ကျွန်မအသက်က ၁၀ နှစ်ပါ။ ဒါက Milan က Scala အကကျောင်း ဝင်ဖို့ သရုပ်ဆောင်စမ်းသပ်တဲ့နေ့ပါ။ စာမေးပွဲ ခန်းမဆီ ကျွန်မကို ခေါ်ဆောင်သွားမယ့် လှေကားအုံကြီးရဲ့ လှေကားထစ်တွေပေါ်တက်လိုက်ပါတယ်။ လန့်လိုက်တာရှင်။ တကယ်ကို ကြောက်မိတာပါ၊ တက်နေတဲ့ အခိုက်မှာ ယဉ်မွန်လှတဲ့ ကလေးတစ်စုကို တွေ့တယ်။ Scala ကကျောင်းသားတွေ ဆင်းလာနေကြတာပါ၊ အားလုံးဟာ လှပ၊ သွယ်လျ အပြစ်ဆိုဖွယ်မရှိဘူး။ ကျွန်မကတော့ ခြောက်ပစ်ကင်းလဲမဟုတ်၊ ထူးထူးခြားခြား သွယ်တာလည်းမဟုတ်ဘူး။ မတူညီတာကို စပြီးခံစားလာမိတယ်။ လှေကားထိပ်မှာက အတော် အေးစက်တဲ့ အပြုံးနဲ့ ရပ်နေတဲ့ အမျိုးသမီး နှစ်ယောက်၊ ကနေတုန်း၊ မခံမရပ်နိုင်အောင် ကြွက်တက်နေတုန်းမှာ ဆောင်ဖို့လိုတာလည်း ဒီအပြုံးပါပဲ။ ဒါပဲလေ၊ ဂန္ထဝင်အကဆိုတာ။ ကျွန်မတို့ကို ပြောတာက "လာပါ၊ ဝင်ခဲ့လေ၊ ဒါက ဧရာမမှန်ကြီးတွေနဲ့ ခန်းမကြီးတစ်ခုပါ။ ကျွန်မတို့ မိန်းကလေး နှစ်ဆယ်လောက်ရှိတယ်၊ ဒီခက်ထန်လှတဲ့ နေရာကြောင့် တော်တော့ကို လန့်နေကြတာပေါ့။ စန္ဒရားက တေးသွားစလိုက်တယ်၊ Chopin ရဲ့ ဆွတ်ပျံဖွယ်ဂီတဆိုတာ မှတ်မိနေတယ်။ ခမ်းနားလိုက်တာရှင်။ ဒီအမျိုးသမီးကြီးတွေ ပြောတာက " ဒီမှာ မင်းတို့ နည်းဟန်နဲ့ ကလို့ရတယ်၊ ခြေဗလာနဲ့ပေါ့။" ကံကောင်းချင်တော့ ကျွန်မထင်မိတာက ဒီအချိန်က ကျွန်မရဲ့ နှစ်နှစ်တာ အကသင်တန်းက သင်တာအားလုံး မေ့နေပြီး ကျွန်မ စကတယ်၊ ကိုယ့်ကိုယ်ကို အကထဲကို စိတ်နှစ်လိုက်ပြီး ဂီသံနဲ့ စီးမျောလိုက်တယ်။ ကနေတဲ့အခိုက်မှာ ကျွန်မရဲ့ ဆရာဖြစ်ခဲ့ဖူးတဲ့ ဆရာကြီး Maestro Moricci ဆီကနေ စိတ်ချစေတဲ့ စကားလုံးတွေ ကြားမိတယ်။ သူပြောခဲ့တာက "နားထောင်၊ အရေးကြီးတဲ့ အရာ နှစ်ခုရှိတယ်၊ နည်းစနစ်နဲ့ စိတ်ထက်သန်မှုပဲ၊ တစ်နေ့မှာ ဒါတွေဟာ တစ်ပေါင်းတည်း ရောက်လာလိမ့်မယ်၊ မင်းမှာ ထက်သန်မှုရှိတယ်၊ ဒါ မင်းရဲ့ ရတနာပဲလေ။" ရုတ်တရက်ပဲ ဂီတသံဟာ လက်ခုပ်သံ တစ်ချက်နဲ့အတူ ရပ်သွားတယ်။ အခုတော့ တစ်ထပ်တည်းသော အပြုံးပိုင်ရှင် ဒီအမျိုးသမီးကြီး နှစ်ဦးရှေ့မှာ စစ်ဆေးတာ အောင်ဖို့လိုပါတယ်။ တစ်ယောက်က ကျွန်မရဲ့ ခြေဖျားတွေနဲ့ ခြေထောက်တွေကို စတင်စစ်ဆေးတယ်၊ အထူးသဖြင့်တော့ ခြေဖျားတွေပေါ့။ သူမက ခြေဖျားတွေကို မမှိတ်မသုန် ကြည့်ပြီး တစ်ယောက်ကို ခေါ်လိုက်တယ်။ အဲဒီက သူမရဲ့ အဖော်ပါ၊ သူမရဲ့အဖော်က သူမကို ကျွန်မနားမလည်တာ တစ်ခုခုပြောလိုက်တယ်။ ကျွန်မကိုလည်း သူမရဲ့ရှေ့မှာ တစ်ပတ်ပတ်ပြဖို့လည်း ပြောတယ်။ အဲဒီအခိုက်မှာ မတူတော့တဲ့ ထပ်တူခံစားချက်၊ လှေကားအုံထဲမှာ ကျောင်းသားတွေကို ကြည့်နေခဲ့တုန်းက ကျွန်မရရှိခဲ့တဲ့ ခံစားချက်ကို ပြန်ခံစားရတယ်။ ကျွန်မဟာ ခပ်ဆန်းဆန်း လူပဲဖြစ်ရမယ်၊ ကိုယ့်ခြေထောက်တွေကို တွေးမိတယ်၊ တော်တော် ထူးဆန်းတာပဲ။ ခိုးပြီးတော့ ကိုယ့်အဖော်တွေရဲ့ ခြေထောက်တွေကို ကြည့်လိုက်တယ်၊ သေချာတာပေါ့၊ ကမ္ဘာမှာ အကျော့ရှင်းဆုံး ဖြစ်ပုံရတယ်။ ကံကောင်းချင်တော့ စစ်ဆေးတာ ပြီးသွားတယ်။ အခု နောက်တစ်ခန်းကို သွားဖို့လိုပါတယ်၊ ဒါက စာသင်တဲ့အခန်းပဲပေါ့။ ဒါက Scala ရဲ့ မူလတန်း ကျောင်းသားတွေရဲ့ အခန်းပါ။ ပြီးတော့ သစ်သား ခုံဟောင်းတွေနဲ့ အတန်းတစ်တန်းပါ။ သင်ပုန်းအနက်နဲ့ စာသင်ခန်းမပါ။ ကျွန်မတို့ကို "ထိုင်ကြ၊ နာမည်ခေါ်မယ်" လို့ အမိန့်ပေးပါတယ်။ နာမည်ခေါ်တုန်းမှာ ကျွန်မတို့ကို ညာ(သို့) ဘယ်ကို ညွှန်ပြပါတယ်။ ဒီနောက်မှာ အမျိုးသမီးတွေထဲက တစ်ယောက်၊ သေချာတာပေါ့၊ အလားတူအပြုံးပါပဲ၊ ပြောတာက "အခုတော့ ငါတို့ ဆုံးဖြတ်ပြီးပြီ။ ဒီမှာ ညာဘက်က Scalar ဝင်ဖို့ ငါတို့ရွေးချယ်ထားတဲ့ ကျောင်းသားတွေနဲ့ စိတ်တော့မကောင်းဘူး၊ ဘယ်ဘက်က သူတွေကိုတော့ ငါတို့လက်မခံနိုင်ဘူး။ မင်းတို့ သွားနိုင်ပါပြီ" ကျွန်မက ဘယ်ဘက်မှာပါ။ ရုတ်တရက်၊ နားလည်သွားတာက ဘာလို့ ကျွန်မခြေဖျားတွေကို သေချာစစ်ပြီး ကျွန်မကို တကယ့် လူထူးဆန်း တစ်ယောက်အဖြစ် ရောက်လာတာကို အတည်ပြုချက်ယူတယ် ဆိုတာပါ။ ချက်ချင်း ကျွန်မပါးပြင်မှာ မျက်ရည်တွေ စီးဆင်းလာတယ်။ ကျွန်မမှတ်မိနေတာက မျက်ရည်ဆိုတာထက် မျှော်လင့်ချက်မဲ့တဲ့ သွေးစက်တွေဆိုတာပါ။ မျက်ရည်တွေနဲ့ဆိုပေမဲ့ လှေခါးကနေတော့ ဆင်းလာနိုင်ပါသေးတယ်၊ အောက်ထပ်မှာ စောင့်နေတဲ့ အမေရှိရာကိုရောက်တော့ ပင်ပန်းးစွာနဲ့ အမေ့ကို ပြောလိုက်တယ်။ "မေမေ၊ သမီးကို လက်မခံဘူး။"လို့ ရုတ်တရက် လက်တစ်ဖျစ်အတွင်းမှာပဲ ကျွန်မရဲ့ ဘဝ၊ ကဖို့အတွက် ရွယ်ရည်ထားတဲ့ မိန်းကလေးငယ်လေးရဲ့ လှပတဲ့ ကျွန်မရဲ့ ကမ္ဘာဟာ ပြိုကွဲသွားတယ်။ ကောင်းမွန်လှတဲ့ ကျောင်းသူကလေးကနေ ဆိုးဝါးပြီး မလှမပ ခြေထောက်တွေနဲ့ မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သွားတယ်။ ယနေ့ထိ ကျွန်မကို အိမ်ကိုသယ်ဆောင်သွားတဲ့ ဘတ်စ်ကားထဲကပုံကို ပြန်မြင်ယောင်ဆဲပါ။ ရှိုက်ငိုနေခဲ့တာပေါ့... နောက်ပြီး မှတ်မိသေးတာက အဲဒီနှစ်တွေက နွေရာသီမှာ ကြိုးသိုင်းဖိနပ် စီးရတဲ့အခါ ဘာကြောင့်မှန်းမသိပဲ ကိုယ့်ခြေထောက်တွေကို ကိုယ်ရှက်မိပါတယ်။ ဘယ်သူမှလည်း ဒါကို မပြောကြဘူးလေ။ နောက်ပြီး ရှိသေးတာက ဒီအဖြစ်အပျက်အပြီး ၁၀ နှစ် လျော့လျော့အတွင်းမှာ တစ်ယောက်ယောက် ကျွန်မ စိတ်ကျေနပ်အောင်ဆိုပြီး ကပွဲကို ခေါ်သွားတိုင်း ဒါမှမဟုတ် ဒါမှမဟုတ် တီဗွီမှာ ကြည့်တိုင်း ကျွန်မ အသည်းကွဲနေရတာပါ။ ဒီနာကျင်မှု ပြန်ပေါ်လာတိုင်း "ပျော်ရွှင်တယ်"ဆိုတဲ့ စကားလုံး အဓိပ္ပါယ်က ပျော်ရွှင်ခွင့်ဆိုတာ ပျောက်သွားခဲ့သလိုမျိုးဖြစ်ခဲ့တယ်။ ကံကောင်းချင်တော့ အချိန်က ကုစားပေးပါတယ်။ တစ်နေ့မှာ ဆုံးရှုံးမှု သံသရာထဲကနေ ကိုယ့်ကိုယ်ကို ဖြေလွှတ်ပြီး ဘဝကို ကခုန်ဖို့ နည်းလမ်းထောင်ချီ ရှိတာ သဘောပေါက်သွားတယ်။ ဒါနဲ့ပဲ နောက်အရာ တစ်ခုကို သဘောပေါက်သွားတယ်။ ဒီအဖြစ်၊ ဒီကလေးဘဝရဲ့ ဒဏ်ရာဟာ ကျွန်မအတွက် မရှိမဖြစ်အရာ တစ်ခု၊ နှစ်ခုဆိုတာတောင် ကျိုးပျက်မသွားပါဘူး။ အိပ်မက်နိုင်စွမ်းနဲ့ ဘဝကို ခုံမင်မှု၊ ကနေတဲ့အခါ ခံစားမိတဲ့ အရာပေါ့။ ဒီတော့ လူငယ်ပိုင်းအရွယ်နဲ့ အခုထိတောင် အကစသင်ခဲ့ပြီး သင်ခန်းစာတွေ ယူနေတုန်းပါ၊ ဘဲလေး၊ တန်ဂို၊ တာရန်တယ်လေတို့ပေါ့၊ ဒါအားလုံးကို ကျွန်မဘဝနဲ့ ဆက်စပ်ဖို့ ပြောနေတာမဟုတ်ပါဘူး။ ဒါဘာမှ အဆန်းမဟုတ်ပါဘူး။ ဒါက ပုံမှန်ပါ၊ သာမန်ပါ။ ဒါက ကျွန်မမှာ ကြုံလာတာပါ၊ ရှင်တို့မှာ ကြုံနိုင်ပါတယ်။ ရှင်တို့ရဲ့ ကလေးတွေ ကြုံလာနိုင်ပါတယ်။ ကျွန်မအတွက်တော့ လုံးဝကို သာမန်မဟုတ်ပါဘူး။ ဒီအဖြစ်က သာမန်ရက်စက်မှုရဲ့ သရုပ်သကန် ကျွန်မတို့ကမ္ဘာ၊ ကျွန်မတို့ ရှေ့ဦးပညာရေးနစ်ဟာ ကလေးတွေရဲ့ အိပ်မက်အစွမ်းကို သတ်ပစ်ရင်း ကလေးတွေကို ဆက်လက် ဒဏ်ခတ်တာပါ။ ကျွန်မ ဒါနဲ့ပတ်သက်ပြီး ကြံရာပါမဖြစ်ချင်ဘူး။ ကျွန်မ ဒါနဲ့ပတ်သက်ပြီး ကြံရာပါမဖြစ်ချင်ဘူး။ ဒါနဲ့ ကိုယ့်ကိုယ်ကို အတွက် စပြီးတော့ ဆုံးဖြတ်နိုင်စွမ်းရှိလာတော့ တက္ကသိုလ် သွားတက်တယ်။ ပထမဦးဆုံး ပါရဂူဘွဲ့အတွက် လေ့လာမှုတွေလုပ်ခဲ့ပြီး " ပျော်ရွှင်မှုဆီ သင်ကြားခြင်း"ဆိုတဲ့ စာတမ်းပြုစုခဲ့တယ်။ "ပျော်ရွှင်မှုဆီ သင်ကြားခြင်း"က ဘာကိုဆိုလိုတာလဲ။ ပထမဆုံး ရှာဖွေတွေ့ရှိတာက ပျော်ရွှင်မှုဆိုတာ ကျွန်မရဲ့ ယနေ့ မက်မောမှုပါ။ နောက်ပြီး ကျွန်မ ရှာဖွေတွေ့ရှိတဲ့အရာကို မှန်းကြည့်လိုက်ပါ။ " joy" ပျော်ရွှင်မှုဆိုတာက သက္ကဋ္ဋဘာသာ ဝေါဟာရမှာ "Yuj" လို့ခေါ်ဆိုပြီး အဆက်အသွယ်လို့ အနက်ရပါတယ်။ ဆက်သွယ်ချက်၊ အားထားရမှုပါ။ လှလိုက်တဲ့ စကားလုံးပါ။ ဒါပေမဲ့ အဆက်အသွယ်ရှိတယ်ဆိုတာက ဘာအနက်လဲ။ အဆက်အသွယ်ရှိတာက ဘာလဲ။ တော်တော် ရိုးစင်းတာပဲလို့ ထင်ပါတယ်။ ဒါကို ကလေးတွေဆီမှာ တွေ့တယ်၊ ရှင်တို့ လည်း ခံစားဖူးမှာပါ၊ ကျွန်မ မှတ်မိပါတယ်။ ဒါက ကျွန်မခန္ဓာရဲ့ မှတ်ဉာဏ်က ပြောတာပါ၊ ဒါက ကျွန်မ ကနေတုန်းက ကျွန်မကိုယ်တိုင် ခံစားနေခဲ့တာပါ၊ ကလေးတွေ ပုံဆွဲနေတုန်း ကစားနေတုန်း၊ အထူးသဖြင့် သူတို နှစ်သက်ရာတွေ လုပ်နေတုန်း စောင့်ကြည့်မိတယ်၊ သူတို့ဝန်းကျင်က ကမ္ဘာကိုမေ့နေကြတယ်။ စိတ်ဝင်းစားလွန်းတော့ သူတို့ကို နှစ်နာရီကြာ ခေါ်တာတောင် ကြားကြမှာ မဟုတ်ပါပဲ နောက်ပြီးတော့ မပင်မပန်းနဲ့ကို သူတို့သင်ယူနေကြတာပါ။ ကောင်းလိုက်တာ။ ဒီဆက်သွယ်မှုက ကျွန်မကို မပင်မပန်း ကနေတုန်းက ခံစားခဲ့မှုဆီ ခေါ်ဆောင်သွားပါတယ်။ ဒါက ကမ္ဘာကြီးနဲ့၊ ကောင်းကင်နဲ့၊ မြေကြီးနဲ့ တိရိစ္ဆာန်တွေနဲ့၊ ပန်းတွေနဲ့၊ လူတွေနဲ့၊ ရှင်တို့နဲ့ တိုက်ရိုက် ဆက်သွယ်မှု ရှိခဲ့တာပါ။ ပညာသင်ခြင်းနဲ့ ဘာလုပ်ဖို့ရှိလဲ။ အများကြီးပါ။ အကြောင်းက စဉ်းစားကြည့်ပါ၊ ရှာဖွေပြီးဖြစ်တဲ့ တည်တံ့တဲ့ စိုက်ပျိုးရေးစနစ် ကနေစပြီး