အော်ဂင်းနစ် ဓာတုပညာရှင်တွေက မော်လီကျူးတွေကို
ထုတ်လုပ်ပါတယ်။
အတော့်ကို ရှုပ်ထွေးတဲ့မော်လီကျူးတွေပါ။
မော်လီကျူးအတုံးကြီးကို
အသေးလေးတွေအဖြစ် ခုတ်ပိုင်းလျက်
အင်ဂျင်နီယာစွမ်းအားကို
ပြောင်းပြန် လှန်ပစ်တာပါ။
ဓါတုဗေဒပညာရှင် တစ်ယောက်အနေနဲ့
ပြီးခဲ့တဲ့ ၁နှစ်၂နှစ်လောက်တုန်းက ကျွနိတော့ရဲ့ သုသေသနအဖွဲ့ကို
မေးချင်တာတွေထဲက တစ်ခုက ကွန်တော်တို့တွေ
အရမ်းကိုမိုက်ပြီး နေရာတကာသုံးလို့ရတဲ့ ဓာတုပစ္စည်း
တစ်စုံလောက် လုပ်နိုင်ကမလားလို့ပါ။
အနှစ်ပြောရရင် ဓာတုဗေဒ
ပရိုဂရမ်လုပ်လို့ရမလားပေါ့။
ကဲ အခု ဒါက ဘာကိုဆိုလိုလိမ့်မလဲ၊
ဒါ ကိုဘယ်လိုလုပ်နိုင်မလဲပေါ့။
ကောင်းပြီး ဒါကိုစတင်ဖို့
သုံးဖက်မြင်ကင်မရာတစ်လုံးကိုယူပြီး
တစ်ဖက်မှာ ကျွန်တော်တို့ရဲ့
စမ်းသပ်ခွက်တွေ၊
စမ်းသပ်ပြွန်တွေကို ပုံနှိပ်ယူ၊
ပြီး တစ်ချိန်တည်းမှာ အခြားတစ်ဖက်မှာ
မော်လီကျူးကိုပုံနှိပ်တယ်။
ပြီးတော့ ဒါတွေကို ကျွန်တော်တို့အခေါ် ဓာတ်ပြုထည်
ဆိုတဲ့အထဲမှာ အတူပေါင်းစပ်လိုက်ပါတယ်
ဒီလိုနဲ့ ဗူးတွေခွက်တွေကို ပုံနှိပ်ရင်း
တစ်ချိန်တည်းမှာ ဓာတုဗေဒကိုလေ့လာရင်း
ဓာတုဗေဒပညာရဲ့ခနေရာတိုင်း သုံးလို့ရတဲ့
ကိရိံယာတစ်စုံကို လုပ်နိုင်ခဲ့တယ်။
ကဲအခု ဒါကဘာဆိုလိုပါလိမ့်။
ကောင်းပြီး ဇီဝနဲ့ဓာတုဆိုင်ရာ ကွန်ရက်တွေကို
ရှာဖွေတဲ့ အင်ဂျင်တစ်ခုလို မြှပ်ထားနိုင်မယ်ဆိုရင်၊
ခင်ဗျားမှာ ကုသဖို့လိုနေတဲ့
မကောင်းတဲ့ ဆဲလ်တစ်ခု၊
ဒါမှမဟုတ် သတ်ပစ်ဖို့လိုနေတဲ့
ဘက်တီးရီးယားရှိတယ်ဆိုရင်၊
တစ်ချိန်တည်းမှာပဲ ဒါကို ခင်ဗျားရဲ့
ကိရိယာထဲမှာ မြှပ်ထားလိုက်မယ်ဆိုရင်၊
ခင်ဗျားဟာ ဓာတုဗေဒကို
လုပ်လိုက်တာပေါ့ဗျာ။
ဆေးဝါးတွေကို နည်းသစ်တစ်မျိုးနဲ့
ခင်ဗျားလုပ်ချင်လုပ်နိုင်မှာပေါ့ဗျာ။
ကဲ ကျွနိတော်တို့ ဒါကို လက်တွေ့ခန်းမှာ
ဘယ်လိုလုပ်နေကြသလဲ။
ကောင်းပြီး ဒါက ဆော့(ဖ်)ဝဲ လိုတယ်၊
ဟာ့(ဒ်)ဝဲလိုတယ်၊
ဓာတုမှင် လိုတယ်။
ဒီလိုဆိုရင်တော့ နည်းနည်းလန်းသွားပြီပေါ့။
