အတန်ကြာက စမ်းသပ်မှုတစ်ခု စမ်းလုပ်ခဲ့တယ်။
တစ်နှစ်တာလုံး ကိုယ့်ကို လှန့်နေတာတွေ
အကုန်လုံးကို "အင်း"လုပ်မယ်ပေါ့။
ကျွန်မကို ထိတ်စေတာက ဒါက ကျွန်မကို
ဇိမ်ကျတဲ့နေရာက ခေါ်ထုတ်လိုက်တာပါ။
ကျွန်မဘာသာ အားတင်းပြီး အင်း လုပ်တယ်။
လူတွေထဲမှာ စကားပြောချင်ခဲ့လား။
ဟင့်အင်း။ အင်း ဟုတ်တယ်။
တီဗီက တိုက်ရိုက်လွှင့်တာမှာ ပါချင်လား
ဟင့်အင်း။ အင်း ဟုတ်တယ်။
သီချင်းဆိုချင်ခဲ့လား။
ဟင့်အင်း၊ ဟင့်အင်း၊ ဟင့်အင်း၊
ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။
ဒါနဲ့ ခပ်ကြောင်ကြောင်တစ်ခု ဖြစ်ခဲ့တယ်။
ကျွန်မကို လန့်စေတဲ့အရာကို
လုပ်ခြင်းရဲ့ လုပ်ရပ်ကပဲ
ကြောက်ရွံ့မှုကို ပျက်ပြယ်စေပြီး
လန့်စရာမဟုတ်အောင် လုပ်ပေးတယ်။
လူအများရှေ့မှာ စကားပြောရမှာ ကြောက်စိတ်
လူမှုရေးရာ ပူပန်မှု၊ ကဲ သွားလေရော့။
အံ့ဩစရာပါ၊ စကားလုံးတစ်လုံးရဲ့ တန်ခိုးလေ။
"အင်း" ဟာ ကျွန်မဘဝကို ပြောင်းပစ်တယ်။
"အင်း" ဟာ ကျွန်မကို ပြောင်းခဲ့တယ်။
ဒါပေမဲ့ ကျွန်မဘဝကို အနက်ရှိုင်းဆုံးနည်းနဲ့
သက်ရောက်ခဲ့တဲ့ ထူးခြားတဲ့
"အင်း"တစ်လုံး ရှိခဲ့ပါတယ်။
တစ်ခါမှစိတ်မကူးမိခဲ့တဲ့ နည်းတစ်ခုနဲ့ပါ
ဒါက ကျွန်မရဲ့ လမ်းလျှောက်စ
ကလေးဆီကမေးခွန်းနဲ့ စခဲ့တာပါ။
ကျွန်မမှာ အံ့ဩစရာ Harper၊ Beckett
နဲ့ Emerson သမီးသုံးယောက်ရှိကာ
Emerson ကလမ်းလျှောက်စဖြစ်ပြီး တောင်ပိုင်း
စားပွဲထိုးဆိုပေမဲ့ လူတိုင်းကို
"ဟန်နီ"လို့ မတွေးတတ်အောင် ဆိုသူပါ ။
(ရယ်သံများ)
"ဟန်နီ၊ နို့ဘူးအတွက်
နို့ကုန်တော့မှာနော်"
(ရယ်သံများ)
တောင်ပိုင်း စားပွဲထိုးမလေးက
တစ်ညနေ သူနဲ့ကစားဖို့ ပြောတယ်။
ကျွန်မက တစ်နေရာရာ သွားခိုက်မှာ
"အင်း"လို့ ပြောလိုက်တယ်။
ဒီ"အင်း"ဟာ ကျွန်မ မိသားစုအတွက်
နည်းသစ်တစ်ခု ရဲ့ အစဖြစ်ခဲ့တယ်။
အဲဒီကစပြီး ကျွန်မရဲ့ကလေးတစ်ယောက်က
ကစားဖို့ပြောတိုင်း ဘာလုပ်နေနေ၊
ဘယ်သွားနေနေ အကြိမ်တိုင်း
"အင်း"လုပ်ဖို့ အဓိဋ္ဌာန်လိုက်တယ်။
နီးပါးပါ။ ဒီမှာ ကျွန်မက အပြည့်အစုံ
မဟုတ်ပေမဲ့ လေ့ကျင့်ဖို့ ကြိုးစားခဲ့တယ်။
ဒါက ကျွန်မ အပေါ်၊ ကလေးတွေအပေါ်၊
မိသားစုအပေါ်
မှော်ဆန်တဲ့ သက်ရောက်မှုရှိခဲ့တယ်။
ဒါပေမဲ့ အံ့မခန်းဘွယ် ဘေးထွက်
အကျိုးလည်း ရှိခဲ့ပြီး
မကြာခင်ကမှ အပြည့်အဝနားလည်လိုက်တာပါ၊
ကလေးတွေနဲ့ ကစားဖို့ "အင်း"လုပ်တာဟာ
ကျွန်မအလုပ်ကို ကယ်လိုက်တာ
ဖြစ်လောက်တယ်လို့ နားလည်လိုက်ခြင်းပါ။
အများစုက အိပ်မက်ဆန်တဲ့အလုပ်လို့
ခေါ်မယ့်အလုပ် ကျွန်မမှာရှိတယ်။
စာရေးဆရာမ၊ စိတ်ကူးသူ၊ ဝမ်းရေးအတွက်
ဇာတ်လမ်းတွေ ထွင်သူပါ။
အိပ်မက်ဆန်တဲ့ အလုပ်ပေါ့။
မဟုတ်ဘူး။
အထင်ကရ တစ်ယောက်ပေါ့။
အိပ်မက်ဆန်တဲ့ အလုပ်လေ။
တီဗွီအစီအစဉ် ဖန်တီးတယ်၊
