WEBVTT 00:00:07.104 --> 00:00:08.594 ၂၀၀၄ ခုနှစ်မှာ 00:00:08.594 --> 00:00:10.674 Vemma Nutrition လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုဟာ 00:00:10.674 --> 00:00:13.434 အချိန်ပိုင်းအလုပ်လုပ်ရုံနဲ့ အချိန်ပြည့်ပိုက်ဆံရနေပြီး 00:00:13.434 --> 00:00:17.104 ဘဝပြောင်းသွားစေမယ့် အခွင့်အရေးကို ကမ်းလှမ်းခဲ့ကြတယ် 00:00:17.104 --> 00:00:19.184 Vemma ရဲ့ ကမ်းလှမ်းမှုက လူတိုင်းအတွက်ဖြစ်တယ် 00:00:19.184 --> 00:00:22.904 ပညာအရည်အချင်းတွေ အတွေ့အကြုံတွေလဲ မလိုအပ်ဘူး 00:00:22.904 --> 00:00:25.374 ပိုက်ဆံစရဖို့အတွက် စ လုပ်စရာနှစ်ခုပဲရှိတယ် 00:00:25.374 --> 00:00:29.434 ဒေါ်လာ ၅၀၀၊ ၆၀၀ တန်တဲ့ အာဟာရဖြည့်အရည် တစ်စုံဝယ်ပြီး 00:00:29.434 --> 00:00:32.584 ဒီလိုထပ်ဝယ်မယ့် လူနှစ်ယောက်ထပ်စုဆောင်းပေးရုံပါပဲ 00:00:32.585 --> 00:00:34.845 Vemma Nutrition ကုမ္ပဏီဟာ အမြန် ကြီးထွားလာတယ်၊ 00:00:34.845 --> 00:00:36.395 တစ်လအဖွ့ဲဝင် အများဆုံး ၃၀၀၀၀ အထိ 00:00:36.395 --> 00:00:41.145 ဆွယ်နိုင်လာတဲ့ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းတစ်ခုဖြစ်လာခဲ့တယ်။ 00:00:41.145 --> 00:00:42.841 ပြဿနာတစ်ခုပဲ ရှိခဲ့တယ် 00:00:42.841 --> 00:00:48.611 ၂၀၁၃ခုနှစ်မှာ ကုမ္ပဏီအနေနဲ့ နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်း၂၀၀ ရနေခဲ့ချိန်မှာ 00:00:48.611 --> 00:00:52.865 အဖွဲ့ဝင် အများစုကတော့ သူတို့ပေး ခဲ့ရတာထက် ပြန်ရတာက နည်းနေခဲ့တယ် 00:00:52.865 --> 00:00:56.226 Vemma ကုမ္ပဏီဟာ ပိရမစ်စနစ် ဖော်ဆောင်နေမှုကြောင့် တရားစွဲခံခဲ့ရတယ် 00:00:56.226 --> 00:00:57.556 အဖွဲ့ဝင်တွေဟာ အဝယ်လိုက်ဖို့ 00:00:57.556 --> 00:00:58.826 လူထပ်စုဆောင်းတဲ့နည်းနဲ့ 00:00:58.826 --> 00:01:01.736 ငွေရှာတဲ့ အသိများဆဲ့ လိမ်နည်းတစ်မျိုးပါ။ 00:01:01.736 --> 00:01:04.605 ထုံးစံအတိုင်းပဲ တည်ထောင်သူက ပစ္စည်းတွေဝယ်ခိုင်းပြီး 00:01:04.605 --> 00:01:06.956 အစီအစဉ် လူပိုသိဖို့ ကနဦးလူစုကို ဖျားယောင်းတာပါ။ 00:01:06.956 --> 00:01:08.896 အခြားသူတွေကို စုဆောင်းဖို့ တွန်းအားပေးကာ 00:01:08.896 --> 00:01:12.116 သူတို့ရှာထားတဲ့လူတွေရဲ့ မြှုပ်နှံငွေအချို့ပေးမယ်လို့ ကတိပေးမယ် 00:01:12.116 --> 00:01:14.996 