ဘွဲယူကျောင်း ပထမနှစ်က မျောက်တွေကြား ပူးပေါင်းဆောင်ရွက်ခြင်းကိုလေ့လာရင်း ပြင်ပမှာ အချိန်အတော်များများကို capuchin မျောက်အုပ်တွေ ဆက်သွယ်တာကို စောင့်ကြည့်ရင်း ကုန်ဆုံးခဲ့တယ်။ နေ့လယ်ခင်းတစ်ခုမှာ အုပ်စုတစ်ခုကို မြေပဲတွေ ကျွေးဖို့ အပြင်ပြန်ထွက်ခဲ့တယ်။ ဒီမှာက အခြားမျောက်တွေ မြေပဲတချို့ရအောင် အထီးတွေထဲက တစ်ကောင်ဖြစ်တဲ့ Ozzie ကို အာရုံပြောင်းဖို့လိုတယ်။ Ozzie က မြေပဲ ကြိုက်ပြီး သူ ဖမ်းဆုပ်နိုင်တာမှန်သမျှကို ဖမ်းဆုပ်ဖို့ အမြဲ ကြိုးစားတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့လှောင်အိမ်ထဲက အခြားအရာတွေကို ကျွန်မဆီ ယူလာပြီးမြေပဲတစ်တောင့်ရဖို့ ဒါတွေကို ကျွန်မနဲ့ လဲလှယ်ဖို့ စတင်ကြိုးစားတယ်။ ကဲ capuchins တွေဟာ ပါးနပ်တော့ ဒါက သေချာပေါက် အံ့ဩစရာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အံ့ဩစရာတစ်ခုက သူ ကျွန်မဆီ ယူလာနေတဲ့ အရာတချို့ပါ။ သူဟာ မြေပဲထက် ပိုကြိုက်တယ်ဆိုတာ ကျွန်မ အတော်လေး သေချာတယ်။ ပထမ ကျွန်မဆီကို မျောက်စာ တစ်ပိုင်းယူလာခဲ့တယ်၊ ဒါက ခွေးစာခြောက်လိုမျိုးပါ။ ဒါက Purina ကတောင် လုပ်ထားတာပါ။ မျောက်တစ်ကောင်အတွက် ရတဲ့အခါ သုံးမရသလောက်နီးနီးပါ။ တကယ်ပဲ ဒါအတွက် ကျွန်မ သူ့ကို မြေပဲမပေးခဲ့ဘူး။ ဒါပေမဲ့ သူ ဆက်ကြိုးစားတယ်။ နောက်ဆုံးတော့ သူ ကျွန်မဆီကို လိမ္မော်သီးတစ်စိတ် ယူလာပြီး ကျွန်မဆီက မြေပဲတစ်တောင့်နဲ့ လဲလှယ်ဖို့ ကြိုးစားတယ်။ အခု လိမ္မော်သီးတွေက တန်ဖိုးရှိတဲ့ မျောက်ကုန်ပစ္စည်းတစ်ခုဆိုတော့ ဒီလဲလှယ်မှုက နည်းနည်း ကြောင်တယ်လို့ ဆိုရမလား။ မျောက်တွေက ဘာကိုပိုကြိုက်လဲဆိုတာ ဘယ်လိုသိလဲလို့ သိနေချင်လောက်တယ်။ ကောင်းပြီ၊ သူတို့ကို စားစရာ နှစ်မျိုးပေးပြီး ဘယ်ဟာကို သူတို့ ရွေးလဲဆိုတာကို ကြည့်ရင်း မေးတာပါ၊ ယေဘုယျ ပြောရရင် သူတို့ရဲ့ အကြိုက်တွေက ကျွန်မတို့နဲ့ အတော်တူတယ်။ ပိုချိုလေလေ၊ ပိုကြိုက်ကြလေလေပါ။ လူတွေက ကိုက်လန်ထက် ကြက်ဥမုန့််တွေကို ပိုကြိုက်သလိုပါ။ မျောက်တွေဟာ လိမ္မော်သီးတွေ၊ စပျစ်သီးတွေလို