ဂီတပညာရှင်တွေ သူတို့တူရိယာတွေ ကောက်ကိုင်လိုက်တိုင်း သူတို့ ဦးနှောက် တစ်ဝန်းလုံးမှာ မီးရှူးမီးပန်းတွေ ပေါက်ထွက်သွားတာကို သင်သိလား။ အပြင်ပန်းမှာ သူတို့ဟာ အေးဆေးပြီး အာရုံစိုက်နေလျက်၊ ဂီတကိုဖတ်ရင်း၊ လေ့ကျင့်ထားတဲ့ လိုအပ်တဲ့ တိကျတဲ့ လှုပ်ရှားမှုတွေကို ဖန်တီးရင်းပေါ့။ ဒါပေမဲ့ ဦးနှောက်အတွင်းမှာကျတော့ ပါတီပွဲဖြစ်နေတယ်။ ဒါကို ဘယ်လိုသိလဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်က အာရုံကြော သိပ္ပံပညာရှင်တွေဟာ ဧရာမ တိုးတက်မှုတွေ ပြုလုပ်ခဲ့တယ်။ fMRI နဲ့ PET လို ကိရိယာတွေနဲ့ အချိန်နဲ့ တပြေးညီ ဦးနှောက်တွေ အလုပ်လုပ်ပုံကို နားလည်ခြင်းနဲ့ပါ။ လူတွေကို ဒီစက်တွေနဲ့ ချိတ်လိုက်တဲ့အခါ စာဖတ်ခြင်း၊ သင်္ချာ တွက်ခြင်းလို လုပ်ဆောင်မှုတွေ တစ်ခုစီအတွက် လှုပ်ရှားမှုတွေကို လေ့လာနိုင်တဲ့ ဦးနှောက် ရဲ့ သက်ဆိုင်ရာ နေရာတွေ ရှိပါတယ်။ ဒါပေမဲ့ သုတေသီတွေဟာ ပါဝင်သူတွေကို ဂီတကို နားထောင်ခိုင်းတဲ့အခါ မီးရှူးမီးပန်းတွေကို မြင်ခဲ့ရတယ်။ အသံထုတ်လုပ်နေစဉ်မှာပဲ ဦးနှောက်ရဲ့ နေရာစုံဟာ ချက်ချင်း လင်းလက်နေတယ်။ တေးသွားနဲ့ စည်းချက်လို အစိတ်အပိုင်းတွေကို နားလည်ဖို့ တစ်ပိုင်းစီ ခွဲလိုက်ကာ ဒါတွေကို ပေါင်းစည်း ထားတဲ့ ဂီတအတွေ့အကြုံအဖြစ် ပြန်စုလိုက်တယ်။ ဦးနှောက်တွေဟာ ဒါအားလုံးကို ဂီတကိုကြားတာနဲ့ ခြေထောက်တွေ လိုက်ပုတ်တဲ့ကြားက စက္ကန့်ပိုင်းမှာ ပြုလုပ်တာပါ။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေက ဂီတနားဆင်သူတွေရဲ့ ဦးနှောက်ကို လေ့လာတာကနေ ဂီတပညာရှင်တွေဆီ လှည့်လိုက်တဲ့အခါ အနောက်ဖက်က မီးရှူးမီးပန်းတွေဟာ ပွဲတော်ဖြစ်လာခဲ့တယ်။ ဖြစ်သွားတာက ဂီတကိုနားထောင်ခြင်းက ဦးနှောက်ကို အတော် စိတ်ဝင်စားစရာကောင်းတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်စေတာဟုတ်ပေမဲ့ ဂီတကို တီးခတ်ခြင်းကတော့ ဦးနှောက်တစ်ခု