ငယ်ငယ်တုန်းကတော့ကျွန်မနိုင်ငံက
ကမ္ဘာပေါ်မှာအကောင်းဆုံးနိုင်ငံလို့ထင်ခဲ့တာ
"မနာလိုစရာဘာမှမရှိဘူး"ဆိုတဲ့
သီချင်းကို ဆိုပြီး ကြီးလာခဲ့တာ။
အရမ်းလည်း ဂုဏ်ယူခဲ့တယ်။
Kim ll-Sung ရဲ့ သမိုင်းကို သင်ရင်း
အချိန်တွေ အများကြီး ကုန်ခဲ့တယ်
ဒါပေမဲ့ အပြင်ကမ္ဘာအကြောင်းကို
တစ်ခါမှ မသင်ခဲ့ဖူးဘူး။
အမေရိကား၊ တောင်ကိုရီးယားနဲ့
ဂျပန်ဟာ ရန်သူတွေ ဆိုတာကလွဲလို့ပေါ့
အပြင်ကမ္ဘာအကြောင်း ခဏခဏတွေးဖူးပေမဲ့
တစ်ဘဝလုံး မြောက်ကိုရီးယားမှာပဲ
ကုန်ဆုံးရမယ်လို့ ထင်ခဲ့တယ်
အရာအားလုံး ရုတ်တရက်
မပြောင်းလဲသွားခင်အထိပေါ့
အသက် ခုနှစ်နှစ်မှာ သေဒဏ်
စီရင်တာကို မြင်ခဲ့တယ်။
ဒါပေမဲ့ မြောက်ကိုရီးယားက
ဘဝကို ပုံမှန်ပဲလို့ ထင်နေခဲ့တာ
မိသားစုက ဆင်းရဲတဲ့သူတွေ မဟုတ်ဘူး
ကျွန်မကိုယ်တိုင်လည်း တစ်ခါမှ မငတ်ခဲ့ဖူးဘူး
ဒါပေမဲ့ ၁၉၉၅ က တစ်နေ့မှာတော့
အမေက လုပ်ဖော်ကိုင်ဖက်ရဲ့ ညီမဆီက
စာတစ်စောင်ယူလာခဲ့တယ်
ဖတ်လိုက်တော့ "ဒီစာကို ဖတ်နေတဲ့ အချိန်မှာ
ငါ့မိသားစု ငါးယောက်ဟာ
ကမ္ဘာပေါ်မှာ မရှိကြတော့ဘူး
ဘာလို့ဆိုတော့ လွန်ခဲ့တဲ့ သုံးပတ်လောက်
လုံးလုံး ဘာမှမစားရလို့
ကြမ်းပြင်ပေါ်မှာ တူတူလဲှနေကြတယ်
ငါတို့တွေ အရမ်းအားနည်းနေပြီ။
သေဖို့ပဲရှိတော့တယ်။"
ကျွန်မ အရမ်းလန့်သွားတယ်
နိုင်ငံထဲကလူတွေ ဒုက္ခရောက်နေတယ်လို့
ပထမဆုံးကြားဖူးတာပဲ
သိပ်မကြာခင်မှာ ဘူတာမှာ လမ်းလျှောက်နေတုန်း
ဒီနေ့အထိ မေ့မရတဲ့ ကြောက်စရာ
မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရတယ်
မြေကြီးပေါ်မှာ မိန်းမတစ်ယောက် သေနေတာ
ပိန်ချုံးနေတဲ့ ကလေးတစ်ယောက်ကို
ပိုက်ထားသေးတယ်
ကလေးက သူ့အမေမျက်နှာကို
အားကိုးတကြီး ကြည့်နေရှာတယ်
ဘယ်သူမှ သူတို့ကို မကူညီကြဘူး
ဘာလို့ဆိုတော့ သူတို့ဟာ ကိုယ့်ကိုယ်ကိုယ်နဲ့
မိသားစုကိုပဲ ဂရုစိုက်ဖို့ ကြိုးစားနေရတာ
၁၉၉၀ အလယ်လောက်မှာ
မြောက်ကိုရီးယားမှာ အငတ်ဘေးဆိုက်တယ်
အငတ်ဘေးကြောင့် မြောက်ကိုရီးယားက
