ဒီမှာ ကိန်း ၅ လုံး ရှိပါတယ် လုပ်ရ မှာ ကတော့ အငယ်ဆုံး ကနေ အကြီးဆုံး ထိ အစဉ်လိုက် စီ ပေးရမှာပါ ဖြစ်ပါတယ် ကိန်း ဂဏန်း ၅ လုံး စလုံး က တော့ အနှုတ် ကိန်း တွေဆိုတာ သိတာ ထင်ရှား လှပါတယ် ဘယ် ကိန်း ဂဏန်း က အကြီး ဆုံး လည်း ဆို တာ စဉ်းစား ကြည့် ကြ ပါစို့ ပြောလို့ ရ တာ ကတော့ မင်း သိတာ လား အနှုတ် ၄၀ လေ... တကယ်လို့ ထိုကိန်း ဂဏန်းတွေ က အပေါင်း ဖြစ် ခဲ့ မယ်ဆို ရင် ၄၀ က အကြီးဆုံး ပေါ့ အဲ့ဒါ ဆို ရင် အနှုတ် ၄၀ က အကြီးဆုံး ဆို တာကို သင် ထင်ကောင်း ထင် နိုင် လိမ့် မယ် ဒါပေမယ့် သင် နားလည် ရ မှာ က အနှုတ် လက္ခဏာ ရဲ့ သဘောတရား ကို စဉ်းစား ကြည့် ကြ ပါစို့ ထို ကိန်းဂဏန်း တွေကသာ သင့် ဘဏ်ထဲ က ပိုက်ဆံ ပမာဏ သာ ဖြစ်မယ်ဆိုရင် သင့် ဘဏ်ထဲမှာ ပိုက်ဆံ ပမာဏ အနှုတ်ဒေါ်လာ ၄၀ ရှိချင် သလား အနှုတ် ဒေါ်လာ ၇ကျပ်ရှိချင်ပါသလား အနှုတ် ၄၀ ရဲ့ အဓိပ္ပာယ်ကတော့ သင် ဘဏ်ကို ဒေါ်လာ ၄၀ကျပ်အကြွေးတင်နေတာဖြစ်ပါတယ် ဒါကြောင့် ဒေါ်လာ ၄၀ ဟာ ဘာမှ မ၇ှိတာ ထက်တောင် ပိုဆိုးနေပ်ါတယ် အနှုတ် ၇ ရဲ့ အဓိပ္ပာယ် ကတော့ သင် ဘဏ် မှာ ဒေါ်လာ ၇ ကျပ် သာ အကြွေး တင်နေ တာဖြစ်ပါတယ် အမှန်တကယ် အားဖြင့် အနှုတ် ၄၀ ဟာ အနှုတ် ၇ ထက် နည်း ပြီးတော့ အနှုတ် ဂဏန်း အားလုံး ရဲ့ အငယ်ဆုံး ဖြစ်ပါတယ် ထိုကြောင့်နှိုင်းယှဉ် ချက်တွေအရ အနှုတ် ၄၀ က တော့ အငယ်ဆုံး ဖြစ်ပြီးတော့ ဘဏ်အကောင့်ထဲမှ သင်လိုချင်သော အနည်းဆုံး ငွေပမာဏ အဖြစ် တွေ့ ရှိ ရပါသည်။ သင် ဘဏ် ကို ဒေါ်လာ ၄၀ အကြွေး တင်နေပါတယ် ဘာမှ မရှိ တဲ့ အပြင် ဒေါ်လာ ၄၀ တောင် ဘဏ်ကိုအကြွေးတင် နေပါသေးတယ် ဒါကြောင့် နောက် ထပ် အငယ်ဆုံး ကိန်း ဂဏန်း က အနှုတ် ၃၀ ဖြစ်ပြီး ထို ဂဏန်း ပြီး နောက် နောက်ထပ် အငယ်ဆုံး ကိန်းက အနှုတ် ၂၅ ဖြစ် ကာ နောက် ထပ် အငယ် ကိန်း က တော့ အနှုတ် ၁၀ ဖြစ်ပါတယ် အခု နောက်ဆုံးအနေ နဲ့ ဂဏန်းအားလုံး ရဲ့ အကြီးဆုံး အနှုတ် ၇ ကို ကျွန်တော် ပန်းရောင် နှင့် ရေးပြပါမယ် တကယ်လို့ သင် မရှင်းလင်းသေးဘူးဆိုရင် အပူချိန် တိုင်းတာ တဲ့ နေရာ မှာ စဉ်းစားလို့ ရ ပါသေးတယ် ဘယ်အပူချိန် က အအေးဆုံး ဖြစ်သလဲ စင်တီ ဂရိတ် ဖြစ် ဖြစ် ဖာရင် ဟိုက် ဖြစ်ဖြစ် အနှုတ် ၄၀ က အအေး ဆုံး ဖြစ် ပြီး အနှုတ် ၇ က အပူဆုံး ဖြစ် နိုင် ပါတယ် အပူချိန် အနှုတ် ၇ တွင် လေထဲမှာ အပူအများဆုံး ရှိပါတယ် နောက်တစ်နည်းနေနဲ့ ကတော့ ကိန်း မျဉ်း ဆွဲ ပြီး စဉ်းစား နိုင်ပါတယ် ဒီ မှာ ကိန်း မျဉ်း တစ်ကြောင်း ဆွဲ ကြ ပါစို့ အကယ်လို့ ဒီ ဟာ က သုည ဆို ရင် အပေါင်း ၇ ကို ဒီ မှာ ထားပါ အပေါင်း ၇ က ဒီ ကိန်း တွေ ထဲမှာ မပါပေမယ့် တခြား ကိန်း တွေကို လည်း ထည့် ရေးရ မည်ဖြစ် ပါတယ် ဒီ နေရာ မှာ ကတော့ အနှုတ် ၇ ဒါ က အနှုတ် ၇ ဆိုတော့ ဒီ နေရာ က အနှုတ် ၁၀ သုည ရဲ့ ဘယ်ဘက် ကို သွားနေတယ် ဆိုတာ ကို သတိပြုပါ ထို့နောက် ဘယ် ဘက် ကို ထပ် သွားရင် အနှုတ် ၂၅ ရ ပါမယ် သူ့ထက် နည်းနည်း ထပ်သွား ရင် အနှုတ် ၃၀ ထို့ထက် ဆက်သွား ပါက အနှုတ် ၄၀ ရ ရှိ မည်ဖြစ်တယ် အဲ့ နည်း အတိုင်း စဉ်းစား လျှင် ကိန်း မျဉ်း ဧ။် ဘယ် ဘက် ရောက် လေလေ အငယ်ဆုံး ဖြစ် ပြီး ညာဘက် ရောက်လေလေ အကြီး ဆုံး ဖြစ် ပါသည်