ငလျင်တွေဟာ အစဉ်ပဲ ကြောက်စရာ
ကပ်ဘေးကြီးဖြစ်ခဲ့ပါတယ်၊
မြို့တွေဟာ ပိုပိုကြီးလာကြကာ
အဆောက်အဦကြီးတွေ ပြိုလဲနိုင်ကြတဲ့
အန္တရာယ်ဟာ ပိုပိုကြီးထွားလာနေပါတယ်။
အဆောက်အဦတွေ ငလျင်ထဲမှာ ပြိုလဲကြတာ
ဘာကြောင့်လဲ၊
အဲဒါကို ဘယ်လိုလုပ် ဟန့်တားလို့ ရမလဲ။
ခင်ဗျားတို့ဟာ ကပ်ဘေးဆိုင်ရာ ရုပ်ရှင်တွေ
တသီကြီး မြင်ခဲ့ဘူးရင်၊
အဆောက်အဦတွေ ပြိုလဲရခြင်းရဲ့ အကြောင်းရင်းက
၎င်းတို့ရဲ့ အောက်က မြေဟာ
ပြင်းထန်စွာ လှုပ်ခါမှုကြောင့်
ဒါမှမဟုတ် မြေအက်ကွဲသွားမှုကြောင့်
ဖြစ်တာ ခန့်မှန်းနိုင်ကြမှာပါ။
ဒါပေမဲ့ တကယ်တမ်းတွင်ကျတော့
အဲဒါဟာ မမှန်ကန်ပါဘူး။
အဆောက်အဦ အများစုတို့ဟာ
ငလျင်ကြောင်း ပေါ်မှာ တည်ရှိကြတာ မဟုတ်ပါ၊
ပြီးတော့ ကမ္ဘာ့အပေါ်ယံလွှာ လှုပ်ခါမှုဟာ
အဆောက်အဦတွေရဲ့ အခြေခံအုတ်မြစ်မှ သိပ်ကိုဝေးလို့ပါ။
ဒီတော့ တကယ်ြဖစ်ပျက်တာက ဘာလဲ။
လက်တွေ့ဘဝထဲမှာ ငလျင်ဆိုတဲ့ အရှိတရားနဲ့
အဆောက်အဦအပေါ် ၎င်းတို့ အကျိုးသက်ရောက်ကြပုံဟာ
နည်းနည်းလေး ပိုပြီးရှုပ်ထွေးပါတယ်။
အဲဒါကို နားလည်နိုင်ရန်အတွက်
ဗိသုကာများ နဲ့ အင်ဂျင်နီယာများဟာ
ကော်လံများ နဲ့ အလင်းတန်းများလို
လိုင်းနှစ်လိုင်းပါတဲ့ ရုပ်လုံးကြွ လိုင်းတန်းများကို
ဒါမှမဟုတ် လိုင်းတလိုင်းတည်းနဲ့ အဆောက်အဦရဲ့
အလေးချိန်ကို စက်ဝိုင်းများအဖြစ် သုံးကြပါတယ်။
အဆောက်အဦ တခုက ငလျင်ကို တုံ့ပြန်ပုံဟာ
ရူပဗေဒ သဘောကို အဓိကအားဖြင့် ဆောင်တာမို့လို့
မော်ဒယ်ကို အဲဒီလို ရိုးရှင်းစွာ
ပုံဖေါ်လိုက်ကိုင်မှုကတောင်မှ
များစွာမှ အကျိုးရှိနိုင်ပါတယ်။
ငလျင်တွေ အတွင်းမှာ ကြုံရတဲ့
ပြိုလဲမှု အများစုတို့ဟာ
ငလျင် ကိုယ်နှိုက်ကြောင့်
ဖြစ်ပျက်ခဲ့တာ မဟုတ်ပါဘူး။
အဲဒါအစား၊ အဆောက်အဦ တခုရဲ့ အောက်က
မြေ ရွေ့လားတဲ့ အခါမှာ၊
၎င်းဟာ အခြေခံအုတ်မြစ်နဲ့
အောက်ပိုင်း အလွှာများကို နေရာရွေ့စေပါတယ်၊
အဲဒါကြောင့် အဆောက်အအုံရဲ့ ကျန်တဲ့ အပိုင်းများဆီကို
ရိုက်ခတ်မှုလှိုင်းများကို ပို့လွှတ်ပြီး
၎င်းကို ရှေ့နောက် လှုပ်ခါစေပါတယ်။
အဲဒီလှုပ်ခါမှုရဲ့ အင်အားဟာ
အကြောင်းရင်း နှစ်ခုပေါ်မှာမူတည်ပါတယ်၊:
အောက်ခြေမှာ စုစည်းနေတဲ့
အဆောက်အဦရဲ့ အလေးချိန်နဲ့
၎င်းရဲ့ တောင့်ခံမှု၊