အစီအစဉ်ထုတ်လုပ်ရေးမှူးပေါ့။
တီဗွီ အစီအစဉ်အများကြီးကို ထုတ်လုပ်တယ်။
တနည်းမဟုတ်တစ်နည်းနဲ့ ဒီတီဗွီ ရာသီမှာပါ။
ကမ္ဘာမှာ နာရီ ၇၀ စာ အစီအစဉ်တွေ
ထုတ်လုပ်ပေးဖို့ တာဝန်ရှိတယ်။
တီဗွီအစီအစဉ် လေးခု၊ ရုပ်သံ နာရီ ရ၀ စာလေ။
(လက်ခုပ်သံများ)
တစ်ကြိမ်တည်းမှာ သုံးပွဲ၊
တစ်ခါတစ်လေ လေးပွဲ၊
ပွဲတိုင်းက အရင်ကမရှိဘူးတဲ့
ရာချီတဲ့အလုပ်တွေကို ဖန်တီးပေးတယ်။
ကွန်ရက် တီဗွီ ဇာတ်ကွက်တစ်ကွက်
အတွက် အသုံးစရိတ်က
ဒေါ်လာ သုံးသန်းကနေ
ခြောက်သန်းရှိနိုင်တယ်။
ငါးသန်းပဲ ဆိုပါစို့။
ဇာတ်ကွက်အသစ်တစ်ခုက
ကိုးရက်တစ်ခါ လေးပွဲ လုပ်တယ်။
ဒီတော့ ကိုးရက်တစ်ခါတိုင်းမှာ
ဒေါ်လာ သန်း ၂၀ တန်တဲ့
အစီအစဉ် လေးခု၊ နာရီ ၇၀ ကြာ တီဗွီ၊
တစ်ကြိမ်ထုတ် သုံးပွဲ၊
တစ်ခါတစ်လေ လေးပွဲ၊
အကြိမ်အားလုံးမှာ ဇာတ်ကွက် ၁၆ ကွက်၊
"Grey's" ရဲ့ ၂၄ကွက်၊
"Scandal" ရဲ့ ၂၁ ကွက်၊
"How To Get Away With Murder"
ရဲ့ ၁၅ ကွက်၊
"The Catch" ရဲ့ ၁၀ ကွက်၊ ရ၀ နာရီစာ တီဗွီ၊
ရာသီတစ်ခုအတွက် ဒေါ်လာ သန်း ၃၅၀ ပါ။
အမေရိကမှာ ကျွန်မရဲ့ တီဗီပွဲတွေဟာ
ကြဿပတေးနေ့မှာ ဆို ဆက်တိုက်ရှိပါတယ်။
တစ်ကမ္ဘာလုံးမှာ ကျွန်မပွဲတွေဟာ လူ
သန်းပေါင်း ၃၀ အတွက် ဘာသာစကား ၆၇ မျိုးနဲ့
ဒေသပေါင်း ၂၅၆ ခုမှာ ထုတ်လွှင့်တယ်။
ကျွန်မဦးနှောက်က ကျယ်ပြန့်ပြီး
နာရီ ၇၀ ထဲက ၄၅ နာရီဟာ
ကိုယ်တိုင်ဖန်တီးတာဖြစ်ပြီး
ထုတ်လုပ်ရုံပဲမဟုတ်ပဲ
အခြားဟာတွေရဲ့ ထိပ်မှာရှိတာပါ။
မီးပုံဘေးက ပရိတ်သတ်တွေကို
စုစည်းပြီးကျွန်မရဲ့ ဇာတ်လမ်းတွေ ပြောပြဖို့
တကယ့် တိတ်ဆိတ်ပြီး ဖန်တီးနိုင်စွမ်းရှိတဲ့
အချိန်ကိုရှာဖို့လိုပါတယ်။
အစီအစဉ် လေးခု၊ နာရီ ၇၀ စာ
တစ်ကြိမ်ကို သုံးပွဲထုတ်လုပ်တယ်၊
တစ်ခါတစ်လေ လေးပွဲ၊ ဒေါ်လာ သန်း ၃၅၀၊
တစ်ကမ္ဘာလုံး မီးပုံပွဲတွေ တောက်လောင်ရင်း။
ဒါကို ဘယ်သူ လုပ်နိုင်သေးလဲ။
တစ်ယောက်မှမရှိဘူး၊
ကျွန်မပြောသလို အထင်ကရပါလို့။
အိပ်မက်ဆန်တဲ့ အလုပ်လေ။
(လက်ခုပ်သံများ)
ဒါကို ရှင်တို့အထင်ကြီးဖို့
ပြောနေတာမဟုတ်ဘူး။
ပြောရတဲ့အကြောင်းက "စာရေးဆရာ"လို့
ကြားရင် ရှင်တို့ထင်မိတာ ကျွန်မ သိလို့ပါ။
ဒီက အလုပ်ကြိုးစားသူတဲ့ ရှင်တို့အားလုံး
ကုမ္ပဏီတစ်ခု၊
စာသင်ခန်းတစ်ခန်း၊ ဆိုင်တစ်ဆိုင်
အိမ်တစ်အိမ် လည်ပတ်တာဖြစ်ဖြစ်
အလုပ်လုပ်တဲ့အကြောင်း
ကျွန်မပြောတဲ့အခါ ကျွန်မကို
အလေးအနက်ထားဖို့ပါ။
ကျွန်မဟာ ကွန်ပြူတာကို မတို့ မထိ၊
တစ်နေ့လုံး စိတ်ကူးယဉ်မနေတာ သိဖို့ပါ။
အိပ်မက်ဆန်တဲ့အလုပ်ဟာ အိပ်မက်မက်တာ
မဟုတ်ဘူးလို့ ကျွန်မနားလည်တာကို
ပြောတဲ့အခါ ကြားဖို့ပါ။
ဒါအလုပ်၊ လုပ်ငန်းပါ၊ ဒိဋ္ဌအဖြစ်ပါ၊
သွေးတွေ၊ ချွေးးတွေပါ၊ မျက်ရည်မပါဘူး။
