ပြင်သစ်တော်လှန်ရေးက ဘယ်လိုမျိုးများ
နာဆာရဲ့ဒေါ်လာ သန်း 200 တန်တဲ့
ဂြိုလ်ပတ်ယာဉ်ကို မတော်တဆ
အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်ပေါ်ကို
ပျက်ကျတာနဲ့ ဘာဆိုလို့လဲ။
တကယ်တော့ အရာအားလုံးနဲ့
ဆိုင်တာပါပဲ။
ဒီပျက်ကျမှုက တိုင်းတာတဲ့စနစ်နှစ်ခုကြား
အပြောင်းအလဲ လုပ်ရင်းကနေ
ဖြစ်လာတဲ့ အမှားအယွင်း တစ်ခုကြောင့်ပါ
အမေရိကန် ဓလေ့ထုံးတမ်းစနစ်နဲ့
မက်ထရစ် သို့မဟုတ် S.I ယူနစ်စနစ်နဲ့ပါ။
အဲဒါက ပြင်သစ် တော်လှန်ရေးနဲ့
ဘယ်လိုများဆက်စပ်နေပါသလဲ။
ရှင်းပြပါရစေ။
မှတ်တမ်းရှိ လူ့သမိုင်းကြောင်း
အများစုအရဆိုရင်
စပါးစေ့ရဲ့ အလေးချိန် သို့မဟုတ် လက်ရဲ့
အရှည်ကို တိုင်းတာတဲ့ယူနစ်တွေက မတူကြပါဘူး
တစ်နေရာ နှင့်တစ်နေရာ ကွဲပြားကြတယ်
နေရာ အမျိုးမျိုးမှာ မတူတဲ့
တိုင်းတာမှုတွေကို သုံးခဲ့ရုံတင်မက၊
လုံးဝကွဲပြားခြားနားသော
နံပါတ်စနစ်တွေလည်း ရှိခဲ့ကြတယ်။
အလယ်ခေတ် နှောင်းပိုင်းမှာ၊
ဟိန္ဒူ အာရေဗျ ဒဿမစနစ်က
ဥရောပတိုက်မှာ ရောမဂဏန်း နဲ့
အပိုင်း စနစ်တွေကို အစားထိုးသွားတယ်။
John Wikins လိုပညာရှင်တွေရဲ့ ဒဿမစနစ်အခြေခံ
တိုင်းတာမှုကို မြှင့်တင်ဖို့ အားထုတ်တွေမှု
အောင်မြင်မှု နည်းပါးခဲ့ရတယ်
ပြင်သစ် တစ်ခုတည်းမှာကို ပဲ
၂သိန်းခွဲလောက်ရှိတဲ့ မတူတဲ့ယူနစ်တွေနဲ့ဆို
ပြောင်းလဲမှုတွေ ကျယ်ပြန့်စွာပြုလုပ်ဖို့က
အကြီးအကျယ် ဖျက်ဆီးဖို့လိုလိမ့်မယ်
၁၉၇၈ မှာတော့ အဲဒီအဖျက်အဆီးက ပေါ်လာခဲ့တယ်
ပြင်သစ် တော်လှန်ရေး ခေါင်းဆောင်တွေက
ဘုရင်စနစ်ကိုပဲ ဖြုတ်ချခဲ့တာမကဘူး
သူတို့က လူ့အဖွဲ့အစည်းတစ်ခုလုံးကို
လုံးဝပြောင်းလဲဖို့ရှာခဲ့တယ်
အမြော်အမြင်ရှိခြင်းနဲ့ လျော်ကန်တဲ့
အခြေခံမူတွေအရ
အစိုးရသစ် အာဏာရလာတဲ့အခါ,
သိပ္ပံအကယ်ဒမီက တိုင်းတာမှုယူနစ်တွေကို
ပြုပြင်ပြောင်းလဲဖို့ စည်းဝေးခဲ့တယ်
စိတ်ရှိတိုင်းလုပ်ထားပြီးဒေသရဲ့
ဓလေ့တွေပေါ် အခြေခံထားတဲ့ခေတ်ဟောင်းစနစ်တွေက
သင်္ချာနည်းကျ ပြီးသဘာဝဆက်ဆံရေး
တွေနဲ့အစားထိုးလိုက်တယ်