သစ်သီးတွေကို သခွာသီးတွေလို ဟင်းသီးဟင်းရွက်တွေ၊ မျောက်စာတွေထက် ဒါအားလုံးကို ပိုကြိုက်ကြတယ်။ မြေပဲတွေလည်း မဆိုးပါဘူး။ ဒါပေမဲ့ လိမ္မော်သီး တစ်မွှာထက်တော့ ဒါတွေကို ပိုမကြိုက်တာ ကျိန်းသေတယ်။ ဒီတော့ Ozzie က လိမ္မော်သီး တစ်စိတ်နဲ့ မြေပဲကို လဲလှယ်ဖို့ ကြိုးစားတော့ အံ့ဩစရာဖြစ်ခဲ့တယ်။ အုပ်စုအတွင်းက အခြားမျောက်တိုင်းက မြေပဲတစ်တောင့် ရနေတာကြောင့် ရုတ်တရက် သူ လိုချင်တာများလို့ ကျွန်မ သိချင်လာမိတယ်။ သင်တို့ သိနေချင်တယ်ဆိုရင် ကျွန်မ Ozzie ကို မြေပဲ ပေးခဲ့ပါတယ်။ ဒီနောက် ကျွန်မရဲ့ ကျောင်း အကြံပေး Frans de Waal ဆီ ကျွန်မ တန်းသွားခဲ့ပြီး အလုပ်တစ်မျိုးတည်းကို လုပ်တဲ့အတွက် အုပ်စုထဲက အခြားတစ်ကောင်က သူတို့ထက်သာတဲ့ ဆုတစ်ဆုရတဲ့အခါ မျောက်တွေ တုံ့ပြန်ပုံကို သိရှိဖို့ လေ့လာမှုတစ်ခုကို စတင် ပုံစံထုတ်ခဲ့တယ်။ အင်မတန် ရိုးစင်းတဲ့ လေ့လာမှုတစ်ခုပါ။ တစ်အုပ်စုတည်းက မျောက်နှစ်ကောင်ကိုယူပြီး သူတို့ကို ဘေးချင်းကပ် ထိုင်ခိုင်းတယ်။ ကျွန်မနဲ့ သင်္ကေတတစ်ခုကို လဲလှယ်တဲ့ အလုပ်တစ်ခုကို သူတို့ လုပ်မှာပါ။ သူတို့ အတော့ကို အောင်မြင်စွာ လုပ်ခဲ့ရင် ဆုတစ်ဆုရခဲ့တယ်။ လှည့်ကွက်က မျောက်တစ်ကောင်က အမြဲတမ်း သခွားသီးတစ်စိတ်ရပြီး အခြားမျောက်က တစ်ခါတစ်လေမှ သခွားသီး တစ်စိတ် ရပေမဲ့ တစ်ခါတစ်ခါတော့ စပျစ်သီးတစ်လုံးရတယ်၊ အားလုံး မှတ်မိမယ်ဆိုရင် capuchin မျောက် ဝါစဉ်မှာ စပျစ်သီးတွေကို သခွားသီးတွေထက် အများကြီး ပိုကြိုက်တာလေ။ capuchin မျောက်နှစ်ကောင်ရှိတယ်။ ညာဘက်က Winter က စပျစ်သီးနဲ့ လဲလှယ်နေတယ်။ ဘယ်ဘက်က Lance က သခွားသီးနဲ့ လဲလှယ်နေတယ်၊ သင်တွေ့နိုင်တာက သူ(မ)ဟာ ဟုတ်တယ် Lance က အမတစ်ကောင်ပါ၊ ပထမတော့ သခွားသီးနဲ့ အတော့ကို ပျော်နေတာပါ။ Winter က စပျစ်သီးနဲ့ လဲလှယ်တာကို သူ မမြင်ခင်အထိပေါ့။ ရုတ်တရက် Lance ဟာ လဲလှယ်တာကို အလွန် စိတ်အားထက်သန်တယ်။ သူ့သခွားသီးကို ယူကာ တစ်ချက်ကိုက်ပြီးနောက်မှာ တစ်ခါပြန်ပြီး လွှင့်ပစ်လိုက်တယ်။ တစ်ချိန်တည်းမှာ Winter က ထပ်ပြီး