တည်ထောင်တဲ့သူကလဲ ဝေစုအချို့ယူမယ်ပေါ့ 00:01:14.996 --> 00:01:17.846 ဒီပုံစံဟာ လူသစ်ဝင်လာတဲ့အဖွဲ့တိုင်းမှာ ထပ်ကာထပ်ကာ ဖြစ်နေမယ် 00:01:17.846 --> 00:01:21.946 အသစ်ဝင်လာသူတွေရဲ့ ငွေတွေဟာ သူတို့ကိုစုဆောင်းခဲ့သူတွေဆီ စီးဆင်းနေတယ် 00:01:21.946 --> 00:01:23.795 Ponzi စနစ်နဲ့ ကွဲပြားတာက 00:01:23.795 --> 00:01:25.605 တည်ထောင်သူက အဖွဲ့ဝင်သစ်တွေစုဆောင်းပြီး 00:01:25.605 --> 00:01:28.915 သူတို့ငွေတွေကို အဖွဲ့ဝင်ပြီးသားသူတွေကို လူမသိအောင်ပေးတယ် 00:01:28.915 --> 00:01:32.465 အဖွဲ့ဝင်ဟောင်းတွေကလဲ သူတို့ရတဲ့ငွေကို တရားဝင်မြှုပ်နှံမှုတစ်ခုက ရတယ်ထင်တယ် 00:01:32.465 --> 00:01:34.445 ပိရမစ်စီးပွားရေးစနစ် ကြီးထွားလာတာနဲ့အမျှ 00:01:34.445 --> 00:01:37.905 အသစ်သွေးဆောင်ခံရသူတွေအနေနဲ့ ပိုက်ဆံရဖို့ တစ်စထက်တစ်စ ခဲယဉ်းလာကြတယ် 00:01:37.905 --> 00:01:42.225 ဘာလို့လဲဆိုတော့ ပါဝင်လာသူအရေအတွက်ဟာ ထပ်ညွှန်းကိန်းနဲ့ ကြီးထွားလာနေလို့ပါ။ 00:01:42.225 --> 00:01:46.965 လူတစ်ယောက် အမြတ်ရဖို့ လူ ၆ယောက်စုဆောင်းရတဲ့ ပုံစံဆွဲကြည့်လိုက်ပါ 00:01:46.965 --> 00:01:49.400 တည်ထောင်သူက စတင်ဖို့ လူ ၆ယောက်စုဆောင်းတယ် 00:01:49.400 --> 00:01:51.810 သူတို့တစ်ဦးချင်းစီက ၆ယောက်စီထပ်စုဆောင်းတယ် 00:01:51.810 --> 00:01:54.940 ဒုတိယမြောက် စုဆောင်းမှုအဆင့်မှာ လူ ၃၆ဦးရှိနေပြီ 00:01:54.940 --> 00:01:57.490 ဒီလူတစ်ဦးချင်းစီက ၆ဦးစီ စုဆောင်းဦးမယ် 00:01:57.490 --> 00:02:01.150 အသစ်စုဆောင်းထားတာ ၂၁၆ဦးထိ ရှိနေပြီ 00:02:01.150 --> 00:02:03.100 စုဆောင်းမှု ၁၂ဆင့်မြောက်မှာတော့ 00:02:03.100 --> 00:02:07.100 ၂.၁ ဘီလီယံသော အဖွဲ့ဝင်အသစ်တွေဟာ 00:02:07.100 --> 00:02:11.000 ပိုက်ဆံရဖို့ လူ ၁၃ဘီလီယံကို ထပ်စုဆောင်းရတော့မယ် 00:02:11.000 --> 00:02:14.120 ကမ္ဘာ့လူဦးရေထက်တောင် ပိုနေပါတယ် 00:02:14.120 --> 00:02:15.250 ဒီဖြစ်ရပ်မှာ 00:02:15.250 --> 00:02:16.750 အသစ် စုဆောင်းခံရသူတွေဖြစ်တဲ့ 00:02:16.750 --> 00:02:19.850 စနစ်မှာ ပါဝင်သူဦးရေရဲ့ ၈၀ရာခိုင်နှုန်းကျော်ဟာ 00:02:19.850 --> 00:02:22.480 သူတို့ရင်းထားသမျှ ငွေအားလုံး ဆုံးရှုံးနေရပါပြီ 00:02:22.480 --> 00:02:23.940 လက်တွေ့ဖြစ်ရပ်မှာလဲ 00:02:23.940 --> 00:02:27.030 အသစ်ဝင်လာသူအများစုဟာ ဆုံးရှုံးနေကြရတယ် 00:02:27.030 --> 00:02:29.820 ပိရမစ်စီးပွားရေးဟာ နိုင်ငံအများစုမှာ တရားမဝင်ကြပါဘူး 00:02:29.820 --> 00:02:31.910 စစ်ဆေးဖို့ရာလဲ ခဲယဉ်းပါတယ် 00:02:31.910 --> 00:02:34.259 ပုံစံမျိုးကွဲပေါင်းများစွာနဲ့ တည်ရှိနေတတ်ကြတယ် 00:02:34.259 --> 00:02:36.049 ငွေဝိုင်းစုကာ လက်ဆောင်ပေးတဲ့အဖွဲ့တွေ 00:02:36.049 --> 00:02:39.679 ငွေအတူစုပြီး မြှုပ်နှံတဲ့အဖွဲ့တွေနဲ့ ဆင့်ပွားစီးပွားရေးစနစ်တွေ မျိုးစုံပါတယ် 00:02:39.679 --> 00:02:44.119 ပိရမစ်စီးပွားရေးစနစ်နဲ့ တရားဝင် ဆင့်ပွားစီးပွားရေးစနစ်ကြား ခြားနားချက်ဟာ 00:02:44.119 --> 00:02:46.089 မသဲမကွဲဖြစ်နေတတ်ပါတယ် 00:02:46.089 --> 00:02:47.659 သီအိုရီအရတော့ ခြားနားချက်အနေနဲ့ 00:02:47.659 --> 00:02:50.239 ဆင့်ပွားစီးပွားရေးကုမ္ပဏီရဲ့ အဖွဲ့ဝင်တွေဟာ 00:02:50.239 --> 00:02:54.619 အဓိကအားဖြင့် လက်လီဝယ်သူတွေကို ကုန်ပစ္စည်းတစ်ခု ဝန်ဆောင်မှုတစ်ခုကို 00:02:54.619 --> 00:02:56.103 ရောင်းချပြီး ပိုက်ဆံရကြတယ် 00:02:56.103 --> 00:03:01.063 ပိရမစ်စီးပွားရေးစနစ်မှာတော့ လူသစ်စုဆောင်းခြင်းကနေ အဓိကပိုက်ဆံရကြတယ် 00:03:01.063 --> 00:03:02.380 လက်တွေ့မှာတော့ 00:03:02.380 --> 00:03:05.670 ဆင့်ပွားစီးပွားရေးကုမ္ပဏီတွေက အလုပ်ဖြစ်နေကြပေမယ့် 00:03:05.670 --> 00:03:08.400 အဖွဲ့ဝင်တွေကတော့ ရောင်းတာကနေပဲ ငွေရဖို့ဆိုတာ မဖြစ်နိုင်ဘူး 00:03:08.400 --> 00:03:11.510 ပိရမစ်စီးပွားရေးစနစ်ဖော်ဆောင်နေတဲ့ Vemma Nutrition လိုကုမ္ပဏီတွေဟာ 00:03:11.510 --> 00:03:15.320 ထုတ်ကုန်၊ ဝန်ဆောင်မှုကို ဘန်းပြပြီး လူဆွယ်မှ ပိုက်ဆံပေးတဲ့စနစ်ကနေ 00:03:15.320 --> 00:03:19.790 တရားဝင် ဆင့်ပွားစီးပွားရေးကုမ္ပဏီတွေအဖြစ် ပုံဖျက်ပြီးနေလေ့ရှိကြပါတယ် 00:03:19.790 --> 00:03:25.413 ပိရမစ်စီးပွာရေးစနစ်အများစုဟာ ယုံကြည်မှုရထားတဲ့ ချက်ခ်ကျောင်းလိုနေရာတွေ 00:03:25.413 --> 00:03:28.611 ရွှေ့ပြောင်းအခြေချလာသူတွေနဲ့ စိတ်တူကိုယ်တူအဖွ့ဲတွေကို အမြတ်ထုတ်လာတယ် 00:03:28.611 --> 00:03:32.291 အမြတ်အစွန်း မရကြသေးခင်မှာပဲ ပထမဆုံး အဖွ့ဲဝင်ဖြစ်လာသူတွေကို 00:03:32.291 --> 00:03:34.641 ကောင်းကြောင်းတွေပြောစေဖို့ တွန်းအားပေးတယ် 00:03:34.641 --> 00:03:37.171 သူတို့ပတ်ဝန်းကျင်ကသူတွေက