ကျွန်မ အလုပ် အများကြီးလုပ်တယ်၊
အရမ်းကြိုးစားပြီး နှစ်သက်တယ်လေ။
ကျွန်မ အလုပ် ကြိုးစားပြီး
အလုပ်မှာ နစ်သွားတဲ့အခါ
တစ်ခြား ဘာခံစားချက်မှ မရှိတော့ဘူး။
ကျွန်မအတွက် အလုပ်ဟာ အမြဲတမ်း
လေထုပါးထဲမှာ နိုင်ငံတစ်ခု ဆောက်နေတာ၊
စစ်သည်တွေကို တာဝန်ပေးနေတာ၊
ပတ္တုစကို ဆေးခြယ်နေတာ၊
အမြင်သံတွေကို တီးခေါက်နေတာ၊
မာရသွန်ပြေးနေတာပါ။
Beyoncé ဖြစ်နေတာပေါ့။
ဒါတွေအားလုံးက တစ်ချိန်တည်းမှာပါ။
အလုပ်လုပ်တာကို ကျွန်မကြိုက်တယ်။
ဒါက ထိုးထွင်တတ်ပြီး စက်သဘော
ဆန်တယ်၊ ပင်ပန်းပြီး ရွှင်မြူးစရာ၊
ရယ်မောစရာ လန့်စရာ၊ ခံစားချက်
ကင်းပြီး ရုပ်သဘောဆန်တယ်၊
ရက်စက်ပြီး အမြော်အမြင်ရှိတယ်
ဒါကလုပ်လိုက်တဲ့ အရမ်းကောင်းတာက
"ဟင်"ဆိုတာပါ။
အလုပ်လုပ်ကောင်းတဲ့အခါ ကိုယ်ထဲမှာ
အပြောင်းအလဲတစ်မျိုး ရှိသွားတယ်။
"ဟင်" တစ်လုံးဟာ ဦးနှောက်ထဲမှာ စဖြစ်ပြီး
ကြီး၊ ကြီးလာကာ "ဟင်"ဟာ ဖွင့်ထားတဲ့
လမ်းတစ်ခု ပုံပေါက်လာပြီး
ကိုယ် တစ်သက်လုံး မောင်းလို့ရသွားတာပါ။
"ဟင်"အကြောင်းကြိုးစားရှင်းပြတော့
အတော်များများက
ယူဆတာက ကျွန်မဆီ ပျော်ရွှင်မှု ယူလာပေးတဲ့
စာရေးတဲ့အကြောင်း ပြောနေတယ်ပေါ့
အထင်မလွဲလိုက်ပါနဲ့။ ဒါကတကယ်ပါ။
ဒါပေမဲ့ "ဟင်"ဆိုတာက..
တီဗွီအစီအစဉ် စလုပ်တော့မှပဲ
အလုပ်တွေလုပ်နေ လုပ်နေရင်း၊ ဖန်တီးရင်း
တည်ဆောက်ရင်း၊ ပူးပေါင်လုပ်ဆောင်ရင်းနဲ့
ဒီတစီစီ၊ ကမန်းကတန်း၊ ဒီ "ဟင်"
ဆိုတာလေးကို တွေ့ရှိလိုက်တာပါ၊
"ဟင်"က စာရေးခြင်းထက် ပိုပါတယ်။
"ဟင်"ဟာ တက်ကြွမှုနဲ့ လှုပ်ရှားမှုပါ၊
"ဟင်"ဟာ ဆေးဝါးတစ်မျိုးပါ။
"ဟင်"ဟာ ဂီတပါ၊
"ဟင်"ဟာ အလင်းနဲ့ လေထုပါ။
"ဟင်"ဟာ ကျွန်မ နားထဲမှာတော့
ဘုရားသခင်ရဲ့ တီးတိုးသံပါ။
ရှင်မှာ ဒီလို "ဟင်"တစ်လုံး ရှိရင်
ကြီးမြတ်မှုအတွက် ကြိုးပမ်းရုံပဲလေ။
ဘာဖြစ်ဖြစ် ကြီးမြတ်မှုအတွက်
ကြိုးပမ်းရုံပဲ ဆိုတဲ့ ခံစားချက်ပါ။
ဒါကို "ဟင်"လို့ ခေါ်ပါတယ်
ဒါမှမဟုတ် "အလုပ် သရဲမရဲစီး"လို့ခေါ်တာ
ဖြစ်လိမ့်မယ်။
(ရယ်သံများ)
"ပါရမီရှင်"လို့ခေါ်တာ ဖြစ်လိမ့်မယ်။
"အတ္တ" လို့ခေါ်တာ ဖြစ်လိမ့်မယ်။
ကျရှုံးမှုရဲ့ အကြောက်တရားပဲ ဖြစ်လိမ့်မယ်။
ကျွန်မ မသိဘူး။
ကျွန်မဟာ ကျရှုံးမှုအတွက် တည်ဆောက်ထားတာ
မဟုတ်ဘူးဆိုတာပဲ သိတယ်။
"ဟင်"ဆိုတာကို ချစ်တာပဲ ကျွန်မသိတယ်။
ကျွန်မက အထင်ကရလို့ ရှင်တို့ကို
ပြောချင်တာနဲ့
ဒါကို မေးခွန်းမထုတ်ချင်တာပဲ သိတယ်။
ဒါပေမဲ့ ကိစ္စက ဒီမှာပါ။
ကျွန်မ ပိုအောင်မြင်လာလေ၊
ပွဲတွေများလေ၊ ဇာတ်ကွက်များလာလေ၊
အတားအဆီးတွေ ပိုကျိုးပျက်လာလေ၊
လုပ်စရာအလုပ်တွေ ပိုများလာလေ၊
အလုပ်တာဝန်တွေ ပိုလာလေ
ကျွန်မကို ပိုစောင့်ကြည့်လေ၊
သမိုင်းက စိုက်ကြည့်လေ၊
မျှော်လင့်ချက်တွေ ပိုများလာလေပါ။
