သင်တို့ဆီ တင်ပြချင်တာကို ကျွန်မရဲ့ အထောက်အထားတွေအကြောင်း အနည်းငယ် ပြောတာနဲ့ စတင်ချင်ပါတယ်။ အကြောင်းကတော့ ပွင့်ပွင့်လင်းပြောရရင် COVID-19.နဲ့ပတ်သက်တဲ့ ထင်မြင်ချက်တစ်ခုနဲ့ ဘယ်လူအိုတစ်ယောက် ပြောတာကိုမှ သင်တို့ နားမထောင်သင့်တာကြောင့်ပါ။ (ရယ်သံများ) ဆိုတော့ ကျွန်မက ကမ္ဘာအနှံ့ ကျန်းမာရေးမှာ အနှစ် ၂၀ လောက် အလုပ်လုပ်လာတာပါ။ ကျွန်မရဲ့ သီးခြား နည်းပညာ အထူးပြုမှုကတော့ ကျန်းမာရေး စနစ်ပိုင်းတွေမှာပါ။ ကျန်းမာရေး စနစ်တွေက ပြင်းထန်တဲ့ ထိတ်လန့်မှုတွေ တွေ့ကြုံတဲ့အခါ ဖြစ်တာတွေပါ။ ကမ္ဘာ ကျန်းမာရေး သတင်းစာပိုင်းမှာလည်း လုပ်ခဲ့သေးတယ်။ ကမ္ဘာအနှံ့ ကျန်းမာရေးနဲ့ ဇီဝလုံခြုံရေး အကြောင်းသတင်းစာတွေနဲ့ ဝက်ဘ်ဆိုဒ်ခွဲတွေမှာ ရေးသားခဲ့ပြီး ဂြိုဟ်တစ်ခုလုံးအနေနဲ့ ကျွန်မတို့ရင်ဆိုင်နေရတဲ့ ကမ္ဘာ့ကျန်းမာရေး ခြိမ်းခြောက်မှုတွေ အကြောင်းစာအုပ် နှစ်အနည်းငယ်ကထုတ်တယ်။ အီဘိုလာ ကုသမှု ဗဟိုဌာနတွေကို အကဲဖြတ် တာကနေ ကျန်မာရေး ပံ့ပိုးမှုပစ္စည်းတွေနဲ့ အဆုတ်ရောဂါ ကူးစက်မှုကို ကြည့်ပေးတာနဲ့ ကြက်ငှက်တုပ်ကွေးရောဂါ အရံသင့်ရှိအောင် လုပ်တာအထိအထိ ကြိုးပမ်းမှုတွေမှာ ထောက်ပံ့ ဦးဆောင်ခဲ့တယ်။ ကျွန်မက နိုင်ငံတကာ ကျန်းမာရေး မဟာဘွဲ့တစ်ခု ရထားတယ်။ ကျွန်မဟာ သမားတော်မဟုတ်ဘူး၊ သူနာပြုမဟုတ်ဘူး။ ကျွန်မရဲ့ အထူးပြုမှုက လူနာ စောင်ရှောက်မှု (သို့) တစ်ဦးချင်းစောင့်ရှောက်တာမဟုတ်ဘူး။ ကျွန်မရဲ့ အထူးပြုက လူတွေနဲ့ ကျန်းမာရေး စနစ်တွေကို ကြည့်ရှုတာပါ။ ရောဂါတွေ ကြီးမားတဲ့ အဆင့်တွေ ရွေ့သွားရင် ဖြစ်ပျက်တာကိုပါ။ ကမ္ဘာ့ ကျန်းမာရေး ကျွမ်းကျင်မှုရဲ့ ရင်းမြစ်တွေကို ၁ ကနေ ၁၀ အထိ အမှတ်ပေးကြမယ်ဆိုရင် ၁ က ကျပန်းလူတစ်ယောက် Facebook မှာ အာဘောင်အာရင်းသန်သန် ပြောနေတာဖြစ်ပြီး ၁၀ ကတော့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းပါ။ ကျွန်မကို ၇ (သို့) ၈ နေရာမှာ သင်တို့ ထားနိုင်လာက်တယ်လို့ ပြောပါရစေ။ ဒီတော့ ကျွန်မ ပြောနေစဉ် ဒါကို စိတ်မှာစွဲထားပါ။ ဒီမှာတော့ အခြေခံနဲ့ စပါမယ်။ အကြောင်းက ဒါဟာ COVID-19 ဝန်းကျင်က မီဒီယာ ဆူညံမှုထဲမှာ ပျောက်ဆုံးသွားပြီလို့ ထင်တာကြောင့်ပါ။ ဒါကြောင့် COVID-19 ဟာ ကိုရိုနာဗိုင်းရပ်စ်တစ်ခုဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်တွေဟာ ဗိုင်းရပ်ရဲ့ သီးခြား အပိုင်းခွဲတစ်ခုပါ။ ဗိုင်းရပ်စ်တွေလိုပဲ ထူးခြားတဲ့ စရိုက်လက္ခဏာ တချို့ရှိပါတယ်။ သူတို့ဟာ မျိုးရိုးဗီဇ ပစ္စည်းအနေနဲ့ DNA အစား RNA ကို သုံးပြီး ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်မှာ ဆူးချွန်တွေနဲ့ ဖုံးလွှမ်းနေတယ်။ ဒီဆူးချွန်တွေ ဆဲလ်တွေကို ထိုးဖောက်ဖို့ အသုံးပ​ြုကြတယ်။ ဒီဆူးချွန်တွေဟာ ကိုရိုနာဗိုင်းရပ်အတွင်းက ကိုရိုနာပါ။ COVID-19 ကို ဆန်းသစ်တဲ့ ကိုရိုနာ ဗိုင်းရပ်အဖြစ် လူသိများတာက ဒီဇင်ဘာမတိုင်ခင်အထိ ကိုရိုနာဗိုင်းရပ်စ် ခြောက်ခုသာ ကြားခဲ့ရလိုပါ။ COVID-19 ဟာ ခုနှစ်ခုမြောက်ပါ။ ကျွန်မတို့အတွက် အသစ်ပါ၊ ၎င်းဟာ ၎င်းရဲ့ ဗီဇ အစဉ်ချကာစ၊ ၎င်းရဲ့ အမည်ရလာစပါ။ ဒါကြောင့် ဆန်းသစ်တာပါ။ ဆိုးဝါးပြင်းထန်တဲ့ အသက်ရှုလမ်းကြောင်း ရောလက္ခဏာစု SARS ကို မှတ်မိရင် (သို့) MERS အရှေ့အလယ်ပိုင်း အသက်ရှုလမ်းကြောင်း ရောဂါ ဒါတွေဟာ ကိုရိုနာဗိုင်းရပ်စ်တွေပါ။ နှစ်ခုစလုံးကို အသက်ရှုလမ်းကြောင်း ရောလက္ခဏာစုလို့ ခေါ်တဲ့အကြောင်းက ဒါကိုရိနာဗိုင်းရပ်က လုပ်တာဖြစ်လို့ပါ။ ၎င်းတို့ဟာ သင့်အဆုတ်တွေကို ရွေးတယ်။ အန်မထုတ်စေဘူး၊ မျက်ဆန်တွေကနေ သွေးမထွက်စေဘူး။ သင့်ကို သွေးမလွန်စေဘူး။ သင့်အဆုတ်တွေဆီ သွားတယ်။ COVID-19 က ကွာခြားမှုမရှိပါ။ ချောင်းခြောက် (သို့) အဖျားတစ်ခုလို အရာကနေ သေလောက်တဲ့ အဓိက အဆုတ်ရောင်ရောဂါ အထိ တောက်လျှောက်သွားတဲ့ အသက်ရှုဆိုင်ရာ ရောဂါလက္ခဏာ အစဉ်တစ်ခုဖြစ်ပေါ်စေပါတယ်။ လက္ခဏာ အစဉ်က ဒီရောဂါဖြစ်ပွားမှုကို ခြေရာခံဖို့ ခက်ခဲလွန်းစေတဲ့ အကြောင်းတွေထဲက တစ်ခုပါ။ COVID-19 ရတဲ့ လူတွေ အများကြီးဆိုပေမဲ့ သိပ် ညင်သာပါတယ်၊ ရောဂါလက္ခဏာတွေက ကျန်းမာရေး စောင့်ရှောက်မှု ပေးသူဆီသွားဖို့လောက် မပြင်းဘူး။ ဒီစနစ်ထဲမှာ စာရင်းမပြဘူး။ အထူးသဖြင့် ကလေးတွေမှာ COVID-19 နဲ့ပတ်သက်ပြီး သိရှိဖို့က အလွန်လွယ်ကူပါတယ်။ ဒါက ကျွန်မတို့အားလုံး ကျေးဇူးတင်သင့်တဲ့ အရာပါ။ ကိုရိုနာဗိုင်းရပ်တွေဟာ တိရစ္ဆာန်မှ ကူးတဲ့ရောဂါပါ။ ဆိုလိုတာက တိရစ္ဆာန်တွေကနေ လူတွေကို ကူးစက်တာပါ။ တချို့ ကိုရိုနာဗိုင်းရပ်စ်တွေဟာ COVID-19 လိုပဲ လူအချင်းချင်းကိုပါ ကူးစက်တယ်။ လူအချင်းချင်း ကူးစက်တာတွေက ပိုမြန်မြန်၊ ပိုဝေးဝေးရောက်ရှိတယ်၊ COVID-19 လိုပါပဲ။ တိရစ္ဆာန်မှ ကူးစက်တဲ့ရောဂါတွေကို ရှင်းပစ်ဖို့ ခက်ခဲတဲ့အကြောင်းက ၎င်းတို့မှာ တိရစ္ဆာန် သိုမှီးရာတစ်ခုရှိလို့ပါ။ ဥပမာတစ်ခုက ကြက်ငှက်တုပ်ကွေးရောဂါပါ။ ကြက်ဆင်တွေ၊ ဘဲတွေ မွေမြူရေးတိရစ္ဆာန်တွေ မှာရှိတဲ့ ဒီရောဂါကို ရှင်းလင်းလို့ရပေမဲ့ နှစ်စဉ် ပြန်ပြန်လာနေတာက ကျွန်မတို့ဆီကို ငှက်ရိုင်းတွေက