စိတ်ကူးက ပုံနှိပ်စက်နဲ့ထုတ်လို့ရတဲ့
နေရာတိုင်းသုံးလို့ရတဲ့
မှင်တွေ အစုံလိုက်လိုပါတယ်။
ပြီတော့ ခင်ဗျားက ပုစံပြာနဲ့ မော်လီကျူးအတွက်
ဇီဝဓာတုကို ဆွဲယူချပြီး
ဒါကို စက်ထဲမှာ ဖန်တီးလိုက်ပါတယ်။
ဒီလိုနဲ့ ဒီဆော့(ဖ်)ဝဲသုံးပြီး ပုံနှိပ်စက်ထဲမှာ
ခင်ဗျားရဲ့ မော်လီကျူးကို ဖန်တီးနိုင်တာပေါ့။
ဒီတော့ ဒါက ဘာဆိုလိုတာလဲ။
ကောင်းပြီး၊ နောက်ဆုံးမှာတော့ ခင်ဗျားရဲ့
ကိုယ်ပိုင်ဆေးဝါးကို ပုံနှိပ်နိုင်တာပေါ့ဗျာ။
ဒါက ကျွန်တော်တို့ လောလောဆယ်
လက်တွေ့ခန်းမှာ လုပ်ဆောင်နေကြတာပါ။
ဒါပေမဲ့ ဒီကိုရောက်ဖို့ ကလေးခြေလှမ်း
ကလေးနဲ့ဆိုရင်တော့ဗျာ
ပတမဆုံးအနေနဲ့ ကျွန်တော်တို့ကြည့်ရမှာက
ဆေးပုံစံ၊ထုတ်လုပ်မှု
ဒါမှမဟုတ် ရှာဖွေမှု၊ ကုန်ထုတ်လုပ်ခြင်းပေါ့။
ဒါကိုရှာဖွေပြီးတဲ့နောက် ထုတ်လုပ်နိုင်တယ်ဆိုရင်
ဒါကို ဘယ်နေရာမှာမဆို အသုံးချနိုင်ပြီလေ။
ခင်ဗျားဆေးဆိုင်သွားစရာ မလိုတော့ဘူးပေါ့။
လိုတဲ့အချိန်မှာထဆေးကို ပုံနှိပ်ထုတ်လို့ရတယ်။
ရောဂါလက္ခဏာသစ် ဖော်ထုတ်မှုကို ဆွဲချလို့ရတယ်။
ရောဂါပိုးအသစ်ကြီးတစ်ခု ပေါ်ပြီဆိုပါတော့ဗျာ။
ဒါကို ရှာဖွေရေးအင်ဂျင်ထဲမှာထည့်လိုက်ပြီး
ဒီခြောက်လှန့်တာကို ကုသဖို့ ဆေးကို
ဖန်တီးလိုက်တာပေါ့ဗျာ။
ဒီတော့ ဒါက ကျွန်တော်တို့ကို မော်လီကျူးဆိုင်ရာ အစည်းအဝေး
တစ်ပြိုင်နက်လုပ်နိုင်ဖို့ခွင့်ပေးတာပေါ့။
ဒါပေမဲ့ ကျွန်တော့အမြင် အနာဂတ်ထဲထိ တိုးဝင်သွားမယ့်
နည်းနည်းအဓိကျတာက ဗီဇ၊ ပတ်ဝန်းကျင်အပါအဝင်
ကိုယ်ပိုင် ဆဲလ်အရင်းအမြစ်တွေကို
ထုတ်ယူခြင်းဆိုတဲ့ စိတ်ကူးပါ။
ခင်ဗျားရဲ့ ကိုယ်ပိုင်ဆေးဝါးကို
ပုံနှိပ်ထုတ်လို့ရတာပေါ့။
ဒါဟာလည်း သိပ်ပြီး အဆန်းတကျယ်
မဟုတ်သေးဘူးဆိုရင်
ကျွန်တော်တို့ဘယ်ကိုများသွားလိမ့်မယ့်လို့
ခင်ဗျားတို့ထင်လဲဗျာ။
ခင်ဗျားရဲ့ ကိုယ်ပိုင်ဒြပ်ပစ္စည်းတွေ
တည်ဆောက်တဲ့ဟာ ရှိလာတော့မှာပါ။
Scotty ရေ ကျုပ်ကိုအလင်းတန်းနဲ့
ပို့လိုက်ပါတော့ဗျာ။
(လက်ခုပ်သံများ)