အောင်မြင်ဖို့ အလုပ်ပိုလုပ်လေ၊
အလုပ်ပိုလုပ်ဖို့ လိုလေပါ။
အလုပ်အကြောင်း ကျွန်မ ဘာပြောခဲ့လဲ။
အလုပ်လုပ်တာ ချစ်တယ်နော်
ကျွန်မဆောက်နေတဲ့ နိုင်ငံ၊
ပြေးနေတဲ့ မာရသွန်၊
စစ်သည်တွေ၊ ပတ္တုစ၊ အမြင့်သံ၊ "ဟင်"
"ဟင်"၊ "ဟင်"
ဒီ"ဟင်"ကို ကြိုက်တယ်။ ဒီ"ဟင်"ကို ချစ်တယ်။
ဒီ"ဟင်"ကို လိုအပ်တယ်၊ ဒီ"ဟင်"ဟာ ကျွန်မပါ။
ကျွန်မဟာ ဒီ"ဟင်"ပဲလား။
ဒီနောက် "ဟင်"ဟာ ရပ်သွားခဲ့တယ်။
အလုပ်လုပ်လွန်း၊ အသုံးများလွန်း၊
ပိုလွန်းတော့ ကုန်ပြီပေါ့။
"ဟင်"ဟာ ရပ်သွားခဲ့တယ်။
အခု သမီး သုံးယောက်က သူတို့အမေဟာ
တစ်ကိုယ်တော် အလုပ်
လုပ်တဲ့ အထင်ကရဆိုတဲ့အချက်နဲ့ နေသားကျလို့။
Harper က လူတွေကို ပြောတယ်
"အဲဒီမှာ အမေရှိမှာမဟုတ်ပေမဲ့
ကလေးထိန်းကို စာတိုပိုလို့ရတယ်"
Emerson က "ဟန်နီ၊ ငါတော့ ShondaLand
ကို သွားချင်နေတယ်"တဲ့။
သူတို့ဟာ အထင်ကရရဲ့ ကလေးတွေ
အထင်ကရ ပေါက်လေးတွေပါ။
"ဟင်" ရပ်သွားတော့ သူတို့ဟာ ၁၂၊ ၃ နဲ့ ၁ ပါ။
"ဟင်" ဆိုတဲ့ စက်ဟာ သေသွားတယ်။
အလုပ် ကြိုက်တာ ရပ်သွားတယ်၊
စက်ပြန်နှိုးလို့မရခဲ့ပါ။
"ဟင်" ပြန်လာမှာ မဟုတ်တော့ဘူး။
ကျွန်မရဲ့ "ဟင်" ပျက်သွားတယ်။
အမြဲတမ်းလုပ်ခဲ့တဲ့ အထင်ကရအလုပ်ကိုပဲ
အပြောင်းအလဲမရှိ လုပ်နေခဲ့တယ်။
တစ်နေ ၁၅ နာရီ အားရက်တွေ
တောက်လျှောက် လုပ်နေခဲ့တယ်၊
နောင်တမရှိ၊ အရှုံးမပေး၊ ဘယ်တော့မှ
မအိပ်၊ ဘယ်တော့မှ ထွက်မသွားဘူး၊
ပြည့်တဲ့ နှလုံး၊ ကြည်တဲ့မျက်လုံး
ဘာဖြစ်ဖြစ်လေ။
ဒါပေမဲ့ "ဟင်" က မရှိ။
ကိုယ်တွင်းမှာက တိတ်ဆိတ်မှုပါ။
အစီအစဉ် လေးခု၊ နာရီ ၇၀ စာ
တစ်ကြိမ်ကို သုံးပွဲထုတ်လုပ်တယ်၊
တစ်ခါတစ်လေ လေးပွဲ၊
အစီအစဉ် လေးခု၊ နာရီ ၇၀ စာ
တစ်ကြိမ်ကို သုံးပွဲထုတ်လုပ်တယ်၊
ကျွန်မဟာ စံပြ အထင်ကရကြီးပေါ့။
ရှင်တို့အမေဆီ အိမ်ကို
ခေါ်သွားလို့ရတဲ့ အထင်ကရပါ။
အရောင်တွေက အတူတူပဲ၊
ပျော်စရာ မရှိတော့ဘူး။
ဒါ ကျွန်မရဲ့ ဘဝ ဖြစ်ခဲ့တယ်။
ဒါအားလုံး ကျွန်မလုပ်ခဲ့တာပါ။
"ဟင်"ဟာ ကျွန်မ၊ ကျွန်မဟာ "ဟင်"။
ကိုယ်လုပ်တာတွေ၊ ကိုယ်ချစ်တဲ့
အလုပ် ဖုန်လို အရသာရှိတဲ့
အစတွေ လုပ်တဲ့အခါ ဘာလုပ်တတ်ကြလဲ၊
ကဲ ဒီက တစ်ယောက်ယောက်ကနေ တွေးနေမှာက၊
"တော်ပါတော့၊ ပေါက်ကရ စာရေးဆရာမကြီးရယ်"
(ရယ်သံများ)
ဒါပေမဲ့ ကိုယ်လုပ်တာ ကိုယ်သိတယ်လေ။
ကိုယ်က ဖန်တီးရင်၊ အလုပ်လုပ်ရင်
ကိုယ်လုပ်တာကိုချစ်ရင်
ဆရာဖြစ်စေ၊ ဘဏ်သူဌေးဖြစ်စေ၊
မိခင်ဖြစ်စေ၊ ပန်းချီဆရာဖြစ်စေ၊
Bill Gates ဖြစ်စေ၊
အခြားလူတစ်ယောက်ကို ချစ်ပြီး၊
ဒါက "ဟင်" ကိုယ့်ကိုပေးရင်၊
"ဟင်" ကို သိတယ်ဆိုရင်၊
"ဟင်" က ဘယ်လိုဆိုတာသိပြီး
"ဟင်" ဆီမှာ ကိုယ်ရှိဖူးတယ်ဆိုရင်၊
"ဟင်" ရပ်သွားတဲ့အခါ ရှင်က ဘယ်သူလဲ၊
ရှင်က ဘာလဲ။