လူတစ်သန်းကျော် သေကုန်တယ်
အသက်ရှင်ကျန်ခဲ့တဲ့လူတွေက မြက်တွေ၊
သစ်ခေါက်တွေ အကောင်ပလောင်တွေကို စားရတယ်။
မီးလည်း ခဏခဏပျက်တော့တာပဲ
ညဆိုရင် မှောင်မဲနေတာပဲ
တရုတ်ဘက် ပင်လယ်က အလင်းကလွဲလို့
ဘာမှမရှိဘူး
အိမ်ဘေးက မြစ်ဆီကနေ လှမ်းမြင်ရတယ်
သူတို့ကျတော့ မီးရပြီး ငါတို့ကျတော့
ဘာလို့ မီးမရလဲ တွေးမိတယ်
ဒါက ဂြိုတ်တုကနေ ရိုက်ထားတဲ့
မြောက်ကိုရီးယားရဲ့ညပုံ
အိမ်နီးချင်းတွေနဲ့ ယှဉ်ကြည့်ပါဦး
ဒါက Amnok မြစ်
မြောက်ကိုရီးယားနဲ့ တရုတ်ကို
ခွဲခြားပေးထားတဲ့ မြစ်
တွေ့တဲ့အတိုင်းပဲ တချို့နေရာတွေမှာ
မြစ်က တော်တော်ကျဉ်းတယ်
ဒီကနေ မြောက်ကိုရီယားတွေက
တိတ်တိတ်လေး ထွက်ပြေးလို့ရတယ်
ဒါပေမဲ့ အများအပြားသေကြတယ်
တစ်ခါတစ်လေ အလောင်းတွေ
မြစ်ပေါ်မှာ ပေါ်နေတာ တွေ့ဖူးတယ်
မြောက်ကိုရီးယားက ဘယ်လိုထွက်လာခဲ့လဲ
ဆိုတာတော့ အတိအကျ မပြောပြနိုင်ဘူး
ပြောနိုင်တာက အဲဒီ အငတ်
ဘေးကျနေချိန်မှာ
တရုတ်ပြည်က အမျိုးတွေဆီ
သွားနေဖို့ ပို့ခံရတယ်
ထင်တာက မိသားစုနဲ့ ခဏပဲခွဲနေရမယ်ပေါ့
စုစုပေါင်း ဆယ်လေးနှစ်လောက်
ခွဲရလိမ့်မယ်လို့
တစ်ခါမှ မတွေးမိဖူးဘူး
တရုတ်ပြည်မှာ မိသားစုမရှိပဲ မိန်းကလေးငယ်
တယောက်တည်း နေဖို့က အတော် မလွယ်ဘူး
အဲဒီမှာ မြောက်ကိုရီးယား
ဒုက္ခသည်အနေနဲ့ ဘယ်လို
နေရထိုင်ရမလဲဆိုတာ လုံးဝ မသိဘူး
ဒါပေမဲ့ နောက်တော့ အဲဒီမှာ
နေရတာ ခက်ခဲရုံတင်မကဘူး
အန္တရာယ်လည်း များတယ်ဆိုတာ သိလာရတယ်
မြောက်ကိုရီးယား ဒုက္ခသည်ဆိုတာ တရုတ်ပြည်မှာ
တရားမဝင်နေထိုင်သူလို့ သတ်မှတ်ခံထားရတာလေ
ကျွန်မဘယ်သူဆိုတာ ထုတ်ဖော်ခံရတော့မလားဆိုတဲ့
စိုးိမ်စိတ်နဲ့ တလျှောက်လုံး နေလာခဲ့ရတယ်။
သိသွားခဲ့ရင် ကျွန်မကို
မြောက်ကိုရီးယားကို ပြန်ပို့ကြမှာ
တစ်ရက် ဒီအိပ်မက်ဆိုး
တကယ်ဖြစ်လာတယ်
တရုတ်ရဲတွေ ဖမ်းတာ ခံခဲ့ရတယ်။
စစ်ဆေးဖို့ ကျွန်မကို
ရဲစခန်းကို ခေါ်သွားခဲ့တယ်။
တစ်ယောက်ယောက်က ကျွန်မကို