ယူဆောင်လာတာကြောင့်ပါ။ ဒီအကြောင်း သိပ်မကြားဖူးကြတာက ကြက်ငှက်တုပ်ကွေးဟာ လူအချင်းချင်း မကူးစက်ပေမဲ့ ကမ္ဘာတစ်လွှားက ကြက်ဘဲမွေးမြူရေးခြံတွေမှာ နှစ်စဉ်ဖြစ်ပွားတာတွေတော့ ရှိလို့ပါ။ COVID-19 က တိရစ္ဆာန်တွေဆီကနေ တရုတ်နိုင်ငံ၊ ဝူဟန်က တောရိုင်းတိရစ္ဆာန် စျေးက လူတွေဆီကို ခုန်ကူးသွားတာက ဖြစ်နိုင်ခြေအရှိဆုံးပါ။ အခုတော့ ပိုနည်းတဲ့ အခြေခံ အပိုင်းတွေပါ။ ဒါက ကျွန်မတို့ မြင်ကြရဦးမယ့် နောက်ဆုံး ဖြစ်ပွားမှုကြီးတော့ မဟုတ်ဘူး။ ဖြစ်ပွားမှုတွေ ထပ်ရှိနေမှာဖြစ်ပြီး ပိုများတဲ့ ကူးစက်ရောဂါတွေ ရှိနေဦးမှာပါ။ ဒါက ဖြစ်နိုင်ခြေတစ်ခုမဟုတ်ဘူး၊ ပြဌာန်းချက်တစ်ခုပါ။ ဒါက လူသားတွေအဖြစ်နဲ့ ကျွန်မတို့ဂြိုဟ်နဲ့ တုံပြန်ဆက်သွယ်ပုံရဲ့ အကျိုးဆက်တစ်ခုပါ။ လူသားရွေးချယ်မှုတွေဟာ ပိုများတဲ့ ရောဂါဖြစ်ပွားမှုတွေကို မြင်တွေ့ရတော့မယ့် နေရာဆီ ကျွန်မတို့ကို မောင်းပို့နေတယ်။ တစ်ပိုင်းက ဥတု ပြောင်းလဲမှုနဲ့ ကမ္ဘာကို ဗိုင်းရပ်၊ ဘက်တီးရီးယားတွေ ပိုနေပျော်စေတဲ့ နွေးလာတဲ့ ရာသီဥတုတစ်ခု ဖြစ်ပုံနဲ့ဆိုင်တယ်။ ဒါပေမဲ့ ဂြိုဟ်ပေါ်ကို နောက်ဆုံး မျိုးစိတ် ရိုင်းတွေကို တွန်းပို့နေပုံနဲ့ပါ ဆိုင်တယ်။ မွေးမြူရေးလုပ်ငန်းအတွက် စျေးပေါတဲ့ မြေကွက်ရနိုင်ဖို့ အမေဇုံ မိုးသစ်တောကို မီးရှို့၊ ထွန်ယက်တဲ့အခါ၊ နောက်ဆုံးသော အာဖရိကန် ချုံပုတ်ကို လယ်ယာမြေတွေအဖြစ် ပြောင်းလိုက်တဲ့အခါ တရုတ်ပြည်က တောရိုင်း တိရစ္ဆာန်တွေဟာ မျိုးသုဉ်းတဲ့အထိ အမဲလိုက်ခံရတဲ့အခါ လူသားတွေဟာ အရင်က လုံးဝ ထိတွေ့မှု မရှိဖူးတဲ့ တောရိုင်း အုပ်စုတွေနဲ့ ထိတွေ့မှု ရှိလာခံ့ပြီး ဒီအုပ်စုတွေမှာ ရောဂါ အမျိုးအစား အသစ်တွေပါလာတယ်။ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ ကျွန်မတို့ အသင့်မဖြစ်သေးတာတွေပေါ့။ အထူးသဖြင့် လင်းနို့တွေမှာ လူသားတွေကို ကူးစက်နိုင်တဲ့ ရောဂါတွေကို လက်ခံတဲ့ ဉာဉ်တစ်ခုရှိတယ်။ ဒါပေမဲ့ ဒါလုပ်တဲ့ တိရစ္ဆာန်တွေက သူတိုပဲမဟုတ်ပါ။ ဒီတော့ ဝေးလံခေါင်ပါးတဲ့ နေရာရာတွေကို ဝေးလံမှု ပိုနည်းအောင် လုပ်နေသရွေ့တော့ ရောဂါဖြစ်ပွားမှုတွေဟာ ဆက်လာနေဦးမှာပါ။ စောင့်ကြည့်စစ်ဆေးတာ၊ ခရီးသွားကန့်သတ်တာ တွေနဲ ရောဂါဖြစ်ပွားမှုကို မတားဆီးနိုင်ဘူး။ ဒါက လူတိုင်းရဲ့ ပထမဆုံး စေ့ဆော်မှုပါ။ လူတွေ ရွှေ့ပြောင်းတာ တားဆီးကြစို့။ ရောဂါဖြစ်ပွားတာကို တားဆီးကြစို့။ ဒါပေမဲ့ ကောင်းမွန်တဲ့ စောင့်ကြည့်စစ်ဆေးမှု နေရာကျဖို့က တကယ် ခက်တဲ့အချက်ပါ။ ခရီးသွား ကန့်သတ်ချက်တွေ ချမှတ်ဖို့က တကယ်ခက်ခဲပါတယ်။ အမေရိကား၊ တောင်ကိုရီးယားလို ပြည်သူ့ ကျန်းမာရေးမှာ အရေးတယူ မြှုပ်နှံမှုတွေ လုပ်ထားတဲ့ တိုင်းပြည်တွေမှာတောင် ရောဂါဖြစ်မှု အမှန်တကယ် တားဆီးဖို့ ဒီကန့်သတ်ချက်မျိုးကို အတန်အသင့် မြန်မြန် နေရာကျအောင် မလုပ်နိုင်ဘူး။ ဒါအတွက် ဆီလျော်တဲ့ အကြောင်းရင်းတွေနဲ့ ဆေးဘက်ဆိုင်ရာ အကြောင်းရင်းတွေရှိတယ်။ COVID-19 ကို ကြည့်မယ်ဆိုရင် လောလောဆယ် ရောဂါစွဲကပ်ပြီး လက္ခဏာတွေ မပြတဲ့ကာလတစ်ခု ရှိနိုင်တယ်လို့ ထင်ရတာပါ။ ဒါက ၂၄ ရက်လောက်ထိ ကြာနိုင်ပါတယ်။ ဒီတော့ လက္ခဏာတွေ မပြတဲ့ လူတွေဟာ ဒီဗိုင်းရပ်စ်နဲ့ လှည့်လည်သွားနေတယ်၊ သူတို့ဟာ စောင့်ကြည့် မခံရတော့ဘူး။ စောင့်ကြည့်ဖို့လိုတာ ဘယ်သူမှ မသိဘူး။ စောင့်ကြည့်စစ်ဆေးဖို့နဲ့ ခရီး ကန့်သတ်ချက် တွေအတွက် တကယ့် ကုန်ကျစရိတ်တွေရှိတယ်။ လူသားတွေဟာ လူမှုရေးသတ္တဝါတွေဖြစ်ပြီး နေရာထဲမှာ သူတို့ကို ထိန်းဖို့ ကြိုးစားတဲ့ အခါနဲ့ သူတို့ကို ခွဲဖို့ ကြိုးစားရင် ဆန့်ကျင်ကြတယ်။ အီဘိုလာ ဖြစ်ပွားမှုမှာ မြင်ခဲ့တာက နေရာမှာ စောင့်ကြည့်၊စစ်ဆေးဖို့ လုပ်ပ်တာနဲ့ လူတွေဟာ ဒါကို ရှောင်ရှားဖို့ စကြိုးစားတော့တာပဲ။ တစ်ဦးချင်း လူနာတွေဟာ တင်းကျပ်တဲ့ စောင့် ကြည့်၊ စစ်ဆေးတဲ့ ကျင့်ဝတ်ရှိတာ သိတဲ့အခ​ါ ကျန်းမားရေး စောင့်ရှောက်မှုဆီ မသွားလောက်ဘူး။ အကြောင်းက ဒီဆေးဘက်ဆိုင်ရာစနစ်ကို ကြောက်လို့ (သို့) စရိတ် မတတ်နိုင်လို့၊ ပြီးတော့ သူတို့ရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ အခွဲမခံချင်လို့ပါ။ နိုင်ငံရေးသမားတွေ၊ အစိုးရ အရာရှိတွေကတော့ စောင့်ကြည့်ခံရတော့မယ်လို့ သိတဲ့အခါ ဖြစ်ပွားမှုတွေ၊ ရောဂါတွေအကြောင်း ပြောတယ်ဆိုရင် စောင့်ကြည့်ခံမှု ကျင့်ဝတ်ကို အစပျိုးမှာ ကြောက်လို့ သတင်းမှန်ကို ဖုံးနိုင်တယ်။ တကယ်တမ်းကျတော့ ဒီရှောင်ရှားမှုတွေနဲ့ မရိုသားမှုမျိုးတွေဟာ ရောဂါဖြစ်ပွားမှုကို ခြေရာခံဖို့ တကယ့်ကို ခက်ခဲအောင်လုပ်တာဆိုတာ အတိအကျပါ။ စောင့်ကြည့်မှုနဲ့ ခရီး ကန့်သတ်ချက်တွေမှာ ပိုတော်နိုင်ပြီးကျွန်မတို့ ပိုတော်သင့်တယ်။ ဒါပေမဲ့ ရွေးစရာက ဒါတွေပဲမဟုတ်ပါ ဒါတွေက အခြေအနေတွေကိုကိုင်တွယ်ရာမှာ အကောင်းဆုံး ရွေးချယ်မှုတော့ မဟုတ်ဘူး။ ဖြစ်ပွားမှုတွေကို စိုးရိမ်မှုနည်းအောင်လုပ် ဖို့ ရေရှည်လုပ်ရမယ့် နည်းလမ်းအစစ်က နိင်ငံအားလုံးဟာ ဆင်းရဲတဲ့နိုင်ငံတွေတောင် ကူးစက်ရောဂါ အသစ်တွေ စပေါ်လာတဲ့ အလျင်အမြန် ရှာဖွေ၊ ကုသနိုင်အောင် ကမ္ဘာ့နိုင်ငံတိုင်းက အဓိက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို ပံ့ပိုးဖို့ ကမ္ဘာ့ ကျန်းမာရေးစနစ်တည်ဆောက်ဖို့ပါ။ COVID-19 ကို တုံပြန်တာအတွက် တရုတ်ပြည်ဟာ များစွာ ဝေဖန်ခံခဲ့ရတယ်။ ဒါပေမဲ့ တကယ့်အချက်က COVID-19 ဟာ Chad မှာ ပေါ်ခဲ့ရင်ရော။ အဲဒီမှာက လူ ၁၀၀၀၀၀ အတွက် ဆရာဝန် ၃.