နမူနာယူပြီးလိုက်လဲလုပ်ကြရော 00:03:37.171 --> 00:03:39.311 အဖွဲ့ဝင်အများစု အမြတ်ရမနေကြဘူးဆိုတာကို 00:03:39.311 --> 00:03:43.521 နားမလည်ကြသေးခင်မှာပဲ ဖွ့ဲစည်းပုံက ကြီးထွားလာပါတော့တယ် 00:03:43.521 --> 00:03:46.766 တစ်ခါတစ်ရံမှာ လှည့်ဖျားခံခဲ့ရသူတွေဟာ ထုတ်ပြောဖို့ ရှက်တတ်ကြပါတယ် 00:03:46.766 --> 00:03:51.176 ပိရမစ်စီးပွားရေးဟာ လူတွေကို အခွင့်အလမ်းတွေ လုပ်ပိုင်ခွင့်တွေနဲ့ ဆွယ်လေ့ရှိပါတယ် 00:03:51.176 --> 00:03:53.586 ဒီတော့ အဖွ့ဲဝင်တွေဟာ ပိုက်ဆံရှာတာနဲ့တင် အဆုံးသတ်ပဲ 00:03:53.586 --> 00:03:56.566 စနစ်ထက် သူတို့ကိုယ်သူတို့သာ အပြစ်တင်နေတတ်ကြပါတယ် 00:03:56.566 --> 00:04:00.326 ပေးထားတဲ့ကတိကဝတ်တွေဖြစ်မလာတာက သူတို့အသုံးမကျလို့ပါလို့ပဲ တွေးနေတတ်ကြတယ် 00:04:00.326 --> 00:04:02.076 လှည့်ဖျားခံထားရသူအချို့ကတော့ 00:04:02.076 --> 00:04:04.146 ထပ်ပြီး စနစ်ပေါင်းစုံမှာ မြှုပ်နှံနေတတ်ပြီး 00:04:04.146 --> 00:04:06.636 မြှုပ်နှံလိုက်တိုင်း ပိုက်ဆံတွေ ဆုံးရှုံးနေကြရပါတယ် 00:04:06.636 --> 00:04:08.472 ဒီလိုမျိုးတွေ ဖြစ်တတ်တယ် ဆိုပေမယ့်လဲ 00:04:08.472 --> 00:04:11.492 ပိရမစ်စနစ်ဆိုတာ သတိပြုမိစေဖို့ နည်းလမ်းတွေရှိပါတယ် 00:04:11.492 --> 00:04:13.772 အချိန်တိုအတွင်းဖိအားပေးနေတာဟာ သတိပြုစရာတစ်ချက်ပါ 00:04:13.772 --> 00:04:19.232 ချက်ချင်းလုပ်ပါ၊ ၊ တစ်သက်မှာတစ်ခါပဲရမယ့် အခွင့်အရေးကြီးပါ ဆိုတာမျိုးကို သတိပြုပါ 00:04:19.232 --> 00:04:24.392 ဘဝပါပြောင်းသွားစေမယ့် ငွေပမာဏ အများကြီးဝင်မယ်ပြောလာရင်လဲ သံသယဖြစ်စရာပါပဲ 00:04:24.392 --> 00:04:28.170 နောက်ဆုံးအနေနဲ့ပြောရရင် တရားဝင်ဆင့်ပွားစီးပွားရေးလုပ်ငန်းတွေဟာ 00:04:28.170 --> 00:04:33.440 ထုတ်ကုန်၊ ဝန်ဆောင်မှုကိုရောင်းချဖို့ အဖွဲ့ဝင်တွေကို ငွေပေးမနေသင့်ပါဘူး 00:04:33.440 --> 00:04:37.380 ပိရမစ်စီးပွားရေးစနစ်ဟာ တစ်ဦးတစ်ယောက်ချင်း၊ အဖွဲ့အစည်းတွေနဲ့ 00:04:37.380 --> 00:04:40.980 တစ်နိုင်ငံလုံးအထိပါ ဖျက်ဆီးနိုင်စွမ်းရှိပါတယ် 00:04:40.980 --> 00:04:42.830 မီးကို မီးနဲ့တိုက်လိုက်ပါ 00:04:42.830 --> 00:04:45.560 ယခုဗီဒီယိုကို သင့်အသိလူသုံးဦးဆီ ဝေမျှပြီး... 00:04:45.274 --> 00:04:48.564 သူတို့ကိုလည်း ထိုနည်းတူ ပြန်လည်ဝေမျှဖို့ ပြောပြလိုက်ပါ