပြောသွားတာ တကယ်တော့ သိပ်မကောင်းပါဘူး 0:08:17.000,0:08:19.000 မိန်းကလေးတွေထဲက တစ်ယောက်က 0:08:19.000,0:08:21.000 ဆရာမ ဖြစ်လာအောင် သူ့ဖာသာ သင်ယူတယ် 0:08:21.000,0:08:23.000 ဟိုနားက ဟာက သူပဲ 0:08:31.000,0:08:33.000 သတိရနော်၊ သူတို့ အင်္ဂလိပ်စာ မတတ်ဘူး 0:08:46.000,0:08:49.000 နောက်ဆုံးနားလေးမှာ ကျွန်တော် "နျူရွန် ဘယ်မှာလဲလို့" မေးထားတားလေးကို ဂျာနယ်ထဲမှာ တည်းဖြတ်ထည့်သွင်းထားပါတယ် 0:08:49.000,0:08:51.000 သူက ပြောတယ် "နျူရွန်၊ နျူရွန်၊" 0:08:51.000,0:08:54.000 သူ လျှောက်ကြည့်ပြီး ဒါမျိုး လုပ်လိုက်တယ် 0:08:54.000,0:08:57.000 ဘယ်လိုအမူအရာပဲ ဖြစ်ဖြစ် သိပ်တော့ မကောင်းပါဘူး 0:08:57.000,0:09:00.000 သူတို့ ရမှတ်တွေက သုည ကနေ ၃၀ ရာနှုန်း အထိ တက်သွားတယ် 0:09:00.000,0:09:03.000 ဒါမျိုးဆိုတာ ဒီအနေအထားမှာ ပညာရေးအရ မဖြစ်နိုင်တဲ့ ကိစ္စရပ် တစ်ခုပါ 0:09:03.000,0:09:06.000 ဒါပေမယ့် ၃၀ ရာနှုန်းဆိုတာ အောင်မှတ် မဟုတ်သေးပါဘူး 0:09:06.000,0:09:08.000 အဲဒါနဲ့ သူတို့မှာ သူငယ်ချင်းတစ်ယောက် ကျွန်တော် တွေ့မိတယ် 0:09:08.000,0:09:10.000 မိန်းကလေးတစ်ယောက်၊ သူက ဒေသခံ စာရင်းကိုင် 0:09:10.000,0:09:12.000 သူတို့က ဒီမိန်းကလေးနဲ့ ဘောလုံးကန်ကြတာ 0:09:12.000,0:09:14.000 ကျွန်တော်က အဲဒီ မိန်းကလေးကို မေးတယ် "မင်း သူတို့ကို 0:09:14.000,0:09:16.000 ဇီဝနည်းပညာ ဘာသာရပ်ကို အောင်မှတ်ရအောင် သင်ပေးနိုင်မလား" ဆိုတော့ 0:09:16.000,0:09:18.000 သူက ပြောတယ် "ကျွန်မ ဘယ်လို သင်မတုန်း၊ ကျွန်မမှ ဒီဘာသာရပ်ကို မသိတာ" တဲ့ 0:09:18.000,0:09:20.000 ကျွန်တော်က ပြောတယ် "ရတယ်၊ အဖွားရဲ့နည်းလမ်း ကိုသုံးပါ" ဆိုတော့ 0:09:20.000,0:09:22.000 သူကမေးတယ် "အဲဒါက ဘာလဲ" တဲ့ 0:09:22.000,0:09:24.000 ကျွန်တော်က ပြောတယ် "မင်းလုပ်ရမှာကတော့ 0:09:24.000,0:09:26.000 သူတို့ အနောက်မှာ ရပ်ပြီး 0:09:26.000,0:09:29.000 တစ်ချိန်လုံး သူတို့ကို ယုံကြည်ကိုးစားအောင် လုပ်ဖို့ပဲ 0:09:29.000,0:09:31.000 သူတို့ကို ဒါလေးက ကောင်းတယ်နော်၊ ဒါလေးက စိတ်ဝင်စားစရာလေး 0:09:31.000,0:09:34.000 အဲဒါက ဘာလဲ၊ ပြန်ထပ်လုပ်ပြလို့ ရမလား၊ ငါ့ကို နည်းနည်းလောက် ထပ်လုပ်ပြ နိုင်မလား ဆိုတာလေးတွေ ပြောပေးရုံပဲ" လို့ဆိုတော့မှ 0:09:34.000,0:09:36.000 သူက အဲဒါကို ၂ လလောက် လုပ်ပေးတယ် 0:09:36.000,0:09:38.000 ရမှတ်တွေက ၅၀ အထိ တက်သွားတယ် 0:09:38.000,0:09:40.000 အဲဒီရမှတ်မျိုးက နယူးဒေလီ လူကုံထံ ကျောင်းတွေမှာ 0:09:40.000,0:09:43.000 လေ့ကျင့်ထားတဲ့ ဇီဝနည်းပညာ ဆရာတွေသင်ပေးမှ ရတဲ့အမှတ်မျိုး 0:09:43.000,0:09:45.000 အဲဒါနဲ့ ကျွန်တော် နယူးကက်စ်တယ်လ်ကို ပြန်လာတယ် 0:09:45.000,0:09:47.000 ဒီ ရလဒ်တွေနဲ့ အတူပေါ့ 0:09:47.000,0:09:49.000 ပြီးတော့ ဆုံးဖြတ်ခဲ့တယ် 0:09:49.000,0:09:51.000 ဒီနေရာမှာ တစ်ခုခုတော့ ဖြစ်နေပြီပေါ့ 0:09:51.000,0:09:54.000 အဲဒါက သေချာပေါက်ကို ကြီးကျယ် လာနေပြီ ပေါ့ 0:09:55.000,0:09:58.000 ဒီလိုနဲ့ ဝေးလံတဲ့ နေရာမျိုးစုံမှာ လက်တွေ့ စမ်းသပ်မှုတွေလုပ်ပြီး 0:09:58.000,0:10:01.000 အဝေးလံဆုံးလို့ ကျွန်တော်ထင်မိ်တဲ့ နေရာတစ်ခုကို လာတယ် 0:10:01.000,0:10:03.000 (ရယ်သံများ) 0:10:04.000,0:10:07.000 ဒေလီကနေ ခန့်မှန်းခြေ မိုင် ၅၀၀၀ လောက် ဝေးတဲ့ 0:10:07.000,0:10:09.000 ဂိတ်စ်ဟဒ် မြို့ငယ်လေးပါ 0:10:09.000,0:10:12.000 ဂိတ်စ်ဟဒ် မှာ ကျွန်တော် ကလေး ၃၂-ယောက် ခေါ်ပြီး 0:10:12.000,0:10:15.000 ဒီနည်းလမ်းကို စပြီး အချောသတ်တယ် 0:10:15.000,0:10:18.000 ကျွန်တော် သူတို့ကို ၄-ယောက် တစ်အုပ်စု ဖွဲ့လိုက်တယ် 0:10:18.000,0:10:20.000 ကျွန်တော် ပြောတယ် "မင်းတို့ ၄-ယောက်ပါတဲ့ အဖွဲ့လေးတွေ ကိုယ်စီ ဖွဲ့ကြ 0:10:20.000,0:10:23.000 အဲဒီ ၄-ယောက် တစ်အုပ်စုက ကွန်ပျူတာ တစ်လုံး သုံးလို့ရမယ်၊ ကွွန်ပျူတာ ၄-လုံး မဟုတ်ဘူးနော်" လို့ 0:10:23.000,0:10:26.000 နံရံပေါ်မှအပေါက် ဆိုတဲ့ ကစားနည်းကို သတိရကြပါ 0:10:26.000,0:10:28.000 "မင်းတို့ အဖွဲ့တွေ ပြောင်းချင်ရင် ပြောင်းလို့ရတယ် 0:10:28.000,0:10:30.000 မင်းတို့ တခြား အုပ်စုတွေထဲကို သွားလို့လည်းရတယ် 0:10:30.000,0:10:32.000 ကိုယ့် အုပ်စုကို မကြိုက်ဘူးဆိုရင်၊ စသဖြင့်ပေါ့ 0:10:32.000,0:10:35.000 မင်းတို့ တခြား အုပ်စုတွေဆီသွားလို့ရတယ်၊ သူတို့ ပုခုံးပေါ်က ကျော်ပြီး သူတို့ ဘာလုပ်နေလဲဆိုတာ ကြည့်လို့ရတယ်၊ 