ကျွန်မက ဘာလဲ။
ကျွန်မ အထင်ကရ ဖြစ်တုန်းပဲလား။
ကျွန်မရဲ့နှလုံးသားရဲ့ သီချင်းရပ်သွားရင်
တိတ်ဆိတ်မှုထဲမှာ ကျွန်မ ရှင်ကျန်နိုင်မလား။
ဒီနောက် တောင်ပိုင်း စားပွဲထိုး မတ်တတ်
သွားလေးက မေးခွန်းတစ်ခု မေးတယ်။
ကျွန်မက အိမ်တံခါးကအထွက်၊
နောက်ကျနေတယ်၊ သူမက
"မေမေ၊ ကစားချင်လား"တဲ့။
ကျွန်မ "ဟင့်အင်း"လို့ပြောမယ်အလုပ်
အရာနှစ်ခုကို သဘောပေါက်လိုက်တယ်။
တစ်။ အရာရာကို "အင်း"လို့
ကျွန်မပြောသင့်တယ်။
နှစ်။ တောင်ပိုင်း စားပွဲထိုးမလေးက
ဟန်နီ လို့ ကျွန်မကို မခေါ်ဘူး။
ဘယ်သူ့ကို မှ "ဟန်နီ" လို့
သူမ မခေါ်တော့ဘူး။
ဒါ ဘယ်တုန်းက ဖြစ်ခဲ့တာလဲ။
ကျွန်မလွဲနေတာ၊ အထင်ကရ
ဖြစ်တာနဲ့ "ဟင်"ကို ကြေကွဲနေတာ၊
ဒီမှာက ကျွန်မ မျက်စီရှေ့မှာ
သူမပြောင်းလဲနေတယ်။
ဒါနဲ့ သူမက "မေမေ၊ ကစားချင်လား"တဲ့။
ကျွန်မက "အင်း" လို့။
အထူအဆန်း ဘာမှမရှိပါဘူး။
ကျွန်မတို့ ကစားတယ်။ သူ့အစ်မတွေ ပါလာပြီး
အများကြီး ရယ်မောရတယ်ပေါ့။
Everybody Poops စာအုပ်ကနေ
ဇာတ်လမ်းဆန်တာတစ်ပုဒ် ဖတ်ပြခဲ့တယ်။
သာမန်ကနေ ဘာမှမထူးပါဘူး။
(ရယ်သံများ)
ဒါပေမဲ့ ဒါက ထူးခြားပါတယ်။
အကြောင်းက ကျွန်မရဲ့
နာကျင်မှုထဲမှာ၊ နာကျင်မှု
ကျွန်မရဲ့ နှိမ့်ချမှုရဲ အိမ်ယာမဲ့မှုထဲမှာ
လုပ်စရာဆိုလို့ အာရုံစိုက်ဖို့ပဲလေ။
ကျွန်မ အာရုံစိုက်တယ်၊
ကျွန်မ ငြိမ်နေတယ်။
ကျွန်မဆောက်နေတဲ့ နိုင်ငံ၊
ကျွန်မ ပြေးနေတဲ့ မာရသွန်
စစ်သည်တွေ၊ ပတ္တုစ၊ မရှိတဲ့ အမြင့်သံ။
ရှိတာဆိုလို့ စေးကပ်နေတဲ့ လက်ချောင်းတွေ၊
စေးကပ်တဲ့ အနမ်းတွေ၊
အသံပိစိလေးတွေ၊ ရောင်စုံ ခဲတံတွေ၊
စွန့်လွှတ်ခြင်းရဲ့ သီချင်းတစ်ပုဒ်
ဘာဖြစ်ဖြစ် Frozen ကလေးမ
စွန့်ဖို့လိုတယ်လေ။
(ရယ်သံများ)
ဒါက အေးချမ်းပြီး ရိုးစင်းမှုပါပဲ။
ဒီနေရာမှာ ကျွန်မအတွက် အသက်ရှူနိုင်ရုံပဲ၊
လေထုက သိပ်ရှားပါတယ်။
အသက်ရှူရုံလေးပဲ၊ အသက်ရှူနေတယ်။
ကစားတာဟာ အလုပ်ရဲ့ ဆန့်ကျင်ဘက်ပါ။
ပြီးတော့ ကျွန်မပျော်တယ်။
ကိုယ်ထဲက တစ်ခုခု လျော့ကျတယ်။
ဦးနှောက်ထဲက တံခါး
လွှဲယမ်း ပွင့်ထွက်သွားပြီး
စွမ်းအင်က ဆောင့်ဝင်လာတယ်။
ချက်ချင်းမဟုတ်ပေမဲ့ ဒါ ဖြစ်လာတယ်၊
တကယ်ကို ဖြစ်လာပါတယ်။
ဒါကို ခံစားလိုက်တယ်။
"ဟင်"က မသိမသာ ပြန်လာတယ်။
အပြည့်အဝကြီး မဟုတ်ဘူး၊ ရှိရုံလေးပါ။
တိတ်ဆိတ်တယ်၊ ဒါကိုကြားဖို့ ငြိမ်ငြိမ်လေး
နေရတယ်၊ ဒါပေမဲ့ ရှိနေတယ်။
"ဟင်" မဟုတ်ဘူး၊ ဒါပေမဲ့ "ဟင်"ပါပဲ။
အခုတော့ အရမ်း မှော်ဆန်တဲ့
လျှို့ဝှက်ချက်တစ်ခု သိလိုက်ရသလိုမျိုးပါ။
ကဲ၊ စိတ်မထိန်းနိုင် မဖြစ်ကြပါနဲ့။
ဒါက မေတ္တာတရားပါ၊ ဒါပါပဲ။
မှော်မဟုတ်၊ လျှို့ဝှက်ချက်မဟုတ်ဘူး၊
မေတ္တာသက်သက်ပါ။
ကျွန်မတို့ မေ့နေတဲ့ အရာတစ်ခုပါ။