သင်ကြားပေးတယ်ဆိုရင်ပေါ့။ တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်ဟာ ဂေဟသိပ္ပံတစ်ခုဆိုတာ သိကြပါတယ်။ တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်က ပြောတာက "မြေဩဇာကောင်းပြီးသားမှာ စိုက်ပျိုးကြပါ။" ကျွန်မတို့ရဲ့ ကြွယ်ဝမှု၊ ရတနာဖြစ်တဲ့ အရာတစ်ခုကနေ စသင်ကြားနိုင်တယ်လို့ ဆိုလိုချက်ကို စိတ်ကူးကြည့်လို့ရလား။ ပညာသင်ကြားရေးးကို တော်လှန်ခြင်းပါ။ ဒါဟာ ကမ္ဘာ့မျက်နှာပြင်ကို လုံးဝပြောင်းလဲ ပါလိမ့်မယ်။ ပင်ပန်းမှု အလျဉ်းမရှိပဲနဲ့ သင်ယူဦခြင်းလည်း မည်ပါတယ်။ အတိတ်က ဆရာတွေ၊ ပညာပေးသူတွေ၊ ဒဿနာပညာရှင်တွေဟာ ဒါကို နားလည်ကြပြီးပါပြီ၊ Montessori၊ Steiner၊ Freinet သူတို့တွေ နားလည်နှင့်ပြီးပြီဆိုပေမဲ့ သူတို့ပြောတာ အများကြီး မကြားနာခဲ့ပါဘူး။ သတင်းကောင်းကတော့ ဒီနေ့ပါပဲ။ တိုးတိုးလာတဲ့ ပညာပေးသူတွေ၊ ဆရာသမားတွေ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးတွေ၊ မိဘတွေဟာ အရင်လူတွေရဲ့ မီးရှူးတိုင်ကို ပြန်လွှဲယူတာတင်မကပဲ လက်တွေ့ကျတဲ့ သင်ကြားနည်း အသစ်တွေကိုလည်း ထွင်နေဆဲပါ။ သူတို့ထဲက အများကြီးကို ကျွန်မမြင်တယ် ဆိုတာတော့ စိတ်ချပါ။ ဒီပုဂ္ဂိုလ်တွေဟာ လွတ်လပ်မှုကို လုံးဝအခြေခံတဲ့ နည်းသစ်တွေကို ဖန်တီးသူတွေပါ။ ကလေးတွေရဲ့ နရီကို လေးစားမှု၊ စွမ်းရည်၊ သူတို့ရဲ့ အိပ်မက်နိုင်စွမ်းတို့ပေါ့။ ကျွန်မပိုင် ပျော်ရွှင်မှုက ဒီဆက်သွယ်မှုနဲ့ ဆက်သွယ်ဖို့၊ ဆက်သွယ်လာကြဖို့ပါ။ ဒါကြောင့်ပဲ စိတ်ကူးပုံကို သိနေဆဲ လူတစ်စုနဲ့အတူ သဟာယအဖွဲ့ ထူထောင်ခဲ့ပါတယ်။ ပညာရေးနွေဦး လို့ခေါ်တဲ့ ပညာရေး ပြန်လည်သစ်လွင်ဖို့ သဟာယပါ။ အရာတိုင်းဟာ ဒီမှာ ရှိနေပြီးဖြစ်တဲ့အတွက် လုပ်ဖို့လိုတာဆိုလို့ ဆက်သွယ်ဖို့ပါ။ ဒါက ပျော်ရွှင်ဖို့ သင်ကြားပေးခြင်းပါ။ နောက်ဆုံးကျတော့ Maria Montessori ပြောခဲ့တာကို အမှတ်ရဖို့ပါ။ သူမပြောခဲ့တာက "သင်ယူခြင်းရဲ့ ပျော်ရွှင်မှုဟာ အပြေးသမားတွေနဲ့ ကချေသည်တွေအတွက် အသက်ရှူခြင်းလိုပဲ ဉာဏ်ရည်လည်း မရှိမဖြစ်လိုပါတယ်"တဲ့။ (လက်ခုပ်သံများ)