လဲလှယ်ကာ နောက်ထပ် စပျစ်သီးရကာ Lance စားနေစဉ်မှာ သူ့ရဲ့ မမှိတ်မသုန် အာရုံစိုက်မှုကို ရခဲ့တယ်။ ဒီအချိန်မှာ Lance လဲလှယ်တာကို ဒီလောက် စိတ်မထက်သန်ဘူး။ ဒါပေမဲ့ နောက်ဆုံးတော့ သူ လဲလှယ်ပါတယ်။ ဒါပေမဲ့ ဒီအချိန်ဝန်းကျင်မှာ သူ သခွားသီးရတဲ့အခါ တစ်ခါ ပြန်ပြီး လွှင့်မပစ်ခင်မှာ တစ်ကိုက်တောင် မကိုက်ဘူး။ ကြည့်ရတာတော့ Lance ဟာ Winter စပျစ်သီးစားတာကို သူ စောင့်မကြည့်ခဲ့စဉ်က သခွားသီးသာ လိုချင်တာပါ။ ဒီနေရာမှာ Lance တစ်ကောင်တည်းမဟုတ်ဘူး။ အခြားမျောက်တွေလည်း သခွားသီးတွေ ရနေသရွေ့ကတော့ capuchins အားလုံးဟာ သူတို့ရဲ့ သခွားသီးတွေနဲ့ လုံးဝကို ကျေနပ်အားရခဲ့ကြတယ်။ ဒါပေမဲ့ အခြားမျောက်တွေ စပျစ်သီး ရနေတဲ့အခါမှာ မကြာခဏ သူတို့ရဲ့ သခွားသီးတွေနဲ့ သိပ် မကျေနပ်ကြဘူး။ ရှင်းလင်းတဲ့ မေးခွန်းက ဘာကြောင့်လဲ။ သူတို့ အရင်က သခွားသီးတွေကိုကြိုက်ခဲ့တယ်ဆို ဘာက ပြောင်းလဲသွားတာလဲ။ ကဲ ကျွန်မက သိပ္ပံပညာရှင်ဖြစ်ပြီး သိပ္ပံပညာရှင်တွေဟာ လေ့လာမှုတွေထဲမှာ အပိုဆောင်း ကောက်ချရတာကို အလွန်ရှက်တတ်တယ်။ အထူးသဖြင့် အခြားတိရစ္ဆာန်တွေ စဉ်းစားတယ်၊ခံစားတယ် ဆိုတာနဲ့ပတ်သက်တဲ့အခါပါ။ အကြောင်းက မေးလို့မှမရတာလေ။ ဒါပေမဲ့ မျောက်တွေဆီမှာ ကျွန်မ မြင်နေခဲ့တာက ကျွန်မတို့ လူသားတွေက မျှတမှုသဘောလို့ ခေါ်ကြမယ့်ဟာနဲ့ အတော်ကြီး ဆင်တူနေတယ်။ အဆုံးမှာတော့ ဒီသခွားသီးမှာ ကွားခြားမှုက Winter စပျစ်သီး မရခင်ကထက် ရပြီးမှ ဖြစ်လာခဲ့တာပါ။ ကျွန်မတို့လူသားတွေဟာ မျှတမှုနဲ့ ဥပါဒါန်ဖြစ်ကြတယ်။ ကျွန်မမှာ ညီမတစ်ယောက်ရှိတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းက ညီမက ကျွန်မထက် ပိုကြီးတဲ့ ဌာပနာမုန့် အပိုင်းတစ်ခုရရင် အစအနတစ်ခုဆိုတာတောင် ကျွန်မ ဒေါသဖြစ်မိတယ်။ ဒါက မတရားတာလေ။ ကလေးဘဝအဖြစ်က ကျွန်မ တစ်ယောက်တည်းမဟုတ်ဘူး။ ကျွန်မတို့ လူသားတွေဟာ သူများထက် အများကြီး ပိုနည်းပြီးရတာကို မုန်းတယ်။ လေ့လာမှုတစ်ခုက တွေ့ရှိတာက လူသားတွေကို စိတ်ကူးသာရှိတဲ့ ရွေးချယ်မှုတစ်ခုကိုပေးရင် တစ်နှစ် ဒေါ်လာ ၅၀၀၀၀ ရနေစဉ်မှာ အခြားသူတွေက ဒေါ်လာ ၂၅၀၀၀ ရတာ၊ (သို့) တစ်နှစ်ကို ဒေါ်လာ ၁၀၀၀၀၀ ရစဉ်မှာ အခြားသူတွေက ဒေါ်လာ ၂၅၀၀၀၀ ရတာကြားပါ။ အစမ်းသပ်ခံ ထက်ဝက်နီးပါးက အခြားသူတစ်ဦးထက် အတော်လေး ပိုနည်းပြီး ဝင်ငွေရတာကို ရှောင်ရှားဖို့ ပိုနည်းတဲ့ ငွေ တစ်နှစ် ဒေါ်လာ ၅၀၀၀၀ ဝင်ငွေရဖို့ ပိုလိုလားကြတယ်။ ဒါက ပေးဖို့ အတော်ကြီးတဲ့ တန်ဖိုးတစ်ခုပါ။ ဘာက ဒီယုတ္တိမရှိတဲ့ ဆုံးဖြတ်ချက်လို့ ထင်ရတာ မျိုးဆီ လူတွေကို တွန်းဖို့တာလဲ။ အဆုံးမှာတော့ အခြားသူတစ်ယောက်က စပျစ်သီးရှိနေလို့ သင့်သခွားသီးကို လွှင့်ပစ်တာကသာ အရာတွေကို ပိုမျှတအောင်ပေးတယ်ဆိုရင် အဓိပ္ပာယ်ရှိစေမှာမို့ပါ။ တစ်နည်းအားဖြင့် Winter က စပျစ်သီးရပြီး ကိုယ်က ဘာမှမရဘူးပေါ့။ အမှန်တော့ လူသားတွေဟာ capuchin မျောက်တွေ မဟုတ်ဘူး။ ဒါပေမဲ့ အပြင်ပန်းမှာတော့ ဒေါ်လာ ၅၀၀၀၀ ကို စွန့်လွတ်ခြင်းဟာ အခြားတစ်ယောက်က သင့်ထက် ပိုဝင်ငွေ ရတော့မယ်ဆိုတာက သခွားသီးကို လွင့်ပစ်လိုက်တာက ပိုပြီး အဓိပ္ပာယ်မရှိတာကြောင့်ပါ။ ဖြစ်လောက်တာက ဒါကခြွင်းချက်ပါ။ လူသားတွေမှာရှိတဲ့ မျှတမှုသဘောက ပူးပေါင်းဆောင်ရွက်မှုနဲ့ဆက်နွယ်တယ်လို့ စီးပွားရေးပညာရှင်တချို့ကထင်တယ်။ တစ်နည်းဆိုရရင် အခြားသူတစ်ဦးနဲ့ တွဲလုပ်နေတဲ့အခါ ဘယ်အချိန် မမျှတတဲ့ အခြေအနေတစ်ခု ရောက်မယ်ဆိုတာ သိဖို့ ဒီမျှတမှုသဘောကို လိုအပ်တယ်။ ဒါကို ဒီအတိုင်းတွေးပါ။ အခက်အခဲကြုံနေရပြီး နည်းနည်း အပို အကူအညီလိုတဲ့ လုပ်ဖော်တစ်ယောက် သင့်အလုပ်မှာ ရှိတယ်ဆိုပါစို့။ သင်ဟာ ကူညီဖို့ ပျော်တာထက် ပိုနိုင်လောက်တယ်။ အထူးသဖြင့် သင်လိုအပ်ချိန်မှာ သူက အလားတူလုပ်တဲ့အခါမှာပေါ့။ တစ်နည်းဆိုရရင် အခြေအနေတွေ ညီမျှရင်ပေါ့။ ဒါပေမဲ့ အခုကျတော့ အဲဒီအလုပ်ဖော်က အမြဲတမ်း လျှော့လုပ်နေပြီး အလုပ်ပိုကို သင့်အပေါ်ပုံချတယ်။ ဒါက စိတ်တိုစရာပါ။ ဒါမှမဟုတ် ပိုဆိုးတာက သင်က အလုပ်အကုန် လုပ်နေရပြီး သူက လစာ ပိုရနေတယ်ဆိုရင်ရော။ သင် ယမ်းပုံမီးကျဖြစ်ပြီမို့လား။ ဖြစ်လည်းဖြစ်သင့်တယ်လေ။ ဒီသဘာဝကျတဲ့ အမျက်ဒေါသက သင့်ရဲ့ မျှတမှုသဘောပါ၊ ဒါဟာ မမျှတဘူးလို့ သင့်ကို ပြောပြနေတာပါ။ သင့်နဲ့တွဲလုပ်တဲ့ လူတွေဆီကနေ မျှတတဲ့ ဝေစုကို ရဖို့ လိုအပ်တယ်။ မဟုတ်ရင် ဒါက ပူးပေါင်းဆောင်ရွက်မှု မဟုတ်ဘဲ အမြတ်ထုတ်မှုပါ။ သင့်ကို မမျှမတ ဆက်ဆံတဲ့ အလုပ်တိုင်းကနေ သင်ထွက်နိုင်မှာမဟုတ်ပေမဲ့ လူမျိုးရေးခွဲခြားမှု၊ လိင်ခွဲခြားမှုနဲ့အလုပ်သစ်တစ်ခု ရှာတာနဲ့ ဆက်စပ်နေတဲ့ပဋိပက္ခတွေမရှိတဲ့ ပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခုမှာတော့ ဘယ်အချိန် ရှေ့ဆက်ဖို့ အချိန်တန်ပြီဆိုတာကို သင့်ကို အသိပေးမှာက သင့်ရဲ့မျှတမှုသဘောပါ။ မသိနိုင်ခဲ့ဘူးဆိုရင်ရော။ တငွေ့ငွေ့လောင်နေတဲ့ ခံပြင်းမှုက သင့်ကို သခွားသီးတွေ လွှင့်ပစ်အောင်လုပ်နိုင်သေးတယ်။ ဒီအဖြစ်မှာ လူသားတွေချည်းပဲ မဟုတ်ဘူး။ အရင်လေ့လာမှုတစ်ခုမှာ ဒါနဲ့ပတ်သက်ပြီး Lance လုပ်နိုင်တာ တစ်ခုမှမရှိခဲ့ပေမဲ့ ရှိခဲ့မယ်ဆိုရင်ရော။ ဖြစ်သွားတာက capuchins တွေက အတူအလုပ်လုပ်ပြီးနောက် သူတို့ကို ဝေစုကို မပေးတဲ့ အခြား capuchins တွေနဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ ငြင်းဆိုတာပါ။ အခြားမျောက်တစ်ကောင်နဲ့ အတူတွဲလုပ်ဖို့ ငြင်းပယ်ခြင်းက ကစားကွင်းကို ညှိခြင်းရဲ့ အတော်လေး ရိုးစင်းတဲ့ နည်းလမ်းပါ။ ကြည့်ရတာတော့ ၊ဘာကိုမှ လုံးဝမရတဲ့ မျောက်ဟာ ပိုရတဲ့ အခြားမျောက်တစ်ကောင်ထက် ပိုကောင်းတာပါ။ ဒါပေမဲ့ သင်နဲ့ သင့်အလုပ်ဖော်နဲ့ အတော်တူတာက သူတို့ဟာ ရေရှည်မှာ အရာတိုင်း ညီမျှနေသရွေ့ ရေတို မညီမျှမှုလေးတစ်ခုနဲ့ လုံးဝကို ကျေနပ်နေကြတယ်။ မျှတမှုနဲ့ ပူးပေါင်းလုပ်ဆောင်မှုကြားက
 ဒီစီးပွားရေး ဆက်သွယ်မှုက ဆင့်ကဲဖြ်စဉ်ဇီဝဗေဒပညာရှင်အနေနဲ့ ကျွန်မအတွက် အဓိပ္ပာယ်ရှိတယ်။ အဆုံးမှာတော့ ဘိုးဘွားတွေက သူတို့ရဲ့မျိုးရိုးဗီဇတွေကို လက်ဆင့်မကမ်းတာက သူတို့ဟာ ပကတိ သဘောအတွင်းမှာ
