ဒီဇိုင်းဟာ ချော်တော်တော်၊ အဖမ်းရခက်တဲ့ ဖြစ်စဉ်တစ်ခုပါ။ အချိန်အမျိုးမျိုးမှာ အကြောင်းအရာ အမျိုးမျိုးလို့ ဆိုလိုတာပါ။ ဒါပေမဲ့ စေ့ဆော်မှုပေးတဲ့ ဒီဇိုင်းပရောဂျက် အားလုံးမှာ တူတာတစ်ခုရှိပါတယ်။ သူတိုဟာ အိပ်မက်တစ်ခုနဲ့ စတင်တာပါ။ အိပ်မက်က ပိုရဲရင့်လေ၊ ဒါကို ပြီးမြောက်ဖို့ လိုအပ်မယ့် ဒီဇိုင်းစွမ်းဆောင်မှုက ကြီးမားလေပါ။ ဒါကြောင့်လည်းပဲ အကြီးကျယ်ဆုံး ဒီဇိုင်နာတွေဟာ အမြဲတမ်းလိုလို အကြီးဆုံး အိပ်မက်သမားတွေ၊ ပုန်ကန်သူ တွေနဲ့ သွေဖည်သူတွေဖြစ်ကြတာပါ။ ဒါဟာ သမိုင်းတစ်လျှောက်လုံး ဖြစ်ခဲ့တဲ့ ကိစ္စရပ်ပါ။ ဘီစီ ၃၀၀ ဆီကို ပြန်ကြည့်လိုက်ရင် ၁၃ နှစ်သားလေးဟာ ဝေးလံ၊ အရမ်းဆင်းရဲပြီးအရမ်းသေးငယ်တဲ့ အာရှနိုင်ငံရဲ့ ဘုရင်ဖြစ်လာတုန်းကပါ။ သူက စစ်ရေးအောင်မြင်မှုတွေကနေ နယ်မြေ၊ ဥစ္စာဓနတွေနဲ့ အာဏာတွေ ရယူဖို့ အိပ်မက်မက်ခဲ့တယ်။ သူ့ရဲ့ ဒီဇိုင်း အတတ်တွေက.. ကြားရတာ မဖြစ်လောက်ဘူးဆိုပေမဲ့ အဲဒီလိုလုပ်ဖို့ သူ့ကို ထောက်ကူရာမှာ မရှိမဖြစ်ဖြစ်လိမ့်မယ်။ ဒီအချိန်က လက်နက်အားလုံးဟာ သတ်မှတ် ချက်အမျိုးမျိုးမှာ လက်နဲ့ လုပ်တာပါ။ ဒီတော့ စစ်ဖြစ်နေတုန်း လေးသမား မျှားကုန်သွားရင် သူတို့ရဲ့ လေးကနေ အခြားလေးသမားရဲ့ မျှားတွေကို သေချာပေါက် ပစ်နိုင်တော့မှာ မဟုတ်ဘူးပေါ့။ တကယ်တော့ ဆိုလိုတာက သူတို့ဟာ တိုက်ပွဲမှာ ထိရောက်မှု ပိုနည်းပြီး ခုခံနိုင်စွမ်းလည်း အရမ်းမဲ့လာမှာပါ။ Ying က ဒီပြဿနာကို ဖြေရှင်းခဲ့တယ်။ အချင်းချင်း လဲလို့ရအောင် လေး၊ မျှား အားလုံးကို တစ်ပုံစံတည်း ပုံစံထုတ်တာကို အပြင်းအထန် တောင်းဆိုတဲ့နည်းနဲပါ။ ဓားမြှောင်တွေ၊ ပုဆိန်တွေ၊ လှံတွေ၊ ဒိုင်း တွေနဲ့ အခြားလက်နက် ပုံစံအမျိုးမျိုးကို ဒီအတိုင်း သူလုပ်ခဲ့တယ်။ သူ့ရဲ့ ဖြုံရလောက်အောင် ဆင်ထားတဲ့ စစ်တပ် ဟာ စစ်ပွဲ တစ်ပွဲပြီးတစ်ပွဲ နိုင်ခဲ့ပြီး ၁၅ နှစ်အတွင်းမှာပဲ သူ့နိုင်ငံသေးသေးလေးဟာ ကြီးမားတဲ့ တရုတ်အင်ပါရာကို ထူထောင်ဖို့ ၎င်းထက် ပိုကြီး ပိုကြွယ်ဝပြီး၊ ပိုအာဏာရှိတဲ့ အိမ်နီးချင်းအားလုံးကို အောင်နိုင်ခဲ့တယ်။ ကဲ တကယ်တမ်းကျတော့ အဲဒီအချိန်က Ying Zheng ကို ဒီဇိုင်နာအနေနဲ့ ဖော်ညွှန်းဖို့ဘယ်သူမှ တွေးမိမှာ မဟုတ်ဘူး။ ဘာလို့ မတွေးကြတာပါလိမ့်။ ဒါပေမဲ့ သူက ဒီဇိုင်းကို အမှုမဲ့ အမှတ်မဲ့ အလိုလို သုံးခဲ့ပေမဲ့ သူ့ရဲ့ ပန်းတိုင်တွေရရှိဖို့ အာဂ ထွင်ဉာဏ်နဲ့ပါ။ ဒီလိုပဲ နောက်ထပ် အလားတူ ဖြစ်ဖွယ်ရာမရှိတဲ့ မတော်တဆ ဒီဇိုင်နာက လုပ်ခဲ့တယ်၊ သူရောပဲ သူလိုချင်တာရဖို့ အကြမ်းဖက် တာ မသုံးတဲ့ အထက်ကပါ။ ဒါက Edward Tecah ဗြိတိသျှ ပင်လယ် ဓားပြလို ပိုသိကြတဲ့ Blackbeard ပါ။ ဒါက ပင်လယ်ဓားပြမှု ခေတ်ကောင်းတဲ့ ကာလပါ။ Teach လို ပင်လယ်ဓားပြတွေ ကြမ်းတမ်းတဲ့ ပင်လယ်တွေမှာ ခြိမ်းခြောက်နေချိန်ပေါ့။ ကိုလိုနီ ကုန်သွယ်ရေး ထွန်းကားနေပြီး ပင်လယ်ဓားပြအလုပ် အမြတ်များများရနေတာပေါ့။ သူ့လို ပိုပါးနပ်တဲ့ ပင်လယ်ဓားပြတွေ သဘော ပေါက်တာက သူတို့ခိုးယူမှုတွေ အများဆုံးရဖို့ သူတို့ရဲ့ ရန်သူတွေ မြင်မြင်ချင်းမှာ လက်နက်ချဖို့ သူတို့ကို ရက်ရက်စက်စက်ကို တိုက်ဖို့လိုတာပါ။ ဒီတော့ တစ်နည်းဆိုရရင် လက်နက်ခဲယမ်းတွေ မဖြုန်းပဲ (သို့) အကျအရှုံးမရှိပဲ သင်္ဘောတွေကို ယူနိုင်ဖို့ပေါ့။ ဒါနဲ့ Edward Teach ဟာ Blackbeard အဖြစ် အကြင်နာကင်းတဲ့ ဘီလူးလို သရုပ်ဆောင်ရင်း သူ့ကိုယ်သူ ပြန်ဒီဇိုင်းထုတ်တယ် သူ့အရပ်အမောင်းကို ပေါ်လွင်ဖို့ ဂျက်က် ကြီးတွေ၊ ဦးထုပ်ကြီးတွေ ဝတ်တယ်။ သ့မျက်နှာကို ဖုံးကွယ်တဲ့ မုတ်ဆိတ် မည်း အထူကြီးတွေ ထားတယ်။ ပခုံးတစ်ဖက်စီမှာ ပစ္စတို သိုင်းကြိုးတွေလွယ်တယ်။ ဦးထုပ်နားပန်းကို မီးခြစ်တွေတောင် တွဲချည်ပြီး မီးရှို့ထားတယ်။ ဒီတော့ ဒါတွေက သူ့သင်္ဘောကို တိုက်မယ် ပြင်တိုင်း ခြိမ်းခြောက်ဟန် တရှဲရှဲနဲ့လေ။ အဲဒီခေတ်က များစွာသော ပင်လယ်ဓားပြတွေလိုပဲ အရိုခေါင်းတစ်ခုနဲ့ အရိုးတစ်စုံ ကြက်ခြေခတ်ထားတဲ့ အနိဋ္ဌာရုံ သင်္ကေတ ထွင်းထားတဲ့ အလံတစ်ခု လွှင့်ထားတယ်။ အကြောင်းက ဒီအဆင်တန်ဆာတွေဟာ ယဥ် ကျေးမှုများစွာမှာ ရာစုနှစ်ချီပြီး မရဏသဘော ဆောင်လို့ပါ။ ၎င်းတို့ရဲ့ အဓိပ္ပါယ်က ချက်ချင်း မှတိမိလွယ်တယ်၊ ကြမ်းတမ်းတဲ့ ပင်လယ်တွေရဲ့ ဥပဒေမဲ့၊ စာမတတ်တဲ့ လောကမှာတောင်ပါ။ အညံ့ခံကြ၊ မဟုတ်ရင် ခံစားသွားရမယ်။ တကယ်ပဲ သူ့ရဲ့ ချင့်ချိန်တတ်တဲ့ ဓားစာခံအားလုံး ချက်ချင်း အညံ့ခံတယ်။ ဒီလိုဆိုတော့ Edward Teach နဲ့ သူ့နောက်ပါ ပင်လယ်ဓားပြ တွေဟာ ခေတ်သစ် ဆက်သွယ်ရေး ဒီဇိုင်းရဲ့ ရှေ့ဆောင်သူတွေအဖြစ် ဘာလို့ မြင်နိုင်တယ်ဆိုတာ လွယ်ပါတယ်၊ ဘာလို့ သူတို့ မရဏဆန်တဲ့ သင်္ကေတက... (ရယ်သံများ) ရှိပါသေးတယ်၊ ဘာလို့ အရိုးခေါင်းနဲ့ ကန့်လန့်ဖြတ် အရိုးတွေရဲ့ မရဏဆန်တဲ့ သင်္ကေတက နောက်က အနီရောင်စာလုံးကြီးတွေထက်၊ ဒီနေ့ တံဆိပ်တွေရဲ့ ရှေ့ပြေးဖြစ်ခဲ့တာကိုပါ၊ ဒါပေမဲ့ တကယ်ကျတော့ မတူညီတဲ့ အာဘော်နဲ့ပါ။ (ရယ်သံများ) ဒါပေမဲ့ အလားတူ ရဲရင့်တဲ့၊ အလားတူ ဖြစ်နိုင်ဖွယ်မရှိတဲ့ ဒီဇိုင်နာကနေ ဒီဇိုင်းကို ပိုမြင့်မြတ်တဲ့ ပန်းတိုင်တွေဆီ သုံးခဲ့ပါသေးတယ်။ ၁၉ ရာစု ဗြိတိသျှ သူနာပြု Florence Nightingale ပါ။ သူမရဲ့ အထူးတာဝန်က လူတိုင်းကို ကောင်းမွန် တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့ပါ။ Nightingale ဟာ အတော်ထည်ဝါ၊ အတော်ကို ချမ်းသာတဲ့ ဗြီတိသျှမိသားစုမှာ မွေးခဲ့တယ်။ Crimean War အတွင်းမှာ စစ်ဆေးရုံတွေမှာ စေတနာ့ဝနထမ်း လုပ်မယ်ဆိုတဲ့အခါမှာ သူတို့ ထိတ်လန့်သွားတာပေါ့။ အဲဒီမှာပဲ သူမ ချက်ချင်း သဘောပေါက်လိုက်တာက ပိုများတဲ့ လူနာတွေ သေနေတာက စစ်မြေပြင်က ဒဏ်ရာတွေထက် ညစ်ပတ်၊ နံစော်တဲ့ လူနာဆောင်တွေမှာ အဲဒီကနေ ရတဲ့ကူးစက်မှုတွေကပါ။ ဒါနဲ့ သူမက ပိုသန့်ရှင်း၊ ပိုလင်း၊ လေပိုရတဲ့ ဆေးခန်းတွေကို ဒီဇိုင်းထုတ်၊ ဆောက်ဖို့ စည်းရုံးဆော်ဩခဲ့တယ်။ ဗြိတိန်ကို အပြန်မှာ နောက် လှုံဆော်မှုလုပ်ခဲ့တယ်၊ ဒီအကြိမ်ကတော့ အရပ်သား ဆေးရုံတွေအတွက်ပါ။ အလားတူ ဒီဇိုင်း သဘောတရားတွေ သုံးခဲ့တာကို အပြင်းအထန် တောင်းဆိုတယ်။ Nightingale ဆောင်လို့ ခေါ်တဲ့အဆောင်မှာ လွှမ်းမိုးခဲ့တဲ့ လာမယ့် ဆယ်စုနှစ်တွေ အတွက် ဆေးရုံဒီဇိုင်းနဲ့ ၎င်းရဲ့ အစိတ်အပိုင်းတွေဟာ ဒီနေ့အထိ သုံးနေဆဲပါ။ ဒါပေမဲ ဒီမတိုင်မီက ဒီဇိုင်းဟာ စက်မှုခေတ်ရဲ့ ကိရိယာအနေနဲ့ပဲ မြင်ခဲ့တာပါ။ ဒါကို စည်းမျဉ်းတွေနဲ့ ဘောင်ခတ်ကာ အတတ်ပညာဆန်အောင် လုပ်ခဲ့ပေမဲ့ သီးသန့် ကဏ္ဍတွေ အတွက် ကန့်သတ်ခဲ့ပြီး Florence Nightingale, Blackbeard နဲ့ Yin Zheng တို့လုပ်ခဲ့သလို ပင်ကိုယ်စိတ်ဖြင့် သုံးတာထက် စီးပွားရေးဆန်တဲ့ ရည်မှန်းချက်တွေ ရှာဖွေမှုမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးပါတယ်။ ၂၀ ရာစု မတိုင်မီမှာ စီးပွားရေးဆန်တဲ့ ဓလေ့စရိုက်တွေဟာ အားကောင်းလွန်းတော့ ဒါကနေ သွေဖည်တဲ့ ဒီဇိုင်နာတိုင်းဟာ ငကြောင် (သို့) အဖျက်သမားအဖြစ် အမြင်ခံရတာကို စွန့်စားခဲ့တယ်။ ကဲ သူတို့ထဲက ကျွန်မရဲ့ ကြီးကျယ်တဲ့ ဒီဇိုင်းသူရဲကောင်းကတော့ အရမ်းတော်တဲ့ Lászió Moholy-Nagy ပါ။ သူက ဟန်ဂေရီသား အနုပညာရှင်နဲ့ ဒီဇိုင်နာဖြစ်ပြီး နေ့စဉ်ဘဝမှာ သူ့ရဲ့ စမ်းသပ်မှုတွေနဲ့ နည်းပညာ သက်ရောက်မှုဟာ အရမ်း အားကောင်းလွန်းတော့ ဒါတွေဟာ ကျွန်မတို့ရဲ့ ဖုန်းနဲ့ ကွန်ပြူတာ စခရင်တွေမှာ မြင်ရတဲ့ ဒစ်ဂျစ်တယ် ရုပ်ပုံတွေရဲ့ ဒီဇိုင်းကို ဩဇာလွှမ်းတုန်းပါ။ သူဟာ ၁၉၂၀ ခုတေွမှာ Germany က Bauhaus Desing School ကို အမြစ်လှန်ပြောင်းလဲခဲ့ကာ အရင်က သူ့အလုပ်ဖော်တွေ သူ့ကို ရှောင်သွားခဲ့သေးတာက နောက်နှစ်တွေမှာ Chicago မှာ Bauhaus အသစ်ဖွင့်ဖို့ ကြိုးပမ်းတဲ့အခါမှာပါ။ Moholy ရဲ့ စိတ်ကူးတွေဟာ ခါတိုင်းလိုပဲ ရဲရင့်ပြီး ပြတ်သားခဲ့ပေမဲ့ ဒီဇိုင်းကို သူချဉ်းကပ်ပုံက အစမ်း သဘောဆန်လွန်းပါတယ်၊ သူ့ရဲ့ ဒါကိုမြင်ဖို့ မရမကတောင်းဆိုသလို၊ ဒါကို သူတင်ပြသလို၊ သဘောထားတစ်ခု အနေနဲ့ ပညာရှင်တစ် ယောက်ဖြစ်ဖို့ ကာလတွေနဲ့ မကိုက်ညီဘူး။ ဝမ်းနည်းစရာက အခြား ဒီဇိုင်း သမားရိုးကျမလိုက်မှုကိုပါ အလားတူ သက် ဆိုင်တာပါ။ Richard Buckminster Fuller ပါ။ သူက နောက်ထပ် တော်တဲ ဒီဇိုင်းအမြင် ထက်မြက်သူနဲ့ ဒီဇိုင်းလှုပ်ရှားသူပါ။ တည်တံ့တဲ့ လူ့အဖွဲ့အစည်း ဒီဇိုင်းထုတ်ခြင်း ကို အဲဒီလောက် တိုးတက်တဲ့ တွေးခေါ်နည်းမှာ လုံးဝကို နှစ်မြှပ်ထားသူပါ။ ဒါက ၁၉၂၀ နှစ်တွေက ဒီဇိုင်းမှာ သဘာဝ ဝန်းကျင်ဆိုင်ရာဝါဒရဲ့ အရေးပါမှုကို သူစတင်ပြောခဲ့တဲ့ တွေးခေါ်နည်းပါ။ ကဲ အားထုတ်မှုတွေရှိခဲ့သော်လည်း သူ့ကို ငကြောင်ဆိုပြီး ဒီဇိုင်းအဖွဲ့အစည်းက လူများစွာရဲ့ အမြဲလှောင်တာခံခဲ့ရတယ်။ မငြင်းသာတာကတော့ သူ့ စမ်းသပ်မှုတစ်ချို့ ကျရှုံးခဲ့တယ်၊ မြေပြင်က တစ်ခါမှ မကြွတဲ့ ကားပျံလိုမျိုးပေါ့။ ဒါပေမဲ့ အမိုးခုံးကိုင်း၊ သစ်သား၊ သတ္ထု၊ ပလပ်စတစ် အစအနတွေ သစ်ပင်နဲ့ စောင်စုတ် ပလပ်စတစ် အခင်း အစအနတွေကနေ အရေးပေါ်ခိုလှုံရာဆောက်ဖို့ သူ့ရဲ့ ဒီဇိုင်း ပုံသေနည်းကတော့ အဲဒီချိန်မှာ ရရာ ဘာမဆိုပေါ့၊ လူသားဆန်တဲ့ ဒီဇိုင်းမှာ အကြီကျယ်ဆုံး စွမ်းဆောင်မှု တစ်ခုဖြစ်ပြီး အဲဒီကတည်းက ကြံရာမရ အခြေအနေတွေမှာ လူတော်တော်များများ အသည်း အသန်လိုအပ်တဲ့ ခိုလှုံရာကို ထောက်ပံ့ပေးပါတယ်။ ကဲ ဒါကတော့ ကျွန်မကို ဒီဇိုင်းဆီ ဆွဲခေါ်လိုက်တဲ့ Bucky နဲ့ Moholy တို့လို အမြစ်လှန်ပြောင်းလိုတဲ့ ဒီဇိုင်နာတွေရဲ့ သတ္တိနဲ့ မာန်ပါ။ ကျွန်မဟာ သတင်းစာသမားနဲ့ နိုင်ငံခြား သတင်းထောက်အဖြစ် အသက်မွေးမှု စတယ်။ နိုင်ငံရေး၊ စီးပွားရေးနဲ့ စီးပွားလုပ်ငန်း ကိစ္စတွေ ရေးခဲ့ပြီး ဒီနယ်ပယ်တစ်ခုခုကို အထူးပြုဖို့ ရွေးခဲ့လောက်တာပေါ့။ ဒါပေမဲ့ ဒီဇိုင်းကို ရွေးခဲ့တယ်၊ အကြောင်းက ဒါဟာ ဘဝအရည်အသွေး တိုးတက်ဖို့ အလိုရှိရာ သုံးနိုင်တဲ့ အားအကောင်းဆုံး ကိရိယာဖြစ်လို့ပါ။ ကျေးဇူးပဲ၊ နှံ့စပ်တဲ့ TED ဒီဇိုင်း အဖွဲ့သားတွေရေ။ (လက်ခုပ်သံများ) ပညာရှင်ပီသတဲ့ ဒီဇိုင်နာတွေကို အထူးလေးစားမိတာကြောင့်၊ ဒါက လွန်ကဲ၊ ကြီးမားပါတယ်၊ ကျွန်မလည်း ယုံကြည်မိတာက ကိုယ်ပိုင်ဟန်၊ သမားရိုးကျ မဟုတ်တဲ့ စဉ်းစားနည်း၊ ပုန်ကန်သူ၊ သွေဖည်သူတွေရဲ့ ဝမ်းစာပြည့်မှုကနေ ဒီဇိုင်းဟာကြီးမားတဲ့ အကျိုးကျေးဇူးပေးတာကိုပါ။ ကျွန်မတို့ဟာ ဒီဇိုင်းမှာရှိတဲ့ ထူးခြားတဲ့ ကာလမှာ ရှင်သန်နေတာပါ၊ အကြောင်းက ဒီကာလဟာ တည်နေရာနှစ်ခု အတူတူ နီးကပ်လာချိန်ဖြစ်လို့ပါ။ ဒစ်ဂျစ်တယ် နည်းပညာက အခြေခံ တိုးတက်မှုတွေတောင်မှ ဒါတွေကို တိုးတိုးပြီး လွတ်လပ်စွာ လည်ပတ်ဖို့ ထောက်ကူပေးထားပါတယ်။ စီးပွားဆန်တဲ့ အခြေအနေရဲ့ အတွင်း(သို့) အပြင်မှာ အရင်ထက်ပို အလှမ်းကျယ်ပြီး နှံ့စပ်တဲ့ ရည်မှန်းချက်တွေကို လေ့လာလိုက်စားဖို့ပါ။ ဒီတော့ သဘောတရား အနေနဲ့ အခြေခံ စနစ်တွေဖြစ်တဲ့ စုပေါင်းထည့်ဝင်၊ ခြင်း၊ မိုးတိမ်စနစ်နဲ့ လူမှုရေးမီဒီယာတွေဟာ ပညာရှင် ဒီဇိုင်နာတွေကို ပိုကြီးကျယ်တဲ့ လွတ်လပ်ခွင့်ပေးနေပြီး ရသလို ဖန်တီးနေသူတွေကိုတော့ ပိုမိုတဲ့ အရင်းအမြစ်တွေ ပေးနေတယ်၊ မျှော်လင့်တာက သူတို့ စိတ်ကူးတွေကို ပိုသဘောပေါက် လွယ်တဲ့ အဖြေပါ။ ကဲ့ ဒါအတွက် ကျွန်မအကြိုက် နမူနာ တစ်ချို့ကတော့ Africa မှာပါ။ အဲဒီမှာက ဒီဇိုင်နာ မျိုးဆက်သစ် တစ်ခုဟာ အံ့ဩဖွယ် Internet of Things နည်း ပညာတွေကို တိုးတက်တီထွင်နေကြတယ်။ သန့်ရှင်းတဲ့ ရေသွယ်စနစ်ထက် ဆဲလ်ဖုန်း သုံးစွဲခွင့် ပိုရတဲ့ နိုင်ငံတွေမှာ Florence Nightingale ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုရဲ့ အိပ်မက်ကို ဖြည့်ဆည်းဖို့ပါ။ သူတို့ထဲက တစ်ယောက်က Arthur Zang ပါ။ သူက ငယ်ရွယ်တဲ့ ကင်မရွန်း ဒီဇိုင်း အင်ဂျင်နီယာပါ။ သူက တက်ဘလက်ကွန်ပြူတာကို အလွယ်သယ်နိုင်တဲ့ နှလုံးစစ်ဆေးကိရိယာ Cardiopad အဖြစ် ပြောင်းခဲ့သူပါ။ ဒါကို ဝေးလံတဲ့ ကျေးလက်ဒေသက လူနာတွေ ရဲ့ နှလုံးတွေကို စစ်ဆေးဖို့ သုံးနိုင်တယ်။ နောက်တော့ ဒေတာကို မိုင်ရာချီဝေးတဲ့ ပစ္စည်းစုံတပ်ထားတဲ့ ဆေးရုံတွေဆီ စိစစ်ဖို့အတွက် ဆယ်လူလာ ကွှန်ရက်ထဲပို့ပါတယ်။ အဲဒီက အထူးကုတွေက ပြဿနာ တစ်ခုခု တွေ့တယ်ဆိုရင် သင့်တော်တဲ့ ကုသမှု ဆေးပတ်တစ်ခု အကြံပေးပါတယ်။ ဒါဟာ တကယ်တော့ ဒီဆေးရုံတွေဆီ ရှည်ကြာ၊ ခက်ခဲပြီး စျေးကြီးကာ မကြာခဏ အကျိုးမဲ့တဲ့ ခရီးတွေ ထွက်ခြင်းကနေ လူအများကြီးကို