၅ ယောက်ပဲရှိတာလေ။ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ ပေါ်ခဲ့တယ်ဆိုရင်ရော။ ဒီနိုင်ငံရဲ့ နောက်ဆုံး အီဘိုလာ လူနာက ကုသမှုကနေ လွတ်မြောက်ကာစပဲရှိသေးတာလေ။ အမှန်က ဒီလိုနိုင်ငံတွေမှာ ကူးစက်ရောဂါ တစ်ခုကို တုံ့ပြန်ဖို့၊ လူတွေကို ကုသဖို့၊ ကျန်တဲ့ ကမ္ဘာကို ကူညီဖို့ ဒီအကြောင်းကိုအတော်အသင့် မြန်မြန် သတင်းပို့ဖို့ ရင်းမြစ်တွေ မရှိဘူး။ ကျွန်မက Sierra Leone က အီဘိုလာ ကုသရေး ဗဟိုဌာနတွေရဲ့ အကဲဖြတ်မှုကို ဦးဆောင်ခဲ့တယ်။ တကယ့်အချက်က Sierra Leone က ဒေသတွင်း ဆရာဝန်တွေဟာ အီဘိုလာ ကပ်ဆိုက်မှုကို အမြန် ရှာတွေ့တယ်။ ပထမ အန္တရာယ်ရှိတဲ့၊ ကူးစက်တတ်တဲ့၊ သွေးလွန်တတ်တဲ့ ဗိုင်းရပ်စ်၊ နောက်တော့ အီဘိုလာအဖြစ်နဲ့ပါ။ ဒါပေမဲ့ တွေ့ရှိပြီးဖြစ်ပေမဲ့ သူတို့မှာ တုံ့ပြန်ဖို့ ရင်းမြစ်တွေ မရှိခဲ့ဘူး။ ဆရာဝန်တွေ၊ ဆေးရုံခုတင်တွေ အလုံအလောက် မရှိခဲ့ဘူး။ အီဘိုလာ ကုသပုံနဲ့ ကူးစက်မှု ထိန်းချုပ်တာ အကောင်အထည်ဖော်ဖို့ လုံလောက်တဲ့ သတင်းအချက်အလက် မရှိခဲ့ဘူး။ Sierra Leone မှာ အီဘိုလာနဲ့ ဆရာဝန် ၁၁ ယောက် သေဆုံးခဲ့တယ်။ ကပ်ဆိုက်မှု စစဉ်က တိုင်းပြည်မှာ အယောက် ၁၂၀ ပဲရှိတာပါ။ ဆန့်ကျင်ဘက်အနေနဲ့ Dallas Baylor Medical Center မှာ သမားတော် ၁၀၀၀ ကျော် ခန့်ထားပါတယ်။ ဒါတွေက လူတွေကို သေစေတဲ့ မညီမျှမှုမျိုးတွေပါ။ ပထမ ရောဂါဖြစ်ပွားမှုတွေ စတဲ့အခါ ဆင်းရဲသားတွေကို သေစေပြီး နောက်တော့ ရောဂါပျံ့သွားတဲ့အခါ ကမ္ဘာတစ်လွှားက လူတွေကို သေစေတယ်။ ဖြစ်ပွားမှုတွေ နှေးစေပြီး ဒါတွေရဲ့သက်ရောက်မှုကို အနည်းဆုံးဖြစ်အောင် လုပ်ချင်ရင် ကမ္ဘာ့နိုင်ငံတိုင်းမှာ ရောဂါသစ်တွေ ရှာဖွေ၊ ကုသပြီး သတင်းအချက်အလက် မျှဝေနိုင်အောင် ဒါတွေအကြောင်း သတင်းပို့ နိုင်စွမ်းရှိတာ သေချာစေဖို့လိုတယ်။ COVID-19 ဟာ ကျန်မာရေး စနစ်မှာ ဧရာမ ဝန်ထုပ်တစ်ခု ဖြစ်တော့မှာပါ။ COVID-19 က ကျွန်မတို့ ကမ္ဘာ ကျန်းမာရေး ထောက်ပံ့မှု ကွင်းဆက်တွေမှာရှိတဲ့ တကယ့် အားနည်းချက်ကိုပါ ထုတ်ဖော်ပြတယ်။ အခြေအနေတွေ ကောင်းနေစဉ်မှာ LEAN စနစ်တွေကို အချိန်မီ မှာတာက ကောင်းပေမဲ့ အကျပ်အတည်းကာလမှာတော့ ဆိုလိုတာက ကျွန်မတို့မှာ အရန်ထားတာတွေ မရှိတာပါ။ ဆေးရုံတစ်ရုံ (သို့) နိုင်ငံတစ်နိုင်ငံဟာ နှာခေါင်းစည်းတွေ၊ (သို့) တစ်ကိုယ်ရေသုံး ကာကွယ်ရေး ပစ္စည်း ပြတ်လပ်သွားရင် ကျွန်မတို့ ထပ်ပြီးသွားယူနိုင်တဲ့ ဘူးတွေနဲ့ ပြည့်နေတဲ့ ကုန်လှောင်ရုံမရှိဘူး။ ပေးသွင်းသူဆီကနေ ထပ်မှာ၊ ထုတ်ဖို့ စောင့်။ ဒါကို ပို့ပေးဖို့ စောင့်ဖို့လိုတယ်။ ယေဘုယျကတော့ တရုတ်ပြည်ကပါ။ အလျင်အမြန် ရွေ့ဖို့က အရေးကြီးဆုံးဖြစ် တဲ့အခါ တစ်ကြိမ်မှာ ကြားချိန်တစ်ခုရှိတယ်။ COVID-19 အတွက် ပြည့်ပြည်စုံစုံ ပြင်ဆင်ထားခဲ့တယ်ဆိုရင် တရုတ်ဟာ ဖြစ်ပွားမှုကို ပိုမြန်မြန် ရှာတွေခဲ့မှာပေါ့။ အဆောက်အအုံသစ်တွ တည်ဆောက်စရာ မလိုဘဲ ကူးစက်ခံရသူတွေအတွက် စောင့်ရှောက်မှု ပေးဖို့ အသင့်ဖြစ်ခဲ့မှာပေါ့။ တရုတ်ပြည်က လူမှု မီဒီယာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ ပေါက်ကရ ကောလာဟလတွေကို ကျွန်မတို့ မမြင်အောင် နိုင်ငံသားတွေနဲ့ ရိုးသားတဲ့ သတင်းကို မျှဝေပေးခဲ့မှာပေါ့။ အမျိုးသား ကျန်းမာရေး စနစ်တွေဆီ စတင် သတင်းပို့ပြီး ဗိုင်းရပ်စ် ပျံ့တဲ့အခါ အသင့် ဖြစ်နေဖို့ ကမ္ဘာ့ ကျန်းမာရေး အာဏာပိုင်တွေနဲ့ သတင်းအချက်အလက် မျှဝေခဲ့မယ်။ အမျိုးသား ကျန်းမာရေး စနစ်တွေဟာ လိုအပ်တဲ့ ကာကွယ်ရေး ပစ္စည်းတွေ သိုမှီး၊ ကုသမှု၊ ကူးစက်မှု ထိန်းချုပ်ရာမှာကျန်းမာရေး စောင့်ရှာက်မှု ပေးသူတွေကိုလေ့ကျင့်ပေးခဲ့ကြမှာပေါ့။ ဖြစ်တဲ့အခါ လုပ်ဖို့လိုတာအတွက် ကျွန်မ တို့မှာ သိပ္ပံအခြေပြု ကျင့်ဝတ်တွေရှိတယ်။ ဥပမာ ကူးစက်လူနာပါတဲ့ အပျော်စီးသင်္ဘောတွေ နေရာတိုင်းက လူတွေဆီရောက်တဲ့ သတင်းအချက်အလက်မှန်ရှိမှာဆိုတော့ သူစိမ်းကြောက်ရောဂါလို ကသိကအောက်၊ အရှက်ရစရာ အဖြစ်တွေရှိမှာ မဟုတ်ဘူး။ ဥပမာ၊ အာရှပုံပေါက်တဲ့ လူတွေ Philadelphia က လမ်းတွေပေါ်မှာ တိုက်ခိုက်ခံရတာမျိုး။ ဒါပေမဲ့ ဒါအားလုံး နေရာကျတယ်ဆိုတာတောင် ရောဂါဖြစ်ပွားမှုတွေ ရှိနေဦးမှာပါ။ ဒီဂြိုဟ်ကို ယူထားပုံနဲ့ဆိုင်တဲ့ လုပ်နေတဲ့ရွေးချယ်မှုတွေက မရှောင်နိုင်အောင် ဖြစ်စေတာ။ COVID-19 မှာ ကျွမ်းကျင်တဲ့ အများသဘောတစ်ခုရှိသမျှက ဒါပါပဲ။ ဒီ အမေရိကနဲ့ တစ်ကမ္ဘာလုံးပါ၊ ပိုကောင်းမလာခင်တော့ ပိုဆိုးလာတော့မှာပါ။ ခရီးကနေ ပြန်လာတာမဟုတ်တဲ့ လူလူချင်းကူးစက်မှုရဲ့ ရောဂါတွေ တွေ့နေတယ်။ ဒါတွေက လူစုထဲမှာ စဖြစ်နေတာပါ။ ကူးစက်မှုက ဘယ်ကနေ လာတာကိုတောင် မသိခင် COVID-19 ကူးစက်ခံရတဲ့သူတွေ တွေ့နေပါတယ်။ ပိုဆိုးလာနေတဲ့ ရောဂါဖြစ်ပွားမှုတစ်ခုရဲ့ လက္ခဏာတွေ ရှိတယ်။ ထိန်းချုပ်မှုအောက်မှရှိတဲ့ ဖြစ်ပွားမှုမဟုတ်ဘူး။ ဒါက စိတ်ပျက်စရာဆိုပေမဲ့ အံ့ဩစရာတော့ မဟုတ်ဘူး။ ကမ္ဘာ့ ကျန်မာရေးပါဂူတွေ ေဗိုင်းရပ်သစ်ရဲ့ စိတ်မှန်းဖြစ်နိုင်ခြေတွေကို ပြောတဲ့အခါ ဒါက ကျွန်မတို့ ကြည့်တဲ့ စိတ်မှန်းဖြစ်နိုင်ခြေတစ်ခုပါ။ ကျွန်မတို့ အလွယ် လွတ်သွားဖို့ အားလုံး မျှော်လင့်တယ်။ ဒါပေမဲ့ ပညာရှင်တွေ ဗိုင်းရပ်စပ်ပိုင်း အစီအစဉ်ကို ပြောကြတဲ့အခါ ဒီလို အခြေအနေတစ်ခုဖြစ်ပြီး ဗိုင်းရပ်စ် ရွေ့သွားဖို့ သူတို့ မျှော်လင့်ကြပုံပါ။ ကိုယ်ပိုင် အကြံပေးချက်နဲ့ ဒီမှာ နိဂုံးချုပ်ချင်ပါတယ်။ သင့်လက်တွေကို ဆေးပါ။ လက်တွေ များများဆေးပါ။ သင်တို့ဟာ ရွံစရာမဟုတ်တာကြောင့် လက်များများ ဆေးတယ်ဆိုတာ သိပြီးသားပါ။ ဒါပေမဲ့ လက်တွေကို ပိုပြီးတောင် ဆေးလိုက်ပါဦး။ လက်တွေ ဆေးဖြစ်စေဖို့ သင့်ဘဝထဲမှာ အချက်ပြမှုတွေ၊ အကျင့်တွေ သတ်မှတ်ပါ။ အဆောက်အဦတစ်ခုကို ဝင်တိုင်း၊ ထွက်တိုင်း လက်တွေကို ဆေးပါ။ အစည်းအဝေးတစ်ခု ဝင်တဲ့၊ ထွက်တဲ့အခါ လက်တွေကို ဆေးပါ။ လက်ဆေးခြင်းတစ်ခွင်မှာ အခြေခံတဲ့ အကျင့်ဖြစ်ပါစေ။ သင့်ဖုန်းကို သန့်ရှင်းရေးလုပ်ပါ။ သင်ဟာ သင့်ရဲ့ ညစ်ပတ်ပြီး ဆေးကြောမထားတဲ့ လက်တွနဲ့ တစ်ချိန်လုံး ထိတွေနေတာပါ။ ဒါကို သန့်စင်ခန်းထဲကို ယူသွားတာ သိတယ်နော်။ (ရယ်သံများ) ဒီတော့ ဖုန်း သန့်ရှင်းရေးလုပ်ပါ။လူကြားမှာ မကြာခဏ မသုံးမိဖို့ ထည့်သွင်းစဉ်းစားပါ။ TikTok နဲ့ Instagram က အိမ်မှာပဲ လုပ်တာတွေ ဖြစ်လောက်တယ်မို့လား။ သင့်မျက်နှာကို မထိပါနဲ့။ မျက်လုံးတွေကို မပွတ်ပါနဲ့။ လက်သည်းတွေ မကိုက်ပါနဲ့။ နှာခေါင်းကို လက်ဖမိုးနဲ့ မသုတ်ပါနဲ့။ ဆိုလိုတာက လုံးဝ မလုပ်ပါနဲ့။ ရုပ်ပေါက်တယ်လေ။ (ရယ်သံများ) နှာခေါင်းစည်း မဝတ်ပါနဲ့။ နှာခေါင်းစည်း တွေဟာ ဖျားနာသူတွေနဲ့ ကျန်းမာရေး စောင့်ရှောက်သူတွေအတွက်ပါ သင် နေမကောင်းရင် နှာခေါင်းစည်းက ချောင်းဆိုးတာ၊ နှာချေတာကို ထိန်းပေးပြီး သင့်ဝန်းကျင်က လူတွေကို ကာကွယ်ပေးတယ်။ သင်ဟာ ကျန်းမာရေး စောင့်ရှောက်သူဆိုရင် နှာခေါင်းစည်းးက တစ်ကိုယ်ရေ ကာကွယ်မှုပစ္စည်းလို့ခေါ်တဲ့ ကိရိယာအစုထဲက ကိရိယာတစ်ခုပါ။ လူနာကို စောင့်ရှောက်ပြီး သင့်ကိုယ်သင် ကာကွယ်နိုင်အောင် သုံးဖို့ သင့်ကို သင်ကြားပေးထာတာပါ သင်ဟာ ပုံမှန် ကျန်းမာသူတစ်ဦးဆိုရင် နှာခေါင်းစည်း ဝတ်တာက မျက်နှာကို ချွေးထွက်အောင် လုပ်နေတာ သက်သက်ပဲ။ (ရယ်သံများ) ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဖျားနာသူတွေအတွက် စတိုးဆိုင်တွေမှာ နှာခေါင်းစည်းတွေထားခဲ့ပါ သင့်မှာ COVID-19 ရောဂါ လက္ခဏာတွေ ရှိတယ်ထင်ရင် အိမ်မှာနေပါ၊ အကြံဉာဏ်အတွက် ဆရာဝန်ခေါ်ပါ။ သင့်မှာ COVID-19 တွေ့ရှိတယ်ဆိုရင်ယေဘုယျ အနေနဲ့ ဒါဟာ သိပ်မပြင်းထန်ဘူးဆိုတာ သတိရပါ။ သင်ဟာ ဆေးလိပ်သောက်သူဆိုရင် အခုက ဆေးလိပ်ဖြတ်ဖို့ အကောင်းဆုံး ဖြစ်နိုင်ခြေရှိတဲ့ အချိန်ပါ။ ဆိုလိုတာက ဆေးလိပ်သောက်သူဆို အခုက ဆေးလိပ်ဖြတ်ဖို့ အကောင်းဆုံး ဖြစ်နိုင်ရှိတဲ့ အချိန်ဆိုတာက အမြဲပါ။ ဒါပေမဲ့ သင်ဟာ ဆေးလိပ်သောက်ပြီး COVID-19 ကို ပူပန်နေတယ်ဆိုရင် ဖြတ်ပစ်ခြင်းက COVID-19 ရဲ့ အဆိုးဆုံး သက်ရောက်မှုတွေကနေ မိမိကိုယ်ကို ကာကွယ်ဖို့ သင်လုပ်နိုင်တဲ့ အကောင်းဆုံးဟာ အသေအချာပါလို့ ကျွန်မ အာမခံတယ်။ ကျွန်မတို့ သတင်းအတော်များများဟာ ထိတ်လန့်စရာ လိုမျိုးဖြစ်တဲ့အခါ COVID-19 ဟာ ထိတ်လန့်စရာပါ။ ဒါကို ကိုင်တွယ်ဖြေရှင်းရေးအတွက် အတော် ဆိုးပေမဲ့ နှစ်သက်ဖွယ် ရွေးစရာတွေရှိတယ်။ ထိတ်လန့်မှု၊သူစိမ်းကြောက်မှု၊ ဟင်းလင်းပြင် ကြောက်လန့်မှု၊ အာဏာရှင်ဆန်မှု၊ အမုန်း၊ဒေါသ၊ အထီးကျန်မှုက ရောဂါဖြစ်မှုတွေ အတွက်အဖြေလို့ ကျွန်မတို့ကို တွေးမိစေတဲ့ ပေါ့ပြက်ပြက်လုပ်ထားတဲ့ လိမ်ညာမှုတွေပါ။ ဒါပေမဲ့ ဒါတွေ မဟုတ်ပါဘူး၊ ဒါတွေက ကျွန်မတို့ကို ပြင်ဆင်မှု ပိုနည်းစေတယ်။ ငြီးငွေ့စရာကောင်းပေမဲ့ အသုံးကျတဲ့ ဖြစ်ပွားမှုကို တုံ့ပြန်ရာမှာ အသုံးပြုနိုင်တဲ့ ရွေးချယ်စရာ တစ်စုံရှိတယ်။ ဒီမှာနဲ့နေရာတိုင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု တိုးတက်အောင်လုပ်တာတွေ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံနဲ့ ရောဂါသစ်လာချိန်ကို သိနိုင်ဖို့ ရောဂါစောင့်ကြပ်ရေးမှာ ရင်းနှီးမြှုပ်နှံတာပါ၊ ကမ္ဘာတစ်လွှားမှာ ကျန်းမာရေး စနစ်တွေ တည်ဆောက်ခြင်းပါ။ အရေးပေါ်အခြေအနေတွေအတွက် အသင့်ဖြစ်ဖို့ ထောက်ပံ့ရေးအစဉ်တွေ အားဖြည့်တာကိုကြည့်တာပါ ပြီးတော့ ရောဂါ ဖြစ်ပွားမှုတွေနဲ့ မျက်ကန်း ထိတ်လန့်မှုမပါတဲ့ စွန့်စားမှု သင်္ချာအကြောင်း ပြောနိုင်စွမ်းရှိတဲ့ ပိုကောင်းတဲ့ပညာရေးပါ။ လူမှုစာနာမှုကနေ လမ်းပြဖို့ လိုအပ်ပါတယ်၊ အကြောင်းကတော့ ဒီအခြေအနေမှာ အခြားများစွာလိုပဲ စာနာမှုဟာ တကယ်ပဲ ကျွန်မတို့ရဲ့ ကိုယ်ကျိုးကြည့်မှုထဲမှာ ရှိနေလို့ပါ။ ဒီတော့ ဒီနေ့ နားထောင် ပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။ ပြီးတော့ "ရုံထဲက ထွက်တဲ့အခါ လက်တွေ ဆေးကြပါ" လို့ ပထမဆုံးပြောသူ ဖြစ်ခွင့်ရလို့ပါ။ (လက်ခုပ်သံများ)