အခုဒီမှာ အနှုတ် 3/4 အနှုတ် 7/6 အနှုတ် 3/6 ရှိတယ်။ ပြီးတော့ ဖြေရှင်းဖို့ နည်းလမ်း အများကြီးရှိတယ်။ ဒါပေမယ့် ကျွန်တော် ရုတ်တရက် တွေ့လိုက်ရတာက နောက်ဆုံးကိန်း နှစ်လုံးရဲ့ ပိုင်းခြေက 6 ဖြစ်နေတာပဲ။ ဒါတွေကို အရင်ဆုံးဖြေရှင်းရအောင်။ ဒါကို အနှုတ် 7/6 အနှုတ် 3/6 လို့မြင်ကြည့်ရအောင်။ ဒါဆိုရင် အနှုတ် 7/6 အနှုတ် 3/6 က (အနှုတ် 7 အနှုတ် 3) အစား 6 နှင့် တူသွားပြီပေါ့။ ပြီးတော့ အခုရထားတဲ့ အဖြေကို အရှေ့က အနှုတ် 3/4 နဲ့ ပေါင်းထည့်ရမယ်။ ဒီကိန်းဂဏန်းနှစ်လုံးကို ပေါင်းကြည့်ရအောင်။ အနှုတ် 7 ကို 3 နှုတ်လိုက်ရင် အနှုတ် 10 ဖြစ်သွားပြီ။ အခုဆိုရင် အနှုတ် 10/6 ပေါ့။ ပြီးရင် ဒါကို အနှုတ်3/4 နဲ့ ပေါင်းရအောင်။ ဘုံပိုင်းခြေ ကို ရှာဖို့စဉ်းစားရဦးမယ်။ တူညီတဲ့ တန်ဖိုးရမှ ဘုံပိုင်းခြေကို ရှာနိုင်မယ်။ 4 နဲ့ 6 ရဲ့ အငယ်ဆုံးဘုံဆတိုးကိန်းက ဘာဖြစ်မလဲ။ ကောင်းပြီ။သင် 12 လို့ထင်တယ်မလား။ 4 ကိုပဲ ဆတိုး ကြည့်လိုက်ပါ၊ ဒါမှမဟုတ် ဂဏန်းနှစ်ခုလုံးရဲ့ သုဒ္ဓဆခွဲကိန်းကိုရှာ ကြည့်ပါ။ ဒါဆိုရင် အဲ့ဒီ ဂဏန်း နှစ်ခုလုံးရဲ့ အငယ်ဆုံး သုဒ္ဓဆခွဲကိန်းက ဘာဖြစ်မလဲ။ သင့်မှာ 2 နှစ်ခု နဲ့ 2 တစ်ခု 3 တစ်ခု လိုအပ်တယ်။ ဒါတွေရှိပြီဆိုရင်၊ မြှောက်လိုက်တော့ 12 ဖြစ်သွားပြီပေါ့။ ဒါကို 12အပေါ်မှာ တစ်ခုခု အပေါင်း 12အပေါ်မှာ တစ်ခုခု လို့ရေးကြည့်ရအောင်။ ကဲ 4 နဲ့ 12 ရဲ့ ပိုင်းခြေရဖို့ အတွက် 3 နဲ့ မြှောက်ရဦးမယ်။ ပိုင်းဝေကိုလည်း 3 နဲ့ မြှောက်ရအောင်။ အနှုတ် 3 ကို 3 နဲ့ မြှောက်ရင် အနှုတ် 9 ရလာပြီ။ ပိုင်းခြေ 6 ကို 12 ဖြစ်ဖို့အတွက် 2 နဲ့ မြှောက်ရမယ်။ ပိုင်းဝေကိုပါ 2 နဲ့မြှောက်ရမယ်။ အဲ့ဒါက မူလ အပိုင်းကိန်းရဲ့တန်ဖိုးကိုမပြောင်းစေဘူး အဲဒီတော့ပိုင်းဝေက 20 ဖြစ်သွားလိမ့်မယ်။ အခုပေါင်းလို့ရပြီ ငါတို့ ဘုံပိုင်းခြေက 12 ဖြစ်သွားပြီ အဲဒီတော့ အနှုတ် 9 အပေါင်းအနှုတ် 20 ဖြစ်သွားပြီ ဒါမှမဟုတ် အနှုတ် 20 အစား 12 လို့တောင်ရေးလို့ရတယ်။ အခု အနှုတ် 29 အစား 12 ဖြစ်သွားပြီ။ 29 က သုဒ္ဓကိန်းဆိုတော့ 1, 12 နဲ့ ဘုံဆခွဲကိန်း ရှိမှာ မဟုတ်ဘူး။ အဲ့တော့ ငါတို့ အရှင်းဆုံး ပုံစံနဲ့ ရေးကြတာပေါ့။