0:10:35.000,0:10:38.000 ပြီးရင် ကိုယ့်အုပ်စုဆီပြန်လာ၊ အဲဒါကို ကိုယ်လုပ်ထားတဲ့ဟာ ဆိုပြီး ပြောရင်လဲရတယ်" လို့ 0:10:38.000,0:10:40.000 ကျွန်တော် သူတိို့ကို ရှင်းပြတယ် 0:10:40.000,0:10:43.000 မင်းတို့ သိရဲ့လားပေါ့၊ သိပ္ပံသုတေသန တော်တော်များများက အဲဒီနည်းလမ်းကိုသုံးပြီး ရလာတာ လို့ 0:10:43.000,0:10:45.000 (ရယ်မောသံများ) 0:10:45.000,0:10:50.000 (လက်ခုပ်ဩဘာသံများ) 0:10:52.000,0:10:54.000 ကလေးတွေက တက်တက်ကြွကြွနဲ့ ကျွန်တော့်ကိုဝိုင်းပြီး ပြောတယ် 0:10:54.000,0:10:56.000 "အခု ကျွန်တော်တို့ကို ဘာလုပ်စေချင်တာလဲ" တဲ့ 0:10:56.000,0:10:59.000 ကျွန်တော်က သူတို့ကို ဂျီစီအက်စ်အီး အထက်တန်းအဆင့်စာမေးပွဲ မေးခွန်း ၆-ခု ပေးလိုက်တယ် 0:10:59.000,0:11:01.000 ပထမအုပ်စုက အတော်ဆုံး အုပ်စု 0:11:01.000,0:11:03.000 မိနစ် ၂၀ ထဲနဲ့ အားလုံးကို ဖြေရှင်းနိုင်တယ် 0:11:03.000,0:11:06.000 အညံ့ဆုံးအုပ်စုကတော့ ၄၅ မိနစ်ကြာတယ် 0:11:06.000,0:11:08.000 သူတို့က သူတို့ သိသမျှဟာ အကုန်လုံးကို အသုံးချတယ် 0:11:08.000,0:11:10.000 သတင်းအုပ်စုတွေ၊ ဂူဂဲလ်၊ ၀ီကီပီးဒီးယား 0:11:10.000,0:11:12.000 အက်စ် ဂျိဗ်စ်၊ စသဖြင့်ပေါ့ 0:11:12.000,0:11:15.000 ဆရာတွေက ပြောတယ် "ဒါ နက်နက်နဲနဲ လေ့လာတာမျိုးလား" တဲ့ 0:11:15.000,0:11:17.000 ကျွန်တော်က ပြောတယ် "အင်း၊ စမ်းကြည့်တာပေါ့ဗျာ" လို့ 0:11:17.000,0:11:19.000 ကျွန်တော် ၂-လ အကြာမှာ ပြန်လာမယ် 0:11:19.000,0:11:21.000 သူတို့ကို ရေးဖြေ စာမေးပွဲ စစ်မယ် 0:11:21.000,0:11:23.000 ကွန်ပျူတာ မသုံးရဘူး၊ အချင်းချင်း စကားမပြောရဘူး၊ စသဖြင့်" ပေါ့ 0:11:23.000,0:11:25.000 ကွန်ပျူတာတွေ၊ အုပ်စုတွေနဲ့ ကျွန်တော်လုပ်ခိုင်းလို့ ရလာတဲ့ ပျမ်းမျှ ရမှတ်က 0:11:25.000,0:11:27.000 ၇၆ ရာနှုန်းပါ 0:11:27.000,0:11:29.000 ကျွန်တော် စမ်းသပ်မှုလုပ်တဲ့အချိန်၊ စာမေးပွဲ စစ်တဲ့အချိန်က 0:11:29.000,0:11:32.000 ၂-လ အကြာမှ စစ်တာနော်၊ ရမှတ်က 0:11:32.000,0:11:35.000 ၇၆ ရာနှုန်းပဲ 0:11:35.000,0:11:37.000 ပုံရိပ်တွေကို ပြန်မှတ်မိ်တာမျိုးက 0:11:37.000,0:11:39.000 ကလေးဆီတွေမှာ ရှိနေတယ် 0:11:39.000,0:11:42.000 သူတို့က