အတိုင်းအတာ တခုအထိ ရွေ့ရှားမှု ဖြစ်စေဖို့
လိုအပ်တဲ့ အား အပေါ်မှာ မူတည်ပါတယ်။
အဆောက်အဦကို ဆောက်လုပ်ရန် သုံးခဲ့တဲ့
ပစ္စည်း အမျိုးအစား နဲ့ ၎င်းရဲ့ တိုင်များရဲ့ ပုံစံတွေအပြင်
တောင့်ခံမှုဟာ အဓိကအားဖြင့်
အမြင့်နဲ့ သက်ဆိုင်ပါတယ်။
ပိုတိုတဲ့ အဆောက်အဦတွေဟာ
ပိုတောင်ခံနိုင်ကြကာ ရွေ့ရှားမှု ပိုနည်းပါတယ်၊
ပိုမြင့်ကြတဲ့ အဆောက်အဦတွေဟာ
ပိုလို့ကို ပျော့ပျောင်းနိုင်ကြပါတယ်။
ဒါကြောင့်မို့လို့ ရွေ့ရှားမှု အနည်းဆုံးဖြစ်ဖို့အတွက်
တိုတဲ့ အဆောက်အဦများကို
ဆောက်လုပ်ခြင်းဟာ လိုတဲ့ အဖြေဖြစ်နိုင်တယ်လို့
ခင်ဗျားတို့ ထင်နိုင်ကြပါတယ်။
ဒါပေမဲ့ ၁၉၈၅ ခုနှစ်တုန်းက Mexico မြို့ထဲက
ငလျင်ကိုကြည့်ရင် အဲဒီလို မဟုတ်တာကို တွေ့နိုင်ပါတယ်။
အဲဒီငလျင် အတွင်းမှာ ခြောက်ထပ်မှ
ဆယ့်ငါးထပ် အကြားရှိ
အဆောက်အဦအများဟာ
ပြိုလဲသွားခဲ့ကြပါတယ်။
အဲဒီမှာ ထူးဆန်းနေတာက၊ ပိုနိမ့်ကြတဲ့
အဆောက်အဦတွေ အနီးအနားမှာ ရပ်နေခဲ့ကြချိန်မှာ
ဆယ့်ငါးထပ်ထက် ပိုမြင့်ကြတဲ့ အဆောက်အဦတွေဟာလည်း
ပျက်စီးမှု ပိုနည်းခဲ့ကြပါတယ်၊
ပြီးတော့ ပြင်းထန်စွာ ခံစားခဲ့ကြရတဲ့
အလယ်လတ် အဆောက်အဦတွေဟာ
ငလျက် ကိုယ်နှိုက် လှုပ်ခါခဲ့တာကို ပိုလို့ကို
လှုပ်ခါခဲ့ကြကြောင်း တွေ့ခဲ့ရပါတယ်။
ဘယ်လိုလုပ်ပြီး အဲဒီလို ဖြစ်နိုင်ခဲ့တာလဲ။
အဖြေကို သဘာဝ ကြိမ်နှုန်းလို့
ခေါ်ကြတဲ့ ထဲမှာ ရှာဖွေကြရန် ဖြစ်ပါတယ်။
တုန်ခါနေတဲ့ စနစ်တခုအတွက်
တစက္ကန့်အတွင်းမှာ တွေ့နုနိုင်တဲ့ ရှေ့နောက်
စက်ဝန်းတွေကို ကြိမ်နှုနတ်းလို့ ခေါ်ပါတယ်။
အချိန်ကာလ ကျတော့
၎င်းနဲ့ ပြောင်းပြန်သဘောဖြစ်ပြီး၊
စက်ဝန်း တစ်ခု ပြီးမြောက်အောင်
ကြာတဲ့ အချိန်ဖြစ်ပါတယ်။
အဆောက်အဦ တခုရဲ့ သဘာဝ ကြိမ်နှုန်းကို
၎င်းရဲ့ အလေးချိန် နဲ့ တောင့်ခံမှု ပေါ်မှာမူတည်ပြီး၊
အဲဒီကြိမ်နှုန်းဟာ ၎င်းရဲ့ ပုံမှန်ရှိတတ်တဲ့
လှုပ်ခါမှုလှုပ်ခါမှုပါပဲ။
အဆောက်အဦရဲ့ ဒြပ်ထုကို တိုးပေးမယ်ဆိုရင်
၎င်းရဲ့ သဘာဝ တုန်ခါမှုနှုန်းဟာကျဆင်း လာပါမယ်၊
တချိန်တည်းမှာ တောင့်ခံမှုကို မြှင့်ပေးမယ်ဆိုရင်
တုန်ခါမှုကို ပိုမြန်လာစေပါတယ်။
အဲဒါကြောင့်မို့လို့ အဒီဆက်စပ်မှုကို
ညီမျှခြင်းဖြင့် ရေးချမယ်ဆိုရင်၊
တောင်ခံမှု နဲ့ သဘာဝ ကြိမ်နှုန်းတို့ဟာ
