1 00:00:06,651 --> 00:00:08,422 ပြင်သစ်တော်လှန်ရေးက ဘယ်လိုမျိုးများ 2 00:00:08,422 --> 00:00:14,460 နာဆာရဲ့ဒေါ်လာ သန်း 200 တန်တဲ့ ဂြိုလ်ပတ်ယာဉ်ကို မတော်တဆ 3 00:00:14,460 --> 00:00:17,452 အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်ပေါ်ကို ပျက်ကျတာနဲ့ ဘာဆိုလို့လဲ။ 4 00:00:17,452 --> 00:00:19,781 တကယ်တော့ အရာအားလုံးနဲ့ ဆိုင်တာပါပဲ။ 5 00:00:19,781 --> 00:00:21,622 ဒီပျက်ကျမှုက တိုင်းတာတဲ့စနစ်နှစ်ခုကြား 6 00:00:21,622 --> 00:00:24,657 အပြောင်းအလဲ လုပ်ရင်းကနေ ဖြစ်လာတဲ့ အမှားအယွင်း တစ်ခုကြောင့်ပါ 7 00:00:24,657 --> 00:00:26,163 အမေရိကန် ဓလေ့ထုံးတမ်းစနစ်နဲ့ 8 00:00:26,163 --> 00:00:29,324 မက်ထရစ် သို့မဟုတ် S.I ယူနစ်စနစ်နဲ့ပါ။ 9 00:00:29,324 --> 00:00:31,936 အဲဒါက ပြင်သစ် တော်လှန်ရေးနဲ့ ဘယ်လိုများဆက်စပ်နေပါသလဲ။ 10 00:00:31,936 --> 00:00:33,453 ရှင်းပြပါရစေ။ 11 00:00:33,453 --> 00:00:35,672 မှတ်တမ်းရှိ လူ့သမိုင်းကြောင်း အများစုအရဆိုရင် 12 00:00:35,672 --> 00:00:40,493 စပါးစေ့ရဲ့ အလေးချိန် သို့မဟုတ် လက်ရဲ့ အရှည်ကို တိုင်းတာတဲ့ယူနစ်တွေက မတူကြပါဘူး 13 00:00:40,493 --> 00:00:42,693 တစ်နေရာ နှင့်တစ်နေရာ ကွဲပြားကြတယ် 14 00:00:42,693 --> 00:00:45,682 နေရာ အမျိုးမျိုးမှာ မတူတဲ့ တိုင်းတာမှုတွေကို သုံးခဲ့ရုံတင်မက၊ 15 00:00:45,682 --> 00:00:49,173 လုံးဝကွဲပြားခြားနားသော နံပါတ်စနစ်တွေလည်း ရှိခဲ့ကြတယ်။ 16 00:00:49,173 --> 00:00:52,304 အလယ်ခေတ် နှောင်းပိုင်းမှာ၊ ဟိန္ဒူ အာရေဗျ ဒဿမစနစ်က 17 00:00:52,304 --> 00:00:56,773 ဥရောပတိုက်မှာ ရောမဂဏန်း နဲ့ အပိုင်း စနစ်တွေကို အစားထိုးသွားတယ်။ 18 00:00:56,773 --> 00:01:01,592 John Wikins လိုပညာရှင်တွေရဲ့ ဒဿမစနစ်အခြေခံ တိုင်းတာမှုကို မြှင့်တင်ဖို့ အားထုတ်တွေမှု 19 00:01:01,592 --> 00:01:03,383 အောင်မြင်မှု နည်းပါးခဲ့ရတယ် 20 00:01:03,383 --> 00:01:06,683 ပြင်သစ် တစ်ခုတည်းမှာကို ပဲ ၂သိန်းခွဲလောက်ရှိတဲ့ မတူတဲ့ယူနစ်တွေနဲ့ဆို 21 00:01:06,683 --> 00:01:11,256 ပြောင်းလဲမှုတွေ ကျယ်ပြန့်စွာပြုလုပ်ဖို့က အကြီးအကျယ် ဖျက်ဆီးဖို့လိုလိမ့်မယ် 22 00:01:11,256 --> 00:01:14,837 ၁၉၇၈ မှာတော့ အဲဒီအဖျက်အဆီးက ပေါ်လာခဲ့တယ် 23 00:01:14,837 --> 00:01:19,264 ပြင်သစ် တော်လှန်ရေး ခေါင်းဆောင်တွေက ဘုရင်စနစ်ကိုပဲ ဖြုတ်ချခဲ့တာမကဘူး 24 00:01:19,264 --> 00:01:22,223 သူတို့က လူ့အဖွဲ့အစည်းတစ်ခုလုံးကို လုံးဝပြောင်းလဲဖို့ရှာခဲ့တယ် 25 00:01:22,223 --> 00:01:25,703 အမြော်အမြင်ရှိခြင်းနဲ့ လျော်ကန်တဲ့ အခြေခံမူတွေအရ 26 00:01:25,703 --> 00:01:27,343 အစိုးရသစ် အာဏာရလာတဲ့အခါ, 27 00:01:27,343 --> 00:01:32,574 သိပ္ပံအကယ်ဒမီက တိုင်းတာမှုယူနစ်တွေကို ပြုပြင်ပြောင်းလဲဖို့ စည်းဝေးခဲ့တယ် 28 00:01:32,574 --> 00:01:37,095 စိတ်ရှိတိုင်းလုပ်ထားပြီးဒေသရဲ့ ဓလေ့တွေပေါ် အခြေခံထားတဲ့ခေတ်ဟောင်းစနစ်တွေက 29 00:01:37,095 --> 00:01:41,343 သင်္ချာနည်းကျ ပြီးသဘာဝဆက်ဆံရေး တွေနဲ့အစားထိုးလိုက်တယ် 30 00:01:41,343 --> 00:01:44,695 ဥပမာ၊ မီတာ ဆိုတဲ့ အတိုင်းအတာအတွက် ဂရိက လာတဲ့စာလုံးကဆိုရင် 31 00:01:44,695 --> 00:01:49,853 အီကွေတာနှင့်မြောက်ဝင်ရိုးစွန်းအကြားကို 1 / 10,000,000 အဖြစ်သတ်မှတ်လိုက်တယ်။ 32 00:01:49,853 --> 00:01:53,955 မက်ထရစ် စနစ်အသစ်ကတော့ Marquis de Condorcet ဆိုတဲ့စကားနဲ့ 33 00:01:53,955 --> 00:01:57,846 လူသားအားလုံးအတွက်၊ အချိန်အားလုံးအတွက်လို့ဆိုခဲ့တယ် 34 00:01:57,846 --> 00:02:00,664 စံတိုင်းတာတဲ့ စနစ်တွေမှာ နိုင်ငံရေး အားသာချက်တွေက 35 00:02:00,664 --> 00:02:03,045 တော်လှန်ရေးအတွက်လည်း ရှိခဲ့တယ် 36 00:02:03,045 --> 00:02:08,285 မှူးမတ်တွေက ဒေသယူနစ်တွေကို သုံးပြီး အရပ်သားတွေဆီက ပိုရယူဖို့ လုပ်မရတော့ဘူး 37 00:02:08,285 --> 00:02:12,046 အစိုးရက ထိထိရောက်ရောက်ပိုပြီး အခွန်တွေ ကောက်နိုင်လာတယ် 38 00:02:12,046 --> 00:02:15,617 တစ်ပတ်ကို ၁၀ရက်ကြာတဲ့ Republican ပြက္ခဒိန်အဖြစ် ပြောင်းလဲခြင်းက 39 00:02:15,617 --> 00:02:20,065 တနင်္ဂနွေနေ့တွေကို ဖျက်သိမ်းလိုက်ပြီး ဘုရားကျောင်း အာဏာကိုလျှော့သလိုပါ။ 40 00:02:20,065 --> 00:02:22,805 စနစ်အသစ်ကို ကျင့်သုံးတာက လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ 41 00:02:22,805 --> 00:02:25,125 တကယ်တော့ တကယ့်အရှုပ်ထုတ်တစ်ခုပါပဲ။ 42 00:02:25,125 --> 00:02:29,016 ပထမတော့ လူတွေက စနစ်အဟောင်းတွေနဲ့ တွဲပြီး အသစ်ကိုသုံးတယ် 43 00:02:29,016 --> 00:02:32,718 Republican ပြက္ခဒိန်ကိုတော့ နောက်ဆုံးမှာစွန့်ပစ်ခဲ့တယ် 44 00:02:32,718 --> 00:02:34,487 နပိုလီယံဘိုနာပတ် အာဏာရတဲ့အခါ 45 00:02:34,487 --> 00:02:38,016 သေးငယ်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုတော့ အစဉ်အလာတိုင်းတာမှုကို 46 00:02:38,016 --> 00:02:40,256 မက်ထရစ်စနစ်နှင့် ဖလှယ်သုံးဖို့ ခွင့်ပြုခဲ့တယ် 47 00:02:40,256 --> 00:02:43,686 တရားဝင်ကိုတော့ မက်ထရစ်စနစ် ကိုပဲသုံးစေခဲ့တယ် 48 00:02:43,686 --> 00:02:48,085 ပြင်သစ်ရဲ့နယ်နိမိတ်နှင့်အတူ တိုက်ကြီးတစ်ခုလုံးပျံ့နှံ့သွားခဲ့တယ် 49 00:02:48,085 --> 00:02:50,806 နပိုလီယံအင်ပါယာ ရှစ်နှစ်ကြာပြီးတဲ့နောက်တော့ 50 00:02:50,806 --> 00:02:53,777 သူ့ရဲ့ အမွေအနှစ်တွေက တော်တော်ကြာ ကြံ့ကြံခံနိုင်ခဲ့တယ်။ 51 00:02:53,777 --> 00:02:58,276 အချို့ဥရောပနိုင်ငံတွေကတော့ လွတ်လပ်ရေးရ တာနဲ့ တိုင်းတာစနစ်ဟောင်းကိုပြောင်းသွားတယ်။ 52 00:02:58,276 --> 00:03:01,069 အခြားသူများကတော့ နိုင်ငံတကာ ကုန်သွယ်တဲ့ခေတ်မှာ 53 00:03:01,069 --> 00:03:03,837 စံချိန်စံညွှန်းသတ်မှတ်ခြင်း တန်ဖိုးကို နားလည်ခဲ့တယ်။ 54 00:03:03,837 --> 00:03:08,037 ပေါ်တူဂီနှင့်နယ်သာလန် တို့က မက်ထရစ်စနစ်ကို ဆန္ဒအလျောက် ပြောင်းလဲခဲ့ပြီးတဲ့နောက် 55 00:03:08,037 --> 00:03:09,955 အခြားနိုင်ငံတွေက လည်း နောက်ကလိုက်ခဲ့တယ်။ 56 00:03:09,955 --> 00:03:14,328 ကိုလိုနီအင်ပါယာနဲ့အတူ တစ်ကမ္ဘာလုံးကို စနစ်တွေဖြန့်ဝေခဲ့တယ်။ 57 00:03:14,328 --> 00:03:15,818 ပြင်သစ်ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ 58 00:03:15,818 --> 00:03:21,299 ဗြိတိန်က တော်လှန်တဲ့စိတ်ကူးကို တင်းခံပြီး ရိုးရာယူနစ်တွေကို ထိန်းသိမ်းထားခဲ့တယ် 59 00:03:21,299 --> 00:03:25,598 ရာစုနှစ်နှစ်ခုကျော်လာတဲ့ နောက်တော့ဗြိတိသျှ အင်ပါယာက တဖြည်းဖြည်း အသွင်ပြောင်းလာတယ်၊ 60 00:03:25,598 --> 00:03:28,869 ပထမဆုံး မက်ထရစ်နစ်ကို အခြားရွေးချယ်ခွင့်အနေနဲ့ 61 00:03:28,869 --> 00:03:31,428 တဖြည်းဖြည်း တရားဝင်မလုပ်ခင်မှာ အတည်ပြုပေးခဲ့တယ်။ 62 00:03:31,428 --> 00:03:35,638 သို့သော် ဒီပြောင်းလဲမှုက စောစော