ကယ်တင်ပေးပပြီး သူတို့ နှလုံးတွေဟာ တကယ်ပဲ စစ်ဆေးခံရမယ် ဆိုတာကို ပုံပိုပြီး ဖြစ်နိုင် လာအောင် လုပ်ပေးတာပါ။ Arthur Zang ဟာ Cardiopad ကို သူ့ရဲ တက္ကသိုလ် နောက်ဆုံးနှစ်မှာ လွန်ခဲ့တဲ့ ရှစ်နှစ်က စလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပရောဂျက် အောင်မြင်ဖို့ ရင်းနှီးမြှပ်နှံမှုပေးဖို့ အစဉ်အလာ အရင်းအမြစ်တွေကို ဖျောင်းဖျဖို့ ပျက်ကွက်ခဲ့ပါတယ်။ သူ့ရဲ့ စိတ်ကူးကို Facebook မှာတင်တော့ အဲဒီမှာ ကင်မရွန်း အစိုးရ အာဏာပိုင်တစ်ဦး တွေ့သွားကာ သူ့အတွက် အစိုးရ ထောက်ပံ့ကြေးရဖို့ သေချာအောင် စီမံပေးခဲ့တယ်။ အခု သူဟာ Cardiopad သာမကပဲ အခြား မိုဘိုင်း ဆေးပညာဆိုင်ရာ ကိရိယာတွေကိုလည်း အခြေအနေ အမျိုးမျိုးမှာ ကုသဖို့ တီထွင်ဖန်တီးနေပါတယ်။ ပြီးတော့ သူတစ်ဦးတည်း မဟုတ်ပါဘူး။ အကြောင်းက အခြားများစွာသော ထက်မြက် ပြီး ကြံရည်ဖန်ရည်ရှိတဲ့ ဒီဇိုင်နာတွေဟာလည်း သူတို့ကိုယ်ပိုင် ထူးခြားတဲ့ ပရောဂျက် တွေကို လိုက်စားသူတွေ ရှိပါတယ်။ ဒါတွေထဲက တစ်ချို့ကိုပဲ ကြည့်လိုက်ရင်း ကျွန်မ အဆုံးသတ်ပါတော့မယ်။ တစ်ခုက Peek Vision ပါ။ ဒါဟာ ကင်ညာက ဆရာဝန်တွေနဲ့ ဒီဇိုင်နာတွေရဲ့ အဖွဲ့တစ်ဖွဲ့ပါ၊ သူတို့ကိုယ်ပိုင် Internet of Things နည်းပညာကို သယ်လို့ရတဲ့ မျက်စိ စစ်ဆေးရေး ကိရိယာ တစ်စုံအဖြစ် ထွင်ထားသူတွေပါ။ ပြီးတော့ Gabriel Maher ပါ၊ ကျွန်မတို့ရဲ့ပြောင်းလဲနေတဲ့ ကျား၊ မ လက္ခဏာတွေရဲ့ သိမ်မွေ့မှုတွေကို အစဉ်အလာ သမားရိုးကျတွေ လက်ကိုင်မပြုပဲ ပီပီသသ ဆိုနိုင်ဖို့ ဒီဇိုင်း ဘာသာ စကားသစ်ကို တီထွင်နေသူပါ။ အဲဒီ ဒီဇိုင်နာအားလုံးနဲ့ များစွာတို့ဟာ သူတို့ အိပ်မက်တွေနောက် လိုက်နေတာပါ၊ အသစ်တွေ့ရှိတဲ့ လွတ်လပ်မှုရဲ့ အများစုကို ဖန်တီးရင်း၊ ဝါရင့် ဒီဇိုင်နာတွေရဲ့ ကျင့်ဝတ်နဲ့ ပုန်ကန်သူတွေ၊ သွေဖည်သူတွေရဲ့ ဝမ်းစာပြည့်မှုနဲ့ပါ။ ကျွန်မတို့အားလုံး အကျိုးခံစားခွင့်ရှိပါတယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)