မြောက်ကိုရီယားပါလို့ တိုင်လိုက်တာ
မေးခွန်းတွေ အများကြီး မေးခံရတယ်။
ကျွန်မ အရမ်းကို ကြောက်ခဲ့တာ
နှလုံးတွေ ပေါက်ထွက်သွားပြီတောင်
ထင်မိတယ်။
တခုခုများ လွဲခဲ့ရင် ကျွန်မကို
ဖမ်းချုပ်ပြီး ဟိုကို ပြန်ပို့လိုက်ကြမှာ
ငါ့ဘဝတော့ ဆုံးပါပြီလို့ တွေးမိတယ်။
ဒါပေမဲ့ စိတ်မှာ ဖြစ်နေတာကို
ကျွန်မ ထိန်းချုပ်ထားနိုင်ခဲ့တယ်။
မေးတာတွေကို ဖြေတယ်။
အကုန်လုံး မေးလို့ ပြီးသွားတော့
အရာရှိတစ်ယောက်က နောက်တယောက်ကို
"လိမ်ပြီး တိုင်တာပဲကွ။ သူက
မြောက်ကိုရီးယား မဟုတ်ပါဘူး"
နောက်ပြီး သူတို့ ကျွန်မကို လွတ်
ပေးလိုက်တယ်။ တကယ်ဘုရားမတာပဲ။
တချို့မြောက်ကိုရီယားတွေဟာ တရုတ်က နိုင်ငံ
ခြားသံရုံးတွေမှာ ခိုလှုံခွင့်တောင်းကြတယ်။
ဒါပေမယ့် တော်တော်များများက
တရုတ်ရဲတွေ ဖမ်းတာ ခံရတာပဲ
နောက်တော့ ပြန်ပို့ခံရတာပါ။
ဒီကောင်မလေးတွေကတော့
အရမ်းကံကောင်းတယ်
အဖမ်းခံရပေမယ့်
နိုင်ငံတကာ ဖိအားတွေကြောင့်
ပြန်လွတ်ပေးခဲ့တယ်။
ဒီမြောက်ကိုရီးယားတွေကတော့ အဲလို
ကံမကောင်းကြဘူး။
နှစ်တိုင်း မရေမတွက်နိုင်တဲ့ မြောက်ကိုရီး
ယားတွေဟာ တရုတ်မှာ အဖမ်းခံရတယ်။
နောက်ပြီး မြောက်ကိုရီးယားကို
ပြန်ပို့ခံရတယ်။
အဲဒီမှာ သူတို့ နှိပ်စက်ခံရနိုင်၊ထောင်ချ
ခံရနိုင်၊လူကြးထဲမှာတောင် သတ်ပစ်ခံရနိုင်တယ်
ကံကောင်းလွန်းလို့ ကျွန်မလွတ်ခဲ့ပေမယ့်
တခြား မြောက်ကိုရီးယားတွေတော့ အဲဒီလောက်
ကံမကောင်းနိုင်ဘူး။
မြောက်ကိုရီးယားလူမျိုးတွေဟာ သူတို့ရဲ့
ဖြစ်တည်မှုကို ဖုံးကွယ်ထားရတယ်။
အသက်ရှင်ဖို့လည်း အရမ်း ရုန်းကန်ရတယ်။
ဘာသာစကား အသစ်ကို သင်ပြီး
အလုပ်ရနေရင်တောင်မှပဲ
သူ့ဘဝဟာ လုံးဝပျက်ချင်ပျက်သွားနိုင်တဲ့
အခြေအနေမှာ အမြဲရှိတယ်။
ဒါကြောင့်မလို့ ဆယ်နှစ်လောက်
ကျွန်မ ကိုယ်ယောက်ဖျောက်ပြီး နေခဲ့ပေမဲ့
တောင်ကိုရီးယားကို စွန့်စားပြီး
သွားဖို့ ဆုံးဖြတ်ခဲ့တာ
နောက်ပြီး ဘဝအသစ်တခုကို
တည်ထောင်ခဲ့တယ်။
တောင်ကိုရီယားမှာ အခြေချရတာဟာ
