သတိထားမိလားတော့မသိဘူး။ တစ်လောက ခွေးတွေရဲ့သိမှတ်မှုနဲ့ စိတ်ခံစားမှုအကြောင်း ဆင်ခြင်၊ မှန်းဆပေးတဲ့ စာအုပ်တွေ တပြုံကြီးထွက်လာတယ် သူတို့တွေတွေးတတ်လား၊ ခံစားတတ်လား၊ ဒါဆိုရင် ဘယ်လိုလဲပေါ့။ ဒီတော့ ဒီနေ့လည် ကန့်သတ်ချိန်အတွင်းမှာ ခွေး၂ကောင်ကိုမိတ်ဆက်ရင်းကနေ ဒီအများကြီးထဲက မှန်းဆချက် ထုတ်ပြချင်ပါတယ်။ ၂ကောင်လုံးက "ပြော"ဆိုတကို တော်တော်လေး လုံးချင်အနေနဲ့ သင်ယူထားပါတယ်၊ ပထမခွေးက ပထမပေါ့ဗျာ။ သူဟာ သူ့သခင်နဲ့ ဆက်ဆံရေး ရှုထောင့်ကို ဆင်ခြင်နေတယ်ပေါ့။ ခေါင်စဉ်က "သူ့သခင်ပေါ်က ခွေး ၁ ကောင်" ငယ်တုန်းကလောက် ပုံပေါက်သလိုဆို ကျွန်တော်ဟာ ပိုပြီးသူ့ထက်မြန်မြန် အိုလာနေတာပေါ့၊ ၇ အချိုး ၁ နဲ့ သူတို့ပြောတတ်တာက ဘယ်နံပါတ်ပဲဖြစ်ဖြစ်၊ သူ့ကိုတစ်နေ့နေ့မှာကျော်ပြီး ဦးဆောင်လိမ့်မယ်ပေါ့။ တောအုပ်ထဲမှာ လမ်းတွေလျှောက်တဲ့ဟန်နဲ့၊ ပြီးတော့ သူ့စိတ်ကို ဖြတ်ကျော်ဖို့ လုပ်နိုင်ရင် နှင်း(သို့)မြက်ခင်းပေါ်မှာ ကျွန်တော်ဖြာကျလိုက်တဲ့ အချိုြ်မဆုံးအရိပ်လေး ဖြစ်တော့မှာပေါ့။ (လက်ခုပ်သံများ) ကျေးဇူးပါ။ နောက်ခွေးတစ်ကောင်က ပြန်ဝင်ပူးခြင်းလို့ခေါ်တာမျိုး နဲ့စကားပြောတယ်၊ အဓိပ္ပါယ်က ဝိဉာဉ်တစ်ခုက ကိုယ့်ဆီ အလည်ပြန်လာတာလေ။ ကျုပ်ဟာ ခင်ဗျား ချော့သိပ်လိုက်တဲ့ ခွေးပါ၊ မေ့ပျောက်ခြင်းရဲ့အပ်လို့ ခင်ဗျား ခေါ်ချင်သလို ပြန်လာပြီးဒီလို ရိုးရိုးလေးပြောတာက ခင်ဗျားကို တစ်ခါမှ မကြိုက်ခဲ့ဘူး (ရယ်သံများ) ခင်ဗျားမျက်နှာကိုလျက်တော့ ခင်ဗျားနှာခေါင်းကို ကိုက်လိုက်ရင် ကောင်းမလားလို့ တွေးမိတယ် ခင်ဗျား ကိုယ်ကို ရေခြောက်အောင် သုတ်တုန်း ခုန်ပြီး ဆတ်ကနဲကိုက်ပြီး သင်းကွပ်ချင်မိတယ် ခင်ဗျားလှုပ်ရှားပုံကို ဘဝင်မကျဘူး၊ တိရစ္ဆာန်ကျက်သရေ ကင်းမဲ့လို့၊ စားသောက်ဖို့ ခုံမှာ ထိုင်ထိုင်နေပုံများ ပေါင်ပေါ်မှာက လက်သုတ်ပုဝါ၊ လက်ထဲမှာက ဓားနဲ့ ပြေးထွက်လိုက်ချင်ပေမယ့် ကျုပ်က အားနည်းလွန်းတယ်လေ၊ ခင်ဗျား ကျုပ်ကိုသင်ပေးတဲ့နည်းတစ်ခု ဖနောင့်နဲ့ထိုင်တတ်အောင် သင်ပေးတုန်းကလေ အကြီးကျယ်ဆုံးစော်ကားမှုတွေဗျာ၊ လက်မပါပဲ လက်တွေလှုပ်ရတယ်လို့ဗျာ၊ ချည်ကြိုးကိုမြင်တော့ စိတ်လှုပ်ရှားမိတာ ဝန်ခံပါတယ်။ ဒါကလည်း ခင်ဗျားဘယ်တော့မှ မထိဖူးတာတွေကို နမ်းရှုံ့ရတော့မယ်ဆိုလို့ပါ။ ဒါကို ခင်ဗျားက မယုံချင်ပေမယ့် ကျုပ်မှာ လိမ်စရာအကြောင်းမရှိပါဘူး။ ကျုပ်ကားတွေကိုမုန်းတယ်၊ ရာဘာရုပ်တွေကိုမုန်းတယ်၊ ခင်ဗျားရဲ့မိတ်ဆွေတွေကို မနှစ်မြို့ဘူး၊ ပိုဆိုးတာက ခင်းဗျားရဲ့ အမျိုးတွေလေ။ ကျုပ်ကိုဆွဲထားတာတွေရဲ့ တချွင်ချွင်မြည်သံက ကျုပ်ကို ရူးစေတာပေါ့။ ခင်ဗျား ကျုပ်ကို မဟုတ်တဲ့နေရာတွေ အမြဲ ကုတ်ပေးတယ်လေ။ (ရယ်သံများ) ခင်ဗျားဆီက ကျုပ်အမြဲလိုချင်တာက ကျုပ်ဇလုံတွေထဲက အစာနဲ့ရေပါ၊ ခင်ဗျားအိပ်တုန်း၊ ကောင်းကင်က လအမြင့်မှာ ခင်ဗျားအသက်ရှူတာ စောင့်ကြည့်မိတယ်။ ကျုပ်ခေါင်းကိုမော့ပြီး မအူမိဖို့ အားကုန်ထိန်းထားရတယ်ဗျို့။ အခု ကျုပ်ဟာ လည်ပတ်ကနေလွတ်ပြီ၊ အဝါရောင်မိုးကာကနေလွတ်ပြီ၊ ပန်းစာလုံးတွေနဲအလှဆင်ထားတဲ့ ဆွယ်တာကနေ၊ ခင်ဗျားမြက်ခင်းရဲ့ အဓိပ္ပါယ်မရှိမှု၊ ဒါပဲလေ၊ဒီနေရာအကြောင်းပဲ ခင်ဗျားသိဖို့လိုတာ၊ ခင်ဗျားသိထားသင့်ပြီးတာကလွဲရင်၊ ပြီး ဒါစောစောဖြစ်မလာရင် ခင်ဗျားပျော်မိတယ်ဆိုတာပေါ့၊ ဒီကလူတိုင်း ခွေးတွေကို ကဗျာထဲမှာ ကြောင်တွေနဲ့ အခြားကောင်တွေကို စကားပြေထဲမှာ ဖတ်နိုင်၊ ရေးနိုင်တယ်ဆိုတာလေ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)