တခုနဲ့တခု အချိုးကျ ဖြစ်ပေမဲ့၊
ဒြပ်ထု နဲ့ သဘာဝ ကြိမ်နှုန်းကျတော့
ပြောင်းပြန် အချိုးကျကြပါတယ်။
Mexico မြို့မှာ ကြုံခဲ့ရတဲ့အဖြစ်က
resonance ခေါ် ကြိမ်နှုန်းထပ်သွားမှု၊
တနည်း၊ ငလျင်ရဲ့ ငလျင်လှိုင်းများရဲ့
ကြိမ်နှုန်းဟာ
အလယ်အလတ်အရွာ် အဆောက်အဦများရဲ့
သဘာဝ ကြိမ်နှုန်းနဲ့ တိုက်ဆိုင်သွားခဲ့လို့ပါ။
ဒန်းကစားရာတွင် အချိန်ကိုက်ပြီး
တွန်းပေးမှုလိုပဲ၊
ငလျင်ရဲ့ လှိုင်းတခုချင်းစီဟာ အဆောက်အဦရဲ့
တုန်ခါမှုကို ပိုလို့ကို မြင့်လာစေခဲ့ကာ
၎င်းရဲ့ လက်ရှိ ဦးတည်ချက်ဖက်နဲ့ တူနေလို့၊
၎င်းဟာ ရှေ့နောက် တိုးတိုးယမ်းလာခြင်းဖြင့်၊
ကနဦး ရွေ့ရှားမှုထက် များစွာမှကို
ပိုပြီး လှုပ်ခါစေပါတယ်။
ဒီနေ့တွင်၊ အင်ဂျင်နီယာများဟာ
ဘူမီဗေဒ နဲ့ ငလျင်ပါရဂူတို့နဲ့ လက်တွဲလျက်
အဆောက်အဦကို ဆောက်နေတဲ့ နေရာတွေမှာ
ငလျင် လှုပ်ရှားမှုတွေရဲ့ ကြိမ်နှုန်းကို ခန့်မှန်းကြကာ
ခုနကပြောခဲ့တဲ့ ကြိမ်နှုန်းထပ်မှုကြောင့်
ပြိုလဲမှုများကို ဟန့်တားဖို့ အားထုတ်ကြပါတယ်၊
မြေဆီလွှာ အမျိုးအစား၊
မြေကြီးလွှာရဲ့ အမျိုးအစားတွေအပြင်
အရင့်အရင် ငလျင်များထဲက ဒေတာများကို
အခြေခံပြီး ခန့်မှန်းဖို့ ကြုးစားကြပါတယ်။
လှုပ်ရှားမှု ကြိမ်နှုန်း နည်းလျှင်
ပိုမြင့်ကာ ပိုပြီး ပျော့ပြောင်းကြတဲ့
အဆောက်အဦတွေကို ပိုပြီး
ထိခိုက်နစ်နာစေမှာဖြစ်သလို၊
လှုပ်ရှားမှု ကြိမ်နှုန်း ပိုမြင့်မားလျှင်
ပိုနိမ့်ကာ ပိုပြီး တောင့်ခံနိုင်ကြတဲ့
အဆောက်အဦတွေကို ပိုပြီး
ထိခိုက်နစ်နာစေပါလိမ့်မယ်။
အင်ဂျင်နီယာများဟာ လှုပ်ခါမှုများကို
ဆုပ်ယူကာ
ပျက်ဆီးမှုများကို ကန့်သတ်ပေးနိုင်မယ့် ဆန်းသစ်တဲ့
စနစ်များကိုပါ တီထွင်ပေးထားကြပါတယ်။
အောက်ခြေမှာ ပျော့ပြောင်းတဲ့ အလွှာများကို
သုံးထားလို့
အခြေခံအုတ်မြစ်ရဲ့ ရွေ့လျားမှုကို
ကျန်တဲ့ အဆောက်အဦနဲ့ ခွဲခြားပစ် လိုက်ပါတယ်၊
တချိန်တည်းမှာ ဒြပ်ထုကို
ညှိပေးရေး စနစ်များကျတော့
ကြိမ်နှုန်းဟိန်းမှုကို သဘာဝ ကြိမ်နှုန်း
အဆင့်ရဲ့အပြင်ကို ပထုတ်ပစ်ပြီး
တုန်ခါမှုကို လျှော့ချပစ်နိုင်ပါတယ်။
နောက်ဆုံးမှာ မားမားကြီး ရပ်ကျန်ရစ်ခဲ့ကြမှာက
အတောင့်ခံနိုင်ဆုံး အဆောက်အဦတွေ မဟုတ်ဘဲ
စမတ်အကျဆုံး အဆောက်အဦတွေပါ။