ထင်ထားတာထက် အများကြီး ပိုခက်ခဲ့တယ်။
တောင်ကိုရီးယားမှာ အင်္ဂလိပ်စကားတတ်ဖို့
အရမ်းအရေးကြီးတယ်။
အဲဒါနဲ့ ကျွန်မရဲ့ တတိယ ဘာသာစကားကို
လေ့လာရပြန်တယ်။
တောင်နဲ့ မြောက်မှာ ကွာခြားချက်တွေ
အများကြီးရှိတာလည်း သတိပြုမိခဲ့တယ်။
ကျွန်မတို့အားလုံး ကိုရီးယားတွေဆိုပေမဲ့
အတွင်းမှာတော့ အရမ်းကို ကွာခြားတယ်။
၆၇နှစ်လောက် ခွဲခြားခံထားရတာကိုး။
ပထမဆုံး ဖြစ်တည်မှုနဲ့ ပတ်သက်ပြီး
ဝေခွဲမရဖြစ်တယ်။
ကျွန်မဟာ တောင်ကိုရီးယားလား
မြောက်ကိုရီးယားလား..
ကျွန်မက ဘယ်ကလဲ။
ကျွန်မ ဘယ်သူလဲ။
ရုတ်တရက် ကျွန်မမှာ ကိုယ့်နိုင်ငံပါလို့
ဂုဏ်ယူစရာ နိုင်ငံမရှိဘူး။
တောင်ကိုရီးယားမှာ
နေထိုင်နိုင်ဖို့ သိပ်မလွယ်ဘူး။
ကျွန်မ အစီအစဉ်တွေဆွဲတယ်။ တက္ကသိုလ်
ဝင်ခွင့်ဖြေဖို့ စာတွေ လေ့လာတယ်။
ဘဝသစ်ကို စဖို့ ကျွန်မ စလုပ်ခဲ့တယ်။
ထိတ်လန့်စရာ ဖုန်းတခု ဝင်လာခဲ့တယ်
မြောက်ကိုရီးယား အာဏာပိုင်တွေက
မိသားစုဆီ ပို့လိုက်တဲ့
ငေွကို ကြားဖြတ် ဖမ်းမိသွားတယ်
အပြစ်ပေးတဲ့ အနေနဲ့ ကျွန်မမိသားစုကို
နယ်နင်ဒါဏ်ပေးပြီး
ခေါင်တဲ့ နယ်ဆီကို အပို့ခံရတယ်။
သူတို့ ချက်ချင်းကို ပြေ ာင်းရတာ
ဒါနဲ့ သူတို့ကို ကယ်ထုတ်ဖို့ ကျွန်မ
အစီအစဉ် ဆွဲရတော့တယ်
မြောက်ကိုရီးယားကနေ လွတ်မြောက်ဖို့ သွားရတဲ့
ခရီးက မယုံနိုင်စရာ ရှည်လျားတယ်
တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားကြားက
နယ်စပ်ကို ဖြတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ
ဖြစ်ချင်တာ ဖြစ်တော့ဆိုပြီး တရုတ်ပြည်ကို
လေယာဉ်နဲ့ သွားလိုက်တယ်
နောက်ပြီး မြောက်ကိုရီးယားနယ်စပ်ကို
ဖြတ်ဖို့ ကြိုးစားတယ်
ကျွန်မ မိသားစုက တရုတ်စကား မပြောတတ်တော့
ကျွန်မ သူတို့ကို မိုင်ပေါင်း ၂၀၀၀ ကျော်
လမ်းပြလုပ်ခဲ့ရတယ်
တရုတ်ထဲမှာရော အဲဒီကနေ အရှေ့တောင်
အာရှထဲကို ဝင်တယ်
ဘက်စ်ကားနဲ့ သွားရတဲ့ ခရီးက တစ်ပတ်ကြာတယ်
အဖမ်းခံရမလို ဖြစ်တာ အခါခါပဲ