"ဟင်" ၊ အလုပ်က "ဟင်"၊ အထင်ကရဲ့ "ဟင်"
ဒါက အစားထိုးမှု တစ်ခုပဲ။
ကျွန်မ ဘယ်သူဆိုတာ
ရှင်တို့ကို မေးရမယ်ဆိုရင်၊
ဘယ်သူဆိုတာ
ရှင်တို့ကို ပြောရမယ်ဆိုရင်
ပြပွဲတွေ၊ တီဗွီ နာရီတွေအရ၊
ကျွန်မဦးနှောက်ဟာ
ကမ္ဘာအနှံ့ ဘယ်လို ဆိုးဝါးတာရ
ကိုယ့်ကိုယ်ကို ဖော်ညွှန်းရင်တော့
တကယ့် "ဟင်"ဆိုတာကို ကျွန်မ မေ့နေတာပေါ့။
"ဟင်"ဆိုတာ တန်ခိုးမဟုတ်ဘူး၊ "ဟင်"ဆိုတာ
အလုပ် သက်သက် မဟုတ်ဘူး။
"ဟင်"ဆိုတာ ပီတိ သက်သက်ပါ။
တကယ့် "ဟင်"က မေတ္တာ သက်သက်ပါ။
တကယ့်"ဟင်"က ဘဝရဲ့ စိတ်လှုပ်ရှားမှု
ဖြစ်ခြင်းကလာတဲ့ လျှပ်စစ်ဓာတ်ပါ။
တကယ့် "ဟင်"က
ယုံကြည်မှုနဲ့ ငြိမ်းချမ်းမှုပါ။
တကယ့်"ဟင်"က သမိုင်းရဲ့ ငေးကြည့်မှု၊
များပြားလှတဲ့
အလုပ်တာဝန်တွေနဲ့ မျှော်လင့်ချက်
ဖိအားကို လျစ်လျူရှုတယ်။
တကယ့်"ဟင်"က ထူးခြားပြီး ကိုယ်ပိုင်ဟန်ပါ။
တကယ့်"ဟင်"က နားထဲမှာ
ဘုရားသခင်ရဲ့တီးတိုးသံ
ဆိုပေမဲ့ စကားလုံးမှားတွေ
ပြောနေတာ ဖြစ်နိုင်တယ်။
အကြောင်းက နတ်တစ်ပါးက ကျွန်မကို
အထင်ကရ လို့ ပြောနေတာကိုး။
ဒါဟာ မေတ္တာ သက်သက်ပါ။
ကျွန်မတို့အားလုံး မေတ္တာ
နည်းနည်းလေးပို သုံးနိုင်သားပဲ။
မေတ္တာ ပိုများမျာပေါ့။
ကျွန်မ ကလေးက ကစားဖို့မေးတဲ့ အချိန်တိုင်း
အင်း လို့ ကျွန်မ ပြောမယ်။
အကြောင်းတစ်ခုနဲ့ ခိုင်မာတဲ့စည်း လုပ်တယ်
မိမိကိုယ်ကို ခွင့်ပြုဖို့
အလုပ် သရဲမရဲစီးတဲ့
အပြစ်အားလုံးကနေ လွတ်ဖို့ပါ။
ဒါ ဥပဒေ။ ကျွန်မမှာ ရွေးစရာ မရှိဘူး။
ကျွန်မမှာ ရွေးစရာ မရှိဘူး။
"ဟင်"ကို ခံစားချင်ရင် မရှိဘူး။
အဲလောက်ကို လွယ်စေချင်ပေမဲ့
ကိုယ်က ကစားတာ မတော်ဘူး၊
ကစားတာ မကြိုက်ဘူး။
အလုပ်လုပ်တာ စိတ်ဝင်စားသလို
ကစားတာ စိတ်မဝင်စားဘူး။
အမှန်က မယုံနိုင်အောင်ကို
နှိမ့်ချပြီး အောက်ကျို့စရာပါ။
ကစားတာ ကျွန်မ မကြိုက်ဘူး။
အလုပ်လုပ်တာကြိုက်လို့
တစ်ချိန်လုံး အလုပ်လုပ်တယ်။
အိမ်မှာနေရတာထက် အလုပ်လုပ်ရတာ ပိုကြိုက်တယ်။
အမှန်တရားကို ရင်ဆိုင်ခြင်းဟာ
ကိုင်တွယ်ဖို့ အင်မတန် ခက်ပါတယ်၊
အကြောင်းက အိမ်မှာထက် အလုပ်လုပ်တာ
ပိုကြိုက်တာ ဘယ်လို လူမျိုးပါလိမ့်။
အင်း ကျွန်မပဲရှင်။
ဆိုလိုတာက အမှန်ပြောရရင် ကိုယ့်ဘာသာ
အထင်ကရလို့ ခေါ်လိုက်တာပါ။
ကျွှန်မမှာ ပြဿနာတွေ ရှိတယ်။
(ရယ်သံများ)
ပြဿနာတစ်ခုက ကျွန်မဟာ အရမ်း စိတ်အေး
လက်အေး ဖြစ်နေတာ မဟုတ်တာပါ။
(ရယ်သံများ)
ခြံတစ်ဝိုက် ပြေးတယ်၊
ခေါက်တုံ့ခေါက်ပြန်ပေါ့။
စက္ကန့် ၃၀ အကပါတီတွေ လုပ်တယ်။
ဇာတ်ဝင်တေးသွားတွေဆိုတယ်၊
ဘောလုံးတွေနဲ့ ကစားတယ်။
ကျွန်မက ပူဖောင်းတွေမှုတ်၊
သူတို့က ဖောက်တယ်။
အချိန်အများစုမှာ ကျွန်မဟာ မာတောင့်တောင့်၊
ကယောင်ကတမ်းနဲ့ စိတ်ရှုပ်မိတယ်။
အမြဲပဲ ကျွန်မဆဲလ်ဖုန်းကို တရွရွဖြစ်နေတယ်။
