အခုဒီမှာ အနှုတ် 3/4 အနှုတ် 7/6 အနှုတ် 3/6 ရှိတယ်။
ပြီးတော့ ဖြေရှင်းဖို့ နည်းလမ်း အများကြီးရှိတယ်။
ဒါပေမယ့် ကျွန်တော် ရုတ်တရက် တွေ့လိုက်ရတာက
နောက်ဆုံးကိန်း နှစ်လုံးရဲ့ ပိုင်းခြေက 6 ဖြစ်နေတာပဲ။
ဒါတွေကို အရင်ဆုံးဖြေရှင်းရအောင်။
ဒါကို အနှုတ် 7/6 အနှုတ် 3/6 လို့မြင်ကြည့်ရအောင်။
ဒါဆိုရင် အနှုတ် 7/6 အနှုတ် 3/6 က
(အနှုတ် 7 အနှုတ် 3) အစား 6 နှင့်
တူသွားပြီပေါ့။
ပြီးတော့ အခုရထားတဲ့ အဖြေကို
အရှေ့က အနှုတ် 3/4 နဲ့
ပေါင်းထည့်ရမယ်။
ဒီကိန်းဂဏန်းနှစ်လုံးကို ပေါင်းကြည့်ရအောင်။
အနှုတ် 7 ကို 3 နှုတ်လိုက်ရင် အနှုတ် 10 ဖြစ်သွားပြီ။
အခုဆိုရင် အနှုတ် 10/6 ပေါ့။
ပြီးရင် ဒါကို အနှုတ်3/4 နဲ့ ပေါင်းရအောင်။
ဘုံပိုင်းခြေ ကို ရှာဖို့စဉ်းစားရဦးမယ်။
တူညီတဲ့ တန်ဖိုးရမှ
ဘုံပိုင်းခြေကို ရှာနိုင်မယ်။
4 နဲ့ 6 ရဲ့ အငယ်ဆုံးဘုံဆတိုးကိန်းက ဘာဖြစ်မလဲ။
ကောင်းပြီ။သင် 12 လို့ထင်တယ်မလား။
4 ကိုပဲ ဆတိုး ကြည့်လိုက်ပါ၊
ဒါမှမဟုတ် ဂဏန်းနှစ်ခုလုံးရဲ့
သုဒ္ဓဆခွဲကိန်းကိုရှာ ကြည့်ပါ။
ဒါဆိုရင် အဲ့ဒီ ဂဏန်း နှစ်ခုလုံးရဲ့
အငယ်ဆုံး သုဒ္ဓဆခွဲကိန်းက ဘာဖြစ်မလဲ။
သင့်မှာ 2 နှစ်ခု နဲ့ 2 တစ်ခု 3 တစ်ခု လိုအပ်တယ်။
ဒါတွေရှိပြီဆိုရင်၊ မြှောက်လိုက်တော့ 12 ဖြစ်သွားပြီပေါ့။
ဒါကို 12အပေါ်မှာ တစ်ခုခု အပေါင်း
12အပေါ်မှာ တစ်ခုခု လို့ရေးကြည့်ရအောင်။
ကဲ 4 နဲ့ 12 ရဲ့ ပိုင်းခြေရဖို့ အတွက်
3 နဲ့ မြှောက်ရဦးမယ်။
ပိုင်းဝေကိုလည်း 3 နဲ့ မြှောက်ရအောင်။
အနှုတ် 3 ကို 3 နဲ့ မြှောက်ရင်
အနှုတ် 9 ရလာပြီ။
ပိုင်းခြေ 6 ကို 12 ဖြစ်ဖို့အတွက်
2 နဲ့ မြှောက်ရမယ်။
ပိုင်းဝေကိုပါ 2 နဲ့မြှောက်ရမယ်။
အဲ့ဒါက မူလ အပိုင်းကိန်းရဲ့တန်ဖိုးကိုမပြောင်းစေဘူး
အဲဒီတော့ပိုင်းဝေက 20 ဖြစ်သွားလိမ့်မယ်။
အခုပေါင်းလို့ရပြီ
ငါတို့ ဘုံပိုင်းခြေက 12 ဖြစ်သွားပြီ
အဲဒီတော့ အနှုတ် 9 အပေါင်းအနှုတ် 20 ဖြစ်သွားပြီ
ဒါမှမဟုတ် အနှုတ် 20 အစား 12
လို့တောင်ရေးလို့ရတယ်။
အခု အနှုတ် 29 အစား 12 ဖြစ်သွားပြီ။
29 က သုဒ္ဓကိန်းဆိုတော့
1, 12 နဲ့ ဘုံဆခွဲကိန်း ရှိမှာ မဟုတ်ဘူး။
အဲ့တော့ ငါတို့ အရှင်းဆုံး ပုံစံနဲ့ ရေးကြတာပေါ့။