အချင်းချင်း ဆွေးနွေးကြတဲ့အတွက်ကြောင့်လို့ ကျွန်တော် သံသယဖြစ်မိတယ် 0:11:42.000,0:11:44.000 ကလေးတစ်ဦးချင်းစီ ကွန်ပျူတာတစ်လုံး ရှေ့မှာ ဖြေရင် 0:11:44.000,0:11:46.000 ဒါမျိုး လုပ်နိုင်မှာ မဟုတ်ဘူး 0:11:46.000,0:11:48.000 ကျွန်တော့်မှာ တခြားရလဒ်တွေလည်း ရှိသေးတယ် 0:11:48.000,0:11:50.000 အဲဒါတွေကတော့ လုံးလုံး မယုံနိုင်စရာပဲ 0:11:50.000,0:11:52.000 ရမှတ်တွေက အချိန်နဲ့အမျှ တက်နေတာ 0:11:52.000,0:11:54.000 သူတို့ ဆရာတွေက ပြောတယ် 0:11:54.000,0:11:56.000 ဒီ စမ်းသပ်မှု ပြီးသွားတဲ့နောက်မှာ 0:11:56.000,0:11:59.000 ကလေးတွေက ဂူဂဲလ်မှာ တခြားဟာတွေ ဆက်ပြီး ရှာကြတယ်တဲ့ 0:11:59.000,0:12:01.000 ဒီ ဘရစ်တိန်မှာ ကျွန်တော် 0:12:01.000,0:12:03.000 ဘရစ်တစ်ရှ် ဘွားဘွားတွေကို ဖိတ်ခေါ်မှုတစ်ခု ထုတ်လိုက်တယ် 0:12:03.000,0:12:05.000 ကျွန်တော့်ရဲ့ ကပ်ပမ်မြို့က စမ်းသပ်မှု အပြီးမှာပါ 0:12:05.000,0:12:07.000 သိကြတဲ့အတိုင်းပဲ 0:12:07.000,0:12:09.000 ဘရစ်တစ်ရှ်က ဘွားဘွားတွေက တကယ့်ကို တက်ကြွတဲ့ သူတွေဗျာ 0:12:09.000,0:12:11.000 အယောက် ၂၀၀ လောက် ချက်ချင်းပဲ လုပ်အားပေးတာ 0:12:11.000,0:12:13.000 (ရယ်မောသံများ) 0:12:13.000,0:12:16.000 အပေးအယူကတော့ သူတို့က ကျွန်တော့်ကို 0:12:16.000,0:12:18.000 ဘရော့ဒ်ဘန်းဒ် အင်တာနက် ၁-နာရီ ပေးရမယ် 0:12:18.000,0:12:20.000 သူတို့အိမ်မှာ ထိုင်ပြီးတော့ပေါ့ 0:12:20.000,0:12:22.000 တစ်ပတ်မှာ တစ်ရက်ထဲ 0:12:22.000,0:12:24.000 သူတို့က အဲဒါကို လုပ်ပေးကြတယ် 0:12:24.000,0:12:26.000 ပြီးခဲ့တဲ့ ၂-နှစ်ကျော်ကျော် အတွင်းမှာ 0:12:26.000,0:12:28.000 နာရီပေါင်း ၆၀၀-ကျော် စာသင်ကြားမှုကို 0:12:28.000,0:12:30.000 Skype ကနေ လုပ်ဖြစ်ခဲ့ကြတယ် 0:12:30.000,0:12:33.000 ကျွန်တော့် ကျောင်းသားတွေခေါ်နေကြတဲ့ ဘွားဘွားအစုအဝေး ကို အသုံးပြုပြီးတော့ပေါ့ဗျာ 0:12:33.000,0:12:36.000 ဘွားဘွား အစုအဝေး က ဟိုမှာ ထိုင်နေတယ် 0:12:36.000,0:12:39.000 သူတို့ကို ကျွန်တော် ပို့ချင်တဲ့ ကျောင်းကိုရောက် အောင် ထုတ်လွှင့်ပေးလို့ရတယ် 0:12:45.000,0:12:47.000 ဆရာမ း မင်း ငါ့ကို ဖမ်းလို့ မမိဘူး 0:12:47.000,0:12:50.000 