ဒါပေမဲ့ အဆင်ပြေပါတယ်။
လူသားပေါက်စတွေက နေထိုင်နည်းပြပေးပြီး
စကြာဝ၎ဠာရဲ့ "ဟင်"တွေ ဖြည့်ပေးတယ်။
ကစားတယ်၊ ကစားတယ်၊
ပထမဆုံးအနေနဲ့ ဘာကြောင့်များ
ကစားတာရပ်လိုက်လဲဆိုတာ
စတင် အံ့ဩမိတဲ့အထိပေါ့။
ရှင်တို့ရော လုပ်နိုင်တယ်။
ကလေးက ကစားဖို့ပြောတိုင်း အင်း လုပ်ပါ။
စိန်ဖိနပ်တွေထဲက ငတုံးလို့ ရှင်တို့
တွေးမိနေနိုင်တယ် မို့လား။
မှန်ပါတယ်၊ ဒါပေမဲ့ ရှင်တို့
ဒါကို လုပ်လို့ရသေးတယ်လေ။
ရှင်တို့မှာ အချိန်ရှိတယ်။
ဘာကြောင့်လဲ သိလား၊ အကြောင်းက ရှင်တို့
က Rihanna မဟုတ်၊ Muppet မဟုတ်လို့လေ။
ရှင်တို့ဟာ ဒီလောက်စိတ်ဝင်စားစရာလို့
ကလေးက မထင်ဘူး။
(ရယ်သံများ)
၁၅ မိနစ်ပဲ ရှင်တို့လိုတာပါ။
ကျွန်မရဲ့ နှစ်နှစ်နဲ့ လေးနှစ်
ကလေးတွေက ၁၅ မိနစ်လောက်ပဲ
အခြားဟာတစ်ခု လုပ်ချင်တယ်လို့
သူတို့ မတွေးမိခင် ကျွန်မနဲ့ ကစားချင်တာပါ။
ဒါဟာ အံ့ဩစရာ ၁၅ မိနစ်ပါ၊
ဒါပေမဲ့ ၁၅ မိနစ်ပါပဲ။
ကျွန်မဟာ ပိုးတောင်မာ (သို့) သကြားလုံး
မဟုတ်ရင် ၁၅ မိနစ်ကြာရင် ပျောက်တာပဲလေ။
(ရယ်သံများ)
ကျွန်မရဲ့ ၁၃ နှစ်ကလေး၊ သူ့ကို ၁၅ မိနစ်ကြာ
စကားပြောခိုင်းနိုင်ရင် ကျွန်မဟာ
တစ်နှစ်တာ မိဘ ဖြစ်တာပေါ့။
(ရယ်သံများ)
ရှင်တို့လိုတာ ၁၅ မိနစ်ပါ။
ကျွန်မရဲ့ အဆိုးဆုံးနေ့မှာ အနှောင့်အယှက်
ကင်းတဲ့ ၁၅ မိနစ် အချိန် ဖြစ်အောင်လုပ်တယ်။
အနှောင့်အယှက်ကင်းတာဟာ သော့ချက်ပါ။
ဖုန်းမရှိ၊ လျှော်စရာမရှိ၊ ဘာမှမရှိဘူး။
ရှင့်တို့ အလုပ်များတယ်၊၊ ညစာကို
စားပွဲပေါ် အရောက်ပို့ရ၊
သူတို့ကို အတင်းရေချိုးခိုင်းရတယ်၊
၁၅ မိနစ်တော့ လုပ်နိုင်ပါသေးတယ်။
ကလေးတွေဟာ ကျွန်မရဲ့
ပျော်ရာဘုံ၊ ကျွန်မရဲ ကမ္ဘာပါ။
ဒါပေမဲ့ ကလေးတွေဟာ
ရှင်တို့ရဲ့ "ဟင်"ကို ဖြည့်ပေးတဲ့
လောင်စာ ဖြစ်ဖို့မလိုဘူး။
ဘဝက မကောင်းတာထက်
ကောင်းတာ ပိုခံစားတဲ့ နေရာပါ။
ဒါက ကလေးတွေနဲ့ ကစားတာ မဟုတ်ဘူး၊
ဒါက ပျော်ရွှင်မှုပါ။
သာမန် ကစားတာပါ။
ကိုယ့်ကိုယ်ကို ၁၅ မိနစ် အချိန်ပေးပါ။
ကိုယ့်ကို နေလို့ကောင်းစေတာကို ရှာဖွေပါ။
ဒါကို တွက်ဆပြီး ဒီကွင်းထဲမှာ ကစားရုံပါ။
ဒီမှာ ကျွန်မက အကောင်းဆုံမဟုတ်ဘူး၊
တကယ်မှာ အောင်မြင်သလို မကြာခဏ ကျရှုံးပါတယ်။
မိတ်ဆွေတွေကို တွေ့ဆုံတာ၊ စာအုပ်တွေ
ဖတ်တာ အာကာသထဲ ငေးကြည့်တာ၊
"ကစားမလား" ဟာ ကိုယ့်ကိုယ်ကို
အလိုလိုက်ဖို့ အတိုကောက်ဖြစ်လာတယ်၊
ကျွန်မရဲ့ ဦးဆုံး တီဗွီပွဲရတဲ့ အချိန်
တစ်ဝိုက်က စွန့်လွှတ်ခဲ့သလိုပေါ့။
အထင်ကရ သင်တန်းသား
ဖြစ်လာခဲ့ချိန်လောက်ကပေါ့၊
မသိတဲ့ နည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကို
စပြိုင်တဲ့ အချိန်တစ်ဝိုက်ကပေါ့။
၁၅ မိနစ်လား၊ ကိုယ့်ကိုယ်ကို
၁၅ မိနစ်တာ အပြည့်အဝ အာရုံစိုက်ဖို့