 ကောင်းမွန်စွာ လုပ်ခဲ့ပေမဲ့ အခြားသူတွေထက် သာအောင် လုပ်ခဲ့လို့ပါ။ ကြံ့ခိုင်မှုရဲ့ ရှင်ကျန်မှုလို့မခေါ်ဘဲ အကြံ့ခိုင်ဆုံးရဲ့ရှင်ကျန်မှုလို့ ခေါ်တယ်။ အခြားသူတွေထက် ပိုကြံ့ခိုင်တာလိုပဲ အားလုံးက နှိုင်းယှဉ်ချက်အရပါ။ ဟုတ်တယ်နော်။ ဒီတော့ capuchins တွေက သူများထက် ပိုနည်းပြီးရတဲ့အခါ ဂရုမစိုက်ဘူး။ သူတို့ဟာ ကစားကွင်း ညှိဖို့ သခွားသီးတွေကို စွန့်ပစ်ဖို့ လုံးဝကို ကျေနပ်ကြတယ်။ ဒါက သိပ်ကောင်းတယ်။ ဒါပေမဲ့ လူသားတွေမှာရှိတဲ့ မျှတမှု သဘောတစ်ခုလို့ ခေါ်မယ့်ဟာက ကျွန်မတို့ဟာ အခြားသူတစ်ဦးထက် ပိုရတဲ့အခါ ကြိုက်ကြတယ်လို့ဆိုလိုပါသေးတယ်။ မျောက်တွေကျတော့ရော။ ဖြစ်သွားတာက ဒီပရိုင်းမိတ်တွေက အခြားသူတွေထက် သူတို့ ပိုရတဲ့အခါ(သို့) အနည်းဆုံး သူတို့ထဲက တချို့ ပိုရတဲ့အခါ သတိထားမိတယ်။ capuchins တွေက သတိမထားမိဘူး။ ဒါပေမဲ့ ကျွန်မရဲ့ လေ့လာမှုတစ်ခုမှာ ကျွန်မရဲ့ ချင်ပင်ဇီတွေက အုပ်စုထဲက အခြားချင်ပင်ဇီတစ်ကောင်က သခွားသီးရရင် တစ်ခါတစ်လေ စပျစ်သီးကို သူတို့ငြင်းလိမ့်မယ်။ ချင်ပင်ဇီတွေက စပျစ်သီးတွေကို ဒါလောက် ကြိုက်တာ ထောက်ဆရင် အတော် အထင်ကြီးစရာပါ ဒါပေမဲ့ အခြားတစ်ကောက်ထက် နည်းပြီးရတဲ့အခါမှာတော့ သူတို့ပိုရတာနဲ့ယှဉ်ရင် ပိုစိတ်ပျက်နေဆဲပါ။ သင့်အိမ်နီးချင်းကလူထက် ပိုရှိတဲ့အခါ မျှတတယ်လို့ မထငိမိလောက်ပေမဲ့ သင့်ထက် အိမ်နီးချင်းက ပိုရှိတဲ့အခါမှာတော့ တရားတယ်လို့ တကယ် မထင်မိဘူး။ ဒါပေမဲ့ ဒီမှာ အရေးကြီး မေးခွန်းတစ်ခုပါ။ ကျွန်မတို့တွေက မမျှမတ အကျိုးခံစားရသူတွေ ဖြစ်နေချိန်မှာ မညီမျှမှုနဲ့ မမျှတမှုကို ဘာကြောင့် အရေးစိုက်ကြတာလဲ။ ​ြဆင့်ကဲဖြစ်စဉ်က အကြံ့ခိုင်ဆုံးရဲ့ ရှင်ကျန်မှုသာဆိုရင် ကိုယ်ရနိုင်တဲ့ အသာစီးရမှုတစ်ခုခုကို ဆုပ်ကိုင်တာက အဓိပ္ပာယ်ရှိပါ့မလား။ ဒါပေမဲ့ အကြောင်းက ဒါပါ။ သင့်ထက် ပိုရတယ်ဆို ကျွန်မက ပိုကောင်းကောင်းလုပ်တာသေချာတယ်။ ဒါပေမဲ့ အားလုံးထဲက အကောင်းဆုံးက ကျွန်မတို့ အတူတွဲလုပ်နိုင်ပြီး ကျွန်မတို့ တစ်ဦးစီက ကိုယ်ပိုင် ရနိုင်ခဲ့တာထက် ပိုရရင်ပါ။ ဒါပေမဲ့ ကျွန်မက တရားသဖြင့် လုပ်မယ်လို့ သင်မထင်ရင် ဘာလို့ ကျွန်မနဲ့တွဲလုပ်မှာလဲ။ ဒါပေမဲ့ သင့်ထက် ကျွန်မက ပိုရတဲ့အခါ သင် သတိပြုမိပြီး ဒါနဲ့ပတ်သက်ပြီးတစ်ခုခုလုပ်မယ်ဆို