ပြောကြည့်ပါ 0:12:50.000,0:12:53.000 မင်းငါ့ကို ဖမ်းလို့မမိဘူး 0:12:53.000,0:12:56.000 ကလေးများ း မင်းငါ့ကို ဖမ်းလို့ မမိဘူး 0:12:56.000,0:12:59.000 ဆရာမ း ငါက ဂျင်းပေါင်မုန့်နဲ့ လုပ်ထားတဲ့ မုန့်လူသားကွ 0:12:59.000,0:13:01.000 ကလေးများ း ငါက ဂျင်းပေါင်မုန့်နဲ့ လုပ်ထားတဲ့ မုန့်လူသားကွ 0:13:01.000,0:13:03.000 ဆရာမ း ကောင်းတယ်၊ အရမ်းတော်တယ် 0:13:09.000,0:13:11.000 ဂိတ်စ်ဟဒ် ကို ပြန်ရောက် သွားတာပါ 0:13:11.000,0:13:13.000 ၁၀-နှစ် ကလေးမလေးက ဟိန္ဒူဘာသာရဲ့ အနှစ်သာရအကြောင်းတွေကို 0:13:13.000,0:13:15.000 ၁၅ မိနစ်ထဲနဲ့ ရောက်သွားတယ် 0:13:15.000,0:13:18.000 ကျွန်တော် တစ်လုံးမှ မသိတဲ့ အကြောင်းအရာတွေဗျာ 0:13:21.000,0:13:23.000 ကလေး ၂-ယောက် TED ဟောပြောပွဲကို ကြည့်တယ် 0:13:23.000,0:13:25.000 အရင်တုန်းက သူတို့က ဘောလုံးသမားတွေ ဖြစ်ချင်ခဲ့တာ 0:13:25.000,0:13:27.000 TED ဟောပြောပွဲ ၈-ခု လည်း ကြည့်ပြီးရော 0:13:27.000,0:13:30.000 သူက လီယိုနာဒို ဒါဗင်ချီ ဖြစ်ချင်လာတယ် 0:13:30.000,0:13:33.000 (ရယ်မောသံများ) 0:13:33.000,0:13:36.000 (လက်ခုပ်ဩဘာသံများ) 0:13:36.000,0:13:38.000 ဒါ အတော့်ကို ရိုးရှင်းတဲ့ ကိစ္စပါ 0:13:38.000,0:13:40.000 ဒါကတော့ အခု ကျွန်တော် ဆောက်နေတဲ့ဟာ 0:13:40.000,0:13:43.000 ဒါတွေကို ဆိုးလ် (SOLE) လို့ခေါ်တယ်၊ မိမိဖာသာစုစည်းလေ့လာသင်ယူနိုင်သော ရပ်ဝန်းများ ပေါ့ 0:13:43.000,0:13:45.000 ပရိဘောဂတွေကို ဒီဇိုင်း လုပ်ထားတဲ့ပုံက 0:13:45.000,0:13:48.000 စွမ်းအားမြင့်ပြီး ကြီးမားတဲ့ ဖန်သားပြင်တွေနဲ့ရှေ့မှာ 0:13:48.000,0:13:51.000 ကြီးမားတဲ့ ဘရော့ဒ်ဘန်း ဆက်သွယ်ရေးတွေနဲ့ ကလေးတွေ အုပ်စုလိုက် ထိုင်လို့ရအောင် လုပ်ပေးထားတာပါ 0:13:51.000,0:13:54.000 သူတို့ အလိုရှိရင် ဘွားဘွားများ အစုအဝေး ကို သူတို့ လှမ်းခေါ်လို့ရတယ် 0:13:54.000,0:13:56.000 ဒါက နယူးကက်စ်တယ်လ် က ဆိုးလ် (SOLE) ပါ 0:13:56.000,0:13:58.000 ကြားခံပေးတဲ့သူက အိန္ဒိယ က 0:13:58.000,0:14:01.000 အဲဒီတော့ ကျွန်တော်တို့ ဘယ်လောက် ဝေးဝေး သွားလို့ရမလဲ၊ ကျွန်တော် နောက်ဆုံးဟာလေးတစ်ခု နည်းနည်းလောက်ပြောပြီးရင်တော့ ရပ်ပါမယ် 0:14:01.000,0:14:04.000 ကျွန်တော် မေလက အီတလီနိုင်ငံ ကျုးရင်န်မြို့ ကိုသွားတယ် 0:14:05.000,0:14:08.000 ကျွန်တော့်ရဲ့ ၁၀-နှစ်သား ကျောင်းသားတွေ အုပ်စုမှာရှိနေတဲ့ ဆရာအားလုံးကို ကျွန်တော် အဝေးကိုပို့ထားလိုက်တယ် 0:14:09.000,0:14:12.000 ကျွန်တော်က အင်္ဂလိပ်စကားပဲပြောတယ်၊ သူတို့ကလည်း အီတလီစကားပဲ ပြောတယ် 0:14:12.000,0:14:14.000 ဒီတော့ ကျွန်တော်တို့မှာ ဆက်သွယ်ဖို့ မဖြစ်နိုင်ဘူး 0:14:14.000,0:14:17.000 ကျွန်တော်က သင်ပုန်းပေါ်မှာ အင်္ဂလိပ်လို မေးခွန်းတွေ စရေးတယ် 0:14:18.000,0:14:20.000 ကလေးတွေက အဲဒါတွေကို ကြည့်ပြီး ပြောတယ် "ဘာတွေလဲ" ပေါ့ 0:14:20.000,0:14:22.000 ကျွန်တော်က ပြောလိုက်တယ် "အင်း၊ လိုက်လုပ်ကြည့်" လို့ 0:14:22.000,0:14:25.000 သူတို့က အဲဒါကို ဂူဂဲလ်ထဲ ရိုက်ထဲ့ပြီး အီတလီဘာသာကို ပြန်တယ် 0:14:25.000,0:14:27.000 ပြီးရင် အီတလီဘာသာနဲ့ ဂူဂဲလ်ကို ပြန်သွားတယ် 0:14:27.000,0:14:30.000 ၁၅-မိနစ် အကြာမှာ ရသွားတယ် 0:14:37.000,0:14:40.000 နောက်မေးခွန်းတစ်ခု က "ကယ်လ်ကတ်တား ဘယ်မှာလဲ" ဆိုတဲ့ မေးခွန်း 0:14:42.000,0:14:45.000 ဒီတစ်ခုကျတော့ သူတို့ ၁၀-မိနစ်ပဲ ကြာတယ် 0:14:49.000,0:14:52.000 ကျွန်တော် တကယ်ခက်တဲ့ဟာတစ်ခု ထပ်ပေးလိုက်တယ် 0:14:52.000,0:14:55.000 ပိုက်သာဂိုးရက်စ် ဆိုတာ ဘယ်သူလဲ၊ သူက ဘာလုပ်သလဲ ပေါ့ 0:14:57.000,0:14:59.000 အဲဒီမှာ ခဏလောက် တိတ်ဆိတ်သွားတယ် 0:14:59.000,0:15:01.000 ပြီးတော့မှ သူတို့က ပြောတယ် "စာလုံးပေါင်း မှားပေါင်းထားတယ် 0:15:01.000,0:15:04.000 အဲဒါ ပီတာဂိုးရ" တဲ့ 0:15:08.000,0:15:10.000 နောက်ထပ် 0:15:10.000,0:15:12.000 မိနစ်-၂၀ အကြာမှာ 0:15:12.000,0:15:14.000 ထောင့်မှန်တြိဂံတွေ ကွန်ပျူတာ ဖန်သားပြင်မှာ စပြီး ပေါ်လာကြတယ် 0:15:14.000,0:15:17.000 အဲဒါက ကျွန်တော့် ကျောရိုးတစ်လျှောက်ကို တုန်တက်သွားစေတယ် 0:15:17.000,0:15:19.000 ဒါ ၁၀-နှစ် ကလေးလေးတွေနော် 0:15:32.000,0:15:35.000 စာသား း နောက် မိနစ်-၃၀ တွင် သူတို့ နှိုင်းရသီအိုရီ ကို ရောက်ချင်ရောက်သွားနိုင်သည်၊ ထို့နောက်..