ပေးတာ ဘာမှား သွားမှာမို့လဲ။
ဘာမှ ဖြစ်မသွားပါဘူး။
အလုပ်မလုပ်ခြင်းရဲ့ လုပ်ဆောင်ချက်စင်စစ်က
"ဟင်" ပြန်လာဖို့ ဖြစ်အောင်လုပ်ပေးတာပါ။
ကိုယ် အဝေးရောက်နေတုန်း "ဟင်"
အင်ဂျင် လောင်စာပြန်ဖြည်နိုင်လိုပေါ့။
အလုပ်ဟာ ကစားတာမပါပဲ အလုပ်မလုပ်ဘူးလေ။
အချိန်နည်းနည်းလေး လိုပေမဲ့
လအနည်းငယ်ကြာပြီးနောက်မှာ
တစ်နေ့ ရေလွှဲပေါက် ပွင့်လာပြီး
ကမန်းကတန်းနဲ့ ရုံးထဲမှာ
ရပ်မိလျက်သား ဖြစ်နေတယ်၊
မကြားဖူးတဲ့ တေးသွားတွေပြည့်လို့
ကိုယ်တွင်းမှာ အပြည့်အဝ လှိမ့်ဝင်လာတယ်၊
ပြီး အနားမှာ၊ ဒါက ကျွန်မကို
စိတ်ကူးမျိုးစုံ ပို့ပေးတယ်။
"ဟင်" လမ်းမ ပွင့်သွားပြီး ဒါကို
မောင်းနိုင်၊ မောင်းလိုက်တယ်၊
ပြီးတော့ အလုပ်ကို ပြန်နှစ်သက်သွားတယ်။
အခုတော့ အဲဒီ"ဟင်"ကို ကြိုက်တယ်၊
ချစ်တော့မချစ်ဘူးပေါ့။
အဲဒီ"ဟင်" မလိုအပ်ဘူး။
ကျွန်မက အဲဒီ"ဟင်" မဟုတ်၊
အဲဒီ"ဟင်"က ကျွန်မ မဟုတ်ဘူး။
မဟုတ်တော့ဘူး။
ကျွန်မဟာ ပူဖောင်းတွေ၊ စေးကပ်နေတဲ့
လက်ချောင်းတွေ မိတ်ဆွေတွေနဲ့ ညစာတွေပါ။
ကျွန်မက အဲဒီ"ဟင်"ပါ။
ဘဝရဲ့"ဟင်"ပါ။
ချစ်ခြင်းရဲ့"ဟင်"ပါ။
အလုပ်ရဲ့ "ဟင်"က တစ်စိတ်တစ်ပိုင်းရှိဆဲပါ၊
အကုန်လုံးတော့ မဟုတ်တော့ပါဘူး။
ပြီးတော့ ကျေးဇူးအရမ်းတင်ပါတယ်။
အထင်ကရဖြစ်ခြင်းကို ကျွန်မ
ရှော်ပစ်တာ မဟုတ်ပါ
အကြောင်းက Red Rover ကစားတဲ့
အထင်ကရ တစ်ခါမှ မမြင်ဖူးလို့ပါ။
အလုပ်လျှော့လုပ်ပြီး ပိုကစားဖို့ သဘောတူ
လိုက်ပြီး ကျွန်မ ကမ္ဘာကို လည်ပတ်ဆဲပါ။
ကျွန်မ ဦးနှောက်က ကျယ်ပြန့်ဆဲ၊
ကျွန်မ မီးပုံက လောင်ကျွမ်းဆဲ၊
ပိုကစားလေ၊ ကျွန်မ ပိုပျော်လာလေ၊
ကလေးတွ ပိုပျော်လာလေ၊
ပိုကစားလေ၊ မိခင်ကောင်း
တစ်ယောက်လို ပိုခံစားရလေ၊
ပိုကစားလေ၊ စိတ်က ပိုလွတ်လပ်လာလေ၊
ပိုကစားလေ၊ ပိုအလုပ်ကောင်းကောင်း လုပ်လေ၊
ပိုကစားလေ၊ "ဟင်"ကို ပိုခံစားရလေ၊
ကျွန်မ ဆောက်နေတဲ့ နိုင်ငံ၊
ပြေးနေတဲ့ မာရသွန်၊
စစ်သည်တွေ၊ ပတ္တုစတွေ၊
အမြင့်သံ၊ "ဟင်"၊"ဟင်"
အခြားသော "ဟင်"၊ တကယ့်"ဟင်"ပါ။
ဘဝဟာ "ဟင်"ပါ။
အဲဒီ"ဟင်"ကို ပိုခံစားလေ၊
ဒါက ပို ထူးဆန်းလာ၊ တုန်ယင်လာ၊ ကွာကျလာ၊
ခွကျလာ၊ အသစ်စက်စက် ဖြစ်လာ၊
အသက်ရှင်တဲ့ ဘယ်အထင်ကရမှ
ကျွန်မလို မခံစားရဘူး။
ဒီ"ဟင်"ကို ပိုခံစားရလေ၊
ကျွန်မဘယ်သူဆိုတာ ပိုသိလေပါ။
ကျွန်မက စာရေးဆရာ၊ ဇာတ်လမ်း
ထွင်တယ်၊ စိတ်ကူးယဉ်တယ်။
ဒါက အလုပ်ရဲ့ အစိတ်အပိုင်းပါ၊
ရှင်သန်နေတဲ့ အိပ်မက်ပေါ့။
ဒါက အိပ်မက်ဆန်တဲ့ အလုပ်ပါ။
အိပ်မက်ဆန်တဲ့အလုပ်ဟာ
နည်းနည်းလေး အိပ်မက်လို ဖြစ်သင့်လို့ပါ။
အလုပ်လျှော့လုပ်ပြီး ပိုကစားဖို့
ကျွန်မသဘောတူခဲ့တယ်။
အထင်ကရတွေ လျှောက်ဖို့ မလိုပါ။
ကစားချင်လား။
ကျေးဇူးပါ။
(လက်ခုပ်သံများ)