WEBVTT 00:00:07.803 --> 00:00:12.703 မင်္ဂလာပါ၊ TEDx လို့ခေါ်တဲ့ ဒီအထူးအစီအစဉ်မှ ကြိုဆိုပါတယ်။ 00:00:13.368 --> 00:00:15.688 ခဏနေရင် "x"အကြောင်းကို ကျွန်တော်တို့ ပြောမှာပါ။ 00:00:15.703 --> 00:00:17.323 ဒါပေမဲ့ TED ဆိုတာဘာလဲ။ 00:00:17.323 --> 00:00:21.123 ကောင်းပြီ၊ ဒါကတော့ နည်းပညာ၊ ဖျော်ဖြေရေးနဲ့ ဒီဇိုင်း လုပ်ငန်းတွေက ဦးဆောင်သူတွေ 00:00:21.124 --> 00:00:24.354 အတူ စုစည်းပေးတဲ့ နှစ်စဉ် စည်းဝေးပွဲ တစ်ခုမှ စတင်ခဲ့တာပါ။ 00:00:24.354 --> 00:00:27.264 T၊ E နဲ့ D ပေါင်းလိုက်တော့ TED ဖြစ်လာတာပေါ့။ 00:00:27.264 --> 00:00:30.844 ဒါပေမဲ့ နှစ်တွေကြာလာတော့ ပါဝင်မှု ပမာဏက အတော်ကြီး ပိုကျယ်ပြန့်လာပြီး 00:00:30.844 --> 00:00:33.944 အခု အတွေးအခေါ်၊ အလုပ်၊ ဘဝ နယ်ပယ် အားလုံးက အတွေးအေခါ်ရှင်ကြီးတွေ၊ 00:00:33.944 --> 00:00:39.004 လုပ်ဆောင်သူတွေ၊ ဖန်တီးသူတွေ၊ စိတ်ကူးကောင်းသူတွေကို ကြိုဆိုပါတယ်။ 00:00:39.004 --> 00:00:42.574 အကြောင်းက ကျွန်တော်တို့ နားလည်လိုက်တာက အသိသုတအားလုံးဟာ ဆက်စပ်နေပြီး 00:00:42.574 --> 00:00:46.474 မိမိရဲ့သာမန် အလုပ် နယ်နိမိတ် အပြင်မှာ ရှိသူတွေကို နားထောင်တဲ့အခါ 00:00:46.474 --> 00:00:50.274 မျှော်လင့်မထားတဲ့ ထိုးထွင်းအမြင်နဲ့ စေ့ဆော်မှု ရနိုင်တယ်ဆိုတာကြောင့်ပါ။ 00:00:50.614 --> 00:00:51.884 လွန်ခဲ့တဲ့ နှစ်အနည်းငယ်က 00:00:51.884 --> 00:00:55.854 TED Talks ကို အင်တာနက်မှာ လွတ်လွတ် လပ်လပ် ရနိုင်အောင်စတင်လုပ်ခဲ့တယ်။ 00:00:55.854 --> 00:00:57.854 ကျွန်တော်တို့ အံ့သြမိတာက 00:00:57.854 --> 00:01:02.064 ၎င်းတို့ဟာ တစ်ကမ္ဘာလုံးက သန်းချီတဲ့ ပရိတ်သတ်တွေဆီ ဗိုင်းရတ်လို ပျံ့နှံ့ဖို့ 00:01:02.064 --> 00:01:03.704 စတင်နေတာ တွေ့မြင်ခဲ့ရတယ်။ 00:01:03.813 --> 00:01:08.943 ဖြစ်သွားတာက နိုင်ငံတိုင်းမှာ သင်တို့လို သိလိုစိတ်ရှိတဲ့ လူတွေရှိနေတာပါ၊ 00:01:08.943 --> 00:01:12.053 စိတ်ကူးတွေရဲ့ အစွမ်းကြောင့် စိတ်လှုပ်ရှားနေသူတွေပေါ့။ 00:01:12.053 --> 00:01:14.733 သူတို့ဟာ သင်ယူချင်တယ်၊ တိုးပွားချင်ပြီး 00:01:14.733 --> 00:01:17.667 သူတို့ ယုံကြည်နိုင်တဲ့ အနာဂတ်တစ်ခုကို ရှာတွေ့ချင်ကြတယ်။ 00:01:17.807 --> 00:01:22.507 ဒီတော့ TED က ကျွန်တော်တို့ရဲ့ အထူးတာဝန်ကို ရိုးရိုးလေး အနက်ဖွင့်ကြတာက- 00:01:22.507 --> 00:01:25.366 "ပျံ့နှံ့ထိုက်သော စိတ်ကူးများ"ပါ။ 00:01:25.622 --> 00:01:29.142 အခုဆို လူအများအပြားဟာ TED Talks တစ်ခုတည်းကို တွေ့ကြုံခံစားတယ်၊ 00:01:29.142 --> 00:01:32.507 ကွန်ပြူတာမှာ ထိုင်ရင်း(သို့) ဖြစ်နိုင်တာက ဖုန်းမှာ စောင့်ကြည့်ရင်းပေါ့။ 00:01:32.507 --> 00:01:37.297 ဒါပေမဲ့ တစ်ခါတစ်လေကျတော့ TED ကို အဖွဲ့လိုက် ကြည့်တာက ပိုကောင်းတယ်ထင်တယ်၊ 00:01:37.307 --> 00:01:40.893 ဒါကြောင့့် TEDx