သင် ကျွန်မနဲ့ တွဲလုပ်ပါလိမ့်မယ်။ ဆင့်ကဲဖြစ်စဉ်က ဒီအရေးပါတဲ့ ရေရှည် ဆက်ဆံရေးတွေအားလုံးကို ထိန်းသိမ်းရန်အတွက် အခါသင့်သလို ရေတို ဆုံးရှုံးမှုကို လက်ခံဖို့ ကျွန်မတို့ကို ရွေးချယ်ထားတယ်။ ဒါက ချင်ပင်ဇီတွေမှာ မှန်ပေမဲ့ လူသားတွေမှာ ပိုပြီးတောင် အရေးကြီးပါတယ်။ လူသားတွေဟာ မယုံနိုင်အောင် တုံ့လှယ် ဆက်သွယ်၊အချင်းချင်းအမှီပြုကြကာ ကျွန်မတို့မှာ အနာဂတ်ထဲကို လှမ်းပြီး အစီအစဉ်ချနိုင်တဲ့ အဆင့်မြင့် သိမှတ်မှု အရည်အချင်းတွေရှိတယ်။ ဒီပူးပေါင်းလုပ်ဆောင်တဲ့ အစုစပ်တွေကို ထိန်းသိမ်းခြင်းရဲ့ အရေးပါမှုကို အသိအမှတ်ပြုဖို့ပါ။ တကယ်တမ်း တစ်ခုခုရှိတယ်ဆိုရင် ကျွန်မတို့ဟာ လူတွေအတွက် မျှတမှု သဘော အရေးပါပုံကို မှေးမှိန်အောင် လုပ်နေတာဖြစ်နိုင်တယ်လို့ ထင်တယ်။ လူသားတွေနဲ့ capuchin မျောက်တွေကြားက အကြီးမားဆုံး ခြားနားချက်တွေထဲက တစ်ခုက လူသားတွေကြားက ပူးပေါင်းလုပ်ဆောင်မှုရဲ့ ကြီးမားတဲ့ ပမာဏနဲ့ နေရာအနှံ့ရှိမှုပါ။ တစ်နည်းဆိုရရင် ကျွန်မတို့ဟာ capuchin မျောက်တွေထက် အများကြီးပိုပူးပေါင်းတတ်တာပါ။ ဥပဒေနဲ့ စီးပွားရေး စနစ်တွေဟာ ဒါတွေမှာ ပါဝင်လုပ်ဆောင်ဖို့ အားလုံး သဘောတူရင် တကယ့်ကို တည်ရှိရုံသက်သက်ပါ။ လူတွေဟာ ဒီစနစ်တွေရဲ့ ဆုလာဘ်တွေ၊ အကျိုးကျေးဇူးတွေ ပလပ်ခံရတယ်လို့ ခံစားရရင် ပါဝင်လုပ်ဆောင်တာရပ်လိုက်တော့ စနစ်တစ်ခုလုံး ပြိုကွဲသွားတယ်။ အမေရိကနဲ့ ကမ္ဘာအနှံ့မှာပါ ကျွန်မတို့ မြင်နေရတဲ့ များစွာသော ကန့်ကွက်မှုတွေ၊ အုံကြွမှုတွေဟာ မျှတမှုအရ ရှင်းလင်းစွာ ဘောင်ခတ်ခံရတယ်။ ဒါက ကျွန်မအတွက် အံ့ဩစရာမရှိပါဘူး။ ဒါက ရင်းမြစ်တွေဆီ အချိုးမညီတဲ့ရောက်ရှိမှုဖြစ်စေ၊ ဥပဒေစနစ်(သို့) ဗိုင်းရပ်စ်တစ်ခုရဲ့ အကျိုးဆက်တွေကြောင့် တချို့အုပ်စုတွေကို အချိုးအစားမမျှတစွာ သက်ရောက်စေတာ ဖြစ်စေ ကန့်ကွက်မှုတွေဟာ လူမှုဆိုင်ရာ အလွှာလိုက်ဖြစ်တည်ခြင်းရဲ့ ရှည်လျားတဲ့ သမိုင်းနဲ့ ပေါင်းစပ်ထားတဲ့ မမျှတမှုကို ပယ်ချဖို့ ရှည်လျားတဲ့ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ဖြစ်တတ်မှုရဲ့ ယုတ္တိတန်တဲ့ အကျိုးဆက်ပါ။ ဒီအလွှာလိုက်ဖြစ်တည်ခြင်းကနေ ဖြစ်ပေါ်စေတဲ့ စနစ်ကျတဲ့ မညီမျှမှုတွေပါ။ ဒါရဲ့ ထိပ်ဆုံးမှာရှိတဲ့ အလွှာက အတိုင်းအတာများစွာအရ စီးပွားရေးဆိုင်ရာ မညီမျှမှုဟာ တစ်ဟုန်ထိုးတက်နေတယ်ဆိုတာပါ။ Chris Boehm က "Hierarchy in the Forest" ဆိုတဲ့ စာအုပ်ရေးခဲ့တယ်။ ဒီစာအုပ်ထဲမှာ သူဆွေးနွေးထားတာက လူသားတွေမှာ ပြောင်းပြန် ဝါစဉ်တွေရှိပြီး ဒီဝါစဉ်မှာ ထိပ်ဆုံးက လူတွေက အသာစီးယူတာကို တားဆီးဖို့ အောက်ခြေက လူတွေဟာ စုရုံးနေကြတယ်။ ဖြစ်လောက်တာက ဒီကန့်ကွက်မှုတွေဟာ ဝါစဉ်ကို ပြန်လည်ဟန်ချက်ညီဖို့ လူသားတွေ ဖြစ်တတ်မှုရဲ့ နောက်ဆုံးပေါ် သရုပ်သကန် သက်သက်ပါ။ ဖြစ်လောက်တာက ကျွန်မတို့နဲ့ capuchin မျောက်တွေကြားက အကြီးဆုံး ခြားနားချက်က ကျွန်မတို့က ဒီပြဿနာကို အသိအမှတ်ပြုပြီး ဒါနဲ့ပတ်သက်တာ တစ်ခုခုလုပ်ဖို့ တက်ကြွစွာလုပ်နိုင်တာပါ။ တကယ်တမ်းက အခွင့်မသာတဲ့အခါ အသိအမှတ်ပြုကြတာပါ။ ဒါပေမဲ့ အခြားသူတစ်ဦး အထိခိုက်ခံကာ အသာစီးရတဲအခါမှာလည်း အသိအမှတ်ပြနိုင်၊ အသိအမှတ်ပြုရမှာပါ။ ဒီမညီမျှမှုတွေကြားက ဟန်ချက်ညိမှုလိုပဲ မျှတမှုကို အသိအမှတ်ပြုတာပါ။ အကြောင်းက ကျွန်မတို့ လူမှုအဖွဲ့အစည်းက ဒီအပေါ်မှာ တကယ် တည်မှီနေလို့ပါ။ အမှန်တကယ်တော့ ကျွန်မရဲ့ သုတေသနက ဖော်ပြတာက ပရိုင်းမိတ်မျိုးစိတ်အားလုံး မညီမျှမှုကို အရေးမစိုက်တာပါ။ ဒါက လူသားတွေ ပါဝင်နေတာ အသေချာဆုံးဖြစ်တဲ့ ပူးပေါင်းလုပ်ဆောင်မှုအပေါ် မူတည်သူတွေသာဖြစ်ပါတယ်။ မျှတမှုကို ဂရုစိုက်ဖို့ ဆင့်ကဲပြောင်းလဲခဲ့တာက ပူးပေါင်းလုပ်ဆောင်တဲ့ လူ့အဖွဲ့အစည်းအတွက် တစ်ဦးကိုတစ်ဦး မှီခိုနေတာကြောင့်ပါ။ ကမ္ဘာကြီးက မမျှတမှု ပိုရလေလေ၊ တစ်ဦးကိုတစ်ဦး ဂရုစိုက်တာ ပိုနည်းလေလေ၊ အန္တရာယ် ပို ရင်ဆိုင်ရလေလေဖြစ်မှာပါ။ ကျွန်မတို့ ပြဿနာတွေက စပျစ်သီးတွေ၊ သခွားသီးတွေထက် ပိုရှုပ်ထွေးပေမဲ့ capuchins တွေက ကျွန်မတို့ကို သင်ကြားပေးတာက အားလုံး မျှမျှတတ လုပ်တဲ့အခါ ပိုကောင်းကောင် လုပ်နိုင်မယ်ဆိုတာပါ။ ကျေးဇူးတင်ပါတယ်။