ဥပမာ၊ မီတာ ဆိုတဲ့ အတိုင်းအတာအတွက်
ဂရိက လာတဲ့စာလုံးကဆိုရင်
အီကွေတာနှင့်မြောက်ဝင်ရိုးစွန်းအကြားကို
1 / 10,000,000 အဖြစ်သတ်မှတ်လိုက်တယ်။
မက်ထရစ် စနစ်အသစ်ကတော့
Marquis de Condorcet ဆိုတဲ့စကားနဲ့
လူသားအားလုံးအတွက်၊
အချိန်အားလုံးအတွက်လို့ဆိုခဲ့တယ်
စံတိုင်းတာတဲ့ စနစ်တွေမှာ
နိုင်ငံရေး အားသာချက်တွေက
တော်လှန်ရေးအတွက်လည်း ရှိခဲ့တယ်
မှူးမတ်တွေက ဒေသယူနစ်တွေကို သုံးပြီး
အရပ်သားတွေဆီက ပိုရယူဖို့ လုပ်မရတော့ဘူး
အစိုးရက ထိထိရောက်ရောက်ပိုပြီး
အခွန်တွေ ကောက်နိုင်လာတယ်
တစ်ပတ်ကို ၁၀ရက်ကြာတဲ့ Republican
ပြက္ခဒိန်အဖြစ် ပြောင်းလဲခြင်းက
တနင်္ဂနွေနေ့တွေကို ဖျက်သိမ်းလိုက်ပြီး
ဘုရားကျောင်း အာဏာကိုလျှော့သလိုပါ။
စနစ်အသစ်ကို ကျင့်သုံးတာက
လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။
တကယ်တော့ တကယ့်အရှုပ်ထုတ်တစ်ခုပါပဲ။
ပထမတော့ လူတွေက
စနစ်အဟောင်းတွေနဲ့ တွဲပြီး အသစ်ကိုသုံးတယ်
Republican ပြက္ခဒိန်ကိုတော့
နောက်ဆုံးမှာစွန့်ပစ်ခဲ့တယ်
နပိုလီယံဘိုနာပတ် အာဏာရတဲ့အခါ
သေးငယ်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုတော့
အစဉ်အလာတိုင်းတာမှုကို
မက်ထရစ်စနစ်နှင့် ဖလှယ်သုံးဖို့
ခွင့်ပြုခဲ့တယ်
တရားဝင်ကိုတော့ မက်ထရစ်စနစ်
ကိုပဲသုံးစေခဲ့တယ်
ပြင်သစ်ရဲ့နယ်နိမိတ်နှင့်အတူ
တိုက်ကြီးတစ်ခုလုံးပျံ့နှံ့သွားခဲ့တယ်
နပိုလီယံအင်ပါယာ
ရှစ်နှစ်ကြာပြီးတဲ့နောက်တော့
သူ့ရဲ့ အမွေအနှစ်တွေက
တော်တော်ကြာ ကြံ့ကြံခံနိုင်ခဲ့တယ်။
အချို့ဥရောပနိုင်ငံတွေကတော့ လွတ်လပ်ရေးရ
တာနဲ့ တိုင်းတာစနစ်ဟောင်းကိုပြောင်းသွားတယ်။
အခြားသူများကတော့ နိုင်ငံတကာ
ကုန်သွယ်တဲ့ခေတ်မှာ
စံချိန်စံညွှန်းသတ်မှတ်ခြင်း
တန်ဖိုးကို နားလည်ခဲ့တယ်။
ပေါ်တူဂီနှင့်နယ်သာလန် တို့က မက်ထရစ်စနစ်ကို
ဆန္ဒအလျောက် ပြောင်းလဲခဲ့ပြီးတဲ့နောက်
အခြားနိုင်ငံတွေက လည်း နောက်ကလိုက်ခဲ့တယ်။
ကိုလိုနီအင်ပါယာနဲ့အတူ တစ်ကမ္ဘာလုံးကို