တစ်ခါမှာတော့ ကားကို တားပြီး
တရုတ်ရဲတွေက စစ်တယ်
လူတိုင်းရဲ့ မှတ်ပုံတင်တွေ တောင်းကြည့်တယ်
သူတို့ကို မေးခွန်းတွေ မေးတယ်
ကျွန်မ မိသားစုက တရုတ်လို နားမလည်ကြတော့
သူတို့တော့ အဖမ်းခံရပြီပဲ ထင်ခဲ့တာ
ကျွန်မ မိသားစုနားကို အဲဒီအရာရှိ
ကပ်လာချိန်မှာတော့
ကျွန်မ ရုတ်တရပ်ထရပ်ပြီး
သူတို့တွေဟာ ဆွံ့အ နားမကြားတွေပါ။ ကျွန်မ
စောင့်ရှောက်နေတာပါလို့ ပြေ ာလိုက်တယ်
ကျွန်မကို သူ သင်္ကာမကင်း ကြည့်တယ်
နောက်ဆုံးတော့ ကျွန်မ ပြောတာ သူယုံသွားတယ်
ကျွန်မတို့ လာအိုနယ်စပ်ကို
ဖြတ်လာနိုင်ခဲ့တယ်
လာအို နယ်စပ် အစောင့်ကို ကျွန်မမှာ
ပါသမျှ ပိုက်ဆံ အကုန်နီးပါ
လာဘ်ထိုးလိုက်ရတယ်
ဒါတောင် ကျွန်မတို့ နယ်စပ်ကို ဖြတ်ပြီးတာနဲ့
ကျွန်မ မိသားစု အဖမ်းခံရပြီး တရားမဝင်
နယ်စပ်ဖြတ်ကူးမှုနဲ့ ထောင်ချခံလိုက်ရတယ်
ဒါဏ်ငွေတွေဆောင်၊ လာဘ်တွေ ထိုးပြီးတော့
တစ်လလောက်နေတော့ မိသားစုကို
ပြန်လွတ်ပေးတယ်
ဒါပေမယ့် သိပ်မကြာခင်မှာပဲ
လာအိုရဲ့ မြို့တော်မှာ
နောက်တစ်ခါ အဖမ်းခံရပြီး ထောင်ချခံရတယ်
အဲဒါဟာ ကျွန်မဘဝရဲ့ အဆိုးဆုံး အချိန်ပဲ
သူတို့ လွတ်အောင် ကျွန်မ လုပ်နိုင်သမျှ
အကုန်လုပ်ခဲ့တယ်
နောက်ပြီး ဖြစ်လာခာနီးမှ
သူတို့ကို ထောင်ချခံလိုက်ရပြန်တယ်
တောင်ကိုရီးယား သံရုံးနဲ့ နီးနီးလေးမှာပဲ
လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ရဲစခန်းကြားမှာ
ကျွန်မ ခေါက်တုံခေါက်ပြန် သွားနေရတယ်
မိသားစုကို ဘယ်လိုများ ကယ်နိုင်မလဲ
ကြိုးစားရင်းပေါ့
ဒါပေမဲ့ လာဘ်ထိုးဖို့
ပိုက်ဆံ ကျွန်မမှာ မရှိဘူး။
မျှော်လင့်ချက် မရှိတော့ဘူးလေ
အဲဒီအချိန်မှာ လူတယောက်ရဲ့ အသံကို
ကျွန်မကြားခဲ့တယ်
"ဘာဖြစ်နေတာလဲ"
လုံးဝ သူစိမ်းတယောက်က ဒီလိုမေးလာတော့
ကျွန်မ အရမ်း အံ့သြသွားခဲ့တယ်
မီးကျိုးမောင်းပျက်
အင်္ဂလိပ်စကားနဲ့ အဘိဓါန်သုံးကာ
ဖြစ်နေတာတွေကို သူ့ကို ရှင်းပြလိုက်တယ်။
အဲဒီလူက ATM စက်ဆီကို သွားလိုက်ပြီး