အစီအစဉ်ကို မိတ်ဆက်ခဲ့တယ််။ 00:01:40.943 --> 00:01:45.633 ဒီတော့ "x" ဆိုတာက "လွတ်လပ်စွာ ကျင်းပတဲ့ TED ပွဲ" ကို ကိုယ်စားပြုတယ်။ 00:01:45.807 --> 00:01:50.737 ကျွန်တော်တို့ရဲ့ ဟောပြောချက်တွေ လွတ်လပ်စွာ ရရှိရေးထက် 00:01:50.737 --> 00:01:53.771 TED မှာ ဒီနေ့ သင်တို့ရဲ့ ပွဲကျင်းပရာမှာ ဘာကဏ္ဍမှ မပါဝင်ခဲ့ဘူး။ 00:01:54.094 --> 00:01:55.944 ဒါက ဒီအစီအစဉ်ရဲ့ ပျော်ရွှင်မှုပါ၊ 00:01:55.944 --> 00:01:59.994 ဒါက TED နဲ့ပတ်သက်ပြီး စိတ်ထက်သန်တဲ့ စီစဉ်သူတွေကို 00:01:59.994 --> 00:02:03.821 သူတို့ရဲ့မိတ်ဆွေတွေ၊လုပ်ဖော်ကိုင်ဘက်တွေ မိသားစုတွေနဲ့ မျှဝေကာ 00:02:03.821 --> 00:02:06.899 သူတို့ကိုယ်ပိုင်ရွေးချယ်တဲ့ အစီအစဉ် တစ်ခုကို ပေါင်းစုခွင့်ပေးတယ်။ 00:02:06.899 --> 00:02:09.968 ကဲ ဒီပွဲတွေဟာ ငွေရှာဖို့ (သို့) သီးခြား စီးပွားရေး၊ ဘာသာရေး(သို့) 00:02:09.968 --> 00:02:14.658 နိုင်ငံရေး လုပ်ငန်းစဉ်တစ်ခု တွန်းထည့်ဖို့ အသုံးပြုတယ်လို့ မယူဆသင့်ပါဘူး။ 00:02:15.111 --> 00:02:19.181 ဒါတွေဟာ စိတ်ကူးတွေရဲ့ သိလိုမှုနဲ့ စူးစမ်းလိုမှုနဲ့ 00:02:19.181 --> 00:02:21.011 အသိသုတ လိုက်စားမှုနဲ့သာ ပတ်သက်တာပါ။ 00:02:21.011 --> 00:02:22.011 ဒီတော့ ခဏအကြာမှာ 00:02:22.011 --> 00:02:26.081 သင်တို့ရဲ့ စီစဉ်သူကနေ စုစည်းပေးထားတဲ့ ဟောပြောချက်လက်ရွေးစင်ကို ကြည့်ရတော့မှာပါ၊ 00:02:26.081 --> 00:02:27.911 ဖြစ်နိုင်တာက ဒီနောက်မှာ 00:02:27.913 --> 00:02:32.033 ဟောပြောချက်တွေ၊ ဒါတွေနဲ လုပ်ဖို့လိုတာတွ ေအကြောင်း ဆန်းသစ်တဲ့ စကားဝိုင်းမှာ 00:02:32.035 --> 00:02:33.575 သင်တို့ ပါဝင်နိုင်ပါလိမ့်မယ်။ 00:02:33.575 --> 00:02:38.053 ဒီနေ့ သင်တို့တွေ့ကြုံမှုအကြောင်း သင်တို့ရဲ့ တုံ့ပြန်မှုကို ရချင်ပါတယ်၊ 00:02:38.053 --> 00:02:41.723 ဒီတော့ ခင်ဗျားတို့ သိပ် စိတ်ပါတယ်ရင် ကျွန်တော်တို့ဆီ စာရေးပါ။ 00:02:41.877 --> 00:02:45.767 TED ကို တွေ့ကြုံခံစားပြီးနောက်မှာ 00:02:45.767 --> 00:02:48.415 ကြားခဲ့တဲ့ ဆန်းသစ်တဲ့ တုံ့ပြန်မှုတွေအကြောင်း 00:02:48.415 --> 00:02:51.896 အနီးကလူတွေနဲ့ စကားဝိုင်းမှာ ပါဝင်ဖို့ အချိန်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ 00:02:51.896 --> 00:02:55.656 ဖြစ်နိုင်တာက TED.com ကို လာလည်ပြီး နောက်ထပ် ဟောပြောချက်တွေ ကြည့်ပါ၊ 00:02:55.656 --> 00:02:57.976 ကမ္ဘာအနှံ့က TED အသိုက်အမြုံရဲ့ 00:02:57.976 --> 00:03:01.026 အခြားအဖွဲ့ဝင်တွေနဲ့ ပိုကျယ်ပြန့်တဲ့ စကားဝိုင်းတစ်ခုမှာ ပါဝင်ပါ။ 00:03:01.267 --> 00:03:05.247 ဒီတော့ သင်တို့ရဲ့ ပြည်တွင်းက စီစဉ်သူကို TED ကို ယူပြီး သင်တို့နဲ့ မျှဝေတဲ့အတွက် 00:03:05.247 --> 00:03:06.713 ကျေးဇူးတင်ချင်ပါတယ်။ 00:03:06.922 --> 00:03:08.682 အခုတော့ ပွဲကို ကြည့်လိုက်ကြရအောင်ဗျာ။