လွတ်လပ်ရေးရသွားခဲ့တဲ့ 63 00:03:35,638 --> 00:03:38,288 ကိုလိုနီ ဆယ့်သုံးခုအတွက် တော့ နောက်ကျသွားခဲ့တယ်။ 64 00:03:38,288 --> 00:03:42,947 အမေရိကန်ပြည်ထောင်စုက အတိတ်က ကိုလိုနီ အင်္ဂလိပ်ယူနစ်နဲ့ ကြားညှပ်နေတယ်။ 65 00:03:42,947 --> 00:03:45,728 ယနေ့တော့ သုံးနိုင်ငံပဲ မက်ထရစ်စနစ်ကို 66 00:03:45,728 --> 00:03:48,677 အပြည့်အဝ မကျင့်သုံးတဲ့နိုင်ငံအဖြစ် ကျန်ရှိခဲ့တယ်။ 67 00:03:48,677 --> 00:03:51,539 မက်ထရစ်သုံးဖို့ အဆက်မပြတ် အစပျိုးနေပေမဲ့လည်း 68 00:03:51,539 --> 00:03:56,509 များစွာသော အမေရိကန်တွေက ပေတို့ ပေါင် တို့ကို ပိုပြီး နားလည်ကြတယ်။ 69 00:03:56,509 --> 00:04:00,328 ရယ်စရာကတော့ တစ်ချိန်က တော်လှန်ရေး မက်ထရစ်စနစ်လို့ သတ်မှတ်ခဲ့ကြတာကို 70 00:04:00,328 --> 00:04:03,509 ကမ္ဘာလုံးဆိုင်ရာညီညွတ်မှု၏ သင်္ကေတအဖြစ် မှတ်ယူနေကြရပြီ။ 71 00:04:03,509 --> 00:04:09,650 သို့သော်လည်း မက်ထရစ်စနစ်ကို သိပ္ပံနှင့် ဆေးပညာ မှာတော့ တပြေးညီသုံးနေလျက် 72 00:04:09,650 --> 00:04:13,850 မူရင်း အခြေခံမူအရ တဖြည်းဖြည်းလည်း ဆက်တိုးတက်ပြောင်းလဲနေပါတယ် 73 00:04:13,850 --> 00:04:14,948 အချိန်ကြာမြင့်စွာ, 74 00:04:14,948 --> 00:04:19,509 စံယူနစ်တွေကို အမှန်တကယ် ရုပ်ဝတ္ထုတွေနဲ့ သေချာထိန်းသိမ်း သတ်မှတ်ခဲ့ကြပါတယ်။ 75 00:04:19,509 --> 00:04:22,608 သို့သော် တိုးတက်လာတဲ့ နည်းပညာနဲ့ တိကျမှုတွေကို ကျေးဇူးတင်ရမှာပဲ 76 00:04:22,608 --> 00:04:26,899 ဒီဝတ္ထုတွေရဲ့ ကန့်သတ်ချက်တွေနဲ့ စိတ်မချရတဲ့ ကြာကြာခံချိန်တွေကို 77 00:04:26,899 --> 00:04:31,429 ထာဝရ တည်ငြိမ်နေတဲ့ စံတွေနဲ့ ယခုတော့ အစားထိုး လိုက်ပါပြီ 78 00:04:31,429 --> 00:04:33,914 ဥပမာ အလင်းရဲ့မြန်နှုန်းလိုပေါ့။ 79 00:04:33,914 --> 00:04:37,520 တသမတ်တည်း တိုင်းတာမှုတွေ ကျွန်တော်တို့ နေ့စဉ်ဘဝရဲ့ အရေးပါတဲ့ အပိုင်းဖြစ်ပြီး 80 00:04:37,520 --> 00:04:42,940 လူသားတွေအတွက် ကြီးမားတဲ့အောင်မြင်မှု အဖြစ် အသိအမှတ်ပြုဖို့ခက်ပါတယ် 81 00:04:42,940 --> 00:04:45,879 နိုင်ငံရေးတော်လှန်မှု က စပေါ်ပေါက်ခဲ့တဲ့ 82 00:04:45,879 --> 00:04:50,231 မက်ထရစ်စနစ်က သိပ္ပံနည်းကျတော်လှန်ရေး ဖြစ်လာဖို့ အလွန်အရေးပါနေတုန်းပါပဲ။