ကျွန်မ မိသားစုကို ကယ်ဖို့ လိုအပ်တဲ့
ပိုက်ဆံကို ပေးခဲ့တယ်
အဲဒီနောက်တော့ မြောက်ကိုရီးယား နှစ်ယောက်
ထောင်က လွတ်လာတော့တယ်
ကျွန်မ နှလုံးသားထဲကနေ သူ့ကို
ကျေးဇူးတင်ပါတယ်။
"ကျွန်မကို ဘာလို့ ကူညီတာလဲ"မေးတော့
"ငါက မင်းကို ကူတာမဟုတ်ပါဘူး"တဲ့။
"မြောက်ကိုရီးယားတွေကို ကူညီတာ"တဲ့
အဲဒီအခိုက်အတံ့လေးဟာ ကျွန်မဘဝအတွက်
အမှတ်ရဖွယ် အချိန်လေးပါ
ဒီလူစိမ်းဟာ ကျွန်မနဲ့ မြောက်ကိုရီးယား
လူမျိုးတွေကို အရေးထားတယ်
သူ့လိုလူမျိုးကို အလိုအပ်ဆုံးပဲ
သူက လူစိမ်းတွေရဲ့ ကြင်နာတရားနဲ့
နိုင်ငံတကာ လူထုရဲ့ အကူအညီတွေကို
ကျွန်မကို ပြသွားခဲ့တယ်
မြောက်ကိုရီးယားက လူတွေအတွက်
မျှော်လင့်ချက် ရောင်ခြည်ပါပဲ
နောက်ဆုံး ကျွန်မတို့ရဲ့ ခရီးစဉ်အပြီးမှာ
တောင်ကိုရီးယားမှာ မိသားစုနဲ့ ကျွန်မ
ပြန်ဆုံကြတယ်
လွတ်မြောက်လာတာက တိုက်ပွဲရဲ့
တစ်ဝက်ပဲ ရှိသေးတယ်
မြောက်ကိုရီးယားတွေ အများကြီး
မိသားစုနဲ့ ကွဲနေကြတယ်
နိုင်ငံအသစ်ကို ရောက်တဲ့အခါ သူတို့မှာ
ပိုက်ဆံ နည်းနည်းပဲ ရှိတယ်
ဒီတော့ နိုင်ငံတကာ လူ့အဖွဲအစည်းတွေက
အကူအညီတွေ ရနိုင်တယ်
ပညာရေးအတွက်၊ အင်္ဂလိပ်စာ သင်ဖို့အတွက်၊
အလုပ်သင်တန်းအတွက် စတာတွေပေါ့။
မြောက်ကိုရီးယားက လူတွေနဲ့
အပြင်ကမ္ဘာနဲ့ ကြားမှာတံတားတွေအဖြစ်
ကျွန်မတို့ နေကြတယ်
ဘာလို့ဆိုတော့ ကျွန်မတို့အတော်များများရဲ့
မိသားစုတွေဟာ အထဲမှာပဲ ရှိသေးပြီး သူတို့နဲ့
ကျွန်မတို့ ဆက်သွယ်ကာ
သတင်းနဲ့ ငွေတွေပို့တာကိုး
ဒါတွေဟာ မြောက်ကိုရီးယားရဲ့
အတွင်းကို ပြောင်းလဲဖို့ ကူညီတာပဲ
ဒီလို အကူအညီတွေရပြီး ဘဝခွန်အားတွေ ရခဲ့တာ
ကျွန်မ သိပ်ကံကောင်းတာပဲ
ကျွန်မလည်း မြောက်ကိုရီးယားကို
ကူညီချင်တယ်
နိုင်ငံတကာ အထောက်အပံ့နဲ့ ပေါ့။
ရှင်တို့တွေ ကမ္ဘာပေါ်မှာ
အောင်မြင်နေတဲ့ မြောက်ကိုရီယားတွေ
ပိုပိုပြီး တွေ့လာနေပြီလို့ ကျွန်မ ယုံပါတယ်
ဒီ TED စင်မြင့်ပေါ်မှာရောပေါ့
ကျေးဇူးတင်ပါတယ်
(လက်ခုပ်သံများ)