လုံးအတွက် လေ့ကျင့်ခန်းပါ။ ဦးနှောက်ရဲ့ နေရာစုံမှာ လင်းလာတာကို အာရုံကြော ပညာရှင်တွေတွေ့ခဲ့တယ်၊ တစ်ပြိုင်နက် အနုစိတ်ပြီး အပြန်အလှန်ဆက်နွယ်ကာ အံ့သြစရာ မြန်တဲ့ အစဉ်တွေမှာ သတင်းအချက်အလက် ထုတ်နေတာပါ။ ဒါပေမဲ့ ဦးနှောက်ကို တောက်ပစေတဲ့ ဂီတဖန်တီးမှုဆိုတာက ဘာလဲ။ သုတေသနက အတော့ကို သစ်နေတုန်းပါ။ ဒါပေမဲ့ အာရုံကြော ပညာရှင်တွေမှာ စိတ်ကူးကောင်းလေးရှိတယ် တူရိယာတစ်ခုကို တီးခတ်ခြင်းဟာ ချက်ချင်းကို ဦးနှောက်ရဲ့ နေရာတိုင်းကို တကယ့်ကို ဆက်စပ်ပါလာစေတယ်၊ အထူးသဖြင့် အမြင်၊ အကြား၊ နဲ့ လှုပ်ရှားမှု အပြင်လွှာတွေပါ။ အခြားလေ့ကျင့်ခန်းတွေလိုပဲ ဂီတတီးခတ်ရာမှာ စည်ကမ်းတကျ တည်ဆောက်ထားတဲ့ အလေ့အကျင့်ဟာ ဦးနှောက် လုပ်ဆောင်ပုံကို အားကောင်းစေကာ ဒီအင်အားကို အခြားလုပ်ဆောင်မှုတွေမှာ အသုံးချခွင့်ပေးပါတယ်။ ဂီတနားထောင်ခြင်းနဲ့ တီးခတ်ခြင်းရဲ့ အထင်ရှားဆုံးကွာခြားချက်က ဒုတိယတစ်ခုက ဦးနှောက် နှစ်ခြမ်းလုံးကို ထိန်းချုပ်တဲ့သိမ်မွေ့တဲ့ လှုပ်ရှားမှု ကျွမ်းကျင်မှု လိုအပ်တာပါ။ ဘယ်ဘက်အခြမ်း ပိုပါဝင်တဲ့ ဘာသာစကားနဲ့ သင်္ချာဆိုင်ရာ တိကျမှုတွေကိုလည်း ပေါင်းစပ်ပေးပါတယ်။ ဒါဟာ ညာဘက်က ထူးခွန်တဲ့ မြင့်မြတ်ပြီး ဆန်းသစ်တဲ့ ပါဝင်မှုပါ။ ဒီအကြောင်းတွေကြောင့် ဂီတတီးခတ်ခြင်းဟာ အခြမ်းနှစ်ခုကြားက တံတားဖြစ်တဲ့ ဦးနှောက်ရဲ့ ပင်မ callosum ထဲက ပမာဏနဲ့ ထုထည်ကို တိုးမြှင့်ပေးတယ်လို့ သိရတယ်။ အချက်အလက်တွေကို ဦးနှောက်မှာ ပိုမြန်၊ ပိုစုံတဲ့ လမ်းကြောင်းတွေက ဖြတ်စေတာပါ။ ဒါက ဂီတပညာရှင်တွေကို ပညာရေးနဲ့ လူမှုရေး အခြေအနေ နှစ်ခုလုံးက ပြဿနာတွေကို ထိရောက်၊ ဆန်းသစ်စွာ ဖြေရှင်းခွင့် ပေးနိုင်တယ်။ အကြောင်းက ဂီတဖန်တီးခြင်းဟာ ၎င်းရဲ့ ခံစားမှုပိုင်း အကြောင်းရပ်နဲ့ သတင်းကို လက်နဲ့ ဖန်တီးခြင်း၊ နားလည်ခြင်း ပါဝင်လို့ပါ။ ဂီတပညာရှင်တွေဟာ မကြာခဏ ခန့်ခွဲမှု လုပ်ဆောင်ပုံရဲ့ပိုမြင့်တဲ့ အဆင့်တွေရှိတယ်၊ စီစဉ်တာ၊ ဗျူဟာချတာ၊ အသေးစိတ် ဂရုစိုက်တာ ပါဝင်တဲ့ တုံ့ပြန်ဆက်သွယ်တဲ့ အလုပ်တွေရဲ့ အမျိုးအစားတစ်ခုနဲ့ သိမှတ်မှုနဲ့ စိတ်ခံစားမှု ရှုထောင့် နှစ်လုံးရဲ့ ပြိုင်တူ စိစစ်မှု လိုတာပါ။ ဒီအရည်အချင်းဟာ မှတ်ဉာဏ်စနစ် လုပ်ဆောင်ပုံကိုပါ သက်ရောင်မှုရှိပါတယ်။ တကယ်က ဂီတပညာရှင်တွေဟာ ပိုကောင်းတဲ့ မှတ်ဉာဏ်လုပ်ဆောင်ပုံတွေပြတယ်။ ဖန်တီးခြင်း၊ သိမ်းခြင်း၊ မှတ်ဉာဏ်တွေကို ပို လျှင်မြန် ထိရောက်စွာ ပြန်ထုတ်ခြင်းပါ။ လေ့လာမှုတွေက တွေ့ရှိတာက ဂီတပညာရှင်တွေဟာ မြင်မားစွာ သွယ်ထားတဲ့ ဦးနှောက်တွေကို မှတ်ဉဏ်တိုင်းကို အမှတ် မျိုးစုံပေးဖို့ သုံးပုံရတာပါ။ ဥပမာ သဘောတရား မှတ်မှု၊ ခံစားရေး မှတ်မှု အသံ မှတ်မှု၊ အခြေအနေ မှတ်မှုတို့ပါ၊ ကောင်းတဲ့ အင်တာနက် ရှာဖွေစက်လိုပါ။ ပြောရရင် အားကစား ပန်ချီတို့နဲ့ အတူတဲ့ ဂီတမှာ တစ်မူးထူးတဲ့ ဒီအကျိုးအားလုံးကို ဘယ်လိုသိလဲ။ ဒါမှမဟုတ် ဂီတလောကက လူတွေဟာ အစတုန်းကတည်းက ပိုပြီးတော်နိုင်တာလား။ အာရုံကြော ပညာရှင်တွေဟာ ဒီအချက်တွေကို စူးစမ်းထားပြီး ခုထိတော့ သိထားတာက တူရိယာတီးခတ်မှု သင်ယူခြင်းရဲ့ အနုပညာနဲ့ ရသပိုင်း ရှုထောင့်တွေဟာ အခြားအနုပညာတွေ အပါအဝင် လေ့လာထားတဲ့ အခြားးလုပ်ဆောင်မှုတွေနဲ့ ကွဲပြားတာပါ။ အစမှာ သိမှတ်မှု လုပ်ဆောင်ပုံနဲ့ အာရုံကြော ဖြစ်စဉ်တွေ တူတဲ့ အဆင့်တွေပြသူ ပါဝင်သူတွေရဲ့ ကျပန်းလေ့လာမှုများစွာက တွေ့ရှိတာက ဂီတလေ့လာမှု ကာလတစ်ခုမှာ ထိတွေ့မှုရှိတဲ့သူတွေဟာ အခြားသူတွေနဲ့ ယှဉ်ရင် ဦးနှောက်ရဲ့ နေရာစုံမှာ ပိုကောင်းမွန်တာ ပြသပါတယ်။ ဒီမကြာသေးခင်က ဂီတတီးခတ်ခြင်းရဲ့ စိတ်ကျန်းမာရေးအကြောင်း သုတေသနက စိတ်လုပ်ဆောင်ပုံကို နားလည်ခြင်းကို အဆင့်မြှင့်ပေးတယ်။ ကိုယ်တွင်း စည်းချက်တွေနဲ့ အံ့ဖွယ် ဦးနှောက်ရဲ့ သံစုံတီးဝိုင်းက ဖန်တီးတဲ့ ရှုပ်ထွေးတဲ့ ပြန်လှန် တုံ့ပြန်မှုတွေကို ပြရင်းနဲ့ပါ။