။ 0:15:35.000,0:15:37.000 (ရယ်မောသံများ) 0:15:37.000,0:15:46.000 (လက်ခုပ်ဩဘာသံများ) 0:15:46.000,0:15:48.000 အဲဒီတော့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အားလုံး သိကြပါပြီ 0:15:48.000,0:15:50.000 ကျွန်တော်ထင်တယ် ကျွန်တော်တို့ 0:15:50.000,0:15:52.000 သူ့အလိုလိုစုစည်းတတ်တဲ့ စနစ်တစ်ခုကို အမှတ်မထင် တွေ့ရှိခဲ့ပါတယ် 0:15:52.000,0:15:54.000 သူ့အလိုလိုစုစည်းတတ်တဲ့ စနစ်ဆိုတာ 0:15:54.000,0:15:56.000 အဲဒီစနစ်မှာ ဖွဲ့စည်းပုံတစ်ခု ပေါ်ပေါက်လာမယ် 0:15:56.000,0:15:59.000 အပြင်ကနေ တိကျပြတ်သားတဲ့ စွက်ဖက်မှု မရှိဘူး 0:15:59.000,0:16:02.000 သူ့အလိုလိုစုစည်းတတ်တဲ့ စနစ်တွေဟာ အမြဲဆိုသလို ပေါ်ထွက်မှုအသစ်တွေ ပြနေမယ် 0:16:02.000,0:16:04.000 ဘယ်လိုမျိုးလဲဆိုရင် ဒီစနစ်က ကိစ္စတွေကို သူ့ဖာသာစပြီးလုပ်မယ် 0:16:04.000,0:16:06.000 စနစ်ကို အဲဒီလို ဒီဇိုင်းထုတ်ထားတာတော့မဟုတ်ဘူး 0:16:06.000,0:16:08.000 ဒါကြောင့်လည်း ကိုယ်လုပ်နေကြအတိုင်း တုံ့ပြန်ကြတာ 0:16:08.000,0:16:11.000 သူက မဖြစ်နိုင်တဲ့ပုံ ပေါ်နေတာကိုး 0:16:11.000,0:16:14.000 အခုဆိုရင် ကျွန်တော် ခန့်မှန်းချက် တစ်ခု လုပ်လို့ရပြီလို့ထင်တယ် 0:16:14.000,0:16:16.000 ပညာရေးဆိုတာ သူ့အလိုလိုစုစည်းစီစဉ်တတ်တဲ့ စနစ်တစ်ခုပါ 0:16:16.000,0:16:18.000 အဲဒီမှာ သင်ယူလေ့လာခြင်းဆိုတာက ပေါ်ထွက်လာတဲ့ ဖြစ်ရပ် 0:16:18.000,0:16:20.000 စမ်းသပ်မှုတွေအရဆိုရင်တော့ ဒါကို သက်သေပြဖို့ နှစ် နည်းနည်းကြာဦးမယ် 0:16:20.000,0:16:22.000 ဒါပေမယ့် ကျွန်တော်ကတော့ ကြိုးစားကြည့်မှာ 0:16:22.000,0:16:25.000 ဒါပေမယ့် လောလောဆယ်မှာ နည်းလမ်းတစ်ခုတော့ ရှိပါတယ် 0:16:25.000,0:16:28.000 ကလေးပေါင်း သန်း ၁-ထောင်အတွက် ကြားခံကူညီပေးတဲ့သူ သန်း-၁၀၀ လောက် ကျွန်တော်တို့ လိုတယ် 0:16:28.000,0:16:30.000 ကမ္ဘာမှာ အဲဒီထက်မက အများကြီးရှိတယ် 0:16:30.000,0:16:32.000 ဆိုးလ် အရေအတွက် ၁၀-သန်း၊ 0:16:32.000,0:16:35.000 ဒေါ်လာ သန်းထောင်ပေါင်း ၁၈၀ နဲ့ နှစ်ပေါင်း ၁၀-နှစ် ဆိုရင် 0:16:36.000,0:16:38.000 ကျွန်တော်တို့ အရာအားလုံးကို ပြောင်းလဲပစ်လိုက် နိုင်ပါတယ် 0:16:38.000,0:16:40.000 ကျေးဇူးတင်ပါတယ် 0:16:40.000,0:16:51.000 (လက်ခုပ်ဩဘာသံများ)