စနစ်တွေဖြန့်ဝေခဲ့တယ်။
ပြင်သစ်ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့
ဗြိတိန်က တော်လှန်တဲ့စိတ်ကူးကို တင်းခံပြီး
ရိုးရာယူနစ်တွေကို ထိန်းသိမ်းထားခဲ့တယ်
ရာစုနှစ်နှစ်ခုကျော်လာတဲ့ နောက်တော့ဗြိတိသျှ
အင်ပါယာက တဖြည်းဖြည်း အသွင်ပြောင်းလာတယ်၊
ပထမဆုံး မက်ထရစ်နစ်ကို
အခြားရွေးချယ်ခွင့်အနေနဲ့
တဖြည်းဖြည်း တရားဝင်မလုပ်ခင်မှာ
အတည်ပြုပေးခဲ့တယ်။
သို့သော် ဒီပြောင်းလဲမှုက စောစော
လွတ်လပ်ရေးရသွားခဲ့တဲ့
ကိုလိုနီ ဆယ့်သုံးခုအတွက် တော့
နောက်ကျသွားခဲ့တယ်။
အမေရိကန်ပြည်ထောင်စုက အတိတ်က
ကိုလိုနီ အင်္ဂလိပ်ယူနစ်နဲ့ ကြားညှပ်နေတယ်။
ယနေ့တော့ သုံးနိုင်ငံပဲ မက်ထရစ်စနစ်ကို
အပြည့်အဝ မကျင့်သုံးတဲ့နိုင်ငံအဖြစ်
ကျန်ရှိခဲ့တယ်။
မက်ထရစ်သုံးဖို့ အဆက်မပြတ်
အစပျိုးနေပေမဲ့လည်း
များစွာသော အမေရိကန်တွေက
ပေတို့ ပေါင် တို့ကို ပိုပြီး နားလည်ကြတယ်။
ရယ်စရာကတော့ တစ်ချိန်က တော်လှန်ရေး
မက်ထရစ်စနစ်လို့ သတ်မှတ်ခဲ့ကြတာကို
ကမ္ဘာလုံးဆိုင်ရာညီညွတ်မှု၏
သင်္ကေတအဖြစ် မှတ်ယူနေကြရပြီ။
သို့သော်လည်း မက်ထရစ်စနစ်ကို သိပ္ပံနှင့်
ဆေးပညာ မှာတော့ တပြေးညီသုံးနေလျက်
မူရင်း အခြေခံမူအရ တဖြည်းဖြည်းလည်း
ဆက်တိုးတက်ပြောင်းလဲနေပါတယ်
အချိန်ကြာမြင့်စွာ,
စံယူနစ်တွေကို အမှန်တကယ် ရုပ်ဝတ္ထုတွေနဲ့
သေချာထိန်းသိမ်း သတ်မှတ်ခဲ့ကြပါတယ်။
သို့သော် တိုးတက်လာတဲ့ နည်းပညာနဲ့
တိကျမှုတွေကို ကျေးဇူးတင်ရမှာပဲ
ဒီဝတ္ထုတွေရဲ့ ကန့်သတ်ချက်တွေနဲ့
စိတ်မချရတဲ့ ကြာကြာခံချိန်တွေကို
ထာဝရ တည်ငြိမ်နေတဲ့ စံတွေနဲ့
ယခုတော့ အစားထိုး လိုက်ပါပြီ
ဥပမာ အလင်းရဲ့မြန်နှုန်းလိုပေါ့။
တသမတ်တည်း တိုင်းတာမှုတွေ ကျွန်တော်တို့
နေ့စဉ်ဘဝရဲ့ အရေးပါတဲ့ အပိုင်းဖြစ်ပြီး
လူသားတွေအတွက် ကြီးမားတဲ့အောင်မြင်မှု အဖြစ်
အသိအမှတ်ပြုဖို့ခက်ပါတယ်
နိုင်ငံရေးတော်လှန်မှု က စပေါ်ပေါက်ခဲ့တဲ့
မက်ထရစ်စနစ်က သိပ္ပံနည်းကျတော်လှန်ရေး
ဖြစ်လာဖို့ အလွန်အရေးပါနေတုန်းပါပဲ။