လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်တုန်းက၊ ကျွန်မမိသားစုဟာ ‘‘သောကြာ ဒီမိုကရေစီ အစည်းအဝေးများ’’ ဆိုတာ စတင်ခဲ့တယ်။ သောကြာညနေ ရ နာရီမှာ၊ ကျွန်မတို့ မိသားစုဟာ တရားဝင် အစည်းအဝေးမှာ လတ်တလော မိသားစု အရေးအခင်းတွေကို ဆွေးနွေးခဲ့ကြတယ်။ အစည်းအဝေးတွေကို မိဘတဦးက ဦးဆောင် ကျင်းပခဲ့ပြီး၊ မှတ်စုကို ရေးပေးသူရှိခဲ့တယ်။ အဲဒီ အစည်းအဝေးတွေမှာ စည်းကမ်း နှစ်ရပ် ရှိခဲ့တယ်။ ပထမက လူတိုင်းဟာ ပွင့်လင်း လွတ်လပ်စွာ ပြောဆိုခွင့် ရှိခဲ့တယ်။ ကျုပ်တို့ ကလေးတွေက ကိုယ့်မိဘတွေကို ဝေဖန်ခွင့် ရှိခဲ့ကြတယ်၊ အဲဒါကို မလေးစားရရာကျတယ်၊ ရိုင်းတယ်လို့ မယူဆခဲ့ပါ။ ဒုတိယက Chatham House စည်းကမ်းလို့ ခေါ်ခဲ့တယ်။ အစည်းအဝေးမှာ ပြောခဲ့သမှှဟာ စည်းဝေးထဲမှာပဲ ကျန်ရစ်ခဲ့တယ်။ (ရယ်သံများ) အဲဒီအစည်းအဝေးတွေမှာ ပြောဆိုခဲ့ကြတဲ့ ခေါင်းစီးတွေဟာ တပတ်နှင့် တပတ် မတူကွဲပြားခဲ့ကြတယ်။ တပတ်တွင် ကျုပ်တို့ဟာ ဘယ်လို အစားအစာတွေကို စားကြမယ်၊ ကလေးတွေ ဘယ်အချိန်မှာ အိပ်ရာ ဝင်ကြရမယ်၊ မိသားစုထဲက အရာတွေကို ဘယ်လို ပိုကောင်းအောင် လုပ်ကြမလဲ ဆွေးနွေးခဲ့ကြသလို၊ နောက်တခါမှာကျတော့ ကျောင်းမှာ ဖြစ်ပျက်တာတွေကို၊ ညီအိုရင်း အကြားက တိုက်ခိုက်မှုတွေ ဘယ်လိုဖြေရှင်းရမလဲကို ဆွေးနွေးခဲ့ကြတယ်။ အစည်းအဝေးတိုင်းမှာ ကျုပ်တို့ဟာ အနည်းဆုံး နောက်အစည်းအဝေးအထိ အာဏာတည်ရမယ့် ဆုံးဖြတ်ချက်နဲ့ သဘောတူညီချက်တွေ ချမှတ်ခဲ့ကြတယ်။ ဒီတော့ ကျွန်မကို နိုင်ငံရေးသမား တဦးအဖြစ် မွေးထုတ်ခဲ့တယ်လို့ ဆိုနိုင်တယ်။ အသက် ခြောက်-ခုနစ်နှစ်မှာ ကျွန်မ နိုင်ငံရေးကို ကျွမ်းနေပြီ။ ကျွန်မဟာ ဆွေးနွေးညှိနှိုင်းတတ်လျက် အပေးအယူ လုပ်တပ်ပြီ၊ အခြား နိုင်ငံရေးထဲ ပါဝင်သူတွေနဲ့ မဟာမိတ် ဖွဲ့နေနေပါပြီ။ (ရယ်မောသံများ) တကြိမ်မှာ ကျွန်ဟာ နိုင်ငံရေး ဖြစ်စဉ်ကို ကမောက်ကမ ဖြစ်အောင် ကြိုးစားခဲ့တယ်။ (ရယ်မောသံများ) အဲဒီ အစည်းအဝေးတွေဟာ သိပ်ကို အေးချမ်း ခဲ့ပြီး ယဉ်ကျေးလျက် ဒီမိုကရေစီ စံခဲ့ပါတယ်။ ဒါပေမဲ့ အမြဲတမ်း အဲဒီလို မဟုတ်ခဲ့ပါဘူး။ ပွင့်လင်း လွတ်လပ်စွာ ပြောခွင့်၊ ဆွေးနွေး ခွင့်နဲ့ ဝေဖန်ခွင့် ရှိခဲ့လို့ တခါတရံမှာ အရာတွေဟာ သိပ်ကို ပူပြင်းတတ်ခဲ့ပါတယ်။ အစည်းအဝေး တခုဟာ ကျွန်မအတွက် သိပ်ကို ဆိုးခဲ့တယ်။ အဲဒီတုန်းက ကျွန်မ ဆယ်နှစ် ရှိနေပြီ၊ ကျောင်းမှာ ဆိုးဆိုးဝါးဝါး တခုကို လုပ်မိခဲ့တယ်။ အဲဒါကို ဒီနေ့ လုံးဝပြောမပြချင်ပါဘူး။ (ရယ်မောသံများ) ဒါပေမဲ့ ကျွန်မအကိုက အဲဒါကို အစည်းအဝေးမှာ တင်ပြလာတယ်။ ကျွန်မက ကိုယ့်ကိုယ်ကို မခုခံနိုင်ခဲ့လို့ အစည်းအဝေးထဲက ထွက်သွားလျက် သပိတ်မှောက်နေခဲ့တယ်။ ကျွန်မဟာ တရားဝင် စာတစ်စောင်ကို ရေးခဲ့ပြီး ကျွန်မအဖေကို ပေးခဲ့တယ်၊ ကျွန်မ သပိတ်မှောက်ကြောင်း ကြေညာလိုက်တယ်။ (ရယ်မောသံများ) ကျွန်မက အဲဒီ အစည်းအဝေးတွေကို ဆက်မတက်တော့ဘူး ဆိုတော့ ဒီစနစ် ပြိုလဲသွားမယ် ထင်ခဲ့တယ်၊ (ရယ်မောသံများ) ဒါပေမဲ့ ကျွန်မမိသားစုကတော့ ဆက် အစည်းအဝေးခဲ့ကြတယ်၊ ကျွန်မ မကြိုက်တဲ့ ဆုံးဖြတ်ချက်တွေကို ရံဖန်ရံခါ ချမှတ်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မကို အစည်းအဝေးကို မတက်ခဲ့တော့၊ အဲဒီဆုံးဖြတ်ချက်တွေကို မစိန်ခေါ်နိုင်ခဲ့ဘဲ အဲဒါကို ဆန့်ကျင်နိုင်စွမ်း မရှိခဲ့ပါ။ တိုက်ဆိုင်ချင်တော့ ကျွန်မ ၁၃ နှစ် ပြည့်လာချိန်မှာ၊ အဲဒီလို အစည်းအဝေးတွေကို အချိန်ကြာစွာ သပိတ်မှောက်ခဲ့ရာကနေပြီ ပြန်ပြီး တက်လာခဲ့ပါတယ်။ ကျွန်မ တယောက်တည်းနဲ့ ဆိုင်တဲ့ ပြဿနာ တခု ရှိခဲ့လို့ပါ၊ မိသားစုထဲက ဘယ်သူကမှ အဲဒါကို တင်ပြမလာခဲ့ကြဘူး။ ထမင်းစားပြီးသွားတဲ့ နောက်မှာ ပန်ကန်းတွေကို ဆေးဖို့ အခိုင်းခံရတာ ကျွန်မ တယောက်တည်းဖြစ်ခဲ့ပြီး၊ ကျွန်မရဲ့ အစ်ကိုနဲ့မောင်လေးကျတော့ မဆေးခဲ့ကြရပါဘူး။ ဒါဟာ မတရားဘူး၊ မမျှတဘူး၊ ပြီးတော့ ခွဲခြားဆက်ဆံရာကျတယ်လို့ ကျွန်မက ယူဆခဲ့လို့ အစည်းအဝေးမှာ တင်ပြချင်ခဲ့တယ်။ ခင်ဗျားတို့ သိကြသလို လူ့အဖွဲ့အစည်း တော်တော်များများထဲမှာ အိမ်ကိစ္စ အားလုံးကို အမျိုးသမီးတွေ လုပ်ရမယ်လို့ ထုံးစံလို ဖြစ်လာခဲ့တယ်။ ၁၃ နှစ်အရွယ် ကလေးမလေး အနေနဲ့ အဲဒါကို တင်ပြဖို့ ဆင်ခြေ လိုအပ်ခဲ့တယ်။ အစည်းအဝေးထဲတွင် ကျွန်မ အကိုတွေက ယောက်ျားလေးတွေ ပန်းကန် ဆေးတာကို မကြားဘူးခဲ့ဖူးဘူး၊ သတို့ကျမှ ဘာဖြစ်လို့ ဆေးရမှာလဲ ငြင်းကြတယ်။ ဒါပေမဲ့ ကျွန်မ မိဘတွေက ကျွန်မနဲ့သဘောတူပြီး ကျွန်မအကိုတွေ ကူရမယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ကို ဘယ်လိုမှ ခိုင်းမရခဲ့လို့ ဘာမှ ထူးမလာခဲ့ပါ။ ကျွန်မရဲ့ ပြဿနာ ပြေလည်မလာလို့ နောက်အစည်းအဝေးကို ကျွန်မ တက်ရန် ဆုံးဖြတ်ခဲ့ပြီး အားလုံးအတွက် မျှတမယ့် စနစ်တခုကို အဆိုပြုခဲ့တယ်။ လူတစ်ယောက်တည်းက မိသားစုဝင် အားလုံး သုံးခဲ့ကြတဲ့ ပန်းကန်တွေ အားလုံးကို ဆေးမယ့်အစား၊ မိသားစုဝင် တဦးချင်းဆီက ကိုယ့် ပန်းကန်ခွက်တွေကို ဆေးကြရန် ဖြစ်ခဲ့ပါတယ်။ စေတနာကောင်းကို ပြတဲ့ အနေနဲ့ ကျွန်မက အိုးခွက်တွေ အားလုံးကို တာဝန်ယူ ဆေးပေးရန် သဘောတူခဲ့တယ်။ ကျွန်မ အဆိုပြုလိုက်တဲ့ စနစ်က မိသားစုထဲက အဖွဲ့ဝင်တိုင်းက မိမိရဲ့ ပန်းကန်တွေကို ဆေးရန် တာဝန်ယူရတယ်ဆိုတော့၊ ကျွန်မရဲ့ အကိုတွေဟာ သူတို့ရဲ့ ပန်းကန်များအတွက် တာဝန်ယူလာခဲ့ရပြီး သူတို့ရဲ့ နောက်မှာ သူတို့ရဲ့ ပန်းကန်တွေကို ဆေးလာကြရတယ်။ လူတိုင်းဟာ ကျွန်မရဲ့ အဆိုပြုချက်ကို သဘောတူခဲ့ကြရပြီး နှစ်များစွာကြာတဲ့ အထိ အဲဒီ ပန်းကန်ဆေးရေး စနစ် တည်လာခဲ့တယ်။ ကျွန်မ အခု ပြောပြခဲ့တာက မိသားစုထဲက ဖြစ်စဉ်တခုပါ၊ ဒါပေမဲ့ အဲဒါဟာ နိုင်ငံရေးသက်သက်ပါ။ နိုင်င်ငံရေး မှန်သမျှဟာ ဆုံးဖြတ်ချက် ချမှတ်မှု ပါစမြဲပါ၊ တကယ်ကျတော့၊ ဆုံးဖြတ် ချမှတ်ရေး ဖြစ်စဉ်ဟာ နောက်ခံမျိုးစုံ ရှိကြတဲ့ လူတွေကို ပြီးတော့ သူတို့ရဲ့ စိတ်ဝင်စားမှုတွေ၊ ထင်မြင်ချက်တွေ၊ ကျားမဖြစ်မှု၊ ကိုးကွယ်မှု၊ လူမျိုး၊ တိုင်းရင်းသား၊ အသက် စသဖြင့် ထည့်တွက်ရန် လိုတယ်၊ ပြီးတော့ သူတို့အားလုံးဟာ သူတို့ရဲ့ ဘဝကို တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး သက်ရောက်မှုရှိမယ့် ဆုံးဖြတ်ချက်ကို ချမှတ်ရာတွင် ဝိုင်းပြီး ပါဝင် ဆွေးနွေးရန် တန်းတူ အခွင့်အလမ်း ရှိကြရပါမယ်။ ဒါကြောင့်မို့လို့ လူငယ်တွေက ‘‘နိုင်ငံရေးထဲ ကိုယ့်အမြင်ရှိဖို့ ကျနော် ငယ်သေးတယ်’’လို့ ဆိုတာကို ကြားရတဲ့ အခါမှာ နားလည်ဖို့ ခဲယဉ်းသလိုပါပဲ။ အလားတူပဲ၊ အမျိုးသမိးတချို့တို့က၊ ‘‘နိုင်ငံရေး ဆိုတာ ညစ်ညမ်းတဲ့ အရာပါ၊ တို့တော့ မပါချင်ပါဘူး’’ လို့ ဆိုကြပြီး၊ ကမ္ဘာ့တဝမ်းမှာ နိုင်ငံရေး အတွေးအခေါ်တွေ၊ နိုင်ငံရေးထဲ ပါဝင်ရမှုတွေဟာ သိပ်ကို ရှုပ်ထွေး ပြင်းထန်တဲ့ ပုံစံ ဆောင်လာနေလို့ သာမန်ပြည်သူတွေက ခံစားနေကြတာ၊ နိုင်ငံရေးထဲ ပါဝင်ဖို့ အတွက် တက်ကြွစာ ပါဝင် ပြောဆိုနိုင်သူတွေ ဖြစ်ဖို့ လိုတယ်လို့ ခံစားနေကြတာကာ မဟုတ်မှန်ပါဘူး။ ကျွန်မက အဲဒီလို လူငယ်တွေ၊ အမျိုးသမီးတွေနဲ့ သာမန် ပြည်သူ အားလုံးတို့ကို ပြောချင်တာက- ခင်ဗျားတို့အားလုံးဟာ နိုင်ငံရေးထဲမှာ မပါရေး စိတ်မဝင်စားလို့ မဖြစ်နိုင်ဘူး၊ နိုင်ငံရေးဆိုတာ တက်ကြွမှုတင် မကပါဘူး။ အဲဒါဟာ အသိစိတ် နှိုးကြားမှု၊ သိရှိအပ်တာတွေကို သိရှိထားခြင်း၊ ဂရုစိုက်ရမယ့် အရာတွေကို ဂရုစိုက်ခြင်းပါ။ အခွင့်ကြုံတဲ့ အခါမှ မဲပေးမှု ဖြစ်နိုင်တယ်။ နိုင်ငံရေးဆိုတာဟာ ကျုပ်တို့က မိမိတို့ကို လူအုပ်စုနဲ့ လူ့အဖွဲ့အစည်းအဖြစ် စည်းရုံးပေးတဲ့ ကိရိယာပါ။ နိုင်ငံရေးဟာ ဘဝဟာ ဖက်အသီးသီးကို ဆုံးဖြတ်ပေးနေတာမို့လို့ ၎င်းထဲ မပါဝင်ဘူးဆိုရင်၊ ခင်ဗျားက ဘာကို စားမလဲ၊ ဘာဝတ်မလဲ၊ ကျန်းမာရေး ခံစားခွင့် အခမဲ့ ပညာရေး ရှိမလားမရှိဘူးလား၊ ကိုယ့် ပေးရမယ့် အခွန်က ဘယ်လောက်လဲ၊ ကိုယ် ဘယ်မှာ အငြိမ်းစား ယူမလဲ၊ ကိုယ့် ပင်စင်က ဘယ်လောက်လဲ အခြားသူတွေအား ဆုံးဖြတ်ခွင့်ကို ပေးလိုက်တာနဲ့ တူပါတယ်။ ခင်ဗျားတို့ရဲ့ အသားအရောင်နှင့် လူမျိုးက ခင်ဗျားတို့ကို ရာဇဝတ်ကောင်လို့ ယူဆဖို့ ဒါမှမဟုတ် ခင်ဗျားတို့ရဲ့ ဘာသာရေးနဲ့ လူမျိုးရေးက အကြမ်းဖက်သမားလို့ သတ်မှတ်ဖို့ လုံလောက်လား တခြားသူတွေ ဆုံးဖြတ်နိုင်ကြတယ်။ ဒါတောင်မှ သင်ဟာ အမှီအခိုကင်းတဲ့ အားသန်သူ ဖြစ်တယ်၊ နိုင်ငံရေးရဲ့ သက်ရောက်မှု ကင်းရှင်းတယ်လို့ ယူဆရင် ကောင်းကောင်းလေး စဉ်းစားကြည့်သင့်တယ်။ လစ်ဗျားက လူငယ်အမျိုးသမီး အနေနဲ့ ကျွန်မက ပြောနေတာပါ၊ ပြည်တွင်းစစ် ဖြစ်နေတဲ့ နိုင်ငံမှ ကျွန်မ ရောက်လာတာပါ။ နှစ်လေးဆယ် အာဏာရှင် အုပ်ချုပ်မှုရဲ့ နောက်မှာ အမျိုးသမီးနှင့် လူငယ်တွေကို နိုင်ငံရေးထဲ ပါဝင်ဖို့ တိုက်တွန်းမယ့် နေရာမျိုး မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ပြုလုပ်ခဲ့သမျှ နိုင်ငံရေး ဆွေးနွေးပွဲတွေဟာ နိုင်ငံခြားအင်အားကြီး နိုင်ငံတွေပါဝင် ခဲ့တာတွေ အပါအဝင် အခန်းထဲမှာ ရှိနေခဲ့တဲ့ အသက်လတ်ပိုင်း လူနဲ့သာ လုပ်ခဲ့ကြတာပါ။ ဒါပေမဲ့ လစ်ဗျားလို နိုင်ငံရေးစနစ် ဖရိုဖရဲဖြစ်နေတဲ့ ဒါမှမဟုတ် နိုင်ငံတကာ အဖွဲ့အစည်းတွေ အပါအဝင် လုပ်ကိုင်နေကြပုံရတဲ့ နေရာတွေတောင် ဒီနေ့ ကျွန်မတို့ဆီမှာ ရှိနေတဲ့ နိုင်ငံရေး ဆုံးဖြတ်ချက် ချမှတ်ရေး ပုံစံနဲ့ဆိုရင် ပြည်သူတွေအတွက် ပြည်သူတွေ ချမှတ်တာမျိုး မဟုတ်နိုင်ဘဲ လူနည်းကနေပြီး လူနည်းစုအတွက် ထူထောင်ထားတဲ့ စနစ်ပါ။ ပြီးတော့ အဲဒီလူနည်းစုဟာ သမိုင်းအရ တကယ့်ကို အထူးလူနည်းစုပါ၊ သူတို့ဟာ ဥပဒေတွေ၊ မူဝါဒတွေကို နိုင်ငံရေးထဲ ပါဝင်ရေး ယန္တရားတွေ စသဖြင့် ထူထောင်ပေးထားပေမဲ့၊ လူအများစုကို ဘေးကို ပထုတ်လျက် ခုနက လူနည်းစုရဲ့ သဘောထားတွေ ယုံကြည်ချက်တွေ၊ လောကအမြင်၊ စိတ်ကူးစိတ်သန်တွေကို အခြေခံပြီး ဆုံးဖြတ် ချမှတ်ခဲ့ကြတာပါ။ ကျွန်မတို့ အားလုံးလိုလို ကြားဘူးခဲ့ကြတဲ့ စကားလုံးတွေ ရှိပါတယ်၊ ‘‘အမျိုးသမီး တစ်ယောက်က၊ အသားညိုနဲ့ လူငယ် တစ်ယောက်က နိုင်ငံရေးအကြောင်း ဘာတွေများ နားလည်နိုင်မလဲ။’’ ကိုယ်က အသက် ငယ်သေးတယ်၊ အမျိုးသမီး ဖြစ်တယ်ဆိုရင်၊ ပြီးတော့ နိုင်ငံ အများမှာ ‘‘မင်းတို့ဆီမှာ နိုင်ငံရေး အတွေ့အကြုံ ဘယ်ရှိနိုင်မလဲ’’ ဆိုပြီး ကြားကြရတယ်။ ကျွန်မက အဲဒါမျိုးကို ကြားရတဲ့ အခါမှာ၊ သူတို့ ရည်ညွှန်းနေကြတဲ့ အတွေ့အကြုံက ဘယ်လိုဟာမျိုးလဲ။ ချစားနေကြတဲ့ နိုင်ငံရေး စနစ်များရဲ့ အတွေ့အကြုံကိုများလား။ ဒါမဟုတ် စစ်ပွဲ ဆင်နွှဲရေးကို များလား။ ဒါမှမဟုတ် ပတ်ဝန်းကျင်ရဲ့ အကျိုးကို စီးပွားရေးအကျိုးအမြတ်ကို ရှေ့တန်း တင်ကြတဲ့ အတွေ့အကြုံမျိုးကိုများလား။ သူတို့ ပြောဆိုနေကြတာက အဲဒီလို နိုင်ငံရေး အတွေ့အကြုံဆိုရင် သူတို့ မှန်ကြပါတယ်။ (လက်ခုပ်သံများ) ကျွန်မတို့က အမျိုးသမီးဖြစ်ပြီး အသက် ငယ်တော့ နိုင်ငံရေးအတွေ့အကြုံ မရှိကြပါ။ ပြီးတော့ သာမန်ပြည်သူများနဲ့ လူငယ် အများ တို့ကပါ နိုင်ငံရေးကို ဂရုမစိုက်ကြလို့ နိုင်ငံရေးသမားတွေကိုသာ အဲဒါ့အတွက် နိုင်ငံရေးသမားတွေကိုသာ အပြစ်ဖို့ကြမယ်ဆိုရင် မမှန်ပါဘူး။ နိုင်ငံရေးကို စိတ်ဝင်စားသူတွေကတောင် ဘယ်လို ပါဝင်ရမှာကို မသိကြပါ။ ဒါကို ပြောင်းပစ်ရမယ်၊ ကျွန်မရဲ့ အဆိုပြုချက်က ဒီလိုပါ။ ကျွန်မတို့ဟာ ဆုံးဖြတ်ချက် ချမှတ်ရေး ကိစ္စကို အဲဒီထဲ ပါဝင်သင့်ပုံကို လူတွေကို အသက်ငယ်စဉ်ကတည်းက သင်ပေးရန် လိုပါတယ်။ မိသားစုတိုင်းဟာ အသေးစားနိုင်ငံရေးစနစ် တစ်ခုပါ ပုံမှန်အားဖြင့် မိသားစု တစ်ရပ်လုံးဆိုင်ရာတွေကို မိဘတွေကို ဆုံးဖြတ်ကြပြီး ကလေးတွေ ပြောခွင့် မရှိတတ်တော့ ဒီမိုကရေစီဆန်တဲ့ စနစ်တော့ မဟုတ်ပါ။ အလားတူပဲ၊ တနိုင်ငံလုံးကို အကျိုး သက်ရောက်တဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံရေးသမားတွေက ချမှတ်ကြပေမဲ့ ပြည်သူတွေ ပြောနိုင်တာ မရှိသလောက်ပါ။ အဲဒါကို ကျွန်မတို့ ပြောင်းပစ်ကြရမယ်၊ ပြီးတော့ စနစ်တကျ ပြောင်းလဲနိုင်ဖို့ အတွက်၊ ကျွန်မတို့ဟာ ပြည်သူကို သင်ပေးကြရမယ် နိုင်ငံရေး၊ အမျိုးသားရေးနဲ့ နိုင်ငံတကာ အရေးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် မိသားစုအရေးလိုပဲ အရေးပါတာကို သိနားလည်ကြရမယ်။ ကျွန်မတို့က အဲဒီလို ပန်းတိုင်ကို တက်လှမ်းလိုကြရင် ကျွန်မရဲ့ အကြံက မိသားစု ဒီမိုကရေစီ အစည်းအဝေး စနစ်ကို စမ်းသပ်ကြပါ။ အဲဒီလိုရင် ခင်ဗျားတို့ရဲ့ ကလေးတွေဟာ ငယ်စဉ်ကတည်းကိုက ဆုံးဖြတ်ချက် ချမှတ်မှုကို လေ့ကျင့်ခွင့် ရရှိလာကြမှာပါ။ နိုင်ငံရေးဆိုတာက ပါဝင် ဆွေးနွေးရတယ်၊ ခက်ခဲတဲ့ ညှိနှိုင်းဆွေးနွေး ရတာလည်း ပါတတ်ပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက်တွေ ပေါ်လာကြတာပါ။ ဆွေးနွေးနိုင်ဖို့ ကိုယ်က အဲဒီထဲ ပါဝင်ရန် လိုအပ်တယ်၊ ကျွန်မငယ်ငယ်တုန်းက သပိတ်မှောက်တာမျိုး လုပ်မရနိုင်ဘူး သင်ခန်းစာကို ခက်ခဲဆစ် သင်ယူဖို့ အားထုတ် ကြိုးပမ်းရန် လိုပါတယ်။ ခင်ဗျားတို့က ကိုယ့်ကလေးတွေကို မိသားစု ဆွေးနွေးမှုထဲ ပါဝင်ဖို့ ခေါ်နိုင်ပါက သူတို့ ကြီးလာရင် နိုင်ငံရေး ဆွေးနွေးပွဲထဲ ဘယ်လို ပါဝင်နိုင်ကြောင်း သိကြမှာပါ။ အရေးကြီးဆုံးက၊ တကယ် အရေးကြီးတာက၊ သူတို့ဟာ အခြားသူတွေ ပါဝင်လာအောင် ကူပေးကြမှာပါ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)